ချိပ်စည်းကျိုးပေါက်ခြင်း
Vol. 141 Ch. 1970
နောက်ပိုင်းတွင် ရှီမာယူယူသည် ဖူရှီအား ကုသရန်တွင်သာ အာရုံစိုက် ထားပြီး အပြင်သို့ထွက်ခဲလှသည်။ သို့သော် ယွင်ရာနှင့်ဖေးယိတို့သည် ရံဖန်ရံခါ ထွက်တတ်ကြသည်။
ပထမလ ၁၅ ရက်တိုင်းတွင် သူမသည် ဖူရှီကို လျှပ်စီးဖြင့်ရှော့တိုက်ပြီး ၁၀ ရက်တစ်ကြိမ် အားပြင်းသောဆေးရည်စိမ်ခိုင်းသည်။ သာမန်ဆေးရည်စိမ် သည်ကိုတော့ ၃ ရက်တစ်ခါ လုပ်ပေးသည်။
ဒုတိယလတွင် ရှော့တိုက်ကုသခြင်းကို ၁၀ ရက်တိုင်းတွင်လုပ်ပြီး ၅ ရက် တစ်ကြိမ် အားပြင်းသောဆေးရည်စိမ်ကာ သာမန်ဆေးရည်စိမ်သည်ကို ၁ ရက် တစ်ခါ လုပ်ပေးသည်။
တတိယလတွင် ၅ ရက်တစ်ကြိမ် လျှပ်စီးဖြင့်ရှော့တိုက်ပြီး ၃ ရက်တစ်ခါ အားပြင်းသောဆေးရည်စိမ်ကာ နေ့တိုင်း သာမန်ဆေးရည်စိမ်ခိုင်းသည်။
စတုတ္ထလတွင် အရာအားလုံးမှာ အတူတူပင်။ လျှပ်စီးကုသမှုကိုတော့ ၃ ရက်တစ်ကြိမ် ပြောင်းလဲကုသသည်။
သူမ၏ ကုသမှု အရှိန်မြင့်လာသည်နှင့် ဖူရှီ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးလာနှုန်းကို လည်း မျက်စိနှင့်ပင် အတိုင်းသားမြင်ရလာသည်။ သူသည် အရပ်ရှည်လာရုံသာ မက ရောင်ဝါသည်လည်း ကောင်းစွာကြီးထွားလာကာ ကလေးတစ်ယောက် ပုံစံမရှိတော့ပေ။
ယခုအချိန်တွင် ဖူရှီသည် လျှပ်စီးကို ကောင်းစွာ ခံနိုင်ရည်ရှိပြီဖြစ်သည်။ အစပိုင်း ပြင်းထန်သည့်အချိန်များက ၁၀ ရက်မှ ၁၅ ရက်ခန့် အိပ်ရာထဲတွင် လဲ နေခဲ့သော်လည်း ယခုအချိန်တွင်တော့ နာကျင်မှုကိုသာ ခံစားရတော့သည်။
“ယူယူ အခု ငါ လက်ဖဝါးနဲ့တင် ကျောက်တုံးကို ခွဲနိုင်ပြီထင်တယ်” ဖူရှီ သည် ပျော်ရွှင်စွာပင် လှုပ်ခါနေသည်။
“မလှုပ်နဲ့ ငါ မပြီးသေးဘူး” ရှီမာယူယူသည် သူ့ခေါင်းကို ခေါက်ပြီး ဆက် ကုသလေသည်။
“ဟီး ဟီး” ဖူရှီသည် ပြုံးပြီးနောက် လက်ကိုပြန်ရုတ်ကာ သူမ အပ်စိုက် သည်ကို တိတ်ဆိတ်စွာပင် ခံယူနေသည်။
ရှီမာယူယူ ငွေအပ်များ သိမ်းပြီးနောက် လှည့်ကာသိမ်းဆည်းပြီး သူ့ကို ပြောလိုက်သည် “ကဲ အခုထလို့ရပြီ”
စဉ်းစားကြည့်ရာ ပထမဆုံးအကြိမ်က သူသည် မေ့လဲသွားခဲ့သည်။ ယခု အချိန်တွင် တစ်ချိန်လုံး သတိလည်နေသည်။ တိုးတက်မှုမှာလည်း မြန်ဆန် လွန်းသည်။
“အာ…”
သစ်ရွက်ပွတ်တိုက်သံများ မရှိသော်လည်း ဖူရှီ၏ နာကျင်သံမှာ ထွက်ပေါ် လာသည်။ သူမ လှည့်ကြည့်ရာ ဖူရှီသည် ရေစည်ပိုင်းကို နာကျင်စွာဖြင့် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ” သူမ လျှောက်သွားပြီး ချက်ချင်းပင် စမ်းသပ်ကြည့် လိုက်သည်။
ဖူရှီသည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး ဖြူဖျော့သော မျက်နှာဖြင့် ပြောလေ သည် “ယူယူ ဒဏ္ဍာရီနဂါးရဲ့ စွမ်းအားက… အား… ထွက်လာတော့မယ်…”
ဤအချိန်လောက်တွင် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ရှီမာယူယူ ခန့်မှန်းမိ ထားသဖြင့် ထိုစကားကိုကြားသောအခါ စိုးရိမ်မှုတစ်ဝက်သာရှိသည်။
“ဒီလိုပဲဖြစ်မှာပဲ” သူမသည် လက်ကိုပြန်ရုတ်ကာ ရွှေဆေးတစ်လုံးထုတ် ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ “ဒါက မင်းအတွက် စပ်ထားတာ.. ဒဏ္ဍာရီ နဂါးရဲ့စွမ်းအားကို စုပ်ယူတဲ့နေရာမှာ ကူညီပေးနိုင်တယ်.. မင်း စွမ်းအားအကုန် ယူနိုင်သွားရင်တော့ အပိုင်ရသွားလိမ့်မယ်”
ဖူရှီသည် ဆေးသောက်ပြီးနောက် ထိုစွမ်းအားများသည် ပိုငြိမ်သက်သွား သည်ကို ခံစားမိသည်။ သို့သော် အပြည့်အဝငြိမ်သွားသည်မဟုတ်ဘဲ ဆန့်ကျင် နေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်အတွင်းတွင် ပြေးလွှားနေပြီး သွေးကြောများ၊ အတွင်းအင်္ဂါများနှင့် အသွေးအသားများဆီသို့ ကြမ်းတမ်းစွာဖြတ်ပြေးနေသည်။
သူသည် ထိုစွမ်းအားများကို ထိန်းချုပ်ပြီး ပင်မသွေးကြောဆီသို့ လမ်းပြ ရန်ကြိုးစားသော်လည်း ဒဏ္ဍာရီနဂါး၏ စွမ်းအားမှာ အလွန်ခက်ထန်နေသဖြင့် ထိန်းချုပ်၍မရနိုင်ပေ။
သူ ၇ နှစ်အရွယ်က ဤကဲ့သို့ နာကျင်မှုမျိုး ကြုံခဲ့ရသည်ကို မှတ်မိသေး သည်။ ထိုစဉ်က ပို၍နာကျင်သည်ဟု ပြော၍ရသည်။ ထိုအချိန်က သူမေ့လဲသွား ပြီး ဘာဖြစ်သည်ကိုပင် မသိခဲ့ပေ။ သို့သော် နိုးလာချိန်တွင် သူ၏ဆရာတို့သည် သူ့ကိုကယ်ထားခြင်းဖြစ်သည်ကို သိလိုက်ရပြီး သူတို့မှာတော့ တံခါးပိတ်ကျင့် ကြံနေသည်မှာ ကြာပြီဖြစ်သည်။
ထိုစဉ်က ဒဏ္ဍာရီနဂါးစွမ်းအားကို ထိန်းချုပ်ရန်အတွက် ဆရာဖြစ်သူတို့ မည်မျှအားထုတ်လိုက်ရသည် စွမ်းအား မည်မျှသုံးလိုက်ရသည်ကို အခုမှပင် သူ သဘောပေါက်သွားတော့သည်။ သူသာ ဤအဆင့်ကို ကျော်လွှားနိုင်ပါက အနာဂတ်တွင် သူတို့ကို ပိုကောင်းပေးရမည်။
သူသာ ဒီအဆင့်ကို ကျော်လွှားနိုင်ရင်…
သူ ပိုဖိနှိပ်လေလေ ဒဏ္ဍာရီနဂါး၏ စွမ်းအားမှာ ပိုခုခံလေလေဖြစ်သည်။ သူ ထိန်းချုပ်မှုလွှတ်သွားတော့မည်ဟု ခံစားရချိန်တွင် မီးကဲ့သို့ပူလောင်သော စွမ်းအားသည် သူ့လက်ကောက်ဝတ်အတွင်းသို့ စီးဝင်လာသည်။
သူသည် ခက်ခက်ခဲခဲဖြင့် မျက်လုံးဖွင့်ကြည့်ရာ ရှီမာယူယူ၏ တောက်ပ သောမျက်လုံးများနှင့် သူ့ကို အားပေးနေသည်ကို မြင်လိုက်ရသည်။
“ပျာမသွားနဲ့” သူမသည် တည်ငြိမ်သောအသံဖြင့် နူးညံ့စွာ ပြောလေ သည်။
သူ၏ အစပိုင်း မျှော်လင့်ချက်မဲ့ပြီး ပျာယာခတ်နေသော စိတ်များသည် ရုတ်တရက် ငြိမ်ကျသွားသည်။ ထိုမျက်လုံးနှင့် ထိုမြင်ကွင်းကို သူ့တစ်ဘဝလုံး မေ့သွားမည်မဟုတ်ပေ။
ရှီမာယူယူသည် ဟင်္သပဒါးငှက်၏ မီးတောက်ကို သူ့ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအင်ဖြင့် ထည့်နေသည်။ ထိုစွမ်းအားမှာ အလွန်နည်းပါးသော်လည်း စက္ကန့်တိုင်းတွင် စွမ်းအားကုန်နေသဖြင့် မကြာမီတွင် သူမ၏ စွမ်းအား ကုန်ခမ်း သွားလေသည်။
သူမသည် ဆေးတစ်ဆုပ်ထုတ် စားလိုက်သည်။ ပြီးနောက် မီးတောက် စွမ်းအားကို ထိန်းချုပ်ပြီး နဂါးဆီသို့ ချဉ်းကပ်သည်။ အစက ဖူရှီ၏ခန္ဓာကိုယ်ထဲ တွင် မြူးထူးနေသော စွမ်းအားများသည် နဂါး၏အသိစိတ်ကြောင့်လားမသိပေ.. ဟင်္သပဒါးငှက်၏ မီးတောက်ကိုမြင်သောအခါ ငြိမ်ကျသွားပြီး သူမသည် ထို စွမ်းအားများကို ပင်မသွေးကြောများဆီသို့ ဦးဆောင်လမ်းပြသွားလိုက်သည်။
စွမ်းအားအနည်းငယ် ဝင်သွားသောအခါ ကျန်စွမ်းအားများလည်း လိုက် ဝင်ကြသည်။ ကျန်စွမ်းအားများ ရုန့်ရင်းဆန်ခတ် မဖြစ်သည်ကို ရှီမာယူယူ မြင်သောအခါ ဘေးကင်းစွာပင် ပြန်ဆုတ်သည်။
ဟင်္သပဒါးငှက်မီးတောက် ဖူရှီ၏ခန္ဓာကိုယ်မှထွက်သည်နှင့် သူမသည် ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ဘဲ နောက်ပြန်လဲလေသည်။
“ယူယူ..” ဖူရှီသည် မျက်လုံးဖွင့်ကြည့်ရာ သူမ မြေပေါ်သို့ လဲကျသွား သည်ကို မြင်သောအခါ ထရန်ကြိုးစားသော်လည်း သူ့ကို တစ်စုံတစ်ရာမှ ထိန်းချုပ်ထားသလိုဖြစ်ကာ လှုပ်မရသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝူလင်းယူသည် သူမဘေးသို့ ရုတ်တရက်ပေါ်လာ ပြီး သတိမေ့နေသော ရှီမာယူယူကို ဖက်ပြီး ဖူရှီကို ကြည့်ပြီးပြောလေသည် “သူမရဲ့ အားစိုက်မှုတွေကလို အလဟဿမဖြစ်စေနဲ့”
ထို့နောက် သူသည် သူမကိုပွေ့ပြီး အိပ်ရာပေါ်သို့ ညင်သာစွာတင်ကာ ဆေးတစ်လုံးထုတ်ပြီး ကျွေးလိုက်သည်။ သူမ တုံ့ပြန်မှုမရှိသည်ကိုကြည့်ပြီး သူ ငေးကြည့်နေမိသည်။
ဝူလင်းယူ၏ ဆိုလိုရင်းကို ဖူရှီနားလည်သည်။ သူသာ အခုချိန်တွင် လှုပ်ရှားလိုက်ပါက ဒဏ္ဍာရီနဂါး၏စွမ်းအားမှာ ထပ်မံအထိန်းအချုပ်မဲ့သွားပြီး ရှီမာယူယူ လုပ်ပေးခဲ့သမျှသည် အလဟဿဖြစ်သွားပေမည်။ သူသည် မတတ် သာတော့ဘဲ အံကြိတ်ထားရတော့သည်။
ထိုအကြောင်းကို စဉ်းစားမိသည်နှင့် သူစိတ်ငြိမ်ငြိမ်ထားကာ သူ၏ ဝိညာဉ်စွမ်းအားကို သွေးကြောဆီသို့ ဆက်လက်လမ်းပြလေသည်။ စွမ်းအားကို သန့်စင်လိုက်သည်နှင့် သူ၏အင်အားမှာ တိုးတက်လာသည်ကို ခံစားမိသည်။ ထိုအင်အားသည် သူ့အပိုင်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ထိုစွမ်းအား၏ အိမ်ရှင်မဟုတ်တော့ပေ။
သူသည် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို အပြည့်အဝစုပ်ယူပြီးသည်နှင့် ရောင်ဝါတစ်ခုလုံးမှာ ပြောင်းလဲသွားလေသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် စူးရှသောအလင်းတန်းဝင်လာရာ မျက်လုံးဖွင့်ရန်အချိန်ယူရလေသည်။
သူသည် ခန္ဓာကိုယ်၏ အသက်ရှုသံတည်ငြိမ်သွားရန် စောင့်ပြီး ချက်ချင်း ပင် ရေပိုင်းထဲမှထွက်ကာ အဝတ်ဝတ်ပြီး အိပ်ရာဆီသို့လာကာ ရှီမာယူယူအား ကြည့်ရင်း မေးလိုက်သည် “သူမ ဘယ်လိုနေလဲ”
“စိတ်စွမ်းအားကို အလွန်အကျွံသုံးလိုက်လို့ လုံးဝပင်ပန်းသွားတာ” ဝူလင်းယူ ပြန်ဖြေလေသည်။
“အကုန်လုံး ငါ့ကြောင့်ပါ” ဖူရှီသည် သူ့ကိုယ်သူ အပြစ်တင်လေသည်။ သူ့ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို လမ်းမပြလျှင် သူမ ဤသို့ဖြစ်မည်မဟုတ်ပေ။
“ဒါက သူမရဲ့ရွေးချယ်မှုပါ” ဝူလင်းယူသည် အေးဆေးပင် ပြန်ပြောလေ သည်။
သူမ သတိမေ့သွားသည့်အတွက် သူ့ကိုအပြစ်တင်လျှင်လည်း ဘာမှ အသုံးဝင်တော့မည်မဟုတ်ပေ။
ဝူလင်းယူသည် ထိုသို့ပြောသော်လည်း ဖူရှီသည် သူမအတွက် စိတ်မကောင်းဖြစ်တုန်းပင်ဖြစ်ကာ မေးလိုက်သည် “ငါတို့လုပ်ပေးနိုင်တာ မရှိ ဘူးလား”
“မလိုပါဘူး”
သူသည် ရိုးရှင်းပြတ်သားစွာပင် ငြင်းဆန်လေသည်။
အာ.. သူ အထိနာသွားတာပဲ။
ဝူလင်းယူသည် သူ၏ ခံစားချက်များကို လျစ်လျူရှုပြီး ဆက်ပြောလေ သည် “ပစ္စည်းတွေအကုန်သွားသိမ်းလိုက်”
ဖူရှီသည် ရှီမာယူယူကို စောင့်ကြပ်ချင်သော်လည်း ဝူလင်းယူတစ်ချက် ကြည့်လိုက်သည်နှင့် လိမ်လိမ်မာမာပင် ထွက်သွားလေသည်။
ဟွမ်ဝင်လာသောအခါ ရှီမာယူယူ သတိမလည်သေးသည်ကို မြင်လိုက်ရ သည်။ သူသည် ကျောက်စိမ်းပုလင်းထုတ်ပြီး ပြောလိုက်သည် “သူမကို ဒါ တိုက်လိုက်”
ထိုအရာကို ဝူလင်းယူမသိပေ။ သို့သော် ဟွမ်သည် သူမကို ထိခိုက်အောင် လုပ်မည်မဟုတ်သဖြင့် အထဲမှအရည်ကိုတိုက်လိုက်သည်။
သူမ အားလုံးကုန်အောင်သောက်ပြီးနောက် သူမ၏ အသက်ရှုသံမှာ ပို တည်ငြိမ်လာသည်။ သို့သော် နိုးလာမည့် လက္ခဏတော့မပြပေ။
ဝူလင်းယူသည် သူမကို စိုက်ကြည့်နေသည်ကို ဟွမ်မြင်သောအခါ ပြော လိုက်သည် “သူမက အရမ်းထိထားတော့ လွယ်လွယ်နဲ့တော့နိုးမှာမဟုတ်ဘူး”
နေ့တစ်ဝက်ကြာပြီးနောက် ရှီမာယူယူသည် အသာလှုပ်လာသည်။ သူမ မျက်လုံးဖွင့်လိုက်သောအခါ ဝူလင်းယူ၏ စိုးရိမ်နေသော မျက်လုံးများကို မြင် လိုက်ရလေသည်။
***