အခန်း (၁၂၆၁-၁၂၆၃)
Vol. 85 Ch. 1261-1263
အခန်း ၁၂၆၁: ပြန်ပို့! ၂
မင်စီရင်စု_
မြို့အလယ်ခေါင်တွင် ယောဂဝတ်စုံဝတ်ထားသောကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်မိန်းကလေးနှစ်ဦး လေ့ကျင့်ခန်းလုပ်ပြီးလမ်းလျှောက်ထွက်လာသည်။
ကိုယ်လုံးကိုယ်ပေါက်ကောင်းသောကြောင့် ပုရိသအတော်များများစိတ်ဝင်စားခံရ၏။
အထူးသဖြင့် ချွေးတစိုစိုနှင့်သူတို့ခန္ဓာကိုယ်***ကိုပြထားသည်။ တကယ့်ကိုးရိုးကားရား။
ဒါကြောင့် ယောဂဝတ်စုံနှင့်အမျိုးသမီးများကိုတောင်တက်ခွင့်မပြုခြင်းပင်။ သူတို့***ကိုရက်ရက်ရောရောပြထားသောကြောင့် အလွန်ပွင့်လင်းသူများဖြစ်မည်။
ဟုတ်မဟုတ်တော့ ဘယ်သူမှမသိ။ လူတစ်ယောက်ကိုဝတ်ပုံစားပုံပဲကြည့်ပြီး ဘယ်လိုဆုံးဖြတ်မလဲ?
အမျိုးသမီးတစ်ယောက် မလုံတလုံဝတ်တာအပြစ်လား?
မိန်းကလေးနှစ်ဦးက ဒီလိုစိတ်ဝင်စားခံရတာသဘောကျသည်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေက သူတို့သဘောကျသူကိုရှာတတ်သည်။
နေ့တိုင်းအပြင်းအထန်လေ့ကျင့်တာ အမျိုးသားတွေနဲ့ကာမဂုဏ်ပိုခံစားနိုင်ဖို့လား?
မိန်းကလေးနှစ်ဦးက လက်ဖက်ရည်ဆိုင်ဝင်၍ အစားအစာတချို့မှာပြီးနောက် ဖုန်းထိုင်သုံးကြသည်။
ယနေ့ခေတ်တွင် ဗီဒီယိုအတိုများက လူတိုင်း၏ဘဝတစိတ်တပိုင်းဖြစ်လာသည်။
အထူးသဖြင့် လိုင်းအသုံးများသူများပင်။ စနစ်ကအလိုအလျောက် ကိုယ်ကြည့်ချင်တာပြပေးသည်။
ထို့ကြောင့် လူတစ်ယောက်ဖုန်းကိုယူပြီး ဗီဒီယို ၁၀ ပုဒ်လောက်ဆွဲကြည့်လိုက်ပါက ထိုလူအကြောင်းအကြမ်းဖျင်းသိရမည်။
ဗီဒီယို ၁၀ ပုဒ်လုံး အစားအသောက်အကြောင်းဖြစ်နေရင် ထိုလူကအစားတလိုင်းဖြစ်မည်။
၁၀ ပုဒ်လုံးက ဗဟုသုတဗီဒီယိုဖြစ်ရင် လေ့လာချင်စိတ်ရှိသူ၊ အသိပညာကြွယ်သူဖြစ်မည်။
၁၀ ပုဒ်လုံးက အဖော်အချွတ်မိန်းကလေးပုံတွေဆိုရင်တော့ ဒီလူပုံမှန်မဟုတ်ကြောင်းပြောစရာမလို။
မိန်းကလေးတစ်ယောက်က လေ့ကျင့်ခန်းဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် မြစ်ဘေးတွင်လွှင့်နေသော Live ကိုတွေ့ရသည်။
"စိတ်ရှုပ်စရာကောင်းလိုက်တာ... ဘာလို့ငါးမျှားတဲ့ဗီဒီယိုတွေပြနေတာလဲ?''
မိန်းကလေးက စိတ်ညစ်သွားသည်။
အောင်မြင်တဲ့ကောင်လေးတွေပဲကြည့်ချင်တာ ဟုတ်ပြီလား?
သူမ ဖမ်းချင်တာ ရွှေလိပ်၊ ငါးမဟုတ်။
ဗီဒီယိုဖျက်မည်အပြုတွင် ရုတ်တရက် Live ခေါင်းစဉ်ကိုတအံ့တဩကြည့်လိုက်သည်:
'ရုံချန်းနိုင်ငံ့ရတနာပြမယ်!'
ဘာတွေဖြစ်နေတာလဲ?
ရုံချန်းကို သူမသိသည်။
ရုံချန်းမှာရောက်ပြီး ချင်းလင်စံအိမ်ကိုအကြိမ်ကြိမ်သွားဖူးသည်။ အထူးသဖြင့် ချင်းလင်စံအိမ်ကိုပထမဆုံးသွားလည်စဉ်က သူမကောင်လေးရုံးပတီသီးစားပြီး အံ့ဩစရာဖြစ်ခဲ့သည်။
ထို့ကြောင့် ကောင်လေးတစ်ယောက်ရတိုင်း ချင်းလင်စံအိမ်မှာရုံးပတီသီးစားခိုင်းသည်။
နိုင်ငံရတနာကိုမြင်ပြီး သူမတစ်ခုတွေးမိသည်။
ဒါပိုင်ရွှင်နဲ့ပိုင်ကျီတွေ!
ရုံချန်းရာသီဥတုပြောင်းပြီး ပိုင်ရွှင်နှင့်ပိုင်ကျီကမြေအောက်မြစ်မှရောက်လာကြောင်း သူမမှတ်မိသည်။
သက်ဆိုင်ရာဗီဒီယိုများလည်းကြည့်ဖူးသည်။
ထို့ကြောင့် သိချင်စိတ်ဖြစ်ပြီး သူမသူငယ်ချင်းအား_
"ရှောင်ရှောင်.. ရုံချန်း Live လာကြည့်ပါဦး... ပိုင်ရွှင်နဲ့ပိုင်ကျီကို Live လွှင့်နေတာထင်တယ်''
ရှောင်ရှောင်ဆိုသောအမျိုးသမီးက ချက်ချင်းလာကြည့်သည်။
ပိုင်ရွှင်နှင့်ပိုင်ကျီကို သူမလည်းသိသည်။
ရုံချန်းသွားပြီး ပိုင်ရွှင်နှင့်ပိုင်ကျီသွားကြည့်သောလူများရှိနေဆဲပင်။
သို့သော် မျိုးတုံးငါးအရေအတွက်က အလွန်နည်းပြီးရှားပါးသည်။
ရုံချန်းမင်မြစ်လက်တက်တွင်စခန်းချပြီး Live လွှင့်သော ဆယ်လီလေးတစ်ယောက်တောင်ရှိခဲ့သည်။ သို့သော် အတော်ကြာသည်အထိ ပိုင်ရွှင်နှင့်ပိုင်ကျီကိုမတွေ့ရ။
ဘာပဲဖြစ်ဖြစ် ရုံချန်းမင်မြစ်လက်တက်က ကြီးလွန်းသည်။
ပိုင်ရွှင်နဲ့ပိုင်ကျီမြင်ရဖို့ ရုံချန်းတရားဝင် Live က ဘယ်လောက်ကြာမည်မသိ။
မိန်းကလေးနှစ်ဦးတွေးတောနေစဉ် မယုံနိုင်စရာမြင်ကွင်းကြောင့် အံ့ဩသွား၏။
Live ထဲတွင် သင်္ဘောရှေ့တိုးသွားသည်နှင့် ပိုင်ရွှင်နှင့်ပိုင်ကျီတစ်ကောင်ပြီးတစ်ကောင် ရေထဲမှထွက်လာသည်။ အရေအတွက်က လန့်လောက်စရာပင်။
မိန်းကလေးနှစ်ယောက်က အမှတ်တမဲ့လိုက်ရေတွက်ကြည့်သည်။
"တစ် နှစ် သုံးကောင်''
"၃၁? ၃၂? ၃၅...''
"မရေနိုင်တော့ဘူး... အများကြီးပဲ''
နှစ်ယောက်သားလန့်သွားသည်။
ရုံချန်းမှာ နိုင်ငံ့ရတနာငါး အဲလောက်မရှိဘူးဆို?
ဒါမများဘူးလား?
Live ကြည့်နေသောတခြားသူများလည်း အံ့ဩနေသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီဗီဒီယိုအသစ်ကိုကြည့်ထားသော်လည်း ဒီလောက်အများကြီးမြင်ဖူးတာ ဒါပထမဆုံးဖြစ်သည်။
ထိုအချိန် Live ထဲဖြတ်ဝင်လာသည်။ လက်တစ်ဖက်က ပိုင်ကျီတစ်ကောင်ဆီလှမ်းလိုက်ရာ ထိုပိုင်ကျီကအခေါ်ခံရသလိုအမြန်ကူးခတ်လာသည်။ သူကအရင် သူ့ခေါင်းနှင့်လက်ကိုလိုက်ဝှေ့နေ၏။
နောက်ပြီး ကင်မရာတွင် ပိုင်ကျီ၏မျက်လုံးဝိုင်းဝိုင်းကိုအနီးကပ်ရိုက်ပြထားသည်။
ထိုချစ်စရာအကြည့်က ကလူသလိုမြူသလို အလွန်ချစ်စရာကောင်းသည်။
ပိုင်ကျီ၏ ချစ်စရာကောင်းခြင်း +၂ အရည်အသွေးကြောင့်ပင်။
ချစ်စရာကောင်းလွန်း၍ အားလုံးအရည်ပျော်လောက်သည်။
ရှောင်ရှောင်က ထတောင်အော်သည်_
"ချစ်စရာကောင်းလိုက်တာ... တကယ်နိုင်ငံ့ရတနာပဲ!''
"အင်း.. ဉာဏ်ကောင်းလိုက်တာ... ရှောင်ရှောင် ရုံချန်းသွားကြည့်ရအောင်နော်?''
"ဟုတ်ပြီ လက်မှတ်ချက်ချင်းဖြတ်မယ်... မစောင့်နိုင်တော့ဘူး... ငါးက အရမ်းချစ်စရာကောင်းတယ်... နိုင်ငံ့ရတနာတွေအကုန်ချစ်စရာကောင်းတာလား?''
"ပန်ဒါထက်တောင်ချစ်စရာကောင်းသလိုပဲ... ချစ်စရာကောင်းလို့ ရင်ထဲတန်းရောက်သွားတယ်''
နှစ်ယောက်သားတအံ့တဩပြောနေရင်း Live ကိုကြည့်ပြီး ရုတ်တရက်မျက်လုံးကျယ်သွားသည်။
Live တွင် အံ့ဩစရာမြင်ကွင်းဖြစ်သွား၏။
ပိုင်ကျီအုပ်လိုက်က ရေပြင်ပေါ်ထွက်လာသည်။ ရေပေါ်အတော်မြင့်မြင့်ခုန်ကာ မိုးကုတ်စက်ဝိုင်းပုံဖြစ်ပြီးရေထဲလှလှပပပြန်ကျသွား၏။
ပိုင်ကျီဘယ်နှစ်ကောင်ရှိမှန်းမသိသော်လည်း ဆယ်ကောင်ကျော်မည်။
နှစ်မီတာရှည်တဲ့ပိုင်ကျီဆယ်ကောင်ကျော် ရေပေါ်ခုန်နေတဲ့မြင်ကွင်းက ဘယ်လောက်အံ့ဩစရာကောင်းလိုက်လဲ?
မိန်းကလေးနှစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ဒီလိုအံ့ဩစရာမြင်ကွင်းမျိုး လုံးဝမမြင်ဖူး။
TV ရုပ်ရှင်ထဲမှာတောင် မမြင်ဖူးပေ။
မိန်းကလေးနှစ်ယောက်သာမက Live ကြည့်နေသူများလည်း ထိုမြင်ကွင်းကြောင့်အံ့ဩနေသည်။
အခန်း ၁၂၆၂: ပြန်ပို့! ၃
"သော*က်.. အံ့ဩစရာကွာ... အခုဟာက ပျံနေသလိုပဲ!''
"သော*က်နဂါးဂိတ်က ဒီမှာကွ... နဂါးဂိတ်ကိုအုပ်စုလိုက်ဖြတ်ပျံနေတာ... အံ့ဩစရာကောင်းလွန်းတယ်ပဲပြောတော့မယ်''
"ပိုင်ကျီတွေက ချစ်စရာကောင်းရုံတင်မကဘူး... ဒါမျိုးလည်းလုပ်တတ်တယ်... ဒါကမ္ဘာ့အံ့ဖွယ်တစ်ခုပဲ''
"ငါရုံချန်းကိုသွားမယ်... ကိုယ်တိုင်မြင်ရရင် ပိုအံ့ဩစရာကောင်းမှာ''
"သွားမယ်.. ငါလည်းရုံချန်းလက်မှတ်သွားဖြတ်မယ်''
ရုံချန်း_
ချန်လီက Live ကြည့်ရင်း ရုံချန်းလာချင်သည်ဆိုသောမှတ်ချက်များကိုမြင်သည်။ သူပြုံးလိုက်သည်။ Live က ထိရောက်သည့်သဘောပင်။
အမှန်ပင်။ နောက်တစ်နေ့ ပိုင်ရွှင်နှင့်ပိုင်ကျီအတွက်ရုံချန်းလာသောခရီးသည်များရှိသည်။
ဒီခရီးသည်တွေကရောက်ရောက်ချင်း နာမည်ကြီးချင်းလင်စံအိမ်၊ချင်းလင်အပန်းဖြေစံအိမ်မသွားကြဘဲ ရုံချန်းအမြန်လမ်းတလျှောက်မောင်းကြသည်။ ထို့နောက် လမ်းဘေးတွင်ကားပါကင်ထိုးစရာနေရာရှာပြီး ငုတ်တုတ်ထိုင်ကာ ပိုင်ရွှင်နှင့်ပိုင်ကျီကိုကြည့်ကြသည်။
မြေအောက်မြစ်ထဲမှပိုင်ရွှင်နှင့်ပိုင်ကျီထွက်လာသည်နှင့်အမျှ ခရီးသည်များလည်းနေရာအနှံ့ကကြည့်နိုင်သည်။
ထို့ကြောင့် ရုံချန်းလမ်းမှာ နေ့တိုင်းထူးခြားနေသည်။ လမ်းတလျှောက်တွင် ကားများကနဂါးလိုတန်းစီပြီး ဖုန်း၊ကင်မရာ၊ဗီဒီယိုကင်မရာနှင့်လူများတွေ့ရသည်။
ကံကောင်းပြီး ပိုင်ကျီအုပ်လိုက်တွေ့ရင် ဝမ်းသာအားရဝိုင်းအော်ကြ၏။
ထိုအခြေအနေက တစ်ပတ်လောက်ကြာပြီး နောက်ဆုံးပုံမှန်ဖြစ်သွားသည်။
ထိုအတောအတွင်း အမှတ်တမဲ့ရေထဲကျသွားသောခရီးသည်များလည်းရှိသည်။ ရေထဲတကယ်ကျမကျမသိသော်လည်း ထိုလူအားလုံးကို ပိုင်ရွှင်နှင့်ပိုင်ကျီကကယ်ကြသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီလူကယ်သောဗီဒီယိုများလည်း လိုင်းပေါ်ပေါက်သွားသည်။ အချိန်တိုအတွင်း ရုံချန်းမှပိုင်ရွှင်နှင့်ပိုင်ကျီက ပန်ဒါထက်ကျော်တက်သွားလေသည်။
သို့သော် ပိုင်ရွှင်နှင့်ပိုင်ကျီလူကယ်ခြင်းက ချီခိုင်ရုံ၊ အထူးသဖြင့် မာတလင်အတွက်ရင်နာစရာဖြစ်နေသည်။ ချီခိုင်ရုံတို့နေရာအသစ်ရှာတိုင်း ပိုင်ရွှင်နှင့်ပိုင်ကျီကအနားမှာရှိနေသည်။
မြစ်ထဲဆင်းလိုက်တိုင်း ပိုင်ရွှင်နှင့်ပိုင်ကျီကပြန်ပို့သည်။ ရေပေါ်ပြန်ပြန်ရောက်နေသောကြောင့် ခြေကုန်လက်ပမ်းကျရသည်။
ရုံချန်းမင်မြစ်လက်တက်၊ဝေးဝေးလံလံတစ်နေရာတွင် ချီခိုင်ရုံတို့မျက်မှောင်ကြုတ်ရင်း မြစ်ကိုကြည့်နေသည်။
တခဏအတွင်း မာတလင်က ပိုင်ကျီတစ်ကောင်ကြောင့်ရေပေါ်ရောက်လာသည်။
"ဘယ်လိုလဲ? ဘယ်လောက်တောင်ရှိတာလဲ?''
မာတလင်က လှေပေါ်ချိနဲ့စွာတက်လိုက်သည်။
ချီခိုင်ရုံက ချက်ချင်းသူ့ဘေးမှလူကိုကြည့်လိုက်သည်။ ထိုလူက_
"၃၅ ကောင်''
"အင်း''
ချီခိုင်ရုံက ခေါင်းညိမ့်ပြီးညွှန်ကြားသည်_
"အစီအစဉ်အတိုင်းလုပ်... အားလုံးဆင်းမယ်''
ထို့နောက် တစ်ယောက်က လူ ၃၅ ယောက်ခေါ်ပြီးလှမ်းအော်သည်_
"အားလုံး ခုန်ချမယ်''
ထိုလူများကလည်း မြစ်ထဲခုန်ချသည်။ ထိုအချိန်တွင် မြစ်ထဲရှိပိုင်ရွှင်၊ပိုင်ကျီများတစ်ကောင်ပြီးတစ်ကောင်ရောက်လာ၏။ အားလုံးကိုပိုင်ရွှင်နှင့်ပိုင်ကျီကတင်သွားသည်။
မာတလင်က တုံ့ဆိုင်းမနေ။ တခဏချင်း ရေထဲဒိုင်ဗင်ထိုးပြီး မြစ်ကြမ်းပြင်ဆီအမြန်သွားသည်။
ဒါသူတို့အတွက်နောက်ဆုံးနေရာဖြစ်သည်။ ပိုင်ရွှင်၊ပိုင်ကျီတွေက လူတင်နေရင် သူ့ကိုမမြင်နိုင်။
ဒီတစ်ခါ သူ့ကိုပြန်မပို့နိုင်တော့။
မြန်မြန်ဆန်ဆန်ပင်၊ မာတလင်ကမြစ်ကြမ်းပြင်ရောက်သွားပြီး အက်ကွဲကြောင်းတစ်ခုကိုတွေ့ရသည်။ ထိုလမ်းကြောင်းက မြေအောက်မြစ်နှင့်ဆက်ထားသည်။ ထိုအချိန် မာတလင်နောက်တွင်လှုပ်ရှားမှုကိုခံစားရသည်။ ပိုင်ကျီတစ်ကောင်က သူ့ဆီကူးခတ်လာ၏။
"သော*က်!''
မာတလင်က အက်ကွဲကြောင်းထဲအမြန်ဝင်ပြီးကူးခတ်သွားသည်။
သို့ရာတွင် အက်ကွဲကြောင်းထဲဝင်ပြီးနောက် အားတစ်ခုကသူ့ကိုတွန်းလိုက်သလိုခံစားရသည်။
ပိုင်ကျီပင်။
"လား လား''
မာတလင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နောက်ပြီး ဒီလင်းပိုင်ကရေထဲမြန်လွန်း၍ သူ့အမြင်မှပျောက်လုမတတ်ပင်။
အချိန်တစ်ခုအကြာ ဗွမ်းခနဲအသံနှင့်အတူ ရေလုံးကြီးလာတိုးသည်။
ဒါပေမဲ့ ဒီတစ်ခါလုံးဝမတူ။
"ဘုရားရေ!''
မာတလင်ကရေရွတ်ရင်း ပတ်ပတ်လည်ကြည့်လိုက်သည်။
ဆလိုက်မီးအကူအညီကြောင့် သူ့ရှေ့မှရေလှိုင်းကြီးကိုမြင်ရသည်။ ပတ်ပတ်လည်နှင့်ထိပ်ပိုင်းတွင် ကျောက်တုံးကျောက်ဆောင်များကာဆီးထား၏။
နောက်ဆုံး သူသဘောပေါက်လိုက်သည်။
ဒါရေအောက်မြစ်ပဲ။
ထိုအချိန်တွင် ချီခိုင်ရုံ၏စိတ်လှုပ်ရှားသံကိုကြားလိုက်ရသည်_
"တွေ့ပြီ.. နောက်ဆုံးတော့ ရေအောက်မြစ်ကိုတွေ့ပြီ''
သူက မာတလင်ကိုယ်ပေါ်ရှိကိရိယာမှတဆင့်မြင်နေရသည်။
မြေအောက်မြစ်ရှာတွေ့သည့်အဓိပ္ပါယ်က သူတို့ခန့်မှန်းချက်မှန်သည့်သဘောပင်။
ရုံချန်းမှာမြေအောက်မြစ်ရှိသည်။ ပိုင်ရွှင်နှင့်ပိုင်ကျီရှိသည်။ ဥက္ကာခဲနှင့်သန့်စင်မြက်ကြောင့် ရာသီဥတုပြောင်းလဲပြီး ပိုင်ရွှင်နှင့်ပိုင်ကျီက ရုံချန်းမင်မြစ်လက်တက်ထဲရောက်လာသည်။
အခုအားလုံး အဓိပ္ပါယ်ရှိသွားပြီ။
အကြောင်းရင်းလည်းရှင်းသွားပြီ။
ချီခိုင်ရုံက အမြန်တိုက်တွန်း၏_
"မြန်မြန်.. အပြင်ထွက်ပေါက်အမြန်ရှာ... အမြန်ဆုံးဝင်ပြီးဓာတ်ပုံရိုက် သက်သေစု... ပြီးရင် ဒီသုံးသပ်ချက်နဲ့သတင်းကောင်းကို အားလုံးသိအောင်မျှဝေမယ်''
မာတလင်က အပြင်ထွက်ပေါက်အမြန်ရှာသည်။ တောင်ကြားထဲတွင် အလွန်ကျဉ်းသောလမ်းကြောင်းဖြစ်သည်။
ချီခိုင်ရုံက မြေအောက်မြစ်ထဲပညာရှင်များချက်ချင်းခေါ်သွားပြီး မြစ်ကြောင်းတလျှောက်စူးစမ်းရှာဖွေသည်။
နောက်လဝက်အတွင်း ချင်လင်ဝင်သောဂူအပါအဝင် ဝင်ပေါက်အားလုံးရှာတွေ့သွားသည်။ ထို့နောက် မြေအောက်မြစ်မြေပုံဆွဲသည်။
ရုံချန်းမြေအောက်မြစ်မှာ အလွန်ကျယ်ပြီးမြစ်လက်တက်များစွာရှိသောကြောင့် သူတို့အံ့ဩရသည်။ ရုံချန်းမြစ်ဝှမ်းအများစုကိုလွှမ်းခြုံထား၏။ အတော်ကြီးသည်ဟုဆိုရမည်။
သို့သော် ဒီလောက်ကြီးသောမြေအောက်မြစ်ကို ရုံချန်းရေသယံဇာတဌာနကလုံးဝမတွေ့သောကြောင့် ချီခိုင်ရုံတို့အံ့ဩမိသည်။
ခြုံငုံကြည့်လျှင် ရုံချန်းကကောင်းသည်ဆိုသော်လည်း တချို့ဌာနများက အသုံးမဝင်။
ဒီလောက်ကြီးတဲ့မြေအောက်မြစ်က ရုံချန်းပတ်ဝန်းကျင်တစ်ခုလုံးအတွက် အလွန်အကျိုးများမည်။
ရေသယံဇာတဌာနကလူတွေနည်းနည်းအာရုံစိုက်လိုက်ရင်တောင် မျက်စိမှိတ်ပြီးမြေအောက်မြစ်ကိုရှာနိုင်သည်။ ရုံချန်းကိုဒီအကြောင်းပြောပြရမည်။
ဘာပဲဖြစ်ဖြစ် ပိုင်ရွှင်၊ပိုင်ကျီနဲ့မျိုးတုံးငါးတွေ ရုံချန်းမြစ်ဝှမ်းမှာရှိနေတာ။ ဒီဌာနက အသုံးမကျ။ သူစိတ်သက်သာပါမလား?
ချီခိုင်ရုံက ရုံချန်းမြေအောက်မြစ်မြေပုံဆွဲပြီး အမြန်ဆုံးသုံးသပ်ချက်ရေးသည်။ ပိုင်ရွှင်နှင့်ပိုင်ကျီပေါ်လာရသည့်အကြောင်းရင်းကို အားလုံးသိစေချင်သည်။
တနည်းပြောရရင် ဒါတွေအားလုံးချင်လင်နဲ့ဘာမှမဆိုင်တော့။ ဒီနိုင်ငံ့ရတနာတွေကိုဂိမ်းထဲကထုတ်လာမှန်း ဘယ်သူမှတွေးမိမှာမဟုတ်ပေ။
ချီခိုင်ရုံတို့ပညာရှင်တွေက အမှန်တရားကိုနှံ့နှံ့စပ်စပ်ရှာဖွေလိုက်သောကြောင့်ပင်။
အခန်း ၁၂၆၃: အံ့ဖွယ်ရုံချန်း သိပ္ပံဇာတ်လမ်း!
ရုံးခန်းထဲ၌_
ချင်လင်က ဂိမ်းထဲမှနေ့စဉ်တာဝန်များအပြီးသတ်ပြီးချိန် လီခိုင်ရောက်လာသည်။ သူကဝင်ဝင်ချင်း_
"ညီလေးချင်.. ဒီနေ့ ချီခိုင်ရုံတို့ပညာရှင်တွေကြေငြာချက်အစည်းအဝေးလုပ်မှာမလား?''
“ဟုတ်လား?”
ချင်လင်ကပြုံးပြီးပြောသည်။
ချီခိုင်ရုံတို့ပညာရှင်များက သေချာစူးစမ်းရှာဖွေပြီး ပဏာမကြေညာချက်တောင်ရေးထားသည်။
အခုရုံချန်းမှာဖြစ်တဲ့အပြောင်းအလဲတွေက သူနဲ့ဘာမှမဆိုင်တော့။
ဒါသူမြင်ချင်တဲ့ရလဒ်ပဲမလား။
ပြည်သူ့ကြေညာချက်မှာ သုတေသနရလဒ်ထွက်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။
ချီခိုင်ရုံတို့ပညာရှင်များက ပိုင်ရွှင်နှင့်ပိုင်ကျီကိုလေ့လာရန် ရုံချန်းမှာအခြေချကြသည်။ ထို့ကြောင့် ပြည်သူ့ကြေညာချက်ကိုရုံချန်းမှာကျင်းပသည်။
ရုံချန်း_
စွန်းရှန်ရုံးခန်းထဲ ချန်လီရောက်နေသည်။
တစ်ယောက်ယောက်ကိုစောင့်ဆိုင်းရင်း နှစ်ယောက်သားမျက်မှောင်ကြုတ်နေ၏။
ထိုသူမှာ ရုံချန်းရေသယံဇာတတာဝန်ခံပင်။
ထိုအချိန်တွင် ရုံချန်းနိုင်ငံ့ရတနာသဘာဝဘေးမဲ့တောက ထိပ်တန်းဦးစားပေးဖြစ်နေသည်။ ဒီအပိုင်းမှာ သူတို့အများကြီးအားစိုက်ထုတ်ထားရသည်။
မြေအောက်မြစ်ရှာဖွေတွေ့ရှိပြီး ပိုင်ရွှင်နှင့်ပိုင်ကျီပိုထွက်လာမည်။ သဘာဝဘေးမဲ့တောက ရုံချန်းအပေါ်သက်ရောက်မှုကြီးပြီး အကျိုးအမြတ်ပိုရှိလာမည်။
လက်ရှိရုံချန်းမင်မြစ်လက်တက်အမြန်လမ်းတွင် ခမ်းနားသောအခြေအနေကိုမြင်နိုင်သည်။
အနည်းဆုံးတော့ ရုံချန်းမှာချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံအပြင် အစိုးရပိုင်သဘာဝရှုမျှော်ခင်းနေရာတစ်ခုတိုးလာပြီ။
သို့ရာတွင် ချီခိုင်ရုံတို့ပညာရှင်များ မြေအောက်မြစ်စူးစမ်းရှာဖွေရေးလုပ်ပြီးနောက် သူတို့ပေးသောအချက်အလက်များ၊ သူတို့ဖော်ပြသောအကြောင်းအရာများကြောင့် စိတ်မချမ်းမသာဖြစ်ရသည်။ အောင့်သီးအောင့်သက်နှင့်ရှက်လည်းရှက်သည်။
ခဏအကြာ_
သက်လတ်ပိုင်းလူတစ်ယောက်က စိတ်ပျက်လက်ပျက်နှင့်ဝင်လာပြီး_
"စွန်းရှန် လက်ထောက်ချန်!''
သူက ရုံချန်းရေသယံဇာတတာဝန်ခံပင်။
ရုတ်တရက် သူ့ဆီဒုက္ခအကြီးကြီးရောက်လာမည်ဟုလုံးဝမတွေးမိ၊ သူအငိုက်မိသွားသည်။
အထူးသဖြင့် ဒီနှစ်ရေသယံဇာတတာဝန်ခံကသူဖြစ်နေသည်။ အရင်တာဝန်ခံအနားယူပြီး အရင်ကိစ္စတွေက သူနှင့်နည်းနည်းသာဆိုင်သည်။
သော*က်ရမ်းခံရခက်!
အိုးထဲပစ်ချခံလိုက်ရသလိုပင်။
ချန်လီကတန်းမေးသည်_
"ဘာဖြစ်နေလဲသိပြီလား? နှစ်တွေဒီလောက်ကြာပြီ... ဒီလောက်ကြီးတဲ့မြေအောက်မြစ်ရှိတာ ရုံချန်းမင်မြစ်လက်တက်နဲ့မြစ်တွေမှာ ခဏခဏအပြောင်းအလဲရှိမှာပဲ... ဒီရေသွယ်စနစ်အကြောင်း ဘာလို့ဘာမှမသိရတာလဲ?''
သက်လတ်ပိုင်းလူမျက်နှာပျက်သွားပြီး_
"ကျွန်တော်အရင်မှတ်တမ်းတွေပြန်ကြည့်ပြီးပြီ... ဆည်မြောင်းဌာနက ဒီအပိုင်းမှာစစ်ဆေးထားတယ်... ဒါပေမဲ့ မှတ်တမ်းအရတော့ ဘာမှမတွေ့ရဘူး... အရမ်းထူးဆန်းတယ်''
"အဲဒါတွေပဲမှားနေတာလား ဒါမှမဟုတ် ရေသယံဇာတကလူတွေအကုန်အသုံးမကျတာလား? မှတ်စုတွေပဲရေးနေတာလား?''
"ဒီပညာရှင်တွေက ရောက်ပြီးမကြာခင်သိသွားတယ်... မင်းတို့ကောင်တွေက ကိုယ့်နေရာကိုယ်တောင်သတိမထားမိကြဘူး''
"မင်းတို့ကောင်တွေအလုပ်လုပ်ရင် ရုံချန်းကမြေအောက်မြစ်ကိုတွေ့တာကြာပေါ့... ပိုင်ရွှင်နဲ့ပိုင်ကျီလိုမျိုးတုံးနိုင်ငံ့ရတနာတွေရှိနေလောက်ပြီ''
ချန်လီက ဝင်ထောက်ခံသည်။
စောစောကသာတွေ့ခဲ့ရင် သူတို့ရုံချန်းမှာ ပိုင်ရွှင်နဲ့ပိုင်ကျီလိုမျိုးတုံးနိုင်ငံ့ရတနာတွေရှိလောက်ပြီ။
ရုံချန်းက စောစောတိုးတက်နိုင်သည်။ သူဌေးချင်ပေါ်လာပြီးအခြေအနေက ဒီထက်ပိုကောင်းမည်။
ဒီလိုဆိုရင် ရုံချန်းဆောက်လုပ်ရေးက အဘက်ဘက်ကအဆင့်တက်နေမည်။
သို့သော် ရုံချန်းဆည်မြောင်းဌာနက လူမှုရေးရာမကောင်း။
အချိန်ဖြုန်းနေတဲ့သူဘယ်နှစ်ယောက်ရှိမှန်း ဘယ်သူသိမလဲ?
ချန်လီကတွေးတောပြီး သက်လတ်ပိုင်းလူအား_
"အခုသဘာဝဘေးမဲ့တောက ရုံချန်းမှာအရေးအကြီးဆုံးပဲ... ချက်ချင်းပြန်စီစဉ်ပါ... ဘာမှမလုပ်တဲ့သူတွေကိုသတိထားပေး... သဘာဝဘေးမဲ့တောမှာ ဘာပြဿနာမှမဖြစ်စေနဲ့... ငါတို့မျက်နှာပျက်မခံနိုင်ဘူး''
ခေါင်းဆောင်နှစ်ဦးဒေါသထွက်နေသောကြောင့် သက်လတ်ပိုင်းလူမှာဘာမှမပြောရဲ၊ အလောတကြီးထွက်သွားသည်။
အရင်လူအပြစ်ကို သူခံရခြင်းပင်။ မတရားခံရသောကြောင့် သူ့အောက်ကလူတွေလည်းလွယ်မည်မဟုတ်။
သူက ဌာနကိုရောက်ခါစရှိသေး၊ တခြားလူတွေက ဒီမှာတချိန်လုံးရှိခဲ့သည်။ သူဓားစာခံလုပ်စရာအကြောင်းမရှိ။
ခေါင်းဆောင်ကပြန်စီစဉ်ပါပြောမှတော့ ကောင်းကောင်းလုပ်ရုံသာ။
သက်လတ်ပိုင်းလူထွက်သွားပြီးနောက် စွန်းရှန်က_
"ပညာရှင်တွေကြေညာတော့မယ်... သွားစို့!''
“အင်း!”
ချန်လီခေါင်းညိမ့်လိုက်သည်။
ရုံချန်းရာသီဥတုပြောင်းလဲပြီး ပိုင်ရွှင်နှင့်ပိုင်ကျီပေါ်လာခြင်း၊ မြေအောက်မြစ်ရှာဖွေတွေ့ရှိခြင်း၊ ထိုဖြစ်ရပ်များမှာအံ့ဩစရာကောင်းလွန်းသောကြောင့် အများသိအောင်ကြေညာရမည်။
အရင်ဆုံး အားလုံးကိုအမှန်တရားပြောပြရမည်။ ဒုတိယအနေနှင့် ပညာရှင်များ၏လုပ်ဆောင်ချက်နှင့်လုပ်နိုင်စွမ်းကို ပြည်သူသိအောင်ပြောပြချိန်တန်ပြီဖြစ်သည်။
ချီခိုင်ရုံတို့ပညာရှင်များက ရလဒ်ပဏာမရေးသားချက်များကို လိုင်းပေါ်တွင်ဖော်ပြပြီးဖြစ်သည်။
နောက်ပြီး ရေးသားချက်က ပြည်သူ့ကြေညာချက်နှင့် Live လွှင့်သည်လောက်မဟုတ်၊ အကြမ်းဖျင်းသာရေးထားပြီး အသေးစိတ်ရလဒ်ဖော်ပြမထားပေ။
ပြည်သူ့ကြေညာချက်ကို ရုံချန်းကစီစဉ်ပြီး ကျုံးမင်ဟိုတယ်ခန်းမတွင်ကျင်းပသည်။
ရုံချန်းတရားဝင်အကောင့်အပြင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှလည်း Live လွှင့်သည်။ တခြားမီဒီယာများကိုလည်းကန့်သတ်မထား။
ချီခိုင်ရုံချင်းလင်စံအိမ်လာသောအခါ လင်းလန်ဇီကချင်လင်ကိုမေးသည်။
ချင်လင်က စဉ်းတောင်မစဉ်းစားဘဲသဘောတူလိုက်၏။
သူ့ကိုယ်စားခေါင်းခံပေးတဲ့သူကို သဘောမတူဘဲနေမလား?
အရူးပဲငြင်းမှာ!
အားလုံး ကျုံးမင်ဟိုတယ်ခန်းမတွင်စုဝေးနေကြသည်။ ကိုယ်ပိုင်မီဒီယာဘလော့ဂါများသာမက တရားဝင်မီဒီယာသတင်းထောက်များလည်းရှိသည်။
ချီခိုင်ရုံစမ်းသပ်ချက်အတွက်ရောက်နေခြင်းပင်။
'အံ့ဖွယ်ရုံချန်း'ဆိုသောခေါင်းစဉ်နှင့် ပြည်သူ့ကြေညာချက်ကို သူဖတ်လိုက်သည်။