← Chapters

အသံတိုက်ခိုက်မှု

Vol. 141 Ch. 1964

အသံတိုက်ခိုက်မှု

Vol. 141 Ch. 1964

ရှီယွိသည် အမှန်တကယ်ပင် စိတ်ဓာတ်ကျသွားသည်။ သူ တစ္ဆေလောက တွင်ရှိစဉ်က သူ့အစီအစဉ်က အခက်အခဲများနှင့် ကြုံခဲ့ရသည်။ ထိုအပြစ်ကို ပေးဆပ်ရန်အတွက် ရှောင်ဟော် အမြဲတစေလိုချင်နေသည့် ဆေးတစ်မျိုး၊ နှင်းဖြူစင်ကြာပွင့်ကို ရှာရန် စဉ်းစားခဲ့သည်။

သူတို့တွင် လမ်းပြရှိသဖြင့် ဤနေရာလာသည့် ခရီးစဉ်မှာ ချောမွေ့ခဲ့ပြီး သူတို့ကို မည်သူမှ မတွေ့ခဲ့ကြပေ။ သို့သော် ဤနေရာသို့ ရောက်သည်နှင့် ထပ်ခါထပ်ခါ တိုက်ခိုက်ခံရလိမ့်မည်ဟု ထင်မထားပေ။ ထို့အပြင် ထိုလူများ သည် အနီးအနားတွင် စခန်းချနေသကဲ့သို့ ရောက်လာသည်မှာ မြန်ဆန်လွန်း သည်။

“စစ်းဦးစီး လူတွေထပ်လာနေကြပြီ” တာဝန်ကျတပ်သားသည် အော်လေ သည်။

ရှီယွိသည် သူတို့ကို လမ်းပြလာသောလူကို စိုက်ကြည့်လေသည်။ သူ့ အကြည့်မှာ အေးစက်လွန်းသည် “မင်းမှာ အချိန်တစ်ရက်ရမယ်.. အဲလူတွေကို ခြေရာဖျောက်လိုက် မဟုတ်ရင် အသက်ရှင်ဖို့ မတွေးနဲ့တော့”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့” ထိုလူသည် စိုက်ကြည့်ခံလိုက်ရသဖြင့် အေးစိမ့် သွားကာ ချက်ချင်းပင် ပြန်ဖြေလေသည် “အဲလမ်းကသွားရအောင်”

သူသည် အသက်ရှင်ရန်အတွက် သူ့အရည်အချင်း အစစ်အမှန်ကို ထုတ်သုံးရတော့မည့်ပုံပင်။

သို့သော် သူတို့သည် ၇ ရက် ၈ ရက်ကြာသည့်တိုင်အောင် ဤနေရာမှ မထွက်နိုင်ကြပေ။ ထိုလူများသည် အတွင်းသတင်းရနေသကဲ့သို့ သူတို့ မည်သည့်နေရာတွင် ပုန်းစေကာမူ ရှာတွေ့ကြလေသည်။ သူတို့အတွင်းထဲတွင် အမှန်တယ် သူလျှိုရှိနေသည့်အတိုင်းပင်။

သို့သော် သူတို့ စစ်ဆေးကြည့်သော်လည်း သံသယရှိဖွယ်လူမရှိပေ။ သူတို့သည် သွားရင်းနှင့် ချေမှုန်းခံရပြန်သည်။

သူတို့ကြားထဲမှာ ဘာပြဿနာမှမရှိဘူးလေ။ ဒါဆို ဘာတွေဖြစ်နေတာ လဲ။

အကြောင်းအရင်းကို ရှာမတွေ့သဖြင့် အားလုံးမွန်းကြပ်လာသည်။ သူတို့ သည် လမ်းကြောင်းမှန်ကို ခေါ်မလာသည့်အတွက် လမ်းပြကိုသာ အပြစ်တင် ကြတော့သည်။ ရှီယွိသည် သူ့ကို ဒေါသအလျောက်သတ်မိတော့မလိုဖြစ်သွား သော်လည်း သူ့တပ်သားများမှာ တားထားရသည်။

အရင်လိုအခြေအနေမျိုးတွင် သတ်လိုက်လျှင် အဆင်ပြေသေးသည်။ သူ့ကို လျော်ကြေးအနည်းငယ်ပေးလိုက်ရုံတင်သာဖြစ်သည်။ ယခုအချိန်မှာ သူ နေထိုင်သည့် ဤနေရာနှင့်လည်း မရင်းနှီးကြပေ။ သူတို့သာ သူ့ကိုသတ်လိုက် ပါက နောက်ပိုင်းတွင် ပိုခက်ခဲလာနိုင်သည်။

ရှီယွိသည် ဒေါသဖြေရန် ထွက်ပေါက်မရှိသဖြင့် တခြားအရာကိုသာ ပုံချရ တော့သည်။ သူသည် အလွန်အားကောင်းလွန်းသဖြင့် အနီးအနားရှိ လူများ နား နေကြသော တောင်တစ်ခြမ်းလုံးကို ခြေပစ်နိုင်သည်မှာတော့ ဆိုးလွန်းသည်။ ထိုလူများမှာ မတတ်သာတော့ဘဲ ထွက်ပြေးရတော့သည်။

ထိုအချိန်တွင် အကျဉ်းခန်းထဲမှ ရှီမာယူယူသည် သတင်းကြားသောအခါ အူနာအောင် ရယ်တော့သည်။

ကံဆိုးတဲ့လူတွေက ရှီယွိနဲ့ သူ့လက်အောက်ငယ်သားတွေဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ သူမသည် နီရဲပျားများကို လွှတ်ပြီး သူတို့နောက်လိုက်ခိုင်း ထားရာ သူတို့ကိုတွေ့သည်နှင့် မျက်ခြေမပြတ်အောင် ခြေရာခံခိုင်းခဲ့သည်။ သို့သော် ထိုလူများသည် အမှန်ကယ်ပင် အားကောင်းလွန်းသည်။ သူတို့သည် ရက်ပေါင်းများစွာ အချိန်ဆွဲနိုင်သဖြင့် ရှီမာယူယူတို့အဖွဲ့လည်း အပြည့်အဝ ပြန်သက်သာလာကြသည်။ သူမသည်လည်း တစ္ဆေတစ်ရာအလံတော်ထဲမှ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို သန့်စင်ပြီးလုနီးပါးပင်။

ယွင်ရာသည် ရှီယွိကို ကြိတ်ပြီး သနားနေမိသည်။ ဒီလူက စွမ်းအားရှိ တယ်၊ နည်းဗျူဟာကောင်းကောင်းရှိသလို အမြင်လည်းရှိတယ်။ သူက စစ်ဦးစီး အနေနဲ့ ဂုဏ်သတင်းမွှေးတဲ့လူပဲ။ သူ ရှီမာယူယူနဲ့ တွေ့တာကတော့ နှမြောစရာ ပဲ။

ဝူရှန်းမြို့တွင်ရှိစဉ်က ဒိကျဲ့သည် အခြေအနေနှင့်လိုက်ပြီး သူ့ကို အသုံးချ ခဲ့သည်။ ထို့ကြောင့် သူသည် အဖြစ်အပျက်ကို သိခဲ့သည်။ ရှီယွိ၏ အစီအစဉ်ကို လည်း သူ သိခဲ့သည်။

ဝူရှန်းမြို့တော်မှ အခြေအနေသည် ရှီမာယူယူကြောင့် ရုတ်တရက် အဆုံးသတ်ခဲ့သည်။ သူမသည် သူ၏ ရန်သူဟုပင် ပြောနိုင်သည်။

ဖေးယိသည် ယွင်ရာနှင့် ဆက်ဆံရေးကောင်းသည်။ သဘာဝကျကျပင် ရှီမာယူယူသည် ရှီယွိ၏ အကြံအစည်ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည့်ကိစ္စကို ကြားထားသည်။ အပေါ်ယံမှာတော့ ဒိကျဲ့၏ လက်ချက်ဟု ထင်ရသော်လည်း တကယ့် လက်သည်မှာ သူမဖြစ်ကြောင်းကို ရှီယွိနှင့်တခြားသူများ သိကြသည်။

အစပိုင်းက သူမနှင့် တိုက်ခိုက်ခဲ့သည်ကို ပြန်တွေးကြည့်ပြီး သူတို့သာ မပြောင်းလဲခဲ့ပါက ပိုဆိုးသွားနိုင်သည့်ပုံပင်။ သည်မိန်းကလေးသည် ငယ်ရွယ် သော်လည်း ထိတ်လန့်စရာပင်ဖြစ်သည်။ စွမ်းအားအကြောင်း ပြောလျှင်လည်း သူမတွင် စွမ်းအားရှိသည်။ နောက်ခံအကြောင်းပြောရာတွင်လည်း ရှိနေပြန် သလို ဉာဏ်လည်းထက်သည်။ သူမတွင် မရဏာသားရဲများစွာရှိသလို အရည်အသွေးမြင့် ပစ္စည်းများလည်း များပြားသည်။ သူမ၏ ကံသည် အတိုင်း ထက်အလွန်ပင်ဖြစ်သည်။ သူမကဲ့သို့ လူမျိုးကို ရန်သူအဖြစ်သတ်မှတ်ပါက ထိုလူသည် တုံးအလွန်းသူသာဖြစ်သည်။

ထို့ကြောင့် သူမ ငယ်ငယ်ရွယ်ရွယ်နှင့် လူသားလောကမှ ထွက်လာရ သည်မှာ မထူးဆန်းတော့ပေ။ သူမသည် ကံကောင်းလွန်းနေသည်။

ထိုအရာများသည် သူမြင်ထားသလောက် ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များဆီက သူမ လုပ်ခဲ့သည့်အရာများကို သူသိလျှင် သူမကို နတ်ဆိုးဟုခေါ်ရုံတင်မကဘဲ မမျှတသည့်အတွက် ငိုမိလိမ့်မည်ပင်။

“ကျွန်မတို့တွေ အကုန်နီးပါး ပြန်ကောင်းနေပြီဆိုတော့ ထွက်သွားဖို့ အချိန်ကျပြီ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ ရောက်မလာခင် တစ်ခုခုလုပ် ကြတာပေါ့”

သူမ ပြောနေသည့် အကြောင်းအရာကို နားမလည်ကြသဖြင့် အားလုံး သည် သူမကို ကြည့်လိုက်ကြသည်။

ရှီမာယူယူသည် ယွင်ရာကိုပြုံးပြပြီး ပြောလိုက်သည် “ကျွန်မ အရင်က ပြောခဲ့တဲ့ အပေးအယူကို စဉ်းစားကြည့်ပြီးပြီလား”

“မင်းက အကြွေးတင်နေတာကို ဒီလိုမျိုးနဲ့ ပြန်ဆပ်ခိုင်းတာလား” သူမ သည် အရှက်မဲ့လွန်းသည်ဟု ယွင်ရာ ဒဲ့တိုးပြောလိုက်ခြင်းဖြစ်သည်။

“ဒီဘဝမှာတင်တဲ့ ကျေးဇူးကြွေးကိုတော့ ဒီဘဝမှာပဲ ပေးရမှာပေါ့.. လမ်းခွဲ လိုက်ရင် နောက်တစ်ခါပြန်တွေ့ဖို့ဆိုတာ ခက်သွားပြီလေ စကားလျော့ပြောပြီး ကျေးဇူးကြွေးကိုပဲဆပ်ရမှာပေါ့… ကြည့်လေ ရှင်က ကျင့်ကြံသူပဲ.. ရှင် ကျွန်မ ကို ပြန်မဆပ်ဘူးဆိုရင် အတွင်းပိုင်းမှာ မကောင်းဆိုးဝါးကို မွေးလိုက်သလိုပဲ.. အဲဒါက ရှင့်ကျင့်စဉ်တွေကို လွှမ်းမိုးသွားရင် ဘယ်လိုလုပ်မလဲ.. ကျွန်မက ရှင် ကောင်းဖို့အတွက် လုပ်တာပါ” ရှီမာယူယူသည် ထိုစကားများကို ပြောရာတွင် လည်း ရှက်ရွံ့နေခြင်းမရှိပေ။

ယွင်ရာသည် နှုတ်ခမ်းများကို တွန့်လိုက်သည် “အဲတော့ မင်းပြောတာက မင်းရဲ့ စဉ်းစားပေးမှုကို ငါက ကျေးဇူးတောင် တင်ရဦးမှာပေါ့”

“ကျေးဇူးတင်ဖို့မလိုပါဘူး အသံတိုက်ခိုက်မှုကိုသာ သင်ပေးပါ”

ယွင်ရာမှာ “…”

ဖေးယိသည် ယွင်ရာ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ပြီး သူ့ကို သနားသလိုကြည့်လေသည်။

သူမ ပြောသည်မှာမှန်သည်။ ယွင်ရာသည် တခြားသူအပေါ် အကြွေးတင် သည်ကို သဘောမကျသူဖြစ်သည်။ မဟုတ်လျှင် အကြွေးတစ်ခုကြောင့် သခင် ရှဲဟွမ်အတွက် ရှေးဟောင်းတိုက်ပွဲဝိညာဉ် လာယူပေးမည်မဟုတ်ပေ။ သူမ သည် သူ့ကို တောင်းဆိုနေသော်လည်း သူ သင်ပေးလိုသည် မလိုသည်ကိုတော့ သူတို့လည်း မသိကြပေ။ သူတို့သည် သူ့ကို သူတို့၏ လောကအသေးကိုပင် ခေါ် သွားခဲ့သည်။

ယခု သူသည် သူမအပေါ် ကြီးမားသော ကျေးဇူးကြွေးတင်နေပြီဖြစ် သည်။ တကယ်တော့ သူဆုံးဖြတ်ပြီးသားပင်။ သို့သော် သူမ၏ သရုပ်မှန် ကြောင့် ဤဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် ချမရပေ။

“တကယ်တော့ မင်းကို အဓိကအချက်တွေ ပြောပြဖို့က မခက်ပါဘူး” ယွင်ရာ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ဂိုဏ်းရဲ့ အဆီအနှစ်တွေက စကား နှစ်ခွန်းသုံးခွန်းလောက်နဲ့ ရှင်းပြလို့ရမယ့်ဟာမဟုတ်ဘူး.. မင်း ငါ့ဂိုဏ်းကို ဝင် လာပြီး ငါကိုယ်တိုင်သင်ပေးရင်တောင် မင်းဘာမှသင်လို့ရမှာမဟုတ်ဘူး”

“အဲဒါက ပြဿနာမဟုတ်ပါဘူး ကျွန်မက ဘာဖြစ်ဖြစ်သင်နိုင်ပါတယ်” ရှီမာယူယူသည် လောဘမကြီးပေ။ သူ၏ အသံတိုက်ခိုက်မှုကို တခြားသူများ၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ကြည့်ပြီး မည်မျှအားကောင်းသည်ကို သူမ သိချင်ရုံသာ ဖြစ်သည်။ အကယ်၍ သူမ သင်နိုင်ပါက သင်လိုက်မည်။ မသင်နိုင်ပါကလည်း အတင်းလုပ်ယူမည်မဟုတ်ပေ။

“တူရိယာတီးတတ်လား”

“အင်း ဝါးပုလွေ ဗျတ်စောင်းနဲ့ ဒေါင်လိုက်မှုတ်ရတဲ့ပုလွေပါ”

ယွင်ရာသည် အသံလုံအတားအဆီးတည်ဆောက်ပြီး ပြောလိုက်သည် “ငါ့ကို နည်းနည်းလောက် တီးပြ”

ရှီမာယူယူသည် ဝါးပုလွေထုတ်ပြီး ဂီတသင်္ကေတတချို့ကို တီးမှုတ်ပြလေ သည်။ ယွင်ရာ နားထောင်ပြီးသည်နှင့်‌ ခေါင်းညိတ်ကာ ပြောလေသည် “မင်းရဲ့ လက်ချောင်းတွေက ပါရမီပါသားပဲ.. မင်းကို အခြေခံတော့ သင်ပေးဖို့မလိုတော့ ဘူး.. အဲလိုဆိုမှတော့ မင်းကို ဂီတဂိုဏ်းရဲ့ သိုင်းတွေကိုသင်ပေးရုံပဲ… ဘယ်လောက် သင်နိုင်မလဲဆိုတာတော့ မင်းအပေါ်ပဲမူတည်မှာ”

“ဟုတ်ကဲ့”

ယွင်ရာသည် လေးနက်စွာ ပြောနေသည်။ သူသည် သူမကို အဓိက အချက်အနည်းငယ်ကိုသာ ပြောမည်ဟု စဉ်းစားထားသော်လည်း သူသည် ဘယ်သောအခါမှ ပေါ့ပျက်ပျက်မလုပ်တတ်ပေ။

ရှီမာယူယူသည်လည်း သူပြောသမျှ နားထောင်နေချိန်တွင် အလွန် လေးနက်သည်။ သူ သင်ပေးချိန်တွင် ဆရာစားချန်လိမ့်မည်ဟု သူမ ထင်ထား ပြီး အလေးအနက်ထား သင်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သူမ သည် အသေအချာသင်ယူကာ သူ သင်ပေးသည့်အတိုင်း တစ်ရက်အတွင်းလေ့ ကျင့်ကာ သင်ယူနိုင်လေသည်။

သူမ တိုက်ကွက်တစ်ခုလုံး တီးမှုတ်နိုင်သော်လည်း ကျွမ်းကျင်ပိုင်နိုင် သည်အထိတော့ မဟုတ်သည်ကို ယွင်ရာမြင်နေရသည်။ တကယ်တော့ တစ်ရက်တည်းနှင့် ဤမျှလုပ်နိုင်သည်မှာ သူမ၏ အရည်အချင်းသည် အတိုင်း ထက်အလွန်ပင်ဖြစ်သည်။

ထို့ကြောင့်ပင် သူမ ပညာများစွာ သင်နိုင်ခဲ့ခြင်းဖြစ်မည်။ သူမတွင် ဤကဲ့သို့ အရည်အချင်းရှိနေသည်။ သူမကို အံ့ဩနေရလေပြီ။

တခြားအကြွေးများပါကျေစေရန်အတွက် နောက်ရက်များတွင် ဖလှယ် သည့် ပရိယာယ်များကို သင်ပေးသည်။ ရှီမာယူယူသည် အားလုံးကို သင်ယူ၏။ သူမသည် ရှုပ်ထွေးသောတိုက်ခိုက်မှုများကို မပြုလုပ်နိုင်သော်လည်း နောင်တစ် ချိန်တွင် ဤသိုင်းပညာကို အချိန်ယူပြီး လေ့ကျင့်ရုံသာဖြစ်သည်။

ထိုအချိန်တွင် ယွင်ရာ၏ အသံတိုက်ခိုက်မှုသည် ညှို့ယူဂီတဂိုဏ်းတွင် အားအကောင်းဆုံးဖြစ်သည်ကို သူမ မသိသေးပေ။ ဆိုလိုသည်မှာ သူမသည် ယခုအချိန်တွင် သူ၏ လက်အောက်သို့ ရောက်သွားပြီဖြစ်သည်။ သူ့ဆီမှ ပညာ သင်လိုက်သည်နှင့် သူမသည် သူ၏ဂိုဏ်းခွဲလက်အောက် ဝင်သွားပြီဖြစ်သည်။

“လူလာနေပြီ” ဝူလင်းယူသည် သူတို့ကို သတိပေးလိုက်သည်နှင့် ယွင်ရာ သည် အတားအဆီးကိုဖယ်လိုက်သည်။

၁၀ ရက် ၂၀ ရက်တာမျှစောင့်ပြီးနောက် ထိုလူများသည် သူတို့ကို သတိရ သွားဟန်တူသည်။

***

All Chapters