← Chapters

ငါ့မှာ ဆေးဝါးအသစ်ရှိတယ်

Vol. 47 Ch. 696

ငါ့မှာ ဆေးဝါးအသစ်ရှိတယ်

Vol. 47 Ch. 696

ကောင်းမင်၏ အိတ်ကပ်များမှာ ပြောင်သလင်းခါနေပြီဖြစ်သည်။ အကယ်၍ သူသာ ထပ်မံနှိုက်ထုတ်လိုက်လျှင် ဝူဝေ၏ ဘတ်စ်ကားကတ်ပါ ပါလာပေတော့မည်။ သူ့နဖူးပေါ်တွင် ချွေးစေးများ ပျံတက်လာသည်။ သူပိုက်ဆံအလုံအလောက် မပေးနိုင်လျှင် ဝန်ထမ်းနှစ်ဦးက သူ့ကို သေချာပေါက် ဖမ်းဆီးထိန်းသိမ်းထားမည်ကို ကောင်းကောင်းသိသည်။

"ကျားယိုကျစ်တို့အဖွဲ့က ငါ့ကို လာရွေးမှာမျှော်လင့်တာထက် မပြောသင့်သူ ရုတ်တရက် သေသွားဖို့ မျှော်လင့်တာကမှ ပိုဖြစ်နိုင်ချေရှိဦးမယ်"

ကောင်းမင် စိုးရိမ်နေစဉ်မှာပင် ရုတ်တရက် ရင်းနှီးသော အငွေ့အသက်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ နောက်ဖေးခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်ရာ သာမန်ကိုယ်လုံးကိုယ်ပေါက်နှင့် ထူးခြားမှုမရှိသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦး သူရှိရာသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"မနေ့ညက ငါတွေ့ခဲ့တဲ့ ညရဲက သူပဲ"

သူ့နှလုံးခုန်သံက မြန်ဆန်လာပြီး ညှဉ်းပန်းနှိပ်စက်ခန်း၏ ချိန်းကြိုးများ တုန်ခါလာ၏။ ဤရှုပ်ထွေးပြီး မှောင်မိုက်နေသော ယဇ်ပလ္လင်ကမ္ဘာတွင် ကောင်းမင်သည် သူ၏ ပထမဆုံးသော မဟာမိတ်နှင့် ဆုံတွေ့ခဲ့ပြီဖြစ်သည်။

"မင်္ဂလာပါ... ကျွန်တော့်နာမည်က လီဆန်းစီပါ"

တစ်ဖက်လူ၏ အရေပြားအောက်တွင် မည်သူ့ဝိညာဉ် ပုန်းကွယ်နေသည်ကို ကောင်းမင် မသေချာပေ။သို့သော် ၎င်းက သူ့လက်ကို တက်တက်ကြွကြွ ကမ်းပေးရန်အတွက် အဟန့်အတား မဖြစ်ခဲ့ပေ။

ညရဲများသည် များသောအားဖြင့် ထူးဆန်းသော အလေ့အထများ ရှိကြသည်။ အကယ်၍ အခြားသူတစ်ဦး ဖြစ်နေပါက ကျီးကန်းနက်သည် ချက်ချင်း ရှောင်တိမ်းသွားမည် ဖြစ်သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ သူသည့် သူ့လက်အား ဆုပ်ကိုင်ထားသည်ကို ခွင့်ပြုထားခဲ့သည်။

"ကျေးဇူးတင်ပါတယ် အရာရှိကြီးရယ်... မနေ့ညက ကျွန်တော့်အသက်ကို ခင်ဗျားကယ်ခဲ့လို့သာပဲ၊ ခင်ဗျားသာ မရှိရင် ကျွန်တော်တို့ မိသားစုတစ်ခုလုံး မကောင်းဆိုးဝါးပါးစပ်ထဲမှာ သေကုန်ကြမှာ"

ကောင်းမင်၏ အသံမှာ ကျယ်လောင်ပြီး ရိုးသားလှသည်။ ဘေးမှ ဝန်ထမ်းက နှာခေါင်းရှုံ့လိုက်သော်လည်း ဝင်ရောက်မနှောင့်ယှက်ပေ။

"စကားမရှည်နဲ့... ဘာကိစ္စလဲ"

ကျီးကန်းနက်၏ တုံ့ပြန်မှုမှာ အေးစက်စက်ပင်။

"ခင်ဗျားတို့အဖွဲ့က မနေ့ညက ကျွန်တော့်စတူဒီယိုရှေ့မှာ တစ်ခုခု ချန်ထားခဲ့တယ်လေ"

တစ်ဖက်လူ စကားမပြောနိုင်ခင်မှာပင် ကောင်းမင်က သူတို့နှစ်ဦးသာ ကြားနိုင်သည့် အသံဖြင့် အနားကပ်ကာ ပြောလိုက်သည်။

"ဟန်ဟိုင်းရဲ့ ဆေးဝါး ရောက်လာပြီ၊ ဒေါက်တာကောင်းကတော့ ခင်ဗျားရဲ့ စိတ်ရောဂါကို အဲ့ဒါနဲ့ ကုနိုင်တယ်လို့ ပြောတာပဲ"

ကျီးကန်းနက်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤမြို့တွင် ဟန်ဟိုင်း၏တည်ရှိမှုကို မည်သူမျှ မသိကြပေ။

သူ့လက်ဖဝါးထဲတွင် စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ၎င်းမှာ ထက်မြက်သော လက်နက်တစ်ခုဖြင့် ပြတ်ရှသွားခြင်းပင်။ သွေးများ စိမ့်ထွက်လာပြီး ဆိုးယုတ်မှုများကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရသော ကျီးကန်းနက်၏ နှလုံးသားက အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ၎င်းမှာ ဆိုးယုတ်မှုများက အလျှော့ပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ ထိုသွေးများက ဆိုးယုတ်မှုကို ဆွဲဆောင်သွားခြင်း ဖြစ်သည်။

"အရာရှိကြီး... အဲ့ဒီပစ္စည်းကို ကျွန်တော် မထိရသေးပါဘူး၊ စတူဒီယိုမှာ ရှိနေတုန်းပါပဲ၊ ခင်ဗျား အားတဲ့အချိန်ကျရင် ကိုယ်တိုင် လာယူပေးပါဦးခင်ဗျာ"

ကောင်းမင်က သူ့လက်ကို လွှတ်လိုက်ပြီး သူဝတ်ထားသော လက်စွပ်ကို ကျီးကန်းနက်၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် အလွန်အမင်း နှိမ့်ချသော အမူအရာဖြင့် ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြောနေလိုက်သည်။

ကျီးကန်းနက်သည် နောက်ပြန်ဆုတ်ရန် ပြင်နေသော ကောင်းမင်ကို ဆွဲကိုင်လိုက်သည်။ သူ၏ အေးစက်သော အကြည့်မှာ အလောင်းတစ်လောင်းကို ကြည့်နေသကဲ့သို့ပင်။

"ငါ အခု အားနေတာနဲ့ အတော်ပဲ၊ ဒီမှာ ခဏ စောင့်နေဦး"

ကျီးကန်းနက်သည် နောက်ဖေးခြံဝင်းထဲသို့ ပြန်ဝင်သွားပြီး ဓားမျိုးစုံကို ထုပ်ပိုးလိုက်သည်။ ဘေးမှ ဝန်ထမ်းနှစ်ဦးမှာ ကောင်းမင်အား သနားစရာ သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

"ဒီအရူးက ပျော်ရွှင်နေတုန်းလား"

"သူက ကျီးကန်းနက်နဲ့ ရင်းနှီးအောင် လုပ်နိုင်မယ် ထင်နေတာလေ၊ ရယ်စရာပဲ၊ အဲ့ဒီလူက ဒီစခန်းမှာ အဆိုးဆုံးနဲ့ အကြင်နာအကင်းမဲ့ဆုံးပဲ၊ သူ ပြန်သယ်လာတဲ့ အလောင်းတွေဆိုရင် ပြန်ဆက်လို့တောင် မရတော့ဘူး"

ဦးထုပ်နှင့် နှာခေါင်းစည်းတို့ကို တပ်ဆင်ပြီးနောက် ကျီးကန်းနက်သည် အနက်ရောင် ဝတ်ရုံပွကြီးကို လဲလှယ်ဝတ်ဆင်ကာ ထွက်လာခဲ့သည်။ သူ ကိုင်ဆောင်ထားသော ဓားဖြင့် ကောင်းမင်၏ နောက်ကျောသို့ ဖိထားလိုက်သည်။

"သွားစမ်း"

လျင်မြန်ပြတ်သားစွာဖြင့် မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ ကျီးကန်းနက်သည် ကောင်းမင်အား စခန်းပြင်ပသို့ တွန်းထုတ်ခေါ်ဆောင်သွားသည်။

ကောင်းမင်သည် ဓာတ်ပုံစတူဒီယိုရှိရာဘက်သို့ ဦးတည်ရန် ပြင်လိုက်သော်လည်း ကျီးကန်းနက်က အေးစက်စွာ သတိပေးလိုက်သည်။

"မလှုပ်နဲ့... ငါပြောတဲ့ လမ်းကြောင်းအတိုင်း လိုက်ခဲ့၊ မင်း အဲ့ဒီမှာ နေတာ မလုံခြုံဘူး"

ဓာတ်ပုံစတူဒီယို တည်ရှိသော ခွေးလမ်းမသည် ကျူးချွမ်းအဖွဲ့က လူသားများအပေါ် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရာ နေရာဖြစ်သည်။ ထိုလမ်းမပေါ်မှ လူများစွာသည် "စေတနာ့ဝန်ထမ်း" အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရလေ့ ရှိသည်။

ကျီးကန်းနက်၏ လမ်းညွှန်မှုဖြင့် ကောင်းမင်သည် ကွေ့ပတ်သွားလာပြီးနောက် ခရိုင် ၃ နှင့် ခရိုင် ၄ ကြားရှိ စွန့်ပစ်အမှိုက်လမ်းကြားသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ပျက်စီးယိုယွင်းနေသော စခန်းဟောင်းကြီးတစ်ခုဖြစ်ပြီး လူသူအသွားအလာ နည်းလွန်းသဖြင့် နေ့ဘက်တွင်ပင် မည်သူမျှ မဝင်ရဲကြပေ။

လေထုထဲတွင် လွင့်ပျံနေသော ပြင်းထန်လှသည့် အပုပ်နံ့များမှာ ဟိုတယ်ကြီးများ တည်ရှိရာနေရာနှင့် နှိုင်းယှဉ်လျှင် ငရဲဘုံနှင့် ကောင်းကင်ဘုံကဲ့သို့ ကွာခြားလှသည်။ တစ်ဖက်ခြမ်းသည် ငရဲခန်းတစ်ခုဖြစ်ပြီး အခြားတစ်ဖက်မှာမူ ပျက်စီးယိုယွင်းနေသော သုခဘုံ ဖြစ်သည်။

"ဝင်စမ်း"

ကျီးကန်းနက်သည် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ပျက်စီးနေသော အဆောက်အအုံများကို စစ်ဆေးလိုက်သည်။

ဓားသွားမှ ထွက်ပေါ်လာသော အဖြူရောင် အလင်းတန်းမှာ နံရံအက်ကြောင်းများနှင့် ကောက်ရိုးဖျာများ နောက်ကွယ်ရှိ ချောင်းကြည့်နေသော မျက်လုံးများကို ချက်ချင်း ဖုံးလွှမ်းသွားစေသည်။

"သူတို့တွေက ကြွက်တွေပဲ၊ ညစ်ပတ်ပြီး အနံ့အသက်ဆိုးတယ်၊ သူရဲဘောလည်း ကြောင်ကြတယ်၊ ဒါပေမဲ့ မင်းရဲ့ အားနည်းချက်ကို မြင်လိုက်တာနဲ့ မင်းရဲ့ အရိုးတွေထိ ဝါးမြိုကြမယ့်ကောင်တွေပဲ"

ကျီးကန်းနက်က စုတ်ပြတ်နေသော ကောက်ရိုးဖျာတစ်ချပ်ကို ကန်ထုတ်လိုက်ရာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသော ပိန်လှီလှီ အဖိုးကြီးတစ်ဦး ပေါ်လာလေသည်။

"စွန့်ပစ်အမှိုက်လမ်းကြားမှာ လူသုံးမျိုး နေထိုင်ကြတယ်၊ ကြွက်လူသား၊ ခွေးလူသားနဲ့ ဝက်လူသားတွေပဲ၊ ကြွက်တွေကိုဆိုရင် ကြောက်အောင်လုပ်၊ ခွေးတွေကိုဆိုရင် ရက်စက်ပြ၊ ဝက်တွေကိုတွေ့ရင်တော့ ပုန်းနေလိုက်"

ကျီးကန်းနက်သည် ကောင်းမင်၏ရှေ့မှ ဦးဆောင်လျှောက်လှမ်းနေသည်။ ဤနေရာ၏ မြေမျက်နှာသွင်ပြင်မှာ ပိုမိုရှုပ်ထွေးလှသည်။ နာရီဝက်ခန့် လှည့်ပတ်သွားလာပြီးနောက် မှောင်ခိုဆေးခန်းတစ်ခု၏ နောက်ဖေးတံခါးသို့ ရောက်ရှိလာခဲ့သည်။

နောက်ယောင်ခံ လိုက်လာသူမရှိကြောင်း သေချာစေပြီးနောက် ကျီးကန်းနက်သည် တံခါးကို သုံးချက်ခေါက်ကာ ကောင်းမင်ကို အထဲသို့ တွန်းပို့လိုက်သည်။

သံချေးတက်နေသော ဓားတစ်လက်မှာ အသားခုတ်ပြားအစွန်းပေါ်တွင် တဂျိဂျိ မြည်နေသည်။ သူနာပြုယူနီဖောင်း ဝတ်ထားသော အမျိုးသမီးတစ်ဦးက ခေါင်းပင်မော့မကြည့်ဘဲ စိတ်မရှည်စွာ ပြောလိုက်သည်။

"ရှင် လူသတ်တိုင်း ဒါကို အမြဲလုပ်ခိုင်းနေတော့ပဲ၊ ကျွန်မကို ရှင့်ရဲ့..."

အညိုရောင်ဆံပင်များ ကျဆင်းလာရာမှ မီးလောင်ဒဏ်ရာများ ပြည့်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ထိုအမျိုးသမီးသည် ကောင်းမင်ကို မြင်လိုက်သောအခါ ခဏမျှ ရပ်တန့်သွားပြီးနောက် ချက်ချင်း ဓားကိုဆွဲကာ ကောင်းမင်၏ မျက်နှာကို ခုတ်ချလိုက်တော့သည်။

"ချွင်"

ဓားသွားချင်း ထိခတ်သွားသည်။ ကျီးကန်းနက်က အမျိုးသမီး၏ ဓားကို ပိတ်ဆို့လိုက်ဖြင်းဖြစ်သည်။

"ရူးနေတဲ့ မိန်းမ၊ ဒါက ငါ့ဧည့်သည်ကွ"

"ရှင့်ပုံစံက လူကောင်းတစ်ယောက်နဲ့ လုံးဝမတူဘူး၊ ကောက်ကျစ်မယ့် ပုံပဲ"

ထိုအမျိုးသမီး၏ ခန္ဓာကိုယ် အချိုးအစားမှာ ပုံမှန်မဟုတ်ချေ။ သူမဝတ်ထားသော ကျပ်ထုပ်နေသည့် သူနာပြုဝတ်စုံမှာ ပေါက်ထွက်လုနီးပါး ဖြစ်နေလေသည်။ သူမ၏ လှုပ်ရှားမှုများက ကြမ်းတမ်းလှပြီး အမာရွတ်များကြားတွင် ပုန်းကွယ်နေသော သူမအကြည့်များက ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းမင်မှာတော့ စိတ်မကောင်းဖြစ်နေမိသည်။ သူသည် လီဆန်းစီ၏ ရုပ်ရည်ကြောင့်သာ ဤကဲ့သို့ အထင်ခံရခြင်းဖြစ်သည်ဟု ခံစားနေရသည်။

"တံခါးကို စောင့်ထား"

ကျီးကန်းနက်သည် ကောင်းမင်၏လည်ပင်းကို ဆွဲကာ ထိုအမျိုးသမီးကို ဖြတ်ကျော်သွားသည်။ သူသည် ကောင်းမင်အား ဆေးခန်းဒုတိယထပ်ရှိ မှောင်မိုက်နေသော အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။

တံခါးပိတ်ပြီးနောက်မှ ကျီးကန်းနက်က သက်ပြင်းချနိုင်တော့သည်။ သူသည် ဓားကို စားပွဲပေါ်တွင် စိုက်လိုက်ပြီး ပြောသည်။

"ဒါက ငါ့နယ်မြေပဲ၊ ငါ့ဘေးနားက လူတွေကလည်း ငါ့လူတွေချည်းပဲ၊ အခု ပွင့်ပွင့်လင်းလင်း စကားပြောလို့ ရပြီ"

"ဒီမြို့မှာ ငါတို့ကလွဲရင် ဘယ်သူ့ကိုမှ ယုံလို့မရဘူး"

ကောင်းမင်က သတိထားကာ ပြောလိုက်သည်။

"စကားတွေ အပိုမပြောနဲ့တော့၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ၊ မင်းပြောတဲ့ ဒေါက်တာကောင်းဆိုတာ ဘယ်မှာလဲ"

ကျီးကန်းနက်သည် ပို၍ စိတ်မရှည် ဖြစ်လာသည်။ သူ့အတွင်းစိတ်ထဲမှ ဆိုးယုတ်မှုများ လှုပ်ခတ်လာပြီး ရှေ့မှလူကို အပိုင်းပိုင်းဖြတ်ပစ်လိုစိတ်များ ပြင်းထန်လာလေသည်။

"မင်းတို့ ညရဲတွေဆိုရင် ဆိုးယုတ်မှုတွေကို ဖိနှိပ်ဖို့ ဆေးဝါးတွေ ရနိုင်တာပဲ၊ ဘာလို့ မင်းအခြေအနေက ဒီလောက်တောင် ဆိုးနေရတာလဲ"

ကောင်းမင်သည် စတင်တွေ့ဆုံစဉ်ကတည်းက ကျီးကန်းနက်၏ မူမမှန်သောအခြေအနေကို သတိပြုမိခဲ့ခြင်းဖြစ်သည်။

"ငါ့ရဲ့ဆေးကို တိရစ္ဆာန်အိုကြီး တစ်ကောင်က အဆိပ်ခတ်ထားတာ၊ ဒါပေမဲ့ ငါ့မှာ သက်သေပြစရာမရှိဘူး"

"မင်း ငါ့ကို နောက်နေတာလား၊ ဒီမြို့မှာနေပြီး သက်သေ လိုနေသေးတာလား၊ ညရဲတွေက ဘယ်တုန်းက စည်းမျဉ်းတွေ ရှိလာကြတာလဲ"

ကောင်းမင်သည် ကျီးကန်းနက်၏ စကားနှင့် လုပ်ရပ်များကို ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ လူများ၊ သရဲများနှင့် နှိုင်းယှဉ်ကြည့်ရင်း သူ့အထောက်အထားကို အတည်ပြုရန် ကြိုးစားနေသည်။

"နောက်တစ်ခွန်း ထပ်ပြောရင် အောက်ထပ်က အရူးမကို မင်းကို ခုတ်ခိုင်းလိုက်မယ်"

ကျီးကန်းနက်သည် သူ့ရင်ဘတ်ကို ဖိထားလိုက်သည်။ လူသတ်ခြင်း၊ အပိုင်းပိုင်းခုတ်ဖြတ်ခြင်း စသည့် စကားလုံးများက သူ၏ အာရုံကြောများကို လှုံ့ဆော်ပေးနေပြီး မှတ်ဉာဏ်များနှင့်အတူ ဆိုးယုတ်မှုများကို ပိုမိုထွက်ပေါ်လာစေသည်။ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ဦးနှောက်၊ အာရုံကြောနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ဆိုးယုတ်မှုများရှေ့တွင် ဒူးထောက်အရှုံးပေးနေရသည်။

"ခံနိုင်ရည်ရှိတယ်၊ ဇွဲကောင်းတယ်၊ အပြင်ပန်း အေးစက်နေပေမဲ့ အတွင်းမှာကတော့ မီးလိုပူနေတယ်... မင်းကို ကြည့်ရတာ ငါ့မိတ်ဆွေတစ်ယောက်ကို သတိရစေတယ်၊ သူ့မျိုးရိုးနာမည်က ပိုင်တဲ့၊ နာမည်ကတော့ ရဲရင့်တဲ့ ငှက်တစ်ကောင်ရဲ့ နာမည်ပေါ့"

ကောင်းမင်သည် တစ်ဖက်လူ ခံစားနေရသော ပြင်းထန်သော နာကျင်မှုကို သတိပြုမိလိုက်သည်။ သူသည် အံဆွဲထဲမှ ဓားအသေးလေး တစ်လက်ကို ရှာဖွေတွေ့ရှိလိုက်ပြီး

"ငါ့ဆီမှာ ဆေးအသစ် တစ်ခုရှိတယ်၊ မင်း စမ်းကြည့်လို့ ရမယ်ထင်တယ်"

ဓားသွားက သူ့လက်ကောက်ဝတ်ကို လှီးဖြတ်သွားရာ သွေးများ စီးကျလာတော့သည်။

All Chapters