ရွေးချယ်မှု ၂
Vol. 141 Ch. 1974
ကျိုးကျိုးသည် သူ့နှလုံးသားထဲမှ သွေးထွက်သွားသလို ခံစားရလေသည်။
သူ ထိုစကားများကို ပြောလိုက်သည်နှင့် သူသည် နောက်နောင်တွင် ရှီမာယူယူနှင့် ပတ်သက်စရာမရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအခါ ပြီးခဲ့သည့် လပိုင်းများအတွင်း အားထုတ်ခဲ့သမျှသည် အချည်းနှီးဖြစ်သွားတော့မည်။ တခြားကိစ္စများကို မဆိုထားနှင့် ရှီမာယူယူ ဒဏ်ရာရစဉ်က သုံးခဲ့သည့် ဆေး ပစ္စည်းများကို တွေးလိုက်သည်နှင့် ပူပင်သောကများကို ကြာရှည်စွာခံစားရ တော့မည်ဖြစ်သည်။
ရှီမာယူယူသည် ကျိုးကျိုး၏ တွက်ချက်မှုများကို သိထားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကျိုးကျိုး၏ စိတ်ဓာတ်ကျဆင်းနေမှုကို ကြည့်ပြီး သနား စိတ်မဖြစ်မိပေ။
သူ့ရဲ့ စီမံချက်တွေမှာ သူမကိုပါ ထည့်ပြီး တွက်ချက်ဖို့မကြိုးစားခဲ့ရင် ဘယ်လိုလုပ် ဒီလိုရလဒ်ရလာမှာလဲ။
“ဒါပေမဲ့ မင်းသမီးလေး.. ဒီတစ်ခါ ကျုပ်တို့က သူတို့ကိုမကူညီရင်တောင် သူတို့ကိုတော့ သတ်ခွင့်မပေးနိုင်ဘူး” ကျိုးကျိုး ထပ်ပေါင်းပြောလေသည် “ပြီးတော့ မင်းသမီးလေးလည်း ကျိုးမျိုးနွယ်အိမ်တော်မှာ ထပ်နေလို့မရတော့ ဘူး.. ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မင်းသမီးလေးရဲ့ဘက်မှာ မနေပေးနိုင်တဲ့ အတွက် ကျိုးကိုခွင့်လွှတ်ပါ”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်မတို့လည်း ကျိုးမျိုးနွယ်ကို ဒုက္ခပေးနေတာ ကြာနေပါပြီ.. အခု နှုတ်ဆက် ဖို့အချိန်တန်ပြီပဲ”
ကျိုးကျိုး၏ မျက်နှာမှာ ပူနွေးသွားပြီး စိတ်မှာလည်း ကျဉ်းကြပ်သွား သည်။
“ယွင်ရာ ကျွန်မတို့အကုန်သွားကြတော့မယ် ဒီကိစ္စကို မြန်မြန်မရှင်းနိုင် ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ အခု တကယ်တိုက်ခိုက်တော့မယ်”
ယွင်ရာသည် ပြောပြီးသည်နှင့် ကျောက်စိမ်းပုလွေကို သိမ်းပြီး နောက် ကျောက်စိမ်းပုလွေတစ်ချောင်းကို ထုတ်လိုက်သည်။ အစောက တင်းခံနေရ သော ကျောက်မျိုးနွယ်သည် အမြန်ပင် ရှုံးနိမ့်သွားလေသည်။
ယွင်ရာ နောက်ဆုံးဂီတသံထုတ်လျွတ်တော့မည့်အချိန်တွင် ကျိုးကျိုး လှုပ်ရှားလာသည်။ သူသည် ယွင်ရာ၏ ဂီတသင်္ကေကို ချိုးဖျက်ပြီး ပြောလိုက် သည် “ယွင်ရာ ကျုပ် ဒီနေ့ပြောပြီးပြီ ဘယ်သူ့ကိုမှ သတ်လို့မရဘူး”
ယွင်ရာသည် လက်ကို ရပ်တန့်လိုက်သည် “အင်း အရင်ကလိုဆိုရင်တော့ မရဘူး ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ကို ဒီလတွေမှာ ဧည့်ခံထားခဲ့တော့ မျက်နှာ ပေးလိုက်မယ်”
“ဖူရှီ မင်းပစ္စည်းတွေအကုန် သိမ်းပြီးပြီလား” ရှီမာယူယူ ပြောလိုက်သည်။
“အကုန်ထုပ်ပိုးပြီးပြီ” ဖူရှီသည် ကျိုးနွံစွာပင် ပြန်ဖြေသည်။
“ဒါဆိုလည်း သွားကြမယ်” ရှီမာယူယူသည် ခေါင်းလှည့်ပြီး ကျိုးကျိုးကို ကြည့်လိုက်သည် “ခေါင်းဆောင်ကျိုး.. ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်.. ရှင် ဒီနေ့အမေ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်လိုက်ပါပြီ.. နောက်ကို ပဋိပက္ခဖြစ်လာမယ်ဆို ကျွန်မတို့လည်း နောက်မဆုတ်ပါဘူး နှုတ်ဆက်ခဲ့ပါ တယ်”
ဟွမ်သည် လေဟာပြင်ဝင်ပေါက် ဖွင့်လိုက်သည်နှင့် ရှီမာယူယူသည် အပေါင်းအဖော်များနှင့်အူ လျှောက်ဝင်သွားလိုက်သည်။ သူတို့ သွားလိုက်သည် ကို ကြည့်ပြီး ကျိုးကျိုးသည် ကျောက်မျိုးနွယ်ကို အမြန်သွားကူညီလေသည်။
“ဒီယွင်ရာတော့.. ငါ ခေါင်းဆောင်ကို သတင်းသွားပို့ရင် သင်္ဂြိုဟ်ဖို့ နေရာ တောင်မရှိအောင် သတ်ပေးလိုက်မယ်” ကျိုးကျိုးသည် ကျောက်ရွေ့ကို တွဲ ထားရပြီး၊ သူ့တစ်ကိုယ်လုံးမှာလည်း နာကျင်မှုများခံစားရလေသည်။ သူသည် ကျိုးကျိုး၏ လက်ကိုဆွဲဖယ်ပြီး အော်လိုက်သည် “ခေါင်းဆောင်ကျိုး ခင်ဗျား သူတို့ကို ဒီအတိုင်းလွှတ်လိုက်မှာလား.. ကျုပ်ပြန်ရောက်ရင် ဒီအကြောင်းကို ခေါင်းဆောင်ကိုပြောလိုက်မယ်.. ကျိုးမျိုးနွယ်က ခေါင်းဆောင်ရဲ့ဒေါသကို ခံနိုင် မလားလို့ ကြည့်ကြတာပေါ့”
ကျိုးကျိုးသည် အမြန်ပင် နှစ်လိုဖွယ်ကောင်းသည့် အပြုံးကိုပြုံးပြလေ သည် “သခင်လေးကျောက် ခင်ဗျားလည်း မြင်ပါတယ်.. ကျုုပ်အတွက် မဖြစ်နိုင် ဘူးလေ.. သူတို့တွေက ကျောက်မျိုးနွယ်ကို ပြစ်မှားခဲ့တယ်ဆိုတာကို ကျုပ် မသိ ခဲ့လို့ပါ.. ကျုပ်တို့က အမှောင်မင်းသမီးရဲ့ ကြင်နာမှုကို ပြန်ဆပ်ပြီးပါပြီ.. ထပ်ပြီး ဘက်လိုက်စရာအကြောင်းမရှိတော့ပါဘူး.. နောင်ကို ကျောက်မျိုးနွယ် တစ်ခုခု လိုတာရှိရင် ကျုပ်တို့ ကျိုးမျိုးနွယ်က ဘယ်လိုအန္တရာယ်မျိုးကိုမဆို စွန့်စားပြီး ဘယ်လိုပေးဆပ်မှုကိုမှ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး”
ကျောက်ရွေ့သည် အေးစက်စွာနှာမှုတ်လေသည်။ သို့သော် ဒေါသတော့ အနည်းငယ် ပြေသွားပြီဖြစ်သည်။
“အစ်ကိုကြီး အခုက ဒေါသထွက်နေရမယ့်အချိန်မဟုတ်ဘူး သူတို့ကို ဖမ်းဖို့ အမိန့်ထုတ်ရမယ့်အချိန်ပဲ” လူတစ်ယောက်သည် ရှေ့ထွက်ပြီး သူ့ကို သတိပေးလေသည်။
“ဟုတ်တယ်” ကျောက်ရွေ့ပြောလိုက်သည် “ခေါင်းဆောင်ကျိုး ခုနက ခင်ဗျားဂရုစိုက်ခဲ့ဘူး.. ဒါပေမဲ့ အခု သူတို့တွေထွက်သွားကြပြီ ခင်ဗျားရဲ့ ကျေးဇူး ကြွေးလည်း ဆပ်ပြီးသွားပြီ.. ကျုပ်တို့လိုအပ်ရင် ခင်ဗျားတို့ကျိုးမျိုးနွယ်က ဘယ်လို အန္တရာယ်မဆို စွန့်စားပြီး ဘယ်လိုပေးဆပ်မှုကိုမှ တွန့်ဆုတ်မနေဘူး လို့ ခုနက ပြောခဲ့တယ်နော်.. အခု သူတို့ကို လိုက်ဖို့ ကျုပ်ပြောချင်တယ် ခင်ဗျား လုပ်နိုင်မလား”
ကျိုးကျိုးသည် စိတ်ထဲမှ စောဒကတက်ပြီး အကြိမ်ပေါင်းထောင်ချီ ကျိန်ဆွဲမိသည်။ သို့သော် သူ သဘောမတူဘဲမနေရဲပေ။
သို့သော် သူတို့သည် အပြင်လူများဖြစ်ကြပြီး ဤနယ်မြေတွင် ကျောက် မျိုးနွယ်သည် အင်အားကြီးသည်။
သူသည် အကြီးအကဲကြီးကိုခေါ်ပြီး ရှီမာယူယူတို့နောက်လိုက်ရန် အမိန့် ပေးလိုက်သည်။ ကျောက်မျိုးနွယ်လိုချင်သည့် ကလေးကလွဲပြီး ကျန်သူများကို အသေရရ အရှင်ရရ ဖမ်းရန် အမိန့်ပေးလေသည်။
အကြီးအကဲကြီးသည် တစ်ချိန်လုံး အပြင်တွင်ရှိနေသဖြင့် အဖြစ်အပျက် များကို သိကြသည်။ ရှီမာယူယူတို့ ကျောက်မျိုးနွယ်၏ အိမ်တော်မှထွက်သွား သည်ကို ခံစားမိသော်လည်း သူ ချက်ချင်းပင် လူလွှတ်ပြီး လိုက်ခိုင်းလိုက်သည်။ ယခုအခြေအနေမှာ သူတို့ မျက်နှာချက်ချင်းပြောင်းလဲပစ်သည့် ကိစ္စဖြစ်နေ သည်။ သို့သော် သူ ငြင်းဆန်ရဲသည့် သတ္တိမရှိပေ။ ထို့ကြောင့် ရှီမာယူယူတို့၏ တည်နေရာကို ချက်ချင်းရှာရန် အမိန့်ပေးလိုက်သည်။
ကျောက်ရွေ့သည် ကျိုးမျိုးနွယ်၏ သဘောထားကို ကျေနပ်နေသည်။ သူသည် နာကျင်နေသော ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး ကျောက်မျိုးနွယ်ကို ပြောလိုက်သည် “ပြန်ကြမယ်”
“သခင်လေးကျောက် ခင်ဗျားတို့အားလုံးလည်း ဒဏ်ရာရထထားကြတာ ပဲ.. ကျုပ်တို့ ကျောက်မျိုးနွယ်ကို လူလွှတ်ပြီး ဒီကိစ္စအကြောင်း ဘာလို့မပြောရ မှာလဲ.. ဒဏ်ရာတွေသက်သာမှ သခင်လေးပြန်ပါလား” ကျိုးကျိုး ပြောလေ၏။
“မဟုတ်ဘူး ဒီကိစ္စတွေကို ကိုယ်တိုင်တင်ပြရမယ်” ကျောက်ရွေ့သည် ကျိုးကျိုးကို လျစ်လျူရှုပြီး ကျောက်မျိုးနွယ်များနှင့်အတူ ကျိုးမျိုးနွယ်မှ ထွက် သွားလေသည်။
သူတို့ ထွက်သွားသည်နှင့် အကြီးအကဲကြီး ရှေ့ထွက်လာပြီး တိုက်ပွဲ ကြောင့် ပျက်စီးသွားသည့် ခြံဝန်းကိုကြည့်ပြီး သက်ပြင်းချမိသည်။ သူသည် စိတ်ထဲမှ မကျေမချမ်းဖြစ်မှုကို ပြောချင်နေမိသည်။
အင်း… သူ့ထက်ပိုပြီး ထိခိုက်နစ်နာရတဲ့ ခေါင်းဆောင်ရဲ့ စိတ်ကို စဉ်းစား မိတော့လည်း.. ဒါက… အရမ်းကို…
ရှီမာယူယူနှင့် တခြားသူများသည် လေဟာပြင်ဝင်ပေါက်မှထွက်လာ ပြီးနောက် အတော်အတန်ဝေးသောနေရာထိ ခရီးဆက်ခဲ့ကြသည်။
ယွင်ရာသည် ပတ်ပတ်လည်မှ မြင်ကွင်းကိုကြည့်ပြီး ပြောလိုက်သည် “ဒါက ကျိုးမျိုးနွယ်ရဲ့ နယ်နိမိတ်ကနေ မထွက်သေးဘူး”
“ဒီလောက် အဝေးကြီးတောင် လာပြီးနေပြီ.. ကျိုးမျိုးနွယ်က အဲလောက် ကြီးတာလား” ရှီမာယူယူ မေးလိုက်သည်။
“ကျိုးမျိုးနွယ်က ကြီးတာမဟုတ်ဘူး.. ဟွမ်က သူတို့နဲ့ အဝေးဆုံးနေရာကို ရွေးလိုက်တာ” ထိုအချိန်အတွင်းတွင် ကျိုးမျိုးနွယ်၏ အကြံအစည်ကို ယွင်ရာ ခံစားမိသဖြင့် သူ တစ်ချက်တည်းနှင့် ပြောနိုင်လေသည်။
“ဒါဆို ဒီကံက တကယ်ကောင်းတာပဲ” ရှီမာယူယူ ပြောလိုက်သည် “အင်း ကျွန်မတို့ အပြင်မရောက်သေးရင်လည်း ဒီအတိုင်းပဲထားလိုက်တာပေါ့”
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ကျိုးမျိုးနွယ်ကို မကြောက်ပေ။ သူတို့ အလိုက်ခံရလျှင်တောင် ကိစ္စမရှိပေ။ သူတို့ကိုယ်သူတို့ ကိုယ်ရောင်ဖျောက်ဖျက် ရန်မလိုပေ။
“အခု ဘယ်သွားကြမလဲ” ယွင်ရာ မေးလိုက်သည်။
“နောက်သွားမယ့်နေရာကို မဆုံးဖြတ်ခင် ကိစ္စတချို့ကို သိအောင်လုပ်ရ မယ်” နေရောင်မှာ ပြင်းလွန်းသဖြင့် ရှီမာယူယူသည် သစ်ပင်ကြီးတစ်ခုဆီသို့ သွားပြီး သစ်ပင်အမြစ်ပေါ်တွင် ထိုင်ကာ သူတို့ ပြောပြမည့် ဇာတ်လမ်းတစ်ခု လုံးကို နားထောင်ရန် စောင့်ဆိုင်းနေလိုက်၏။
ဝူလင်းယူသည် သူမဆီသို့လာကာ ထိုင်လိုက်သည်။ ဖူရှီသည်လည်း သူမဘေးသို့ ပြေးလာပြီး ထိုင်ချလေသည်။ သူသည် သစ်ချသီးများကိုထုတ်ပြီး တစ်ဝက်ကို သူမလက်ထဲထည့်ပေးပြီး ကျန်တစ်ဝက်ကို သူ့ဘာသာစားနေ၏။
ရှီမာယူယူသည် သစ်ချသီးများကို ယူလိုက်သော်လည်း မစားဘဲ လက်ထဲ တွင်သာ ထည့်ထားလေသည်။
“ယူယူ သူ့နာမည်က ဟိုင်ရှီး သူ့အစ်မနာမည်က ဟိုင်ရှင်းတဲ့” ယွင်ရာ သည် ဟိုင်ရှီးအား ရှီမာယူယူဘက်သို့ တွန်းကာ ပြောလိုက်သည် “ဘာတွေဖြစ် နေတာလဲဆိုတာတော့ သူ့ကိုသာမေးလိုက်တော့”
“ယွင်ရာ ကလေးတစ်ယောက်ကို ကျွန်မဆီထိုးပေးလိုက်တာနဲ့ ရှင်နဲ့ စာရင်းမရှင်းတော့ဘူးလို့ ထင်နေတာလား” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့် လေသည် “မဟုတ်ရင် ရှင်က ကျွန်မနဲ့ လူစုခွဲချင်တာက အကောင်းဆုံးရွေးချယ် မှုလား”
“မဟုတ်ဘူး.. အခု ငါတို့လူစုခွဲလိုက်ရင် သူ့ကိုကယ်တာ အလဟဿဖြစ် မသွားဘူးလား” သူကွေးနိုင်ဆန့်နိုင်ပြီး အရင်ကထက် ပိုကောင်းလာသည်ကို ယွင်ရာသည် ခံစားရသည်။
ဟိုင်ရှီး၏ ကိစ္စကြောင့်သာမဟုတ်လျှင် သူသည် ဤနေရာတွင် ရေထဲက ငါးကဲ့သို့ဖြစ်နေသည်။ သို့သော် ဟိုင်ရှီးရှိလာချိန်တွင် သူသည် သူ့လုံခြုံရေးကို အာမ,မခံနိုင်သည့်အပြင် ဟိုင်ရှီးကိုလည်း မကာကွယ်နိုင်ခဲ့ပေ။
“အရင်ဆုံး ဒီအကြောင်း ပြောကြတာပေါ့ ဘာတွေဖြစ်နေတာလဲ” ရှီမာဘူယူသည် ဝူလင်းယူ အခွံနွှာထားသော သစ်ချသီးကိုယူပြီး တစ်ခုကို စားကာ တစ်ခုကို ဝူလင်းယူအား ခွံကျွေးလိုက်သညည်။
“ဟိုင်ရှီး မင်းပြောပြလိုက်” ယွင်ရာသည် ဟိုင်ရှီးအား ခေါင်းပုတ်လိုက် သည်။
ဟိုင်ရှီးသည် အလွန်ငယ်ရွယ်သော်လည်း လိမ္မာရေးခြားရှိသည်။ ရှီမာ ယူယူသည် တာဝန်ခံဖြစ်သည်ကို သူ မြင်လိုက်ရသည်။ သူသည် သူမဆီသို့ သွားပြီး ဒူးထောက်ကာ မြေပြင်နှင့် ခေါင်းကိုဦးသုံးကြိမ်တိုက်ကာ ကန်တော့ လေသည် “ကျွန်တော့်ဒဏ်ရာကို အစ်မကုပေးတာကို သိပါတယ်.. ကျေးဇူးတင် ပါတယ်.. တကယ်တော့ ကျွန်တော့်အစ်မနဲ့ ကျွန်တော့်ကို ကျောက်မျိုးနွယ်က လေလံဆွဲပြီး ဝယ်ခဲ့တာပါ”
***