ကျိုးမျိုးနွယ်
Vol. 141 Ch. 1965
ထိုလူများသည် ကြင်နာလွန်းကြသည်။
ထိုလူများသည် သူတို့ကို ၁၀ ရက်ကျော်ကြာအောင် အကျဉ်းချထားပြီး ကျူးကျော်သူဟု ထင်ထားသည့်လူများကို သွားရှင်းထုတ်သဖြင့် သူတို့ကို မေ့ နေခဲ့သည်။ သို့သော် သူတို့နှစ်ဖွဲ့မှာ ဘာမှမဆိုင်သည်ကို သူတို့ တွေးမိကြပါ့ မလား။
ထိုလူများသည် သူတို့ကို မေ့နေခြင်းမဟုတ်ဘဲ သူတို့ကို ဖမ်းလာသူသည် အရေးတကြီး တာဝန်ထမ်းဆောင်ရန် ထွက်သွားသဖြင့် မျိုးနွယ်ကို တင်ပြရန် အချိန်မရှိလိုက်ခြင်းကို နောက်မှပင် သူတို့သိခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့ ကို ယခုအချိန်ထိ လျစ်လျူရှုထားခြင်းဖြစ်သည်။
“ကလစ်…”
တံခါးပွင့်သွားသည်နှင့် ကျိုးနီသည် လူတချို့ခေါ်ပြီး ဝင်လာသည်။ ၁၀ ရက်ကျော်ကြာအောင် အကျဉ်းချခံထားရပြီး အပြည့်အဝပြန်ကောင်းလာသည့် လူများကို သူ ပြောလိုက်သည် “သူတို့ကို ခေါ်လာခဲ့ကြ”
ကျိုးမျိုးနွယ်ဝင်များသည် အကျဉ်းခန်းဝင်ပေါက်သို့ လာဖွင့်ကြသည်။ ရှီမာယူယူသည် ထ,ပြီး အင်္ကျီမှ ဖုန်များကိုခါပြီး ပြောလိုက်သည် “ကိုယ့်ဘာသာ သွားမယ်”
ကျိုးနီသည်လည်း သူမကို အခက်တွေ့အောင်မလုပ်ပေ။ သူ လှည့်ထွက် သွားလေသည်။ ရှီမာယူယူကို ဝိုင်းလာသူများလည်း ဖယ်ပေးလေသည်။
သူတို့သည် သူတို့၏ အင်အားကိုယုံကြည်မှုလွန်ကဲနေပြီး မျိုးနွယ်အတွင်း တွင် ထိုလူငါးယောက် ပြေးမလွတ်နိုင်ဟု ထင်နေ၍လားမသိပေ.. သူတို့ကို ကြိုးဖြင့်ပင် ချည်နှောင်ခြင်းမပြုပေ။ သူသည် သူတို့ကို အတိုင်းသား ခေါ်ထုတ် လာသည်။
သူတို့သည် ကျိုးမျိုးနွယ်ကို ပတ်ကြည့်လိုက်ကြသည်။
တစ်ဖက်တွင် တောင်များရှိပြီး တစ်ဖက်တွင် မြူခိုးများလွှမ်းနေသည့် ရေပြင်ရှိနေရာ လူသားလောကမှ နိဗ္ဗာန်ကိုပင် သွားသတိရစေသည်။
“ဒီလူတွေက သူတို့ကိုယ်သူတို့ တခြားသူတွေထက် သာလွန်တယ်ထင် နေကြတာ.. သူတို့ကိုယ်သူတို့ မသေမျိုးလို့ခံစားနေကြတာ.. အဲဒါကြောင့်လည်း ဒီလိုမျိုး မသေမျိုးလေထုထဲမှာနေချင်ကြတာပဲ”
“စကားမပြောနဲ့” လူတစ်ယောက်မှ အော်လေသည်။
ယွင်ရာသည် နှုတ်ခမ်းတွန့်ပြီး စကားရပ်လိုက်သည်။
ကောင်းပြီလေ ဘယ်သူကလာပြီး အမိန့်ပေးနေတာလဲ။
ကျိုးနီသည် သူတို့ကို လူနေသည့်နယ်မြေသို့ခေါ်သွားသည်။ ထိုနေရာ တွင် လူများပြားလှသည်။
အားလုံးသည် သူတို့ကို ဒေါသတကြီးကြည့်ကြသည်။ အရင်က ဝေဖန်ခဲ့ သည်များနှင့် ယှဉ်လျှင် အရင်ကထက် ပို၍ ဒေါသထွက်နေကြသလိုပင်။
သူတို့ ဘာကြောင့် ဒေါသထွက်နေကြသည်ကို ရှီမာယူယူ သိသည်။ ရှီယွိ သည် ရှောင်ဟော်လက်အောက်မှ စစ်ဦးစီးဖြစ်ကာ သူတို့ လူသုံးဆင့်မျှ ဝိုင်းထား သည့်ကြားက လွတ်သွား၍ဖြစ်သည်။ ထိုလူများသည် သူတို့၏ နယ်နိမိတ်မှ ထွက်သွားကြသဖြင့် ဘာမှမလုပ်နိုင်တော့ပေ။ သို့သော် အပြင်လူများကိုပင် မဖမ်းနိုင်ပါက တခြားလူများ၏ လှောင်ရယ်စရာဖြစ်နေမည်။
ထိုအရာသည် အပြင်လူရောက်လာခြင်းထက် ပို၍ဒေါသဖြစ်စရာကောင်း သည်။
ထိုကျူးကျော်သူများနှင့် သူတို့သည် အဆက်အသွယ်ရှိနိုင်သည်။ ထို့ကြောင့် သူတို့ကိုမေးလိုက်လျှင် ထိုလူများအကြောင်း သိနိုင်သည်။
ကျိုးနီသည် သူတို့ကို လူဆယ်ယောက် ဆံ့သည့် ကျယ်ဝန်းပြီး ရိုးရှင်း သော အိမ်တစ်အိမ်သို့ ခေါ်သွားလေသည်။ သူတို့ လျှောက်ဝင်သွားည့်အခါ စူးရှ သော မျက်လုံးများဖြင့် ဝိုင်းကြည့်ကြလေသည်။
“ခေါင်းဆောင် သူတို့ကိုခေါ်လာပါပြီ” ကျိုးနီသည် အရိုအသေပြုပြီး နှုတ်ဆက်လေသည်။
“ကျေးဇူးပဲ မင်းလည်း ဒဏ်ရာတွေရလာတာပဲ သွားနားလိုက်ဦး” မုတ်ဆိတ်ဖြူနှင့်လူကြီး ပြောလိုက်သည်။
“ခေါင်းဆောင် သူတို့ကို ဖမ်းပြီးတော့ စစ်မေးချိန်မရတာ ကျွန်တော့်အမှားပါ.. အသုံးဝင်မယ့် သတင်းရမလားလို့ ဒီမှာနေပြီး ကြည့်ချင်ပါ တယ်” ကျိုးနီ ပြောလိုက်သည်။
“ဟုတ်ပြီလေ နေပါ”
ကျိုးနီသည် အစွန်ဆုံးတွင် သွားထိုင်ပြီး အပြစ်သားများကို ခေါ်လာသည့် မျိုးနွယ်ဝင်များသည် အော်လိုက်သည် “ဒူးထောက်”
ယူယူသည် ဘာမှမပြောပေ။ ထိုလူများသည် သူတို့ကို ဒူးထောက်ခိုင်ခွင့် မရှိပေ။ ဟွမ်သည် စကားပြောသည့်လူကို အသာစိုက်ကြည့်လိုက်ရာ ထိုလူမှာ ခေါင်းနပန်းကြီးသွားသလိုပင်
ကျိုးမျိုးနွယ်ဝင်များသည် မပျော်ရွှင်ကြတော့ပေ။ ဟွမ် ရပ်နေသည့် အနေအထားမှာ ကိုယ်ရံတော်တစ်ယောက်သဖွယ် ဖြစ်နေသည်။ သူတို့၏ ကိုယ်ရံတော်မှာ ကြီးကျယ်ခမ်းနားလွန်းရာ ထိုလူများ၏ အဆင့်အတန်းမှာ လည်း ထူးခြားနိုင်သည်။
ဒါပေမဲ့ သူတို့က အဆင့်အတန်းမြင့်တဲ့လူတွေဆိုလည်း ဘာအရေးလဲ။ ဒါက စည်းကမ်းမဲ့နယ်မြေပဲ။ ဒီနေရာမှာ ဘယ်သူက ဆိုးဆိုးဝါးဝါးပြုမူရဲလဲ။
“မင်းတို့က ဘယ်သူလဲ ငါတို့ကျိုးမျိုးနွယ် နယ်နိမိတ်ထဲကို ဘာလို့ ကျူးကျော်လာတာလ… မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ မင်းတို့ကို ဘယ်သူ က ဒဏ်ရာရအောင်လုပ်လိုက်တာလဲ” ကျိုးမျိုးနွယ်ခေါင်းဆောင် ကျိုးကျိုး သည် မေးခွန်းထုတ်လေသည်။
“သခင်ကြီးကျိုး ကျွန်မတို့ကို စကားကောင်းကောင်းပြောရင် ကျွန်မတို့ လည်း ပူးပေါင်းပြီး ရှင်တို့ သိချင်တာတွေကို ပြောပြလို့ရတယ်.. ကျွန်မတို့ကို မေးပြီးတာနဲ့ သတ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ ရှင်တို့ကို အကြံတစ်ခုပေး လိုက်မယ်.. ရှင်တို့ စွမ်းအားတွေကိုချွေတာလိုက်ပါ.. အပြင်မှာ ကျွန်မတို့ကို စောင့်ကြည့်နေတဲ့သူက ကျွန်မတို့အတွက် ဘာမှမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည်။
“မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား” ကျိုးမျိုးနွယ်၏ အကြီးအကဲ ကြီးကျိုး ပြောလိုက်သည်။
“ဒါက ဘယ်လိုလုပ် ခြိမ်းခြောက်တာဖြစ်ရမှာလဲ.. ကျွန်မတို့က တစ် ယောက်နဲ့တစ်ယောက် ပတ်သက်မှုလည်းမရှိကြဘူး အဲတော့ ကြောက်စရာ ကောင်းတဲ့ မြင်ကွင်းတွေလည်း ဖန်တီးနေဖို့မလိုဘူး” ရှီမာယူယူသည် ခေါင်းခါ လိုက်သည် “အမှန်အတိုင်းပြောရရင် ကျွန်မတို့က ဒီကိုမတော်တဆရောက်လာ တာပါ.. ရှင်တို့ကို မကောင်းကြံချင်စိတ်လည်း ဘာမှမရှိဘူး.. ရှင်တို့က ကျွန်မ တို့ကို အော်ငေါက်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမဲ့ ကျွန်မတို့ ကောင်းကောင်းနလန် ထူနိုင်အောင် လုံခြုံတဲ့နေရာပေးထားခဲ့တယ်.. ကျွန်မတို့ကတော့ အရမ်းကို ခင် တတ်ပါတယ်”
ထိုလူများသည် သူတို့ကို စစ်မေးရန်အတွက် အကျဉ်းချထားခဲ့သော်လည်း မေ့နေခဲ့သဖြင့် အကျဉ်းခန်းထဲတွင် ဆယ်ရက်ကြာ နလန်ထူစေခဲ့သည်။
“ဟင်း… လူငယ်မျိုးဆက်က ကလေးတစ်သိုက်ပဲမလား.. ဘယ်လိုလုပ် ငါတို့ကိုတောင် လာညှိုနှိုင်းရဲတာလဲ.. ဒီနေရာကို ဝင်လာပြီးတော့ လွယ်လွယ်နဲ့ ပြန်ထွက်နိုင်မယ်ထင်နေလား”
“ကျွန်မတို့က ပြန်မထွက်ရဲစရာ ဘာအကြောင်းရှိလဲ” ရှီမာယူယူသည် သူတို့၏ ခြိမ်းခြောက်မှုကြောင့် ကြောက်မသွားဘဲ ကျိုးကျိုးကိုကြည့်ပြီး ပြော လိုက်သည် “ခေါင်းဆောင်ကျိုး ပြောပါဦး ဘာပြောချင်လဲ”
“ဒီစည်းကမ်းမဲ့နယ်မြေကို ကျူးကျော်လာပြီးရင် ဘယ်သူမှ အသက်ရှင် လျက်ထွက်မသွားနိုင်ဘူး.. မင်းတို့က ဘာမို့လို့ ငါနဲ့လာညှိုနှိုင်းနေတာလဲ” ကျိုးကျိုး မေးလိုက်သည်။
ရှီမာယူယူသည် လက်ချောင်းကို လှုပ်ယမ်းလိုက်သည် “ကျွန်မတို့က ညှိနှိုင်းနေတာမဟုတ်ပါဘူး.. နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရမယ့် လမ်းကိုရွေး ချင်တာပါ.. ကျွန်မတို့က ရှင်တို့မျိုးနွယ်နဲ့ မယှဉ်နိုင်ဘူးလို့ ရှင်ထင်နေတယ် ဒါပေမဲ့ သေရေးရှင်ရေးနဲ့ ဆိုင်လာရင်တော့ ရှင်တို့မျိုးနွယ်ကို ကြားထဲက နစ်နာ သူဖြစ်အောင် မလုပ်ဘူးလို့ အာမ,ခံနိုင်လား”
“မင်းတို့လူနည်းနည်းလောက်နဲ့လား.. ငါက မင်းတို့ကို လူတချို့လောက်နဲ့ ရှင်းခိုင်းလိုက်ရင်ကို ပြီးနေပြီ” လူတစ်ယောက်သည် သူမ ပြောသည့်စကားများ ကိုမယုံသဖြင့် နှာမှုတ်လေသည်။
“ပြီးအောင် ပြောပါရစေဦး ဒီဒဏ်ရာတွေက သူများလုပ်လိုက်တာမဟုတ် ဘူး… လေဟာနယ်ပြိုကွဲသွားလို့ ရလာတဲ့ဒဏ်ရာတွေပါ” ရှီမာယူယူ ဆက် ပြောလေသည် “အဲတော့ ခေါင်းဆောင်ကျိုး အခု ပြောခွင့်ရှိပြီလို့ထင်လား”
ကျိုးမျိုးနွယ်ဝင်များသည် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ကြသည်။
သူတို့သည် အခြေအနေကို ကျိုးနီဆီမှ ကြားထားပြီဖြစ်သဖြင့် သူတို့ ဒဏ်ရာအပြင်းအထန် ရထားကြသည်ကို သိထားကြသည်။ သို့သော် သူတို့၏ ဒဏ်ရာမှာ လေဟာနယ်ပြိုကျခြင်းကြောင့် ဖြစ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထား ကြပေ။
အမှန်သာ ထိုကဲ့သို့ဖြစ်ပါက သူတို့သည် စွမ်းအားကြီးနိုင်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့နေရာမှာသာ တခြားသူဆိုလျှင် မည်သို့ အသက်ရှင်နိုင်မည်နည်း။
အစတော့ သူတို့သည် ကျူးကျော်သူများဟုသာ ထင်ထားကြသည်။ သို့သော် သူတို့မှာ လက်ရွေးစင်များဖြစ်နေလိမ့်မည်ဟု ထင်မထားကြပေ။
ကျိုးကျိုးသည် ရှီမာယူယူကို အကဲခတ်ရာ သူမကို ရင်းနှီးသလိုခံစားရ လေသည်။ သို့သော် မည်သည့်နေရာတွင် တွေ့ဖူးသည်ကို မမှတ်မိပေ။
“လေဟာနယ်ပြိုကျတုန်းက တကယ်ပဲ စည်းကမ်းမဲ့နယ်မြေကို ကျလာ ခဲ့တာလား”
“ဟုတ်ပါတယ်… မဟုတ်ရင်လည်း ဘေးပတ်ပတ်လည်မှာ တိုက်ပွဲ အရိပ်အယောင်မတွေ့ဘဲ ဘယ်လိုလုပ် ဒီလောက်ဒဏ်ရာရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
ကျိုးကျိုးသည် ကျိုးနီကိုကြည့်လိုက်သည်။
“ဟုတ်ပါတယ် အဲတုန်းက သူတို့ငါးယောက်က မြေပေါ်မှာလဲနေကြပြီး တိုက်ပွဲအရိပ်အယောင်မရှိပါဘူး” ကျိုးနီ ပြန်ဖြေလေသည်။
ထိုမျှ ပြင်းထန်သော ဒဏ်ရာများနှင့် သူတို့ဘာသာ ပေါ်လာရန်မဖြစ်နိုင် ပေ။ သူတို့သာ တိုက်ခိုက်ခဲ့ကြပါက ဘေးတွင် ခြေရာလက်ရာကျန်ခဲ့မည်ဖြစ် သည်။
“ဟင်း ဒါက ငါတို့မျိုးနွယ်ကို ဝင်ဖို့ ပရိယာယ်ဖြစ်မလားဆိုတာ ဘယ်သူ သိမှာလဲ” တခြားတစ်ယောက်မှ ခန့်မှန်းလေသည်။
ကျိုးမျိုးနွယ်ဝင်များသည် သူမကို ယုံတော့မလိုဖြစ်သွားသည်။ သို့သော် ထိုအချက်ကို ကြားသောအခါ အကျိုးအကြောင်းသင့်သည်ဟု ထင်သွားပြန် သည်။ သူတို့က ပရိယာယ်ဆင်တာဆိုရင် ဘယ်လိုလုပ်မလဲ။
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည် “ရှင်တို့က တုံးနေကြတာလားပဲ.. ဒီလောက် ဒဏ်ရာအပြင်းအထန်နဲ့ ရောက်လာတဲ့ အပြင်လူက သတ်ဖို့ အခွင့်အရေးယူမှာတဲ့လား.. ရှင်တို့လို ငတုံးတွေပဲ ဒီလိုမျိုးစဉ်းစားလိမ့်မယ်”
***