← Chapters

စီမံထားခြင်း

Vol. 141 Ch. 1969

စီမံထားခြင်း

Vol. 141 Ch. 1969

တကယ်တော့ ရှီမာယူယူ သူ့ကို ကြင်နာနေခြင်း၏ အကြောင်းအရင်းမှာ သူ့ကို ကယ်ရန်ကတိပေးထားခြင်းနှင့် ကျောင်းအုပ်ကြီးမှ မိတ်ဆက်ပေးထား ခြင်းကြောင့်ဖြစ်သည်ကို သူ စိတ်ထဲမှသိနေသည်။ သို့သော် အရေးအကြီးဆုံး အကြောင်းအရင်းမှာ သူသည် သူမကို မြောက်မျက်နှာချိပ်စည်းကို ပေးခဲ့ခြင်း ကြောင့်ပင်ဖြစ်သည်။

သူ့တွင် ထိုအရာမရှိပါက သူမသည် သူ့အတွက် နှစ်မြှုပ်ထားမည်မဟုတ် ပေ။

“အစ်ကိုကြီး လင်းယူကတော့ တကယ်ပဲဝမ်းမြောက်မှာပဲ” သူသည် ရှီမာယူယူ၏ အချစ်ကိုရထားသော ဝူလင်းယူကို အားကျမိသည်။

“ငါလည်း အရမ်းဝမ်မြောက်ပါတယ်” သူ တစ်လုတ်နှစ်လုတ်နှင့် ယာဂု သောက်ပြီးသည်ကို ရှီမာယူယူမြင်သည်နှင့် နောက်ထပ် ထပ်ထည့်ပေးကာ ပြောလိုက်သည် “အခုတော့ ဒီလောက်ပဲစားထားနှင့်ဦး.. မင်းက အခုမှနိုးတာ လေ ပြီးတော့ခန္ဓာကိုယ်ကလည်း ပြောင်းလဲမှုကြီးတယ်ဆိုတော့ အခုချိန် နည်းနည်းပဲစားတာကောင်းတယ်”

“ဟုတ်ပါပြီ”

ဖူရှီသည် ယာဂုနှစ်ပန်းကန် သောက်ပြီးနောက် သူ၏ဝမ်းဗိုက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးမှုကို ခံစားမိရာ ရှုပ်ထွေးနေသော စိတ်များ ကြည်လင်သွားသည်။

“ယူယူ မင်းက အရမ်းကိုမိုက်တာပဲ.. မင်းက ဘာမဆိုလုပ်နိုင်တယ်နော်”

“ငါက အကုန်သိနေတာတော့ မဟုတ်ပါဘူး ငါကတန်ခိုးရှင်မှမဟုတ်တာ မင်းမြင်သမျှတွေက ငါသိနေတဲ့ကိစ္စတွေဖြစ်နေတာပဲရှိတာ” ရှီမာယူယူ ပြော လိုက်သည် “အင်း.. အခု မင်းရဲ့တာဝန်က ခန္ဓာကိုယ်ထဲက ဆေးအာနိသင်ကို စုပ်ယူပြီး အစာကြေအောင်လုပ်ရမယ်.. နောက်ရက်တွေကျမှ ဆက်လုပ်ကြ မယ်”

ဖူရှီသည် လျှပ်စီးရှော့တိုက်ခြင်းနှင့် ဆေးရည်စိမ်သည်မှ နာကျင်မှုကို တွေးမိလျှင် အနည်းငယ်ရှက်ရွံ့မိသည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “မင်းရဲ့ လက်ရှိခန္ဓာကိုယ် အခြေအနေ ကို ခံစားမိလား”

“ဟင်” သူမ စကားကို ကြားသောအခါ သူ ချက်ချင်းပင် စစ်ဆေးကြည့်ရာ သူ၏ ခန္ဓာကိုယ်သည် အရင်ကထက် ပိုသန်မာနေသည်ကို တွေ့လိုက်ရသည်။ သက်ရောက်မှုမှာ မြန်ဆန်လွန်းသည်။

သူသည် ဝမ်းမြောက်စွာပင် အံ့ဩမိသည်။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည် “ဘာလို့.. ဒါက.. အရမ်းကို အံ့ဩစရာကောင်းတာပဲ”

“ဒီလုပ်ငန်းစဉ်က အရမ်းနာတယ် အံကြိတ်ပြီးကိုခံရမှာ.. ပြီးတော့ ငါတို့ မှာ အချိန်လည်းမရှိတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ဟင်း” ဖူရှီသည် သူမ ပြောစကားများကို သဘောကျသည်။ အထူး သဖြင့် ‘ငါတို့’ ဆိုသည့် စကားကို ပြောသွားသည့်အပိုင်းကို နှစ်သက်သည်။ ကုသခြင်းမှာ သူတစ်ယောက်တည်း၏ ကိစ္စမဟုတ်ဘဲ သူတို့နှစ်ယောက်ကြားမှ ကိစ္စဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သဖြင့် သူမနှင့် ပိုနီးစပ်သွားသလို ခံစားရသည်။

“ငါ ဒီမှာလပိုင်းလောက်အထိ နေဖို့ ခေါင်းဆောင်ကျိုးနဲ့ သဘောတူပြီးပြီ မင်းအပြင်ထွက်ချင်ရင်တောင် လျှောက်သွားလို့မရဘူးနော် သိလား”

“အင်းပါ ငါ သိပါတယ်”

သူ့ကို အကြိမ်ရေအနည်းငယ် သတိပေးပြီးနောက် သူမ ထွက်သွားလေ သည်။ ဖူရှီ၏ ဒဏ်ရာမှာ အပြည့်အဝ မကုသရသေးပေ။ သူမ ထွက်သွား သောအခါ သူသည် အိပ်ရာဆီသို့တွားသွားပြီး လဲလျောင်းအနားယူလိုက်သည်။

သူသည် အိပ်ရာပေါ်တွင်လှဲပြီး အပေါ်မှ ခြင်ထောင်ကိုကြည့်ရင်းနှင့် လက်ကိုဆုပ်လိုက် လွှတ်လိုက် ဆုပ်လိုက် လွှတ်လိုက် လုပ်ပြီး တခစ်ခစ်ရယ်မိ လေသည်။

“ဒါက… တကယ်ကို ကောင်းတာပဲ..”

သူသည် နောက်ဆုံးတွင် ဘဝမျှော်လင့်ချက်ကို မြင်လိုက်ရလေပြီ။ နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ် ပေါက်ကွဲပြီး သေမှာကို စိုးရိမ်ဖို့မလိုတော့ဘူး။

အရမ်း.. အရမ်းကို ကောင်းတာပဲ..

ရှီမာယူယူသည် သူမ၏ အခန်းဆီသို့ ပြန်လေသည်။ ဝူလင်းယူသည် အထဲ တွင် စာဖတ်နေသည်။ သူ သူမကို မြင်သောအခါ နှာမှုတ်လေသည် “မင်းက သူ့ အပေါ်အရမ်းကို ကောင်းလွန်းနေတယ်.. သူနိုးမယ့်အချိန်ကိုစောင့်ပြီး ယာဂု တောင် ချက်သွားပေးလိုက်သေးတယ်.. မဟုတ်ရင် ကိုယ်လည်း နေမကောင်းမှ ဖြစ်တော့မယ်ထင်တယ်”

“ကဲပါ ရှင် ဒဏ်ရာရရင်လည်း ရှင့်အတွက် ယာဂုချက်ပေးမှာပေါ့ စမ်းကြည့်လေ” ရှီမာယူယူသည် သူ့ကို ပြန်ဖြေလိုက်သည်။

“အဲအချိန်ကျရင် ယာဂုမဟုတ်ဘဲ ကြိမ်နဲ့ရိုက်ပြီး အပြစ်ပေးခံရလောက် တယ်”

ရှီမာယူယူသည် သူ့ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ ဖူရှီကို တွေးမိချိန်တွင် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကိုပါ စဉ်းစားမိကာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

“ဟူး…” သူမသည် သက်ပြင်းသာချနိုင်တော့သည်။ သူမ၏ လက်ထဲက မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက အစစ်မဟုတ်ဘူးလို့သာ ပြောလိုက်ရင် သူမ ဘယ်လိုလုပ်ရတော့မလဲ။

“စိတ်ပူမနေပါနဲ့” ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်သည်။

“အဲအကြောင်းကို မစဉ်းစားဘဲနေလည်း စဉ်းစားမိသွားတာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရှိနေမယ်.. နည်းလမ်းမရှိလည်း ကိုယ် နတ်ဆိုး လောက,ကလူတွေကို အကုန်ခေါ်ပြီး အသူရာငရဲတစ်ခုလုံးကို ပြောင်းပြန်လှန် ပစ်မယ်.. ကိုယ် မင်းအမေကို သေချာပေါက်ကမယ်မယ်”

“ကျွန်မကိစ္စကြောင့်နဲ့ ဘယ်လိုလုပ် နတ်ဆိုးလောကကို အကြမ်းဖက်ခိုင်း ရမှာလဲ” သူမသည် ထိုသို့ပြောလိုက်သော်လည်း သူပြောလိုက်သောစကား ကြောင့် ပျော်ရွှင်မိသည်။

“ဒါက ဘယ်လိုလုပ် မင်းကိစ္စပဲဖြစ်ရမှာလဲ.. သေချာပေါက် ကိုယ့်ကိစ္စပဲ လေ ကိုယ်လည်း မင်းအမေထွက်လာတာစောင့်နေတာပဲ.. အဲဒါမှ မင်းကို လက်ထပ်လို့ရမှာ.. ဒါက ကိုယ့်ဘဝပျော်ရွှင်မှုနဲ့ ဆိုင်တဲ့ကိစ္စကြီးပဲ” ဝူလင်းယူ သည် အလေးအနက်ပြောလေသည်။

“ခစ်.. စကားကလည်း တတ်လိုက်တာ” ရှီမာယူယူသည် သူ့ခေါင်းကို ပုတ်ပြီး နောက်ဆုံးတွင် ပြုံးသွားလေသည်။

ဝူလင်းယူသည် သူမကို ဖက်ပြီး သူ့ပေါင်ပေါ်တင်ကာ နမ်းပြီးသည်နှင့် ပြောလိုက်သည် “ကိုယ်က ဒီလောက်တောင် ကောင်းတာ ဆုမရဘူးလား”

“အခုလေးတင် ဆုယူလိုက်ပြီမဟုတ်ဘူးလား” ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လေသည်။

“မလောက်ဘူး…”

သူသည် ထိုသို့ပြောပြီးနောက် ပိုနီးကပ်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို ချိပ်ပိတ်လိုက်သည်။

ယွင်ရာနှင့် ဖေးယိတို့ ရောက်လာချိန်တွင် ခြံဝန်းထဲတွင် တစ်ယောက် တည်းထိုင်ကာ မိုးပေါ်သို့ကြည့်နေသော ဟွမ်ကိုသာ မြင်ရလေသည်။

“အခု သူမ မအားဘူး” ဟွမ် ပြောလိုက်သည်။

“ငါ သူမနဲ့ ဆွေးနွေးစရာကိစ္စရှိတယ်”

“နောက်မှ ပြန်လာ” ဟွမ်သည် သူတို့နှစ်ယောက်ကို ဝင်သွားခွင့်မပေးပေ။

“ဒါဆိုလည်း ဒီမှာပဲစောင့်ကြတာပေါ့”

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အပြင်မှ လှုပ်ရှားသံများကို ကြားလိုက်ရ သည်နှင့် လူချင်းခွာလိုက်ကြသည်။ ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက် သည်။ သူမ၏ အကြည့်မှာ အပြစ်တင်သည့် အကြည့်အပြည့်ပါနေသည်။ စဉ်းစားကြည့်ရန်မလိုအောင်ပင် သူမ၏ နှုတ်ခမ်းများသည် နီရဲပြီးဖူးယောင်နေ သည်။

“ဟီးဟီး ဘာမှမဖြစ်ဘူး” ဝူလင်းယူသည် သူမ၏ နီရဲသော နှုတ်ခမ်းများ ကို သုတ်ပေးပြီး ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။

ယွင်ရာနှင့် ဖေးယိတို့မှာ အကြာကြီးစောင့်လိုက်ရသည်။ ပြီးမှပင် ရှီမာယူယူတံခါးဖွင့်လာပြီး မေးလိုက်သည် “ဘာဖြစ်လို့လဲ”

သူမ၏ နှုတ်ခမ်းများမှာ အရင်ကထက် ပိုနီးမြန်းနေသည်ကို ယွင်ရာ မြင် သောအခါ ဟွမ် သူတို့ကို တားရသည့်အကြောင်းအရင်းကို ချက်ချင်းပင် နားလည်သွားသည်။

“ဖေးယိနဲ့ ငါက အပြင်ကိုသွားလည်မလို့ မင်းလည်း အတူလိုက်ချင်လား” ယွင်ရာ မေးလိုက်သည်။

ရှီမာယူယူသည် မလိုက်ချင်ပေမ။ သို့သော် ဖူရှီ၏ ကိစ္စကို အခု ဂရုစိုက်ရန် မလိုသေးသဖြင့် ဟွမ်ကို ဤနေရာအား ကာကွယ်ပေးရန်မှာထားကာ ဝူလင်းယူ နှင့်အတူ ထွက်ခဲ့လိုက်သည်။

ဤနေရာသို့ ရောက်လာသဖြင့် အပြင်ထွက်ပြီး အခြေအနေကို  နားလည် အောင်လုပ်သည်က ပိုကောင်းသည်။

ဟွမ်သည်လည်း လိုက်ချင်သည်။ သို့သော် ရှီမာယူယူ၏ အမိန့်ကို မလွန် ဆန်ရဲပေ။ သူမတွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များရှိသည်ကို တွေးမိပြီး သူ သဘောတူလိုက်သည်။

ရှီမာယူယူတို့လေးယောက် ခြံဝန်းထဲမှထွက်သွားသည်နှင့် ကျိုးမျိုးနွယ် များသည် ချက်ချင်းသိကြသည်။ ကျိုးကျိုးသည် ခေတ္တမျှစဉ်းစားပြီးနောက် သူတို့ကို မနှောင့်ယှက်ရန်နှင့် အခြေအနေကိုသာ စောင့်ကြည့်ရန် ပြောလိုက် သည်။

သူတို့ဘာသာ အပြင်ထွက်ဖို့ရွေးချယ်ထားမှတော့ မနှောင့်ယှက်တော့ဘူး လေ။

“ခေါင်းဆောင် သူမက လုပ်ချင်တိုင်းလုပ်နေတာ.. မင်းသမီးလေးက အမှောင်မင်းသမီးရဲ့ သမီးဆိုရင်တောင် သူမကို ဒီလောက်ချဲ့ကားပြီး ကောင်းပေးဖို့မလိုပါဘူး” ဒုအကြီးအကဲသည် စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

“ခင်ဗျားကလည်း ဒေါသကြီးလိုက်တာ” ကျိုးကျိုးသည် သူ့ကို ထောက်ပြ လေသည် “ကျုပ်တို့က သူမကိုကြင်နာပြရင် ဒုက္ခရောက်မှာမဟုတ်ဘူး”

“ဒီအတိုင်း ကျေးဇူးအကြွေးကို ပြန်ဆပ်တာပဲမလား ဒီလောက်ထိ လိုလို့ လား” ဒုအကြီးအကဲသည် နားမလည်ပေ။

“ခင်ဗျား… ကျုပ်တို့လည်း ဒီမှာရှိနေတာပဲ.. သူမက မင်းသမီးလေးဆိုရင် တောင် အဲလောက်ကြီးပျာယာခတ်ဖို့မလိုပါဘူး.. ဒါပေမဲ့ သူမက ကိုးခုမြောက် မရဏာမျိုးနွယ်နဲ့ အဆက်အစပ်ရှိနေရင် ဘယ်လိုလုပ်မလဲ”

“ကိုးခုမြောက်မရဏာမျိုးနွယ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဘာလို့မဖြစ်နိုင်ရမှာလဲ သေချာလား” ကျိုးကျိုးမေးလိုက်သည်။

“ဖြစ်နိုင်တယ် မဖြစ်နိုင်တာကို ခေါင်းဆောင်က ဘယ်လိုသိမှာလဲ” ဒုအကြီးအကဲ မေးလိုက်သည်။

“ကျုပ်က မှန်းကြည့်ရုံတင်ပါ” ကျိုးကျိုး ပြောလိုက်သည် “သူမက ကိုးခု မြောက်မရဏာမျိုးနွယ်နဲ့ တစ်ခုခုရှိရင်.. သူမကို ကောင်းကောင်းဆက်ဆံပေး ထားတာ ကောင်းမယ်”

“ဒါပေမဲ့ တကယ်လို့ ကိုးခုမြောက် မရဏာမျိုးနွယ်နဲ့ ဘာမှမပတ်သက် ဘူးဆိုရင်ရော.. မဟုတ်ရင် သူတို့ကြားက ဆက်ဆံရေးကမကောင်းရင် ပိုပြီး ပြဿနာမဖြစ်ပေဘူးလား.. အဲဒါက ကျုပ်တို့ကို ပြဿနာဖြစ်စေမှာမဟုတ်ဘူး လား”

“ဘာလို့ ပြဿနာဖြစ်မှာလဲ.. အဲအချိန်ကျရင် သူမကို အခုကောင်းပေး တာက သူမအမေက ကျုပ်တို့ကို ကြင်နာပေးလို့ပဲလို့ ပြောလို့ရတယ်လေ.. ကျုပ်တို့က ကျေးဇူးအကြွေးကို ပြန်ဆပ်ရုံတင်ပဲ သူတို့ရန်ငြိုးကြားထဲဝင်ပါတာ မဟုတ်ဘူးလေ”

ဒုအကြီးအကဲ၏ မျက်လုံးမှာ တောက်ပလာသည် “ခေါင်းဆောင်က တကယ်ပဲ တွေးတတ်တာပဲ”

သူတို့သည် ကောင်းကောင်းကြီးစီမံထားကြသည်။ သို့သော် သတိမထား မိလိုက်သည်နှင့် နောင်တရကြတော့သည်။

***

All Chapters