← Chapters

ရွေးချယ်မှု

Vol. 141 Ch. 1973

ရွေးချယ်မှု

Vol. 141 Ch. 1973

“လူဆိုးတွေ လူဆိုးကြီးတွေ မမကိုလွှတ်ပေး” ထိုကောင်လေးမှ အော် လေသည်။

“ခေါင်းဆောင်ကျိုး ဒီကလေးကို ကျွန်တော်တို့က အစေခံအဖြစ်‌ခေါ်လာ တာပါ၊ ဒီကိစ္စကို… ဝင်မစွက်ဖက်တာကောင်းမယ်လို့ အကြံပေးချင်ပါတယ်”

“ဒါက… ဒုသခင်ယွင် ဒီကလေးက သူတို့လူဆိုရင် သူ့ကို ပြန်ပို့လိုက်တာ မကောင်းဘူးလား” ကျိုးကျိုးသည် တွန့်ဆုတ်နေကာ တခြားတစ်ဖက်မှ ရပ်တည်ရန် ရွေးချယ်လိုက်သည်။

“ဒီကလေးကို ကျွန်တော်ခေါ်လာတာ အဲတော့ သူ့ကို ခေါ်သွားချင်ရင် အဲလိုလုပ်ခွင့်ပေးမယ်ထင်လား” ယွင်ရာသည် သူ့ပေါင်ကို တင်းကြပ်စွာဖက် ထားပြီး မျက်ရည်တွဲလွဲဖြစ်နေသော ကလေးကို ဆွဲလွှတ်ပစ်ချင်သော်လည်း ခေါင်းဆောင်ကျိုးကိုမြင်ပြီး တုန်ယင်နေသည်ကို မြင်သောအခါ ပြန်ဆွဲထား လိုက်သည်။

“ယွင်ရာ ဒါက မင်းတို့ ညှို့ယူဂီတဂိုဏ်းမဟုတ်ဘူး.. ငါတို့ကို ပြစ်မှားရင် ဘယ်လိုဖြစ်မလဲဆိုတာ သိလား” စူးရှသောအသံသည် ခြိမ်းခြောက်လေသည်။

ယွင်ရာ နှာမှုတ်ပြီး သူတို့ ခြိမ်းခြောက်မှုကို ဂရုပင်မစိုက်ပေ။

“ယွင်ရာ ကျုပ်တို့ကို မျက်နှာပေးပါဦး”

“ကျွန်တော့် မျက်နှာကိုလည်း ထောက်လို့လား” ယွင်ရာသည် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

“ယွင်ရာ”

သူသည် သူတို့ကို စော်ကားနေသဖြင့် လူတစ်ယောက်အော်လိုက်လေ သည်။

“ယွင်ရာ အခုကို ကျုပ်တို့က ကြင်နာလွန်းနေပြီ.. အဲဒါကလည်း မင်းက ကျိုးမျိုးနွယ်ရဲ့ ဧည့်သည်ဖြစ်နေလို့ပဲ.. ကျုပ်တို့ကို ဆက်ပြီးခုခံနေဦးမယ်ဆိုရင် မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့တော့”

“အိုး.. ဘာလုပ်ချင်လို့လဲ ကျွန်တော်တို့ကို ပြန်ဖမ်းချင်လို့လား”

“ဟင်း” ထိုလူသည် အေးစက်စွာနှာမှုတ်လိုက်သည်။ ပြီးနောက် ကျိုးကျိုး ကိုပြောလိုက်သည် “ခေါင်းဆောင်ကျိုး ဒီကိစ္စကို လက်လွှတ်ပေးပါ.. ကျွန်တော် တို့ ခေါင်းဆောင်က ဒီအကြောင်းသိပေမဲ့ ကျိုးမျိုးနွယ်ကို ဒေါသထွက်မှာ ကြောက်ပါတယ်.. ခေါင်းဆောင်ကျိုး.. အပြင်လူတွေအတွက်နဲ့ ကျွန်တော်တို့နဲ့ ရန်သူမဖြစ်ချင်ဘူးမလား”

ခေါင်းဆောင်ကျိုးသည် ထိုအခိုက်တွင် သေလောက်အောင် နောင်တရမိ သည်။ အစက ယူယူတို့ကို ဧည့်သည်အဖြစ်ထားလိုက်လျှင် မည်သည့်ကိစ္စမှ ဖြစ်မလာဘဲ သူတို့နှင့် နီးစပ်လိမ့်မည်ဟုထင်ထားသည်။ သူတို့က ဒီကမျိုးနွယ် ကြီးနဲ့ သွားပတ်သက်မယ်လို့ ဘယ်သူထင်မိမှာလဲ။

အကုန်လုံးကို ယွင်ရာကိုပဲ အပြစ်တင်ရတော့မှာပဲ။ သူ ဘာလို့ ဒီကလေး ကို ခေါ်လာတာလဲ။

“ခေါင်းဆောင်ကျိုး” တစ်ဖက်လူသည် သူ ဘာမှမပြောသည်ကို မြင်သော အခါ အော်လေသည်။

ကျိုးကျိုးသည် ခေတ္တမျှ တုံ့ဆိုင်းပြီးနောင် ယွင်ရာကို တောင်းပန်ကြောင်း ပြောပြီး နောက်ဆုတ်နေလိုက်သည်။

ထိုခြေလှမ်းမှာ သူ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖော်ပြနေသည်။ ကျိုးမျိုးနွယ်သည် ဤကိစ္စတွင် ဝင်မပါတော့ပေ။ သူတို့ လုပ်ချင်သည့်အရာမှာ သူတို့၏ လွတ်လပ်ခွင့်သာဖြစ်သည်။

ယွင်ရာသည် ကျိုးကျိုး၏ အပြုအမူကို မအံ့ဩတော့ပေ။ သူ့လိုလူသည် အမြဲတစေ သူတို့ကောင်းကျိုးကိုသာ ကြည့်တတ်ကြသူများဖြစ်ကြသည်။

သို့သော် သူတို့ ရွေးချယ်မှု၏ ခါးသီးမှုကို မကြာခင် အရသာခံရတော့မည် ပင်။

ပြီးနောက် ထိုလူများလည်း ကျိုးကျိုး၏ ရွေးချယ်မှုကို မအံ့ဩပေ။ ဤနေရာတွင် ကျိုးမျိုးနွယ်သည် မျိုးနွယ်လေးတစ်ခုသာဖြစ်သည်။ သူတို့လို မျိုးနွယ်ကြီးကို ဘယ်လိုလုပ် ခုခံရဲမှာလဲ။

“သွားတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဒီလူကိုပြန်ခေါ်သွားချင်တယ်”

သူ့အမိန့်နှင့်အတူ ထိုလူများသည် ကလေးကို ချက်ချင်းပင် ဆွဲခေါ်ကြ လေသည်။ ယွင်ရာသည် သူ၏ ကျောက်စိမ်းပုလွေထုတ်ပြီး တိုက်ပွဲတိုက်ရန် ပြြင်လေသည်။

“ဒီမှာ တိုက်ပွဲဖြစ်ဖို့ ငါခွင့်ပြုထားလို့လား” ဝူလင်းယူသည် စင်္ကြံတွင်ရပ် နေပြီး သူတို့နှင့် မျက်နှာချင်းဆိုင်နေသော ယွင်ရာကို အေးစက်သောမျက်လုံး များဖြင့် ကြည့်လေသည်။ ယွင်ရာသည် သူတို့နှင့် တိုက်ခိုက်တော့မည့်ဆဲဆဲ တွင် သူသည် ရပ်တန့်စေလိုသည့် စကားပြောလာသည်။

ယွင်ရာသည် သူ့ကိုပြန်ကြည့်ပြီး ပခုံးတွန့်လေသည် “ဒါက ငါတွေးထား တာမဟုတ်ဘူး.. မင်းလည်း မြင်တာပဲ ငါက ညှိနှိုင်းဖို့ ကြိုးစားသေးတယ်”

“အသုံးမကျဘူး” ဝူလင်းယူသည် မနှစ်မြို့စွာဖြင့် ပြောလေသည်။ ထို စကားအဓိပ္ပာယ်မှာ သူများ ရှာတွေ့ခြင်းကိုခံရသော ယွင်ရာကို ပြောနေသည် လား သို့မဟုတ် ယနေ့ဤကိစ္စကို ဖြေရှင်းရန်အတွင် အသုံးမကျသည်ကို ပြော နေသည်လားမသိပေ။

“မင်းကရော ဘယ်သူလဲ”

ဝူလင်းယူသည် ထိုစကားပြောသောလူကို လျစ်လျူရှုပြီး ယွင်ရာကို ပြောလိုက်သည် “ငါပြောတာ မင်းက သူမကို နှောင့်ယှက်လို့မရဘူးလေ”

“တောင်းပန်ပါတယ် မင်း…”

“ကျွီ”

ရှီမာယူယူ၏ အခန်းတံခါး ပွင့်လာသည်။ သူမသည် အထဲမှထွက်လာပြီး ခြံဝန်းထဲမှလူများကို ကြည့်ပြီး ပြောလိုက်သည် “ဘာတွေ စကားများနေကြတာ လဲ.. အိပ်နေတဲ့လူ အနှောင့်အယှက်ဖြစ်တယ် သိရဲ့လား”

“နိုးသွားလား” ဝူလင်းယူသည် လျှောက်လာပြီး သူမပခုံးကို ကိုင်လိုက် သည်။

“အင်း အိပ်ရေးတော့ ဝ,တယ်ထင်တာပဲ” ရှီမာယူယူသည် သူ့ကိုပြုံးပြ လိုက်သည် “ကျွန်မ ဘယ်လောက် အိပ်သွားတာလဲ”

“၇ ရက်”

“၇ ရက်ဟုတ်လား.. အဲလောက်တောင် ကြာသွားလား” အများဆုံးမှ သုံးလေးရက်ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း ၇ ရက်ဖြစ်နေသည်။ နည်းနည်းတော့ အကျိုးအကြောင်းမသင့်ဘူးပဲ။

“မင်းသောက်တဲ့ဆေးမှာ စိတ်ငြိမ်ဆေးနည်းနည်းထည့်ထားပေးတာလေ” ဝူလင်းယူ ရှင်းပြလေသည်။

“အဲလိုကိုး.. အဲဒါကြောင့် ကောင်းကောင်းအိပ်ပျော်တယ်မှတ်နေတာ”

“ဒီအသံတွေက မင်းကိုအနှောင့်အယှက် မဖြစ်ဘူးထင်နေတာ.. နိုးလာ သေးတာပဲ”

“ဆေးအာနိသင်လည်း ကုန်လုနီးပါးဖြစ်နေပါပြီ” အာရုံကြောများကို သက်ရောက်စေသည့် ဆေးဖြစ်သည်။

“နေရခက်နေသေးလား”

“လုံးဝပြန်ကောင်းလာပါပြီ”

“ကောင်းတယ်”

“ရှင်ရှိနေလို့ ပိုကောင်းသွားတာလေ”

ထိုလူများသည် လျစ်လျူရှုခံထားရသဖြင့် မျက်နှာများမှာ မသာမယာဖြစ် နေကြလေပြီ။

“အဲနှစ်ယောက်ကို ကြောက်မနေနဲ့ ကလေးကို အရင်ခေါ်လိုက်”

ယွင်ရာသည် ရှီမာယူယူကို ပြုံးပြလိုက်သည် “မင်းနိုးလာမှတော့ ဘာကိုမှ ချုပ်တည်းနေဖို့မလိုတော့ဘူးပေါ့”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “အဲလူတွေ ပြောတဲ့အကြောင်း ကို သိချင်ပေမဲ့ ရှင် ဖြေရှင်းပြီးတဲ့အထိစောင့်တာပေါ့”

“ဟုတ်ပြီ”

ယွင်ရာ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ အဖြစ်အပျက်များကို ရှီမာယူယူ မသိသော်လည်း မှန်း၍ရနေသည်။ ဆိုလိုသည်မှာ သူမသည် သူနှင့် သဘောထားချင်းတူသည်။

မည်သို့ပင်ဖြစ်စေကာမူ သူမသည် သူ့ကို ယုံသည်။

အခု သူက သူမနဲ့အတူရှိနေလို့မဟုတ်လား။

အကြောင်းအရင်းကို စဉ်းစားလိုက်သည်နှင့် ထိုယုံကြည်မှုသည် သူ့ကို ပျော်ရွှင်စေသည်။

သူသည် ကျောက်စိမ်းပုလွေကို နှုတ်ခမ်းတွင်တေ့လိုက်သည်နှင့် သာယာ နာပျော်ဖွယ်ကောင်းသော ဂီတသံသည် ထိုလူများဆီသို့ တဟုန်ထိုးပြေးသွားပြီး တိုက်ခိုက်လေသည်။

“ဘုန်း”

ခြံဝန်း၏ မြေပြင်သည် ကွဲအက်သွားရာ ထိုလူများသည် နောက်ဆုံးအချိန် ၌ ရှောင်လိုက်ကြလေသည်။

“ဂိုဏ်းသခင်ယွင်ရဲ့ အသံတိုက်ခိုက်မှုက တကယ်ကိုပဲ ထူးခြားတာပဲ” ပြိုင်ဘက်မှာ အလွန်ဒေါသထွက်နေသည်။ အပြင်လူတွေက သူတို့ကို ခုခံရဲတာ ပဲ။

ယွင်ရာသည် သူတို့နှင့် ဘာမှဆက်မပြောတော့ဘဲ ဆက်လက်တီးမှုတ်နေ သည်။ ဂီတသင်္ကေတများမှာ တစ်ခုပြီးတစ်ခုထွက်လာရာ ထိုလူများသည် အခြေအနေတစ်ခုလုံးကို စိတ်ပျက်အားလျော့သွားလေသည်။

“ခေါင်းဆောင်ကျိုး.. ဒီလိုပဲရပ်ကြည့်တော့မှာလား” ထိုလူများသည် မခုခံ နိုင်တော့ဘဲ ကျိုးကျိုးကို အော်လေသည်။

သူတို့သည် ပြောရင်းနှင့် တိုက်ခိုက်လိမ့်မည်ဟု ကျိုးကျိုးထင်မထားပေ။ ပြီးနောက် သူတို့သည် ကျိုးမျိုးနွယ်၏ နယ်နိမိတ်တွင်ရှိနေဆဲဖြစ်သည်။ ကူညီ ရမည် မကူညီရမည်၊ သို့မဟုတ် မည်သူ့ကိုကူညီရမည်ကို မဆုံးဖြတ်နိုင်ခင်မှာ ပင် ကျောက်မျိုးနွယ်သည် အော်ပြောလေသည်။

“သူ့ကို ခေါ်စရာမလိုဘူး ဘယ်လိုပဲဖြစ်ဖြစ် သူက ခင်ဗျားတို့ကို ကူညီမှာ မဟုတ်ဘူး” ယွင်ရာသည် သူတို့ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်ကို သဘောကျ စွာဖြင့် ရပ်တန့်လိုက်သည်။

“ကျိုးကျိုး ခင်ဗျား ကျုပ်တို့ရန်သူဖြစ်ချင်တာလား” ကျောက်မျိုးနွယ် သည် ပျာယာခတ်နေသည်။ သူ့စကားများကို ကြားပြီးနောက် ကျိုးကျိုးကို ဒေါသများ ပုံချတော့သည်။

“သခင်လေးကျောက်.. ကျုပ်က ဘယ်လိုလုပ် ကျောက်မျိုးနွယ်ရဲ့ ရန်သူ ဖြစ်မှာလဲ.. ဒီလိုမျိုး လက်လွတ်စပယ်မပြောပါနဲ့” ကျိုးကျိုးသည် အမြန်ပင် ရှင်းပြလေသည်။

“ဒါဆို ဘာလို့မကူညီတာလဲ”

“ဒီမှာ အခုချိန်မှာ သူမ မနိုးဘူးဆိုရင် သူ ကူညီချင်ကူညီလိမ့်မယ်.. ဒါပေမဲ့ သူမကနိုးနေပြီ.. သူသာ ကူညီလိုက်ရင် ကျိုးမျိုးနွယ်က ကျေးဇူးမသိတတ်တဲ့ လူတွေဖြစ်သွားမှာပဲ” ယွင်ရာသည် သူတို့ကို ကြင်နာစွာ ရှင်းပြလေသည်။

ကျောက်မျိုးနွယ်သည် ကျိုးကျိုးကို ကြည့်လိုက်ရာ ကျိုးကျိုးခေါင်းညိတ် လေသည် “အမှန်ပဲ အမှောင်မင်းသမီးက ကျုပ်တို့ကို ကြင်နာခဲ့တယ်.. အဲဒါ ကြောင့် ဒီအတိုင်းရပ်ပြီး ဘာမှမလုပ်ဘဲမနေနိုင်ဘူး”

“အဲတော့ ခင်ဗျားက ကျုပ်တို့ကို တိုက်ခိုက်ဦးမှာလား”

“မဟုတ်ဘူး မဟုတ်ဘူး သခင်လေးကျောက် အထင်လွဲနေပြီ.. ကျုပ်ဆိုလို တာက အမှောင်မင်းသမီးက ကျုပ်တို့ကို ကြင်နာပေးခဲ့တယ်.. ကျုပ်တို့ ကျောက် မျိုးနွယ်က ဒီနေ့ အဲဒီကြင်နာမှုကို ပြန်ပေးဆပ်ရမယ်.. အနာဂတ်အတွက် ကျိုးမျိုးနွယ်က ဒီလိုကိစ္စတွေမှာ ဝင်ပါမှာမဟုတ်ဘူး”

***

All Chapters