အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အပိုင်း (၁၅)
ရွက်ဝါတစ်ထောင်မျှော်စင်၊ ဆန်းကြယ်တောင်ကြားသခင်
“ဆေးအဆိပ်….ဆရာ ခင်ဗျား…..” ကုအန် ကြောက်ရွံ့သွားပြီး ပြောလိုက်သည်။
မုန့်လန်အား ထိုသို့လုပ်လျှင် သူ့ကိုလည်းထိုသို့လုပ်လာနိုင်သည် မဟုတ်ပါလား။
ချန်းရွှမ်းတန်ပြန်မလှည့်ဘဲ သူ့ရှေ့တွင်ပိတ်နေသော သစ်ကိုင်းများကိုဖယ်၍ ရှေ့သို့ဆက်သွားနေရင်း ပြောလိုက်၏။
“မုန့်လန်ကမင်းထက် ပါရမီနည်းနည်းပိုရှိတယ် ဒါပေမယ့် တကယ့်ကိုနည်းနည်းလေးပဲပိုတာ ငါ့ဆေးတွေရဲ့အကူအညီနဲ့ဆိုရင်တောင်သူ့အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ဖို့ အတော်ကိုခက်မှာ ဆေးတောင်ကြားကလည်း ဆက်ဆံသူတစ်ယောက်ကိုပဲလိုတယ် သူ့တည်ရှိမှုကမင်းကို ခြိမ်းခြောက်နေတယ်လေ မင်းလည်းသူ့စရိုက်ကို သတိထားမိမှာပါ”
ထိုသို့ကြားလိုက်သောအခါ ကုအန်တိတ်ဆိတ်သွားသည်။
ထိုသို့သော လုပ်ရပ်မျိုးလည်း မှားနေပုံပေါ်သော်လည်း အဘယ်ကြောင့် သူ့အကျိုးအတွက် မုန့်လန်အား သတ်ပစ်ခဲ့ရသလို ပြောဆိုနေသနည်း။
သို့သော် ကုအန် မုန့်လန်ကိုတော့ မသေစေချင်ခဲ့ပေ။
ထိုကောင်သည် နှိမ့်နှိမ့်ချချ မနေတတ်သော်လည်း သူ့စိတ်ရင်းမှာ ဆိုးဝါးမနေပေ။
“လျှောက်မတွေးပါနဲ့ ငါသူ့ကို မင်းလမ်းကိုဆက်ဖောက်နိုင်ဖို့အတွက် သတ်ခဲ့ရပေမယ့် အခြားဘာအကြောင်းမှမရှိဘူး မင်းထက်ပါရမီနည်းနည်းသာနေတာကိုသာ သူ့ကိုယ်သူအပြစ်တင်ရမယ် ငါက အနာဂတ်တောင်ကြားသခင်ကို ကူညီပေးနေတာ” ချန်းရွှမ်တန် သာမန်ပုံစံဖြင့် ပြောလိုက်သည်။
ကုအန် မနေနိုင်ဘဲမေးလိုက်မိ၏။ “တောင်ကြားသခင်ကိုရွေးတဲ့နေရာမှာ ဘယ်သူက ပိုပါရမီရှိလည်းဆိုတာပေါ် မူတည်ပြီး ရွေးသင့်တာမဟုတ်ဘူးလား”
“ဒါပေမယ့် တစ်ယောက်ယောက်ကပိုကောင်းတဲ့ပါရမီရှိနေရင် ဘယ်လိုလုပ် တောင်ကြားမှာအေးအေးချမ်းချမ်းတစ်သက်လုံး နေပါတော့မလဲ”
“ဆေးတောင်ကြားမှာ ထူးခြားတဲ့တစ်ခုခုရှိနေလို့လား”
“တကယ်တော့ ရှိတယ် ငါကအဓိပတိဂိုဏ်းရဲ့ တပည့်တစ်ယောက်သက်သက်ပဲမဟုတ်ဘူး ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ သူလျှိုလည်းဟုတ်တယ် ရွက်ဝါတစ်ထောင်မျှော်စင်ဆိုတာ အဓိပတိဂိုဏ်းလောက်အင်အားမကြီးတဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းတစ်ဂိုဏ်းပဲ အဲ့တာကြောင့်သူတို့က ငါ့လိုသူလျှိုတွေ အများကြီးထည့်ထားခဲ့တာ”
မိစ္ဆာလမ်းစဉ်က သူလျှိုတွေတကယ်ကိုရှိနေတာပဲ!
ရုတ်တရက် ကုအန်ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။
ချန်းရွှမ်တန်သူ့အ အမှန်တကယ် အန္တရာယ်ပေးချင် မပေးချင် သိရအောင် သူဒီနေရာသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ထိုလူက သူ့အား သူလျှိုလုပ်ခြင်းကဲ့သို့သော တာ၀န်ကြီးအား သူ့ဆီလွှဲပေးချင် နေခဲ့၏။
“ငါသေသွားရင် မင်းကဆေးတောင်ကြားသခင် ဖြစ်လာနိုင်တယ် မင်းဘာမှထူးထူးခြားခြားလုပ်စရာလည်း မလိုပါဘူး တကယ်လို့ ရွက်ဝါတစ်ထောင်မျှော်စင်ကလိုအပ်လာရင် မင်းကိုဆက်သွယ်လိမ့်မယ် မင်းလုပ်ရမှာက အမိန့်ကိုနာခံဖို့ပဲ နောက်ဆုံးကျ ငါ့မှာလည်း အသက်ရှင်ဖို့ အချိန်အများကြီးမကျန်တော့ဘူးလေ ဒါပေမယ့် အဓိပတိဂိုဏ်းက မင်းတည်ရှိမှုကို ဘယ်လောက်ထိသည်းခံထားနိုင်မလဲဆိုတာကိုလည်း မင်းတွက်ဆရမယ် မင်းလိုအစေခံတပည့်တစ်ယောက်ကို သူတို့က သံသယ၀င်တာနဲ့ မှားမှားမှန်မှန် သတ်ပစ်မှာပဲ” ချန်းရွှမ်တန် ထိုစကားအား အားရကျေနပ်နေသော အသံဖြင့် ပြောနေလေရာ ကုအန် တစ်ယောက်ယောက်အား ရိုက်နှက်ပစ်ချင်လာခဲ့သည်။
“ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့စကားဝှက်ကိုလည်း မှတ်ထားဦး၊ ရွက်ဝါတစ်ထောင်၏အေးစက်သော အကြောများအောက်တွင် နောင်တမရှိပါ အနန္တဥပဒေသများ ပျက်ဆီးနေသောကာလတွင် အရင်းအမြစ်ကိုရှာဖွေရန် ခက်ခဲလှသည်”
“ကျွန်တော့်မှာ အခြားရွေးချယ်စရာရှိလား”
“မင်းဘယ်လိုထင်လဲ”
ကုအန်ထပ်ပြီး တိတ်ဆိတ်သွားရပြန်သည်။
“ရွက်ဝါတစ်ထောင်မျှော်စင်လို ဂိုဏ်းမျိုးအတွက် ငါ့လောက် သူလျှိုလေးက အဲ့လောက်အရေးမပါပါဘူး မင်းတစ်ဘ၀လုံး သူတို့ကိုမတွေ့လိုက်ရတာတောင် ဖြစ်နိုင်တယ်” ချန်းရွှမ်တန် နှစ်သိမ့်လိုက်၏။
ကုအန် ချင့်ချိန်တွေးလိုက်ပြီး သူ့တွင်ငြင်းဆန်ရင် အင်အားမရှ်ိသည်ကို လက်ခံလိုက်ရသည်။
မိစ္ဆာလမ်းစဉ်ဂိုဏ်းအတွက် သူ့လိုသူလျှိုတစ်ယောက်သည် မရှိမဖြစ်လိုအပ်သော အရာမျိုးမဟုတ်ပေ။ သို့သော် ရှိတော့ရှိနေရမည့် အဖြစ်မျိုး ဖြစ်နေ၏။
“ဆရာ ဆရာက ရွက်ဝါတစ်ထောင်မျှော်စင်ကဆိုရင် ဒီဆေးတောင်ကြားမှာ အခုလောက်ထိနေနေတာ အကြောင်းပြချက်တစ်ခုခုတော့ ရှိဦးမှာပဲ ဘာလို့အဲ့တာကိုပြောမပြတာလဲ” ကုအန် မေးလိုက်၏။
“မင်းကပါးနပ်သားပဲ ဟုတ်တယ် ဆေးတောင်ကြားရဲ့မြေအောက်မှာ ပုန်းကွယ်နေတဲ့ အဆင့်၇ စိတ်ဝိညဉ်ဆေးပင်တစ်ပင်ရှိတယ် ငါတို့ပြန်ရောက်ရင် မင်းကိုလိုက်ပြမယ်” ချန်းရွမ်တန် ပြန်ဖြေလိုက်သည်။
“အ အ အဆင့် ၇ လား”
ကုအန်အသံများတုန်နေပြီး သူ့မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာခဲ့၏။
….
ဆန်းကြယ်လှသောမြို့တစ်မြို့သည် တောင်ကြားထဲတွင် တည်ရှိနေခဲ့သည်။ ထိုမြို့၏ ဂိတ်ပေါက်၀သည် ၁၀ ကျန်းလောက် မြင့်ပြီး လူတစ်ချို့သည် ဂိတ်ပေါက်သို့ ခြေလျင်၀င်သွားနေကြပြီး အဓိပတိဂိုဏ်းသားများမှာတော့ ဓားပျံများစီး၍တစ်မျိုး မြင်းများစီး၍တစ်ဖုံ သွားလာနေကြ၏။
တောင်ကြောလမ်းပေါ်တွင် ခရီးဆက်နေရင်း ကုအန် မြို့ကြီးအား အဝေးမှကြည့်ကာ စိတ်လှုပ်ရှားနေခဲ့သည်။
ကြီးလိုက်တဲ့မြို့ကြီး!
“အဓိပတိဂိုဏ်းမှာ အပြင်စည်းမြို့ ၈ မြို့ရှိတယ် သူ့ထဲမှာ အတွင်းစည်းမြို့ ၄ မြို့ရှိပြီး အတွင်းစည်းဂိုဏ်းတွေရဲ့ အတွင်းဘက်မှာ ဂိုဏ်းရဲ့ အဓိကမြို့ရှိတယ် အထက်ကကြည့်မယ်ဆိုရင် အဓိပတိဂိုဏ်းရဲ့ တည်ဆောက်ပုံက သံလိုက်အိမ်မြောင်တစ်လုံးနဲ့တူတယ်လို့ ပြောကြတယ်” ချန်းရွှမ်တန် နောင်တရနေဟန်ဖြင့် ရှင်းပြလိုက်၏။
ကုအန် စိတ်၀င်စားနေမှုအား ဟန်မဆောင်နိုင်ဘဲ ထုတ်မေးလိုက်သည်။
“ဒါဆို အဓိပတိဂိုဏ်းက ဘယ်လောက်ကြီးတာလဲ ဆရာ”
သူတို့ ဆေးတောင်ကြားမှ ဤမြို့သို့ခြေလျင်လာခဲ့သော ခရီးသည် လ၀က်နီးနီးပင် ကြာခဲ့သောကြောင့် ကုအန်မေးလိုက်ခြင်း ဖြစ်၏။
“အကန့်အသတ်မဲ့ပဲ ငါလည်းသေချာမသိဘူး” ချန်းရွှမ်တန် ပြန်ဖြေလိုက်ပြီး ဂိတ်တံခါးဆီသို့ သွားလိုက်ရာ ကုအန်လည်းနောက်မှ လိုက်သွားခဲ့သည်။
ကုအန် အဓိပတိဂိုဏ်းသို့ ရောက်ကတည်းက အပြင်စည်းမြို့သို့ မရောက်ဖူးသေးပေ။ အဓိပတိတောင်ကြား၏ အကြီးအကဲတစ်ယောက်သည် ကျိရှောင်ယုအား တောင်ပေါ်ရှိ မျှော်စင်တစ်ခုပေါ်သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သူတို့ရောက်သွားသောအခါ ကုအန်သွားလိုသော နေရာအားမေး၍ ဆေးတောင်ကြားသို့ တစ်ခါတည်း ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။
ဤအကြိမ်သည် သူအပြင်စည်းမြို့သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
ဂိတ်၀သို့ ရောက်သောအခါ ချန်းရွှမ်တန် အစောင့်များကို သူ့တံဆိပ်ပြားထုတ်ပြလိုက်၏။ ကုအန် ထိုတံဆိပ်ပြားပေါ်ရှိ စာလုံးနှစ်လုံး ဖြတ်ကနဲ လှမ်းကြည့်လိုက်မိသည်။
ဆန်းကြယ်တောင်ကြား!
မြို့ထဲသို့ ၀င်လိုက်သည်နှင့် ရုတ်တရက် အသံပေါင်းစုံ သူ့နားထဲ၀င်လာလေရာ ကုအန် အံ့ဩသွားရသည်။
မြို့ဂိတ်တံခါးတွင် အတားအဆီးတစ်ခုရှိ၏။
သူ၏ အကြားအာရုံဖြင့်ပင် ကုအန် မြို့ပြင်တုန်းက မြို့ထဲမှ ဘာသံကိုမှ မကြားခဲ့ရပေ။
“အဆင့်မြင့်ဆေးပင်တွေနော် အရင်လာတဲ့လူ အရင်ရမယ် ဒီနေ့အတွက် ဆယ်ပင်ပဲ ရောင်းမယ်”
“စိတ်ဝိညဉ်အခြေတည်အဆင့် ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူထဲက ရတနာပစ္စည်းတွေနော် တစ်ချက်လောက်လာကြည့်လိုက်လို့ရပါတယ်”
“ေနာက်ငါးနှစ်ေလာက် မွေးလိုက်ရံုနဲ့အနာဂတ်မှာ လူစကားေပြာနုိင်လာေချရှိတဲ့ နှင်းတောင်စိတ်ဝိညဉ်မြေခွေးနော်”
“ရတနာမုဆိုး ရတနာမုဆိုး ပစ္စည်းတစ်ခုကို အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀ တုံးပဲ ကျမယ်”
“ရှေးဟောင်းကျင့်ကြံသူကြီးတစ်ယောက်ရဲ့ ဂူကိုညွှန်ပြထားတဲ့ မြေပုံလည်းရှိတယ်နော် ရတနာရှာဖို့ လုံလောက်တဲ့ခွန်အားရှိသူတွေကိုပဲ ရောင်းပေးပါမယ်”
လမ်းဘေးနှစ်ဖက်မှ ဆူညံသံများကို ကုအန် ကြားနေရသည်။ လမ်းနှစ်ဖက်လုံးတွင် ဈေးဆိုင်တန်းများရှိနေကြပြီး လမ်းမှာ တပည့်များနှင့် ပြည့်နှက်နေခဲ့၏။
သူပြည့်တန်ဆာအိမ်များကိုပင် တွေ့ခဲ့သေးသည်။
အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပြီး ဤဂိုဏ်းသည် လူအများစုလက်ခံထားသော ဂိုဏ်းကြီးတစ်ဂိုဏ်းပီသပေ၏။
ချန်းရွှမ်တန် ကုအန်မြင်သမျှအား ရှင်းပြနေခဲ့ပြီး ရှေ့ဆက်သွားနေခဲ့သည်။
လူအများအပြား အဓိပတိဂိုဏ်းသို့ ၀င်ချင်ကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ဤနေရာတွင် ကျင့်ကြံခြင်းအရင်းအမြစ်များ အလွန်များလှ၏။
ကုအန် နားထောင်နေရုံသာမကဘဲ သက်တမ်းစစ်ဆေးခြင်း အားသုံး၍ မြင်သမျှကိုလည်း လိုက်စစ်ဆေးနေခဲ့သည်။
……
လမ်းများပေါ်တွင် ၂လီခန့် လမ်းလျှောက်ပြီးသောအခါ ကုအန် သက်တမ်း ၅၀၀ ကို ကျော်လွန်နေသော ကျင့်ကြံသူ ၅ယောက် တွေ့ခဲ့ရ၏။
အပြင်စည်းဂိုဏ်းသည် အမှန်တကယ်ပင် နဂါးများကျားများ ပုန်းအောင်းနေသော နေရာဖြစ်ပေသည်။
တစ်နာရီခန့်ကြာပြီးနောက် ချန်းရွှမ်းတန် ကုအန်ကို ဆေးခန်းမ ဟု စာလုံးကြီးများရေးထားသော အဆောက်အဦးတစ်ခုထဲသို့ ခေါ်သွားခဲ့၏။
ဆေးခန်းမထဲတွင် လူများ၀င်ထွက်နေကြပြီး တစ်ချို့မှာ အလျင်လိုနေကြကာ တချို့မှာ မျက်ခုံးများတွန့်ကွေးနေကြပြီး တစ်ချို့မှာတော့ ရယ်မောနေကြသည်။
ကုအန် ချန်းရွှမ်းတန်နောက်မှ ခြံ၀န်းတစ်ခုထဲသို့ လိုက်သွားခဲ့ပြီး ဆေးခန်းမ၏အကြီးအကဲတစ်ယောက်အား တွေ့ခဲ့ရသည်။
ကျူးချင်းလု သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တစ်ယောက်ဖြစ်ပြီး ဆေးတောင်ကြား၅၁ခုအား အုပ်ချုပ်ရသော အကြီးအကဲတစ်ယောက်ဖြစ်၏။ သူသည် ချန်းရွှမ်တန်၏ အထက်လူကြီးလည်း ဖြစ်ပေသည်။
သူသည် ခပ်၀၀လူတစ်ယောက်ဖြစ်ပြီး အပြာရောင်တာအို၀တ်စုံကို၀တ်ဆင်ထားကာ သူ့ပုံစံသည် အန္တရာယ်မရှိသော ခံစားချက်ကို ပေးသည့် လူမျိုးဖြစ်၏။
အဓိကခန်းမထဲတွင် ကျူးချင်လု ချန်းရွှမ်းတန်နှင့် တွေ့ဆုံခဲ့သည်။
“ရွှမ်တန် မင်းဘာလို့အရမ်းနေမကောင်းတဲ့ပုံ ဖြစ်နေတာလဲ” ကျူးချင်းလု မေးလိုက်သည်။
ကုအန် ထိုအခွင့်အရေးကိုယူ၍ သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား ဖွင့်လိုက်၏။
[ကျူးချင်းလု (အခြေခံတည်ဆောက်ခြင်းအဆင့် ၉) : ၂၁၁/၂၆၇/၅၁၀]
သူသည် အသက်၂၀၀ ကျော်အထိ အသက်ရှင်ခဲ့ပြီးလေပြီ!
ကုအန် ချန်းရွှမ်တန်ဘေးတွင်ရပ်နေပြီး မလေးမစားလုပ်သလိုမဖြစ်စေရန် ဂရုစိုက်နေခဲ့သည်။
ချန်းရွှမ်တန်တစ်ချက်ရယ်လိုက်ပြီး “အရိုးသားဆုံးပြောရရင် ကျွန်တော့်အချိန်ကနီးလာပါပြီ ဒီနေ့ ဆေးပင်တွေလာပေးရင်း ကျွန်တော့်တပည့်အတွက် လာခဲ့ရတာပါ ကျွန်တော် ဆန်းကြယ်တောင်ကြားသခင်နေရာကို သူ့ကိုလွှဲပြောင်းပေးချင်ပါတယ်”
ကျူးချင်းလု ကုအန်အား ကြည့်လိုက်ရင်း ရယ်မောလိုက်၏။
“ချီကျင့်ကြံခြင်း အဆင့် ၃ ကြည့်ရတာမင်းတပည့်က သာမန်မဟုတ်တဲ့ပုံပဲ”
ဘယ်လောက်ရိုင်းလိုက်တဲ့လူလဲဟ!
ချန်းရွှမ်တန်ပြုံးပြီး ပြန်ပြောလိုက်သည်။ “ဒီကလေးမှာ သန့်စင်တဲ့စိတ်နှလုံးရှိပါတယ် တပည့်တွေကိုလည်း ညီညွတ်အောင်လုပ်နိုင်တယ် ပြီးတော့ သူကတောင်ကြားမှာတစ်သက်လုံးနေဖို့လည်း ဆန္ဒရှိပါတယ် သူကအသင့်တော်ဆုံး ရွေးချယ်မှုပါပဲ”
ကျူးချင်းလု ဘာမှမပြောတော့ဘဲ သူ့လက်အားမြှောက်၍ လက်ဟန်တစ်ခုပြလိုက်ရာ အပြင်မှ တပည့်တစ်ယောက် ၀င်လာခဲ့လေသည်။
မိနစ် ၃၀ ကြာပြီးနောက်
ကုအန် ချန်းရွှမ်တန်နှင့်အတူ ဆေးခန်းမထဲမှ ထွက်လာခဲ့၏။ သူ့လက်ထဲတွင် ဆန်းကြယ်တောင်ကြားဟု ရေးထားသော ကြေးတံဆိပ်ပြားတစ်ခုအား ကစားနေခဲ့သည်။
ယနေ့မှစ၍ အဓိပတိဂိုဏ်း၏ ဆေးခန်းမတွင် သူ့သရုပ်မှန်သည် တောင်ကြားသခင်ဖြစ်သွားပေလိမ့်မည်။
“တောင်ကြားသခင်ရဲ့ သိုလှောင်အိတ်က ငါ့ဆီမှာ ငါမင်းကိုလွှဲပေးမယ်” သူ့ရှေ့မှ ချန်းရွှမ်းတန်၏ အသံထွက်ပေါ်လာပြီး သူ့အတွေးများအား ဖျက်ဆီးသွားခဲ့၏။
ကုအန် အမြန်မေးလိုက်သည်။ “ဆရာ ကျွန်တော်တို့ ဘယ်ကိုထပ်ပြီးသွားမှာလဲ”
ကုအန် ပြန်သွားချင်နေလေပြီ။ ဆေးတောင်ကြားတွင် ဆေးပင်တစ်သုတ်ရိတ်သိမ်းရန်ကျန်နေသေးပြီး သူပြန်မလာခင် ဆေးပင်များအား ရှောင်ချွမ်တို့ရိတ်သိမ်းပစ်လိုက်မည်ကို သူကြောက်နေခဲ့သည်။
“ငါတို့မပြန်ခင် မင်းကို အစေခံတပည့်ရွေးရတဲ့ အစေခံခန်းမဆီ ခေါ်သွားမလို့ ဒီနေ့မင်းပြန်ရင် အစေခံတပည့်တစ်ယောက် ရွေးသွားရမယ် ဒါမှလည်း မင်းဒီလုပ်ငန်းစဉ်နဲ့ ရင်းနှီးသွားမှာ” ချန်းရွှမ်တန်နောက်လှည့်မကြည်ဘဲ ပြန်ပြောလိုက်သည်။
ကုအန် ချန်းရွှမ်းတန်ပုံရိပ်အား ကြည့်နေရင်း ခံစားချက်ပေါင်းစုံ ရောထွေးနေခဲ့၏။
လူတိုင်းတွင် မျက်နှာမျိုးစုံရှိသည်ဟူသော စကားမှာ ချန်းရွှမ်တန်ကိုရည်ညွှန်းခြင်း ဖြစ်လောက်သည်။
ချန်းရွမ်တန်သည်အရင်ကတည်းက သူ့တပည့်များအပေါ် အေးစက်စက်သာဆက်ဆံပြီး ယခုဆိုလျှင် တပည့်တစ်ယောက်ကိုပင် ဆေးအဆိပ်ကျွေး၍ သတ်ပစ်ခဲ့သည်။ ထို့အပြင် သူသည် မိစ္ဆာလမ်းစဉ်မှ သူလျှိုတစ်ယောက်လည်း ဖြစ်နေသေးရာ ဘယ်လိုကြည့်ကြည့် မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်၏။
သို့သော် သူ၏ကုအန်အပေါ် ပြသနေသော ကြင်နာမှုများမှာ အမှန်တကယ် စစ်မှန်ပေသည်။
အစေခံခန်းမသည် ဆေးခန်းမနှင့်သိပ်မဝေးဘဲ လမ်းအနည်းငယ်သာခြားပြီး ဆေးခန်းမထက်ပင် ပိုကြီးနေသေး၏။ ကုအန်တို့ ခန်းမထဲရောက်သောအခါ နေရာကွက်လပ်တစ်ခုတွင် လူများနှင့်ပြည့်နေသည်ကို တွေ့လိုက်ကြရသည်။
ထိုတပည့်များအား ကြည့်ရသည်မှာ အစေခံတပည့်လာရောက်အရွေးခံခြင်းဖြစ်လောက်၏။ သူတို့အားကြည့်ရင်း ကုအန် သူ့ကိုယ်သူအလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ကျိမိသားစု၏ အကူအညီမပါဘဲ သူ၏ အရည်အချင်းသက်သက်နှင့် ဆိုပါက သူလည်း ထိုလူများကဲ့သို့ အရွေးခံရရန် ရပ်စောင့်နေရမည်သာ။
“မင်းဟာမင်း ရွေးကြည့်လိုက် ငါဝင်မရှုပ်တော့ဘူး ရွေးပြီးရင်ပြော ငါစာရင်းပေးဖို့ ခေါ်သွားမယ်” ချန်းရွှမ်တန် သူ့ရင်ဘတ်အား ပွတ်နေရင်း နူးနူးညံ့ညံ့ပြောလိုက်၏။ ကြည့်ရသည်မှာ သူနေရထိုင်ရမသက်သာ ဖြစ်နေပုံ ရသည်။
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့တက်သွားလိုက်၏။
ကုအန် သူ့ဖာသာဆုံးဖြတ်၍ ရွေးရန် လိုမည်လော။
ငါ့ရွှေလက်ချောင်းလေးပွင့်စမ်း!
ကုအန် သူတွေ့သမျှလူတိုင်းအား သက်တမ်းစစ်ဆေးခြင်း ဖြင့် ကြည့်နေခဲ့သည်။
ဒီနေရာရှိ လူအတော်များများတွင် နိမ့်ကျသော သက်တမ်းသာ ရှိကြပြီး အချို့ဆိုလျှင် သေခါနီးပင်ဖြစ်နေကြပြီး အချိန် တစ်နှစ်သာ ကျန်တော့သူများ ပါ၀င်ကြသည်။ ထိုလူများသည်ပင် အရွေးခံချင်နေကြသေး၏။
ကုအန် သက်တမ်း ၅၀၀ ကျော်သော ပါရမီရှင်တစ်ယောက်အား အမြန်ရှာတွေ့သွားခဲ့သည်။
သို့သော် သူချက်ချင်းမဆုံးဖြတ်ဘဲ အခြားသူများအကုန်လုံးကို လိုက်ကြည့်နေခဲ့၏။
ဆေးတောင်ကြားသည် ပါရမီရှင်တစ်ယောက်ကိုလိုခြင်းမဟုတ်ဘဲ သူလိုသည်မှာ အသက်ရှည်ရှည်နေသွားနိုင်မည့် လူမျိုး ဖြစ်ပေသည်။
အများဆုံးနေနိုင်မည့် သက်တမ်းဆိုသည်မှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းအကန့်အသတ်ဖြစ်ပြီး ထိုသက်တမ်းကုန်သည်အထိ နေသွားရန်မှာ အလွန်ခက်ခဲမည် ဖြစ်၏။
ပုန်းကွယ်နေသော ပါရမီရှင်များရှိနေရသည့် အကြောင်းအရင်းမှာ လူတစ်ယောက်၏ ပါရမီသည် ထိုလူ၏အနာဂတ်လမ်းခရီးတစ်ခုလုံးကို ဆုံးဖြတ်မပေးနိုင်သောကြောင့် ဖြစ်ပေသည်။
လက်ရှိသက်တမ်းမှာတော့ ကွဲပြား၏။ အကယ်၍ သူတို့သာ ဒဏ်ရာကြီးကြီးမားမားမရဘူးဆိုပါက ထိုသက်တမ်းကုန်သည်အထိ အသက်ရှင်နေနိုင်ပေလိမ့်မည်။
မကြာခင်တွင် ကုအန်မျက်လုံးသည် ထောင့်တွင် ခြေချိတ်ထိုင်နေပြီး စုတ်ပြဲနေသော သင်္ကန်းအား ၀တ်ဆင်ထားသော ကိုရင်လေးဆီသို့ ရောက်ရှိသွားခဲ့သည်။
[ဝူရှင်း (ချီကျင့်ကြံခြင်း အဆင့် ၂) : ၁၅/၃၃၀/၃၈၀]
ချီကျင့်ကြံခြင်းအဆင့်တွင်ရှိပြီး သူ့သက်တမ်းသည် ၃၃၀ ရှိနေ၏။
သာမန်မဟုတ်ဘူး!
ဖြစ်နိုင်သည်မှာ ထိုကလေး၏ခန္ဓာကိုယ်မှာ ထူးခြားနေခြင်းမဟုတ်လျှင် ထူးခြားသောကျင့်စဉ်တစ်မျိုးမျိုးအား ကျင့်ကြံထားခြင်းသာ ဖြစ်နိုင်သည်။
ကုအန် ဝူရှင်းအနားသို့ ချဉ်းကပ်သွားလိုက်ရာ ဝူရှင်းတစ်စုံတစ်ခုအား အာရုံခံမိ၍ မျက်လုံးဖွင့်လိုက်မိချိန်တွင် ကုအန်၏ ပြုံးနေသောမျက်နှာအား တွေ့သွားခဲ့၏။
“ညီလေး မင်းအစ်ကို့ဆေးတောင်ကြားကို၀င်ချင်လား ပုံမှန်ဆိုရင် အလုပ်လည်းမရှိတော့ ကျင့်ကြံချိန်များများလည်းရတယ်” ကုအန် ပြုံး၍ ပြောလိုက်သည်။
ထိုအပြုံးအားမြင်သောအခါ ဝူရှင်း မသိစိတ်က အလိုလိုပင် ခေါင်းညိတ်လိုက်မိ၏။
ချန်းရွှမ်တန် ဝူရှင်းအား ဘေးကကြည့်နေရင်း တစ်ခုခုအားသတိပြုမိသွားခဲ့ကာ ကုအန်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်လေတော့သည်။
အပိုင်း (၁၆)
အခြေခံတည်ဆောက်ခြင်းအဆင့် ၇၊ ဆန်းကြယ်သောတောအုပ်
ကုအန်သူ့အား ဖိတ်ခေါ်သည့်အချိန်မှစ၍ အစေခံခန်းမအပြင်သို့ ရောက်သည့်အချိန်ထိ ဝူရှင်း ခေါင်းညိတ်ရုံမှလွဲ၍ ဘာစကားမှ မပြောခဲ့ပေ။
သူခေါ်လာသော ကောင်လေးက ဆွံ့အနားမကြားသူလေးလားဟုပင် ကုအန် သံသယရှိမိသွားသည်။
ဝူရှင်းအတွက်မူ ယခုအချိန်တွင် အစေခံတပည့်တစ်ယောက်ဖြစ်ရန်မှာ သူ့အတွက်အရေးအကြီးဆုံးဖြစ်၏။ ထို့ေကြာင့် ကုအန်ကလည်း သူ့အား ချိုချိုသာသာဖိတ်ခေါ်ခဲ့လေရာ သူလက်ခံလိုက်မိသည်။
သူအစေခံတပည့်အလွန်ဖြစ်ချင်နေရခြင်းမှာ သူသည် မိစ္ဆာလမ်းစဉ်မှ သူလျှိုတစ်ယောက်ဖြစ်ခြင်းကြောင့် ဖြစ်၏။
သူသည် ရွက်ဝါတစ်ထောင်မျှော်စင်မှ လာခဲ့ခြင်းဖြစ်ပြီး မျှော်စင်သခင်၏ အငယ်ဆုံးသား ဖြစ်ပေသည်။ သို့သော် သူ့ပါရမီသည် သူ့အစ်ကိုများထက် နိမ့်ကျသောကြောင့် သူ့သဘောနှင့်သူ ဤနေရာသို့ သူလျှိုလုပ်ရန် လာခဲ့ခြင်း ဖြစ်၏။
ပထမအကြောင်းပြချက်မှာ သူ့အတွက် နေရထိုင်ရခက်သော ပတ်၀န်းကျင်မှ လွတ်မြောက်လိုခြင်းဖြစ်ပြီး ဒုတိယအကြောင်းပြချက်မှာ အပြင်လောကသို့ထွက်၍ သူအောင်မြင်မှုများ ရှာဖွေလို၍ ဖြစ်သည်။
အကယ်၍ သူမလုပ်နိုင်လျှင်လည်း သူ့ကံအတိုင်းသာ ထားလိုက်ရတော့မည်။
ဝူရှင်း သူ့ရှေ့မှသွားနေသော ချန်းရွှမ်းတန် နှင့် ကုအန်ကို အကဲဖြတ်နေမိ၏။
တစ်ယောက်သည် ကြင်နာတတ်ပြီး ရိုးရှင်းသော သာမန်ကျင့်ကြံသူ လူငယ်လေးတစ်ယောက် ဖြစ်သည်။
နောက်တစ်ယောက်မှာတော့ သင်္ချိုင်းသို့ခြေတစ်ဖက်လှမ်းနေသော အဖိုးကြီးတစ်ယောက်ဖြစ်၏။
သူတို့ပြောစကားများကို နားထောင်ရသည်မှာ ဆေးတောင်ကြားဟူသောနေရာသည် နွေးထွေးပြီး နေချင်စဖွယ်ကောင်းသော နေရာလေးတစ်ခု ဖြစ်ပုံပေါ်ပေသည်။
…..
နှင်းများထူထဲစွာ ကျနေပြီး ဆန်းကြယ်တောင်ကြားသည် ကောင်းကင်နှင့် မြေပြင်မခွဲခြားနိုင်လောက်အောင် အဖြူရောင်နှင်းခဲများ ဖုံးလွှမ်းနေလေသည်။
ဘုန်းးး!
ဝူရှင်း နှင်းထဲသို့ ကန်ချခံလိုက်ရပြီး နှင်းများသည် သူ့မျက်နှာပေါ် စင်သွားခဲ့ကာ သူ့ရင်ဘတ်မှလည်း နာကျင်မှုကို ခံစားလိုက်ရ၏။
“လုကျိကျား နင်ဘာလို့အရမ်းလုပ်နေတာလဲ” ရီလန် ဘေးမှ၀င်အပြစ်တင်လိုက်သည်။
လုကျိကျားနှင်းထဲတွင်ရပ်နေရင်း သူ့ခြေထောက်အား ပြန်ရုတ်လိုက်၏။ ထို့နောက် သူ့မေးစိအားပွတ်ကာ ပြောလိုက်သည်။
“လေ့ကျင့်တယ်ဆိုတာ အတည်ချမှပေါ့ အဲ့လိုမှပဲ တိုးတက်လာနိုင်မှာပေါ့”
သူ့ကျင့်ကြံခြင်းသည် ချီကျင့်ကြံခြင်း အဆင့် ၅ သို့ပင် ရောက်ရှိနေပြီဖြစ်ပြီး ဆန်းကြယ်တောင်ကြား၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီ ဖြစ်၏။ ရီလန့် ကျင့်ကြံခြင်းသည် အဆင့် ၄တွင် ရှိနေပြီး ရှောင်ချွမ်မှာမူ ကုအန်ကဲ့သို့ အဆင့် ၃ တွင်သာ ရှိနေသေးသည်။
ဝူရှင်းသည် အဆင့် ၂ သာ ရှ်ိပြီး လုကျိကျားအား ဘယ်လိုမှ နိုင်လိမ့်မည် မဟုတ်ပေ။
“သေစမ်း….ဘယ်လိုဖြစ်လို့ အစေခံတပည့်တစ်ယောက်က ဒီလောက်သန်မာနေတာလဲ” ဝူရှင်း သူ့အမြင်များ ပျောက်ဆုံးသွားသလိုပင် ခံစားလိုက်ရသည်။
ဝူရှင်း လုကျိကျား ခြေသိုင်းကျင့်နေသည်အား မြင်ခဲ့ပြီး ထိုကောင်အား စိန်ခေါ်လိုက်ချင်စိတ်ကို ထိန်းမရခဲ့ပေ။ ထို့နောက်တွင်တော့ သူ ခြေကန်ချက် ၂ ချက်တည်းနှင့် ရှုံးနိမ့်သွားခဲ့ရ၏။
သူမသိခဲ့သည်မှာ လုကျိကျားတွင် သူ့အား နေ့တိုင်းလေ့ကျင့်သင်ကြားပေးနေသော စီနီယာအစ်ကိုကြီးတစ်ယောက် ရှိခဲ့မှန်းကိုပင်။ လုကျိကျား အားကုန်ထုတ်တိုက်ခိုက်သော်လည်း သူ့အစ်ကိုကြီးကို တစ်ခါမှမနိုင်ခဲ့ဖူးပေ။ ဤသို့ဖြင့် တစ်နေ့ပြီးတစ်နေ့ကုန်လာသောအခါ လုကျိကျား၏ ခြေသိုင်းမှာ များစွာတိုးတက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အင်အားလည်း တိုးတက်လာခဲ့သည်။
ဝူရှင်း အမှန်တရားကိုလက်ခံရန် ငြင်းဆန်လိုက်ပြီး ဤအခေါက်သည် သူသတိလွတ်သွား၍သာ ခံလိုက်ရခြင်းဟု တွေးလိုက်၏။ ထို့နောက် သူကုန်းထလိုက်ပြီး လုကျိကျားဆီ နောက်တစ်ကြိမ် ပြေး၀င်သွားခဲ့သည်။
ဘုန်း ဘုန်း!
လုကျိကျား နှစ်ချက်ကန်လိုက်ပြီး ဝူရှင်းအား မြေပြင်ပေါ် လွင့်ထွက်သွားစေခဲ့ပြန်သည်။
ဝူရှင်း သူ့လက်ကောက်၀တ် ကျိုးတော့မလို ခံစားလိုက်ရပြီး ၁၅ နှစ်အရွယ် ကောင်လေးသည် အနိုင်ကျင့်ခံရ၍ နှင်းထုထဲတွင် မျက်ရည်များ ကျနေခဲ့ရ၏။
ဘာလို့ဒီလို ဖြစ်သွားရတာလဲ…
ဤအရာသည် သူစိတ်ကူးထားခဲ့သော သူလျှိုဘ၀မျိုး ဟုတ်မနေပေ။ သူသည် ဓားတောင်ကိုတက်၍ မီးပင်လယ်ကို ဖြတ်နေရခြင်းမျိုး မဟုတ်ဘဲ အကယ်၍ သူအရှုံးနှင့် ရင်ဆိုင်ရလျှင်တောင် ပါရမီရှင်တစ်ယောက်ယောက် လက်ထဲတွင်သာ ဖြစ်သင့်သည်။
ထိုအစား ယခုအခါ ဘယ်နေရာကကြည့်ကြည့် သာမန်လူတစ်ယောက်မှန်းသိသာနေသည့် အစေခံတပည့်တစ်ယောက်လက်ထဲတွင် သူရှုံးနိမ့်ခဲ့ရ၏။
“တကယ်လို့ ငါသာဒီကျင့်စဉ်ကို မကျင့်ကြံခဲ့ရင် ငါ့ပါရမီနဲ့ ငါဘာလို့အခုလို အနိုင်ကျင့်ခံနေရမှာလဲ”
ဝူရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လုကျိကျားနှင့် ရီလန်တို့ ငြင်းခုံနေသော အသံများကလည်း သူ့နားထဲ ထိုးဖောက်၀င်ရောက်လာခဲ့၏။
လုကျိကျား သူ့ရှေ့မှ ရီလန်ကို ကြည့်ရင်း သူပြောသည်များကို သဘောမတူခဲ့ပေ။ “သူက ယောင်္ကျားလေ အားနွဲ့တဲ့မိန်းမသားမှမဟုတ်တာ စီနီယာအစ်ကိုကြီး ငါ့ကိုမြေပေါ်မှောက်သွားအောင် ကန်တုန်းကရော နင်ဘာလို့ ဘာမှ၀င်မပြောတာလဲ”
ရီလန် သူ့အားပြန်ကြည့်ပြီး ပြောလိုက်သည်။ “ငါဘယ်လို ဝင်ပြောလို့ရမှာလဲ ငါနင့်ကိုနောက်ကနေ ကာကွယ်ပေးတုန်းကတောင် နင်ငါ့ကိုအော်လွှတ်တယ်လေ နောက်ပြီး စီနီယာအစ်ကိုကြီးက နင့်လောက်အားမသုံးဘူး စဉ်းစားကြည့်စမ်းပါ စီနီယာအစ်ကိုကြီးနင်နဲ့လေ့ကျင့်ပေးတုန်းက နင့်သိုင်းကွက်တွေ အကုန်ထုတ်ပြီးတဲ့အခါမှသာ နင့်ကိုအသာအယာအနိုင်ယူလိုက်တာ မဟုတ်လား နင့်လို အဆင်အခြင်မဲ့ကြမ်းတမ်းမနေဘူး နင်အဲ့လိုကြမ်းတမ်းနေရင် ဝူရှင်းကနင်နဲ့လေ့ကျင့်ရင်း ဘာကိုသွားသင်ယူရမှာလဲ”
ထိုစကားအား ကြားသောအခါ လုကျိကျား သူ့ကိုယ်သူပြန်စဉ်းစားလိုက်ရင်း ရီလန်မှန်သည်ဟု ခံစားလိုက်ရသည်။
သူလေ့ကျင့်ရန် တိုက်ခိုက်တိုင်း အားကုန်သုံး၍သာ တိုက်ခိုက်တတ်သောကြောင့် အခုလည်း ထိုသို့တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူအများကြီး မစဉ်းစားမိခဲ့ချေ။
ထိုသို့ တိုက်ခိုက်ရာတွင် တစ်ဖက်လူမှာလည်း သူ့တိုက်ခိုက်မှုမှ ဘာမှသင်ယူ၍ မရလိုက်ဘူးဆိုပါက…
လုကျိကျား ရှက်သွားမိသည်။ ကုအန် အပေါ်သူ့လေးစားမှုများမှာလည်း ပိုတိုး၍ လာခဲ့၏။
စီနီယာအစ်ကိုကြီးက ငါ့အပေါ်တကယ်ကို ကောင်းလွန်းတာပဲ!
ရီလန် ဝူရှင်းအား ထူပေးလိုက်ပြီး ရီရှင်းမျက်လုံးများ နီရဲနေသည်ကိုတွေ့သောအခါ အမြန်နှစ်သိမ့်ပေးလိုက်သည်။ “သူ့ကိုစိတ်ထဲမထားပါနဲ့ သူကနင်နဲ့အတူတူလေ့ကျင့်ရင်း အတူတူတိုးတက်ချင်တဲ့စိတ်ကြောင့်ပါ သူကအရာရာကို အတည်ပေါက်လုပ်လွန်းတယ်”
ဝူရှင်း၏ မျက်လုံးနီများကို တွေ့လိုက်သောအခါလုကျိကျားလည်း ရှက်လွန်း၍ ခေါင်းသာ ငုံ့ထားမိလိုက်၏။
“ကျိကျား မင်းခြေသိုင်းပိုတိုးတက်လာတာပဲ လာငါနဲ့လေ့ကျင့်ရအောင်”
နူးညံ့သောအသံတစ်သံ နောက်မှထွက်ပေါ်လာ၍ လုကျိကျားလှည့်ကြည့်လိုက်ကာ နွေဦးကဲ့သို့ အပြုံးတစ်ခု မျက်နှာေပါ်တွင် တပ်ဆင်ထားသော ကုအန်တစ်ေယာက် သူ့ဆီသို့လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ထိုစကားအားကြားလိုက်သောအခါ လုကျိကျား အမြန်ခေါင်းညိတ်လိုက်၏။ ယခုအခါ သူ့ယုံကြည်မှုများ အလွန်မြင့်တက်နေချိန်ဖြစ်ပြီး သူ့စီနီယာအစ်ကိုကြီးအား နိုင်နိုင်သည်ဟုပင် ခံစားနေရသည်။
ရီလန် နှင့် ဝူရှင်းလည်း ကုအန်ကိုကြည့်နေကြပြီး ဝူရှင်းစိတ်၀င်စားသွားမိ၏။
“ဒီစီနီယာအစ်ကိုကြီးက အဲ့လောက်သန်မာလို့လား”
သူကအဆင့် ၂ ဆင့်ကျော်ပြီးတော့ အနိုင်ယူနိုင်ပါ့မလား!
ကုအန် သူ့ဆီသို့ မိုးကြိုးပစ်သလို ပြေး၀င်လာသော လုကျိကျားအား ခြေကန်ချက်ဖြင့် ဟန့်တားလိုက်သည်။
ဘုန်းးး!
လုကျိကျား နောက်သို့ ၁၀ မီတာလောက် လွှင့်ထွက်သွားပြီး နှင်းထုထဲတွင် စွတ်ကြောင်းကြီးတစ်ခုပင် ဖြစ်သွားခဲ့၏။
သူကြယ်တွေလတွေမြင်သွားပြီး သူ့အတွင်းအင်္ဂါများ ရွှေ့ပြောင်းသွားသလိုပင် ခံစားလိုက်ရကာ နာကျင်မှူမှာ ပြင်းထန်လွန်းလှသည်။
ဝူရှင်း ကြက်သေသေသွား၏။
မြန်လိုက်တဲ့ ခြေထောက်သိုင်း!
ကုအန် မည်သို့ ကန်လိုက်သည်ကိုပင် သူမမြင်လိုက်ပေ။
ရီလန်တစ်ယောက်မှာတော့ ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်ပြီး ကုအန်၏ပိုမြန်လာသော ခြေထောက်သိုင်းအား ချီးကျူးရန် ကုအန်နား သွားခဲ့လိုက်သည်။
ကုအန် သူ့ဆံပင်လေးများကို ပွတ်ပေးလိုက်ပြီး ဝူရှင်းဘက်လှည့်ကာ “ဝူရှင်း မင်းရောအနာဂတ်မှာ ဒီသိုင်းကို သင်ချင်လား”
ဝူရှင်း၏ သက်တမ်းသည် အခြားသူများထက် ပိုရှည်နေလေရာ သူပါရမီသည်အခြားသူများထက် ပိုသာ၏။ လုကျိကျား၏ ကန်ချက်များက သူ့အား ထိုမျှ ထိခိုက်မသွားစေခဲ့ပေ။
“သင်ချင်ပါတယ်” ဝူရှင်း အားကြိုးမာန်တက် ပြန်ဖြေလိုက်ပြီး သူ့အသံသည် သူ၏နဂိုနူးညံ့တတ်သော ပုံစံနှင့်ပင် ကွဲပြားနေခဲ့သည်။
အခြားတစ်ဖက်တွင် လုကျိကျား၏ နာကျင်သွား၍ မထနိုင်သေးသော ပုံရိပ်က ကုအန်အာရုံကို ဆွဲဆောင်သွားခဲ့၏။
ကုအန် သူ့ဆီသို့လျှောက်သွားလိုက်ပြီး ငုံ့ကြည့်လိုက်ကာ မေးလိုက်သည်။ “ဟန်ဆောင်မနေနဲ့တော့ အစ်ကိုမင်းကိုမေးတယ် ဒီလိုလေ့ကျင့်မှုမျိုးကို ကြိုက်လား”
လုကျိကျား မြေပြင်ပေါ်တွင် လဲနေရင်း ကုအန်ဘက်ဖြည်းဖြည်း လှည့်လိုက်ရာ ကုအန်၏ တည်နေသောမျက်နှာအား မြင်လိုက်ရ၍ မျက်လွှာချထားလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အစ်ကို ကျွန်တော်မှားသွားပါတယ်”
ကုအန် သူ့အားဆွဲထူပေးလိုက်ကာ ကိုယ်ပေါ်ရှိ နှင်းများကို ခါချပေးလိုက်ပြီး ပြောလိုက်၏။
“စစ်မှန်တဲ့ သန်မာတဲ့သူဆိုတာ သူ့ထက်အင်အားကြီးတဲ့သူတွေကို အနိုင်ယူနိုင်တဲ့သူမဟုတ်ဘူး သူ့ရဲ့ မာနကြီးတတ်တဲ့နှလုံးသားကို ထိန်းချုပ်နိုင်ပြီး သူ့ထက်အင်အားနည်းတဲ့သူတွေကို အနိုင်မကျင့်တတ်တဲ့ သူကွ”
လုကျိကျား သူ့ရင်ဘတ်ကို ပွတ်နေရင်း ကုအန်စကားများအား လေးလေးနက်နက် မှတ်သားထားလိုက်သည်။
ရီလန်နှင့် ဝူရှင်းတို့လည်း ကုအန်စကားကို ကြားနေရ၏။ အထူးသဖြင့် ကုအန်၏ စကားများမှာ ဝူရှင်းအား တုန်လှုပ်သွားစေခဲ့ပြီး ဤကဲ့သို့ ဆေးတောင်ကြားအသေးလေးတွင် ကုအန်လို ကျွမ်းကျင်သူရှိနေခြင်းမှာ သူ့အား အံ့အားသင့်သွားစေခဲ့သည်။
ရွက်ဝါတစ်ထောင်မျှော်စင်တွင် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်ကြသည်မှာ ပုံမှန်သာဖြစ်၏။ သူသည် အင်အားနည်းသောသူ ဖြစ်လေရာ သူ့အစ်ကိုကြီးများနှင့် သူ့အဖေပင် သူ့အား အနိုင်ကျင့်ခဲ့ကြသည်။
မှန်တယ်!
သူတို့က လုံး၀ သန်မာတဲ့သူတွေမဟုတ်ကြဘူး!
ဝူရှင်းထိုကဲ့သို့တွေးနေရင်း ကုအန်အပေါ်သူ့အမြင်များ ပြောင်းလဲသွားခဲ့သည်။
“မင်းဝူရှင်းကို ခြေသိုင်းစပြီး သင်ကြားပေးရမယ်” ကုအန် လုကျိကျား ပုခုံးအားပွတ်လိုက်ရင်း ပြောလိုက်ရာ လုကျိကျား ခေါင်းညိတ်လိုက်ပြီး မငြင်းရဲခဲ့ပေ။
ထို့နောက် ကုအန် ရီလန်အား သူတို့မကြာခင်က စိုက်ပျိုးထားသော တောင်ပေါ်က သစ်စေ့များကို သွားစစ်ဆေးခိုင်းလိုက်၏။ တောင်ပေါ်တွင် ရှောင်ချွမ်လည်း ရောက်နေပြီးသား ဖြစ်သည်။
ချန်းရွှမ်တန်မှာမူ ပြန်ရောက်လာကတည်းက သူ့အခန်းထဲမှ တစ်ခါမှ ထွက်မလာခဲ့တော့ပေ။ ကုအန် တစ်ခါသွားကြည့်သေးသော်လည်း သူအားပြန်ဖြည့်နေသည်ဟု ပြောသောကြောင့် ကုအန်မနှောင့်ယှက်ရဲတော့ဘဲ ဒီတိုင်းသာ ထားလိုက်၏။
နေ့ရက်များ ကုန်ဆုံးသွားကြပြီး ဝူရှင်းရောက်ရှိလာမှုကြောင့် ဆေးတောင်ကြားသည် ပို၍ အသက်၀င်လာခဲ့ပြန်သည်။ လုကျိကျား နှင့် ရှောင်ချွမ်တို့နှစ်ယောက်သည် ဝူရှင်းအားစနောက်ရခြင်းကို အလွန်နှစ်သက်နေကြပြီး တစ်နေ့တစ်နေ့ သူတို့သုံးယောက် စနောက်နေသံများသည် ဆေးတောင်ကြားတစ်ခုလုံးတွင် ပျံ့လွင့်နေခဲ့၏။
ဤသို့ဖြင့် နှစ်ကုန်သို့ ရောက်ရှိလာခဲ့သည်။
တစ်ည၌
ကုအန် သူ့အခန်းထဲတွင် စာအုပ်တစ်အုပ်ဖတ်နေပြီး ထိုစာအုပ်သည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းမဟုတ်ဘဲ “ရွက်ဝါတစ်ထောင်မျှော်စင် လျှို့ဝှက်သမိုင်းကြောင်း” ဟူသော စာအုပ်ဖြစ်၏။
ထိုစာအုပ်ကို ကုအန်ဆေးတောင်ကြား၏ စာကြည့်တိုက်မှ ယူလာခြင်းဖြစ်ပြီး သမိုင်းကြောင်းမှာအစစ်ဟုတ်မဟုတ် မသိသော်လည်း ဖျော်ဖြေစရာတစ်ခုအနေနှင့်သာ ဖတ်နေခဲ့ခြင်း ဖြစ်သည်။
အခန်းထဲရှိ ဆီမီးအိမ်၏ အလင်းရောင်သည် တလှုပ်လှုပ်ဖြစ်နေပြီး ပြတင်းပေါက်ကြားများမှ လေအေးများ အခန်းထဲသို့ ၀င်လာနေကြ၏။ သို့သော် ကုအန်သည် လက်ရှိအချိန်တွင် အခြေခံတည်ဆောက်ခြင်း အဆင့် ၆ သို့ရောက်ရှိနေပြီဖြစ်ရာ ထိုမျှလေအေးများက သူ့ကိုမထိခိုက်စေနိုင်တော့ပေ။
ဖတ်နေသော စာမျက်နှာ၏ အကြောင်းအရာများ ကုန်ဆုံးသွားသောအခါ ကုအန်စာအုပ်ကို ချလိုက်ပြီး သူ့နေ့စဉ်အလုပ် လုပ်ရန် ဟန်ပြင်လိုက်သည်။
ရုတ်တရက် ကုအန် သူ့ဘေးအိမ် အခန်းမှ အသံတိုးတိုးလေးတစ်သံကို ကြားလိုက်ရ၏။ အသံသည် တစ်ယောက်ယောက်အခန်းထဲမှ ခိုးထွက်သွားသော အသံမျိုးဖြစ်ပြီး အလွန်တိုးသော်လည်း ကုအန် အာရုံထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုအသံသည် ဝူရှင်းဆီမှ လာခြင်းဖြစ်ပေသည်။
ကုအန် တောင်ကြားထဲရှိ လူတိုင်း၏ အရှိန်အဝါများနှင့် ရင်းနှီးနေပြီး ချက်ချင်းပင် မည်သူဖြစ်သည်ကို ခွဲခြားနိုင်ခဲ့သည်။
သူတိတ်တိတ်သာနေလိုက်ပြီး ဝူရှင်း၏ ခြေလှမ်းများအား နားစွင့်နေခဲ့၏။ ထိုကောင်လေးသည် ဆေးတောင်ကြားစာကြည့်တိုက်သို့ သွားပြီး စာအုပ်များအား မွှေနှောက်နေလေသည်။
“ဒီကလေး ဘာကိုရှာနေတာလဲ” ကုအန် စိတ်၀င်တစားတွေးလိုက်မိ၏။
ကုအန် ၏အမြင်တွင် ထိုကောင်လေးသည် အလွန်ရိုးသားပြီး သူခိုင်းသမျှကိုလည်း တာ၀န်ကျေကျေလုပ်တတ်သော ကောင်လေးဖြစ်ပေသည်။ လုကျိကျားလို့ တစ်ခါတရံ ပြန်ခံပြောခြင်းမျိုးပင် မရှိတတ်ပေ။
ထိုရိုးသားမှုလေးအပြင် ဝူရှင်းတွင် ယှဉ်ပြိုင်လိုစိတ်လေးလည်း ရှ်ိသေး၏။ သူသည် မကြာခဏ သူ့အစ်ကိုကြီးများအား စိန်ခေါ်တတ်ပြီး စိန်ခေါ်တိုင်းလည်း သူသာ ရှုံးနိမ့်သွားရစမြဲသာ။
ဒီကလေး လျှို့ဝှက်သိုင်းတစ်ခုခုကို ရှာနေတာ ဖြစ်လောက်လား။
ထိုသို့တွေးမိသောအခါ ကုအန် သူ့ညီလေးအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
မနက်ဖြန်ကစပြီး သူ့ညီလေးအား သူကိုယ်တိုင်သင်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်၏။
ဝူရှင်း နာရီ၀က်ခန့်ရှာပြီးသောအခါမှသာ သူ့အခန်းသို့ ပြန်သွားခဲ့သည်။
တခဏကြာသောအခါ ကုအန်လည်း သူ့အခန်းထဲမှ ထွက်သို့ တောအုပ်ဆီသို့သွားကာ သူ့နေ့စဉ်အလုပ်အား လုပ်ရန် ပြင်လိုက်၏။
…..
နွေရာသီသည် တစ်ဖန်ပြန်ရောက်လာခဲ့ပြန်သည်။
ကုအန်အသက်သည် ၂၂ နှစ်ကျော်သွားပြီဖြစ်ပြီး သူစုဆောင်းထားသော သက်တမ်းများမှာလည်း နှစ် ၄၀၀၀ ကျော်လွန်သွားခဲ့၏။ သူထိုသက်တမ်းများကို မသုံးဘဲ နှစ် ၁၀၀၀၀ ပြည့်အောင် စုဆောင်းထားမည်ဟု ကုအန်စဉ်းစားထားသည်။
နှစ်၀က်ခန့်ကြာပြီးသောအခါ သူ့နေ့စဉ်အလုပ်ကြောင့် သူ့ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ၇ သို့ ချိုးဖျက်နိုင်သွားခဲ့၏။ သို့သော် အများအမြင်တွင်တော့ သူ့ကျင့်ကြံခြင်းသည် ချီကျင့်ကြံခြင်းအဆင့် ၃ သာ ဖြစ်သည်။
အချိန်များကုန်လွန်လာသောအခါ ကုအန် ချန်းရွှမ်းတန်ပြောသော အဆင့် ၇ အပင်အပေါ် စိတ်၀င်စားမှု ပိုတိုးလာခဲ့၏။ သူရှာပင် ရှာဖွေခဲ့သေးသော်လည်း မြေအောက်ထဲသို့ ၀င်သည့်အပေါက်ကို မတွေ့ခဲ့ပေ။
ဝူရှင်းတစ်ယောက်မှာလည်း မကြာခဏ အခန်းထဲမှ ခိုးထွက်ကာ တောင်ကြားထဲတွင် ရှာဖွေနေတတ်သည်။ တစ်ခါဆိုလျှင် သူနှင့် ကုအန် တိုက်မိမလိုပင် ဖြစ်သွားကြပြီး ကုအန်၏ ထက်မြက်လှသော အကြားအာရုံကြောင့်သာ ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နေ့လည်ခင်းအချိန်တွင် ကုအန် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေရင်း သူ့ကြွက်ဖြူလေးအား ကြည့်နေခဲ့၏။
ကြွက်ဖြူလေးသည် သူ့ရှေ့တွင် စက်ဝိုင်းပုံပတ်၍ ပြေးပြနေခြင်း ဖြစ်သည်။
“ဒီကောင် အရွယ်ရောက်လာတာလား ဒါပေမယ့် နွေဦးကလည်းကုန်သွားပြီပဲကို” ကုအန် ပဟေဠိဆန်ဆန် တွေးလိုက်မိ၏။
သူ ထိုကြွက်ဖြူလေးကို နှစ်အနည်းငယ်ကြာသည်အထိ မွေးထားခဲ့ခြင်းဖြစ်သော်လည်း ထိုကောင်လေး၏ အရွယ်အစားသည် ပြောင်းလဲမလာခဲ့ပေ။ လီယမရှိဘဲ ထိုကောင်လေး၏ အရွယ်မည်မျှရှိနေပြီဖြစ်မှန်းလည်း ကုအန် မခွဲခြားတတ်ပေ။
ကြွက်ဖြူလေးသည် ကုအန်ရှေ့တွင် အချိန်အတော်ကြာ စက်ဝိုင်းပုံ ပြေးလွှားနေခဲ့သည်။
ကြွက်ဖြူလေးသည် ကုအန်စကားများအား နားလည်သည့်ပုံဖြင့် ရုတ်တရက် ကုအန် လက်ပေါ်သို့ ခုန်တက်လိုက်ပြီး ခဏအကြာတွင် ရှေ့သို့ အမြန်ပြေးထွက်သွားပြန်၏။
ကုအန် ကြွက်ဖြူလေးကြောင့် နာမသွား၍ စိတ်လည်းတိုမသွားခဲ့ပေ။ သူ့အကြည့်သည် သူလက်ပေါ်မှ ခုန်ထွက်သွားပြီး ရှေ့တွင် စက်ဝိုင်းပုံပတ်ပြနေသော ကြွက်ဖြူလေးဆီ ပြန်ရောက်သွားခဲ့သည်။
နေဦး!
ဖြစ်နိုင်တာက!
ကုအန်တစ်ခုခုကိုတွေးမိသွားပြီး အမြန်ထလိုက်ကာ ကြွက်ဖြူလေးဆီ လျှောက်သွားလိုက်၏။
ကုအန်သူ့ဆီလျှောက်လာသည်ကိုမြင်သောအခါ ကြွက်ဖြူလေး ပတ်ပြေးမနေတော့ဘဲ တောအုပ်ထဲသို့သာ ပြေးလွှားသွားခဲ့ပြီး ခဏအကြာတွင် ကုအန်ရော ကြွက်ဖြူလေးပါ တောအုပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ဝူရှင်း သစ်ပင်အောက်တွင် ရပ်နေရင်း တောထဲပြေး၀င်သွားသော ကုအန်အား ကြည့်၍ မျက်မှောင်ကြုံ့လိုက်မိ၏။
“တောအုပ်ပဲလား…လုကျိကျားပြောတာတော့ အရင်ကလီယရော မုန့်လန်ရော တောအုပ်ထဲမှာ တစ်ယောက်ထဲကျင့်ကြံရတာကို ကြိုက်တယ်တဲ့ နောက်ပြီး စီနီယာအစ်ကိုကြီးရဲ့ခြေသိုင်းကလည်း သူ့ကျင့်ကြံခြင်းနဲ့ယှဉ်ရင် ကောင်းလွန်းနေတယ် တောအုပ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေတာများ ဖြစ်နိုင်မလား”
သူထိုသို့တွေးမိလေလေ သူ့အတွေးမှာ ဖြစ်နိုင်ချေရှိလေလေဟု ခံစားလာရသည်။ ယခုအချိန် ကုအန်နောက်လိုက်၀င်မသွားဘဲ ညရောက်မှ တောအုပ်ထဲသွားကြည့်မည်ဟု သူစီစဉ်ထားလိုက်၏။
တစ်ဖက်တွင်
ကုအန်
ကုအန် ကြွက်ဖြူလေးနောက်လိုက်နေရင်း တောင်ကုန်းတောင်တန်းများကိုဖြတ်၍ ဆေးတောင်ကြားအပြင်သို့ပင် ရောက်လာခဲ့သည်။
ဒီကောင်က ပုံမှန်လည်း ဒီလောက်အဝေးကြီးတွေအထိ လျှောက်သွားနေတတ်တာလားဟ!
ကုအန် ကြွက်ဖြူလေးအား အထင်သေးသွားမိသည်ဟု ခံစားလိုက်ရပြီး သူခေါ်သွားနေသော နေရာအပေါ်တွင်လည်း ပိုပြီး စိတ်၀င်စားလာခဲ့သည်။
အရင်က လီယပြောဖူးသည်မှာ ထိုကြွက်ဖြူလေးတွင် ရတနာမုဆိုး ဟူသော ဘွဲ့နာမည်လည်း ရှိသည်ဟု ဆို၏။
ယခုအခါ ထိုကောင်လေးသည် အဆင့် ၇ စိတ်ဝိညဉ်ဆေးပင်အား ရှာတွေ့ထားခြင်း ဖြစ်နိုင်သည်လော။