← Chapters

ဘဝပန်း

Vol. 47 Ch. 704

ဘဝပန်း

Vol. 47 Ch. 704

ဘဝပန်းသည် ဤမြို့တွင်သာရှိသော ထူးခြားသည့် အပင်တစ်မျိုးဖြစ်သည်။ ၎င်းသည် ပြင်းထန်သော စိတ်ခြောက်ခြားမှုကို ဖြစ်စေနိုင်ရုံသာမက သေဆုံးသွားသည့် စိတ်ခံစားချက်များကိုလည်း ကူးစက်စေနိုင်သည်။ ၎င်းကို ရေရှည်အသုံးပြုပါက လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကိုပါ ပြောင်းလဲပစ်နိုင်ပေသည်။

အဆိပ်ပြင်းသော မြွေများရှိသည့်နေရာတွင် ၎င်းတို့ကို ကုသနိုင်သော ဆေးဝါးလည်း ရှိတတ်စမြဲပင်။

ဘဝပန်းသည် အမှောင်ထုထဲတွင် အမြစ်တွယ်ပြီး သက်ရှိများ၏ အသွေးနှင့် အသားကို အာဟာရပြုကာ ကြီးထွားလာခြင်းဖြစ်သည်။ ၎င်း၏ ကြီးထွားမှုဖြစ်စဉ်တွင် သွေးချောင်းစီးမှုများဖြင့် ပြည့်နှက်နေသော်လည်း ၎င်းမှပွင့်လာသော ပန်းများမှာမူ သက်ရှိလူသားများ၏ နှလုံးသားထဲမှ ဆိုးယုတ်မှုများကို နှိမ်နင်းပေးနိုင်သည်။

"ကျူးချွမ်းအဖွဲ့က သေဆုံးသွားသူတွေရဲ့ နှလုံးသားထဲမှာ ကျန်ရှိနေတဲ့ နောက်ဆုံးစိတ်ကောင်းလေးတွေကို ဘဝပန်းနဲ့ ထိန်းသိမ်းထားပြီး ဆိုးယုတ်မှုနှိမ်နင်းဆေးအဖြစ် ဖော်စပ်ကြတာ၊ မင်းပေးတဲ့ ပွင့်ချပ်တွေကလည်း ဆိုးယုတ်မှုကို နှိမ်နင်းပေးနိုင်တယ်၊ ဒါပေမဲ့ ကွာခြားချက်က အဲ့ဒီပွင့်ချပ်တွေဟာ ကြင်နာမှုကို အသုံးမပြုဘဲ နာကျင်မှုကို အသုံးပြုတာပဲ၊ သေခြင်းတရားနဲ့ အဆုံးမရှိတဲ့ စိတ်ပျက်အားငယ်တွေကို သုံးပြီး ဆိုးယုတ်မှုကို အတင်းအကျပ် ဖိနှိပ်ပစ်တာပဲ"

ကျီးကန်းနက်သည် ပွင့်ချပ် စားမိခဲ့သည်ကိုပင် နောင်တရသွားသည်။ ပွင့်ချပ်ထဲတွင် သာမန်လူများ မခံစားနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုများ ပါဝင်နေပြီး သူ့အတွေးများကို ခဏတာ ရပ်တန့်သွားစေခဲ့သည်။သူသည် ပွင့်ချပ်ထဲရှိ စိတ်ခံစားချက်များ၏ လွှမ်းမိုးခြင်းကို အပြည့်အဝ ခံလိုက်ရသည်။

၎င်းကို မျိုချပြီးနောက်တွင်လည်း ပွင့်ချပ်ထဲမှ သွေးများက ပျောက်ကွယ်မသွားဘဲ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ သူ့ကို အဆက်မပြတ် သက်ရောက်နေစေသည်။

"ဘဝပန်းက အမှောင်ထုတွေဖုံးလွှမ်းနေတဲ့ ဒီမြို့ကြီးအတွက် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ယူဆောင်ပေးခဲ့တာ၊ ဒါပေမဲ့ ဒီပန်းကို အကြောင်းပြုပြီး ဂိုဏ်းတွေကြားမှာ ရက်စက်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတယ်၊ ဒါက သနားစရာ၊ ဝမ်းနည်းစရာနဲ့ ဆိုးယုတ်တဲ့ ဘေးဒုက္ခတွေကို သယ်ဆောင်လာတဲ့ မိစ္ဆာမျက်ရည်တွေနဲ့ တူနေတာပဲ"

ကောင်းမင် ကျင်းထဲမှ ပြန်တက်လာ၏။ သူ့အိတ်ကပ်ထဲတွင် စုဆောင်းထားသော မျိုးစေ့များ ပြည့်နှက်နေလေသည်။ ယခုတစ်ခေါက်တွင် သူ အတော်လေး အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။

"ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်ကို ငါ အကြမ်းဖျင်း နားလည်သွားပြီ၊ အခု ငါ့အတွက် အေးအေးဆေးဆေး လုပ်ဆောင်နိုင်မယ့် နေရာတစ်ခု လိုတယ်"

ကျီးကန်းနက်သည် ကောင်းမင်၏ မျက်လုံးထဲတွင် တောက်လောင်နေသော ရည်မှန်းချက်များကို မြင်တွေ့လိုက်ရသည်။ ကောင်းမင်၏ ရည်ရွယ်ချက်မှာ ငွေရှာရန် သို့မဟုတ် ဂိုဏ်းတစ်ခုကို အစားထိုးရန်အတွက်သာ မဟုတ်ဘဲ မြို့တော်တစ်ခုလုံးကို အမြစ်မှ လှန်ပစ်ရန် ဖြစ်သည်။

"ကန့်သတ်နယ်မြေထဲမှာ နေရာတွေ အများကြီးရှိတာပဲ မဟုတ်လား"

ကောင်းမင်က ဘဝပန်းမျိုးစေ့များကို ပျော်ရွှင်စွာ ရေတွက်နေသော်လည်း ကျီးကန်းနက်၏ အမူအရာပြောင်းလဲသွားသည်ကို သတိမထားမိပေ။

"အဲ့ဒီနေရာကတော့ မဖြစ်ဘူး"

"ဘာလို့လဲ"

"ကန့်သတ်နယ်မြေလို့ ခေါ်တာဟာ အဲ့ဒီထဲကို ဝင်တဲ့သူတိုင်းနီးပါး သေဆုံးသွားလို့ပဲ"

ကျီးကန်းနက်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"သာမန်မြို့သားတစ်ယောက်က ဆိုးယုတ်မှုတွေကြောင့် ထိန်းချုပ်မှုလွတ်သွားရင် လူနာတစ်ယောက်ဖြစ်သွားပြီး သီးသန့်ကုသမှု ခံရတယ်၊ အန္တရာယ်အဆင့်အလိုက် ကုသနည်းတွေ ကွဲပြားတယ် ၊ အန္တရာယ်အဆင့်နိမ့်တဲ့သူတွေက ပိုက်ဆံပေးပြီး ကုသနိုင်ပေမဲ့ အန္တရာယ်အဆင့်မြင့်တဲ့သူတွေကတော့ တိုက်ရိုက် ကွပ်မျက်ခံရတာပဲ၊ ဒီမြို့ကြီးမှာ နေထိုင်တဲ့ လူတိုင်းအတွက် ဆိုးယုတ်မှုကို ထိန်းချုပ်မှုလွတ်တာဟာ အရမ်းအန္တရာယ်များတဲ့ကိစ္စပဲ၊ ကန့်သတ်နယ်မြေထဲမှာတော့ အဲ့ဒီလို ဆိုးယုတ်မှုတွေ လွတ်ထွက်သွားအောင် လှုံ့ဆော်ပေးနိုင်တဲ့အရာတွေ ရှိနေတယ်၊ အဲ့ဒါက ဓာတ်ပုံတစ်ပုံ၊ ပန်းချီကားတစ်ချပ် ဒါမှမဟုတ် အသံတစ်ခုခုလည်း ဖြစ်နိုင်တယ်၊ အဲ့ဒီနေရာက ညစ်ညမ်းမှုအရင်းအမြစ်ကို မရှာနိုင်မချင်း ဘယ်သူသွားသွား အသက်ရှင်ဖို့ မလွယ်ဘူး"

"ကန့်သတ်နယ်မြေကို ငါတို့ မရှင်းလင်းခင် ဆင်းရဲသားရပ်ကွက်ထဲမှာ ဆေးဝါးစက်ရုံအသေးလေးတစ်ခု အရင်ဆောက်လို့ရတယ်၊ ညရဲတွေ ကျူးချွမ်းအဖွဲ့ကို အရေးယူပြီးရင်တော့ ငါတို့ ကျူးချွမ်းအဖွဲ့ရဲ့ ဆေးသုတေသနဌာနကို သိမ်းပိုက်နိုင်မယ့် နည်းလမ်းကို ရှာရမှာပေါ့"

ကျီးကန်းနက်က မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော ဘဝပန်းများကို ကြည့်လိုက်သည်။

"ဆေးအသစ်က ဘဝပန်းအနံ့နဲ့ အတော်လေးတူပေမဲ့ အာနိသင်က ဆေးအဟောင်းထက် ပိုပြင်းတယ်၊ သူတို့က သဲလွန်စဖျောက်ဖို့အတွက် တခြားတစ်ခုခု ရောထားပုံရတယ်၊ အဲ့ဒါကြောင့်ပဲ ဘဝပန်းရနံ့ကို ပိုထွက်လာအောင် လုပ်ထားတာ"

"သူတို့ရဲ့ဆေးတွေက လူတွေကို စွဲလမ်းလာအောင် ခံစားချက်ကောင်းတွေနဲ့ မြှူဆွယ်တာ၊ ငါတို့ကတော့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို သုံးပြီး ဖိနှိပ်မှာ၊ ရည်ရွယ်ချက်က ဆိုးယုတ်မှုကို အမြစ်ပြတ်ချေမှုန်းဖို့ပဲ"

ကောင်းမင်က မျိုးစေ့အချို့နှင့် သူ့သွေးများပါသော အိုးငယ်လေးတစ်လုံးကို ကျီးကန်းနက်ထံ ကမ်းပေးလိုက်သည်။

"ဆင်းရဲသားရပ်ကွက်က ဆေးဆိုင်ကို မင်းလက်ထဲပဲ အပ်ခဲ့မယ်"

"ငါ့လက်ထဲကိုလား"

ကျီးကန်းနက်မှာ အတော်လေး အံ့ဩသွားသည်။ သူတို့နှစ်ဦးလုံးသည် မြို့ပြင်ဘက်က လာသူများ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိကြပေ။ ကောင်းမင်က ဤမျှ အရေးကြီးသော တာဝန်ကို အလွယ်တကူ ယုံကြည်အပ်နှံရဲတာလား။

"ငါမင်းကို ယုံတယ်"

ကောင်းမင်က တောက်ပစွာ ပြုံးလိုက်သည်။ သို့သော်လည်း လီဆန်းစီ၏ မျက်နှာပေးနှင့် ထိုအပြုံးကို ပေါင်းစပ်လိုက်သောအခါ ကြည့်ရသည်မှာ အတော်လေး စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။

"ဂူးလ်ဆီကရတဲ့ ညရဲကျင့်ဝတ်စာအုပ်ကို ငါ့ကို ခဏငှားပါဦး၊ မင်းကတော့ ဆင်းရဲသားရပ်ကွက်က ဆေးဆိုင်ကိုပဲ အာရုံစိုက်ပြီး စီမံခန့်ခွဲနေလိုက်ပါ၊ ပြီးတော့ ညရဲတွေကြားမှာ မင်းရဲ့ သြဇာကို တိုးချဲ့ပြီး ပိုကြီးတဲ့ စွမ်းအားရအောင်လုပ်ပေါ့"

ညရဲကျင့်ဝတ်စာအုပ်ကို ကမ်းပေးလိုက်စဉ် ကျီးကန်းနက်သည် လီဆန်းစီထံမှ ရင်းနှီးနေသော အရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသော်လည်း သေချာတော့ မသိပေ။

"သွားတော့၊ အလုပ်များတော့မယ်၊ သတိတော့ထားဦး၊ ငါတို့က အပြင်လူတွေဆိုတာကို ဘယ်သူ့ကိုမှ မသိစေနဲ့"

ကောင်းမင်သည် လမ်းလွှဲတစ်ခုမှတစ်ဆင့် ကျူးချွမ်းဆေးဝါးစက်ရုံဟောင်းသို့ ပြန်ရောက်သွားပြီး အပြင်ဘက်တွင် ပုန်းနေသော ဝူဝေကို ရှာလိုက်သည်။

"ဒါရိုက်တာလီ... ရှင် အသက်ရှင်နေသေးတာပဲ"

အမြဲတမ်း ယဉ်ကျေးတတ်သော ဝူဝေသည် ယခုတစ်ခေါက်တွင် အမှန်တကယ် အံ့ဩသွားသဖြင့် ဆဲပင် ဆဲမိသွားသည်။

"ကင်မရာရော... ဘာတွေ ရိုက်နိုင်ခဲ့လဲ"

"ကန့်သတ်နယ်မြေထဲက အရာတွေက မကောင်းတဲ့အတွေးတွေကို ပြန့်နှံ့စေပြီး အားလုံးကို ထိန်းချုပ်မှုလွတ်သွားအောင် လုပ်နိုင်တယ်၊ အဲ့ဒီလို ဇာတ်ကားတွေကို ရိုက်ဖို့က အန္တရာယ်များလွန်းတယ်"

ကောင်းမင်က ဝူဝေ၏လက်မောင်းကို ဆွဲကာ လမ်းကြားထဲမှ ထွက်လာခဲ့သည်။

"ငါ့မှာ တခြားနည်းလမ်း ရှိတယ်"

ဝူဝေက ကောင်းမင်နှင့်အတူ လိုက်လာခြင်းမှာ သူမသည် သူ့အား အတိုင်းအတာတစ်ခုအထိ ယုံကြည်ထားကြောင်း ပြသနေသည်။ သူမ ဤနေရာတွင် စောင့်နေခြင်းနှင့် မရည်ရွယ်ဘဲ ပြသလိုက်သော သူမ၏ စိုးရိမ်ပူပန်မှုများက ထိုယုံကြည်မှုကို ပိုမိုခိုင်မာစေသည်။

"ဒါပေမဲ့... ကင်မရာက ဘယ်မှာလဲဟင်"

နှစ်ဦးသား လမ်းဘေးသို့ ရောက်သောအခါ စုတ်ပြတ်နေသော တက္ကစီတစ်စီးကို တားလိုက်ကြသည်။ ဒရိုင်ဘာမှာ တက္ကစီကုမ္ပဏီ ယူနီဖောင်းဝတ်ထားပြီး သန့်သန့်ပြန့်ပြန့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

"ခင်ဗျားတို့က ဒီလို လူပြတ်တဲ့နေရာအထိ လာရဲကြတယ်နော်၊ တော်တော် သတ္တိရှိတာပဲ၊ ခရီးစရိတ် သုံးဆပေးရင် ခင်ဗျားတို့ကို အိမ်အရောက် ဘေးကင်းကင်းနဲ့ ပို့ပေးမယ်"

ယာဉ်မောင်းမှာ စကားများပြီး လူဆိုးတစ်ယောက်နှင့် မတူပေ။ သူ၏ တောင်းဆိုချက်မှာလည်း မြို့တော်၏ ရန်လိုသော ပတ်ဝန်းကျင်နှင့် ယှဉ်လျှင် သိပ်ပြီး မလွန်ကဲလှပေ။

"ခရိုင် ၂ က အထွတ်အမြတ်နှလုံးသား ဘုရားရှိခိုးကျောင်းကို သွားမယ်"

"ကောင်စီဝင် စီမေကို ရှာနေတာလား"

ယာဉ်မောင်းက ထိုနေရာကို ချက်ချင်း မှတ်မိသွားသည်။

"လူတွေ အများကြီး သူ့ကို သွားရှာကြလို့လား"

"ကျွန်တော်တို့ ကောင်စီဝင် စီမေဆိုတာ ဆင်းရဲသားတွေအားလုံးရဲ့ စိတ်ဓာတ်ခွန်အားပဲဗျ၊ သူက လူ့လောကကို ခဏတာ ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလိုပဲ၊ အားလုံးကို ကူညီတတ်ပြီး တရားမျှတမှု ရှိတယ်၊ ဒီမြို့ကြီးမှာ သန့်ရှင်းတဲ့နေရာ ရှိတယ်ဆိုရင် အဲ့ဒါ စီမေ လျှောက်လှမ်းခဲ့တဲ့ လမ်းပဲ ဖြစ်ရမယ်"

ယာဉ်မောင်းက သူ့မျက်မှန်ကို သုတ်လိုက်သည်။

"ဒါပေမဲ့ ပြောရဦးမယ်၊ ခရိုင် ၂ က အတော်လေး ဝေးတယ်ဆိုတော့ ငါးဆ ပေးရလိမ့်မယ်"

"ပြဿနာမရှိဘူး"

ကောင်းမင်နှင့် ဝူဝေတို့ ကားပေါ် တက်လိုက်ကြသည်။

ကားတံခါးကို ပိတ်လိုက်ပြီးနောက် ယာဉ်မောင်းသည် စိတ်ကြည်လင်နေပုံရပြီး သာယာငြိမ့်ညောင်းသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။ သူသည် ကားထဲရှိ အမွှေးအိတ်လေးကို ဟိုရွှေ့ဒီရွှေ့ လုပ်နေသည်။

မီတာအနည်းငယ် မောင်းပြီးနောက် ဝူဝေက အိပ်ငိုက်လာသည်။ သူမသည် ခြေလက်များ ပျော့ခွေလာသဖြင့် ကားတံခါးကို မှီလိုက်သည်။သူမ၏ မျက်တောင်များမှာလည်း တဖြည်းဖြည်း လေးလံလာတော့သည်။

နောက်ထပ် လမ်းခွဲတစ်ခုကို ဖြတ်ကျော်ပြီးနောက် ယာဉ်မောင်းသည် စတီယာရင်ကို ခပ်ဖွဖွပုတ်ကာ ပိုမိုလူပြတ်သော လမ်းကြားတစ်ခုအတွင်းသို့ ဦးတည်မောင်းနှင်လိုက်သည်။

"ကားဆရာ... ဒါက ခရိုင် ၂ကို သွားတဲ့လမ်း မဟုတ်ဘူးထင်တယ်"

ကောင်းမင်က ရှေ့သို့ တိုးကြည့်လိုက်သည်။ ယာဉ်မောင်းထိုင်ခုံအောက်တွင် စုတ်ပြဲနေသော အမျိုးသမီး အဝတ်အစားများကို မြင်လိုက်သည်။ ယာဉ်မောင်း၏ လည်ပင်းပေါ်တွင်လည်း လက်သည်းဖြင့် ကုတ်ထားသော ဒဏ်ရာများကို တွေ့လိုက်ရသည်။

"ကျွန်တော်က ဖြတ်လမ်းက သွားနေတာပါ"

"ဘာမှ ဟာသလုပ်ဖို့ မကြိုးစားနဲ့နော်၊ ကျုပ်ကို ရောက်အောင်သာ ပို့ပေး၊ ခရီးစရိတ်ကို ခင်ဗျားလိုချင်သလောက် ပေးမယ်"

ကောင်းမင်က ဝူဝေကို တွန်းလိုက်သော်လည်း သူမသည် တစ်ဝက်တစ်ပျက် အိပ်ပျော်ကျနေပြီး အသိစိတ်များ ဝေဝါးနေပုံရသည်။

"ဆေးအာနိသင်က တော်တော် မြန်တာပဲ၊ ခင်ဗျားတို့ရဲ့ ကြံ့ခိုင်မှုက တော်တော်လေး ကွာခြားတယ်နော်"

ယာဉ်မောင်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်လာ၏။သူ့ အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည်။

"ခင်ဗျား သိလား... ဒီလို လူပြတ်တဲ့နေရာက လူသတ်ပြီး အလောင်းဖျောက်ဖို့ အကောင်းဆုံးပဲ၊ ဟိုဘက်က မြစ်ကွေ့လေးမှာ ရွှံ့ညွန်တွေ အပြည့်ပဲ၊ ဘာမှ သိပ်လုပ်နေစရာတောင် မလိုဘူး၊ အလောင်းကို ပစ်ချလိုက်ရုံနဲ့ သူ့ဘာသာမြုပ်သွားလိမ့်မယ်"

ကောင်းမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကျုပ် ထပ်ပြောမယ်၊ ကျုပ်သွားရမယ့် နေရာကို ရောက်အောင် ပို့ပေး၊ ကျုပ် ပြဿနာ မရှာချင်ဘူး"

"ခင်ဗျား အားနည်းနေပြီ မဟုတ်လား၊ ဟားဟားဟား... အတင်း တောင့်ခံမထားပါနဲ့ကွာ၊ ဒါက ကျူးချွမ်းအဖွဲ့ရဲ့ စိတ်ခြောက်ခြားစေတဲ့ ဆေးအသစ်ပဲ၊ သုံးမိနစ်အတွင်း နွားတစ်ကောင်ကိုတောင် လဲကျသွားစေနိုင်တယ်၊ ကံမကောင်းတာက အာနိသင်က မြန်မြန်တက်ပြီး မြန်မြန်ပျက်တာပဲ၊ ငါ နာရီဝက်လောက်ပဲ ပျော်လို့ရမှာ"

ယာဉ်မောင်း၏ မျက်လုံးထောင့်များတွင် အနက်ရောင်လိုင်းများ ပေါ်ထွက်လာလေသည်။ သူသည် ထိုင်ခုံပေါ်မှ စုတ်ပြဲနေသော အဝတ်အစားများကို ကောက်ယူလိုက်သည်။သူသည် ဆေးရှိန်ကြောင့် မိန်းမောနေပုံရပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"ခင်ဗျားတို့က ဒီညအတွက် ဒုတိယမြောက် ဧည့်သည်တွေပဲ၊ ငါ ကောင်းကောင်း ဧည့်ခံပေးပါ့မယ်"

ကောင်းမင်သည် နံပါတ်များ ပွန်းပဲ့နေသော အနက်ရောင်သေနတ်ကို ထုတ်ယူလိုက်သည်။ထို့နောက် သေနတ်ကို အနောက်မှနေ၍ ယာဉ်မောင်း၏ ဦးခေါင်းကို ချိန်လိုက်သည်။

"ငါ အရမ်းကြင်နာလွန်းသွားတယ်၊ မင်းလို လူစားမျိုးက အခွင့်အရေးပေးဖို့ မထိုက်တန်ဘူး"

All Chapters