ကောင်းမှုဟူသော ပြစ်မှု
Vol. 47 Ch. 702
ညရဲများသည် ဤမြို့ကြီး၏ ဒေသခံ မဟုတ်ပေ။ မြို့ပြင်မှ လာသူများသာ ညရဲ ဖြစ်ခွင့်ရှိကြသည်။
လူအိုကြီးသည် ညရဲများ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ရာ ကျီးကန်းနက်နှင့် ဂူးလ်တို့ထံမှ သတ်ဖြတ်လိုစိတ်များသာ တုံ့ပြန်မှုအဖြစ် ရရှိလိုက်သည်။ ဤမြို့ကြီးသည် ပြင်ပလူများကို အလွန်အမင်း ဖယ်ကျဉ်တတ်ပြီး အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုမှာလည်း ပြင်းထန်လှသည်။ အကယ်၍ ညရဲများ၏ မူလဇစ်မြစ်ကို လူအများ သိရှိသွားပါက ညရဲအားလုံး၏ အခြေအနေမှာ ပိုမိုဆိုးရွားသွားပေလိမ့်မည်။
"ငါက ဆယ်စုနှစ်ချီပြီး အသက်ရှင်လာတာ၊ ဒီမြို့ရဲ့ စည်းမျဉ်းတိုင်းကို ငါသိတယ်၊ ဒီမြို့က ပြည်တည်နေတဲ့ အပုပ်နံ့ထွက်နေတဲ့ အသားပိုင်းတစ်ခုလိုပဲ၊ မြို့တော်ကောင်စီခန်းမကနေ ဆင်းရဲသားရပ်ကွက်အထိ ထောင့်တိုင်းထောင့်တိုင်း ပြောမပြနိုင်နိုင်တဲ့ ညစ်ညမ်းမှုတွေနဲ့ ပြည့်နေတာ၊ ငါ အများကြီး ကြုံတွေ့ခဲ့ရပြီးပြီ၊ နောက်ဆုံး ညရဲတွေအတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ငါ ရှာတွေ့ခဲ့တယ်"
လူအိုကြီးသည် အသက်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း လက်မလျှော့သေးပေ။ ညရဲအချင်းချင်း သတ်ဖြတ်မရသော်လည်း ဆင်းရဲသားရပ်ကွက်မှ သေနတ်သမားများအတွက်မူ ထိုစည်းမျဉ်းက အကျုံးမဝင်ပေ။
"မင်းတို့က ငယ်လွန်းသေးတယ်၊ အရမ်းလည်း တုံးအကြတယ် ၊ ဒီမြို့ကြီးက မင်းတို့ကို ဝါးမျိုဖို့ အစွယ်တွေ ဖြဲလိုက်တဲ့အချိန်ကျရင် အကုန်နောက်ကျသွားလိမ့်မယ်"
နက်မှောင်နေသော သေနတ်ပြောင်းဝများသည် လူအိုကြီးထံသို့ ချိန်ရွယ်ထားကြသည်။ ကျီးကန်းနက် အမိန့်ပေးလိုက်သည်နှင့် သူတို့သည် တုံ့ဆိုင်းမနေဘဲ ပစ်ခတ်ကြပေလိမ့်မည်။
"ဒီမြို့ကြီး တည်ရှိနေရတဲ့ ရည်ရွယ်ချက်က အမှောင်ထုကို မွေးမြူဖို့ပဲ၊ မူလညရဲတွေဆိုတာ အကျဉ်းကျခံနေရတဲ့ အပြစ်သားတွေပဲ၊ ငါတို့က တစ်ချိန်တုန်းက ကြင်နာတတ်လွန်းခဲ့လို့ အခုလို အပြစ်တွေကို ပခုံးထမ်းထားရတာ၊ ငါတို့ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေက တရားမျှတမှုကို စောင့်ထိန်းခဲ့လို့ပဲ၊ ငါတို့ရဲ့ စိတ်ပျက်အားငယ်မှုတွေက ငါတို့နှလုံးသားထဲက တာဝန်သိစိတ်ကနေ လာတာ"
"ဒီမြို့ကြီးမှာ ပိုကောင်းအောင် နေထိုင်နိုင်ဖို့ ပိုကောင်းအောင် ရှင်သန်နိုင်ဖို့ဆိုရင် ငါတို့ရဲ့ အနှောင်အဖွဲ့အားလုံးကို ချိုးဖျက်ပစ်ရမယ်၊ ညရဲတွေရဲ့ စည်းမျဉ်းတွေကို စွန့်လွှတ်ပြီး ဒီမြို့ကြီးရဲ့ စည်းမျဉ်းအတိုင်း လိုက်နာရမယ်"
လူအိုကြီး၏ တိမ်ဖုံးနေသော မျက်လုံးများတွင် အနက်ရောင်လိုင်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဆိုးယုတ်မှုများက တအိအိလှိုင်းထလာ၏။ ထူးဆန်းသည်မှာ သူသည် သူ့ဆင်ခြင်တုံတရားကို ထိန်းထားနိုင်ဆဲပင် ဖြစ်သည်။
"မင်းတို့လည်း တစ်နေ့ကျရင် ငါ့လို ဖြစ်လာမှာပါပဲ၊ ငါ သေမှာမဟုတ်ဘူး၊ မင်းတို့ ငါ့ကို သတ်ပစ်ရင်တောင် မင်းတို့ကိုယ်တိုင် နောက်ငါတစ်ယောက် ဖြစ်လာလိမ့်မယ်"
သူ့နှလုံးသားသည် ရူးသွပ်စွာ ခုန်ပေါက်လာပြီး ထိုလူအိုကြီး၏ ရင်ဘတ်ထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့နံရိုးများသည် ဖြဲထားသော သွားများကဲ့သို့ ဖြစ်နေပြီး နှလုံးခုန်တိုင်းတွင် နှလုံးက ဖောင်းကြွလာ၏။ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သန္ဓေတည်နေသကဲ့သို့ ဖြစ်သည်။
လူအိုကြီးသည် သူ့ကိုယ်တွင်း၌ ဆိုးယုတ်မှုများကို ပျိုးထောင်ထားခြင်း ဖြစ်သည်။ သူ အသက် ပိုရှည်လေလေ ထိုဆိုးယုတ်မှုက ပိုကြောက်စရာကောင်းလေလေ ဖြစ်သည်။
သူ့ကို သတ်ဖြတ်ရန် အခွင့်အရေးပေါင်းစွာ ရခဲ့သော်လည်း မည်သူမျှ မလှုပ်ရှားရဲကြပေ။ လူအိုကြီး၏အတွင်းမှ ဆိုးယုတ်မှုများက ထိန်းချုပ်မှုလွတ်သွားပြီး စူပါမကောင်းဆိုးဝါးကြီးတစ်ကောင် ဖန်တီးမိသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
အလုံခြုံဆုံးနည်းလမ်းမှာ ထိုလူအိုကြီး ဆိုးယုတ်မှုများကို မထုတ်လွှတ်မီ အရှိန်ကျဆေးနှင့် ဖိနှိပ်ဆေးများကို ထိုးသွင်းရန်ဖြစ်သည်။ သူ၏အသိစိတ်နှင့် ဆိုးယုတ်မှုများ မပေါင်းစည်းမီ ထိုမကောင်းဆိုးဝါး၏ အစွမ်းကို တတ်နိုင်သမျှ အားနည်းအောင် ပြုလုပ်ရပေမည်။
သို့သော်လည်း ယင်းက ပြောသလောက် မလွယ်ကူပေ။ ထိုလူအိုကြီး ဆိုးယုတ်မှုများကို ထုတ်လွတ်ရန် ဆုံးဖြတ်လိုက်ပြီဆိုကတည်းက အခြေအနေက ပြန်လှည့်မရတော့ပေ။ စခန်းတွင် ခွေးအိုကြီးဟု လူသိများသော ထိုလူအိုကြီးသည် သတ်ဖြတ်လိုစိတ်ကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိသဖြင့် မည်သူ့ကိုမျှ သူ့အနားကပ်ခွင့်ပေးမည်မဟုတ်ပေ။ ဆိုးယုတ်မှုအားလုံးကို ထုတ်လွှတ်ခြင်းဖြစ်စဉ်သည် သုံးစက္ကန့်ပင်မကြာသဖြင့် ထိုအချိန်အတွင်း အနားကပ်ပြီး နှလုံးထဲသို့ ဆေးထိုးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရန်သူများ နှိမ်နင်းဆေးကျည်ဆန်များ သုံးမည်ကို ကာကွယ်ရန် လူအိုကြီးသည် "မကောင်းဆိုးဝါး" နောက်တွင် ပုန်းအောင်းနေ၏။ သူသည် သုံးစက္ကန့်သာ တောင့်ခံထားရန် လိုအပ်ပြီး ထိုအချိန်ကျလျှင် ဆိုးယုတ်မှုများက သူ့ကို ဝါးမျိုကာ စူပါမကောင်းဆိုးဝါးအဖြစ် ပြန်လည်မွေးဖွားလာပြီး အနီးအနားရှိ လူအားလုံးကို သတ်ဖြတ်ပေလိမ့်မည်။
မုန်းတီးမှုနှင့် ဆိုးယုတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျီးကန်းနက်ကို စိုက်ကြည့်လိုက်သည်။သူ မကျိန်ဆဲရသေးမီပင် သူ့ရင်ဘတ်ထဲမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ငုံ့ကြည့်လိုက်ရာ သူ သက်ရှိဒိုင်းအဖြစ် သုံးထားသော "မကောင်းဆိုးဝါး" သည် ပုံပျက်တွန့်လိမ်နေသော သူ့နှလုံးထဲသို့ များစွာသော ဆေးထိုးအပ်များ ထိုးသွင်းနေသည်ကို မြင်လိုက်ရသည်။
ထိုမကောင်းဆိုးဝါး၏ မျက်လုံးများတွင် အနက်ရောင်နှင့်အနီရောင်လိုင်းများ ရောယှက်နေလေသည်။၎င်းသည် သတ်ဖြတ်လိုစိတ်နှင့် ဆိုးယုတ်မှုများ ပြည့်နှက်နေသော်လည်း အသိစိတ်ကို ထိန်းထားနိုင်ဆဲပင်။
"မဖြစ်နိုင်ဘူး"
လူအိုကြီးသည် ဤမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ ဝါးမြိုခံရပြီးနောက် အသိစိတ်ရှိနေသူကို တစ်ခါမျှ မမြင်ဖူးပေ။ သူသည် မကောင်းဆိုးဝါးများစွာကို သတ်ခဲ့ဖူးပြီး ဆိုးယုတ်မှု ပူးကပ်နေသော ခန္ဓာကိုယ်များအကြောင်းကို ကောင်းကောင်း သိသူဖြစ်သည်။
"ငါ့ကို လာရှာပါလို့ ငါပြောခဲ့တယ်မလား၊ မင်း တကယ် ရောက်လာတာပဲ"
မကောင်းဆိုးဝါးက စကားပြောလိုက်ရာ သူ့နှုတ်ခမ်းများတွင် သွေးများ စိုစွတ်သွားသည်။
သူ့နားထဲသို့ ဝင်လာသော ရင်းနှီးနေသည့် ထိုအသံကြောင့် နံနက်ပိုင်းက သူတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် မြင်ကွင်းသည် လူအိုကြီး၏ စိတ်ထဲတွင် လျှပ်တပြက် ပေါ်ထွက်လာတော့သည်။
"ဒါက မင်းရဲ့ အစီအစဉ်ပေါ့၊ ငါမင်းကို သတ်မယ်၊ ငါ မင်းကို သတ်မယ်"
ဆေးများစွာ ထိုးသွင်းပြီးနောက် "မကောင်းဆိုးဝါး" ၏ လက်မောင်းတွင် အနက်ရောင်လိုင်းများ သိပ်သည်းစွာ ထွက်ပေါ်လာသည်။ ၎င်းက လူအိုကြီး၏ ဦးခေါင်းကို ဖိချလိုက်ပြီး နံရံနှင့် ဆောင့်ရိုက်ပစ်လိုက်သည်။
ခွပ်ကခနဲ အသံနှင့်အတူ လူအိုကြီး၏ ဦးခေါင်းခွံသည် ကွဲအက်သွားပြီး ပွင့်ဖတ်များကဲ့သို့ ဖရိုဖရဲ ပြန့်ကျဲသွားတော့သည်။
"ဖယ်လိုက်တော့"
ကျီးကန်းနက်က ခေါင်မိုးပေါ်မှ သတိပေးလိုက်သည်။ "မကောင်းဆိုးဝါး" က နောက်သို့ ဆုတ်လိုက်ပြီး သေနတ်သံများ တရစပ် ထွက်ပေါ်လာ၏။သို့သော်လည်း ပတ်ဝန်းကျင်ရှိ အေးစက်မှုကိုမူတော့ မဖယ်ရှားနိုင်ပေ။
လူအိုကြီး၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်သွားပြီး အသားစများထံမှ အပုပ်နံ့များ ထွက်ပေါ်လာသည်။ သူ သေဆုံးနေသည်မှာ နှစ်ပေါင်းမျာားစွာ ကြာပြီဖြစ်သည့်အလား ခံစားရသည်။
အနက်ရောင် ဆိုးယုတ်မှုများသည် ပုပ်အက်အက် အနံ့များနှင့်ရောယှက်နေပြီး ခုန်ပေါက်နေသော အနက်ရောင်သွေးကြောများက အဆိပ်ရှိသော ပိုးကောင်များကဲ့သို့ လူအိုကြီး၏ ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားသည်။ သူ့မျက်လုံးများ ကျွတ်ကျသွားပြီး နက်မှောင်နေသော မျက်လုံးအိမ်အတွင်းမှ အနက်ရောင်လိုင်းများ တွားထွက်လာကြသည်။၎င်းတို့က သူ့မျက်နှာကို ဝါးမျို၍ သူစိမ်းတစ်ယောက်၏ ရုပ်သွင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းကြွလာပြီး အသားများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ကိုယ်လက်အင်္ဂါများမှာလည်း ဖရိုဖရဲ ရွေ့လျားနေသည်။ အမျိုးမျိုးသော ဆေးများ ထိုးသွင်းခံထားရသဖြင့် သူသည် တည်ငြိမ်သော အသွင်ကို မထိန်းနိုင်တော့ဘဲ ၂ မီတာကျော်အထိ ရှည်ထွက်လာပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
သွေးမိုးများ ရွာချသွားပြီး လူအိုကြီး၏ အသားစများက နံရံများအနှံ့ ပျံ့ကျဲသွားသည်။
"၁၁၂"
ကျီးကန်းနက်သည် အန္တရာယ်တိုင်းတာစက်ပေါ်ရှိ ကိန်းဂဏန်းများကို ကြည့်ရင်း ဦးရေပြားများ ထုံကျင်သွားသည်။ သူ့မှတ်ဉာဏ်ထဲတွင် အန္တရာယ်အဆင့် ၁၀၀ ကျော်သော လူနာမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။
"တားဆီးတာ အောင်မြင်ပြီ၊ မမွေးဖွားခင်ကတည်းက အန္တရာယ်အဆင့် ၁၀၀ ကျော်နေတာ၊ ဒီခွေးအိုကြီးက ညရဲတစ်ယောက် ဖြစ်နေပြီးတော့ သူ့နှလုံးသားထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့အရာကြီးကို မွေးမြူထားတာပဲ"
တံခါးပွင့်လာပြီး ညရဲ ဂူးလ်က ဝင်လာကာ လမ်းကြားထဲမှ သွေးအိုင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ကျီးကန်းနက်၊ မင်းက ခွေးအိုကြီးရဲ့ သေဆုံးမှုကို ကန့်သတ်နယ်မြေကြောင့်လို့ အကြောင်းပြမယ် ပြောခဲ့တယ်၊ ဒါပေမဲ့ အခု သူက အပြင်မှာ သေနေတာနော်၊ သူ့အသားစတွေကလည်း နေရာအနှံ့ပဲ၊ ဒီအရှုပ်ထုပ်ကို မင်းဘယ်လို ရှင်းမလဲ"
"အမ်..."
ကျီးကန်းနက်က ခဏစဉ်းစားပြီးနောက် ဘေးသို့ လက်ယမ်းပြလိုက်သည်။
"မင်းပဲ ဒီအပြစ်ကို ယူရတော့မယ်ထင်တယ်"
သေနတ်သံများ ထပ်မံထွက်ပေါ်လာသည်။ အခန်းထဲတွင် ပုန်းနေသော မျက်နှာပုံပျက်နေသည့် အမျိုးသမီးနှင့် ခေါင်မိုးပေါ်က ခွေးလူသား သေနတ်သမားတို့သည် တစ်ပြိုင်နက်တည်း မောင်းခလုတ်ကို ဆွဲညစ်လိုက်ကြသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခု သွေးအိုင်ထဲသို့ လဲကျသွား၏။ ထိုဂူးလ်သည် ကန့်သတ်နယ်မြေထဲ ဝင်ရောက်ချင်သည့် စိတ်ပျက်အားငယ်နေသူများစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ ထိုလူများထဲတွင် ဆင်းရဲသားရပ်ကွက်မှ လူများစွာ ပါဝင်နေသည်။
"၇ မိနစ်နဲ့ ၁၂ စက္ကန့်၊ ငါတို့မှာ နောက်ထပ် ၁၀ မိနစ်လောက်ပဲ အချိန်ကျန်တော့တယ်၊ အောက်ဆင်းပြီး ခြေရာလက်ရာတွေ အကုန်ဖျက်ကြ"
ဆင်းရဲသားရပ်ကွက်မှ ခွေးလူသားများသည် လက်နက်များကို သိမ်းပြီး ခေါင်မိုးပေါ်မှ ခုန်ဆင်းသွားကြသည်။ ကျီးကန်းနက်၏ အနောက်မှ လူရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
"ဒီလူတွေက လျှို့ဝှက်ချက်ကို ထိန်းထားနိုင်ပါ့မလား"
စကားပြောလိုက်သူမှာ လူအိုကြီးက သက်ရှိဒိုင်းအဖြစ် သုံးခဲ့သည့် "မကောင်းဆိုးဝါး" ကောင်းမင်သာ ဖြစ်သည်။
လူအိုကြီး မရောက်လာမီက သူသည် ဂူးလ်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရခြင်းဖြစ်ပြီး အသည်းအသန်ဖြစ်နေချိန်တွင် သူ့နှလုံးသားထဲမှ ဆိုးယုတ်မှုကို အသုံးပြုခဲ့သည်။ သူသည် ဆိုးယုတ်မှုကို ခဏတာထိန်းချုပ်နိုင်ကြောင်း ဂူးလ် သိသွားခဲ့ကြသည်။
ထို့နောက် ကျီးကန်းနက် ပေါ်လာရာ ဂူးလ်မှာ အခွင့်အရေး မရှိတော့သဖြင့်ကောင်းမင်တို့နှင့် ပူးပေါင်းခဲ့ရခြင်း ဖြစ်သည်။
ကျီးကန်းနက်သည် ကောင်းမင်၏ ခန္ဓာကိုယ်ထဲသို့ တိကျသော အရှိန်မြှင့်ဆေးကို ထိုးသွင်းပေးခဲ့ပြီး ကောင်းမင်က သူ၏ဆိုးယုတ်မှုများ ထိန်းချုပ်မှုလွတ်သွားပြီး မကောင်းဆိုးဝါး ဖြစ်သွားသည့်ဟန် သရုပ်ဆောင်၍ လူအိုကြီးကို ချုံခိုတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
"ဆင်းရဲသားရပ်ကွက်က ခွေးလူသားတွေဆိုတာ ကိုယ်ပိုင်ဆန္ဒမရှိတော့တဲ့ ရုပ်သေးရုပ်တွေပဲ၊ သူတို့က သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့မိသားစုတွေ ရှင်သန်နိုင်ဖို့အတွက် အရာအားလုံးကို ရောင်းချပြီး ဆေးဝါးတွေရဲ့ ထိန်းချုပ်မှုကို ခံယူထားကြတာပဲ"
ကျီးကန်းနက်က ထိုသို့ပြောရင်း သူ့မျက်လုံးထဲတွင် သနားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော်လည်း ချက်ချင်း အေးစက်မှုဖြင့် အစားထိုးလိုက်သည်။
"ဒါက သူတို့ ရွေးချယ်တဲ့ လမ်းပဲ၊ ငါတို့ လုပ်ပေးနိုင်တာက သူတို့ အသက်ရှင်ဖို့ လုံလောက်တဲ့ ပိုက်ဆံပေးဖို့ပဲ"