← Chapters

လင်းဖန်ရဲ့ အစီအစ

Vol. 4 Ch. 37

လင်းဖန်ရဲ့ အစီအစ

Vol. 4 Ch. 37

လင်းဖန်ရဲ့ ပြတ်သားသည့် စီစဉ်ညွှန်ကြားမှုများက ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ သူ့ရဲ့စွမ်းဆောင်ရည်ကို ကောင်းစွာ သက်သေပြနေပြီး၊ ထိုနေရာရှိ ကျင်းလီကုမ္ပဏီရဲ့ အမှုဆောင်ဟောင်းများအားလုံးကို ချက်ချင်းပင် အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။

သူတို့ရှေ့၌ ရပ်နေသည့် ထိုလူငယ်လေးကို ကြည့်ပြီး မည်သူမျှ အထင်သေးရဲသည့်စိတ် မရှိကြတော့ပေ။

"လုံထန်ဂရုရဲ့ CEO နဲ့ CFO က ဘယ်သူတွေလဲဆိုတာ မင်းတို့ သိချင်မှ သိကြလိမ့်မယ်။ ရှင်းယာ... သူတို့ကို မိတ်ဆက်ပေးလိုက်ပါဦး။"

လင်းဖန်က လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး လက်ဟန်ပြကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

မိုရှင်းယာက ရိုသေစွာ တုန့်ပြန်သည်။

သူမက အားလုံးကို ခေါင်းညိတ်ပြနှုတ်ဆက်ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့်ပင်

"အခု ကျွန်မ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ ဂရု ရဲ့ CEO ဖြစ်သူ မစ္စတာ ကျန်းဖန် ဖြစ်ပါတယ်။ သူဟာ ဖီလာဒဲဖီးယားရှိ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ၊ ဝါတန် စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူပါ။ ဒါ့အပြင် သူက Nokia နဲ့ Apple လို ကုမ္ပဏီကြီးတွေမှာလည်း အဆင့်မြင့်စီမံခန့်ခွဲသူ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။"

"ဟာ..."

အစည်းအဝေးခန်းမရဲ့ အောက်ဘက် လက်ဝဲဘက်အစွန်ဆုံးတွင် ထိုင်နေတဲ့ အညိုရောင်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ရုတ်တရက် ထရပ်လိုက်ပြီး လူတိုင်း၏ရှေ့၌ သူရဲ့မျက်နှာကို ရှင်းလင်းစွာ ပြသလိုက်သည်။

ထိုခဏချင်းမှာပင် ယွီလဲ့ဦးဆောင်သည့် ယွမ်ကျင်းလီရဲ့ အဆင့်မြင့်အမှုဆောင်များအားလုံး၏ မျက်နှာများမှာ ရုတ်ချည်းပင် ပျက်ယွင်းသွားကြသည်။

ဝါတန် စီးပွားရေးတက္ကသိုလ်ဆိုသည်မှာ ကမ္ဘာ့အကောင်းဆုံး စီးပွားရေးတက္ကသိုလ်တစ်ခု ဖြစ်သည်။ ထိုနေရာမှ ဘွဲ့ရသူများသည် ထိပ်တန်းလူတော်များသာ ဖြစ်ကြသည်။

ထို့ပြင် သူက ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် အဆင့်မြင့်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေခြင်းက အမှန်တကယ်ပင် စွမ်းဆောင်ရည်မြင့်မားသူဖြစ်ကြောင်း သက်သေပြနေသည်။

"သူ့ဘေးမှာရှိတဲ့သူကတော့ ဂရုရဲ့ CFO ဖြစ်သူ မစ္စတာ မင်ကျုံးရှင်းဖြစ်ပါတယ်။ သူက ဟားဗတ်စီးပွားရေးတက္ကသိုလ်ကနေ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ ရရှိထားသူပါ။ သူဟာ KPCB မှာ ဘဏ္ဍာရေးအရာရှိအဖြစ် ငါးနှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။"

မိုရှင်းယာက အချိန်ဆွဲခြင်းမရှိဘဲ ဆက်လက်မိတ်ဆက်ပေးခဲ့သည်။

သူမ စကားပြောနေစဉ်မှာပင် အသက် ၃၀ ကျော်အရွယ် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးသည် ကျန်းဖန်၏ ဘေးမှ ထရပ်လိုက်ပြီး အစည်းအဝေးတက်ရောက်လာသူများကို နှုတ်ဆက်လိုက်သည်။

ထိုအခါ ယွီလဲ့နှင့် အခြားသူများ၏ မျက်နှာအမူအရာမှာ ပို၍ပင် တည်ကြည်လေးနက်သွားကြသည်။ ဤမင်ကျုံးရှင်းဆိုသူမှာ ကျန်းဖန်ထက်ပင် သူတို့ကို ပို၍ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Kleiner Perkins Caufield & Byers (KPCB) သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံးသော စွန့်ဦးတီထွင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းများဖြင့် ပြည့်စုံသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

အမေရိကန်ရှိ နာမည်ကြီး တက္ကသိုလ်အများစုရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ၎င်းတို့ကပင် စီမံခန့်ခွဲပေးနေခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ထိုမျှအထိ အစွမ်းထက်လှသော ကုမ္ပဏီကြီးတစ်ခု၌ ဘဏ္ဍာရေးအရာရှိအဖြစ် ငါးနှစ်တိုင်တိုင် တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းမှာ လူအများစု စိတ်ကူးပင် မယဉ်ရဲသော အောင်မြင်မှုမျိုး ဖြစ်သည်။

မိုရှင်းယာရဲ့ မိတ်ဆက်မှုများကြောင့် ယွီလဲ့နှင့် ယခင် ကျင်းလီအမှုဆောင်ဟောင်းများသည် ဖန်ထန်းကုမ္ပဏီနှင့် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအပေါ် ထားရှိသည့် အမြင်များ လုံးဝပြောင်းလဲသွားကြသည်။

ဥက္ကဋ္ဌမှာ ငယ်ရွယ်ပုံရသော်လည်း၊ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အားနည်းခြင်းမရှိသည့်အပြင် စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုပိုင်းတွင် အလွန်ထူးချွန်ကြောင်း တွေ့ရသည်။

၎င်းတို့ ရွေးချယ်ခန့်အပ်ထားသော လုံထန်း ဂရုရဲ့ CEO နှင့် CFO တို့ရဲ့ အရည်အချင်းကို ကြည့်ရုံဖြင့် ၎င်းတို့၏ အဆင့်အတန်းကို ကောင်းစွာ သိမြင်နိုင်ပေသည်။

"အဟမ်း..."

လူတိုင်း အတွေးကိုယ်စီဖြင့် ငြိမ်သက်နေစဉ်မှာပင် အစည်းအဝေးခန်းမ၏ အလယ်ဗဟို နေရာတွင် ထိုင်နေသော လင်းဖန်က ချောင်းတစ်ချက် နှစ်ချက် ဟန့်လိုက်ပြီး ခပ်ကျယ်ကျယ်ပင် ပြောလိုက်သည်။

"ဖန်ထန်းအနေနဲ့ ကျင်းလ ကို အခုမှ ဝယ်ယူလိုက်တာဖြစ်လို့ ကုမ္ပဏီရဲ့ အတွင်းရေးကိစ္စတွေကို အသေးစိတ် မသိသေးဘူး။ ဒါကြောင့် ကျင်းလီကုမ္ပဏီရဲ့ အမှုဆောင်ဟောင်းတွေအနေနဲ့ ကုမ္ပဏီရဲ့ အခြေအနေကို အကျဉ်းချုပ်လောက် ရှင်းပြပေးကြဖို့ တောင်းဆိုချင်ပါတယ်။"

အမှန်တကယ်တော့ ဖန်ထန်းအနေဖြင့် အပြင်ပန်း အချက်အလက်အချို့ကိုသာ စုံစမ်းစစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ အတွင်းပိုင်းဆိုင်ရာ အချက်အလက် အသေးစိတ်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထို့ကြောင့် ယွီလဲ့နှင့် အခြားသူများ၏ ရှင်းပြချက်ကို လိုအပ်နေခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ"

လင်းဖန်ရဲ့ စကားကို ကြားပြီးနောက် ယုလိုင်နှင့် အခြားသူများက ချက်ချင်းပင် တုံ့ပြန်ခဲ့ကြသည်။

ခဏအကြာတွင် ယွီလဲ့က စတင်၍ ရှင်းလင်းတင်ပြသည်။

"ဥက္ကဋ္ဌကြီးနဲ့တကွ လူကြီးမင်းတို့ခင်ဗျာ... ဂျင်းလီ ကုမ္ပဏီဟာ ကျင်းလီနည်းပညာ ကွမ်းချန်း ကျင်းမင် ၊ ကွမ်းချန်း ကျင်းကျုံး ၊ ကွမ်းချန်း ကျင်းရှန်း၊ ယန်ကျင်း ကျင်းလီနဲ့ ကန်းချန်း ကျင်းလီအပါအဝင် ကုမ္ပဏီခွဲပေါင်း ၁၁ ခုကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားပါတယ်။"

သူက ဆက်လက်၍.....

"ဒါ့အပြင် လက်ရှိမှာ ထုတ်လုပ်ရေးစခန်း နှစ်ခုနဲ့ ဆောက်လုပ်ဆဲ ဌာနချုပ် အဆောက်အအုံ တစ်ခုလည်း ရှိပါတယ်။ အဲဒါတွေကတော့ ရှန်ချန်း ကျင်းလီ စက်မှုဇုန်။ ရှန်ချန်း ကျင်းလီ အဆောက်အအုံနဲ့ ဘန်ဂလို စက်ရုံတို့ပဲ ဖြစ်ပါတယ်"

ဟု ပြောကြားသည်။

"အဲဒီအထဲမှာ ဂျီအိုနီ စက်မှုဇုန်က အာရှမှာ အကြီးမားဆုံးသော စမတ်ပစ္စည်းထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ အလိုအလျောက် ပတ်ချ်ထုတ်လုပ်မှုလိုင်း ၅၄ လိုင်းနဲ့ ကုန်ချောတပ်ဆင်စစ်ဆေးရေးလိုင်း ၁၁၀ ရှိပါတယ်။ ကုန်ချောတပ်ဆင်ခြင်း၊ မားသားဘုတ်ထုတ်လုပ်ခြင်းနဲ့ စမ်းသပ်ခြင်း၊ ပုံနှိပ်ခြင်းနဲ့ တခြားဆက်စပ်ပစ္စည်း ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းတာဖြစ်ပါတယ်။ ဒါဟာ တစ်နှစ်ကို မိုဘိုင်းဖုန်း အလုံးရေ သန်း ၁၀၀ ထိ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အဆင့်မြင့်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။"

"ရှန်ချန်း ကျင်းလီ အဆောက်အအုံကတော့ မြေဧရိယာ ၅,၆၆၇.၇၇ စတုရန်းမီတာရှိပြီး အထပ်ပေါင်း ၂၄ ထပ်၊ အမြင့်မီတာ ၁၀၀ ရှိပါတယ်။ အဲဒီမှာ ထုတ်ကုန်စင်တာ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) စင်တာအပြင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပလက်ဖောင်း ၁၁ ခု ပါဝင်ပြီး လူပေါင်း ၆,၀၀၀ ခန့်အတွက် သုတေသနနဲ့ ရုံးခန်းနေရာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။"

"ဒါ့အပြင် တရုတ်နိုင်ငံတစ်ဝန်းမှာ ပြည်နယ်အဆင့် ကိုယ်စားလှယ် ၄၂ ဦး၊ ပြည်နယ်အဆင့် ဖောက်သည်ဝန်ဆောင်မှုစင်တာ ၄၀၊ ပူးပေါင်းဆောင်ရွက်တဲ့ အရောင်းဆိုင်ပေါင်း ၇၀,၀၀၀ ကျော်၊ အထူးအရောင်းနေရာ ၅၀,၀၀၀ ကျော်နဲ့ အရောင်းကောင်တာပေါင်း ၂၀၀,၀၀၀ ရှိပါတယ်။"

ထိုအချက်များကို ကြားလိုက်ရသောအခါ လင်းဖန်ရဲ့ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူ ကျင်းလီကို ပထမဆုံး သဘောကျခဲ့သည့် အကြောင်းရင်းမှာ ကျင်းလီက သုတေသန၊ ထုတ်လုပ်ရေးနှင့် အရောင်းပိုင်းတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။

ယခုကြည့်ရသည်မှာ ယခင်က ပြည်တွင်း မိုဘိုင်းဖုန်းလောက၏ ထိပ်သီးကုမ္ပဏီကြီးဖြစ်ခဲ့သော ဤလုပ်ငန်းသည် သူထင်ထားသည်ထက်ပင် ပိုမိုအင်အားကြီးမားနေသည်မှာ သိသာလှပေသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် ကျင်းလီမှာ ကိုယ်ပိုင်သုတေသနနှင့် တီထွင်ဖန်တီးမှုကို အဓိကဗဟိုပြု၍ ထုတ်လုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုအဆင့်ဆင့်ကို အခြေခံကာ ပြည်တွင်းပြည်ပ အရောင်းကွန်ရက်အထိ အပြည့်အစုံ လည်ပတ်နိုင်သော စက်မှုကွင်းဆက်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ထုတ်လုပ်မှုစွမ်းအား တစ်ခုတည်းကို ကြည့်မည်ဆိုလျှင်ပင် ပြည်တွင်း၌ ၎င်းကို ယှဉ်နိုင်သူမှာ ဟာဝေးမှလွဲ၍ အခြားမရှိသလောက်ပင် ဖြစ်သည်။

ဆိုလိုသည်မှာ လင်းဖန် အနေဖြင့် သူ၏ မိုဘိုင်းဖုန်းဒီဇိုင်းကို လုံထန်းဂရုကိုသာ လွှဲပြောင်းပေးလိုက်မည်ဆိုပါက၊ လုံထန်ဂရုသည် မည်သူ့အကူအညီကိုမျှ အားကိုးစရာမလိုဘဲ အရည်အသွေးမီ ဖုန်းနမူနာများကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။

လျှို့ဝှက်ချက် ထိန်းသိမ်းရမှု ရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း ဤရွေးချယ်မှုမှာ အမှန်တကယ်ပင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။

......................................................

All Chapters