အလိုလိုက်ခြင်း
Vol. 141 Ch. 1972
ရှီမာယူယူသည် ကလေးဆီမှအကြည့်လွှဲပြီး ယွင်ရာကိုကြည့်ပြီး မေးလေ ၏ “ဘာဖြစ်ထားတာလဲ.. သူ့ကို ဘယ်ကနေခေါ်လာတာလဲ”
“မင်းက ဘာလို့ ဒီလောက်စိတ်မဝင်စားရတာလဲ.. သူတို့နှစ်ယောက်လုံး က ကလေးတွေလေ.. ဒါပေမဲ့ ဖူရှီနဲ့ ဒီကလေးအပေါ်မှထားတဲ့ မင်းရဲ့သဘော ထားက ဘာလို့မတူရတာလဲ” ယွင်ရာ မေးလိုက်သည်။
“ကျွန်မက အခု ခေါင်းတွေအရမ်းကိုက်နေတယ်.. အဲဒါကို ရှင်က ရုတ်တရက်ကြီးပေါ်လာပြီး ဒီဒဏ်ရာရနေတဲ့ ကလေးကို ဘယ်လိုကုစေချင်တာ လဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “သူက ကျိုးမျိုးနွယ်ကဆိုရင် ခေါင်းဆောင်ဆီ အပ်လိုက်တာ ပိုကောင်းလိမ့်မယ်”
“သူက ကျိုးမျိုးနွယ်ကမဟုတ်ဘူး… ငါ အပြင်သွားရင်း တွေ့လာတဲ့ ကလေးပဲ.. သူက အရမ်းသနားဖို့ကောင်းတာနဲ့ ပြန်ခေါ်လာတာ” ယွင်ရာ ပြော လိုက်သည်။
“ရှင်က ညှို့ယူဂီတဂိုဏ်းရဲ့ ဒုသခင် လူတွေအများကြီးသတ်တယ်ဆိုပြီး လူသိများတယ်… အဲဒါကို ရှင်က ကလေးကို ကြင်နာတတ်တယ်ပေါ့.. ရှင်သာ ကျွန်မဆိုရင် ဒီစကားကိုယုံမှာလား” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။
“သေချာပေါက် မယုံဘူးပေါ့”
“ရှင် ဒီကိစ္စကို သေချာရှင်းအောင် ရှင်းမပြရင်တော့ ရှင်ယူလာတဲ့ ပြဿနာကို ရှင်ကိုယ်တိုင်ဖြေရှင်းပါ” ရှီမာယူယူသည် အားနည်းစွာဖြင့် ဝူလင်းယူအား မှီလိုက်သည်။
“အင်း ငါ ဘာမဟုတ်တာမှ မပြောဘူး.. ငါ သူ့ကိုအပြင်ကနေ ခေါ်လာ လာ” သူမ မျက်လုံးမှိတ်သွားသည်ကို သူမြင်သည်နှင့် အမြန်ပြောလိုက်သည် “ငါ ပြန်လာတဲ့လမ်းမှာ ကလေးနှစ်ယောက်တွေ့ခဲ့တယ်.. သူတို့ကို နောက်က လိုက်သတ်တဲ့လူရှိတယ်.. ကလေးအကြီးက ကလေးအငယ်ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ.. အဲဒီမှာ ငါလည်း စိတ်ပျော့သွားပြီး သူ့ကိုကယ်လိုက်တာပဲ”
ရှီမာယူယူသည် ယွင်ရာကို ခေတ္တမျှကြည့်လိုက်သည် “ဟုတ်ပြီလေ ကျွန်မ ဘာရောဂါလဲလို့ စမ်းကြည့်တာပေါ့”
သူမ ပြောပြီးသည်နှင့် အိပ်ရာပေါ်မှ ဆင်းပြီး ကောင်လေးဆီသို့ သွား လိုက်သည်။ သူ ဒဏ်ရာများနှင့် ပြည့်နေသည်ကို ကြည့်ပြီး သူမ ခေါင်းခါလိုက် ကာ ခံစားချက်ပါပါပြောလိုက်သည် “ကလေးက ငယ်ငယ်လေးပဲရှိသေးတာ အဲဒါကို ဒီလောက်ဒဏ်ရာအပြင်းအထန်ခံစားနေရတယ်.. သူ့ကို ရှင့်အိပ်ရာပေါ် ရွှေ့လိုက်ပါ”
“သူ့ကိုဘာလို့ အိပ်ရာပေါ်ကိုရွှေ့ရမှာလဲ.. နေဦး မင်း သဘောတူလိုက် တာလား” ယွင်ရာသည် အနည်းငယ်အံ့ဩသွားသည်။
“ခဏတော့ ရှင့်ကိုယ်ရှင် စဉ်းစားမိသွားသေးတာလား… ရှင့်မျက်လုံးတွေ လမ်းပျောက်သွားတာ” ရှီမာယူယူသည် အိပ်ရာဆီသို့ ပြန်သွားလေသည် “သူ့ကို ရှင့်အိပ်ရာပေါ်မတင်ချင်ရင် ဖေးယိရဲ့အိပ်ရာပေါ်တင်လိုက်”
ဖေးယိသည် ယွင်ရာကို ရက်စက်သောအကြည့်ဖြင့် စိုက်ကြည့်လေသည်.. သူက စမ်းကြည့်ရဲတယ်ပေါ့။
“မင်းအခန်းဘေးမှာ နောက်တစ်ခန်းရှိသေးတယ်မလား အဲဒီမှာပဲ ထား လိုက်ပါ အဲဒါဆိုရင် အဝေးကြီးပြေးစရာမလိုဘူး.. မင်းလည်း နေမကောင်းသေး ဘူးမလား”
နောက်ဆုံးတွင် ယွင်ရာသည် ကလေးကို ရှီမာယူယူ၏ ဘေးတွင်ထား လိုက်သည်။
မကြာမီတွင် ရှီမာယူယူ လိုက်လာပြီး ယွင်ရာသည် ကလေး၏အဝတ်များ ကိုချွတ်လိုက်သည်။ သူမသည် သူ၏သွေးခုန်နှုန်းကိုအရင်စမ်းသပ်ပြီး ဆေးနှစ် လုံးထုတ်ကာ ကျွေးလိုက်သည်။ ထို့နောက် ဆေးသေတ္တာထုတ်ကာ သူ၏ ဒဏ်ရာများအားလုံးကို ကုသပေးသည်။ ပြီးသည်နှင့် သူမသည် အားပိုနည်းသွား ကာ စွမ်းအားပင်မရှိတော့ပေ။
“ဟုတ်ပြီ ကျွန်မ လုပ်နိုင်သလောက် လုပ်ပြီးပြီ.. တစ်ရက်ကို ဆေးတစ် လုံးသောက်ပြီး နားဖို့အချိန်ပေးလိုက်ပါ” သူမသည် ခပ်ယဲ့ယဲ့သာကျန်တော့ သည်။ ဝူလင်းယူသည် သူမဘေးသို့ အမြန်ရောက်လာပြီး သူမကိုပွေ့ချီကာ ပြန်ခေါ်သွားလေသည်။
“မင်းကို တစ်လလောက် အိပ်ရာပေါ်က ဆင်းခွင့်မပေးဘူး”
“တစ်လတောင်လား မှိုတက်သွားတော့မှာပဲ နှစ်ရက်..”
“၁၅ ရက်”
“၅ ရက်”
“၁၀ ရက် ထပ်မရတော့ဘူး မဟုတ်ရင် မင်းကိုအိပ်ရာနဲ့ တွဲချည်လိုက် မယ်”
“အင်း ၁၀ ရက်ဆိုလည်း ၁၀ ရက်ပေါ့”
….
“သူကလည်း သူမ လုပ်ချင်တဲ့အတိုင်း လုပ်ခိုင်းတာပဲ.. ၁၀ ရက်လောက် က ဘယ်လိုလုပ် ဒဏ်ရာတွေပျောက်မှာလဲ” ဖူရှီ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ သူမရဲ့ စိတ်နဲ့ဆိုရင် ၁၀ ရက်လေက် အိပ်ရာထဲနေတာကိုက တော်လွန်းနေပြီ” ဖေးယိသည် ထက်ရှစွာ မှတ်ချက်ပေးသည်။
“အင်း အမှန်ပဲ”
“၁၀ ရက် ဒီလူကရော အဆင်ပြေပါ့မလား ဘာပြဿနာမှ ထပ်မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်” သူသည် မံမီကဲ့သို့ ပတ်တီးများဖြင့် စည်းထုပ်ထားသော ကလေးကိုကြည့်ပြီး သူ့နောက်သို့လိုက်နေသော လူကိုတွေးမိကာ မြန်မြန် လိုက်မမှီစေရန် ဆုတောင်းမိသည်။
“ဟား.. ဒီကလေးမှာ တကယ်ပဲ ပြဿနာရှိနေတာပဲ” ဖူရှီ အော်လိုက် သည် “ကျွန်တော် ယူယူ့ကိုပြောလိုက်တော့မယ်”
“သူမ မသိဘူးလို့ထင်နေလား” ယွင်ရာသည် သူ့ကိုတည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည် “သူမက မကုသခင် သိပြီးနေပြီ”
“ဒါဆို သူမက ဘာလို့ ခင်ဗျားရဲ့ ဆန္ဒအတိုင်းလိုက်လုပ်ပေးတာလဲ”
“ဒါကို ‘အသက်ကယ်တာက ဘုရားတည်တာထက် ကုသိုလ်ပိုရတယ်’ လို့ ခေါ်တယ်.. သူက ဘယ်မှာတစ်ဇွတ်ထိုးလုပ်လို့လဲ.. မင်း.. ကောင်လေး တစ်ချိန် လုံး ကောင်းကောင်းမသင်ဘဲ မဟုတ်တာတွေ ပြောဖို့ပဲ သင်နေတာလား”
“ခင်ဗျားက သူမ နလန်ထူတာကို သွားပြဿနာဖြစ်စေမှာကို ကြောက်လို့ ပါ.. ဟင်း ခင်ဗျားပြဿနာဖြစ်လာရင်တော့ ကိုယ့်ဘာသာဖြေရှင်းပါ သူမကို သွားမနှောင့်ယှက်နဲ့” ဖူရှီသည် လှည့်ထွက်သွားလေသည်။
ဒီအရှိန်အဝါနဲ့… ကျွတ် ကျွတ်.. ရှီမာယူယူ ရှေ့က ကလေးရောဟုတ်သေး ရဲ့လား။
သို့သော် ယခုအချိန်တွင် သူ အနည်းငယ် စိုးရိမ်မိသည်။ ထိုလူများသည် မျက်စိရှေ့မှ ညီအစ်ကိုနှစ်ယောက်ကို ပျောက်သွားသဖြင့် ဤနေရာသို့ မကြာမီ ရောက်လာမည်ကို သူ စိုးရိမ်မိသည်။
ထိုကိစ္စသည် သူမ၏ နလန်ထူမှုကို သက်ရောက်မှုမရှိစေရန်ကိုသာ မျှော်လင့်ရတော့သည်။ မဟုတ်လျှင် ဝူလင်းယူနှင့်ဟွမ်တို့သည် သူ့ကို ကမ္ဘာ အဆုံးထိ လိုက်တော့မည်။
ဝူလင်းယူသည် ရှီမာယူယူကို အိပ်ရာပေါ်တင်လိုက်ရာ သူမသည် လိမ္မာ စွာပင် လှဲလျောင်းလိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲကာ ပြုံးပြီးကြည့်လေသည် “လင်းယူ ကျွန်မ အိပ်ချင်နေပြီ”
“ဒါဆို အိပ်လေ” ဝူလင်းယူသည် အေးစက်စွာ ပြောလေသည်။
“ကျွန်မနဲ့ နေပေးပါ”
“ကိုယ် လုပ်စရာရှိတယ်”
“ရှင် ကျွန်မကို ဖက်ထားပေးပါ.. ရှင်မရှိရင် ကျွန်မအိပ်မပျော်ဘူး” ရှီမာယူယူသည် သူ့ကို သနားစဖွယ် ကြည့်လေသည်။ သူသာ သူမကို ထပ်ငြင်း ပါက မျက်ရည်များ အလိုလိုထွက်လာမည်ဖြစ်သည်။
ဝူလင်းယူသည် သူမကိုကြည့်ပြီး မည်မျှပင် ဒေါသထွက်စေကာမူ မျက်ခုံး များသည် ပူပန်ပုံပေါက်နေသည်။ သူသည် သက်ပြင်းချပြီး ဖိနပ်ချွတ်ကာ သူမ ဘေးတွင် လှဲလိုက်သည်။
ရှီမာယူယူ ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ကြောင်လေးတစ်ကောင်သဖွယ် တိုးဝင်လိုက်ပြီး သူ့ပခုံးကိုမှီကာ အိပ်လေသည်။
ဝူလင်းယူသည် အိပ်ရာပေါ်လှဲလျောင်းပြီး သူ၏ဘယ်ဘက်ပခုံးမှာ ခေါင်းအုံးသဖွယ်ဖြစ်နေပြီး ညာဘက်မှာတော့ သူမ၏ခန္ဓာကိုယ်ကို သိုင်းဖက် ထားသည်။ ရှီမာယူယူသည် သူ့ဘေးတွင် လှဲလျောင်းပြီး ဘယ်လက်ဖြင့် သူ့ခါး ကိုဖက်ထားသော်လည်း ကောင်းကောင်းအိပ်မပျော်ပေ။
ဝူလင်းယူသည် သူမ၏ ပါးပြင်ကို ညာလက်ဖြင့် ထိတွေ့မည်ပြုသော် လည်း စဉ်းစားကြည့်ပြီးနောက် သူမ၏ ဘယ်လက်ကို ပြောင်းကိုင်လိုက်သည်။
သူ့စိတ်ထဲက ဒေါသက ပြေတောင်မပြေသေးပေ။ နောက်ဆုံးတွင်တော့ သက်ပြင်းရှည်သာ ချမိတော့သည်။
ရှီမာယူယူ အိပ်ပျော်သွားပြီးနောက် သူ၏ လက်မောင်းမှာထုံကျဉ်နေလေ ပြီ။ သူသည် ခေါင်းအုံးယူပြီး သူမခေါင်းအောက်ထည့်ပြီးနောက် အိပ်ရာပေါ်မှ ဆင်းလိုက်သည်။
သူသည် ယွင်ရာကို သွားရှာပြီး ပြောလိုက်သည် “ဒီကလေးက ဘယ်လို ဖြစ်တာလဲ”
သူ အလေးအနက်ဖြစ်နေသည်ကို ယွင်ရာတွေ့သောအခါ မဖုံးကွယ်တော့ ဘဲ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
ထိုကိစ္စများကို ကြားပြီးနောက် ဝူလင်းယူ ဒေါသထွက်လိမ့်မည်ဟု သူ ထင်ထားသည်။ သို့သော် ဝူလင်းယူသည် နားထောင်ပြီးနောက် လှည့်ထွက်သွား ရာ သူ အနည်းငယ် စဉ်းစားရကြပ်သွားသည်။
“သူက ဒီအတိုင်းထွက်သွားတာလား ဘာမှမပြောဘဲနဲ့လေ”
“သူက ဒီအတိုင်းသိချင်လို့ပါ” ဖေးယိ ခန့်မှန်းလေသည်။
“ဒီလူကတော့ တကယ်ပဲ…” ယွင်ရာသည် တစ်စုံတစ်ရာပြောလိုက်ချင် သော်လည်း ဒီလူနှင့်ပတ်သက်ပြီး ပြောစရာစကားမဲ့နေသည်။
သူသည် သူမကို အလိုလိုက်သည်မှာ လွန်သည်။ သူသည် စိတ်ထဲမှ စိုးရိမ် ပြီးဒေါသထွက်သော်လည်း သူမ ဆန္ဒကိုလိုက်လျောပေးသည်။ သူမ ဖြေရှင်းပြီး သည့်အချိန်တွင်လည်း သူမအား ပြန်ကုသပေးပြန်သည်။
သူတို့နှစ်ယေက်လုံးမှာ ယောက်ျားသားဖြစ်သော်လည်း သူသည် မိန်းကလေးတစ်ယောက်ကို ဤသို့လုပ်မပေးနိုင်ပေ။
….
သည်တစ်ကြိမ်တွင် ရှီမာယူယူသည် သက်တောင့်သက်သာပင် အိပ်ပျော် သွားခဲ့သည်။ ဆေး၏သက်ရောက်မှုကြောင့်လား သို့မဟုတ် ပြဿနာများကို ယာယီဖြေရှင်းပြီး၍လား သို့မဟုတ် သူမ၏ ခန္ဓာကိုယ်မှာ စိတ်စွမ်းအင်ပြန် ဖြည့်တင်းရန် ကောင်းကောင်းအိပ်ရန်လိုအပ်၍လားမသိပေ။ သူမ အိပ်ပျော်နေ ရင်းနှင့် ဆူညံသောအသံများကြောင့် နိုးလာလေသည်။
သူမ မျက်လုံးဖွင့်လာသည်။ မည်မျှကြာအောင် အိပ်လိုက်သည်မသိ သည် တစ်ခေါက်တွင်တော့ လန်းဆန်းသွားသလိုခံစားရသည်။
“လင်းယူ ဘာကျွေးလိုက်တာလဲမသိဘူး ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ကောင်းလာတာလဲ” သူမ ထိုင်လိုက်ပြီး အပြင်မှ ကလေးငိုသံနှင့် ရောယှက်နေသည့် ဆူညံသံများကို နားထောင်လိုက်သည်။
***