အခန်း (၁၂၆၄-၁၂၆၆)
Vol. 85 Ch. 1264-1266
အခန်း ၁၂၆၄: အံ့ဖွယ်ရုံချန်း သိပ္ပံဇာတ်လမ်း! ၂
အမှန်ပင်။ အံ့ဖွယ်ရုံချန်းဖြစ်သည်။
ရုံချန်းတွင်ဖြစ်သောအဖြစ်အပျက်များက အံ့ဖွယ်ဟုဆိုရမည်။
ဒီလိုဖြစ်ရပ်မျိုးရှေးခေတ်မှာဖြစ်ရင် အံ့ဖွယ်ဟုသတ်မှတ်မည်။ ရာသီဥတုပြောင်းလဲခြင်းနှင့်မျိုးတုံးနိုင်ငံ့ရတနာများကြောင့် စိတ်မဝင်စားဘဲနေဖို့မဖြစ်နိုင်။
ဒီအတွက်သိပ္ပံနည်းကျအကြောင်းရင်းရှိကြောင်းသိကြသည်။
အခု ပညာရှင်များစူးစမ်းပြီးနောက် သိပ္ပံနည်းကျရှင်းပြနိုင်ပြီ။
Live စနေပြီ။ ချီခိုင်ရုံတို့ပညာရှင်များထွက်လာသည့်နောက်တွင် မီဒီယာ live အသီးသီး၌ ကြည့်ရှုသူအရေအတွက်ထိုးတက်လာသည်။
နောက်ဆုံး ဝတ်စုံပြည့်ဝတ်စားထားသောချီခိုင်ရုံက ပညာရှင်တချို့နှင့်အတူ ပြုံးလျက်ထွက်လာသည်။
ကြီးကြီးမားမားရှာဖွေတွေ့ရှိခဲ့သောကြောင့် မဖုံးနိုင်မဖိနိုင်ပျော်နေကြ၏။
ရာသီဥတု၊ ရေ၊ မြေအောက်မြစ်၊ မျိုးတုံးငါးနှင့် ရုံချန်းတွင်ဖြစ်သောတခြားအံ့ဖွယ်များကို စာအုပ်ထဲမဖြစ်မနေဖော်ပြရမည်။
ဒီလိုသက်ဆိုင်ရာမှတ်တမ်းမျိုးမှာ သူတို့လိုအမှန်တရားရှာဖွေသူတွေမပါဘဲမနေ။
ရှေးကဆို သမိုင်းမှတ်တမ်းတင်ကြမည်။
ချီခိုင်ရုံကတာဝန်ခံဖြစ်ပြီး ဒီတစ်ခါပြည်သူ့ကြေညာချက်လုပ်သူလည်းဖြစ်သည်။
သူကအစီရင်ခံသောနေရာသို့တည်ငြိမ်စွာလျှောက်သွားပြီး ကင်မရာများကိုကြည့်ကာ စကားစပြောသည်_
"ဒီနေ့ပြည်သူ့ကြေညာချက်ကိုတက်ရောက်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်... ရုံချန်းမှာဖြစ်တဲ့ပြောင်းလဲမှုတွေရဲ့အကြောင်းရင်းကိုအားလုံးသိချင်နေမယ်ထင်ပါတယ်''
"ရုံချန်းမှာဖြစ်တဲ့ပြောင်းလဲမှုတွေက စိတ်ကူးယဉ်ဆန်လွန်းလို့ သိပ္ပံဇာတ်လမ်းထဲမှာပဲရှိမယ်လို့အားလုံးထင်ခဲ့ကြမှာပါ... အဲဒါတွေကဘာကြောင့်ဆိုတာ ဒီနေ့သိပ္ပံနည်းကျရှင်းပြပါမယ်''
"အရင်ဆုံး ပိုင်ရွှင်နဲ့ပိုင်ကျီအကြောင်းပြောရအောင်... ဒီငါးတွေဟာ မင်မြစ်မှာရှိဖူးတဲ့မှတ်တမ်းမျိုးမရှိပါဘူး... ဒီမျိုးတုံးငါးတွေမှာ ပြောင်းရွှေ့နေတတ်တဲ့အလေ့အကျင့်လည်းရှိပါတယ်''
"လက်ရှိသုံးသပ်ချက်အရ သိပ္ပံပညာမဖွံ့ဖြိုးခင်က ဒီငါးတွေမင်မြစ်ဝှမ်းမှာနေခဲ့ပါလိမ့်မယ်... နောက်ပိုင်းရာသီဥတုပြောင်းလဲလို့ ရုံချန်းမြေအောက်မြစ်ထဲရွှေ့ပြောင်းသွားပါတယ်''
"အဲဒါနဲ့ သိပ္ပံပညာတိုးတက်လာတဲ့ခေတ်မှာ ဒီငါးတွေမင်မြစ်ထဲပြန်ပေါ်လာပါတယ်''
ထိုနေရာတွင် ချီခိုင်ရုံကခဏနားပြီးမှဆက်ပြောသည်_
"အခုဒီငါးတွေရုံချန်းမှာဘယ်လိုလုပ်ပေါ်လာလဲ အားလုံးသိချင်နေပြီထင်ပါတယ်... ဒါတကယ့်စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းပါ... လူမှန် နေရာမှန် အချိန်ကိုက်ပေါ်လာတဲ့သိပ္ပံဇာတ်လမ်းတစ်ပုဒ်ပါ''
"ဟိုးအရင်တုန်းကပေါ့... အရင်တုန်းက ရုံချန်းမှာဥက္ကာခဲကျဖူးတယ်''
"အာကာသထဲကဥက္ကာခဲက လေထုကိုဖြတ်ပြီး မြေပြင်ပေါ်ထိုးကျလာတယ်... ဒီဖြစ်စဉ်ကြောင့် ကျတဲ့နေရာရဲ့ပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲသွားမယ်''
"ဒါဆိုရင် မေးစရာရှိတယ်... ဟိုးအရင်တုန်းကကျခဲ့တဲ့ဥက္ကာခဲက အခုနဲ့ဘာဆိုင်လဲပေါ့? အာနိသင်ကရှိနေပြီပဲ... ရုံချန်းရာသီဥတုက အခုထိစောင့်စရာလိုလို့လား''
တကယ်တော့ ချီခိုင်ရုံစကားနားထောင်ရင်း ထိုင်နေသူများသာမက Live ပရိသတ်များလည်းစိတ်ရှုပ်သွားသည်။
ချီခိုင်ရုံဆိုတဲ့ပညာရှင်က ရုံချန်းမှာဖြစ်သမျှ ဥက္ကာခဲနဲ့ဆိုင်တယ်လို့ပြောနေတာများလား?
ဒါပေမဲ့ အရမ်းကြာနေပြီလေ၊ ဘာလို့လဲ?
ချီခိုင်ရုံက ဆက်ပြီး_
"အကြောင်းရင်းက ရှင်းပါတယ်... ဥက္ကာခဲကျတာကြာပြီဆိုတာမှန်တယ်... ဒါပေမဲ့ ရာသီဥတုပြောင်းရလောက်အောင်မဟုတ်သေးဘူး... ဒါမှမဟုတ် ရာသီဥတုကလုံးလုံးလျားလျားမပြောင်းသေးဘူး... သူ့သတ်မှတ်ချက်မရောက်သေးတော့ ရာသီဥတုမပြောင်းသေးဘူးပေါ့!''
"ဒီတချိန်လုံး ရုံချန်းလေထု ပတ်ဝန်းကျင်နဲ့ရာသီဥတုအပေါ် ဥက္ကာခဲကသက်ရောက်မှုရှိနေတယ်... ရုံချန်းရာသီဥတုက အမြဲတမ်းကောင်းခဲ့တာလည်းတွေ့ရတယ်... အနည်းဆုံးတော့ မင်မြို့တော်နဲ့မင်စီရင်စုလိုနေရာတွေထက်ပိုကောင်းတယ်''
"ဒါအချိန်ကိုက်သိပ္ပံဇာတ်လမ်းပါ''
"နောက် ဒီသိပ္ပံဇာတ်လမ်းထဲက ပထဝီဝင်အားသာချက်အကြောင်းပြောရအောင်... ပထဝီဝင်အားသာချက်က မြေအောက်မြစ်ပဲ... စောစောကပြောခဲ့သလို ဒီမြေအောက်မြစ်ကြောင့် ပိုင်ရွှင်နဲ့ပိုင်ကျီဆက်ရှိနိုင်တယ်... ဒီမြေအောက်မြစ်က မျိုးတုံးနိုင်ငံ့ရတနာတွေကိုကာကွယ်ပေးထားတယ်''
"ပိုရှုပ်သွားပြီထင်တယ်... ရုံချန်းမှာ ဥက္ကာခဲ မြေအောက်မြစ် မျိုးတုံးနိုင်ငံ့ရတနာနဲ့ ရာသီဥတုပြောင်းတာတွေက ဘယ်လိုလုပ်ဆက်စပ်နေလဲ?''
"ဒါနောက်ထပ်မေးစရာပါ''
ချီခိုင်ရုံက စကားအပြောကောင်းသည်။ သူစကားရပ်လိုက်တိုင်း သိချင်စိတ်တဖွားဖွားဖြစ်ကုန်၏။
Live ကြည့်နေသူများက ပွစိပွစိပြောနေသည်။
တချို့နှလုံးသားမရှိဘဲရပ်ထားတဲ့စာရေးဆရာတွေ၊ နောက်အပတ်မှပြတဲ့ TV စီးရီးတွေနဲ့ ဒါနဲ့ဘာကွာပါသလဲ?
အားလုံးသိချင်နေတာ ဘာလို့မြန်မြန်မပြောလိုက်လဲ? ဘာလို့စိတ်လှုပ်ရှားအောင်ထားလဲ?
အားလုံးကိုသိချင်အောင်ဆွပြီးနောက် ချီခိုင်ရုံကပြုံးပြီးဆက်ပြောသည်_
"ဒါတွေအားလုံးဆက်စပ်နေတဲ့အကြောင်းရင်းကလည်းရှင်းပါတယ်... လူတွေပါပဲ''
"ရုံချန်းမှာ ချင်းလင်ဓာတ်ခွဲခန်းရှိတယ်... ချင်းလင်ဓာတ်ခွဲခန်းမှာ ပါမောက္ခလီခိုင်လည်းရှိတယ်ဆိုတာ အားလုံးသိပါတယ်... အားလုံးက သူ့ကိုတော်ဝင်မျိုးနွယ်လို့ခေါ်တယ်... စံပြအဖြစ်မြင်ကြတယ်''
"သူချစ်တဲ့အမျိုးသမီးရဲ့သမီးအတွက် SMA ဆေးကိုသုတေသနလုပ်ခဲ့လို့ အမျိုးသမီးအတော်များများစွဲလန်းကြတယ်... စံပြယောက်ျားအဖြစ်နာမည်ကြီးတယ်''
"မကြာသေးခင်ကလည်း ပါမောက္ခလီခိုင်က ချင်းလင်ဆန်ဆိုတဲ့ဆန်မျိုးအသစ်ကိုသုတေသနလုပ်ခဲ့တယ်... ချင်းလင်ဆန်ကလည်း ဟယ်ရှားအိပ်မက်ကိုအကောင်အထည်ဖော်နိုင်တဲ့ပန်းတိုင်တစ်ခုပဲ''
"ရုံချန်းရဲ့အံ့ဖွယ်အပြောင်းအလဲတွေကိုဖြစ်စေတဲ့သူက ပါမောက္ခလီခိုင်ပါ... သူဖန်တီးခဲ့တဲ့သန့်စင်မြက်နဲ့ဆက်စပ်နေပါတယ်''
"သန့်စင်မြက်အကြောင်းအားလုံးသိမယ်ထင်ပါတယ်... နောက်ပြီး သန့်စင်မြက်ဝယ်တဲ့သူတိုင်း ဒီပစ္စည်းအံ့ဩစရာကောင်းတာ ပိုသိပါလိမ့်မယ်... သန့်စင်မြက်က လူသားအားလုံးအတွက်မရှိမဖြစ်ဖြစ်လာပါလိမ့်မယ်''
"ရုံချန်းက သန့်စင်မြက်အများကြီးနဲ့ ပထမဆုံးအသွင်ပြောင်းခဲ့တဲ့မြို့ပါ... ရုံချန်းလေအရည်အသွေးပြောင်းလဲသွားတာ အားလုံးအသိပါပဲ''
"သန့်စင်မြက်က လေသန့်စင်ပေးပြီး လေထဲကအောက်စီဂျင်ကိုတက်စေတယ်... အချိန်နဲ့အမျှလေထုကိုလှုံ့ဆော်ပြီး ရုံချန်းရာသီဥတုကိုပြောင်းလဲပေးနေလို့ လက်ရှိရာသီဥတုဖြစ်လာတာ''
"ရုံချန်းရာသီဥတုပြောင်းလို့လည်း ပိုင်ရွှင်နဲ့ပိုင်ကျီလိုမျိုးတုံးနိုင်ငံ့ရတနာတွေ မြေအောက်မြစ်ကနေပြန်ရွှေ့လာကြတယ်... ဒါကြောင့် ရုံချန်းမင်မြစ်လက်တက်မှာအရမ်းများလာပြီး ဒီနေ့အံ့ဖွယ်ရုံချန်းဖြစ်လာတာပေါ့''
"ဒီတော့ အဲဒီလူက ပါမောက္ခလီခိုင်ပဲ... သူမရှိဘဲဘာမှမဖြစ်နိုင်ဘူး... အံ့ဖွယ်ရုံချန်းဖြစ်မလာနိုင်ဘူး... အချိန် နေရာနဲ့ လူအံကျဖြစ်သွားလို့ပါ''
ဒီတစ်ခါသုံးသပ်ချက်အပြီး အားလုံးသဘောပေါက်သွားသည်။
အံ့ဖွယ်ရုံချန်းက ဒီအကြောင်းတွေတိုက်ဆိုင်လို့ဖြစ်မည်။
ဒါတွေအားလုံးဖြစ်စေခဲ့သူက ပါမောက္ခလီခိုင်ဟုလည်းသဘောပေါက်သည်။
ပြည်သူများက ချက်ချင်းအပူတပြင်းဆွေးနွေးကြ၏။
"သိပြီ.. ရုံချန်းရာသီဥတုပြောင်းတာ ပါမောက္ခလီခိုင်ကြောင့်လို့မထင်မိဘူး''
"အဲတော့ ပါမောက္ခလီခိုင်မရှိရင် ရုံချန်းမရှိနိုင်ဘူးလို့ပြောတာလား?''
"တစ်ယောက်ယောက်က ဒီလောက်အံ့ဩစရာကောင်းမယ်မထင်မိပေမဲ့ ပါမောက္ခလီခိုင်ကတော့ဟုတ်မယ်ထင်တယ်''
"ပါမောက္ခလီခိုင်က ဒါတွေသိပြီးလားလို့ထင်လား? အဲဒါကြောင့် သန့်စင်မြက်စိုက်ခဲ့တာလား? မဟုတ်ရင် ဘာလို့ဒီလောက်တိုက်ဆိုင်မှာလဲ?''
"အပေါ်ကလူအတွေးများနေတာ... ဒါပေမဲ့ ငါကရော ဘာလို့ဖြစ်နိုင်တယ်ထင်နေတာလဲ?''
တခဏတော့ ပါမောက္ခလီခိုင်ကအားလုံးသိထားသောကြောင့် သန့်စင်မြက်ကိုသေချာပျိုးထောင်ပြီး ရုံချန်းကိုဒီလိုဖြစ်စေသည်ဟုထင်သွားကြသည်။
လူတွေက အံ့ဩစရာကောင်းကြောင်းပြောရတာသဘောကျသည်။ အထူးသဖြင့် သူတို့ကြည်ညိုလေးစားသူအကြောင်းပြောသည့်အချိန်ပင်။
ဒါကြောင့် ပါမောက္ခလီခိုင်ကို ပိုအထင်ကြီးသွားကြလိမ့်မည်။
ချင်းလင်အပန်းဖြေစံအိမ်_
ရုံးခန်းထဲတွင် ချင်လင်နှင့်လီခိုင်ကလက်ဖက်ရည်သောက်ရင်း ချီခိုင်ရုံ၏ပြည်သူ့ကြေညာချက် Live ကိုကြည့်နေကြသည်။
တိတိကျကျအကြောင်းရင်းကို လီခိုင်ကသိချင်နေသည်။
ချင်လင်ကအကြောင်းရင်းသိသူဖြစ်၍ ချီခိုင်ရုံကဘယ်လိုကူညီပေးမလဲကြည့်ချင်သည်။
သို့ရာတွင် အံ့ဖွယ်ရုံချန်းမှာအစ်ကိုလီပါနေသောကြောင့် သူအံ့အားသင့်သွားသည်။
သူကလီခိုင်ကိုကြောင်ကြည့်လိုက်သည်။
ဒီအစ်ကိုလီခေါင်းခံရတာများလွန်းလို့ သူ့မှာဓားစာခံအရည်အသွေးများရှိနေတာလား?
ဒီတဝက်က ဘယ်လိုလုပ်သူ့ခေါင်းပေါ်ရောက်သွားတာလဲ?
နောက်ကြောင်းအားလုံးသိနေသူဖြစ်၍ ဘာပြောရမှန်းမသိတော့။
လီခိုင်ကအလန့်တကြားမတ်တပ်ထရပ်ပြီး ဒေါသသံနှင့်_
"အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ? ဘာလို့ငါ့ကြောင့်လဲ? ဒီထက်အကျိုးအကြောင်းသင့်အောင်ပြောလို့မရဘူးလား?''
ဒီကိစ္စကိုအာရုံစိုက်ကာမှ သူ့ကိုအာရုံစိုက်ခံရမည်ဟုလုံးဝမထင်မိ။
ဘာလဲဟ?
ဒါနဲ့ဖရဲသီးစားတာ ဘာကွာလဲ?
အခန်း ၁၂၆၅: ပြဿနာကြီး!
နောက်တစ်နေ့_
ချင်လင်ကထိုကိစ္စကိုအာရုံမစိုက်တော့။ သူနှင့်ဘာမှမဆိုင်တော့ချေ။
မနက်အစောအိပ်ရာထပြီး ရုံးခန်းထဲရောက်သောအခါ လီယွဲ့ချုံရောက်လာပြီးအစီရင်ခံသည်_
"ဥက္ကဌချင်.. ဟိုင်ကွားတွေဥဥပြီ''
အရင်တစ်ခါ ဂိမ်းထဲမှအထူးဟိုင်ကွားများထုတ်လာပြီး လီယွဲ့ချုံကိုရန်သုံ့ကခေါ်ခဲ့သည်။ သူကဟိုင်ကွားတာဝန်ခံဖြစ်ပြီးအလုပ်သေချာလုပ်သည်။
"ဥဥပြီလား?''
ချင်လင်ကသတင်းကြားပြီး ချက်ချင်းရုံးခန်းအပြင်ထွက်ကာ လီယွဲ့ချုံနောက်လိုက်လာသည်။
ဧည့်ခန်းထဲရှိငါးပြတိုက်ရောက်သောအခါ ဟိုင်ကွားဥများကိုတွေ့ရသည်။
ဂိမ်းထဲကဥအတိုင်း အများကြီးရှိနေသည်။
ချင်လင်ကဟိုင်ကွားဥများကိုယူပြီး ဂိမ်းထဲတွင်မှတ်ချက်ကြည့်ရန်ပြင်လိုက်သည်။
"ဥက္ကဌချင်.. ဘာဆက်လုပ်ရမလဲ? အခုဟိုင်ကွားဥတွေကအများကြီးပဲ''
လီယွဲ့ချုံကပြောသည်_
"ဒီငါးကန်နဲ့မရတော့ဘူး''
သူမျှော်လင့်စောင့်စားနေသည်။
ဘာပဲဖြစ်ဖြစ် မန်နေဂျာရန်သုံ့က ဟိုင်ကွားပရောဂျက်အောင်မြင်ရင် သူတာဝန်ခံလုပ်ရမည်ဟုပြောထားသည်။
ချင်းလင်အပန်းဖြေစံအိမ်ပရောဂျက်မှာတာဝန်ခံလုပ်ရရင် သေချာပေါက်အလားအလာကောင်းသည်။ လစာနှင့်တင် နိုင်ငံတကာအဖွဲ့အစည်းကြီးများကမန်နေဂျာထက်သာနိုင်သည်။
"ရန်သုံ့ကိုခေါ်လိုက်ပါ... ပြီးရင် ရုံးခန်းထဲအတူတူလာခဲ့''
ချင်လင်ကတွေးကြည့်ပြီးပြောလိုက်သည်။
"ကောင်းပါပြီ ဥက္ကဌချင်''
လီယွဲ့ချုံမျက်နှာ ချက်ချင်းပြုံးရွှင်သွားသည်။
တချို့အရာတွေက ရှင်းပြစရာမလို။ သူသဘောပေါက်သည်။ သူက ရန်သုံ့ကိုချက်ချင်းဆက်သွယ်လိုက်၏။
ချင်လင်မှာ အစကတည်းကဟိုင်ကွားမွေးရန်အကြံအစည်ရှိပြီးဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဟိုင်ကွားမှာအရည်အသွေးအများကြီးရှိသည်။ ခန္ဓာကိုယ်အားရှိစေသည့်အရည်အသွေးအပြင် ပရိုတင်း +၂၊ သကြား +၂၊ ကျောက်ကပ်နှင့်ဩဇာဓာတ် +၂၊ ယန်ဓာတ် +၂ အာနိသင်များပါသောထုတ်ကုန်ကောင်းတစ်ခုဖြစ်သည်။
အနည်းဆုံး သူ့မိတ်ဆွေများအတွက်အကျိုးရှိသည်။
အထူးသဖြင့် ယန်ဓာတ် +၂ ပင်။
ဒါသူ့မိတ်ဆွေများ သုခရနိုင်သည်။
ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာမှတ်တမ်းများအရ ပြည်တွင်းမှာလိ*င်တက်ကြွသူက သန်း ၁၄၀ ရှိနေသည်။
ထိုအချက်အလက်မှာ နယ်အသီးသီးရှိဆေးရုံများ၏ဟော်မုန်းဌာနတွင်ဆေးအမျိုးမျိုးဝယ်ယူထားသောမှတ်တမ်းများကိုတွက်ချက်ထားခြင်းဖြစ်သည်။
ဒီသန်း ၁၄၀ သောအမျိုးသားတွေမှာယန်ဓာတ်မရှိရင် ပုံမှန်မဟုတ်သေး။
ဒီတော့ ဟိုင်ကွားကဘယ်လိုအသုံးဝင်မလဲ?
ထို့နောက် သူ့ရုံးခန်းထဲပြန်ပြီး ဟိုင်ကွားဥများကိုဂိမ်းထဲယူသွားသည်။ မှတ်ချက်မှာ:
(အထူးဟိုင်ကွားဥ: အရည်အသွေး ၂)
(အထူးဟိုင်ကွားမျိုးဖြစ်ပြီး ဟိုင်ကွားမျိုးဖောက်ရန်အသုံးချနိုင်သည်!)
မှတ်ချက်မြင်မှ ချင်လင်စိတ်သက်သာသွားသည်။ အရင်တစ်ခုနှင့်မတူ။
မကြာမီ ရန်သုံ့နှင့်လီယွဲ့ချုံရောက်လာသည်။
"ဥက္ကဌချင်''
ရန်သုံ့ကဝင်လာသည်နှင့် တရိုတသေနှုတ်ဆက်သည်။
လီယွဲ့ချုံ: ''ဥက္ကဌချင်''
"ထိုင်ကြပါ''
ချင်လင်က လက်ပြသည်။
နှစ်ယောက်သားထိုင်ခုံယူကာ အသီးသီးထိုင်ကြပြီး ချင်လင်စကားအပြောစောင့်နေသည်။
ရုံးခန်းထဲမလာခင် ရန်သုံ့ကလီယွဲ့ချုံကိုစကားပြောလာသည်။ အထူးဟိုင်ကွားပရောဂျက်အကြောင်း သူဌေးပြောမည်ကိုသူအကြမ်းဖျင်းခန့်မှန်းမိသည်။
ချင်လင်ကလိုရင်းတန်းပြောသည်_
"ဟိုင်ကွားတွေက ဥဥပြီ... ကျွန်တော်အများကြီးမွေးဖို့စီစဉ်ထားတယ်... ရန်သုံ့ ခင်ဗျားကမွေးမြူရေးတာဝန်ခံဆိုတော့ ဒီအတွက်တာဝန်ခံပေးပါ... အကြံပြုစရာရှိလား?''
ရန်သုံ့က ဒီအတွက်ပြင်ဆင်ထားပြီးဖြစ်၍ ချက်ချင်းပင်_
"ဥက္ကဌချင်.. ဟိုင်ကွားမွေးဖို့ ကျွန်တော်ပြင်ဆင်ထားပါပြီ... ကျွန်တော်အများကြီးလေ့လာပြီး အစီအစဉ်ဆွဲထားတယ်... အရင်ဆုံးအစီအစဉ်တစ်ချက်ကြည့်မလား?''
ဒီအတွက်သူနာမည်ယူဖို့ရည်ရွယ်ထားသည်။
ဘာပဲဖြစ်ဖြစ် ဟိုင်ကွားတာဝန်ခံအတွက် လီယွဲ့ချုံကိုခေါ်လာစဉ်ကတည်းက ဟိုင်ကွားမွေးမြူရေးအတွက်သူပြင်ဆင်ထားခဲ့သည်။
ရန်သုံ့စကားကြောင့် ချင်လင်နည်းနည်းအံ့ဩသွားသည်။
သူဒီလောက်အစောကြီးပြင်ဆင်ထားတာပေါ့။
သူဌေးတစ်ယောက်အနေနှင့် ဒါဝမ်းသာစရာကိစ္စပင်။ ရန်သုံ့အများကြီးတိုးတက်လာပြီ။ ရှေ့ကိုကြိုမြင်ပြီး လုပ်နိုင်စွမ်းကောင်းလာသည်။
"ကြည့်ရအောင်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
"အပန်းဖြေစံအိမ် app ကနေ ဥက္ကဌချင်ဆီပို့လိုက်ပါမယ်''
ရန်သုံ့ကတန်းပြောသည်။
ချင်လင်ကခေါင်းညိမ့်ပြီး အပန်းဖြေစံအိမ် app ထဲဝင်လိုက်သည်။ ခဏအကြာ ရန်သုံ့ဆီမှအီးမေးလ်ကိုတွေ့ရသည်။
သူကဖွင့်ကြည့်ပြီး ဟိုင်ကွားမွေးမြူရေးအစီအစဉ်အကြောင်းဖတ်လိုက်သည်။
ဟိုင်ကွားမွေးမြူရေးမှာ ရေအရည်အသွေးကောင်းရန်လိုအပ်သည်။ ကုန်းတွင်းရေကန်များက ရေအရည်အသွေးမကောင်း၊ ပင်လယ်ရေနှင့်ရောရမည်။
ထို့ကြောင့် ရေလှောင်တမံတွင်ဟိုင်ကွားမွေးရန်မဖြစ်နိုင်ပေ။
ရန်သုံ့က နတ်သမီးပုံပြင်တောင်ဘေး၊မြစ်ကျဉ်းတစ်နေရာကိုရွေးထားသည်။
ထိုမြစ်မှာ မြစ်လက်တက်လေးတစ်ခုဖြစ်ပြီး ချင်းလင်အပန်းဖြေစံအိမ်နှင့်စာချုပ်ချုပ်ထားသောအပိုင်းလည်းဖြစ်သည်။
အခုချင်းလင်စံအိမ်မှာ အများကြီးရင်းနှီးမြှုပ်နှံထား၏။ နတ်သမီးပုံပြင်တောင်စာချုပ်ချုပ်ပြီးနောက် လိုရမယ်ရနေရာအကျယ်ကြီးကိုလည်းထပ်ချုပ်ထားသည်။
ထိုမြစ်ကျဉ်းထဲတွင်ပင်လယ်ရေရောပြီး ဟိုင်ကွားမွေးမည်။
ရန်သုံ့အစီအစဉ်က အသေးစိတ်ကျသည်။
ချင်လင်ဒီအကြောင်းသိပ်မသိရင်တောင် အလွယ်တကူနားလည်နိုင်သည်။
ဒီအစီအစဉ်ကမဆိုး၊ ပြီးပြည့်စုံသည့်သဘောလည်းရှိသည်။
ရန်သုံ့လုပ်နိုင်စွမ်းတက်လာသည်ကိုသက်သေပြခြင်းပင်။
ချင်လင်ကအစီအစဉ်ဖတ်ပြီး ခေါင်းညိမ့်ကာ_
"ရန်သုံ့.. ခင်ဗျားအစီအစဉ်ကမဆိုးဘူး... ဒီအတိုင်းလုပ်ရအောင်!''
"ကောင်းပါပြီ ဥက္ကဌချင်"
ရန်သုံ့ကချက်ချင်းခေါင်းညိမ့်လိုက်သည်။ အသိအမှတ်အပြုခံရတာ သူသဘောကျသည်။ ထို့နောက် လီယွဲ့ချုံနှင့်အတူထွက်သွား၏။
လီယွဲ့ချုံစိတ်လှုပ်ရှားနေသည်။ ရန်သုံ့ကတိပေးထားသည့်အတိုင်းဖြစ်လာတော့မည်မှန်း သူသိသည်။
သူတို့နှစ်ဦးထွက်သွားပြီးနောက်_
ချင်လင်ကဖုန်းထုတ်ပြီး သတင်းဖတ်သည်။
လိုင်းပေါ်တွင် အလွန်အသက်ဝင်နေသည်။ ရုံချန်းအကြောင်းပြောမဆုံးဖြစ်ပြီး ပါမောက္ခလီခိုင်မှာအပြောအခံရဆုံးဖြစ်နေသည်။
အခန်း ၁၂၆၆: ပြဿနာကြီး!
မည်သို့ဆိုစေ ရုံချန်းရာသီဥတုကိုပြောင်းလဲစေသူကပါမောက္ခလီခိုင်ဖြစ်ကြောင်းပြောထားသောဗီဒီယိုပိုများလာသည်။
သတင်းခေါင်းစဉ်က ဒီလိုဖြစ်နေသည်။
လီခိုင်လည်း မနက်အစောကြီး ချင်းလင်ဓာတ်ခွဲခန်းရောက်လာသည်။
ဧည့်ခန်းထဲရောက်သောအခါ သုတေသနသမားများက သတင်းကြည့်နေကြသည်။ အားလုံးက အပူတပြင်းဆွေးနွေးနေကြ၏။
"ရုံချန်းရာသီဥတုပြောင်းရတဲ့အကြောင်းရင်းက ပါမောက္ခလီခိုင်ဖြစ်မယ်လို့မထင်မိဘူး''
"ပါမောက္ခလီခိုင်က အစကတည်းကသိနေလို့ သန့်စင်မြက်ကိုပျိုးထောင်ခဲ့တာလို့ထင်လား?''
"ဟုတ်နေမလားပဲ? ပါမောက္ခလီခိုင်က အံ့ဩစရာကောင်းတယ်လေ''
"အွန်း!''
သူတို့စကားမှာ လီခိုင်ကိုလေးစားမှုကမလျော့။
လီခိုင်ကသူတို့စကားနားထောင်ရင်း TV သတင်းကြည့်လိုက်သည်။ တရုတ်ယဉ်ကျေးမှုအနှစ်သာရကိုဖော်ပြချင်သည်တဲ့။
သော*က်၊ ဇာတ်လမ်းတွေထွင်တတ်လိုက်တာ။
သူကသူ့အခန်းထဲအသာလေးလျှောက်သွားပြီး ဘာမှခေါင်းမခံရအောင် အခန်းတံခါးပိတ်နေမည်ဟုဆုံးဖြတ်လိုက်သည်။
ဒီကိစ္စအမြန်ပြီးသွားပါစေဟုသာဆုတောင်းမိသည်။
လုံခြုံရေးဖြတ်ပြီးနောက် သူ့ဖုန်းကိုဓာတ်ခွဲခန်းအပြင်ဘက်သေတ္တာထဲထည့်သိမ်းခဲ့မည်အပြုတွင် ဖုန်းမြည်လာသည်။
အမည်မသိဖုန်းနံပါတ်!
ထို့ကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်။
အမည်မသိဖုန်းနံပါတ်ကိုမကိုင်ချင်သော်လည်း အရေးကြီးကိစ္စဖြစ်နေမှာစိုးသည်။
သုတေသနတက္ကသိုလ်များက သူ့ဖုန်းနံပါတ်တောင်းထားပြီး မေးခွန်းများလှမ်းမေးတတ်သည်။
လီခိုင်ခဏစဉ်းစားပြီး ဖုန်းကိုင်လိုက်၏။
တဖက်မှရယ်သံချက်ချင်းထွက်လာပြီး_
"ပါမောက္ခလီခိုင်လား? ကျုပ်က ဒါရိုက်တာဖုန်းတကန်းပါ... ခင်ဗျားရဲ့ဇာတ်ကြောင်းကို ကျုပ်ရုပ်ရှင်ရိုက်ချင်လို့''
"အထူးသဖြင့် ရုံချန်းကပြောင်းလဲမှုတွေအကြောင်းပေါ့... သိပ္ပံဇာတ်လမ်းနဲ့ပိုတူသွားအောင် ကျုပ်တို့လုပ်မယ်... ရုံချန်းမှာဥက္ကာခဲကျတာတွေ ရုံချန်းရာသီဥတုပြောင်းလဲတာတွေ ခင်ဗျားသိပြီးသားပဲ ဟဲ ဟဲ''
"သွားစမ်းပါ!''
ဒါရိုက်တာဖုန်းစကားကြောင့် လီခိုင်မျက်နှာပုပ်သိုးသွား၏။ သူကဆဲပြီး ဖုန်းချပစ်လိုက်သည်။
သော*က်!
ဒါရိုက်တာတစ်ယောက် ဒီလိုအတွေးရှိနေပြီဆိုတော့ ဒီကိစ္စနာမည်ကြီးတာ အတိုင်းထက်အလွန်ဖြစ်နေပြီပေါ့။
တကယ့်အရေးပဲ။
နောက်ရက်များတွင် လိုင်းပေါ်၌ လီခိုင်၊ရုံချန်းနှင့်မြေအောက်မြစ်အကြောင်းက ရေပန်းစားနေဆဲပင်။
တချိန်တည်းမှာ ရုံချန်းကိုစိတ်ဝင်စားသူပိုများလာသည်။
ဒီတစ်ခါ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကြောင့်မဟုတ်၊ ရုံချန်းကိုယ်တိုင်ဖြစ်လာသည်။
သို့ရာတွင် ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံလာသောခရီးသည်များပါပေါင်းပြီး ရုံချန်းယာဉ်လမ်းကြောပိတ်ပြန်သည်။
ရုံချန်း_
ယာဉ်လမ်းကြောပိတ်တော့မည်ဟုသတင်းရရချင်း ချန်လီကစွန်းရှန်ရုံးခန်းထဲရောက်သွားသည်။ ထို့နောက် နှစ်ယောက်သား တုန်လှုပ်စွာခေါင်းချင်းဆိုင်လိုက်ကြသည်။
"နောက်ထပ်ပတ်လမ်းဖောက်ရဦးမှာလား?''
စွန်းရှန်ကအမှတ်တမဲ့မေးသည်။
"အင်း''
ချန်လီကခေါင်းညိမ့်အတည်ပြုပြီး_
"အခုလိုပြီထင်တယ်... အရေးပေါ်ပေါ့''
"ငါတို့က စီရင်စုလေးပဲ... ဒါပေမဲ့ ပတ်လမ်းသုံးလမ်းဖောက်နေရပြီ''
စွန်းရှန်ကမတတ်သာပုံနှင့်ပြောသည်။
"ကျစ်''
ချန်လီမဖြေတတ်တော့။
ဒါရုံချန်းကဖန်တီးထားတဲ့စံချိန်မဟုတ်လား?
နောက်ရက်များတွင် တစ်နိုင်ငံလုံးမှာ ရုံချန်းကအာရုံစိုက်စရာဖြစ်နေပြီး လီခိုင်နှင့်တခြားအရာများလည်းနာမည်ကျော်လာသည်။
ထိုပညာရှင်များ၏အကြောင်းအရာကို ပရိုဂရမ်၊ဗီဒီယိုအတော်များများတွင်တွေ့နိုင်သည်။
ချီခိုင်ရုံတို့ကိုမူ ပညာရှင်ဟုခေါ်ထိုက်ပေသည်။
ပြည်သူ့ကြေညာချက်ပြီးနောက် သူတို့ကပိုင်ရွှင်နှင့်ပိုင်ကျီကိုသုတေသနဆက်လုပ်သည်။ လိုင်းပေါ်မှချီးကျူးသံများကို လုံးဝလျစ်လျူရှုထား၏။
ငါးများ၏တည်နေရာနှင့်လမ်းကြောင်းလိုက်ခြင်း၊အမျိုးအမည်ခွဲခြင်း စသည်ကို နည်းအမျိုးမျိုးနှင့်ကြည့်နိုင်ရန် ပေကျင်းမှအဆင့်အမြင့်ဆုံးကိရိယာများတိုက်ရိုက်ယူထားသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီကဲ့သို့မျိုးတုံးငါးများ၏လှုပ်ရှားမှုကိုစောင့်ကြည့်ရန်သာမက မင်မြစ်၏ဂေဟစနစ်အခြေအနေနှင့်ရေအရည်အသွေးကိုလည်းမှတ်တမ်းတင်ရသည်။
ရုံချန်းကို ခရီးသည်အတော်များများစိတ်ဝင်စားလာကြသည်။ ကမ်းခြေလာကြည့်လျှင် ပညာရှင်များအချိန်နှင့်အမျှအလုပ်ရှုပ်နေသည်ကိုတွေ့နိုင်သည်။
သို့ရာတွင် တစ်လကျော်ကြာသောအခါ ချီခိုင်ရုံတို့ပညာရှင်များ မီဒီယာခန်းထဲထိုင်ပြီး ဗီဒီယိုတစ်ပုဒ်ပြီးတစ်ပုဒ်အသည်းအသန်ကြည့်နေကြသည်။
ထိုဗီဒီယိုများကို ပေကျင်းမှပို့လိုက်သောစက်နှင့်ရိုက်ထားခြင်းဖြစ်သည်။ နေ့စဉ်မှတ်တမ်းတင်ပြီး ရုံချန်းမင်မြစ်လက်တက်အခြေအနေအားလုံးပါသည်။
သို့ရာတွင် ထိုစက်များနှင့်ရိုက်ပြီး အရေးကြီးသော၊ကြောက်စရာကောင်းသောအခြေအနေတစ်ခုကိုတွေ့လိုက်ရသည်။
နောက်ပြီး ထိုအခြေအနေကြောင့် ပိုင်ရွှင်၊ပိုင်ကျီများ မျိုးပြန်တုံးသွားနိုင်သည်။
ပညာရှင်တစ်ဦးက_
"အားလုံးမြင်တဲ့အတိုင်းပဲ... လွန်ခဲ့တဲ့လဝက်ကစပြီး စက်တွေနဲ့ရိုက်ထားတဲ့ပုံတွေမှာ မင်မြစ်ထဲကသာမန်ငါးတွေနည်းလာပြီ... အထူးသဖြင့် ငါးသေးသေးလေးတွေပေါ့... အရေအတွက်ရော မျိုးစိတ်ပါကျလာတာ''
ထိုစကားကြောင့် ချီခိုင်ရုံတို့ပညာရှင်များမျက်နှာထားတည်သွားသည်။
အကြောင်းရင်းကိုသူတို့သိသည်။
ပိုင်ရွှင်၊ပိုင်ကျီနဲ့တခြားမျိုးတုံးငါးတွေက ငါးလေးတွေကိုစားသောကြောင့်ပင်။
ပိုင်ရွှင်၊ပိုင်ကျီနဲ့မျိုးတုံးငါးတွေရုတ်တရက်များလာပြီး ထိုမျိုးတုံးငါးတွေက မင်မြစ်လက်တက်ဂေဟစနစ်အပေါ်သက်ရောက်မှုရှိလာသည်။
ရေအောက်ဂေဟစနစ်က ထိခိုက်လွယ်သည်။ မဟုတ်ရင် နိုင်ငံခြားမျိုးစိတ်တွေဝင်မှာကြောက်စရာမလို။
အခုမင်မြစ်လက်တက်ထဲကငါးလေးတွေအစားခံရရင်၊ခြိမ်းခြောက်ခံရရင် သဘာဝအလျောက်ပြောင်းရွှေ့သွားကြမည်။
ဒီလိုဆို ရေအောက်ဂေဟစနစ်ပျက်စီးလာမည့်သဘောပင်။ ဒီလိုပြဿနာမျိုးဖြစ်လာမည်ဟုမထင်မိ။ မြေအောက်မြစ်ဂေဟစနစ်နှင့်မင်မြစ်ဂေဟစနစ်ပေါင်းစပ်လိုက်ရင် ပြီးပြည့်စုံပြီဟုသာထင်ခဲ့ကြသည်။
မည်သို့ဆိုစေ မြေအောက်မြစ်က ပိုင်ရွှင်၊ပိုင်ကျီနှင့်တခြားမျိုးတုံးငါးများ၏အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ရုံချန်းကပျိုးပင်အမျိုးမျိုးထုတ်ရင်တောင် အပင်ကြီးဖို့အချိန်ယူရဦးမည်။
ငါးကြီးတွေရောက်လာသည်နှင့် ငါးလေးတွေကအစားကောင်းဖြစ်နေပုံရသည်။
ဒီအခြေအနေကိုဖြေရှင်းရမည်။
မဟုတ်ရင် ရေတိုပြဿနာမရှိသော်လည်း ရေရှည်မှာကြောက်စရာကောင်းလာမည်။ ရေရှည်အတွက်ပြင်ဆင်ပြီး အစီအစဉ်ဆွဲရမည်။
ချင်းလင်အပန်းဖြေစံအိမ်အနောက်ဘက်_
ချင်လင် ကားရပ်လိုက်သည်။ ထိုနေရာတွင်ရေကန်ကြီးတူးဖော်ထားပြီး ထိုရေကန်ကိုမင်မြစ်နှင့်ဆက်သွယ်ထားသည်ကိုတွေ့ရသည်။
ရေကန်ထဲမှရေကလည်း မြစ်ရေစီးဝင်လာခြင်းဖြစ်သည်။
ရေကန်တဝိုက်တွင် အဆင့်မြင့်ကိရိယာများစွာရှိသည်။
ထိုကိရိယာများမှာ ရေကန်ထဲမှရေကိုပင်လယ်ရေအဖြစ်ပြောင်းရန်အထူးနည်းသုံးထားပြီး ပြောင်းလဲခြင်းအဆင့်ကိုထိန်းညှိနိုင်သည်။
မွေးမြူရေးလုပ်ငန်းများတွင် ဒီလိုကိရိယာမျိုးလိုအပ်သည်။
ထိုနေရာမှာ ဟိုင်ကွားမွေးသောနေရာဖြစ်သည်။
ဂိမ်းထဲမှအထူးဟိုင်ကွားထုတ်ပြီးစလုပ်သောပရောဂျက်ဖြစ်၍ သူလာကြည့်ရမည်။
ရန်သုံ့ကချင်လင်ကိုမြင်သောအခါရောက်လာပြီး_
"ဥက္ကဌချင်.. ရောက်လာပြီလား''
လီယွဲ့ချုံက နောက်မှလိုက်လာပြီး_
"ဥက္ကဌချင်.. ဟိုင်ကွားခြံပြီးတော့မယ်... ရက်ပိုင်းအတွင်း ရေအရည်အသွေးစစ်မယ်... စံချိန်မီရင် ဟိုင်ကွားထည့်မွေးလို့ရပြီ''
"အင်း!''
ချင်လင်ကခေါင်းညိမ့်ပြီး လီယွဲ့ချုံနှင့်ရန်သုံ့နောက်လိုက်ကာ တစ်ခြံလုံးပတ်ကြည့်သည်။ ခြံနှင့်စက်ကိရိယာများကိုနားလည်အောင်ကြည့်ပြီးနောက် အပန်းဖြေစံအိမ်ပြန်လာသည်။
သူအပန်းဖြေစံအိမ်ပြန်ရောက်သည်နှင့် ကောင်းယောင်ယောင်ကလောလောနှင့်ရောက်လာပြီး_
"သူဌေး.. မကောင်းတော့ဘူး... ရှင်စိုက်ထားတဲ့သခွားသီးတွေလေ... အသီးတင်တာနဲ့ပုပ်ကုန်တယ်''
"သွားကြည့်ရအောင်!''
Kappa သခွားသီးမှည့်ပြီမှန်း ချင်လင်သိလိုက်သည်။
သူသခွားသီးစိုက်ပြီးနောက် ကောင်းယောင်ယောင်ကိုနေ့တိုင်းကြည့်ခိုင်းထားသည်။
အခုတော့ Kappa သခွားသီးမှည့်လာပြီ။ ကောင်းယောင်ယောင်ပြောသလိုပုပ်နေတာမဟုတ်။
သခွားသီးကိုက ဒီပုံစံပင်။ ကြီးထွားနှုန်း +၁ ရှိသောကြောင့် သခွားသီးကထင်ထားသည်ထက်အကြီးမြန်သည်။
ချင်လင်က ကောင်းယောင်ယောင်နှင့် သခွားသီးစိုက်ထားသောနေရာရောက်လာသည်။ ထင်တဲ့အတိုင်း Kappa သခွားသီးသီးနေပြီ။ ဂိမ်းနှင့်မတူသည်က ဂိမ်းထဲတွင်အားလုံးတပြိုင်တည်းမှည့်သောကြောင့် အားလုံးပုပ်နေသလိုထင်ရသည်။
အပြင်မှာမူ Kappa သခွားသီးက မမှည့်ခင်အထိမာနေပြီး မှည့်မှပုပ်နေသလိုပျော့သွားသည်။
ကောင်းယောင်ယောင်ကရောက်ရောက်ချင်း သခွားသီးအမှည့်တစ်လုံးကိုင်ပြီး ချင်လင်ရှေ့တွင်ချိုးပြကာ_
"သူဌေး.. ကြည့်.. အထဲမှာပုပ်နေပြီ''
ချင်လင်ကသခွားသီးအခြေအနေကိုကြည့်လိုက်သည်။ ဂိမ်းထဲကအတိုင်းပင်။
ဒါမှသခွားသီးကအသုံးတည့်မည်။
ဒါပေမဲ့ ဒါပုပ်နေတာမဟုတ်တဲ့အကြောင်း၊ ငါးစားဖို့ဖြစ်ကြောင်း ကောင်းယောင်ယောင်ကိုဘယ်လိုရှင်းပြရမလဲ?
"စမ်းချောင်းထဲတစ်ချက်သွားကြည့်ရအောင်''
ချင်လင်ကပြောသည်။
ကောင်းယောင်ယောင်ကလိုက်လာ၏။
စမ်းချောင်းထဲတွင်လည်း သခွားပင်နှစ်ပင်ရှိသည်။
ချင်လင်က စမ်းချောင်းဆီသွားလိုက်သည်။ သခွားပင်နှစ်ပင်မှာအသီးများပြွတ်နေ၏။
သခွားသီးအမှည့်များကိုကြည့်ရင်း သူဘာလုပ်ရမလဲစဉ်းစားလိုက်သည်။ သခွားသီးတစ်လုံးခူးပြီး အလှမွေးငါးများစားရန်စမ်းချောင်းထဲပစ်ချမည်။ ပြီးရင် သခွားသီးအသုံးဝင်ပုံကိုမြင်ပြီးအံ့ဩသွားမည်။