အကြွေးများလေ အကျိုးများလေ
Vol. 47 Ch. 693
မကောင်းမှုကျူးလွန်ခြင်းက ဆုလာဘ်များကို ဆောင်ကြဉ်းပေးနိုင်ပြီး မိမိအတွင်းစိတ်ထဲမှ အမှောင်ထုကို လွှတ်ထုတ်လိုက်ခြင်းက စွမ်းအားကို ရရှိစေသည်။ ဤမြို့ကြီးကို အဘယ်ကြောင့် ထိုရက်စက်ကြမ်းကြုတ်သော ဂိုဏ်းများက ထိန်းချုပ်ထားနိုင်ကြောင်းကို ကောင်းမင် နားလည်သွားပုံရသည်။
အနက်ရောင်လိုင်းများသည် လူတိုင်း၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်မှုနှင့် မကောင်းသောအတွေးများကို စားသုံးကာ ကြီးထွားလာကြခြင်းဖြစ်သည်။ ၎င်းတို့သည် သာမန်လူများကို ပြောင်းလဲမှုများ ပေးစွမ်းနိုင်သော်လည်း တစ်ဖက်တွင်မူ လူတို့ကို တဖြည်းဖြည်းနှင့် စိတ်အထိန်းအကွပ်မဲ့သွားစေရန် ပြုလုပ်တတ်သည်။
"အရင်က ခွေးမည်းပြောတဲ့ ဆေးဆိုတာ ဒီအနက်ရောင်လိုင်းတွေကို ဖိနှိပ်ဖို့ သုံးတာလား၊ အနက်ရောင်လိုင်းတွေက လူတစ်ယောက်ကို လုံးဝဝါးမြိုသွားရင် ဘာဖြစ်လာမလဲ"
ကောင်းမင် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ညနှောင်းပိုင်း လမ်းမများသည် ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းလှသည်၊ ဝေဝါးနေသော ပုံရိပ်အချို့သည် လူပုံစံကို မနည်းထိန်းထားရင်း ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။
"ဒီယဇ်ပလ္လင်ကမ္ဘာက ငါထင်ထားတာထက် အများကြီးပိုအန္တရာယ်များတယ်"
ကောင်းမင်တွင် ခွေးမည်း၏ဆေးမရှိပေ။ ဂိုဏ်းကြီးနှစ်ခုကို မြှောက်ပင့်ရန် ကြံစည်ပြီးနောက် သူ၏အတွင်းစိတ်ထဲမှ ဆိုးယုတ်မှုများက အရှိန်အဟုန်ဖြင့် ကြီးထွားလာကြသည်။ အနက်ရောင်လိုင်းများသည်လည်း အဆမတန်တိုးပွားလာကာ သူ၏ဆင်ခြင်တုံတရားကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။
“ထိန်းချုပ်မရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်”
ကောင်းမင်သည် ပစ္စည်းသိုလှောင်ခန်းထဲမှ ထွင်းဓားတစ်လက်ကို ရှာတွေ့လိုက်ပြီး မီးနှင့်အရက်ကိုသုံး၍ ယာယီပိုးသတ်လိုက်သည်။ ထို့နောက် သူ့အင်္ကျီကို ချွတ်ကာ နှလုံးသားနေရာမှ စတင်၍ သွေးမြို့တော်သရဲတက်တူးကို အားစိုက်ကာ စတင်ထွင်းထုတော့သည်။
“ဂိုဏ်းသားတွေအားလုံးမှာ တက်တူးတွေ အနည်းနဲ့အများ ရှိကြတယ်၊ သူတို့ရဲ့ တက်တူးတွေထဲမှာလည်း စွမ်းအားတစ်ခုခု ရှိနေမလား၊ အဲ့ဒီတက်တူးတွေနဲ့ ငါ့ရဲ့ သရဲတက်တူးကြားမှ ဘာကွာခြားလဲ”
သူ့ရင်ဘတ်သည်င် သွေးများဖြင့် ရဲရဲနီနေတော့သည်။ ကောင်းမင်သည် သရဲတက်တူး၏ ဆယ်ပုံတစ်ပုံခန့်ကို ဆွဲပြီးသောအခါ သူ့နှလုံးခုန်သံက မြန်ဆန်လာလေသည်။ အနက်ရောင်လိုင်းများထဲမှ သွေးနီရောင်လိုင်းတချို့ ထွက်ပေါ်လာတော့သည်။ ကောင်းမင်၏ ခန္ဓာကိုယ်ထဲတွင် စည်းမျဉ်းနှစ်ခု ထိပ်တိုက်တွေ့နေသည့်အလားပင်။
ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံရင်း အနက်ရောင်လိုင်းများက သွေးနီရောင်လိုင်းများကို တွန်းလှန်ခြင်း ရပ်တန့်သွားသည်အထိ ကောင်းမင်က ဇွဲနပဲဖြင့် ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ကောင်းမင်သည် သွေးနီရောင်လိုင်းများကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့မှတစ်ဆင့် အနက်ရောင်လိုင်းများကို ထိန်းချုပ်ကာ အထိန်းအကွပ်မဲ့မသွားအောင် တားဆီးနိုင်ခဲ့သည်။ သို့သော် အနက်ရောင်လိုင်းများကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်မှာ အလှမ်းဝေးနေသေးသည်။
သူသည် သွေးနီရောင်လိုင်းများကို သူ၏ညာဘက်လက်တွင် စုစည်းလိုက်ပြီး လက်သီးတစ်ချက် ထိုးကြည့်လိုက်သည်။ လေခွင်းသံတစ်ချက် ဟိန်းထွက်သွားပြီး ယခင်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသည်။
“ဆိုးယုတ်မှုနဲ့ အမှောင်ထုကို စွမ်းအားအဖြစ် သုံးရတာက ငါနဲ့တော့ သိပ်မလိုက်ဖက်ဘူး၊ ဒီလို ရှုပ်ထွေးတဲ့ ကမ္ဘာကြီးနဲ့ယှဉ်ရင် ငါက အရမ်းကြင်နာလွန်းနေသေးတယ်”
နေ့ခင်းက ကျားယိုကျစ် ရှာထားခဲ့သော ပတ်တီးများမှာ နောက်ဆုံးတွင် အသုံးဝင်လာခဲ့သည်။ သူ့ကိုယ်သူ အမြန်ပတ်တီးစည်းလိုက်ပြီးနောက် ကောင်းမင်သည် ကွန်ပျူတာရှေ့တွင် ပြန်ထိုင်ကာ အခန်း ၄၀၁၈ မှ ရရှိခဲ့သော USB နှင့် အချက်အလက်များကို ဂရုတစိုက်ထုတ်ယူလိုက်သည်။
ကောင်းမင်သည် အမှောင်ထုနှင့် ရင်းနှီးပြီးသား ဖြစ်သော်လည်း ကွန်ပျူတာတွင် တပ်ဆင်၍ စစ်ဆေးကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားရသည်။
ဤမြို့ကြီးကို အစိုးရကောင်စီက စီမံခန့်ခွဲနေခြင်းဖြစ်သည်။ခရိုင်ခုစီတွင် "ရွေးချယ်ခံ" ကောင်စီဝင် ငါးဦးစီ ရှိသည်။ ဂိုဏ်းသားများနှင့်မတူသည်မှာ သူတို့သည် မြင့်မြတ်သိမ်မွေ့သော ပုံစံကို ထိန်းသိမ်းထားကြပြီး အမှောင်ထုကို အမြဲလိုလိုဝေဖန်ရှုတ်ချကာ မိမိကိုယ်ကို မကောင်းမှု၏ ရန်သူတော်ကြီးများအဖြစ် ကြွေးကြော်လေ့ရှိကြသည်။ သို့သော်လည်း ကွယ်ရာတွင်မူ ညစ်ပတ်သော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။
ဝမ်ရှန့်ဂိုဏ်း၏ အချက်အလက်များထဲတွင် ကောင်စီဝင်အချို့နှင့် ပတ်သက်သော သတင်းများ ပါဝင်နေသည်။ လိင်ကိစ္စနှင့် ငွေကြေးအပေးအယူများသာမကဘဲ အဆိုးရွားဆုံးမှာ ခရိုင် ၃၏ အသက်အကြီးဆုံး ကောင်စီဝင် ယွမ်နျန်နှင့် ခရိုင် ၂ မှ ကောင်စီဝင် စီမေတို့၏ သတင်းများ ဖြစ်သည်။
ယွမ်နျန်သည် သူ၏ကိုယ်တွင်းအင်္ဂါအားလုံးနီးပါးကို အစားထိုးထားသူ ဖြစ်သည်။ အိုမင်းနေသော သူ့ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းသော လူပေါင်းများစွာ၏ အသားစများဖြင့် ဖာထေးတည်ဆောက်ထားခြင်း ဖြစ်သည်။ စီမေမှာမူ အပြင်လောကတွင် သူတော်စင်တစ်ဦးကဲ့သို့ ဟန်ဆောင်နေသော်လည်း လက်တွေ့တွင် ဝမ်ရှန့်ဂိုဏ်း၏ အသားတောအုပ်သို့ အပတ်တိုင်း သွားရောက်ကာ စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။သူမသည် ရက်စက်သော သတ်ဖြတ်မှုများကို ပြုလုပ်ခြင်းဖြင့် သူမ၏ နာကျင်မှုများကို ဖြေဖျောက်လေ့ရှိသည်။
ကောင်းမင် စာဖိုင်များကို စစ်ဆေးနေစဉ် ကောင်စီဝင် စီမေနှင့် ပတ်သက်သော သတင်းတစ်ခုက ကွန်ပျူတာတွင် ပေါ်လာလေသည်။ ခရိုင် ၇ က ဂိုဏ်းတစ်ခုကို ခုခံရန်အတွက် သူမသည် လူအမြောက်အမြားကို ဦးဆောင်ကာ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းတွင် သူမသည် ဤမြို့ကြီး၏ နောက်ဆုံးကျန်ရှိသော ဂုဏ်သိက္ခာနှင့် တစ်ခုတည်းသော မျှော်လင့်ချက် လင်းရောင်ခြည်ဖြစ်သည်ဟု ဖော်ပြထားပေသည်။
"ဟာသပဲ၊ တကယ့် ဟာသပဲ"
ကောင်းမင်သည် ကောင်စီဝင်များ၏ နောက်ကြောင်းများကို လှန်လှောကြည့်ရှုကာ သူတို့ အာဏာရလာပုံကို လေ့လာလိုက်သည်။ အကြမ်းဖက်မှုနှင့် အမှောင်ထုတို့က အာဏာတောင်ဝှေး၏ လက်ကိုင်ကို သွန်းလုပ်ခဲ့ပြီး သွေးနှင့် အရှုပ်အထွေးများက ပလ္လင်ဆီသို့ ဦးတည်သော ကော်ဇောကို ရက်လုပ်ခဲ့ကြသည်။ သူတို့ လှမ်းခဲ့သည့် ခြေလှမ်းတိုင်း၏ အောက်ခြေတွင် အရိုးစုများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။
"ကောင်စီဝင်တစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ ဂိုဏ်းတစ်ခုစီ ရှိနေတာပဲ၊ ညှဉ်းပန်းနှိပ်စက်ခန်းထဲက သရဲတွေ မကောင်းဆိုးဝါးတွေထဲက ဘယ်သူတွေများ ကောင်စီဝင်တွေအဖြစ် ဝင်စားနေကြလဲ မသိဘူး"
သက်သေများကို သိမ်းဆည်း၍ အားလုံးကို မူလအတိုင်း ပြန်ထားလိုက်သည်။ ကောင်းမင် အကြောဆန့်ပြီး အနားယူရန် ပြင်နေစဉ် ပြတင်းပေါက်အပြင်ဘက်မှ အကူအညီတောင်းသံများကို ရုတ်တရက် ကြားလိုက်ရသည်။
လိုက်ကာအနားစကို အသာဟကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မှိန်ပျပျ လင်းနေသော လမ်းမပေါ်တွင် အဝတ်အစားဖရိုဖရဲနှင့် လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူသည် အရက်မူးနေသူကဲ့သို့ ဒယိမ်းဒယိမ်ဖြစ်နေလေသည်။ သူ၏ ခြေလက်များသည် အနည်းငယ်တွန့်လိမ်နေပြီး ဦးခေါင်းကို ရင်ဘတ်အထိ ငုံ့ထားသည်။
"ကူညီကြပါ... ကူညီကြပါဦး..."
ဗလုံးဗထွေးအသံကြီးက အဆက်မပြတ် ထွက်ပေါ်နေသော်လည်း မည်သူမျှ မတုံ့ပြန်ရဲပေ။ ထို့နောက် သူသည် ဓာတ်ပုံစတူဒီယိုရှေ့မှ ဖြတ်သွားစဉ် နှာခေါင်းက တရှုံ့ရှုံ့ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်က သားရဲတစ်ကောင်ကဲ့သို့ ယိမ်းထိုးသွားကာ ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ အနက်ရောင် ဆံပင်များအောက်မှ သူ့မျက်လုံးများက ကောင်းမင်၏ အကြည့်နှင့် ဆုံသွားတော့သည်။
"ကူညီကြပါ၊ ကယ်ကြပါဦး"
သူ့မျက်လုံးအိမ်များထဲမှ မရေမတွက်နိုင်သော အနက်ရောင်လိုင်းများ ပန်းထွက်လာပြီး ပါးပြင်ပေါ်သို့ ပျံ့နှံ့သွားသည်။ သူသည် စတူဒီယိုတံခါးဆီသို့ တွားသွားလာကာ လက်နှစ်ဖက်ဖြင့် တံခါးကို အတင်းထုရိုက်တော့သည်။
"ကယ်ကြပါ၊ ကယ်ကြပါ"
အသံမှာ ပိုစူးရှလာကာ နားကွဲမတတ် ဖြစ်လာသည်။ကောင်းမင်သည် ထိုလူထံမှ ထွက်ပေါ်လာသော ဆိုးယုတ်မှုများကို အဝေးကပင် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
"သူက သေခါနီးဖြစ်နေတာတောင် မသေခင် လူတချို့ကိုပါ ဆွဲခေါ်သွားဖို့ ကြိုးစားနေတာပဲ၊ တကယ့် တိရစ္ဆာန်ကောင်ပဲ"
အိပ်ပျော်နေသော ကျားယိုကျစ်နှင့် တင်းရှန်းတို့က လန့်နိုးလာကြသည်။ သူတို့သည် ကြောက်ရွံ့မှုကြောင့် ကွေးကွေးလေး ဖြစ်နေကြသည်။
"ဘာရပ်ကြည့်နေကြတာလဲ၊ ညရဲတပ်ဖွဲ့ကို ဖုန်းဆက်ကြလေ"
ဝူဝေသည် အသက်အငယ်ဆုံး ဖြစ်သော်လည်း အပြတ်သားဆုံးလူ ဖြစ်သည်။ သူမသည် ပစ္စည်းများ ပြည့်နေသော ဗီရိုတစ်လုံးကို တံခါးနောက်သို့ အတင်းတွန်းပို့လိုက်သည်။
တင်းရှန်းနှင့် ကျားယိုကျစ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ဖုန်းမဆက်ကြပေ။ ညရဲတပ်ဖွဲ့ထံမှ အကူအညီတောင်းလျှင် ပေးဆပ်ရမည့် တန်ဖိုးတစ်ခုရှိပေသည်။
"ဒါရိုက်တာလီကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ၊ သူက အကြွေးတွေ အများကြီး ရှိနေတာပဲလေ"
ကျားယိုကျစ်သည် ဖုန်းထုတ်ရန်ပင် ဝန်လေးနေပြီး နောက်သို့ ဆုတ်ခွာသွားသည်။
တံခါးမှာ တဂျိဂျိနှင့် မြည်နေပြီး အပြင်ဘက်က အော်ဟစ်သံများ ပိုမိုကျယ်လောင်လာသည်။ ကောင်းမင်သည် ပစ္စည်းသိုလှောင်ခန်းထဲမှ ဓားအစစ်တစ်လက်ကို ဆွဲကိုင်၍ တံခါးဖွင့်ပြီး ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် သေနတ်သံတစ်ချက် ထွက်ပေါ်လာလေသည်။
ထိုထူးဆန်းသောလူ၏ အော်ဟစ်သံများ ငြိမ်ကျသွားပြီးနောက် အသားကို လှီးဖြတ်နေသည့် ဓားသံများ ထွက်ပေါ်လာသည်။ ကောင်းမင် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ အနက်ရောင် မိုးကာအင်္ကျီဝတ်ထားသော အရပ်ရှည်ရှည်လူသုံးယောက်သည် ထိုလူ၏ အလောင်းကို အပိုင်းပိုင်းဖြတ်ကာ သေတ္တာထဲသို့ ထည့်နေကြခြင်းဖြစ်သည်။ ငါးမိနစ်ခန့် ကြာသောအခါ မြေပြင်ပေါ်တွင် သွေးကွက်တစ်ခုသာ ကျန်ရစ်တော့သည်။
"လျှောက်မကြည့်နဲ့၊ သူတို့က ညအစောင့်အရှောက်တွေပဲ၊ သူတို့က အရမ်းကြောက်ဖို့ကောင်းတာ"
"အင်း"
ကောင်းမင်က နေရာ မရွေ့ပေ။ သူ၏ မျက်လုံးများက ဘယ်ဘက်အစွန်ဆုံးရှိ ညအစောင့်အရှောက်ဆီသို့ ရောက်ရှိနေသည်။ ထိုလူသည် အလောင်းကို အပိုင်းပိုင်းဖြတ်ရာတွင် အလွန်အမင်းကျွမ်းကျင်လှသည်။
ထိုလူနှင့် ကောင်းမင်ကြား အကွာအဝေးက သုံးမီတာအတွင်း ရောက်လာသောအခါ ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် ထွင်းထုထားသော သွေးမြို့တော်သရဲတက်တူးမှ သွေးများ စိမ့်ထွက်လာလေသည်။ ညှဉ်းပန်းနှိပ်စက်ခန်း၏ အရှင်သခင်အနေဖြင့် ထိုနေရာမှ ထွက်ခွာသွားသူများ၏ အငွေ့အသက်ကို သူ အာရုံခံနိုင်သည်။
"ငါတို့လူတွေထဲက တစ်ယောက်ပဲ၊ ဒါပေမဲ့ အဲ့ဒီညရဲရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်သူရှိနေလဲတော့ မသေချာသေးဘူး"
အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးနောက် ညရဲတစ်ယောက်က စတူဒီယိုတံခါးတွင် စာတစ်စောင် ကပ်ထားခဲ့သည်။ ကောင်းမင်နှင့် သူအဖွဲ့က အကူအညီမတောင်းခဲ့သော်လည်း သူတို့က ဝန်ဆောင်ခ လာတောင်းနေဆဲ ဖြစ်သည်။
"ညရဲတွေက လုပ်အားခက ဈေးမပေါဘူးနော်၊ ငါတို့တော့ သွားပါပြီ၊ ပိုက်ဆံတောင် မရသေးဘူး၊ အခု နောက်ထပ် ကုန်ကျစရိတ်တစ်ခု တိုးလာပြန်ပြီ"
ကျားယိုကျစ်မှာ ရင်ကျိုးမတတ် ဖြစ်နေသော်လည်း ကောင်းမင်ကတော့ သိပ်ဂရုမစိုက်ပေ။ အကြွေးဆိုသည်မှာ အတိုင်းအတာတစ်ခုအထိ ရောက်သွားလျှင် ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။
"အိပ်ကြရအောင်၊ မနက်ဖြန်ကျရင် ပုမင်ကို ဆက်စောင့်ကြမယ်၊ သူ ဟိုတယ်ထဲမှာ ထာဝရ ပုန်းနေနိုင်မယ်လို့ ငါမယုံဘူး"
ကောင်းမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး အကြွေးများကြောင့် ရူးသွပ်လုနီးပါးဖြစ်နေသည့် ပုံစံပေါက်နေလေသည်။
"နောက်ထပ် ဗလာကတိတွေ ပေးပြန်ပြီ"
ဝူဝေက နှုတ်ခမ်းစူရင်း ဗီရိုကို မူလနေရာသို့ ပြန်ရွှေ့လိုက်သည်။
ဝူဝေ၏ ပြစ်တင်စကားကို ကြားသော်လည်း ကောင်းမင် စိတ်မဆိုးပေ။ သူသည် ဗလာကတိများ ပေးနေခြင်း မဟုတ်ဘဲ ဗုံးတစ်လုံးကို သူကိုယ်တိုင်သယ်ဆောင်ထားပြီး လူတိုင်းကို ဓားတောင်နှင့် မီးပင်လယ်ထဲသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားနေခြင်းသာ ဖြစ်သည်။