← Chapters

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း ၁၂၇၀: အကြပ်အတည်းဖြေရှင်းနိုင်တဲ့သခွားသီး! ၂

တခြားပညာရှင်များ အသံတိတ်သွားသည်။

​မြေအောက်မြစ်နှင့်မင်မြစ်လက်တက်ဂေဟစနစ်က အပြန်အလှန်မှီတည်ဖြည့်တင်းမနေဘဲပျက်ယွင်းလာသည်။ ဒီလိုဖြစ်နိုင်ခြေအလွန်နည်း၏။

သို့သော် ဖြစ်နိုင်ခြေအနည်းဆုံးတောင်ဖြစ်လာပြီ။

ဒါကိုဖြေရှင်းဖို့နည်းလမ်းရှာရမည်။

သူတို့အဆိုပြုထားသောအစီအစဉ်များကိုကောက်ချက်ချပြီးနောက် ဘာမှထိရောက်မှုမရှိသည်ကိုတွေ့ရသည်။

တစ်ခုတည်းသောထိရောက်သည့်နည်းလမ်းက မင်မြစ်ထဲငါးအများကြီးထည့်ပြီး ငါးကြီးကငါးလေးများကိုစားသည့်အ​ခြေအနေကိုလျှော့ချရမည်။

သို့သော် ဒီနည်းက အချိန်ဆွဲရုံသာတတ်နိုင်သည်။ မည်သို့ဆိုစေ ​မြေအောက်မြစ်နှင့်မင်မြစ်လက်တက်ဂေဟစနစ်လုံးဝပြန်ကောင်းဖို့အချိန်ယူရမည်။

နောက်ပြီး ပိုင်ရွှင်နှင့်ပိုင်ကျီလိုငါးကြီးများ၏လိုအပ်ချက်ပြည့်ဝစေရန် ငါးစာအရည်အသွေးညံ့လို့မဖြစ်။

ဒီလိုအပ်ချက်အရ ရေရှည်တွင် ရံပုံငွေပမာဏကကြောက်စရာကောင်းလောက်အောင်များလာမည်။

ထို့ကြောင့် သတိထားရမည့်ပြဿနာပင်။

အထူးသဖြင့် ရုံချန်းနိုင်ငံ့ရတနာသဘာဝဘေးမဲ့တောအကြောင်း အားလုံးသိသည်။ ပြည်ပကတောင်သိသည်။

ပြည်သူ့ကြေညာချက်လုပ်ပြီးနောက် လိုင်းပေါ်တွင်အတော်များများက ချီးကျူးထားကြသည်။

ဂေဟစနစ်လုံးဝပျက်စီးသွားပါက ပိုင်ရွှင်၊ပိုင်ကျီနှင့်မျိုးတုံးငါးများ ဒုက္ခပြန်ရောက်နိုင်သည်။ ဒါသူတို့အတွက်ဂုဏ်မရှိသလို နာမည်လည်းပျက်မည်။

နိုင်ငံခြားသားတွေလှောင်ပြောင်ဟားတိုက်တာခံရနိုင်သည်။

အဲဒီအချိန်ကျရင် ဒီအပိုင်းမှာအရှက်ရပြီး ရှေ့ဆက်ဖို့ခက်နိုင်သည်။

ထိုအခိုက်_

ရုတ်တရက် ပညာရှင်တစ်ဦးကပြောသည်_

"ဒီနေ့လိုင်းပေါ်မှာသတင်းတစ်ပုဒ်တွေ့တယ်... ချင်းလင်အပန်းဖြေစံအိမ်မှာ ရှောင်ချင်စိုက်ထားတဲ့ငါးကျွေးတဲ့သခွားသီးဆိုလားပဲ... ငါးတွေအရမ်းကြိုက်ပုံပဲ... အလှမွေးငါးတွေကအလုအယက်စားကြတာ... သူတို့ကိုမေးကြည့်တာကောင်းမယ်''

ထိုပညာရှင်ပြောတာသဘောပေါက်ပုံနှင့် ချီခိုင်ရုံတို့ကလှမ်းကြည့်လိုက်ကြသည်။

သခွားသီးကိုငါးကြိုက်ရင် ကုန်ကျစရိတ်ကမများ။ လက်ရှိသူတို့ကြုံနေရတဲ့အကြပ်အတည်းကိုဖြေရှင်းနိုင်မယ်မလား?

"ဗီဒီယိုမြန်မြန်ပြစမ်းပါ!''

ချီခိုင်ရုံကတန်းပြောသည်။

ပညာရှင်ကခေါင်းညိမ့်ပြီး မာတီမီဒီယာဖန်သားပြင်တွင်ဖုန်းနှင့်ချိတ်ပြသည်။

ကောင်းယောင်ယောင်တင်ထားသောဗီဒီယိုပင်။

သခွားသီးခူးသောနေရာမှစသည်။

သခွားသီးရေထဲပစ်ချလိုက်သောအခါ အလှမွေးငါးများအလုအယက်စားနေပုံကိုကြည့်ရင်း တစ်ခုခုတော့ပုံမှန်မဟုတ်မှန်း ချီခိုင်ရုံတို့သိလိုက်သည်။

ရက်ပေါင်းများစွာအစာငတ်နေသလို၊ နောက်ကျရင်မစားရမှာစိုးနေသလိုပုံစံမျိုးဖြစ်သည်။

ငါးက အလှမွေးငါးများဖြစ်သည်။ ချင်းလင်အပန်းဖြေစံအိမ်လိုနေရာမျိုးမှာ အစာငတ်တာမဖြစ်နိုင်။ ဗီဒီယိုရိုက်ရုံ​သက်သက်အစာဖြတ်တာဆို ပိုမဖြစ်နိုင်။

ချင်းလင်အပန်းဖြေစံအိမ်လိုနေရာမျိုးအတွက် အရှက်ရစေသောလုပ်ရပ်မျိုးဖြစ်သည်။

အဲဒါထက် ရှောင်ချင်သုတေသနလုပ်တဲ့အရာက အမှတ်တမဲ့ဆိုရင်တောင်၊ ဘယ်သူမှသတိမထားမိရင်တောင် လုံးဝသာမန်မဟုတ်နိုင်။

သို့ရာတွင် ဗီဒီယိုကြည့်ပြီးနောက် ပညာရှင်တချို့မျက်မှောင်ကြုတ်လိုက်သည်။

လိုင်းပေါ်တွင်တစ်ယောက်ယောက်က သခွားသီးပြဿနာအကြောင်းအဆိုးမြင်မှတ်ချက်ပေးထားသည်။

"ဟုတ်ပြီ.. ငါးစာရောင်းတဲ့ကုမ္ပဏီဖြစ်မယ်... သခွားသီးက သူတို့ကိုထိခိုက်လာမှာစိုးလို့''

"ဘာပဲဖြစ်​ဖြစ် ရှောင်ချင်ပျိုးထောင်ထားတာပဲ''

စိတ်မကောင်းစွာပင်၊ ဒီအကွက်တွေက ရယ်စရာကောင်းလွန်းနေပြီ။ ချင်းလင်ဓာတ်ခွဲခန်းကပစ္စည်းကို ဒီနည်းနဲ့မရ။

"ကြည့်ရတာ ချင်းလင်အပန်းဖြေစံအိမ်ကိုသွားလည်ရမယ်ထင်တယ်''

ချီခိုင်ရုံကခေါင်းညိမ့်ပြီးပြောသည်။

ဒီလိုလမ်းကြောင်းမှုမျိုးကရယ်စရာကောင်းမှန်း သူလည်းသိသည်။ သခွားသီးအာနိသင်ရှိမရှိကိုမူ ချင်းလင်ဓာတ်ခွဲခန်းကကြေညာလိမ့်မည်။

ပြည်သူတွေယုံမယ်ထင်လား?

ဒီတော့ ဒီလိုလုပ်ရပ်မျိုးလုပ်သူက နည်းနည်းလူပျက်ဆန်သည်။

နတ်ဘုရားမတောင် တောနက်ထဲ၌_

ချင်လက်ကမှင်စာတွေ့သောနေရာပြန်လာသည်။

သစ်ပင်တစ်ပင်နားသွားပြီး ငုတ်တုတ်ထိုင်နေသည်။

မှင်စာတွေ့ပြီး မှင်စာကျန်ခဲ့သောလက်အိတ်ကြောင့် သူမျှော်လင့်စောင့်စားမိသည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် အမှောင်လောကသားနတ်သူငယ်များက အသုံးဝင်သည်။

အံ့ဩစရာကောင်းသောရေခဲနှင်းအာနိသင်နှင့်မှင်စာလက်အိတ်လိုပင်။

ထို့ကြောင့် သစ်ခေါင်းထဲမှယုန်ထွက်လာသည်ကိုစောင့်ရန်ပြင်လိုက်သည်။

ခြုံပုတ်တစ်ခုလှုပ်ရှားသွား၏။

ချင်လင်ကချက်ချင်း ထိုခြုံကိုကြည့်ပြီးခုန်ချလိုက်သည်။

နောက်ခဏတွင် တောမြေခွေးတစ်ကောင်ထွက်လာပြီး အလန့်တကြားပြေးသွား၏။

ထိုကောင်ကိုကြည့်ရင်း ချင်လင်သက်ပြင်းချလိုက်သည်။

ဒီတစ်ခါ ဘာမှမရမှာသေချာနေပြီ။

ခဏစောင့်ပြီးနောက် ယုန်စောင့်စောင့်နည်းကအသုံးမဝင်သောကြောင့် လာလမ်းအတိုင်းပြန်လာခဲ့သည်။ ဂိမ်းတောင်တက်လမ်းပြန်ရောက်သောအခါ အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။

အရင်တစ်ခါ ကံကောင်းပြီးမှင်စာနှင့်တွေ့ခဲ့သည်။ နောက်တစ်ခါထပ်တွေ့ဖို့ ကံကောင်းချိန်စောင့်ရဦးမည်ထင်သည်။

သူကဂိမ်းထဲမှထွက်ပြီး ရုံးခန်းတံခါးဖွင့်လိုက်သည်။

ချင်လင်ဧည့်ခန်းထဲရောက်သောအခါ ချန်လီနှင့်ချီခိုင်ရုံလျှောက်လာသည်ကိုတွေ့ရသည်။

"သူဌေးချင်.. ထပ်နှောင့်ယှက်မိတာအားနာပါတယ်''

ချန်လီကဧည့်ခန်းထဲဝင်လာပြီး တွေ့တွေ့ချင်းပြောသည်။

"သူဌေးချင်''

ချီခိုင်ရုံကလည်းပြုံးပြီးနှုတ်ဆက်သည်။

ချန်လီကိုသူနှင့်အတူလိုက်ပေးရန် တကူးတကသွားခေါ်လာခြင်းဖြစ်သည်။ မင်မြစ်လက်တက်ဂေဟစနစ်က ရုံချန်းနှင့်လည်းဆိုင်သည်။

အခုပြဿနာတက်နေ၍ သူဌေးချင်ဆီလာရောက်မေးမြန်းရာတွင် ရုံချန်းကလူလည်းပါရမည်။

မဟုတ်လို့ သူတစ်​ယောက်တည်းလာရင် ကြောင်တောင်တောင်​ဖြစ်နေမည်။

"လက်ထောက်ချန်''

ချင်လင်ကပြုံးပြီး_

"ခင်ဗျားတို့အတူတူလာတာ အကြောင်းရှိမှာပေါ့?''

ချန်လီကခေါင်းညိမ့်ပြီး လိုရင်းတန်းပြောသည်_

"သူဌေးချင် ငါတို့မင်းအကူအညီလိုနေတာ... ရုံချန်းမင်မြစ်လက်တက်မှာ တစ်ခုခုဖြစ်နေပြီ... မင်းကူညီရင်ရလိမ့်မယ်''

သူစိတ်လောတာ သိသာနေသည်။

ရုံချန်းမင်မြစ်လက်တက်ထဲရှိပိုင်ရွှင်၊ပိုင်ကျီနှင့်တခြားမျိုးတုံးငါးများမှာ ရုံချန်းအတွက်အလွန်အရေးပါသည်။

ပြည်တွင်းမှာရုံချန်းဂုဏ်ဆောင်နိုင်သည်။ မည်သို့ဆိုစေ ရုံချန်းကနိုင်ငံ့ရတနာများရှိသော၊တစ်ခုတည်းသောနေရာဖြစ်သည်။

အခန်း ၁၂၇၁: အကြပ်အတည်းဖြေရှင်းနိုင်တဲ့သခွားသီး! ၃

သို့သော် ချီခိုင်ရုံတို့ပညာရှင်တွေဆီက ရုတ်တရက်သတင်းဆိုးကြားရမည်ဟုမထင်မိ။ ရုံချန်းနိုင်ငံ့ရတနာတွေ ထပ်ပြီးမျိုးတုံးနိုင်သည်တဲ့။

"ဘာဖြစ်လို့လဲ?''

ချင်လင်ကတန်းမေးသည်။ ချန်လီမျက်နှာတည်နေသောကြောင့် ပိုင်ရွှင်၊ပိုင်ကျီနှင့်ဆက်စပ်နေမည်ဟု အမှတ်တမဲ့သူတွေးမိသည်။

"သူဌေးချင်.. ရုံချန်းမင်မြစ်လက်တက်ဂေဟစနစ်မှာ ပြဿနာရှိနေတယ်... ပိုင်ရွှင် ပိုင်ကျီတို့လိုမျိုးတုံးငါးတွေပြန်ပေါ်လာလို့ ငါးကြီးတွေက ငါးလေးတွေကိုစားတယ်... ရေနေသတ္တဝါဂေဟစနစ်မှာ ပြဿနာရှိလာတယ်''

ချန်လီကချက်ချင်းဆိုသလို ချင်လင်ကိုအားလုံးရှင်းပြလိုက်သည်။

“ကျွတ် ကျွတ်''

ချင်လင် ရုတ်တရက်အသံတိတ်သွားသည်။

ဒီလိုဖြစ်ရတာ သူ့ကြောင့်ဖြစ်မည်။

သူအတွက်မှားခဲ့ပုံရသည်။

မြေအောက်မြစ်ဂေဟစနစ်က ခဏတာဖြစ်ပြီး ဂေဟစနစ်အသစ်ဖြစ်လာရင်အဆင်ပြေသွားမည် သူထင်ခဲ့သည်။

သို့သော် ပိုင်ရွှင်၊ပိုင်ကျီနှင့်မျိုးတုံးငါးများတပြိုင်တည်းထွက်လာခြင်းက ရုံချန်းမင်မြစ်လက်တက်ဂေဟစနစ်အပေါ်သက်ရောက်မှုရှိလာသည်။

ထိုအခြေအနေကြောင့် Kappa သခွားသီးကို သူချက်ချင်းသတိရသွားသည်။

ရေနေသတ္တဝါကြိုက်ပြီး ငါးဂေဟစနစ်ကိုထိန်းသိမ်းနိုင်ခြင်း +၁ အရည်အသွေးကြောင့် အများကြီးစိုက်ပြီး မြစ်ထဲကပိုင်ရွှင်၊ပိုင်ကျီများကိုကျွေးလိုက်ပါက အချိန်နှင့်အမျှဂေဟစနစ်ပြန်ကောင်းလာမည်။

နောက်ပြီး ငါးအာဟာရ +၁၊ ငါးကြီးထွားနှုန်း +၁ အရည်အသွေးရှိသောကြောင့် ဖြူတုတ်လာသည်အထိကျွေးနိုင်သည်။

ထိုအချိန်တွင် ချီခိုင်ရုံကလည်း_

"သူဌေးချင်.. လိုင်းပေါ်မှာ မင်းပျိုးထောင်ထားတဲ့ငါးကျွေးတဲ့သခွားသီးဗီဒီယိုတွေ့တယ်... အဲဒီသခွားသီးအကြောင်းမေးချင်လို့... သခွားသီးစိုက်ချိန်ဘယ်လောက်ကြာလဲ? အထွက်နှုန်းဘယ်လိုရှိလဲ? ကုန်ကျစရိတ်ကရော? ငါးအတွက်အာဟာရရောရှိလား?''

"သခွားသီးစိုက်ချိန်မကြာပါဘူး... အထွက်နှုန်းလည်း အရမ်းကောင်းတယ်... ရိုးရိုးသခွားသီးထက်အများကြီးပိုသီးတယ်''

ချင်လင်က_

"အဲဒါကြောင့် ကုန်ကျစရိတ်ကလည်း ရိုးရိုးသခွားသီးထက်နည်းတယ်... အာဟာရတန်ဖိုးကတော့ မစမ်းကြည့်ရသေးဘူး''

ကြီးထွားနှုန်း +၁ ကြောင့် သခွားသီးကြီးထွားနှုန်းကပြောစရာမလို။

မျိုးစေ့ကိုသတ္တုမြို့တော်မျိုးစေ့စက်တွင်ထုတ်ခဲ့သောကြောင့် အထွက်နှုန်းအလွန်မြင့်သည်။

အာဟာရတန်ဖိုးကိုသူသေချာသိသော်လည်း ထုတ်မပြော။ ခြောက်ပစ်ကင်းလွန်းနေမည်။

သို့ရာတွင် ချီခိုင်ရုံမျက်လုံးကျယ်သွားသည်။ ဒီတော့ စမ်းသပ်ချက်မှာအာဟာရတန်ဖိုးအလုံအလောက်ပါရင် သခွားသီးကိုအကြီးအကျယ်စိုက်မည်။ မြန်မြန်ဆန်ဆန်ကြီးလာမည်။ ဒါဆို ပြဿနာဖြေရှင်းပြီးဖြစ်သွားမည်။

"သူဌေးချင်.. သခွားသီးလိုက်ကြည့်လို့ရမလား?''

ချန်လီကနားထောင်ပြီး တန်းပြောသည်။

"ရပါတယ် လက်ထောက်ချန်.. ဒီဘက်ကြွပါ''

ချင်လင်ကခေါင်းညိမ့်ပြီး ချန်လီနှင့်ချီခိုင်ရုံကို စမ်းချောင်းဘေးမှ Kappa သခွားပင်ဆီခေါ်သွားသည်။

ချန်လီနှင့်ချီခိုင်ရုံက ချက်ချင်းအပြေးလိုက်သည်။

ချီခိုင်ရုံက သခွားသီးအမှည့်တစ်လုံးကိုတန်းခူးလိုက်သည်။ ထင်တဲ့အတိုင်း ပျော့နေသည်။ ချိုးလိုက်သောအခါ အထဲတွင်ပုပ်နေသလိုကပ်စေးစေးရှိနေ၏။ သို့သော် ကောင်းယောင်ယောင်ဗီဒီယိုအရ အပုပ်မဟုတ်မှန်းသူသိသည်။ ဒီလိုပုံစံပင်။

ချီခိုင်ရုံက သခွားသီးတပိုင်းကိုစမ်းချောင်းထဲချလိုက်ရာ အလှမွေးငါးတစ်ကောင်ပြီးတစ်ကောင်အမြန်ရောက်လာပြီး သခွားသီးကိုစားသည်။

"တကယ်ဒီလိုပဲ''

ချီခိုင်ရုံပြုံးရွှင်သွားသည်။

သူမြင်ရသောမြင်ကွင်းအရ သခွားသီးကဘယ်လောက်ဆွဲဆောင်မှုရှိမှန်းသိလိုက်သည်။

ထို့နောက် ချီခိုင်ရုံကနောက်တပိုင်းကိုပစ်လိုက်ရာ အလှမွေးငါးတစ်အုပ်အမြန်ရောက်လာပြီးစားပစ်သည်။

"သူဌေးချင်.. အာဟာရတန်ဖိုးစစ်ကြည့်ရအောင် သခွားသီးနှစ်လုံးယူသွားမယ်''

ချီခိုင်ရုံက ချင်လင်ကိုတန်းပြောသည်။ သခွားသီးသာ ငါးအတွက်အာဟာရပြည့်ဝရင် လက်ရှိပြဿနာကိုသေချာပေါက်ဖြေရှင်းနိုင်ပြီ။

“အင်း!”

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ချီခိုင်ရုံက ခွင့်ပြုချက်ရသည်နှင့် Kappa သခွားသီးနှစ်လုံးတန်းခူးပြီး ချန်လီနှင့်အတူ ချင်းလင်အပန်းဖြေစံအိမ်မှပြန်ထွက်လာသည်။

သခွားသီးအာဟာရတန်ဖိုးကို အခုချက်ချင်းစစ်ကြည့်ချင်သည်။

အခုသခွားသီးမှာ အာဟာရတန်ဖိုးအရမ်းမြင့်စရာမလို၊ ငါးအတွက်လုံလောက်ရင်ရပြီ။ သာမန်ငါးစာအဆင့်မမီရင်တောင် အထွက်နှုန်း၊ကြီးထွားနှုန်းနှင့်ကုန်ကျစရိတ်သက်သာခြင်းကြောင့် ဖာထေးနိုင်သည်။

အခန်း ၁၂၇၂: အံ့ဩစရာပစ္စည်း!

ချီခိုင်ရုံက သခွားသီးနှစ်လုံးယူပြီး ချင်းလင်အပန်းဖြေစံအိမ်မှထွက်လာသည်။ ချန်လီကိုနှုတ်ဆက်ပြီးနောက် ရုံချန်းကပြင်ဆင်ပေးထားသောရုံးခန်းထဲအမြန်ဆုံးပြန်လာ၏။

တခြားပညာရှင်များလည်းရောက်လာပြီး ချီခိုင်ရုံကိုအကျိုးအကြောင်းမေးသည်။

"ပါမောက္ခချီ ဘယ်လိုလဲ?''

"အဲဒီသခွားသီးက ကျွန်တော်တို့အကြပ်အတည်းအတွက်အထောက်အကူဖြစ်လား?''

ချီခိုင်ရုံကသခွားသီးနှစ်လုံးထုတ်ပြီး_

"သူတို့ပြောပုံအရ သခွားသီးကအကြီးမြန်တယ်... အထွက်နှုန်းမြင့်တယ်... ကုန်ကျစရိတ်ပိုနည်းတယ်တဲ့''

"အဓိကက ဒီသခွားသီးကိုငါးတွေအရမ်းကြိုက်တာပဲ... အခုသခွားသီးအာဟာရတန်ဖိုးကိုကြည့်ရမယ်... သာမန်ငါးစာရဲ့တဝက်လောက်ပဲရှိရင်တောင် အဆင်ပြေတယ်''

"ဒီသခွားသီးနှစ်လုံးကို ချက်ချင်းစစ်ကြည့်ရမယ်... ဘယ်သူကိုင်မလဲ?''

ချီခိုင်ရုံတို့က ငါးမျိုးစိတ်ပညာရှင်များဖြစ်၍ အပင်အကြောင်းသိပ်မသိသော်လည်း နက်နဲသောသုတေသနမဟုတ်လျှင် စမ်းသပ်ချက်တချို့လုပ်နိုင်သေးသည်။

ဘာပဲဖြစ်ဖြစ် တချို့ကနှစ်ဘွဲ့ယူထားသည်။

"ကျွန်တော်လုပ်မယ်!''

ပညာရှင်တစ်ဦးကအမြန်ပြောသည်။

ချီခိုင်ရုံကခေါင်းညိမ့်ပြီး ထိုပညာရှင်ကိုသခွားသီးနှစ်လုံးပေးလိုက်သည်။

ပညာရှင်ကလည်း သခွားသီးကိုစမ်းသပ်ခန်းထဲယူသွား၏။

အခန်းထဲရှိကိရိယာများကို ပေကျင်းမှပို့ပေးထားခြင်းဖြစ်သည်။

အများစုကငါးနှင့်ဆိုင်သောကိရိယာများဖြစ်သော်လည်း အပင်စမ်းသပ်သောကိရိယာများလည်းပါသည်။

ဘာပဲဖြစ်ဖြစ် ရေညှိရေမှော်ပင်များကိုစမ်းသပ်နိုင်သည်။

ပညာရှင်က ကိရိယာများစွာတပ်ဆင်ပြီး ရိုးရိုးရှင်းရှင်းနည်းနှင့် သခွားသီးနှစ်လုံးကိုစတင်စမ်းသပ်သည်။

စမ်းသပ်မှုကအချိန်ယူရပြီး နှစ်ရက်ကြာမှအဖြေထွက်မည်။

အဖြေထွက်ချိန်၌ စမ်းသပ်သူပညာရှင်မှာ စမ်းသပ်ချက်ကိုစိတ်လှုပ်ရှားစွာကိုင်ရင်း ချီခိုင်ရုံတို့ကိုဖုန်းဆက်လိုက်သည်။

"အဖြေကဘယ်လိုလဲ?''

ချီခိုင်ရုံကတန်းမေးသည်။

ပညာရှင်ကမယုံနိုင်ပုံနှင့်_

"ပါမောက္ခချီ.. ဒီသခွားသီးတွေဘယ်လောက်အံ့ဩစရာကောင်းလဲ ခင်ဗျားတွေးမိမှာမဟုတ်ဘူး... ရှောင်ချင်က အံ့ဩဖို့ကောင်းတယ်လို့ပဲပြောနိုင်တော့တယ်... ရိုးရိုးသခွားသီးကိုဒီလိုဖြစ်အောင်ပျိုးထောင်နိုင်တယ်... ပြီးတော့ ရှောင်ချင်က သခွားသီးစိုက်ပြီးတာနဲ့ပစ်ထားတဲ့ပုံပဲ''

ထိုစကားကြောင့် ချီခိုင်ရုံတို့ပညာရှင်များ သိချင်စိတ်တဖွားဖွားဖြစ်လာသည်။

ပညာရှင်တစ်ဦးက လောလိုက်သည်_

"သိချင်အောင်လုပ်မနေနဲ့... အဖြေဘာလဲပြောစမ်းပါ?''

ပညာရှင်က စရှင်းပြ၏_

"ဒီသခွားသီးက တကယ်မယုံနိုင်စရာကောင်းတာ... စမ်းသပ်ချက်က အံ့ဩစရာပဲ... ရိုးရိုးသခွားသီးထက် မျိုးစိတ်အင်ဇိုင်းတွေအများကြီးပါတယ်... ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုလည်းမြင့်တယ်... ဒီတော့ သခွားသီးကအကြီးမြန်တဲ့သဘောပဲ... တစ်လလောက်နဲ့မှည့်လိမ့်မယ်''

"နောက်ပြီး tacole-b5 မျိုးစိတ်တန်ဖိုးက ရိုးရိုးသခွားသီးရဲ့နှစ်ဆကျော်တယ်... အဲဒါအထွက်နှုန်းတိုးတဲ့မျိုးစိတ်တန်ဖိုးပဲ... ဆိုတော့ကာ ဒီသခွားသီးအထွက်နှုန်းက ရိုးရိုးသခွားသီးရဲ့နှစ်ဆရှိတာပေါ့''

"အဓိကအကျဆုံးက သခွားသီးရဲ့အာဟာရတန်ဖိုးပဲ... အားလုံးသိတဲ့အတိုင်း ရိုးရိုးသခွားသီးမှာ ရေဓာတ် ကယ်လိုရီ ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် ဆယ်လူးလို့စ် ကယ်စီယမ် မဂ္ဂနီစီယမ် ပိုတက်စီယမ် ဗီတာမင်စီ စတာတွေပါတယ်''

"ဒါပေမဲ့ အဲဒီပါဝင်ပစ္စည်းတွေက ဒီသခွားသီးမှာမပါသလောက်ပဲ... ဆန့်ကျင်ဘက်အနေနဲ့ ငါးအတွက်လိုအပ်တဲ့အာဟာရတွေ ငါးကြီးဖို့အထောက်အကူဖြစ်တဲ့ဓာတ်တွေပိုပါတယ်''

"ငါးအတွက်လိုအပ်တဲ့အာဟာရတွေပြည့်စုံတယ်လို့ပြောရမယ်... အစက ဒီသခွားသီးမှာပါတဲ့အာဟာရကို ရိုးရိုးငါးစာတဝက်လောက်ပဲမှန်းထားတာ''

"ဒါပေမဲ့ အာဟာရအရှိဆုံးငါးစာတောင် ဒီသခွားသီးရဲ့တဝက်လောက်ပဲရှိတယ်''

"ရှေ့လျှောက် ဒီသခွားသီးက ငါးစာနေရာကိုလုံးဝအစားထိုးသွားမလားပဲ... အဲဒါကြောင့် ရှောင်ချင်က အရမ်းအံ့ဩဖို့ကောင်းတယ်ပြောတာ... သူအမှတ်တမဲ့စိုက်လိုက်တဲ့သခွားသီးတောင် ငါးအတွက်အာဟာရပြည့်တဲ့သခွားသီးဖြစ်သွားတယ်... အဆပေါင်းများစွာလည်းသာတယ်''

"နာမည်အကြီးဆုံးအပင်သုတေသီဆယ်ယောက်ပေါင်းလုပ်ရင်တောင် ဒီလိုဖြစ်ပါ့မလား... လုပ်နိုင်ရင်လည်း အချိန်ကုန်မယ် ငွေကုန်ကြေးကျများမယ်''

ဘယ်ဓာတ်ခွဲခန်းမှ ဒီပိုက်ဆံဖြုန်းမှာမဟုတ်၊ ဘယ်ပညာရှင်မှလည်း ဒီလိုသုတေသနမျိုးလုပ်မှာမဟုတ်၊ ဘာပဲဖြစ်ဖြစ် ဘယ်သူမှငတုံးမဟုတ်ပေ။

ရှောင်ချင်ဒီသခွားသီးပျိုးထောင်ခြင်းကိုမူ တုံးအသည်ဟုမမြင်ဘဲ ရှောင်ချင်ကပိုပြီးအထင်ကြီးစရာကောင်းသည်ဟုတောင် ပညာရှင်များကထင်ကြသည်။

ပညာရှင်များက အချိန်ကုန်မခံ၊ ဓာတ်ခွဲခန်းများက ငွေကုန်ကြေးကျမခံသော်လည်း ရှောင်ချင်ကအလွယ်တကူလုပ်သွားသည်။

နောက်ဆုံးတော့ ချင်းလင်ဓာတ်ခွဲခန်းက ဘာလို့အချိန်တိုအတွင်းဒီလောက်နာမည်ကြီးလာလဲ၊ ဘာကြောင့်ရလဒ်တွေအများကြီးထွက်လဲ သူတို့သဘောပေါက်သွားသည်။

ရှောင်ချင်တောင်ဒီလောက်စွမ်းနေရင် ပါမောက္ခလီခိုင်လည်းရှိသေးသည်။

ချီခိုင်ရုံကအဖြေရသည်နှင့် စိတ်လောပြီး_

"ဒီသတင်း ရုံချန်းကိုအသိပေးလိုက်... ဒီအံ့ဖွယ်သခွားသီးက ငါတို့အကြပ်အတည်းကိုလုံးဝဖြေရှင်းပေးနိုင်လိမ့်မယ်... ရှေ့လျှောက် သူတို့နဲ့ဆွေးနွေးရမှာ''

တခြားပညာရှင်များက ခေါင်းညိမ့်ကြသည်။

ချီခိုင်ရုံလည်းဖုန်းထုတ်ပြီး ချန်လီကိုဆက်လိုက်သည်။

ရုံချန်း_

စွန်းရှန်နှင့်ချန်လီကလည်း နှစ်ရက်အတွင်း ချီခိုင်ရုံတို့ဆီမှသတင်းစောင့်နေသည်။

မင်မြစ်လက်တက်ဂေဟစနစ်ရုတ်တရက်ပျက်ယွင်းလာသောကြောင့် သူတို့မတတ်နိုင်။ ပညာရှင်များကိုသာအားကိုးရမည်။

သူဌေးချင်သခွားသီးက အခုပြဿနာဖြေရှင်းနိုင်မည်ဖြစ်၍ အမြန်ဆုံးသတင်းရချင်သည်။

သို့သော် ရလဒ်ကအပြောနှင့်ဆုံးဖြတ်နိုင်သောအရာမဟုတ်။

ပညာရှင်များဆီကသတင်းလည်းစောင့်ရသည်။

ချန်လီဖုန်းမြည်လာသည်။ ချီခိုင်ရုံနံပါတ်ဖြစ်နေသောကြောင့် ချက်ချင်းဖုန်းကိုင်ပြီးမေးလိုက်သည်_

"ပါမောက္ခချီ.. သတင်းထူးလား?''

ချီခိုင်ရုံလည်း နည်းနည်းစိတ်လောနေသည်_

"လက်ထောက်ချန် အဖြေရပါပြီ... သခွားသီးက အံ့ဩစရာပါပဲ... လက်ရှိဂေဟစနစ်ပြဿနာကိုဖြေရှင်းနိုင်ရုံတင်မကဘူး... စျေးထဲကအာဟာရအရှိဆုံးငါးစာထက်တောင် အာဟာရတန်ဖိုးပိုများသေးတယ်''

All Chapters