← Chapters

ဖန်ထန်းရဲ့ ခြေလှမ်း

Vol. 4 Ch. 38

ဖန်ထန်းရဲ့ ခြေလှမ်း

Vol. 4 Ch. 38

"သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနအောက်တွင် အင်စတီကျု ၄ ခု ရှိပါတယ် နိုင်ငံတော်အဆင့် မူပိုင်ခွင့်ပေါင်း ၁,၅၅၇ ခု ရှိပြီး ကိုယ်တိုင်ထုတ်လုပ်ထားသည့် amigo လုပ်ဆောင်ရေးစနစ် (OS) မှာလည်း ဗားရှင်း ၃.၅ အထိ မြှင့်တင်ထားပြီးဖြစ်တယ်။"

ထို့နောက်တွင် လုံထန်းရဲ့ အထွေထွေမန်နေဂျာ ယွီလီက

"လက်ရှိမှာ ကျင်းလီရဲ့ အရင်းအနှီးစီးဆင်းမှု ပြတ်တောက်သွားတာကြောင့် အဓိက သုတေသနအင်စတီကျု ၄ ခုကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲနေပါတယ်။ အင်ဂျင်နီယာ ၁,၅၀၀ စလုံးဟာလည်း ၃ လစာ လစာမရသေးတဲ့အတွက် လူတွေကြားထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်နေကြပါတယ်"

ဟု ပြောလာသည်။

ထိုစကားကို ကြားသောအခါ လင်းဖန် က မျက်မှောင်ကြုတ်လျက် တည်ငြိမ်သောအသံဖြင့်

" မိုရှင်းယာ၊ အင်ဂျင်နီယာတွေရဲ့ လစာကို အရင်ဆုံး ပေးချေဖို့ စီစဉ်လိုက်ပါ။ အင်စတီကျုနဲ့ ပတ်သက်လို့ကတော့ လက်ရှိလုပ်နေတဲ့ သုတေသနတွေကို ခဏဘေးဖယ်ထားလိုက်ဦး။ ဘာတွေ ဆက်လုပ်ဖို့ လိုအပ်တယ်၊ ဘာတွေက မလိုအပ်ဘူးဆိုတာကို နောက်မှ သေချာ ပြန်ဆွေးနွေးကြမယ်"

ဟု ညွှန်ကြားလိုက်သည်။

ကျင်းလီရဲ့စွမ်းဆောင်ရည်မှာ ဝါးဝစ်ခ်ထက် မနိမ့်ကျခဲ့ဖူးပေ။ ထို့အပြင် ဘက်ထရီသက်တမ်း အလွန်ကြာရှည်ခံမှု၊ ဖုန်းခေါ်ဆိုမှုနှင့် လက်ခံမှုအတွက် အသံဖြင့် ထိန်းချုပ်နိုင်သည့်စနစ် စသည့် ထူးခြားတဲ့ အောင်မြင်မှုများကိုလည်း ရရှိထားသည်။

ထိုကဲ့သို့ လက်တွေ့ကျပြီး အသုံးဝင်သော လုပ်ဆောင်ချက်များကို အခြေခံ၍ ကျင်းလီသည် သုံးစွဲသူများ၏ စိတ်ကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ခေတ်ကာလများက တိုးတက်ပြောင်းလဲနေသည်။ လူတိုင်းက (ဉာဏ်ရည်တုနည်းပညာ) ကို အာရုံစိုက်နေကြချိန်တွင် ကျင်းလီမှာမူ အတိတ်မှာပင် နစ်မွန်းနေဆဲဖြစ်သည်။

ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးရေးပိုင်းတွင်လည်း ၎င်းသည် တစ်ခါမျှ ရှေ့သို့ မရောက်ခဲ့ဖူးပေ။ ဓာတ်ပုံရိုက်ကူးသည့်စနစ် ဖြစ်စေ၊ မျက်နှာပြင်အပြည့် နည်းပညာဖြစ်စေ တစ်လှမ်း၊ သို့မဟုတ် နှစ်လှမ်းခန့် နောက်ကျကျန်နေခဲ့သည်။

ဝါးဝစ်ခ်၌ MATE series ရှိသည်၊ ဒါမီတွင်လည်း Redmi series ရှိသည်။ သို့သော် ကျင်းလီ တွင်မူ ထိုကဲ့သို့ ခိုင်မာသော series မရှိပေ။

အကြောင်းမှာ ၎င်းသည် ဖုန်းအသစ်များကို အဆက်မပြတ် ထုတ်လုပ်နေသော်လည်း အရေအတွက်အပေါ်သာ အားကိုးနေပြီး ဈေးကွက်ကို ပြောင်းလဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ပုံစံအသစ် အပေါ်ယံပြောင်းလဲရုံမျှသာ ဖြစ်နေသဖြင့် လူကြိုက်များသည့် ထုတ်ကုန်များကို မဖန်တီးနိုင်ခဲ့ပေ။

"ဟုတ်ကဲ့ပါ"

မိုရှင်းယာက သက်ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ရန် ဘဏ္ဍာရေးအဖွဲ့ကို ချက်ချင်း စီစဉ်ပေးလိုက်သည်။

"ယန်ရွယ်၊ အရင်က ကျင်းလီရဲ့ ဘဏ္ဍာရေးအခြေအနေက ဘယ်လိုရှိခဲ့သလဲ"

ထိုစဉ် လင်းဖန်က အစည်းအဝေးခန်းမအတွင်းရှိ တစ်ဦးတည်းသော အမျိုးသမီးထံသို့ အကြည့်ပို့လိုက်သည်။

ထိုမေးခွန်းကို ကြားလျင် ယန်ရွယ်က ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး

"ဥက္ကဋ္ဌကြီးနဲ့ လူကြီးမင်းတို့ရှေ့မှောက်မှာ တင်ပြရရင်... ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့အထိ ကျင်းလီရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ ယွမ်ငွေ ၂၀.၁၂ ဘီလီယံနဲ့ ညီမျှပေမယ့်၊ အကြွေးပမာဏကတော့ ၂၈.၁၇ ဘီလီယံအထိ မြင့်တက်နေပါတယ်"

ဟု ပြန်လည်ဖြေကြားခဲ့သည်။

"ဒါ့အပြင် ကုမ္ပဏီခွဲတွေအပြင် WeBank မှာလည်း အစုရှယ်ယာ ၂.၁၄၂၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒါကို ယွမ် သန်း ၉၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယွမ် သန်း ၄၈၀ ခန့် တန်ဖိုးရှိတဲ့ ဘေကျင်းတိုင်လောင် စက်မှုအိမ်ခြံမြေကုမ္ပဏီမှာ ပေါင်နှံထားပါတယ်။"

"နန်းယွီဘဏ်ရဲ့ အစုရှယ်ယာ ၉.၃ ရာခိုင်နှုန်းကိုလည်း ကျန်းစုနိုင်ငံတကာကုမ္ပဏီမှာ ပေါင်နှံထားပြီး တန်ဖိုးကတော့ ယွမ် သန်း ၆၉၀ ခန့် ရှိပါတယ်"

သူမရဲ့စကားအဆုံး၌ အစည်းအဝေးခန်းမတစ်ခုလုံးမှာ သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

အသားတင် အကြွေးပမာဏမှာ ယွမ် ၈.၀၅ ဘီလီယံပင် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ဘယ်လိုများ ဖြစ်သွားရသနည်း။

လင်းဖန်က ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးများတွင် တောက်ပသော အရောင်အဝါများဖြင့် တည်ကြည်လေးနက်စွာ ပြောလိုက်သည် ။

"တရုတ်ဘဏ်က မင် ခင်ဗျားကို ကျွန်တော် ယွမ် ၁၀ ဘီလီယံပဲ ပေးမယ်။ မရှိမဖြစ်လိုအပ်တဲ့ ပိုင်ဆိုင်မှုတွေကလွဲရင် ကျန်တာအားလုံးကို ရောင်းထုတ်လိုက်ပါ။ အဲဒီလိုလုပ်ရင် လုံထန်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ပြောင်းလဲပစ်နိုင်မလား"

"ဥက္ကဋ္ဌကြီး၊ အကယ်၍ ကျွန်တော် ဒါကို မအောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် ကျွန်တော့်ကို ရာထူးကနေ ထုတ်ပစ်နိုင်ပါတယ်"

ဟု BOCရဲ့ CFO ဖြစ်သူ မင် က ချက်ချင်းပင် တုံ့ပြန်ကတိပြုလိုက်သည်။

"ကောင်းပြီ"

လင်းဖန် က ခေါင်းညိတ်ပြလိုက်ပြီး ပြည်ပဌာန ရဲ့ အထွေထွေမန်နေဂျာ ကျန်းရှင်းလု ဘက်သို့ လှည့်ကြည့်လိုက်သည်။

ကျန်းရှင်းလုကလည်း ချက်ချင်းပင် အစီရင်ခံစာ တင်ပြသည်။

"ပြည်ပဌာနအနေနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၄၀ ကျော်မှာ အရောင်းကွန်ရက်တွေ ဖြန့်ကြက်ထားပြီး နိုင်ငံ ၈ နိုင်ငံရဲ့ အော်ပရေတာ စနစ်တွေထဲကိုလည်း ဝင်ရောက်နိုင်ခဲ့ပါပြီ။ အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံ ၃ နိုင်ငံမှာတော့ ထိပ်တန်း ဈေးကွက် ၅ ခုစာရင်းထဲမှာ ပါဝင်နေပါတယ်။"

"အခုဆိုရင် ကျွန်တော်တို့ ထိုင်းဈေးကွက်ကိုလည်း တိုးချဲ့ဖွင့်လှစ်နေပါပြီ။"

ထိုသို့ ဆွေးနွေးပြီးနောက် လင်းဖန် အပါအဝင် အသစ်ရောက်ရှိလာသော လုံထန်းဂရုမှ ကျန်းဖန် မင်ကျုံးရှူ်းနှင့် လုပ်ငန်းလည်ပတ်ရေးအဖွဲ့သားအားလုံးမှာ လုံထန်း သို့မဟုတ် ကျင်းလီ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြပြီဖြစ်သည်။

ခြုံငုံကြည့်လျှင် လုံထန်းရဲ့ အကြီးမားဆုံးပြဿနာမှာ အကြွေးတွင်းကို ပိတ်ရန် ငွေကြေးအမြောက်အမြား လိုအပ်နေခြင်းပင် ဖြစ်သည်။

ယခုအခါ လုံထန်းရင်းနှီးမြုပ်နှံရေးထံမှ ငွေကြေးများ ထုတ်ယူသုံးစွဲနိုင်ပြီဖြစ်၍ အခြေအနေအရပ်ရပ်မှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

သို့သော်လည်း မှေးမှိန်ကျဆင်းနေသော ကျင်းလီအဖွဲ့ကို အားသစ်လောင်းထားသည့် လုံထန်းအဖွဲ့အဖြစ် အသက်ပြန်သွင်းရန်အတွက် ကြီးမားသော ပြုပြင်မွမ်းမံမှုများစွာ လိုအပ်နေသေးသည်။

"ဖတ်"

ခဏအကြာ၌ လင်းဖန်က သူ့ရဲ့လက်ဆွဲအိတ်ထဲမှ အထူးစာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ အစည်းအဝေးခန်းမရှိ စားပွဲကြီးပေါ်သို့ တင်လိုက်သည်။

"ဒါကို ကြည့်လိုက်ကြပါဦး"

အစည်းအဝေးတက်ရောက်နေသူအားလုံးရဲ့ မျက်နှာ၌ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်သွားသည်။

'ဒါက ဘာစာရွက်စာတမ်းပါလိမ့်'

သို့သော်လည်း ၎င်းတို့သည် ထိုစာရွက်စာတမ်းကို ယူကြည့်လိုက်သည့်အခါတွင်မူ ဇဝေဇဝါဖြစ်မှုများ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် သံသယစိတ်များဖြင့် အစားထိုးဝင်ရောက်လာခဲ့တော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်...

R&D ဌာနရဲ့ ဒါရိုက်တာဖြစ်သူ ယွီလီက သူရဲ့လက်ထဲမှ စာရွက်စာတမ်းများကို အရင်ဆုံးဖတ်ရှုလိုက်သည်။

ထို့နောက် သူက စိတ်လှုပ်ရှားနေသည့် မျက်နှာပေးဖြင့် သူ့ရှေ့၌ မတ်တပ်ရပ်နေသည့် လင်းဖန် ကို ကြည့်ကာ စကားထစ်ငေါ့လျက် မေးလိုက်သည်။

"ဥက္ကဋ္ဌ... ဒါက ဘာလဲခင်ဗျာ"

လင်းဖန်က ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"ဟုတ်တယ်... ဒါက မိုဘိုင်းဖုန်း ဒီဇိုင်းပုံစံပဲ။ ငါ ဒါကို နီဗားနား အိတ်လို့ အမည်ပေးထားတယ်"

"နိဗားနား"

"ဒီနေ့ကစပြီး လုံထန်းရဲ့ သုတေသနဌာနအားလုံးဟာ ဒီ နီဗားနား ဖုန်းကို အကောင်အထည်ဖော်ဖို့အတွက်ပဲ အစွမ်းကုန် အာရုံစိုက် လုပ်ဆောင်သွားရမယ်"

"ဟုတ်ကဲ့ပါ"

ရောက်ရှိနေသူအားလုံးမှာ တက်ကြွထက်သန်သည့် မျက်နှာများဖြင့် အားရပါးရ ပြန်လည်တုန့်ပြန် လိုက်ကြသည်။

မိုဘိုင်းဖုန်းလောက၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဝါရင့်ပညာရှင်များ ဖြစ်သည့်အားလျော်စွာ၊ ဤ နီဗားနား ဖုန်းမှာကမ္ဘာပေါ်ရှိ အခြားမည်သည့်ဖုန်းကိုမဆို ကျော်လွန်သွားပြီဖြစ်ကြောင်း သူတို့ အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။

အကယ်၍ လုံထန်းကုမ္ပဏီသာ ဤဖုန်းကို ထုတ်လုပ်နိုင်ခဲ့လျှင် ပထမဦးဆုံးခြေလှမ်းမှာပင် တစ်ကမ္ဘာလုံးကို ဟိုးဟိုးကျော် သွားစေမည်မှာ အသေအချာပင်။

သူတို့၏ အနာဂတ်သည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပလာတော့မည် ဖြစ်သည်။

...............................................

All Chapters