← Chapters

ကရုဏာနှင့် အလှတရား

Vol. 47 Ch. 705

ကရုဏာနှင့် အလှတရား

Vol. 47 Ch. 705

သေနတ်သံက ကွင်းပြင်ကျယ်ကြီးထဲတွင် ပဲ့တင်ထပ်သွား၏။ အသံသည် ကောင်းမင် ထင်ထားသည်ထက် များစွာ ကျယ်လောင်လှသဖြင့် သူ့နားများပင် အူထွက်သွားရသည်။

ခေါင်းတခုလုံး ပွင့်ထွက်သွားပြီး မျက်နှာပုံပျက်သွားသော တက္ကစီသမားကို ကြည့်ရင်း ကောင်းမင် စိတ်မကောင်းဖြစ်မှု အလျဉ်းမရှိပေ။ အကယ်၍ သူ့ခန္ဓာကိုယ်ပေါ်က သွေးမြို့တော်တက်တူးသာ မရှိခဲ့ပါက သူနှင့် ဝူဝေတို့သည် ယခုအချိန်တွင် အသိစိတ်လွတ်နေလောက်ပြီ ဖြစ်သည်။

"ပေါ့ဆလို့မရဘူး၊ ရေမြောင်းထဲမှာ လှေမှောက်မယ့်အဖြစ်မျိုး မရောက်အောင် သတိထားရမယ်"

တက္ကစီသမား၏ အဝတ်အစားများကို ချွတ်ယူပြီးနောက် အလောင်းကို မည်သို့ဖျောက်ရမလဲဟု ကောင်မင် စိုးရိမ်နေမိသည်။ မထင်မှတ်ဘဲ ကားနောက်ခန်းကို ဖွင့်ကြည့်လိုက်သော့အခါ ကားနောက်ခန်းထဲတွင် အလောင်းဖျောက်ရာတွင်သုံးသည့် ပစ္စည်းမျိုးစုံကို တွေ့လိုက်ရလေသည်။ လက်အိတ်များ၊ အလောင်းအရည်ဖျော်ဆေးများ၊ သွေးနီဥဖျက်ဆေးများ၊ အနံ့ပျောက်ဆေးများ၊ နှာခေါင်းစည်းများ၊ အလောင်းထည့်သည့်အိတ်များ စသဖြင့် မယုံကြည်နိုင်လောက်အောင် စုံလင်လှသည်။

"ဒီကောင်က တက္ကစီမောင်းတာကို အချိန်ပိုင်းလုပ်နေတဲ့ ကြေးစားလူသတ်သမားများလား"

နာရီဝက်ခန့်ကြာသောအခါ ကောင်းမင်က ကားကို သန့်ရှင်းရေးလုပ်လိုက်ပြီး ယာဉ်မောင်း၏ အလောင်းကို မြစ်ကွေ့ထဲ တိုက်ရိုက်ပစ်ချလိုက်သည်။

လမ်းကြောင်းကို စစ်ဆေးပြီးနောက် ကောင်းမင်သည် ဝူဝေကို ခရိုင် ၂ သို့ မောင်းနှင်၍ ခေါ်ဆောင်လာခဲ့သည်။

ဖရိုဖရဲဖြစ်နေသော ခရိုင် ၃ နဲ့ ယှဉ်ပါက ခရိုင် ၂ သည် သန့်ရှင်းသပ်ရပ်နေလေသည်။ နေရာအနှံ့တွင် အမှန်တရား၊ ကောင်းမှုနဲ့ အလှတရားများကို ဖော်ညွှန်းသည့် စာတန်းများ ချိတ်ဆွဲထားသည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ဆိုင်တချို့ ဖွင့်လှစ်နေဆဲဖြစ်ရာ ကောင်းမင်အနေဖြင့် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

"လီဆန်းစီရဲ့ မှတ်ဉာဏ်ထဲမှာ ခရိုင် ၂ ဟာ အရမ်းချမ်းသာပြီး ခရိုင်အားလုံးထဲမှာ တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံး ထိပ်သီးသုံးခုစာရင်းဝင်တယ်၊ အဲ့ဒီက မြို့သားတွေက စည်းကမ်းနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားကြတယ်၊ အကြမ်းဖက်မှုကို မုန်းတီးပြီး အနုပညာကို မြတ်နိုးကြတယ်၊ ဒါပေမဲ့ ခရိုင် ၂ က ဘာလို့ ဒီလောက်ချမ်းသာရတာလဲ၊ သူတို့ပိုက်ဆံတွေ ဘယ်ကရတာလဲဆိုတာကိုတော့ သူ နားမလည်နိုင်ခဲ့ဘူး"

လီဆန်းစီ မသိခဲ့သလို ကောင်းမင်လည်း မသိပေ။ သူ ကားကို အရှိန်လျှော့လိုက်သည့်အချိန်တွင် အဝါရောင် ကာကွယ်ရေးဝတ်စုံဖြင့် ထူးဆန်းသောလူတစ်ယောက်က လမ်းကြားတစ်ခုထဲကနေ ရုတ်တရက် ထွက်လာသည်။

ထိုလူသည် ကြွက်သားတောင့်တင်းပြီး အဖြူရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ သူက တက္ကစီနား ချဉ်းကပ်လာပြီး ကောင်းမင်ထိုင်နေသည့် ယာဉ်မောင်းခုံကို လက်ညှိုးထိုးပြကာ ပြတင်းပေါက်မှတဆင့် လိပ်စာကတ်တစ်ခု ပစ်ထည့်ပေးခဲ့သည်။

"သန့်ရှင်းရေးကုမ္ပဏီလား"

ကောင်းမင်က လက်တစ်ဖက်နဲ့ ကားမောင်းရင်း ကတ်ကို ကောက်ယူလိုက်သည်။

"ဒီလူက ယာဉ်မောင်းခုံမှာ လူသေတစ်ယောက်ရှိနေခဲ့တာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တာလား၊ ဟိုတယ်မှာ လူသတ်ပြီးတုန်းက ခွေးမည်းက အလောင်းဖျောက်ဖို့ သန့်ရှင်းရေးကုမ္ပဏီကို ဖုန်းဆက်ခေါ်ခဲ့တာ ငါမှတ်မိတယ်"

သူနောက် လှည့်ကြည့်လိုက်သောအခါ အဖြူရောင်မျက်နှာဖုံးနှင့် လူထူးဆန်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဒါရိုက်တာလီ... ကျွန်မတို့ ဘယ်ရောက်နေတာလဲ"

ဝူဝေက အိပ်ချင်မူးတူးဖြင့် နိုးလာ၏။ သူမမျက်လုံးဖွင့်လိုက်သောအခါ ကောင်းမင် ကားမောင်းနေသည်ကို တွေ့လိုက်ရသည်။

"ဟင်... ဒရိုင်ဘာက ဘယ်ရောက်သွားတာလဲ"

"သူ မြစ်ကွေ့မှာ ညဘက်ငါးမျှားဖို့ သွားတယ်"

ကောင်းမင်က လိပ်စာကတ်ကို အိတ်ကပ်ထဲ အသာထည့်လိုက်သည်။

"ကားထဲမှာ ခဏစောင့်နေဦး၊ ငါ လူတစ်ယောက်နဲ့ သွားတွေ့လိုက်ဦးမယ်"

ကောင်းမင်သည် အထွတ်အမြတ်နှလုံးသား ဘုရားရှိခိုးကျောင်းနား ရောက်လာသောအခါ ကားရပ်ရန်နေရာ ရှာလိုက်သည်။ စောင့်ကြည့်ကင်မရာများကို ရှောင်ရှားရန် သူလမ်းလျှောက်သွားရန် ကြံလိုက်သည်။ သို့သော်လည်း ညသန်းခေါင်အချိန်မှာပင် ဘုရားရှိခိုးကျောင်းထဲ ဒူးထောက်ဆုတောင်းနေသော "ယုံကြည်သူ" များစွာ ရှိနေသောကြောင့် သူရှောင်လွှဲမရတော့ပေ။

"ကောင်စီဝင် စီမေ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ၊ ကျွန်တော့်သမီးလေး ပျောက်နေတာ သုံးရက်ရှိပါပြီ"

"ကျွန်တော့်နှလုံးသားက မသန့်စင်ဘူး၊ မသန့်စင်သေးဘူး၊ ဘုရားသခင်... ကျွန်တော့်ရဲ့ အသိမဲ့မှုကို ခွင့်လွှတ်တော်မူပါ"

"လွှတ်တော်ရဲ့ ခုံသမာဓိအဖွဲ့က ကျွန်တော့်ဆီက အရာအားလုံးကို သိမ်းယူသွားတာပါ၊ ကျွန်တော် အပြစ်မရှိပါဘူး၊ သူတို့တွေ အချင်းချင်းပူးပေါင်းပြီး လုပ်ကြံကြတာ၊ ကျွန်တော် မတရားခံနေရတာပါ"

ထိုနေရာတွင် ဒူးထောက်ဆုတောင်းနေသူ အများစုသည် မျှော်လင့်ချက်မဲ့နေသော အခြေခံလူတန်းစားများသာ ဖြစ်ကြသည်။ အကယ်၍ ကောင်းမင်သာ လီဆန်းစီ၏ ခန္ဓာကိုယ်ကို အစားမထိုးခဲ့ပါက ဒါရိုက်တာလီသည်လည်း သူတို့ကြားတွင် တခြားသူတွေထက် ပိုပြီး "ကြည်ညိုစိတ်" အပြည့်နဲ့ ဒူးထောက်နေလောက်ပြီ ဖြစ်သည်။

ဘုရားရှိခိုးကျောင်းတွင် အထပ်နှစ်ထပ်ရှိသည်။ အပြင်ဘက်အထပ်တွင် ဆုတောင်းနေသည့် မြို့သူမြို့သားများဖြင့် ပြည့်နှက်နေပြီး ရပ်စရာနေရာတောင် မရှိသလောက်ပင်။ ကောင်စီဝင်စီမေ ရှိရာ အတွင်းဘက်အထပ်ကတော့ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ဘယ်သူမှ အနားမကပ်ရဲကြပေ။

"ခင်ဗျား ဒီမှာ အော်နေလို့ မရဘူးလေ၊ သူ ကြားမှာမဟုတ်ဘူး"

ကောင်းမင်က သွေးအန်နေသည့် အဘိုးကြီးတစ်ယောက်ကို စက္ကူတစ်ရှူးအချို့ ကမ်းပေးရင်း ပြောလိုက်သည်။ ထိုအဘိုးကြီးသည် ကောင်းမင်ကို တွန်းထုတ်လိုက်ရုံတင်မကဘဲ သူ့စေတနာကို ငြင်းပယ်၍ သူ့ရင်ဘတ်ကို အကြိမ်ကြိမ် ပြန်ထုလိုက်ရာ ပါးစပ်ထောင့်မှ သွေးများ ပိုထွက်လာတော့သည်။

"ထွက်သွားစမ်း၊ ကောင်စီဝင် စီမေက လူသားတွေရဲ့ ဆင်းရဲဒုက္ခကို ရပ်ကြည့်မနေဘူး၊ မင်းက ပိုပြီး သနားစရာကောင်းလေလေ သူ့ရဲ့ အကူအညီကို ရဖို့ ပိုသေချာလေလေပဲ"

အဘိုးကြီးက ကောင်းမင်ကို ငေါက်ငမ်းလိုက်သည်။

"သူ့ကိုတွေ့ဖို့ တခြားနည်းလမ်းမရှိဘူးလား၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ နှိမ့်ချနေရတာလဲ"

"ရှိတာပေါ့၊ ကောင်စီဝင် စီမေက အတွင်းစိတ်က ဆိုးယုတ်မှုကို တိုက်ဖျက်ဖို့ စိတ်စွမ်းအားကို သုံးရမယ်လို့ ဟောပြောထားတယ်၊ ဆိုးယုတ်မှုနှိမ်နင်းဆေးတွေ မှီဝဲတာကို သူက လက်မခံဘူး၊ တကယ်လို့ မင်းက အားလုံးရဲ့ ရှေ့မှာ ဆိုးယုတ်မှုနှိမ်နင်းဆေးကို နောင်တသေတ္တာထဲ ပစ်ထည့်နိုင်ရင်၊ ပြီးတော့ ဝန်ခံခြင်းခန်းမမှာ စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ဖို့ ဆုတောင်းနိုင်ရင် ကောင်စီဝင် စီမေက မင်းကို တွေ့ချင်တွေ့လိမ့်မယ်"

"ဆိုးယုတ်မှုနှိမ်နင်းဆေးတွေက ဈေးကြီးတယ်၊ လူအများစုအတွက်တော့ ဒါက အသက်ကယ်ဆေးပဲ၊ ဒါကို လူကိုယ်တိုင်တွေ့ဖို့ လက်မှတ်အနေနဲ့ သုံးခိုင်းနေတာပေါ့... ကောင်စီဝင် စီမေက တကယ်ကို မောက်မာတတ်တာပဲ"

ကောင်းမင်သည် ထိုကဲ့သို့ ဦးနှောက်ဆေးခံထားရသူများ၏ စကားကို မယုံကြည်ပေ။ သူသည် လူအုပ်ကြားမှ အဆောက်အအုံ၏အတွင်းအပြင် နယ်နိမိတ်ကြားတွင်ရှိသော နောင်တသေတ္တာဆီသို့ လျှောက်သွားလိုက်သည်။ ၎င်းသည် ထူထဲသော အဝတ်စဖြင့် ဖုံးအုပ်ထားသည့် အနက်ရောင် သေတ္တာကြီးဖြစ်ပြီး အတွင်းတွင် ဘာရှိလဲကို မမြင်နိုင်ပေ။

သူက ဘဝပန်းမျိုးစေ့တစ်ခုကို ထုတ်ယူပြီး လက်ထဲတွင် ဝှက်ထားလိုက်သည်။ ကောင်းမင် သူ့လက်တစ်ဖက်လုံးကို အနက်ရောင်သေတ္တာထဲ ထည့်လိုက်သည်။ သူ အချိန်တော်ကြာ လိုက်စမ်းကြည့်သော်လည်း မည်သည့်အရာကိုမှ မခံစားရသောကြောင့် လက်ကို ပြန်ထုတ်လိုက်သည်။

"ဘယ်သူမှ မမြင်နိုင်ဘူး၊ ငါ နှိမ်နင်းဆေး ပစ်ထည့်လိုက်လား မထည့်ဘူးလား သူတို့ ဘယ်လိုသိမှာလဲ၊ သေတ္တာက တခြားနေရာတစ်ခုနဲ့ ဆက်သွယ်ထားပြီး တစ်ယောက်ယောက်က စောင့်ကြည့်နေတာမျိုး မဟုတ်ရင်ပေါ့"

ကောင်းမင်က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ဆုတောင်းနေသူအားလုံးက သူ့အား အားကျသောအကြည့်များဖြင့် ကြည့်ရှုနေကြသည်။

ဆယ်မိနစ်တိတိ ကုန်လွန်သွားပြီးနောက် အဖြူရောင် ဝတ်ရုံဝတ်ထားသည့် ဆံရှည်ဘုန်းတော်ကြီးတစ်ပါး ပေါ်လာလေသည်။ သူက ကောင်းမင်အား ဝင်လာရန် လက်ယပ်ခေါ်လိုက်သည်။

ဘုန်းတော်ကြီးနောက်သို့ အတော်ကြာအောင် လိုက်ပါသွားပြီးနောက်တွင်ပင် ကောင်းမင်မှာ ဘုရားရှိခိုးကျောင်းထဲကို မဝင်ရသေးပေ။ ထိုအစား ဘေးတစ်ဖက်တစ်ချက်တွင် သစ်သားပြားများဖြင့် ခွဲခြားထားပြီး အလယ်တွင် အပေါက်အသေးလေးတစ်ခုပါသည့် ဗီရိုနှင့်တူသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။

"ဒီမှာ မင်းရဲ့အပြစ်တွေကို ဝန်ခံနိုင်တယ်၊ မင်းက စိတ်ရင်းမှန်ရင် ဘုရားသခင်က မင်းကို လမ်းပြပါလိမ့်မယ်"

ဘုန်းတော်ကြီးက ပြောပြီး ထွက်ခွာသွားသည်။ ကောင်းမင်က ဝန်ခံခြင်းခန်းမထဲ ဝင်ပြီး တံခါးပိတ်လိုက်သည်။ ၎င်းမှာ ကျဉ်းမြောင်းပြီး မှောင်အတိကျနေလေသည်။ ရုတ်တရက် ဘေးခန်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘာမှ ဖုံးကွယ်မထားပါနဲ့၊ မင်း ကျူးလွန်ခဲ့တဲ့ အပြစ်အားလုံးကို ဝန်ခံလိုက်ပါ"

ကောင်းမင်ကတော့ သူ့နှလုံးသားထဲက အမှောင်ထုကို အကုန်ဖော်ပြမယ့် အလုပ်မျိုးကို လုပ်မှာ မဟုတ်တာ သေချာသည်။ သူ ဗီရိုနံရံကို ခေါက်ကြည့်လိုက်သောအခါ ဘယ်ဘက်တွင် စာအုပ်တစ်အုပ်စာလောက်ရှိသည့် အပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအပေါက်မှတစ်ဆင့် ပစ္စည်းတစ်ခုခု လှမ်းပေးလို့ရပေသည်။

"မင်း စကားမပြောနိုင်ရင်လည်း ဒါတွေကို အကုန်ချရေးပြီး ငါ့ကိုပေးလို့ရတယ်၊ မင်းနှလုံးသားထဲက အမှောင်ထုကို ရင်ဆိုင်နိုင်မှပဲ အလင်းရောင်ကို ပွေ့ဖက်ခွင့်ရမှာပါ"

"ကျွန်တော့်ကို ကောင်စီဝင် စီမေနဲ့ ပေးတွေ့တာ ပိုကောင်းမယ် ထင်တယ်၊ ကျွန်တော် သူနဲ့ ဆွေးနွေးစရာ တချို့ရှိနေလို့ပါ"

"မင်းရဲ့ အပြစ်တွေက မဆေးကြောရသေးဘူး..."

"ကောင်းပြီ၊ ကောင်းပြီ၊ ဒါကို ကောင်စီဝင် စီမေကို ပေးလိုက်ပါ၊ သူငယ်ချင်းဟောင်းတစ်ယောက် လာလည်တယ်လို့ ပြောလိုက်ပါ"

ကောင်းမင်က ဝမ်ရှန့်ဂိုဏ်းထံမှ ရထားသော သက်သေအချို့ကို အပေါက်လေးထဲကနေ လှမ်းပေးလိုက်သည်။

"ဒါကို ခိုးမကြည့်ဖို့ အကြံပေးချင်တယ်၊ ကြည့်လိုက်ရင် ခင်ဗျား အသက်အန္တရာယ် ရှိနိုင်လို့ပါ"

ဝန်ခံခြင်းခန်းမက ပြန်ပြီး တိတ်ဆိတ်သွား၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ကောင်းမင်နောက်ဘက်က လျှို့ဝှက်တံခါးတစ်ခု ပွင့်လာပြီး ချိုသာသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာလေသည်။

"မင်္ဂလာပါ၊ ကောင်စီဝင် စီမေ အလုပ်ပြီးသွားပါပြီ၊ ရုံးခန်းအမှတ် (၁) မှာ ရှင့်ကို စောင့်နေပါတယ်"

သူခေါင်းလှည့်ကြည့်လိုက်သောအခါ ကောင်းမင်သည် အမှောင်တွင်းပေါက်နှစ်ခုကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် အရိုးတည်ဆောက်ပုံအရ လှပမည့်ပုံရှိသော်လည်း ကံမကောင်းစွာဖြင့် သူမ၏ မျက်နှာက ပုံပျက်နေပြီး မျက်လုံးများကလည်း ဖောက်ထုတ်ခံထားရသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်မကို စီထုံလို့ပဲ ခေါ်ပါ၊ ကျွန်မက အမေရဲ့ မွေးစားသမီးပါ"

မျက်လုံးများ ဆုံးရှုံးထားသော်ငြား မိန်းကလေးသည် မည်သည့်အရာကိုမှ ထိတွေ့မနေချေ။ သူမသည် ဒီအဆောက်အအုံကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ လျှောက်ဖူးနေသကဲ့သို့ ကျွမ်းကျင်လှသည်။

လျှို့ဝှက်တံခါးနောက်ဘက်ရှိ လမ်းထဲ ဝင်လိုက်သောအခါ ကောင်းမင်သည် ကျောရိုးတစ်လျှောက် အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။ သူ အချိန်အတော်ကြာ လျှောက်လာရသည်ဟု ခံစားရပြီးနောက် အလင်းရောင်ကို လှမ်းမြင်လိုက်ရသည်။

ရှည်လျားလှသော ဆံပင်များကို အနောက်တွင် ထုံးထားပြီး ကြင်နာတတ်ပြီး ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦးသည် စားပွဲတစ်ခုရှေ့တွင် ထိုင်နေလေသည်။ သူမသည် အသက် ၅၀ ကျော်နေပြီ ဖြစ်သော်လည်း အလွန်အမင်း ထိန်းသိမ်းထားသောကြောင့် ၃၀စွန်းစွန်းလောက်သာ ထင်မှတ်ရသည်။ သူမ၏ အသားအရေတွင် အရေးအကြောင်း တစ်ခုမှမရှိဘဲ သန့်စင်ပြီး ဂုဏ်သရေရှိသော အလှတရားများ ထွက်ပေါ်နေလေသည်။

All Chapters