အခန်း(၁၂၆၇-၁၂၆၉)
Vol. 85 Ch. 1267-1269
အခန်း ၁၂၆၇: ငါးအတွက် သခွား!
ကောင်းယောင်ယောင်လည်းစမ်းချောင်းရောက်သောအခါ သခွားပင်နှစ်ပင်ဆီသွားလိုက်သည်။
သခွားသီးအမှည့်တစ်လုံးခူးပြီးဆိတ်ကြည့်လိုက်၏။ ပျော့နေပြန်သည်။
သခွားသီးကိုချိုးကြည့်သည်။ အထဲမှာပုပ်နေသလိုစေးကပ်နေသည်။
"သူဌေး.. ဒီသခွားသီးတွေလည်းပုပ်နေတယ်''
ကောင်းယောင်ယောင်ကတန်းပြောသည်။
ချင်လင်က သခွားသီးအကျိုးကိုကြည့်ရင်း ခဏတွေးလိုက်ပြီးမှ_
"ယောင်ယောင်.. ဒီသခွားသီးကမပုပ်ဘူး... အဲဒါငါလိုချင်တဲ့အာနိသင်ပဲ... စမ်းချောင်းထဲပစ်ချကြည့်''
သူကသခွားသီးအာနိသင်အကြောင်း တန်းပြောပြရန်ကြံလိုက်သည်။
လက်ရှိသူ့နာမည်အရ အပင်သုတေသီဖြစ်နေပြီ။ အထူးသခွားသီးပျိုးထောင်တာ ဘာဖြစ်လဲ?
ပိုင်ရွှင်နဲ့ပိုင်ကျီကိုကြည့်ပြီး ဒီသခွားသီးတွေကိုပျိုးထောင်ခဲ့ပါသည်ပေါ့။ ရှေ့လျှောက် ရေပေါ်တံတားမှာငါးစာကျွေးဖို့ ခရီးသည်များကိုရောင်းမည်။
ဒီလိုဆိုကျိုးကြောင်းမသင့်ဘူးလား?
သူဌေးစကားကြောင့် ကောင်းယောင်ယောင်ဇဝေဇဝါဖြစ်သွားသည်။
သူဌေးက ဒီပုပ်နေတဲ့သခွားသီးတွေကိုတမင်စိုက်တာလား?
ပုပ်နေတာကို ဘယ်လိုစားမလို့လဲ?
သို့ရာတွင် ကောင်းယောင်ယောင်က သူဌေးညွှန်ကြားချက်အတိုင်း သခွားသီးတပိုင်းကိုစမ်းချောင်းထဲချလိုက်သည်။
သခွားသီးကပုပ်နေသလိုစေးကပ်နေသောကြောင့် ရေထဲပစ်လိုက်သည်နှင့် ပေါလောမျောသွားသည်။
ခဏအကြာ အံဩစရာမြင်ကွင်းကိုကောင်းယောင်ယောင်တွေ့ရသည်။
အလှမွေးငါးများက အစားကောင်းကိုအာရုံခံမိပုံပေါ်သည်။ အားလုံးကူးခတ်လာပြီး သခွားသီးတပိုင်းကိုစားကြသည်။
သခွားသီးမှာ ရေနေသတ္တဝာများကြိုက်သောအာနိသင်ရှိသောကြောင့် အလှမွေးငါးများကစိတ်ဝင်စားသည်။ သူတို့အဖို့ သခွားသီးကအရသာအရှိဆုံးပင်။
ကောင်းယောင်ယောင် ကြောင်သွားသည်။
ငါးသခွားသီးစားတာ ဒီတစ်ခါပဲမြင်ဖူးသည်။
အထူးသဖြင့် ငါးတွေကမြိန်ရေယှက်ရေစားနေကြသည်။
"သူဌေး.. ဒီသခွားသီးတွေကို ငါးကျွေးဖို့စိုက်ထားတာလား? ရေပေါ်တံတားရှုခင်းအတွက်လား?''
ကောင်းယောင်ယောင်ကချက်ချင်းတွေးမိပြီးပြောသည်။
"အင်း!''
ဒီကောင်မလေးတန်းတွေးမိသောကြောင့် ချင်လင်ကခေါင်းညိမ့်ဝန်ခံလိုက်သည်။
ကောင်းယောင်ယောင်လည်း အများကြီးရင့်ကျက်လာတဲ့သဘော။ သခွားသီးအသုံးဝင်ပုံသိတာနဲ့ ရေပေါ်တံတားကိုချက်ချင်းတွေးမိသည်။
ဒါမန်နေဂျာတစ်ယောက်အတွက်အလွန်အရေးကြီးသည်။
ကောင်းယောင်ယောင်ကလေးစားသံနှင့်_
"သူဌေးကအံ့ဩစရာကောင်းလိုက်တာ... ငါးစားတဲ့သခွားသီးတောင်ဖန်တီးနိုင်တယ်''
သူဌေးကို သူမအတော်လေးစားသွားသည်။
ချင်းလင်စံအိမ်မှာ ဟိုးအစကတည်းကအလုပ်လုပ်ခဲ့သည်။ စံအိမ်ကိုသူဌေးလေလံမဆွဲခင်ကတည်းက သူမဒီမှာရှိနေခဲ့သည်။
အဲဒီတုန်းက စံအိမ်ကသေးသေးလေးဖြစ်ပြီး လက်ရှိအခြေအနေအထိ သူဌေးကတစ်ဆင့်ချင်းဖွံ့ဖြိုးအောင်လုပ်ခဲ့သည်ကိုသူမတောက်လျှောက်မြင်ခဲ့ရသည်။
နောက်ပြီး သူဌေးကလိုင်းပေါ်မှာပြောကြသလိုဉာဏ်ကြီးရှင်ဖြစ်သည်။ အချိန်နဲ့အမျှ အသစ်အဆန်းတွေထွက်ထွက်လာသည်။ ဒါတွေကိုအပြင်မှာမရနိုင်သလို အပြင်ထက်ကောင်းတာတွေလည်းတန်းထုတ်နိုင်သည်။
ခဏအကြာ သခွားသီးကိုစမ်းချောင်းထဲမှအလှမွေးငါးများစားကုန်သွားသည်။
ထို့ကြောင့် ကောင်းယောင်ယောင်က ကျန်တပိုင်းကိုလည်း စမ်းချောင်းထဲပစ်ချလိုက်သည်။
တခဏချင်း အလှမွေးငါးများကအသည်းအသန်ကူးခတ်လာ၏။ အစားကောင်းကိုကြိုက်၍ သခွားသီးကိုဆက်စားကြသည်။
"သူဌေး''
ကောင်းယောင်ယောင်က ဝမ်းသာပြီး_
"သူတို့ ဒီသခွားသီးကိုအရမ်းကြိုက်တဲ့ပုံပဲ''
"ကြိုက်တော့ကောင်းတာပေါ့... ဘာပဲဖြစ်ဖြစ် ငါးအတွက်လုပ်ထားတာပဲ ယောင်ယောင်ရဲ့''
ချင်လင်ကပြုံးလိုက်ပြီး ညွှန်ကြားသည်_
"အဲဒီသခွားသီးတွေကြည့်ပေးထားဦး... မျိုးစေ့ရရင် အကြီးအကျယ်စိုက်မှာ''
"ကောင်းပါပြီ သူဌေး!''
ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြသည်။ ထို့နောက် မျှော်လင့်သံနှင့်_
"သူဌေး.. သခွားသီးကိုဗီဒီယိုရိုက်လို့ရမလား? ငါးတွေစားနေတာ အံ့ဩစရာကောင်းတယ်''
သူမမှာလည်း 'ချင်းလင်စံအိမ်ယောင်ယောင်'ဟူသော ကိုယ်ပိုင် Tiktok အကောင့်ရှိသည်။
တောင်တန်းစံအိမ်တရားဝင်အကောင့်ဖွင့်ကတည်းကရှိသောအကောင့်ဖြစ်ပြီး ပရိသတ်နှစ်သန်းနီးပါးရှိသည်။
ချင်းလင်စံအိမ်အလုပ်အကြောင်းလည်းမျှဝေပြီး ချင်းလင်ကုမ္ပဏီပစ္စည်းများလည်းရောင်းသည်။ မန်နေဂျာလစာတစ်ခုတည်းမဟုတ်ပေ။
သာမန်လူများ၏မျက်စိထဲတွင် သူမကသူဌေးမပေါက်စလေးဖြစ်သည်။
လင်းလန်ဇီမှာလည်း သူမကိုယ်ပိုင်အသံလွှင့်အကောင့်ရှိပြီး ပရိသတ်များစိတ်ဝင်စားကြသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လိုနေရာမျိုးမှာရှိသောမိန်းမလှတစ်ဦးဖြစ်သောကြောင့် စိတ်ဝင်စားခံရသည်။
လင်းလန်ဇီက ပရိသတ်ပိုများသည်။ ကိုယ်လုံးကိုယ်ပေါက်ကောင်းပြီး လှလည်းလှသောကြောင့်ပင်။ နောက်ပြီး အခုချင်းလင်စံအိမ်အထွေထွေမန်နေဂျာလည်းဖြစ်နေသည်။ ဒီရာထူးက ပိုစိတ်ဝင်စားစရာကောင်းသည်။
“အင်း”
ချင်လင် မငြင်း။
ဘာပဲဖြစ်ဖြစ် သန့်စင်မြက်၊ ပလိပ်ရောဂါဆေး၊ မျိုးပြောင်းစပါးနဲ့ယှဉ်ရင် ငါးစာသခွားသီးက ဘာမှမဟုတ်သေး။
"ကျေးဇူးပါ သူဌေး!''
ကောင်းယောင်ယောင်က ကျေးဇူးတင်စကားတန်းပြောလိုက်သည်။
ချင်လင်လည်းဧည့်ခန်းထဲဝင်ပြီး သူ့ရုံးခန်းထဲပြန်လာသည်။
ကောင်းယောင်ယောင်ကမူဖုန်းထုတ်ပြီး စိတ်လှုပ်ရှားစွာနှင့်သခွားသီးပုံများရိုက်နေသည်။ သခွားသီးတစ်လုံးခူးပြီးချိုးပြကာ အထဲမှာပုပ်နေပုံတောင်ပြထားသည်။
ကောင်းယောင်ယောင်ကဆက်ပြီး_
"ဒီနေ့.. ရှောင်ချင်ရဲ့ဖန်တီးမှုလေးတစ်ခုကို ရှင်တို့ဆီမျှဝေပေးမယ်''
ချင်လင်ရုံးခန်းထဲပြန်ရောက်သောအခါ တံခါးလော့ချပြီး ဂိမ်းဇာတ်ကောင်အားနတ်ဘုရားမတောင်တက်လမ်းဆီသွားစေသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။
ဒီနေ့အားနေမှတော့ နတ်ဘုရားမတောင်ပေါ်လျှောက်စူးစမ်းမည်။
အရင်က သူစိုက်ပျိုးရေးခြံထဲကထွက်မရ။ တစ်ခုခုလိုချင်ရင် ဇာတ်ကွက်ကြုံမှ၊ ဇာတ်ကောင်အဆင့်တက်မှသာ အသစ်ရသည်။
အခုစိုက်ပျိုးရေးခြံကထွက်ပြီးနတ်ဘုရားမတောင်ပေါ်တက်နိုင်ကတည်းက လိုချင်တာရဖို့နည်းလမ်းရှိလာသည်။
အခန်း ၁၂၆၈: ငါးအတွက် သခွား! ၂
လူပုလေးတောင်ကြားမှ တစ်ခုမကရခဲ့သည်။
တောင်ပေါ်စူးစမ်းသည့်အတောအတွင်း အပူချိန်ထိန်းမြက်လိုပစ္စည်းလည်းရခဲ့သည်။
တစ်နေ့သတ္တုမြို့တော်ဝင်နိုင်ရင် စက်များကိုအပြင်ထုတ်မည်ဟုတောင်စိတ်ကူးထားသည်။ အဲဒီအချိန်ကျရင် ကမ္ဘာကြီးတုန်လှုပ်သွားအောင် တစ်ခေတ်ဆန်းသစ်ပြမည်!
ပြီးတော့ သတ္တုမြို့တော်ဝင်နိုင်ရင်ရော၊ အစားတလိုင်းလိုသင်္ဘောလက်မှတ်ဖြတ်ပြီး အပြင်လျှောက်သွားနိုင်မလား?
TV စျေးဝယ်အစီအစဉ်က တခြားမြို့ကဆိုတော့ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်တခြားပုံစံတွေတောင်ရှိနိုင်သည်။
စတော့ကင်ထုတ်လုပ်သူရှာပြီး နည်းပညာတိုက်ရိုက်ဝယ်နိုင်ရင် အမျိုးသားထုကြီးအတွက်ကောင်းချီးမင်္ဂလာဖြစ်ဦးမည်။
ချင်လင်ကဂိမ်းထဲဝင်ပြီး သဘာဝ၏လန်းဆန်းမှုကိုခံစားရပြန်သည်။
သူကကျောပိုးအိတ်ထဲမှပုဆိန်ထုတ်လိုက်သည်။
အရင်တစ်ခါ လူပုလေးအာနီက ပန်းအိမ်ဒီဇိုင်းအတွက် လယ်ယာသုံးကိရိယာနှစ်ခုနှင့်လဲခဲ့သည်။ ပေါက်ပြားအပြင် ဒီပုဆိန်လည်းပါသည်။
(ငွေပုဆိန်: အထူး)
(လူပုလေးအာနီလုပ်ထားသောအထူးကိရိယာဖြစ်သည်။ အလွန်ထက်ပြီး သစ်ပင်ခုတ်ရာတွင်ပိုထိရောက်သည်!)
ချင်လင်ကတောထဲဝင်ပြီး လမ်းကြောင်းအသစ်ရှာသည်။
လမ်းတွင်ခြုံပုတ်များရှိသောကြောင့် ပုဆိန်ယမ်းပြီးနှစ်ပိုင်းခုတ်လိုက်ရာလမ်းပေါ်လာသည်။
ဒီတစ်ခါ နေ့ဝက်ကျိုးသည်အထိလမ်းလျှောက်သော်လည်း ဘာမှထူးထူးခြားခြားမတွေ့ရ။ ဒီလမ်းက သူသွားခဲ့သောလမ်းများနှင့်တူပုံမပေါ်ချေ။
လူပုလေးတောင်ကြားအပါအဝင် အရင်သွားခဲ့သောလမ်းများက သစ်ပင်များရှည်ပြီးသစ်တောထူထပ်သည်။
သို့ရာတွင် ဒီလမ်းမှာ အရင်လမ်းများထက် သစ်ပင်များသိသိသာသာတိုသွားပြီး ကျိုးတိုးကျဲတဲသာရှိသည်။ တခြားနေရာကသစ်ပင်များနှင့်ယှဉ်ကြည့်ပါက လှီနေသလိုပင်။
နေတိုက်ရိုက်ကျခြင်းကြောင့်ဖြစ်ကောင်းဖြစ်မည်။ နေရောင်အောက်တွင် သစ်ပင်များကပိုနိမ့်ပြီးလှီသည်။
ချင်လင်ကအချိန်ကြည့်လိုက်ရာ နေ့ဝက်ကျိုးတော့မည်။ လာလမ်းအတိုင်းပြန်မည်အပြုတွင် မြက်ဖုတ်ထဲမှလှုပ်ရှားသံကြားလိုက်ရ၏။
သူကချက်ချင်းလှမ်းကြည့်ပြီး ဘာကောင်လဲစူးစမ်းသည်။
ဒါမျိုးဖြစ်တာ ပထမဆုံးမဟုတ်။
သို့သော် လှမ်းကြည့်ပြီး သူကြောင်သွားသည်။
မြက်ထဲမှပုံရိပ်သေးသေးတစ်ခုထွက်လာ၏။
လူပုလေးလား?
ချင်လင်က သူ့အတွေးသူချက်ချင်းငြင်းလိုက်သည်။
လူပုလေးအသားက အစိမ်းရောင်မဟုတ်ဘူး။ နားရွက်ကမချွန်ဘူး။
"အား အား အား အား''
ကောင်လေးက သူ့ကိုမြင်ပြီးအော်သည်။ ကြောက်လန့်ပြီးချက်ချင်းလှည့်ပြေး၏။ နောက်ပြီး သူ့အရှိန်ကအလွန်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွား၏။
ချင်လင် ခဏကြောင်သွားသည်။ သူပြေးလိုက်သော်လည်း ကောင်လေးကပျောက်သွားပြီ။
ထူးဆန်းလိုက်တာ။
"အာ!''
မြေပေါ်မှတစ်စုံတရာကြောင့် ချင်လင်အံ့ဩသွားသည်။ ကောင်လေးကျခဲ့တာဖြစ်မည်။
လက်အိတ်နှင့်တူသော်လည်း လက်ချောင်းများကအလွန်သေးသွယ်သည်။ လူသား ဒါမှမဟုတ် လူပုလေးသုံးတာဟုတ်ဟန်မတူ။
ချင်လင်ကငုတ်တုတ်ထိုင်ချပြီး လက်အိတ်ကိုကောက်ယူလိုက်ရာ မှတ်ချက်ကိုတွေ့ရသည်:
(မှင်စာလက်အိတ်: ရေခဲနှင်းကမ္ဘာ!)
(အထူးလက်အိတ်ဖြစ်သည်။ မှင်စာလေးများကစားရန် မှင်စာနည်းပညာနှင့်မှင်စာများဖန်တီးထားသောကစားစရာဖြစ်သည်။ ခလုတ်ငယ်တစ်ခုပါသည်။ ခလုတ်နှိပ်လိုက်ပါက ထူးခြားသောမြင်ကွင်းကိုဖန်တီးပေးလိမ့်မည်။)
မှတ်ချက်ကြည့်ပြီး ချင်လင်အံ့ဩသွားသည်။
မှင်စာ?
ဒါမျိုးပေါ်လာမည်ဟု သူမထင်မိ။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံတချို့တွင် လူပုလေးများလို သတ္တုမြို့တော်နတ်သူငယ်၊လေတောင်ကြားနတ်သူငယ်လိုထူးခြားသောအကောင်များပါတတ်သည်။
ဒီမှင်စာကလည်း စိုက်ပျိုးမွေးမြူရေးခြံပုံပြင်မှအမှောင်လောကသားတစ်မျိုးဖြစ်သည်။
သူကစားနေတဲ့ပုံစံထဲမှာ မှင်စာမပါဘူးမလား?
ဒါမမြင်နိုင်တဲ့စနစ်ပြောင်းလဲမှုကြောင့်ဖြစ်မည်။ နတ်ဘုရားမတောင်ပေါ်တက်လာပြီး နာနာဘာဝကိုအမှန်တကယ်တွေ့လိုက်ရသည်။
ချင်လင်ကမှတ်ချက်ဖတ်ပြီး လက်အိတ်ပေါ်မှခလုတ်လေးကိုနှိပ်ကြည့်လိုက်သည်။ နောက်ခဏတွင် လက်အိတ်ကျောဘက်မှလေအေးအေးထွက်လာပြီး မြူခိုးအဖြစ်ပြောင်းသွားသောကြောင့် သူလန့်သွား၏။
ထိုမှုန်မှုန်မွှားမွှားက ဆယ်မီတာကျော်ဖြာသွားသည်။
နောက်ပြီး သာမန်မျက်စိနှင့်မြင်နိုင်သောအရှိန်ဖြင့်ရွေ့သွားခြင်းဖြစ်သည်။ မြူခိုးဝေသွားပြီးနောက် ပတ်ဝန်းကျင်မှာအေးစက်စက်ဖြစ်သွား၏။
မြူခိုးဝေသည့်အတိုင်း လေထုထဲငွေ့ရည်ဖွဲ့ပြီး နှင်းလိုအမှုန်များကျလာသည်။
ချင်လင်ကကြည့်ရင်းအံ့ဩနေသည်။ ကြည့်ရတာ မျက်လှည့်ဆန်သည်။
မြင်ကွင်းကလှလွန်း၊ဆွဲဆောင်မှုရှိလွန်းသည်။
ကလေးတွေသာမက မိန်းကလေးတွေလည်းသဘောကျလိမ့်မည်။
ကလေးကစားစရာလုပ်ရင် အလွန်နာမည်ကြီးမည်။
လက်အိတ်ဝတ်ပြီး မိုးပေါ်ကြည့်အော်တဲ့ကလေးများရှိချင်ရှိနိုင်သည်:
'ကျစမ်း.. ရေခဲနှင်းပါဝါ!''
တွေးကြည့်ရုံနှင့် မြင်ကွင်းတစ်ခုပေါ်လာသည်။
ချင်လင်ကပတ်ပတ်လည်လိုက်ကြည့်သော်လည်း မှင်စာကိုမတွေ့ရတော့။ သူကဂိမ်းတောင်တက်လမ်းပြန်လာပြီး အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။
ချက်ချင်းပင် မှင်စာလက်အိတ်ကိုအတွင်းဘက်ယူသွားပြီး အလုပ်ခန်းထဲဝင်သည်။
မှင်စာလက်အိတ်ပုံစံငယ်မရှိ၊ ဂိမ်းထဲမှာသက်ဆိုင်ရာနည်းပညာမရှိသောကြောင့် တိုက်ရိုက်ထုတ်မယူနိုင်။
ဒီတော့ လုပ်နည်းကိုသာကြံဆကြည့်ရမည်။
ဒါပေမဲ့ ဒါမျိုးသူမကျွမ်း။ လက်အိတ်ကိုချွတ်ပြီး ဒီအတိုင်းလျှောက်ကြည့်လိုက်သည်။
လက်အိတ်အပြင်ပိုင်းမှာ နည်းပညာသိပ်မပါ။ လက်အုပ်ရန်သုံးထားရုံသာဖြစ်သည်။ ကျောဘက်တွင်မူ ပြွန်လေးတစ်ချောင်းပါသည်။ မြူခိုးထွက်သောလမ်းကြောင်းဖြစ်သည်။
အောက်တွင်အစိတ်အပိုင်းများစွာပါပြီး လက်ဖဝါးနှင့်လက်ကောက်ဝတ်ကျောဘက်တွင်မြှုပ်ထား၏။
လက်ကောက်ဝတ်အတွင်းဘက်တွင် အခေါင်းပေါက်နှင့်အရည်တစ်မျိုးပါသည်။ နှင်းမှုန်များထူးထူးဆန်းဆန်းထွက်လာခြင်းက ဒီအရည်နှင့်ဆိုင်မည်။
အစိတ်အပိုင်းဖွဲ့စည်းပုံအားလုံးဖြုတ်ကြည့်သော်လည်း သူနားလည်သည်လည်းရှိ၊ နားမလည်သည်လည်းရှိသည်။ အစိတ်အပိုင်းများက အပင်မျိုးစိတ်နှင့်ဘာမှမဆိုင်သောကြောင့် သူလုံးဝဥဿုံနားမလည်ချေ။
သူကိုယ်တိုင်အဖြေမရှာနိုင်သော်လည်း ချင်းလင်ဓာတ်ခွဲခန်းမှာလူတွေအများကြီးရှိသည်။
ဒီအတွင်းပိုင်းကို သုတေသနသမားတွေဆီပြကြည့်ရင် သုတေသနသမားတွေကသိပ်တွေးနေမည်မဟုတ်။ ဘာအတွက်သုံးမှန်းသိဖို့ဝေးစွ။
နောက်ပြီး မှင်စာကစားစရာသက်သက်ဖြစ်၍ ချင်းလင်ဓာတ်ခွဲခန်းကသုတေသနသမားတွေအဖြေမရှာနိုင်စရာအကြောင်းမရှိ။
မဟုတ်ရင် ဒီလူတွေအားလုံး အလုပ်ထွက်ရနိုင်သည်။
ချင်လင်ကတွေးတောရင်း ဖွင့်ထားသောလက်အိတ်ကိုထားခဲ့ပြီး တန့်ကွမ်းဆီဖုန်းဆက်လိုက်သည်။ အတွင်းအစိတ်အပိုင်းတချို့ယူပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းဘက်ထွက်လာသည်။
သူဓာတ်ခွဲခန်းရောက်သောအခါ တန့်ကွမ်းကအသင့်စောင့်နေ၏။
အခုချင်းလင်ဓာတ်ခွဲခန်းသုတေသနဌာနမှာ သိပ္ပံနည်းကျသုတေသနအများကြီးရှိသည်။ အပင်မျိုးစိတ်နှင့်ဆက်စပ်သောသုတေသနအပြင် သက်ဆိုင်ရာကိုယ်ပိုင်သုတေသနပရောဂျက်လုပ်နေသောပညာရှင်များလည်းရှိသည်။
မှက်စာလက်အိတ်အတွင်းပိုင်းမှာ နည်းပညာတချို့ပါမည်။ ထို့ကြောင့် ချင်လင်ကတန့်ကွမ်းကိုမြင်မြင်ချင်း သက်ဆိုင်ရာသုတေသနဓာတ်ခွဲခန်းထဲလိုက်ပို့ခိုင်းသည်။
ဓာတ်ခွဲခန်းရောက်သောအခါ တန့်ကွမ်းကဖုန်းဆက်လိုက်ရာ သုတေသနသမား ၁၀ ယောက်ကျော် တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည်။
"ဥက္ကဌချင်.. CEO တန့်!''
"ဥက္ကဌချင်''
"ဥက္ကဌချင်''
ဒီသုတေသနသမားများကို ချင်လင်မမြင်ဖူးသော်လည်း သူတို့ကသူတို့သူဌေးချင်လင်ကိုသိကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့သူဌေးကနာမည်ကြီး။
"ဥက္ကဌချင် သူတို့ရောက်လာပြီ... ဘာလုပ်ပေးရမလဲ?''
တန့်ကွမ်းကဝင်ပြောသည်။
ချင်လင်ကမှင်စာလက်အိတ်အစိတ်အပိုင်းတချို့ထုတ်လိုက်ပြီး_
"ဒါလေးတွေကြည့်ခိုင်းမလို့''
ထိုသို့ပြောပြီး ပစ္စည်းတချို့ကိုစားပွဲပေါ်တင်ကာ_
"ဒါလေးတွေဘယ်လိုအလုပ်လုပ်သလဲဆိုတာကြည့်ပေး... ဘာပစ္စည်းလဲလို့မမေးပါနဲ့''
တန့်ကွမ်းက ချက်ချင်းသဘောပေါက်သည်။ တခြားဓာတ်ခွဲခန်းက သုတေသနထုတ်ကုန်ဖြစ်မည်။ ဥက္ကဌချင်ဘယ်လိုရခဲ့မှန်းမသိသော်လည်း သူကြိုးစားအဖြေရှာနေသည်။
ဒါမျိုးက ဓာတ်ခွဲခန်းတွေမှာရှိနေကျပင်။ မူပိုင်ခွင့်မရှိ၊မအောင်မြင်သေးတဲ့ပစ္စည်းဖြစ်ရင် ဓာတ်ခွဲခန်းသုတေသနပေါက်ကြားတာနဲ့ တိတ်တဆိတ်ဆုံးရှုံးရမည်။
ထို့ကြောင့် ဓာတ်ခွဲခန်းလုံခြုံရေးက အရေးကြီးသည်။
ဥက္ကဌချင်ဒီပစ္စည်းအကြောင်းနားလည်ရင် မူပိုင်ခွင့်မရှိ၊ရလဒ်မထွက်သေးတဲ့သုတေသနအတွက်အသုံးချနိုင်တဲ့နည်းပညာ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုရနိုင်သည်။
သူကချက်ချင်း သုတေသနသမားများကိုညွှန်ကြားလိုက်သည်_
"ပါမောက္ခဝမ်.. ဒီပစ္စည်းတွေကိုစမ်းသပ်ဖို့အားလုံးကိုဦးဆောင်လိုက်ပါ!''
ပါမောက္ခဝမ်တို့ကအချင်းချင်းကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်။
အခန်း ၁၂၆၉: အကြပ်အတည်းဖြေရှင်းနိုင်တဲ့သခွားသီး!
မနက်အစောတွင်နေထွက်လာပြီး ကမ္ဘာမြေကိုအလင်းရောင်စပေးသည်။ နေ့သစ်ဖြစ်၍ တက်ကြွမှုအပြည့်ပင်။
လုချန်းသုံ့တစ်ယောက် မနက်အစောကြီးနိုးလာသည်။
ကောလိပ်ကျောင်းသားဖြစ်၍ စည်းကမ်းရှိသည်။ မနက်တိုင်း အိပ်ရာထဲခဏလှိမ့်ပြီး ဗီဒီယိုအတိုများကြည့်သည်။
'ယောင်ယောင်က ဗီဒီယိုအသစ်တစ်ပုဒ်တင်ထားပါသည်'
လုချန်းသုံ့က Tiktok ဖွင့်လိုက်ရာ နောက်ဆုံးတင်ထားသောအသိပေးစာရောက်လာသည်။
သူကချက်ချင်းနှိပ်လိုက်၏။
လူငယ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်၍ မိန်းကလေးများကိုစိတ်ဝင်စားသည်။
သူ့ရုပ်ကမချောဘဲ မိသားစုကဆင်းရဲနေတာနှမြောစရာ။ ကျောင်းမှာသင့်တော်တဲ့မိန်းကလေးရှာဖို့မလွယ်ချေ။
ဒီနေ့ခေတ်မှာ အထက်တန်းကျောင်းတောင်အချစ်စစ်တွေ့ရန်ခက်သည်ဟုဆိုရမည်။ ဂျူနီယာအထက်တန်းမှာသာဖြစ်နိုင်မည်။
ထို့ကြောင့် မကြာခဏကျောင်းအပြင်ထွက်ရာ ဝမ်လောင်ကျီ၊ကျွဲရိုင်းနှင့်ကားပေါ်တက်သွားသောကျောင်းသူတချို့ကိုတွေ့ရသည်။ ဒီကမ္ဘာမှာမျှော်လင့်ချက်မရှိတော့သလိုပင်။
သူလိုက်နေသောအတန်းဖော်မိန်းကလေးတောင် ကျွဲရိုင်းနှင့်ဘတ်စ်ကားပေါ်တက်သည်ကိုတွေ့ရသည်။
ဒီအတန်းဖော်မိန်းကလေးက သူ့ကောင်မလေးလုပ်မယ့်အစား အဲလိုလုပ်ချင်ပုံရသည်။
လက်တွေ့ဘဝမှာစိတ်ပျက်စရာကောင်းသောကြောင့် လိုင်းပေါ်သူအာရုံစိုက်ထားသည်။ လိုင်းပေါ်မှာအလိမ်အညာဘယ်လောက်ရှိရှိ၊ တစ်ခါတလေ လက်တွေ့ဘဝကိုမေ့နိုင်သည်။
ထို့ကြောင့် အင်တာနက်ဆယ်လီအမျိုးသမီးများကိုလိုက်ကြည့်သည်။ သန့်စင်ခန်းဝင်ရင်း အင်တာနက်ဆယ်လီများ၏ဗီဒီယိုများကိုကြည့်တတ်သည်။ ကိုယ်လုပ်တော်ရွေးနေသလိုပင်။
ချင်းလင်တောင်တန်းစံအိမ်ကောင်းယောင်ယောင်မှာ သူစိတ်ဝင်စားသူများထဲမှတစ်ယောက်ဖြစ်သည်။
ဗီဒီယိုဖွင့်လိုက်သည်နှင့် အစ်မယောင်ယောင်က သခွားသီးခူးနေသည်ကိုတွေ့ရသည်။
မိန်းမလှလေးကသခွားသီးခူးနေသောကြောင့် သူ့စိတ်နည်းနည်းမှောင်သွား၏။
ဗီဒီယိုထဲမှအသံကြားရသည်_
"ဒီနေ့.. ယောင်ယောင်က ရှောင်ချင်ပျိုးထောင်ထားတဲ့ပစ္စည်းကောင်းလေးကိုမျှဝေပေးချင်ပါတယ်... အဲဒါကတော့ သခွားသီးပါ''
ထိုစကားကြောင့် လုချန်းသုံ့စိတ်ဝင်စားသွားသည်။
ရှောင်ချင်ကိုသူသိသည်။ လူငယ်မျိုးဆက်မှာ သူ့ကိုမသိသူသိပ်မရှိ။ ဒီလူကမထင်မရှားနေသော်လည်း ဆယ်လီအများစုထက်နာမည်ကြီးသည်။ သူနှင့်ပါမောက္ခလီခိုင်ကိုချင်းလင်ဓာတ်ခွဲခန်းသူရဲကောင်းနှစ်ယောက်ဟုသိကြသည်။
"ဒီသခွားသီးကိုရှောင်ချင်ပျိုးထောင်တာလို့မပြောနဲ့နော်?''
လုချန်းသုံ့ကအမှတ်တမဲ့တွေးမိသည်:
'စားတာ မျက်နှာကပ်တာ အမျိုးသမီးတွေသုံးတာ ** အပြင် တခြားဘာအာနိသင်ရှိမှာလဲ?'
ထိုအချိန် ဗီဒီယိုထဲတွင်အစ်မယောင်ယောင်က သခွားသီးကိုချိုးပစ်လိုက်သည်။ အထဲမှာစေးကပ်ကပ်နှင့်ပုပ်နေပြီ။
"ကားကြိတ်သွားတာလား?''
လုချန်းသုံ့က သူ့ဘာသာရေရွတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သခွားသီးကဒီလောက်ပုပ်နေမှတော့ စားဖို့မဖြစ်နိုင်။ မျက်နှာပေါ်လိမ်းဖို့လည်းမဖြစ်နိုင်။ အမျိုးသမီးသုံးဖို့ ပိုတောင်မဖြစ်နိုင်။
နောက်ခဏတွင် သခွားသီးကိုစမ်းချောင်းထဲပစ်ချလိုက်သည်။
လုချန်းသုံ့မထင်ထားတာဖြစ်သွားသည်။ သခွားသီးကိုစမ်းချောင်းထဲပစ်ချလိုက်သောအခါ ငါးများပြေးလာပြီး အစားကောင်းလုသလိုသခွားသီးကိုဝိုင်းထိုးကြသည်။။
ဗီဒီယိုထဲမှအသံထွက်လာပြန်သည်:
"အားလုံးမြင်တဲ့အတိုင်းပဲ.. ဒါရှောင်ချင်ပျိုးထောင်ထားတဲ့သခွားသီးပါ... ငါးအတွက်အထူးလုပ်ထားတာပါ... ငါးတွေကကြိုက်ကြတယ်... ရှောင်ချင်ကအမှတ်မထင်လေးလုပ်သွားတာ... စိုက်ပြီးပစ်ထားတာပဲ''
အချက်အလက်မျှဝေခြင်းဆိုသော်လည်း ကောင်းယောင်ယောင်က သူ့သူဌေးကိုချီးကျူးနည်းတစ်မျိုးဖြစ်သည်။
လုချန်းသုံ့ကကြည့်ရင်း အံ့ဩသွားသည်။
အိမ်မှာငါးမွေးထားသောကြောင့် ငါးကိုသခွားသီးကျွေးနည်းသူသိသည်။ ငါးစာလုပ်ရန် သခွားသီးကိုကြိတ်ချေပြီး ပါဝင်ပစ္စည်းတချို့ရောရသည်။
မဟုတ်ရင် သခွားသီးသက်သက်ကိုငါးမစားနိုင်။
နောက်ပြီး အလွန်ကရိကထများကာ လူအင်အားကုန်သည်။
သခွားသီးတစ်လုံးလုံးဒီအတိုင်းပစ်ချလိုက်ပြီး ငါးများအလုအယက်စားသောက်နေသောမြင်ကွင်းက မယုံနိုင်စရာကောင်းလွန်းသည်။
အမှန်ပင်။ ဒီလိုမြင်ကွင်းမျိုးက ငါးမွေးသူတိုင်းအတွက်မယုံနိုင်စရာပင်။
"သော*က် ရှောင်ချင်ကသာမန်ကာလျှံကာစိုက်လိုက်တာ ငါးကြိုက်တဲ့သခွားသီးပေါ့''
"ငါ့အထင်မမှားရင် ငါးတွေက သခွားသီးစားတယ်... ရှောင်ချင်ရဲ့သခွားသီးက နည်းနည်းအံ့ဩစရာပဲ''
"ငါးစာအတွက်သခွားသီးပျိုးထောင်တာ... ရှောင်ချင် တကယ်စိတ်ကူးကောင်းတာပဲ''
ကောင်းယောင်ယောင်ဗီဒီယိုကိုမြင်သူတိုင်းက အံ့ဩပြီးလေးစားနေကြသည်။
သို့ရာတွင် ကလန်ကဆန်အသံတစ်ခုထွက်လာသည်_
"အခုပြဿနာတစ်ခုရှိတယ်... ငါးတွေကြိုက်လည်း အလကားပဲ... ငါးအကြီးကြီးဖြစ်အောင်မွေးချင်ရင် အာဟာရအများကြီးလိုတာ''
"ဟုတ်တယ်.. အာဟာရလုံလုံလောက်လောက်မရရင် ငါးဘယ်လောက်ကြိုက်ကြိုက် မုန့်စားတဲ့ကလေးလိုဖြစ်နေမှာပဲ... ဒါပြဿနာဖြစ်နိုင်တယ်''
"အင်း.. ဒီလိုငါးမွေးရင် ပြဿနာတက်နိုင်တယ်''
မှတ်ချက်များအားလုံးမှာ သံသယသံနှင့်။
စိတ်ဝင်စားစရာကောင်းသည်။
သခွားသီးကအာဟာရမရှိကြောင်း၊ ငါးကျွေးရင် အကျိုးထက်အပြစ်များနိုင်ကြောင်း အားလုံးသိအောင် တစ်ယောက်ယောက်ကတမင်သက်သက်လမ်းကြောင်းနေသလိုပင်။
ရုံချန်း_
မာတီမီဒီယာအစည်းအဝေးခန်းထဲ၌_
ချီခိုင်ရုံတို့ပညာရှင်များ မျက်နှာထားတည်တည်နှင့်ကြည့်နေကြသည်။
မီဒီယာခန်းထဲတွင် အဆင့်မြင့်စက်နှင့်ရိုက်ထားသောကင်မရာပုံရိပ်များဖွင့်ထားဆဲပင်။
ရုံချန်းမင်မြစ်လက်တက်အခြေအနေက အရင်ထက်ပိုဆိုးလာသည်။
"ငါတို့အထင်မှန်တယ်... တစ်ခုခုဖြစ်တော့မယ်... ထင်တာထက်တောင်ပိုမြန်နေတယ်''
"မြေအောက်မြစ်မှာတခြားမျိုးတုံးငါးတွေဒီလောက်များမယ်မထင်မိဘူး... ငါးကြင်းစိမ်း ငါးကြင်းနက်တွေ ၁၅ ကတ်တီလောက်ရှိတဲ့အကောင်ကြီးတွေရော!''
"ချင်းလင်စံအိမ်မှာ ဘာလို့သဘာဝငါးကြီးတွေရှိလဲ အခုသိသွားပြီ... မြေအောက်မြစ်ကရောက်လာတာဖြစ်မယ်''
"အခုဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ စဉ်းစားရမယ်!''
ချီခိုင်ရုံသက်ပြင်းချလိုက်သည်။