ကျေးဇူးရှင်
Vol. 141 Ch. 1966
ကျိုးမျိုးနွယ်သည် ဒေါသထွက်လိုက်ချင်သော်လည်း မထွက်ရဲပေ။ သူတို့ သာ သူမစကားနောက် လိုက်ပြောရင် သူတို့တုံးတာကို ဝန်ခံလိုက်သလို ဖြစ် မသွားပေဘူးလား။
ပြီးနောက် သူမ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ သူတို့သာ ဂရုဏာသက် အောင် ပြုလုပ်ချင်လျှင်တောင် ဤမျှဒဏ်ရာပြင်းထန်အောင် လုပ်ရန်မလိုပေ။ အားလုံးသည် နှုတ်ဆိတ်သွားကြသည်။ သူတို့ကို သတ်လိုက်ပါက ကာကွယ်ရန် ပင် တတ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့ သနားကြင်နာမှုကို လိုချင်သည်ဆိုလျှင်တောင် အလွန် အကျွံဖြစ်နေသည်။
“ဆိုလိုတာက မင်းတို့က ဒီနေရာကို ကျလာတာပေါ့” အကြီးအကဲကြီး ပြောလိုက်သည်။
“ဟုတ်ပါတယ် အဲဒါကြောင့် အခုချိန်ကတော့ ပူးပေါင်းကြံစည်တယ်ဆိုပြီး စဉ်းစားဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာဆိုင်လို့လဲ.. ကျူးကျော်သူမှန်သမျှကို သတ်ဖို့လိုတယ်” လူတစ် ယောက်သည် ထိုဖြေရှင်းချက်ကို သဘောမတူပေ။ ကြည့်လိုက်ရာ ထိုလူသည် တိုက်ခိုက်ရသည်ကို သဘောတွေ့သည့်ပုံပင်။
“ကျိုးမျိုးနွယ်ရဲ့ ဒုအကြီးအကဲ.. ဒုအကြီးအကဲတစ်ယောက်အနေနဲ့ ရှင်က ရှင်တို့ မျိုးနါယ် လုံခြုံဖို့နဲ့ တည်ငြိမ်ဖို့ကိုမတွေးဘဲနဲ့ နေ့တိုင်း တိုက်ဖို့ခိုက်ဖို့ပဲ တွေးနေတာပဲ.. တစ်နေ့ ရှင်တို့မိသားစု ရှုပ်ထွေးသွားမှာကို မကြောက်ဘူးလား” ရှီမာယူယူ ခွန်းတုံ့ပြန်လေသည်။
“ငါက ဒုအကြီးအကဲဆိုတာကို မင်းက ဘယ်လိုသိတာလဲ” ဒုအကြီးအကဲ သည် သူမကို မမြင်ဖူးသည်မှာ သေချာသည်။ သို့သော် သူမသည် သူ့ကိုသိနေ သည်။ ဆိုလိုသည်မှာ သူတို့သည် မလာခင်ကပင် ပြင်ဆင်ထားခြင်းပင်။
“ရှင်က ဒုအကြီးအကဲဆိုတာကို သိရုံတင်မကဘူး ရှင့်ဒဏ်ရာက ရှီယွိ ကြောင့်ဖြစ်တာကိုလည်း သိတယ်.. အိုး.. သူက ဒီအတိုင်း ဝိညာဉ်မျိုးနွယ်ရဲ့ စစ်ဦးစီးတစ်ယောက်ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ငါတို့နဲ့ ဝိညာဉ်မျိုးနွယ်ကလူတွေကို ဘယ်လိုသိ…” ဒုအကြီးအကဲသည် သူမကို အလန့်တကြားကြည့်လေသည် “မင်းက တကယ်ပဲ ဘယ်သူလဲ.. ဒီကိစ္စတွေကို ဘယ်လိုလုပ်သိတာလဲ”
အခုချိန်တွင် သူမတွင် အစီအစဉ်မရှိဘဲ ရောက်လာသည်ဟု ကျိုးမျိုးနွယ် များမယုံတော့ပေ။ မဟုတ်လျှင် သူမက ဒီကိစ္စတွေ ဘယ်လိုလုပ်သိမှာလဲ။
ထိုအချိန်တွင် အားလုံးသည် သူမကို မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။
“ဘာလို့ အဲလောက်တောင် လေးနက်နေကြတာလဲ” ရှီမာယူယူသည် ရပ် ရသည်မှာ ပင်ပန်းလာသည်။ သူမ ခြေထောက်လှုပ်မည်အပြုတွင် ဝူလင်းယူ သည် ခုံထုတ်ပြီး သူမအနောက်သို့ ချပေးလေသည်။
သူမသည် သူ့ကိုပြုံးပြပြီး ခုံတွင်ထိုင်လိုက်သည်။ ထို့နောက် ဘာမှ ရှင်းမပြဘဲ သူတို့ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်နေသည်။ နှစ်ဖက်လုံးမှာ ငြိမ်သက်နေကြသည်။
ယွင်ရာသည် ရပ်ကြည့်နေရသည်မှာ ပင်ပန်းလာသည်။ ထို့ကြောင့် သူ လည်း ခုံထုတ်ပြီး ထိုင်လိုက်သည်။ သို့သော် ထိုခုံမှာ အလွန်တောက်ပြောင်ပြီး ကြီးကျယ်လှသည်။ ခုံနောက်မှီမှာ ကျောက်မျက်အမျိုးမျိုးဖြင့် စီခြယ်ထားရာ ဘုရင်တစ်ပါး၏ ခုံနှင့်ပင် ယှဉ်ရနေသည်။
ရှီမာယူယူသည် သူ့ခုံကိုကြည့်ပြီး ပြုံးချင်စိတ်ကို အောင့်ထားရသည်။ သူ သည် ဤမျှ ဟိတ်ဟန်ထုတ်တတ်သူ ဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။
ကျိုးမျိုးနွယ်သည် ယွင်ရာကိုကြည့်ပြီး စိတ်ထဲမှ ထိတ်ရွံ့သွားသည်။ ဒီလူရဲ့ နောက်ခံကဘာလဲ.. ရှီမာယူယူရဲ့ နောက်လိုက်တော့ ဟုတ်ပုံမရဘူး။
“ဂျီး ဂျီး ဂျီး…”
အသံခပ်ဖျော့ဖျော့သည် အပြင်မှထွက်လာပြီးနောက် အပြင်မှလူများ အော်သံများ ကြားလိုက်ရလေသည် “အာ.. ပျားတွေ ဘာလို့ ဒီလောက်များနေ တာလဲ”
နီရဲပျားအုပ်လိုက်ကြီးသည် အပြင်တွင် ပျံသန်းနေကြသည်။ သူတို့သည် မည်သူ့ကိုမှ မတိုက်ခိုက်သော်လည်း နေရာတိုင်းတွင် ပျံဝဲနေကြသည်။ သူတို့ထဲ မှ အကောင်သေးတစ်ကောင်သာ အခန်းထဲသို့ဝင်လာပြီး ရှီမာယူယူ၏ ပခုံးပေါ် သို့ ဆင်းသက်လေသည်။
မျိုးနွယ်ဝင်များထဲမှ တစ်ယောက်သည် အပြင်မှဝင်လာပြီး အော်လေ သည် “ခေါင်းဆောင် အပြင်မှာ ပျားတွေအများကြီးပျံနေပါတယ်”
“ပျာမသွားနဲ့ သူတို့ကိုမတိုက်ခိုက်နဲ့” ကျိုးကျိုးသည် တည်ငြိမ်စွာပင် ပြောလေသည်။
အိမ်ထဲတွင်လည်း နီရဲပျားများဝင်လာသည်ကို မျိုးနွယ်ဝင်များ မြင်နေရ သည်။ ခေါင်းဆောင်သည် ထိုအကြောင်းသိသည်နှင့် ပြန်ထွက်သွားခိုင်းလိုက် သည်။
ကျိုးကျိုးသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် လက်ဖဝါးထဲ မှ နီရဲပျားနှင့် ကစားနေသည်။ သူမသည် တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိလွန်း သည်။ သူမသည် အကျဉ်းခန်းထဲနေခဲ့ရသဖြင့် ထိတ်လန့်ပျာပျာဖြစ်နေခြင်းမရှိ ပေ။
“ကျုပ်တို့ အကြာကြီးစကားပြောပြီးနေပြီ ဒီမိန်းကလေးရဲ့ နာမည်ကို အခု ထိမသိရသေးပါလား” သူ၏အသံမှာ များစွာအားပျော့သွားပြီဖြစ်သည်။
“ရှီမာယူယူ”
ရှီမာယူယူလား။ သူတို့ သူမ၏ မိသားစုနာမည်ကို ကြားသောအခါ သူမ သည် မိသားစုကြီး သို့မဟုတ် အားကောင်းသည့်ဂိုဏ်းမှ မဟုတ်သည်ကို သိလိုက်ကြသည်။ ဒါဆို သူမမှာ ဒီရောင်ဝါရှိနေတာကို သူတို့ ဘာလို့ကြည့်လို့ မရတာလဲ။
“သူမက နာမည်မရှိတဲ့ဒုတိယမျိုးဆက်လို့ မထင်လိုက်နဲ့ သူမက တစ္ဆေ ဘုရင်ရဲ့ အချစ်ဆုံးမင်းသမီးပဲ” ယွင်ရာသည် ပျင်းရိသည့်ပုံဖြင့် နောက်သို့မှီ လိုက်သည်။
“တစ္ဆေဘုရင်မှာ ဘယ်တုန်းက ဒီလိုမျိုး မျိုးရိုးနာမည်မတူတဲ့ မင်းသမီးရှိ သွားတာလဲ”
တစ္ဆေဘုရင်တွင် မင်းသမီးအများအပြားရှိသည်။ သို့သော် အားလုံးမှာ ယွိမျိုးရိုးဖြစ်ကြသည်။ သူ့မှာ ဒီလိုမျိုးမိသားစုနာမည်မတူတဲ့ မင်းသမီး ဘယ်တုန်းကရသွားတာလဲ။
“အမှန်ပဲ.. သူမက တစ္ဆေလောကကို ရောက်တာ ၁၀ နှစ်ကျော်ကျော်ပဲရှိ သေးတယ်.. သူမရဲ့ ဂုဏ်သတင်းက အပြင်မှာ ပြန့်နေပေမဲ့ ဒီအထိတော့ ရောက် မလာဘူးထင်တယ်” ယွင်ရာသည် ဖြည်းဖြည်းချင်း ပြောလေသည် “ဒါပေမဲ့ သူမအကြောင်းမသိရင်တောင် သူမရဲ့အမေ.. တစ္ဆေဘုရင်ရဲ့ အငယ်ဆုံးသမီး ယွိခဲ့လော့ကိုတော့ သိမှာပေါ့”
“ဘာ.. သူမက ယွိခဲ့လော့ရဲ့သမီးလား”
ကျိုးမျိုးနွယ်မှလူအားလုံး အံ့အားသင့်သွားကြသည်။ ကျိုးမျိုးနွယ် ခေါင်းဆောင်သည် အခုမှပင် သူမကိုရင်းနှီးနေရသည့် အကြောင်းကို သိသွား တော့သည်။ သူမသည် သူမ၏ မိခင်ဖြစ်သူနှင့် အလွန်တူလှသည်။ သူသည် လွန် ခဲ့သည့်နှစ်များဆီက ယွိခဲ့လော့ကို မြင်ဖူးခဲ့သည်။ သူတို့သည် အသက်မတူကြ သဖြင့် သူတို့နှင့်တော့ အဆက်အစပ်မရှိခဲ့ပေ။
“ပြောရမယ်ဆိုရင် အမှောင်မင်းသမီးက ကျုပ်တို့ကို ကြင်နာခဲ့ပါတယ်.. ကျေးဇူးရှင်ရဲ့ သမီးကို ဒီနေ့တွေ့ရမယ်လို့မထင်မိဘူး တောင်းပန်ပါတယ်” ကျိုးကျိုးသည် မတ်တတ်ပြီး ရှီမာယူယူအား အရိုအသေပြုလေသည်။
“ခေါင်းဆောင် အမှောင်မင်းသမီးက ဘယ်တုန်းက ကျွန်တော်တို့ကို ကြင်နာလို့လဲ” တခြားသူများသည် မသိကြသဖြင့် သူ မဟုတ်မဟတ်များပြော နေသည်ဟု ထင်ကြသည်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘိုးဘေးကြီးက သူ့အကန့်အသတ်ကို ရောက် သွားခဲ့တယ်.. သူ့အတွက် ဆေးသန့်စင်ဖို့အတွက် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ကို ဆေးအကြီးအကဲဆီသွားတောင်းခဲ့တယ်လေ ခင်ဗျားတို့ မှတ်မိကြလား” ကျိုးကျိုး မေးလိုက်သည်။
“သေချာပေါက် မှတ်မိတာပေါ့ ဆေးအကြီးအကဲသာ အဲဒီဆေးဖက်ဝင် ပစ္စည်း မပေးရင် ဘိုးဘေးကြီး အသက်ရှင်ပြီး အခုထိနေနိုင်မှာမဟုတ်ဘူး” ဒုအကြီးအကဲ ပြောလိုက်သည်။
“ဒါဆို ကျုပ်တို့ အကြိမ်ပေါင်းများစွာ သွားရှာခဲ့ပေမဲ့ သူက တွေ့ခွင့်မပေး တာကိုလည်း မှတ်မိမှာပေါ့” ကျိုးကျိုး ပြောလိုက်သည် “ဆေးအကြီးအကဲက ကျုပ်တို့ ယူသွားတဲ့ပစ္စည်းတွေကို အထင်သေးပြီး သူ့တပည့်က ကျုပ်တို့ကို အကြိမ်တိုင်းငြင်းလွှတ်တာလေ” ကျိုးကျိုး ပြန်တွေးနေမသိည်။
အကြီးအကဲကြီးသည် တစ်စုံတစ်ရာ မှတ်မိသွားဟန်တူကာ ပြောလေ သည် “ခေါင်းဆောင် အဲတုန်းကမိန်းကလေးက အဲမိန်းကလေးလား”
“ဟုတ်တယ်” ကျိုးကျိုးသည် ခေါင်းညိတ်လေသည် “အဲနေ့ ကျုပ်တို့သွား တော့.. ခါတိုင်းလိုပဲ အပြင်မှာရပ်နေခဲ့တာ.. အဲအချိန်မှာ မိန်းကလေးတစ် ယောက်က အဆောင်ပြတင်းပေါက်ကနေ လှမ်းကြည့်နေတာ.. ပြီးတော့ အဲဒီ မိန်းကလေးရဲ့ အသံကြားခဲ့တယ်.. ကျုပ်တို့က အကြိမ်ပေါင်းမနည်းလာနေပုံ ထောက်ရင် အရေးတကြီးလိုတဲ့ ဆေးပစ္စည်းလိုလို့ဖြစ်မယ်တဲ့ ပြီးတာနဲ့ သခင်ကြီးရဲ့ တပည့်က ကျုပ်တို့လိုတဲ့ ဆေးပစ္စည်းယူပြီးထွက်လာတာပဲ.. ကျုပ် တို့ ထွက်သွားတော့ တပည့်နှစ်ယောက်က အမှောင်မင်းသမီးအကြောင်းပြော နေတာ ကြားခဲ့တယ်”
“တကယ်ပဲ ကျုပ်တို့တွေ အဲဒီမိန်းကလေးအကြောင်း ပြောခဲ့ကြတာ သူမ ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” အကြီးအကဲကြီးသည် နောင်တရစွာဖြင့် ပြော လေသည်။
“ဟုတ်တယ် သူမသတင်းမကြားရတာ တော်တော်ကြာခဲ့ပြီ.. နောက် တစ်ခေါက်ပြန်တွေ့ရတာ သူမရဲ့သမီးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ကျိုးကျိုး ပြောလိုက်သည်။
သူတို့သည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟုထင်မထားသဖြင့် ကျိုးမျိုးနွယ် ဝင်များသည် အနည်းငယ် နေရခက်သွားသည်။ သူတို့ စစ်ဆေးမေးမြန်းမည့်သူ သည် သူတို့၏ ကျေးဇူးရှင်၏သမီးဖြစ်နေသည်။ အခု သူမကိုကြည့်ရသည်ကို ပင် ရှက်ရွံ့လာသည်။
“ကြည့်ရတာ ဒီနေ့တိုက်ခိုက်ဖို့မလိုတော့ဘူးထင်တယ်” အခြေအနေမှာ ရုတ်တရက်ပြောင်းသွားလိမ့်မည်ဟု ယွင်ရာ ထင်မထားပေ။ ကျိုးမျိုးနွယ်သည် ယွိခဲ့လော့ လုပ်ပေးခဲ့သည့် ကိစ္စများကို မှတ်မိသည့်ပုံပင်။
“မတိုက်ခိုက်ပါဘူး မတိုက်ခိုက်ပါဘူး မင်းသမီးလေးက အမှောင်မင်းသမီး ရဲ့ သမီးဆိုမှတော့ ကျုပ်တို့ရဲ့ ဧည့်သည်ပဲပေါ့.. ပြီးတော့ တမင်ကျူးကျော်လာ တာမဟုတ်ဘူးလို့ ပြောတယ်မလား.. ဘယ်လိုလုပ် ဒါကို ခွင့်မလွှတ်နိုင်ရမှာလဲ” ကျိုးကျိုး ပြောလိုက်သည် “ကျိုးဟွေ့ ဧည့်သည်တွေနေဖို့ သစ်တောလှိုင်းတံပိုး ခြံဝန်းကိုသွားပြင်ဆင်လိုက်”
မိန်းကလေးတစ်ဦးသည် ချက်ချင်းပင် ထပြီးပြင်ဆင်ရန်ထွက်သွားလေ သည်။
ကျိုးကျိုးသည် ရှီမာယူယူကို ပြောလိုက်သည် “မင်းသမီးလေး ဒီကို ရောက်လာမှတော့ ကျုပ်တို့မျိုးနွယ်မှာ ခဏတော့ နေကြပါ.. အိမ်ရှင်အဖြစ် ဧည့်ဝတ်ကျေဖို့ အခွင့်အရေးပေးပါဦး”
ရှီမာယူယူသည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူ ကန့်ကွက်ခြင်းမရှိ သည်ကိုမြင်သည်နှင့် သူမ သဘောတူလိုက်သည်။ သူမသည် နီရဲပျားများကို သိမ်းလိုက်သည်။ နီရဲပျားအုပ်လိုက်ကြီးပျံသန်းလာရာ သူတို့သည် ကြက်သီး များပင်ထသွားတော့သည်။
နီရဲပျားများကို သိမ်းဆည်းပြီးနောက် သူမ ကျိုးကျိုးကို ပြောလိုက်သည် “ခေါင်းဆောင်ကျိုး ကျွန်မ ရှင့်ဆီက သိချင်တာရှိပါတယ်….”
***