← Chapters

နောက်ကလေးတစ်ယောက်

Vol. 141 Ch. 1971

နောက်ကလေးတစ်ယောက်

Vol. 141 Ch. 1971

“ယူယူ ဘယ်လိုနေလဲ”

“ခေါင်းက.. ကိုက်လိုက်တာ” သူမ၏ အသံမှာ အားပျော့နေသည်။ သူမ စကားပြောလိုက်သည်နှင့် အပ်ပေါင်း ထောင်ချီမျှ အထိုးခံရသလိုခံစားရလေ သည်။

“နာမှာပေါ့ စိတ်စွမ်းအင်တွေ အလွန်အကျွံသုံးလိုက်တာကိုး” ဟွမ်သည် မည်းနက်နေသော မျက်နှာဖြင့် ပြောလေသည် “ကိုယ့်အတိုင်းအတာဆိုတာရှိ တယ်လေ ဘယ်လိုလုပ်…”

ရှီမာယူယူ သူ့ကိုပြုံးပြနေဆဲဖြစ်သည်ကို မြင်သောအခါ ဒေါသစိတ်များ သည် ပျောက်ကွယ်သွားတော့သည်။

“ဖူရှီ အဆင်ပြေရဲ့လား” သူမ မေးလိုက်သည်။

“မင်းကိုယ်မင်းလည်း ကြည့်ဦး သူများကိုသွားစိတ်ပူနေသေးတယ်” ယွင်ရာသည် ဘေးမှ ပေါ်လာပြီး အေးစက်စွာ ညည်းညူလေသည်။

ရှီမာယူယူသည် ဖူရှီအတွက် လုပ်ပေးခဲ့သည်ကို သူ သိသည်။ သို့သော် ဤ အခြေအနေထိရောက်အောင် သူမကိုယ်သူမ အန္တရာယ်တွင်းသို့ တွန်းပို့လိမ့် မည်ဟုတော့ ထင်မထားပေ။ ပြီးနောက် ထိုကောင်လေးသည် သာမန်လူမဟုတ် သည်မှာ သိသာသည်။ ယနေ့ သူ့ကိုကြည့်ရသည်မှာ လုံးဝပင်ကွဲပြားနေသည်။

အင်း ငါတော့ ကြိုက်တယ်။ ရှီမာယူယူ သူ့ကိုစိုက်ကြည့်နေသည်။ သူမရဲ့ အားနည်းတဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် သူမက အခုလို သူနဲ့ရှိနေမှာ မဟုတ်ဘူး။

“ယူယူ ငါ ဒီမှာ ငါ အဆင်ပြေတယ်” ဖူရှီသည် အိပ်ရာဆီသို့လာလေသည်။ သူ၏ နီရဲနေသောမျက်လုံးများ၊ နီမြန်းနေသည့် နှာခေါင်းထိပ်နှင့် စိုစွတ်နေ သော မျက်တောင်များကို ကြည့်ခြင်းအားဖြင့် ငိုထားသည်မှာ သိသာလွန်း သည်။

သူ၏ သခင်နှစ်ယောက်မှလွဲပြီး ဤမျှကြင်နာစွာ ဆက်ဆံပေးခဲ့သူမရှိပေ။ သူ၏ အဆင့်အတန်းကို လေးစားသူများရှိကြသော်လည်း သူတို့ထဲမှ မည်မျှမှာ စိတ်ရင်းနှင့် ဖြစ်မည်နည်း။ ပြီးနောက် သူမသည် သူ့အတွက် အသက်ပင် ဆုံးရှုံး လုနီးပါးဖြစ်ခဲ့သည်။ သူ ထိုအကြောင်းကို တွေးမိသည်နှင့် ထပ်ငိုမိတော့သည်။

သူ အဆင်ပြေနေသည်ကို ရှီမာယူယူမြင်သောအခါ သဲ့သဲ့ပြုံးလိုက်သည်။ ပြီးနောက် အိပ်မောကျသွားပြန်သည်။

သူမ အိပ်မောကျသွားသည်ကို ဖူရှီမြင်သည်နှင့် တိတ်တော့မည့်ဆဲဆဲ မျက်ရည်များသည် ပြန်ကျလာသည်။

သူသည် အားနည်းသောလူတစ်ယောက်ကိုမြင်သည်နှင့် ငိုလိမ့်မည်ဟု သူ့ကိုယ်သူပင် မသိခဲ့ပေ။

“ကောင်လေး သူမက မင်းကိုကယ်ခဲ့တာ မင်းသူမကို ကျေးဇူးဆပ်ရမယ်.. မင်းလည်း ဒါကိုအကြိမ်ပေါင်းများစွာ ကြုံရမှာပဲ.. အချိန်တိုင်းငိုမယ်လိုတော့ ငါ့ ကိုမပြောနဲ့နော်” ယွင်ရာ စနောက်လေသည်။

“မငိုပါဘူး”

“ဒါဆို ဘာလို့ငိုနေတာလဲ”

“ကျွန်တော်ပြောတာက.. အဲလူတွေက ကျွန်တော့်ကို ဒီလိုမျိုးဆက်ဆံ မပေးဘူး” ဖူရှီ ပြောလိုက်သည် “ကျွန်တော်က သမားတော်တွေ ဆေးပညာရှင် တွေကို ရာချီတွေ့ဖူးတယ် ဒါပေမဲ့ ဘယ်သူမှ ဒီလိုဆက်ဆံမပေးဘူး”

သူသည် သူတို့ကို အခကြေးငွေမြင့်မြင့်ပေးထားသည်။ သို့သော် သူတို့ သည် သူတို့၏ဆန္ဒပြည့်ဝသည်နှင့် ထွက်သွားကြသည်သာ။ သူတို့ သူ့ကို ဂရုစိုက်လျှင်တောင် ဤအဆင့်ထိရောက်အောင် မည်သူမှမလုပ်ပေးကြပေ။

သူမတစ်ယောက်သာရှိသည်။ ထို့ကြောင့် သူ သူမအတွက်ငိုခြင်းဖြစ် သည်။

နောက်ပိုင်းတွင် ကျိုးကျိုးတို့သည် သူမဆီသို့ လာလည်ကြသည်။ သူမ ကိုယ်သူမ ဘာကြောင့် ဤအဆင့်ထိဖြစ်အောင် လုပ်သည်ကို သူတို့သိချင်ကြ သည်။ အားလုံးသည် ကူညီချင်ကြသည်။ ထို့ကြောင့် စကားအကောင်းများပြော ပြီး ထွက်သွားကြလေသည်။ နောက်တွင် စိတ်စွမ်းအားအတွက် ကောင်းသည့် ဆေးပစ္စည်းများပို့လိုက်သည်။

ဝူလင်းယူသည် ဆေးပစ္စည်းများကို ယူပြီး ရှီမာယူယူသောက်ရန် ဆေး သန့်စင်ပေးသည်။

ရှီမာယူယူသည် သုံးရက်ကြာအိပ်ပြီးနောက် နိုးလာသည်။

ဝူလင်းယူသည် သူမ၏ လက်များကိုသုတ်ပေးနေရင်း မျက်လုံးပွင့်လာ သည်ကိုမြင်သောအခါ အသံစူးစူးဖြင့် မေးလေသည် “နိုးလာပြီလား”

“အင်း ကျွန်မ ဘယ်လောက်ကြာအောင် အိပ်သွားတာလဲ” ရှီမာယူယူ သည် လက်ဆန့်ထုတ်ပြီး ထုံကိုက်နေသော ခေါင်းကိုပွတ်ရန်ကြိုးစားလေ သည်။ သို့သော် လက်တစ်စုံသည် သူမ၏ နားထင်ကို နှိပ်နယ်ပေးလာသည်။

“ပထမဆုံး သတိမေ့သွားတဲ့ရက်နဲ့ဆို ၄ ရက်ရှိပြီ” ဝူလင်းယူသည် သူမ၏ ခေါင်းကို ညင်သာစွာနှိပ်နယ်ပေးနေသည် “ဘယ်လိုလဲ ပိုသက်သာလာလား”

“ပိုသက်သာလာတယ်.. ဒါပေမဲ့ အန်ချင်သလိုလိုဖြစ်နေတုန်းပဲ.. မူးပြီး ခေါင်းကိုက်နေတယ်” ရှီမာယူယူသည် သူ့လက်ဖဝါးပေါ်မှီလိုက်သည်။

“နောက်ဆိုရင် ဒီလိုမျိုးတွေ ထပ်မလုပ်နဲ့တော့ အကုန်လုံးလန့်သွားကြပြီ” ဝူလင်းယူသည် မပြောသော်လည်း သူ ဒေါသထွက်နေသည်ကို ရှီမာယူယူ သိ သည်။

“သိပါတယ် နောက်တစ်ခါဆိုတာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကစဥ့်ကလျားကမ္ဘာကို ထပ်သွားရမယ်ထင်တယ်”

ပြီးခဲ့သည့်တစ်ခေါက် သူမ စိတ်စွမ်းအားသုံးမိစဉ်က ကစဥ့်ကလျားကမ္ဘာ ကို ရောက်သွားပြီး သူခေါ်ထုတ်ခဲ့ရသည်။ ထိုစဉ်က သူမသည် သူ့အပေါ်မှီခို လွန်းသည်ကို သတိမထားမိပေ။

“ကစဥ့်ကလျားကမ္ဘာက ဘယ်လိုလုပ် သွားဖို့လွယ်မှာလဲ.. အဲတုန်းက တိုက်ဆိုင်သွားတာ” ဝူလင်းယူ ပြောလိုက်သည်။

“လင်းယူ ကျွန်မ ကစဥ့်ကလျားကမ္ဘာကိုရောက်သွားတာ တိုက်ဆိုင်မှု မဟုတ်ဘူး အကြောင်းအရင်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မရဲ့ သရုပ်မှန်တဲ့ ဆက်စပ်နေနိုင်တယ်”

“ကိုးခုမြောက်မရဏာမျိုးနွယ်ကို ပြောတာလား”

“ဟုတ်တယ် ကိုးခုမြောက်မရဏာမျိုးနွယ်က တကယ်တော့ ကြာပန်း နက်မျိုးနွယ်ပဲ.. ကြာပန်းနက်မျိုးနွယ်က ကစဥ့်ကလျားမြစ်ကနေ ဖြစ်လာတာပဲ”

“ဟုတ်သည်ဖြစ်‌စေ မဟုတ်သည်ဖြစ်စေ အခုတော့ စစ်ကြည့်လို့မရသေး ဘူး… ကဲပါ အများကြီးမစဉ်းစားနဲ့တော့ နားချင်လား” ဝူလင်းယူ မေးလိုက် သည်။

“မနားချင်တော့ဘူး အိပ်လိုက်ရင် ခေါင်းပိုကိုက်လာတယ်” ရှီမာယူယူ သည် ခေါင်းကိုအသာယမ်းသည် “ဖူရှီရော.. သူ့အခြေအနေရော ဘယ်လိုလဲ”

“သူ လုံးဝပြန်ကောင်းလာပြီ.. သူက ဒဏ္ဍာရီနဂါးစွမ်းအားကို စုပ်ယူပြီး ခန္ဓာကိုယ်ကလည်း ပုံမှန်လိုကြီးလာပြီ.. သူက ဆေးကုဖို့အတွက် မင်းကိုလာရှာ တာ.. အခု သူကောင်းသွားပြီဆိုတော့ ထွက်သွားလို့ရပြီပဲ” ဝူလင်းယူ ပြောလိုက် သည်။

ရှီမာယူယူ အံ့ဩသွားသည် “သူ ထွက်သွားတော့မှာလား”

“မကြာခင်သွားလိမ့်မယ်”

ဖူရှီသည် အပြင်မှ ထိုစကားများကို ကြားနေရသည်။ သူ နှုတ်ခမ်းတွန့် လိုက်သည်။

ရှီမာယူယူ၏ စိတ်စွမ်းအားမှာ ထိခိုက်ထားသဖြင့် သူ အပြင်တွင်ရောက် နေသည်ကို မသိပေ။ ဒီလူကြီးက သိရဲ့သားနဲ့ တမင်ကိုပြောနေတာပဲ။

သူသည် ပြန်မသွားချင်ပေ။ သူ သူမနောက်သို့ လိုက်ချင်သည်။

သူသည် ဝင်သွားပြီး ပြုံးကာပြောလေသည် “ယူယူ နိုးလာပြီလား မင်း နိုးမလာရင်တော့ ငါတောင်းပန်တော့မလို့”

“တောင်းပန်ချင်လို့လား” ရှီမာယူယူ ထထိုင်လိုက်သည် “မင်းက ဘဝ အသစ်စနေပြီပဲ.. ဆန္ဒရှိလို့လား”

“ယူယူ့အတွက်ဆို ဆန္ဒရှိတာပေါ့” ဖူရှီသည် အလေးအနက်ပြောလေ သည်။

“ဒါပေမဲ့ မင်းအခုထွက်သွားတော့မှာလား”

“သွားမယ်ဟုတ်လား ဘယ်ကိုသွားရမှာလဲ ငါ မင်းနောက်ကိုလိုက်ချင် တာ” ဖူရှီသည် ထင်ရှားစွာပင် ပြောလေသည် “ယူယူ ငါ့ကိုနှင်ထုတ်ချင်လို့လား”

“မင်းက သက်သာသွားပြီလေ ထွက်မသွားဘူးလား.. မင်းရဲ့ဆရာလည်း စောင့်နေမှာပဲ မဟုတ်ဘူးလား” ဝူလင်းယူသည် မျက်ခုံးပင့်ကာ အမြန်ပင် နှင်ထုတ်လေသည်။

“အခုက အဆင်ပြေတဲ့ပုံပေါက်ပေမဲ့ နောက်ကျ ရုတ်တရက် ပြဿနာ ဖြစ်မလာဘူးလို့ ဘယ်သူသိမှာလဲ.. ပြီးတော့ ဘယ်သူမှ ဒါကိုကြုံဖူးတာမဟုတ် ဘူး.. တစ်ခုခုဖြစ်ရင် ကျွန်တော်က ဘယ်လိုလုပ်ရတော့မှာလဲ.. အဲအချိန်ကျရင် မင်းကိုလည်း ရှာလို့မရဘူး” ဖူရှီသည် သူမအား သနားစဖွယ်ကြည့်လေသည်။

“ဟုတ်တယ် မင်းလည်း ဒီအခြေအနေကို ကြုံဖူးတာမဟုတ်ဘူး မှတ်တမ်း မှတ်ရာလည်းရှိတာမဟုတ်ဘူး.. မင်း ပျောက်သွားပြီဆိုတာ လုံးဝသေချာတာ တော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါဆို ခဏတော့ စောင့်ကြည့် ကြတာပေါ့.. ပြီးတော့ ငါမှန်းရသလောက်ဆို မင်းက ဒဏ္ဍာရီနဂါးကို စုပ်ယူထား ပြီးပြီ.. မင်းရဲ့ စွမ်းအားကနဲ့သွေးတွေက နောက်ဆိုရင် ပြောင်းလဲသွားတော့မှာ”

“အဲဒါက ငါ့ခန္ဓာကိုယ်ထဲက သွေးမှာလည်ပတ်နေပြီလား ငါက နဂါးဖြစ် တော့မှာလား” ဖူရှီ အော်လိုက်သည်။

ရှီမာယူယူ အံ့ဩသွားသည် “မင်းခန္ဓာကိုယ်ထဲမှာ နဂါးသွေးရှိနေတာလား”

“ဘိုးဘေးကြီးတွေ ပြောတာပဲ ဒါပေမဲ့ ဘယ်သူမှတော့ အရင်ကမမြင်ဖူးဘူး” ဖူရှီ ပြောလိုက်သည်။

“ကြည့်ရတာ အဲလိုဖြစ်နိုင်တယ်.. ပြီးတော့ ဒဏ္ဍာရီနဂါးအမိန့်ကလည်း မင်းကို အကြောင်းမဲ့ ရွေးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲလိုသာ ဆိုရင် နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ စောင့်ကြည့်ရမယ်.. အလော တကြီးမပြန်နဲ့”

“ဟုတ်ပြီ” ဖူရှီသည် ပြန်ဖြေပြီးနောက် ဝူလင်းယူကို ပြုံးပြလိုက်သည်။ ဟင်း အဲအပြုံးက ဂုဏ်ယူနေတဲ့အပြုံးကြီး။

“ယူယူ နိုးလာပြီလား” ယွင်ရာ၏ အသံသည် အပြင်မှထွက်လာသည်။ ရှီမာယူယူသည် ဖူရီကိုကြည့်လိုက်ရာ ဖူရှီသည် ချက်ချင်းပင် ထွက်သွားလေ သည်။

မကြာမီတွင် ယွင်ရာသည် သွေးများပေကျံနေသော ကလေးတစ်ယောက် ကိုချီပြီး လျှောက်လာသည်။ ရှီမာယူယူ နိုးနေသည်ကို မြင်သည်နှင့် သူသည် ကလေးကို ခုတင်ပေါ်တင်ပြီး ပြောလိုက်သည် “ကြည့်ပေးပါဦး ဒီကလေးကို ကယ်လို့ရနိုင်လား”

ထိုကလေးသည် ဖူရှီ၏ အရွယ်လောက်ရှိသည်။ သူသည် ဒဏ်ရာများဖြင့် ပြည့်နေပြီး မျက်နှာအသွင်အပြင်ကိုပင် မမြင်ရပေ။ အဝတ်များမှာလည်း စုတ်ပြဲ နေပြီး တစ်နေရာမှ ကြည့်ရက်စရာမရရှိပေ။ သူ့ကို ခုံပေါ်သို့ ညင်သာစွာချ လိုက်ချိန်တွင် သတိမေ့နေပြီဖြစ်သည်။

***

All Chapters