နာကျင်မှု
Vol. 141 Ch. 1968
ဖူရှီသည် စစ်ဆေးခံရန် လိမ်လိမ်မာမာပင် ခုံပေါ်တွင်ထိုင်လိုက်သည်။
သူသည် ကွာခြားမှုကို ခံစားနေရသော်လည်း မည်မျှပြန်ကောင်းနေသည် ကိုတော့ သူ မသိပေ။
ရှီမာယူယူသည် သူ့ကို စစ်ဆေးပြီးနောက် မျက်လုံးများဖြင့် ပြုံးလိုက် သည် “အလုပ်ဖြစ်တဲ့ပုံပဲ မင်းခန္ဓာကိုယ်က စပြီးဖွံ့ဖြိုးနေပြီ.. လတ်တလောမှာ နာတာကျင်တာ ခံစားရလား”
“အင်း အရိုးတွေနာတာကို ခံစားမိတယ် အထူးသဖြင့် အဆစ်တွေပဲ.. ဒါပေမဲ့ ဒီလိုဖြစ်မယ်လို့ မင်းပြောထားတော့ ငါ စိတ်မပူပါဘူး” ဖူရှီ ပြန်ဖြေလေ သည်။
“အင်း အခု မင်းကဖွံ့ဖြိုးနေပြီဆိုတော့ ပြဿနာတစ်ဝက်တော့ ရှင်းသွား ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“နောက်တစ်ဝက်ကရော”
“မင်း စပြီးဖွံ့ဖြိုးလာပြီဆိုတာနဲ့ ပြီးသွားပြီလို့ မထင်လိုက်နဲ့” ရှီမာယူယူ သည် လက်ကိုပြန်ရုတ်လိုက်သည် “မိုယွိရဲ့ ချိပ်စည်းက နှစ်တစ်ဝက်လောက်ပဲ ခံမှာ.. အခုကို နှစ်လရှိပြီ.. ဆိုလိုတာက မင်းမှာ အချိန်လေးလပဲရှိတယ်.. လေး လအတွင်းမှာ အနည်းဆုံးတော့ မင်းခန္ဓာကိုယ်ကို တောင့်ခံနိုင်ဖို့ ကျန်းမာနေဖို့ လိုတယ်.. ချိပ်စည်းမရှိတော့တာနဲ့ အဲဒီစွမ်းအားက မင်းကို ဒါမှမဟုတ် မင်း စွမ်းအားသုံးဖို့ကို ဆန့်ကျင်လိမ့်မယ်”
သူမ သေချာစဉ်းစားပေးထားသည်ကို ဖူရှီ ရင်ထဲထိမိသည်။
“အဲလောက်ကြီး ရင်ထဲထိမနေနဲ့ ဒီနေ့အတွက် ကုသမှုလုပ်ရအောင် ပြီးရင် မင်း ဆေးရည်စိမ်ဖို့ ဆေးညွှန်းဖွင့်ပေးမယ်” ရှီမာယူယူ ဆက်ပြောလေ သည် “မင်း အံကြိတ်ပြီးတော့ တောင့်ခံထားရမယ်”
“မင်းကို ကြည့်ရတာ ငါတောင်ပျာယာခတ်သွားပြီ” ဖူရှီသည် နိမိတ် မကောင်းသော ခံစားချက်ရလေသည်။
ဖူရှီသည် ဆန့်ကျင်ချင်သော်လည်း မတတ်နိုင်ပေ။ သူ၏ ကျန်းမာရေး အတွက် မည်သို့ပင်ဖြစ်စေကာမူ ကျော်ဖြတ်ရမည်ပင်။
ရှီမာယူယူသည် သူ့ကို အိပ်ရာပေါ်တွင် လှဲခိုင်းလိုက်ပြီး ခါတိုင်းလိုပင် လျှပ်စီးဖြင့် ရှော့တိုက်သည်။ ပြီးသည်နှင့် နားခိုင်းပြီးနောက် ဆေးရည်စိမ်ရန် အတွက် ဆေးစပ်ညွှန်းလေသည်။ သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် ယွင်ရာ ကိုမြင်လိုက်ရသည်။
“ဘာလုပ်နေတာလဲ ဘာလို့ လျှပ်စီးကိုမြင်လိုက်ရတာလဲ” ယွင်ရာ မေး လေသည်။
“လူကယ်နေတာ” ရှီမာယူယူသည် ယွင်ရာ ဖူရှီကို မြင်နိုင်စေရန်အတွက် ကိုယ်ကို ယိမ်းပေးလိုက်သည်။
ဖူရှီသည် သူမ နောက်သို့လိုက်လာသဖြင့် ဖုံးကွယ်နေရန်မလိုပေ။ သို့သော် ရှင်းပြရန်လိုသည်ဟုလည်း သူမ မထင်ပေ။
“ဒီကောင်လေးက ဘယ်သူလဲ ဘယ်လိုလုပ် ဒီမှာပေါ်လာတာလဲ” ယွင်ရာ မေးလိုက်သည်။
သူ့ကို လောကအသေးထဲထည့်ထားသည်ဟုသာ ရှီမာယူယူ အကျဉ်းချုံး ရှင်းပြပြီး ပြောလိုက်သည် “ကျွန်မ တခြားလုပ်စရာလေးရှိသေးလို့”
ထိုစကားမှာ ‘သိပြီဆိုတော့လည်း အခုသွားတော့လေ’ ဟုဆိုလိုခြင်းပင်။
“မင်း ဘာလုပ်မလို့လဲ ငါကူညီပေးမယ်လေ”
ရှီမာယူယူမှာ “….”
နောက်ဆုံးတွင် ယွင်ရာသည် သူမ နှင်ထုတ်ခြင်းကိုခံလိုက်ရတော့သည်။ သူမ ဘာလုပ်မယ်ဆိုတာကို ဘယ်လိုလုပ် မြင်ခိုင်းရမှာလဲ။
ယွင်ရာသည် သူမအကြောင်းနှင့် သူမ၏အခြေအနေကို ပိုသိချင်ကြောင်း ကို သူမ နားလည်သည်။ သူ့ကို ဤနေရာထိ လာခိုင်းသည်ကပင် သူမ တုံးနေ ခြင်းဖြစ်သည်။
ဤနေရာတွင် ရေပူစမ်းရှိသည်ကို သိသဖြင့် ဆေးရည်စိမ်ရန်အတွက် ကောင်းမည်ဟုထင်သဖြင့် သွားလိုက်သည်။ ပြီးနောက် သူမသည် သစ်သား စည်ပိုင်းကိုယူပြီး ရေပူစမ်းမှရေထည့်ကာ ဆေးနှင့်ရောစပ်လိုက်သည်။
သူမ ပြီးစီးသည့်အချိန်တွင် မိုးမှောင်နေပြီဖြစ်သည်။ ဝူလင်းယူသည် ဖူရှီကို ချီလာသည်။
“သူ့အင်္ကျီတွေချွတ်ပြီး ဒီထဲကိုထည့်လိုက်” ရှီမာယူယူသည် ငွေအပ်များ ကို စစ်ဆေးရင်း ခေါင်းမမော့ဘဲ ညွှန်ကြားလေသည်။
ဝဓလင်းယူသည် အတွင်းခံဘောင်းဘီကိုသာ ကျန်သည်အထိ ဖူရှီကို ချွတ် ပေးပြီးနောက် ရေထဲပစ်ချလိုက်သည်။
“အာ…” ငြီးငွေ့စရာကောင်းလှသော နာကျင်မှုသည် ဖူရှီကို အော်မိစေ သည်။ သို့သော် သူသည် သည်းခံကာ နာကျင်မှုကြောင့် ဖျော့တော့နေသော မျက်နှာလေးသည် ပြုံးလာသည်။
တကယ်တော့ သူ့ခန္ဓာကိုယ်သည် လျှပ်စီးရှော့တိုက်ခြင်းပြီးကတည်းက ပင် နာကျင်နေကာ အခု သူ့ကို ဤအထဲသို့ ပစ်လိုက်သဖြင့် သူ့ခန္ဓာကိုယ်ကိုပင် မခံစားရတော့ပေ။
ရှီမာယူယူသည် စားပွဲလေးကို တွန်းပြီး ပြောလိုက်သည် “ဒီဆေးရည်က နာပေမဲ့ အရမ်းသက်ရောက်မှုရှိတယ်… ပြီးတော့ မင်းခန္ဓာကိုယ်က အခုမှ လျှပ်စီးကုထုံးနဲ့ကုထားတာလေ.. သက်ရောက်မှုက နှစ်ဆရှိလိမ့်မယ်.. ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နာကျင်မှုကလည်း နှစ်ဆဖြစ်မှာပဲ”
ဖူရှီသည် အသာခေါင်းညိတ်လိုက်သည်။ သူ အသက်ရှင်ချင်လျှင် နာကျင် မှုကို တောင့်ခံရမည်။
သူ မည်မျှ နာကျင်သည်ကို မြင်သောအခါ ရှီမာယူယူသည် သနားမိသည်။ သူမသည် ပုဝါတစ်ထည်ယူပြီး သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည် “မကိုက်လိုက် နဲ့နော် ဒဏ်ရာရသွားမယ်”
ဖူရှီသည် ပုဝါကိုကိုက်လိုက်သည်။ သူ့ဆီမှ အသံသည် မည်မျှ နာကျင်နေ ကြောင်းကို အားလုံးသိနိုင်သည်။ ဝူလင်းယူသည် သူ့ကို သဘောကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဤဆေးရည်စိမ်ရသည်မှာ မည်မျှနာကျင်ကြောင်းကို သူသိခဲ့သည်။ သူသည် အဘိုးနတ်ဆိုး နှိပ်စက်သည်ကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ် ဒဏ်ရာအပြည့်နှင့်ရှိစဉ်က ပို၍ပင် ထိတ်လန့်ခဲ့သည်။
သို့သော် သူသည် ရေထဲဆင်းချိန်မှအပ မည်သည့်အသံမှမထွက်ခဲ့ပေ။ ဒီကောင်လေးကလည်း ဆန္ဒတော်တော်ပြင်းတာပဲ။
“အခု မင်းကို အပ်စိုက်ပေးမယ် အဲလိုဆိုရင် စုပ်ယူမှုအားလည်း နှစ်ဆမြန် သွားသလို နာကျင်မှုကိုလည်း တစ်ခါတည်း သက်သာစေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
ဖူရှီ ခေါင်းညိတ်သည်နှင့် ရှီမာယူယူသည် သူ့ကို အပ်စိုက်ပေးသည်။ သူ၏ ပိန်ပါးသော ပခုံးများနှင့် ဦးရေပြားမှာ အပ်များဖြင့် ပြည့်နှက်နေသည်။
“အခု ဘယ်လိုနေလဲ”
“ပိုသက်သာလာတယ်” ဖူရှီသည် ပုဝါကိုက်ထားသဖြင့် ကောင်းကောင်း ပင် အသံမထွက်နိုင်ပေ။ သို့သော် ရှီမာယူယူသည် သူ့စကားကို နားလည်သည်။
နာကျင်မှုလျော့သွားသည်ဟု ဆိုသော်လည်း နာကျင်နေတုန်းပင်ဖြစ် သည်။ မည်သည့်အချိန်တွင် နာကျင်မှုရပ်သွားမလဲဆိုသည်ကို မည်သူမှမသိ ပေ။
သူ သတိမေ့မြောတော့မည့်အချိန်တွင် သူ့ကို တစ်စုံတစ်ယောက်မှ ချီပြီး ခန္ဓာကိုယ်ကို ရေသုတ်ပေးပြီး နူးညံ့သော အိပ်ရာပေါ်သို့ တင်ပေးသည်ကို ခံစား မိလိုက်သည်။ ပြီးနောက်သူသည် အိပ်မောကျသွားလေသည်။
ထိုညသည် ဖြတ်သန်းခဲ့သည့်နှစ်များတွင် အဆိုးဆုံးညဖြစ်လိမ့်မည်။ အရင်ကဆိုလျှင် သူ့နားမှလူများသည် သူ့ကို အလိုလိုက်ကြကာ နာကျင်မှုကို မခံစားစေခဲ့ပေ။ သူ နေမကောင်းသည်နှင့် အားလုံးသည် သူ့ကို သနားခဲ့ကြ သည်။ အခု သူမ သူ့ကို လုပ်ပေးနေသည်ကို သူတို့ သိလျှင် မည်မျှဒေါသထွက် ကြမည်မသိပေ။
သူ နာကျင်ခဲ့သမျှမှာ အချည်းနှီးမဖြစ်ပေ။ တစ်ရက်နှင့် တစ်ည အိပ်ရေး ဝဝအိပ်ပြီးနောက်တွင် သူနိုးလာပြီး လျှပ်စီးကြောင့် နာကျင်မှုသည် ပြန်ကောင်း နေပြီဖြစ်သည်ကို သိလိုက်ရသည်။
“ဝါး..” သူသည် လေးလံပြီး ငိုက်မျဉ်းနေတုန်းပင်။
သူ ကျော်ဖြတ်ခဲ့သည့်အရာကို စဉ်းစားမိသည်နှင့် ကြောက်ရွံ့မှုကြောင့် တုန်ယင်မိသည်။ သူသည် ဒဏ္ဍာရီနဂါးအမိန့်ကို လက်ခံခဲ့ချိန်ကလွဲပြီး တစ်ဘဝ လုံး ဤမျှနာကျင်မှုကို မခံစားခဲ့ရပေ။
ရှီမာယူယူသည် တံခါးတွန်းဖွင့်လိုက်ရာ သူနိုးနေသည်ကို မြင်လိုက်ရ သည် “နိုးလာပြီလား ကွက်တိပဲ ထပြီး ယာဂုလေးသောက်လိုက်ဦး”
ဖူရှီသည် သူမ ဗန်းကိုင်လာသည်ကို မြင်သည်။ သူမ ထိုသို့ပြောလိုက် သောအခါ အနည်းငယ်ဗိုက်ဆာလာသလိုပင်။ သူသည် ထထိုင်လိုက်ရာ အင်္ကျီ ဝတ်မထားသည်ကို သတိထားမိသောအခါ ရှက်သွားလေသည်။
သူရှက်သွားသည်ကို ရှီမာယူယူ မြင်သောအခါ ရယ်ချင်စိတ်ကို အောင့် ထားပြီး စားပွဲပေါ်တွင် ယာဂုတင်ပြီး သူ့ကိုကျောပေးကာ ထိုင်လိုက်သည် “မင်း ရဲ့ခန္ဓာကိုယ်ကို ငါ အရင်ကမမြင်ဖူးတာကျနေတာပဲ… မြန်မြန် ယာဂုကအေး တော့မယ်.. အေးသွားရင် ဆေးအာနိသင်ပျောက်သွားလိမ့်မယ်”
ဖူရှီ၏ မျက်နှာမှာ ပိုနီရဲလာသည်။ သူသည် ကလေးတစ်ယောက်ပုံစံ ဖြစ် နေသော်လည်း သူ့စိတ်မှာတော့ အသက် ၂၅၀ အရွယ်ရှိနေပြီဖြစ်သည်။ ထိုသို့ ပြောလိုက်သည်နှင့် ပိုရှက်သွားလေသည်။
သူသည် စိတ်ထဲမှ ညည်းညူလိုက်သော်လည်း အမြန်ပင် သန့်သော အင်္ကျီဝတ်ပြီး ဆေးကြောကာ ရှီမာယူယူဘေးတွင် ထိုင်လိုက်သည်။
ရှီမာယူယူသည် သူ့အတွက် ယာဂုပြင်ထားပြီးသားဖြစ်သည်။
ဆေးယာဂုတစ်ပန်းကန်နှင့် အသီးအနှံသုံးပန်းကန်ပြား တင်ထားသည်။
“မွှေးလိုက်တာ ဒါကဘာယာဂုလဲ” ဖူရှီ မေးလိုက်သည်။
“ဒါက မင်းခန္ဓာကိုယ်အခြေအနေအတွက် ဆေးပစ္စည်းတွေသုံးပြီး ဒီ ဆေးယာဂုကြိုထားတာ” ရှီမာယူယူ ဆက်ပြောလေသည် “အခုတော့ နည်းနည်းမူးနေမှာပဲ ဒါစားပြီးရင်ကောင်းသွားလိမ့်မယ်”
“ဒါတွေအကုန်လုံးကို မင်းချက်ထားတာလား” ဖူရှီသည် ယာဂုတစ်ဇွန်း စားကြည့်သည်။ အလွန်ပင် အရသာရှိလှသည်။
“အင်း”
ဖူရှီသည် နွေးထွေးမှုကိုခံစားရသဖြင့် ပြုံးလိုက်သည်။ သူမသည် သူ့အပေါ် အလွန်ကောင်းလွန်းသည်။
***