အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း (၃)
ကျင့်ကြံခြင်းနည်းစနစ် ဆင့်ကဲပြောင်းလဲခြင်း၊ နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ်
လီယ၏ ရွေးချယ်မှုကို မုန့်လန်ရော ကျန်းချွမ်းချူ ရောပါ အံ့ဩသင့်သွားကြရသည်။ သို့သော် သူတို့နှုတ်ဆိတ်၍သာ နေလိုက်ကြ၏။
ချန်ရွှမ်တန်မှာတော့ လီယအားကျေနပ်နေသည့် အကြည့်ဖြင့် ကြည့်နေရင်း ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ကာ ပြောလိုက်သည်။
“မဆိုးဘူး မင်းမှာအရည်အသွေးမြင့်တဲ့ မျက်လုံးတွေရှိတာပဲကွ နောက်ပြီးအလောတကြီးလည်း မလုပ်ဘူး”
ထို့နောက် သူ့လက်အား တစ်ချက်ဝေ့ယမ်းလိုက်ရာ သူ့ဘေးရှိ စားပွဲပေါ်တွင် လျှို့ဝှက်ကျမ်းသုံးကျမ်း ပေါ်ပေါက်လာခဲ့သည်။ ကျန်းချွမ်းချူ အားတစ်ချက်ကြည့်လိုက်ရာ အလိုက်သိစွာပင် ထိုစာအုပ်များအား ကုအန်တို့ သုံးယောက်ကို အသီးသီးဝေပေးလိုက်၏။
အသီးသီးစာအုပ်များ ရရှိပြီးသည့်နောက် နောက်ဆုံးတွင် ကုအန်အတွက် စကားပြောရန် ရှားရှားပါးပါးအခွင့်အရေးတစ်ခု ရောက်လာချေပြီ။
ဟုတ်ပြီ ငါငြင်းရမယ်!
သို့သော်လည်း သူ၏အေကာင်းမြင်တတ်ေသာ ဗီဇသဘာ၀အရ ငြင်းဆန်ရင်ခွန်အားမျိုး မရှိခဲ့ချေ။
ကုအန် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ် ဟူသော စာအုပ်လေးကိုသာ ယူလိုက်ပြီး ပျော်ချင်ယောင်သာ ဆောင်နေလိုက်တော့သည်။
“အခုတလော မကောင်းဆိုးဝါးတွေက ငါတို့ အဓိပတိဂိုဏ်းကိုစိမ့်၀င်ဖို့ ကြိုးစားနေကြတယ် ဆေးတောင်ကြားကလည်း ဂိုဏ်းရဲ့အပြင်စွန်းနားမှာ ရှိတာဆိုတော့ မင်းတို့ဂရုစိုက်ရမယ် ဂိုဏ်းတပည့်တွေကင်းလှည့်နေကြတယ်ဆိုပေမယ့် အန္တရာယ်ကရှ်ိနေနိုင်သေးတယ် အဲ့တော့ပုံမှန်နေ့တွေမှာ မင်းတို့့ ဆေးတောင်ကြားကနေ ဘယ်မှမသွားကြနဲ့ ကဲ ဒါဆို သွားလို့ရပြီ”
ချန်းရွှမ်တန် ပြောပြီးသောအခါ ကုအန်တို့သုံးယောက် ဒူးထောက်ဂါရ၀ပြုလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလိုက်၏။
ကုအန်မှာမူ သုံးယောက်ထဲတွင် နောက်ဆုံးမှသာ ထွက်သွားပြီး တံခါးအား ပြန်ပိတ်ပေးပြီးမှသာ ထွက်ခွာသွားခဲ့သည်။
ချန်းရွှမ်တန် အသာအယာခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်၏။
“လီယလို့ခေါ်တဲ့ ကောင်လေးက မရိုးရှင်းဘူး သူ့ကျင့်ကြံခြင်းကိုတိုးမြင့်စေမယ့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုခုကို ကျင့်ကြံထားပုံပေါ်တယ် သူ့ချီစွမ်းအားသိပ်သည်းမှုက မင်းအောက်မလျော့ဘူး အနာဂတ်မှာသူ့ကိုပိုပြီး သတိထားရမယ် နောက်ပြီး သူကတော်၀င်မိသားစုကလာခဲ့တာဆိုတော့ သူ့ကိုအရမ်းခက်ခဲအောင်လည်း မလုပ်နဲ့”
ကျန်းချွမ်းချူ ခေါင်းတစ်ချက်ငြိမ့်လိုက်ကာ တစ်ခဏတွေးလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့ထဲမှာ ကုအန်ဆိုတဲ့ကောင်လေးက အကြိုးစားဆုံးပဲ နောက်ပြီးသူ့ရဲ့ဆင်းရဲတဲ့နောက်ခံအရ သူကဆေးတောင်ကြားမှာလည်း အခြားသူတွေထက်ပိုပြီး ကြာကြာနေမှာ သေချာတယ်”
ချန်းရွှမ်တန် အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“ဟမ် အဲ့တာဆိုလည်း သူ့ကိုအနာဂတ်မှာပိုဂရုစိုက်ပေးလိုက် အခုသူကမင်းလက်ထဲမှာပဲ မဟုတ်လား”
ကျန်းချွမ်းချူ တစ်ချက်ပြုံးလိုက်ကာ ဆရာ့ကိုကျေးဇူးတင်ကြောင်း ပြောလိုက်၏။
လမ်းတစ်နေရာတွင်…
ကုအန်တို့သုံးယောက် သူတို့ကိုယ်ပိုင်ခြံ၀န်းသို့ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း မုန့်လန် မကောင်းဆိုးဝါးများအကြောင်းကို ကြောက်ရမည့်အစား စိတ်လှုပ်ရှားစွာ ပြောဆိုနေ၏။
ထိုစဉ် လီယလမ်းလျှောက်နေရင်း ရပ်လိုက်ကာ ကုအန်ကိုကြည့်လိုက်ရင်း ပြောလိုက်သည်။
“စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်က တကယ်တော့ သိပ်မဆိုးပါဘူး အဲ့တာက လူတစ်ယောက်ရဲ့အရှိန်အဝါကို ဖျောက်ထားပေးနိုင်ပြီး သက်တမ်းကိုလည်းရှည်စေတယ် ငါ့မှာက ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရှိပြီးသားဆိုတော့ အဲ့တာကိုမလိုပေမယ့် မင်းအတွက်တော့ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်က ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲ”
ထိုစကားကိုကြားသောအခါ ကုအန်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာပြီး ပြောလိုက်၏။
“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီကိုလီ ငါ့ဘ၀တစ်လျှောက်လုံးကို ဆေးတောင်ကြားမှာပဲ ကုန်ဆုံးရမှာဆိုတော့ ဆေးပင်ရာချီပေါင်းချုပ်ကျမ်းက ငါ့အတွက် မလိုအပ်ပါဘူး နောက်မှဆေးပင်တွေအကြောင်း စီနီယာအစ်ကိုကြီးဆီက သင်လို့ရပါတယ်”
လီယ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး သူ့အကြံအား ကုအန် လက်ခံသည့်အတွက် ကျေနပ်သွားလေသည်။
ထို့နောက် သူတို့သုံးယောက်ဘာစကားမှ မပြောတော့ဘဲ အခန်းကိုသာ ပြန်ခဲ့ကြ၏။
ဆေးတောင်ကြားတွင် လုပ်စရာတာ၀န်ထိုမျှ မရှိလေရာ သူတို့တွင် ကျင့်ကြံရန် အချိန်အများကြီး ရကြပေသည်။
ကုအန် သူ့ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်အား စတင်ဖတ်ရှုတော့၏။
အစက သူထိုကျင့်စဉ်ပေါ်တွင် စိတ်၀င်စားမှုမရှိခဲ့သော်လည်း လီယပြောသော ကျင့်စဉ်သည် ကျင့်ကြံသူ၏ အရှိန်အဝါကိုေဖာျက်ထားေပးနုိင်ပြီး သက်တမ်းကိုတိုးမြှင့်ပေးနိုင်သည် ဟူသော အချက်ကြောင့် သူစိတ်၀င်စားသွားမိပြီး ထိုကျင့်စဉ်ကိုကျင့်ကြံကာ စနစ်၏ ဆင့်ကဲပြောင်းလဲခြင်းလုပ်ဆောင်ချက်အား ထိုကျင့်စဉ်တွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဒီတစ်နှစ်အတွင်း ကျန်းချွမ်းချူပေးခဲ့သော နွေဦးသစ်သားကျင့်စဉ်အား သူ့ကျင့်ကြံခဲ့ပါသော်လည်း လ၀က်ကြာသည်အထိ ဘာမှထူးခြားမှု ရှိမလာခဲ့သည့်အတွက် သူလက်လျှော့ခဲ့ရ၏။
သူ့အတွက်မူ တစ်ယောက်တည်းကျင့်ကြံခြင်းထက် ဆေးတောင်ကြား၏စာကြည့်တိုက်သို့သွားကာ ဆေးပင်များအကြောင်း သွားလေ့လာနေခြင်းက ပို၍ကောင်းသောအရာသာ ဖြစ်ပေလိမ့်မည်။
ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွားခဲ့၏။
ပုံမှန် ဆေးပင်များအား သွားရောက်စစ်ဆေးရသောအချိန်မှလွဲ၍ ကျန်အချိန်များကို ကုအန်ကျင့်ကြံခြင်း၌သာ နစ်မြုပ်ထားခဲ့သည်။
၁၅ရက်တာ ကျင့်ကြံပြီးသည့်နောက်တွင် ကျင့်ကြံရေးနည်းစနစ်ဟူသော နေရာ၌ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ် ဟူသော နာမည်လေး ပေါ်လာခဲ့ချေပြီ။ သို့သော် ထိုစာတမ်းဘေးတွင်တော့ မကျွမ်းကျင်သေးဟူသော စာကရှိနေသေးသည်။
ကုအန် ကျင့်ကြံရေးနည်းစနစ်ဟူသော စာတန်းအား ကြည့်နေရင်း စိတ်လှုပ်ရှားနေမိသည်။
ဤသည်မှာ သူ၏ သက်တမ်းအားသံုး၍ ကျင့်ကြံရေးနည်းစနစ်ကို တိုးမြှင့်သော လုပ်ဆောင်ချက်အား ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။ ထို့အပြင် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို တိုးမြှင့်နိုင်စေရန် သက်တမ်းမည်မျှလိုအပ်မည်ကိုလည်း သူမသိသေးပေ။
သူ့တွင်သက်တမ်း နှစ်တစ်ထောင်ကျော်ပင်ရှိပါသော်လည်း ထိုကျင့်စဉ်အား တိုးမြှင့်နိုင်ရန် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် နှစ်တစ်ရာလောက်အထိ လိုအပ်မည်ဆိုလျှင် သူရင်နာရမည်သာ ဖြစ်သည်။
ကုအန် အဓိကကျင့်ကြံရေးနည်းစနစ်ဟူသော နေရာမှ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ် ဟူသော စာတန်းအားကြည့်နေရင်း တိုးမြှင့်မည်ဟူသော စာတန်းကို ရွေးချယ်လိုက်လေတော့သည်။
[ကျေးဇူးပြု၍ အသုံးပြုမည့်သက်တမ်းပမာဏကို ရွေးချယ်ပါ]
ထိုစာတန်းအားမြင်သောအခါ ကုအန်တုန့်ဆိုင်းမနေဘဲ ရွေးချယ်လိုက်ရာ စာတန်းနှစ်ကြောင်းသူ့ရှေ့၌ ထပ်မံပေါ်ပေါက်လာခဲ့၏။
[သက်တမ်းတစ်နှစ်အား စွမ်းအင်စုပ်ယူခြင်းကျင့်စဉ် ကျင့်ကြံရာတွင် အသုံးပြုခဲ့ပါသည်]
[စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်အား တစ်နှစ် ကျင့်ကြံခဲ့ပါသော်လည်း သင်၏ သာမန်နားလည်နိုင်စွမ်းနှင့် ပါရမီကြောင့် အရာမထင်ခဲ့ပေ။ သို့သော် စွမ်းအင်သိပ်သည်းမှု တိုးမြင့်လာပါသည်။]
ကုအန် ရုတ်တရက် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်မှာ ခဏသာခံလိုက်ပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
အဲ့ဒီလိုကိုး!
သာမန်ဟူသော စကားလုံးမှာ ကုအန်ရင်၀အား ဆောင့်ကန်လိုက်သလိုပင်။
ဘယ်လိုတောင် ဗြောင်ကျကျ အနိုင်ကျင့်တာကြီးလဲဟ!
စိတ်ဝိညဉ်အမြစ်များသည် ပါရမီနှင့် ဆက်စပ်မှု ရှိနေခြင်းေလာ။ ကုအန်စိတ်ထဲတွင် သံသယတစ်ခုထွက်ပေါ်လာခဲ့သည်။ (အခုမှ သိရလားကွာ မင်းတုံးချက်ကလည်း)
သူချက်ချင်းပင် စိတ်ဝိညဉ်အမြစ်များအား တိုးမြှင့်သည့်နေရာတွင် သက်တမ်း ၁၀၀ အသုံးပြုလိုက်၏။
[သင်သည် စိတ်ဝိညဉ်အမြစ်များတိုးမြှင့်သည့်နေရာတွင် သက်တမ်း ၁၀၀ အသုံးပြုခဲ့ပါသည်]
[သင်သည် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀အား စတင်နားလည်လာခဲ့ပြီး သင့်စိတ်ဝိညဉ်အမြစ်၏ သဘာ၀တရားအပေါ်နားလည်မှုကို တိုးမြှင့်နိုင်ခဲ့သည်။ နှစ် ၁၀၀ ကြာပြီးသည့်နောက် သင့်စိတ်ဝိညဉ်မြစ်များ၏ ဒြပ်ငါးမျိုးအပေါ်နားလည်မှုသည် တိုးမြင့်လာခဲ့သည်။]
ထိုစာနှစ်ကြောင်းအား ဖတ်ပြီးသည့်နောက် ကုအန် စနစ်ရှိ သူ့ကိုယ်ရေးအကျဉ်းအား ပြန်စစ်ကြည့်လိုက်ရာ စိတ်ဝိညဉ်အမြစ်သည် သာမန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်မှ ပိုကောင်းသောဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ် အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
သို့သော် ကုအန် သူရှုံးသွားသည်ဟုသာ ခံစားလိုက်ရသည်။ သူ့သက်တမ်း ဂဏန်းလေးလုံးမှ သုံးလုံးသို့ ပြောင်းလဲသွားသည်ကို မြင်နေရသည်မှာ သူ့အားအတော်လေး စိတ်ညစ်သွားစေခဲ့၏။
ကြည့်ရသည်မှာ စိတ်ဝိညဉ်အမြစ်ဆင့်ကဲပြောင်းလဲခြင်းသည် အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ပင် ဖြစ်ပုံပေါ်သည်။
“ငါ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို ထပ်ကြိုးစားကြည့်သင့်လား”
ထိုသို့အတွေးပေါ်လာမိသော်လည်း ကုအန် သူ့သက်တမ်းများ ထပ်မံသုံးစွဲရမည့်အဖြစ်အား တွေးမိသောအခါ သူ့နှလုံးသားလေး တဆစ်ဆစ်နာကျင်လာရသည်။
“ငါသက်တမ်းနှစ်တစ်ထောင်ရဖို့ကို တစ်နှစ်လေးပဲ စုဆောင်းလိုက်ရတာ ငါဒီနေ့နည်းနည်းပိုသုံးလိုက်ပြီး နောက်မှပြန်ရှာလည်း ရတာပဲ ဟူးး ငါ့ရဲ့ပထမဆုံးနေ့လေးဆိုေတာ့လည်း စိတ်အလိုလိုက်လိုက်ပါမယ်”
ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးသည့်နောက် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်အား နောက်ထပ် သက်တမ်း နှစ် ၅၀၀ ပေါင်းထည့်လိုက်လေတော့သည်။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို သက်တမ်း နှစ် ၅၀၀ ပေါင်းထည့်ခဲ့ပါသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို တစ်နှစ်ကျင့်ကြံခဲ့ပါသော်လည်း သင်ဧ။် သာမန်နားလည်နိုင်စွမ်းနှင့် ပါရမီကြောင့် ကျင့်ကြံခြင်း၌ အရာမထင်ခဲ့ချေ။ သို့သော် စွမ်းအင်သိပ်သည်းမှု တိုးမြင့်လာခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပါသော်လည်း သင်၏ သာမန်နားလည်နိုင်စွမ်းနှင့် ပါရမီကြောင့် ကျင့်ကြံခြင်း၌ အရာမထင်ခဲ့ချေ။ သို့သော် သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်၌ ကျွမ်းကျင်အဆင့်ရောက်သွားခဲ့ပြီး သင်၏ ချီသွေးများကို ပြောင်းလဲနိုင်ခဲ့သည်။]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နှစ်တစ်ရာကျင့်ကြံပြီးသည့်နောက် ကျင့်ကြံခြင်း၌ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နားလည်သဘောပေါက်သွားခဲ့ပြီး စတင်ပြောင်းလဲလာခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နှစ်နှစ်ရာကျင့်ကြံပြီးသည့်နောက် သင်၏ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများနှင့် ပေါင်းစပ်သွားခဲ့ပြီး အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နှစ်သုံးရာ ကျင့်ကြံပြီးသည့်နောက် သင်၏ စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်သည် စိတ်ဝိညဉ်စုပ်ယူခြင်းကျင့်စဉ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နှစ်လေးရာ
ကျင့်ကြံပြီးသည့်နောက် ထိုနေ့တွင် သင်သည် ညဏ်အလင်းပွင့်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သောအဓိပ္ပာယ်ကို နားလည်သွားခဲ့သည် သင်၏ စိတ်ဝိညဉ်စုပ်ယူခြင်း ကျင့်စဉ်မှာလည်း နဂါးပုံရိပ်ရှေးဟောင်းကျင့်စဉ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည် သင်၏ ခန္ဓာကိုယ်နှင့် ချီသွေးများမှာလည်း ပြောင်းလဲသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ကို နှစ်ငါးရာ ကျင့်ကြံပြီးသည့်နောက် နဂါးပုံရိပ်ရှေးဟောင်းကျင့်စဉ်အား ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ထိုကျင့်စဉ်၏ အကန့်အသတ်ကိုကျော်လွန်သွားခဲ့ကာ ကျင့်စဉ်အား နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည် သင့်ရုပ်ခန္ဓာမှာလည်း ထိုကျင့်စဉ်အောက်တွင် အဓိကပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်]
စာကြောင်းများတစ်ခုပြီးတစ်ခု ပေါ်လာပြီးသည့်နောက် ကုအန်ထိုစာကြောင်းများအား ဖတ်၍ မပြီးခင်မှာပင် စာကြောင်းများထဲတွင်ပါသော အကြောင်းအရာများသည် သူ့စိတ်ထဲသို့ တိုး၀င်လာကြ၏။
ပြတင်းပေါက်မှတိုး၀င်လာသော လေပြည်များသည် ခန်းစီးစများကိုဖြတ်၍ ကုအန်၏ဆံပင်နက်များအား တိုးဝေ့တိုက်ခတ်နေကြသည်။ သူ့မျက်လုံးများအားမှိတ်ထားလျက်ပင် ကုအန် မသိစိတ်ဖြင့် သူ့ပါးစပ်များကိုဟ၍ ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ နဂါးတစ်ကောင်၏ အသံကဲ့သို့သော အသံများ ပြုလုပ်နေမိ၏။
အချိန်အနည်းငယ်ကြာပြီးသည့်နောက် ကုအန် တဖြည်းဖြည်းနိုးထလာခဲ့သည်။
သူ့မျက်လုံးများအား ဖွင့်လိုက်သောအခါ သူ့ရှေ့ရှိ ပြတင်းေပါက်မှ မြင်တွေ့လိုက်ရသည်မှာ မသဲမကွဲမြင်နေရသော
တောအုပ်တစ်ခု ဖြစ်နေ၏။
အပြင်ဘက်တွင် မှောင်မဲနေချေပြီ။
ကုအန်ယခုပင် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်နှင့် ပတ်သက်သော မှတ်ညဏ်များအား အမွေဆက်ခံခဲ့ရပြီး ထိုကျင့်စဉ်အား ကျွမ်းကျင်သွားခဲ့လေသည်။
နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ်သည် လိပ်နဂါးပေါ်တွင် အခြေခံ၍ တီထွင်ထားသော ကျင့်စဉ်တစ်မျိုးဖြစ်၏။ ထိုကျင့်စဉ်သည် ကျင့်ကြံသူ၏ အသက်ရှူသံနှင့် ကျင့်ကြံခြင်းအဆင့်များကိုဖုံးကွယ်ပေးနိုင်ပြီး ကျင့်ကြံသူကို နဂါးတစ်ကောင်ကဲ့သို့ ခွန်အားမျိုးလည်း ပေးနိုင်ပေသည်။
စွမ်းအင်စုပ်ယူခြင်းကျင့်စဉ်သည် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်၏ အခြေခံနည်းစနစ်များထဲမှ တစ်ခုသာဖြစ်၏။ ယခုအခါ ထိုမပြည့်စုံသော အခြေခံနည်းစနစ်တစ်ခုအား ပြီးပြည့်စုံသောရှေးဟောင်းကျင့်စဉ်အဖြစ်သို့ ပြောင်းလဲလိုက်သည့် သဘောဖြစ်သည်။
နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် ဤကမ္ဘာထဲတွင် ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး အဓိပဓိဂိုဏ်းကထိုကျင့်စဉ်၏ အခြေခံတည်ဆောက်ခြင်းနည်းစနစ်ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သော စွမ်းအင်းစုပ်ယူခြင်းကျင့်စဉ်ကို ရရှ်ိခဲ့ခြင်း ဖြစ်ရမည်ဟု ကုအန် သံသယရှိလေ၏။
အကယ်၍သူသာ နောက်နှစ်သုံးရာလောက် ဤနတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်အပေါ် အသုံးပြုလိုက်ပါက ထိုကျင့်စဉ်သည် မည်သည့်ကျင့်စဉ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်နည်း။
ယခုအခါ သူသည် သူ့ကိုယ်သူ အလွန်ခွန်အားကြီးသော လူတစ်ယောက်အဖြစ် ခံစားနေရသည်။
မျှော်စင်တစ်ခုလုံးကိုပင် သူ့လက်သီးတစ်ချက်တည်းနှင့် ထိုးခွဲပစ်နိုင်သည်ဟု ခံစားနေရသည်။
ဤစွမ်းအားကြီးသော ခံစားချက်သည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှ၏။
ထို့အပြင် သူ့အာရုံမှာလည်း အတော်လေးအားကောင်းလာခဲ့သည်။ သူ မုန့်လန်နှင့် လီယတို့ အသက်ရှူနေသော အသံကို ကြားနေရပြီး
ကျန်းချွမ်းချူနှင့် ချန်းရွှမ်တန် တို့စကားပြောနေသော အသံများကိုလည်း ကြားနေရသည်။
“အဲ့ဒီမကောင်းဆိုးဝါးတွေက တပည့် ၁၃ယောက်ကိုသတ်ပြီးသွားပြီ အသတ်ခံရတဲ့ အများစုကလည်း ဆေးတောင်ကြားေတွက အစေခံတပည့်တွေချည်းပဲ ဆရာ ကျွန်တော်တို့နှစ်ယောက်ထဲနဲ့ သူတို့ကိုကာကွယ်နိုင်မှာမဟုတ်ဘူးလေ”
“မစိုးရိမ်ပါနဲ့ မင်းဆရာက ဂိုဏ်းကိုတောင်းဆိုပြီးသွားပြီ ဂိုဏ်းကငါတို့ ဆေးတောင်ကြားကိုကာကွယ်ဖို့ အခြေတည်အဆင့်တပည့်တစ်ယောက် လွှတ်လိုက်လိမ့်မယ်”
“အဲ့တာဆိုရင်တော့ တကယ်ကောင်းတာပဲ ဒီညနေကတောင် တောင်ကြားထဲက စိတ်ဝိညဉ်စွမ်းအင်တွေ နည်းနည်းထူးဆန်းလာတာနဲ့ တပည့်က မကောင်းဆိုးဝါးတွေ ရောက်လာပြီထင်လိုက်မိတာ ၀န်ခံရတာရှက်စရာဆိုပေမယ့် တပည့်အခန်းထဲကနေ အပြင်ကို တစ်လှမ်းတောင်ထွက်မကြည့်ရဲခဲ့ဘူး”
“ဟုတ်ပါပြီ မင်းကမင်းဆရာရဲ့ အရိပ်အောက်မှာပဲ ကြီးပြင်းလာတာကိုးကွ ဒါမျိုးသတ္တိဘယ်ရှိမှာလဲ မင်းကြောက်နေတယ်ဆိုတာ ဖြစ်သင့်ပါတယ်”
သူတို့ စကားဝိုင်းအား ကြားလိုက်သောအခါ ကုအန် ချွေးအေးများ ထွက်သွားမိသည်။
သူအတော်လေး ဂရုမစိုက်မိခဲ့ခြင်း ဖြစ်၏။
အနာဂတ်တွင် ကျင့်စဉ်များအား တိုးမြှင့်သည့်အခါ သူဂရုမစိုက်၍ မရတော့ပေ။
ကံကောင်းစွာဖြင့် ကျန်းချွမ်းချူ၏ ကျင့်ကြံခြင်းမှာ အတော်လေး နိမ့်နေခြင်းကြောင့်သာ သူ၏ ကျင့်ကြံရေးနည်းစနစ်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
တခဏကြာသည်အထိ သူတို့စကားဝိုင်းအား ခိုးနားထောင်နေလိုက်ပြီး သူ့အကြောင်းပြောနေခြင်းမဟုတ်မှန်း သေချာသည့်အခါမှသာ ကုအန် စိတ်အေးသွားရသည်။
ကုအန် သူ့ခန္ဓာကိုယ်အသစ်အား ဆက်စစ်ဆေးကြည့်ပြီးသည့်နောက် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် အတိုင်း သူ့အသက်ရှူသံကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချလိုက်ပြီး သူ့ချီသွေးများကိုလည်း ခန္ဓာကိုယ်ထဲတွင် ဖိသိပ်ထည့်လိုက်ရာ သူ့ကျင့်ကြံခြင်းသည် ယခင်ကအခြေအနေနှင့် ဘာမှမခြားတော့သလို ဖြစ်သွားခဲ့၏။
အချိန်ခဏ ကြာသွားပြီးသည့်နောက် ကုအန် သူ့မျက်လုံးများအား ဖွင့်လိုက်ကာ စနစ်ရှိ သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်သည်။
[အမည် - ကုအန်]
[သက်တမ်း - ၁၆/၄၀၂]
[စိတ်ဝိညဉ်အမြစ် - ကောင်းမွန်သောဒြပ်ငါးမျိုး စိတ်ဝိညဉ်အမြစ် (ကျင့်ကြံခြင်းတိုးမြင့်လာေစရန် သက်တမ်းအား အသုံးပြု၍ရသည်)]
[ကျင့်ကြံခြင်းအဆင့် - မရှိသေး (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်) ]
[ကျင့်ကြံခြင်း နည်းစနစ် - မီးထိန်းချုပ်ပညာ (မကျွမ်းကျင်သေး) နွေဦးသစ်သားကျင့်စဉ်(မကျွမ်းကျင်သေး) နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ် (ကျွမ်းကျင်) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအားအသုံးပြု၍ ရသည်) ]
နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် ကျွမ်းကျင်အဆင့်!
ကုအန် စိတ်ကျေနပ်သွားခဲ့သော်လည်း ကံဆိုးစွာဖြင့် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် အပြင်ခန္ဓာအား ကျင့်ကြံရသော ကျင့်စဉ်တစ်ခုဖြစ်နေပြီး စိတ်ဝိညဉ်စွမ်းအားအား ကျင့်ကြံ၍ မရပေ။ ထို့ကြောင့်ပင် သူကျင့်ကြံခြင်းအဆင့်သည် မရှိဟုသာ ပြနေခြင်းဖြစ်သည်။
သို့သော်လည်း သူ့အတွက် စွမ်းအင်စုပ်ယူခြင်းအဆင့်သည် ပြဿနာရှိသော အရာတော့ မဟုတ်ပေ။
နောက်တစ်ကြိမ် သူ့သက်တမ်းအား တိုးမြှင့်နိုင်မည့် အချိန်ကို စောင့်ရန်သာ လိုပေသည်။
သူ၏ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော ခွန်အားများသည် သူ့သက်တမ်းအား အလိုလိုတိုးမြှင့်ပေးနေလိမ့်မည် ဖြစ်သည်။ တိုးမြှင့်ပေးသော ပမာဏသည် မပြောပလောက်သော်လည်း တိုးမြှင့်ခြင်းသည် တိုမြှင့်ခြင်းသာ ဖြစ်၏။
ထိုညက ကုအန်အတွက် အိပ်ပျော်ဖို့ ခက်ခဲသော ညတစ်ည ဖြစ်ခဲ့လေသည်။
နေထွက်ချိန်အထိ သူ့ကိုယ်ရေးအကျဉ်းအား အကြိမ်ကြိမ်ဖွင့်ကြည့်နေပါသော်လည်း သက်တမ်းတိုးလာခြင်းအား မတွေ့ခဲ့ရပေ။ ထို့ကြောင့်ပင် မည်သည့်ကျင့်ကြံရေးနည်းစနစ်ကမှ သက်တမ်းကို တစ်ရက်အတွင်း တစ်နှစ်တိုးမြှင့်ပေးနိုင်လိမ့်မည် မဟုတ်ဟူသော အမှန်တရားကို ကုအန်လက်ခံလိုက်ရ၏။
ကောင်းကင်သည် ယုံကြည်သူများအပေါ် ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။ မကြာခင်တွင်ပင် ကုအန်ဆီ အခွင့်အရေးတစ်ခု ရောက်လာခဲ့သည်။
ကုအန် ကိုယ်လက်သန့်စင်လိုက်ပြီး သူ့အခန်းထဲမှ ထွက်ကာ ဆေးဥယျာဉ်ဆီသို့ ထွက်လာခဲ့လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူရောက်သည်နှင့် ဥယျာဉ်တစ်နေရာတွင် အဖြူရောင်ကြွက်တစ်ကောင်အား မြင်လိုက်မိလေသည်။
ထိုကြွက်သည် အရင်တစ်ခါ စိတ်တည်ငြိမ်ခြင်းမြက်အား ကိုက်ဖြတ်သွားသော အကောင်သာ ဖြစ်နေ၏။
ကုအန် ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး ဆေးတောင်ကြားမှ ဘယ်သူမှမရှိတာ သေချာသောအခါမှသာ ဖြည်းဖြည်းချင်း ထိုကြွက်နားသို့ ချဉ်းကပ်သွားလိုက်သည်။
ကြွက်ဖြူလေးသည် သူ့နောက်ကျောဘက် ၁၀ကိုက်လောက် အကွာတွင် လူတစ်ယောက်ချဉ်းကပ်လာသည်ကို သတိမထားမိသေးပေ။
သူတို့ကြားတွင် ခြေ ၇ လှမ်းခန့်ကွာသောနေရာသို့ ရောက်သောအခါ ကုအန် လေးမှလွှတ်လိုက်သော မြှားကဲ့သို့ ရုတ်တရက်အရှိန်တင်လိုက်ပြီး ကြွက်ဖြူလေးကို သူ့ညာလက်ဖြင့် ကောက်ဖမ်းလိုက်လေသည်။
ကြွက်ဖြူလေး အလွန်ကြောက်လန့်သွားပြီး သူ့လက်များအား အရှူံးပေးသည့်ပုံစံပြ၍ မြှောက်ထားနေ၏။
“ငါ့သက်တမ်းတွေကိုခိုးရဲတယ်ပေါ့ မင်းကတော့သေပြီပဲ”
ကြွက်ကိုဖမ်းရာ၌ သူသည်ထိုကြွက်ေနာက်ပြန်လှည့်လိုက်သည့် ဖြစ်စဉ်ကိုပင် သေချာမြင်နေခဲ့လေရာ ကုအန် အောင်ပွဲခံေနသည့်လေသံဖြင့်ရယ်လိုက်လေသည်။
နှေးလွန်းတယ်ကွ!
အပိုင်း (၄)
လောဘမိစ္ဆာ
နေ့လည်ခင်းအချိန်တွင်
ကုအန် မုန့်လန်နှင့် လီယတို့သုံးယောက် ဆေးဥယျာဉ်၏ ခြံစည်းရိုးရှေ့တွင် ရပ်နေကြပြီး မုန့်လန် ကုအန်လက်ထဲရှိ အမွှေးဖြူကြွက်အား ဇဝေဇဝါပုံစံဖြင့် စိုက်ကြည့်နေလေသည်။
လီယ ချင့်ချိန်တွေးနေသည့် ပုံစံဖြင့် ပြောလိုက်၏။
“ဒီကောင်က အဖြူရောင်စိတ်ဝိညဉ်ကြွက်ဖြစ်မယ်ထင်တယ် သူတို့က စိတ်ဝိညဉ်စွမ်းအင်ကြွယ်၀တဲ့အရာတွေကို စိတ်၀င်စားကြလို့ ရတနာအမဲလိုက်ကြွက်လို့လည်း ခေါ်ကြတယ် ဒီကောင်တွေကို ရှားပါးစိတ်ဝိညဉ်သားရဲလို့ သတ်မှတ်လို့ရတယ်”
လီယစကားကိုကြားသောအခါ မုန့်လန်မမေးဘဲ မနေနိုင်တော့ချေ။ “မိစ္ဆာသားရဲတွေ နဲ့ စိတ်ဝိညဉ်သားရဲတွေကြား ကွာခြားချက်ကဘာလဲ”
“မိစ္ဆာသားရဲတွေက တည်ရှိမှုတစ်ခုဖြစ်လာဖို့ သူ့တို့ဖာသာ ကျင့်ကြံကြရတာ စိတ်ဝိညဉ်သားရဲတွေကကျတော့ မွေးရာပါ သဘာ၀စိတ်ဝိညဉ်စွမ်းအင်ကို နားလည်နိုင်စွမ်းနဲ့ မွေးလာကြတာ သူတို့ကလည်း ကျင့်ကြံနိုင်ကြပေမယ့် သူတို့အရှိန်အဝါက မိစ္ဆာသားရဲတွေလောက် သွေးမဆာဘူး အရှင်းဆုံးပြောရရင် စိတ်ဝိညဉ်သားရဲတွေက မိစ္ဆာသားရဲတွေလို အန္တရာယ်မများကြဘူး” လီယ ရှင်းပြလိုက်သည်။
လီယရှင်းပြသည်ကို ကြားလိုက်ရသောအခါ ကုအန် ရုတ်တရက် ကြွက်လေးကို မသတ်ချင်တော့ပေ။
မုန့်လန်မှာတော့ ကြွက်လေးအပေါ်စိတ်၀င်စားမှု ပိုတိုးလာပြီး တဟီးဟီးရယ်ကာ ပြောလိုက်၏။
“ကုအန် ဒီကြွက်အိုကြီးကို ငါ့ကိုပေးလိုက်ပါလား”
ကုအန် မျက်ခုံးများတွန့်သွားကာ တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။ ထိုကောင်သည် စိတ်ဝိညဉ်သားရဲအား တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြောနေပြီး သူ့ဆီလည်း လာတောင်းရဲနေသေး၏။
လီယ အေးစက်စက်ပြောလိုက်သည်။ “အဖြူရောင်စိတ်ဝိညဉ်ကြွက်တွေက ပုံမှန်ဆို တစ်ကောင်ထဲမနေတတ်ကြဘူး တကယ်လို့ဒီနားမှာတစ်ကောင်ရှိတယ်ဆိုရင် အနီးအနားမှာ သူတို့အသိုက်ရှိမှာပဲ ကိုယ့်ဟာကိုယ်သွားဖမ်းလိုက်စမ်းပါ ကိုယ့်ဟာကိုယ်ဖမ်းတာက ကြွက်တစ်ကောင်လောက်ကို သူများဆီကလိုက်တောင်းနေရတာထက် ပိုကောင်းတယ်”
ထိုစကားကိုကြားသောအခါ မုန့်လန်ပါးများ ဒေါသကြောင့် နီရဲလာလေသည်။ ထို့နောက် ဒေါသတကြီးပြောလိုက်၏။
“အဲ့တာဆိုလည်း ငါ့ဟာငါဖမ်းရတာပေါ့”
ပြောပြီးသည်နှင့် သူလှည့်ထွက်သွားလိုက်သည်။
မုန့်လန်အဝေးရောက်သွားသောအခါမှသာ ကုအန် ခပ်တိုးတိုးပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
လီယသည် အပြင်ပန်းတွင် အေးစက်သည့်ပုံပေါ်သော်လည်း အတွင်းပိုင်းတွင် စိတ်သဘောထားကောင်းသော လူတစ်ယောက်ဖြစ်သည်ဟု ကုအန်ထင်ပေသည်။ သူသည် သူဓားသိုင်းကျင့်နေသည်အား ကုအန်ကြည့်နေခြင်းကို မတားဆီးသည့်အပြင် ယခုလည်း ကုအန်ဘက်ကပင် ၀င်ပြောပေးခဲ့၏။
အကယ်၍ လီယသာ၀င်ပြောမပေးခဲ့ပါက ကုအန်အမှန်တကယ် ဒုက္ခရောက်သွားပေလိမ့်မည်။
အကယ်၍သူသာ မုန့်လန်ကို မှတ်လောက်သားလောက်အောင် တစ်ချက်လောက်ရိုက်ပေးလိုက်ပါက ထိုကလေး၏ အော်သံနှင့်ဆိုလျှင် ဆေးတောင်ကြားတစ်ခုလုံးပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့မည်သာ။
လီယ ကုအန်အား အကဲခတ်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“မင်းကိုကြည့်ရတာ ရုတ်တရက်တစ်ခုခုပြောင်းလဲသွားသလိုပဲ ဒါပေမယ့် ဘာပြောင်းလဲသွားလဲဆိုတာကို ငါအတိအကျမသိဘူး”
ရုတ်တရက် လီယ ကုအန်၏ လက်ကောက်၀တ်အား ဖမ်းဆုပ်လိုက်၏။ သူ့အလျင်မှာ ကုအန်မျက်လုံးထဲတွင် အလွန်နှေးနေသော်လည်း ကုအန်အလွန်အံ့ဩသွားချင်ယောင်သာ ဆောင်နေလိုက်သည်။
“ညီကိုလီ မင်းဘာလုပ်…..”
“ဘာမှမဟုတ်ပါဘူး”
လီယ သူ့လက်အားပြန်ရုတ်လိုက်ကာ အားနာသွားသည့် ပုံစံဖြင့် ပြောလိုက်၏။
“မင်းအရှိန်အဝါကလည်း တည်ငြိမ်တယ် မင်းခန္ဓာကိုယ်မှာလည်း စိတ်ဝိညဉ်စွမ်းအားလျော့နည်းနေတာကလွဲရင် ဘာပြဿနာမှမရှိဘူး မင်းပါရမီက သာမန်ပဲဆိုရင်တောင် ကျင့်ကြံဖို့ကိုမမေ့ပါနဲ့ ကြိုးစားနေတဲ့လူအတွက် အခွင့်အရေးဆိုတာ အမြဲတန်းရှိတယိ”
ကုအန် ခေါင်းငြိမ့်ပြလိုက်ကာ သူ့အကျင့်အတိုင်း ရောက်တတ်ရာရာစကားအနည်းငယ် ထပ်ပြောခဲ့လေသည်။
လီယမှာ ယနေ့တွင် အတော်လေးစိတ်ကြည်နေပုံပေါ်ပြီး အရင်နေ့များထက် ပိုစကားများများပြောနေလေ၏။ လီယပြောသည်များအား နားထောင်ရင်း ကုအန် အင်မော်တယ်ကျင့်ကြံခြင်း ကမ္ဘာကြီးအကြောင်း ပိုမိုနားလည်လာရ၏။
ပြောကြသည်မှာ တော်၀င်မိသားစု၏ မိသားစု၀င်များသည် အမှန်တကယ်ပင် ကွဲပြားကြသည်။ သူတို့သည် ကမ္ဘာအနှံ့ခရီးမထွက်ဘဲနှင့်ပင် များပြားလှသော အသိပညာများအား ပိုင်ဆိုင်ထားကြ၏။
အမွှေးတိုင်တစ်တိုင်၀က်ထွန်းစာအချိန်လောက်ကြာသောအခါ မုန့်လန်အပြေးအလွှားပြန်ေပြးလာခဲ့သည်။
“ပြဿနာကြီးတစ်ခုရှိတယ်” မုန့်လန် ကုအန်ဘေးသို့၀င်ရပ်လိုက်ကာ အမောတကြီးအသက်ရှူနေရင်း သူ့အသံမှာလည်း အတော်လေးစိတ်ရှုပ်နေပုံ ပေါ်နေ၏။
ထို့ကြောင့် ကုအန် ဆေးတောင်ကြား၏ ၀င်ပေါက်ဘက်သို့ ကြည့်လိုက်လေသည်။
လီယ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
မုန့်လန်မျက်လုံးများ ပြူးကျယ်နေကာ ပြန်ပြောလိုက်၏။
“တောင်ကြားအ၀င်၀မှာ စောင့်နေတဲ့ ကျင့်ကြံသူတစ်ယောက်ရှိတယ် ငါသူ့ဆီသွားပြီး ဘယ်သူလဲလို့မေးလိုက်တော့ သူက ဂိုဏ်းရဲ့အတွင်းစည်းတပည့်တစ်ယောက်လို့ပြောတယ် ဆရာဂိုဏ်းမှာတင်ပြထားတဲ့ တာ၀န်ကိုလက်ခံပြီး ငါတို့ကို တစ်လလာကာကွယ်ပေးတာတဲ့”
“ဆရာ ဒီကာကွယ်ရမယ့်တာ၀န်ကို တင်ပြလိုက်တာက ငါတို့ခုနကပြောနေတဲ့ မိစ္ဆာတွေကြောင့် ဆိုတာ ငါလောင်းရဲတယ် တကယ်လို့ ဒီအတွင်းစည်းတပည့်က မိစ္ဆာတွေကိုမနိုင်ရင် ငါတို့ဘယ်လိုလုပ်မလဲ အဲ့လိုဆို ငါတို့အကုန် သေသွားမှာမဟုတ်လား”
ကုအန် ထိုအတွင်းစည်းတပည့်၏ပုံရိပ်ကို အဝေးကြီးကပင် မြင်နေရသည်။ လက်ရှိသူ၏ အမြင်အာရုံမှာ ထိုမျှလောက်အကွာအဝေးကို ကောင်းစွာမြင်နေရ၏။
ထိုအတွင်းစည်းတပည့်မှာ အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားသော ရုပ်ဖြောင့်ဖြောင့်ကောင်လေးတစ်ယောက်ဖြစ်ပေသည်။ တစ်ချက်မြင်လိုက်သည်နှင့် ထိုကောင်လေးမှာ သာမန်မဟုတ်မှန်း သိသာလှ၏။
[ချူကျင့်ဖုန်း (အခြေခံတည်ဆောက်ခြင်းအဆင့် ၁) : ၁၉/၂၉၀/၈၇၀]
အခြေခံတည်ဆောက်ခြင်းအဆင့်အား အသက် ၁၉နှစ်တည်းနှင့် ရောက်နေခြင်း !
ပါရမီရှင်တစ်ယောက် !
သူသည် အတွင်းစည်းဂိုဏ်းသားဖြစ်နေခြင်းမှာ အံ့ဩစရာမဟုတ်တော့ချေ။
ကုအန် သူ့ရှေ့ရှိ ထိုကောင်လေးအကြောင်း စာကြောင်းများကိုကြည့်နေရင်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်သွားရ၏။
အဓိပတိဂိုဏ်းသည် ထိုက်ကန်မင်းဆက်ရှိ သူ့ဂုဏ်သတင်းကို ဤကဲ့သို့သော ပါရမီရှင်ပေါင်းများစွာဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
လီယနှင့် မုန့်လန်မှာ ဆန်းကြယ်သော မိစ္ဆာများအကြောင်း စတင်ဆွေးနွေးနေကြ၏။ မုန့်လန်ထင်သည်မှာ အဓိပတိဂိုဏ်းကဲ့သို့ စွမ်းအားကြီးမားသော ဂိုဏ်းတစ်ခုအနေနှင့် မိစ္ဆာများ စိမ့်၀င်လာခြင်းကို လ၀က်ကြာသည်အထိ မဖမ်းမိသေးခြင်းမှာ အလွန်ပင်ရယ်စရာကောင်းနေသည်။
လီယအတွေးမှာတော့ ယခုကဲ့သို့သော ကိစ္စမျိုးမှာ သာမန်သာဖြစ်၏။ အဓိပတိဂိုဏ်းမှာ အလွန်ကြီးမားသော ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ဆေးတောင်ကြားများသည် ဂိုဏ်း၏အစွန်အဖျားများတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုနေရာမှတပည့်များ အန္တရာယ်ကြုံရသည်မှာ သာမန်သာဖြစ်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မိစ္ဆာကျင့်ကြံသူတစ်ယောက်က အဓိပတိဂိုဏ်းထဲကို ကျူးကျော်ပြီး တပည့်တစ်ရာလောက်ကို ၀င်သတ်သွားတဲ့ ဖြစ်ရပ်မျိုးရှိခဲ့ဖူးတယ် နောက်ပြီးသူ့ကိုလည်း မဖမ်းမိခဲ့ဘူး အဲ့ဒီမိစ္ဆာကျင့်ကြံသူမှာ ဖမ်းဖို့ခက်တဲ့ လျှို့ဝှက်နည်းလမ်းတချို့ ရှိနေတယ်လေ” လီယ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
“အဓိပတိဂိုဏ်းမပြောနဲ့ ဒီကမ္ဘာပေါ်မှာ လုံး၀လုံခြုံတဲ့နေရာဆိုတာ ဘယ်မှာမှမရှိဘူး ထိုက်ကန်မင်းဆက်က နှစ်စဉ်နှစ်တိုင်း မိစ္ဆာနှိမ်နှင်းရေးအိမ်တော်ကို ထောက်ပံ့ရတဲ့ အရင်းအမြစ်တွေက မယုံနိုင်လောက်အောင်ကို များပြားတယ်…”
လီယ ကမ္ဘာကြီးရဲ့ အခြေအနေများအား စတင်ပြောပြနေလေသည်။ မုန့်လန်နှင့် ကုအန်တို့နှစ်ယောက်မှာ လီယပြောသမျှအား စိတ်၀င်တစားနားထောင်နေကြ၏။
အင်မော်တယ်မိသားစုတစ်ခုဖြစ်သော ကျိမိသားစုမှလာသော ကုအန်သည် ကမ္ဘာကြီးအကြောင်းအား အနည်းငယ်သိရှိထားပါသော်လည်း ကမ္ဘာကြီးသည် ထိုမျှအန္တရာယ်များမှန်းကိုတော့ အခုမှသာ သိရှိသွားခြင်း ဖြစ်သည်။
မိစ္ဆာများသည် ကုန်းမြေတစ်ခွင် လှည့်ပတ်သွားလာနေကြပြီး မကောင်းဆိုးဝါးတစ္ဆေများမှာလည်း နေရာ အနှံ့အပြားတွင် ရှိနေကြ၏။ ကျင့်ကြံသူ ဆယ်ယောက်လျှင် သုံးယောက် သို့မဟုတ် လေးယောက်လောက်မှ ထိုမိစ္ဆာများနှင့် တစ္ဆေများလက်ထဲတွင် သေဆုံးနေကြရလေသည်။
ထိုအကြောင်းများအား နားထောင်ပြီးသည့်နောက်တွင် ကုအန်ပို၍ပင် ကြောက်လန့်လာခဲ့၏။
အနာဂတ်တွင် သူဘယ်မှမသွားတော့ဘဲ အဓိပတိဂိုဏ်းတွင်သာ နေ၍ သက်တမ်းများကိုသာ စုဆောင်းတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်မိသည်။
နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းလောက်အကြာ အဓိပတိဂိုဏ်းပြိုကွဲသွားသည့် အချိန်ထိ သူအသက်ရှင်နေရပေမည်။
“ဒါပေမယ့် ငါတို့ဆေးတောင်ကြားမှာ တန်ဖိုးရှိတဲ့ ဆေးပင်ဆေးရွက်တွေ ဒီလောက်များတာ ဘာလို့ဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်ပဲ ပို့လိုက်တာလဲ”မုန့်လန် မေးလိုက်သည်။
လီယ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “အဓိပတိဂိုဏ်းမှာ ဆေးတောင်ကြားပေါင်း ၅၀ထက်မနည်း ရှိတယ် ဒီတောင်ကြားမှာပေါက်တဲ့ ဆေးပင်တွေကို အဲ့လောက်တန်ဖိုးကြီးတယ်လို့ သတ်မှတ်လို့မရဘူး ဂိုဏ်းရဲ့အတွင်းဘက် ဆေးတောင်ကြားတွေမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲပစ်နိုင်လောက်တဲ့ နတ်ဆေးပင်တွေ ရှိတယ်”
ထိုစကားအား ကြားသောအခါ ကုအန်မျက်လုံးများ အရောင်တောက်သွားပြီး ထိုဆေးတောင်ကြားများအကြောင်းကို သူအသေးစိတ် ထပ်သိချင်သွားမိသည်။
သို့သော် လီယမှာလည်း ထိုဆေးတောင်ကြားများရှိမှန်းကိုသာ သိခြင်းဖြစ်ပြီး ဆေးတောင်ကြားများအကြောင်း အသေးစိတ်တော့မသိခဲ့ပေ။
ဆွေးနွေးပြောဆိုကြပြီးသည့်နောက်တွင်တော့ သူတို့သုံးယောက်လုံး သက်ဆိုင်ရာအခန်းများဆီသို့ ပြန်ခဲ့ကြ၏။
ကုအန် စိတ်ဝိညဉ်ကြွက်ဖြူလေးအား ထွက်မပြေးစေရန် ကြိုးဖြင့်ချည်ထားလိုက်သည်။
ထို့နောက် ကုအန်ကုတင်ပေါ်တွင် ခြေခွင်ချိတ်ထိုင်လိုက်ပြီး ကြွက်ဖြူလေးအား သူ့ပေါင်ပေါ်တင်ကာ စတင်ကျင့်ကြံတော့သည်။
ကုအန် သူ့သက်တမ်းအား တိုးမြှင့်ပေးနိုင်မည်ဖြစ်သော နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ်အား ကျင့်ကြံလိုက်၏။ အခြားကျင့်စဉ်တွေ ကျင့်မည့်အစား သူ့သက်တမ်းအား ရိုးရိုးရှင်းရှင်းတိုးမြှင့်ပေးနိုင်သော နတ်နဂါးခွန်အား ရှေးဟောင်းကျင့်စဉ်ကိုသာ သူစိတ်၀င်စားပေသည်။
ညအချိန်ရောက်လာသောအခါ ဆေးတောင်ကြားမှာ အရင်ကထက်ပင် ပိုမိုတိတ်ဆိတ်နေ၏။
ကုအန် ထက်မြက်လှသော သူ့အာရုံကြောင့် ကျန်း၁၀၀အကွာရှိ ချန်းရွှမ်တန်နှင့် ချူကျင့်ဖုန်းတို့ စကားပြောနေသာ အသံများကို ကြားနေရလေသည်။ ချန်းရွှမ်တန်သည် ချူကျင့်ဖုန်းကို အလွန်ပင်လေးလေးစားစား ဆက်ဆံနေလေရာ ချူကျင့်ဖုန်းသည် သာမန်အတွင်းစည်းဂိုဏ်းသားတစ်ယောက်ထက်ပိုသော သူတစ်ယောက်ဖြစ်သည်ကို ညွှန်ပြနေလေသည်။
သူတို့စကားဝိုင်းမှတစ်ဆင့် ကုအန် မိစ္ဆာ၏ နာမည်အား သိခဲ့ရ၏။
လောဘမိစ္ဆာ!
ချူကျင့်ဖုန်းသည် လောဘမိစ္ဆာအား အထင်အမြင်သေးနေခဲ့သည်။ သူဧ။် ယုံကြည်ချက်ရှိသော လေသံသည် ချန်းရွှမ်တန်ကိုပင် စိတ်အေးသွားစေခဲ့ပြီး ကုအန်လည်း ချူကျင့်ဖုန်း၏ နှလုံးခုန်သံသည်ပင် ပုံမှန်အတိုင်းရှိနေသည်ကို ခံစားနေရသည်။
“လောဘမိစ္ဆာ….”
ကုအန် မျက်လုံးများ သံသယကြောင့် တဖြတ်ဖြတ်လှုပ်ခါသွားပြီး သူ့ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် လောဘမိစ္ဆာအား ချေမှုန်းနိုင်ခြင်းရှိမရှိကို တွေးနေမိ၏။
သူအမွေဆက်ခံခဲ့သော မှတ်ညဏ်များအရ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်သည် မိစ္ဆာများကို ဖိနှိပ်နိုင်ပြီး အမြစ်ပြတ်ချေမှုန်းပစ်နိုင်သည်ဟု ဆိုပေသည်။
သို့သော် အကယ်၍များ ချူကျင့်ဖုန်း ထိုမိစ္ဆာကိုမနိုင်လျှင် ဖြစ်လာနိုင်သော အဆိုးဆုံးအခြေအနေများအထိပါ ကုအန် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။
သူသည် သူ့သက်တမ်းကို ရှည်လာအောင်ဆွဲဆန့်နိုင်သော်လည်း သူ့အသက်မှာတော့ တစ်ချောင်းတည်းသာ ဖြစ်၏။
ထိုအသက်လေးတစ်ချောင်းအား သူအလောင်းအစားမလုပ်လိုပေ။
ထိုညတွင် ဆေးတောင်ကြားရှိ လူတိုင်း၏ အသက်ရှူသံများသည် စိတ်ခံစားချက်များကြောင့် မတည်မငြိမ် ဖြစ်နေခဲ့ကြသည်။ ထိုအချက်အား သိရှိနေသော ကုအန်မှာ ပို၍ပင် ကြောက်ရွံ့နေခဲ့၏။
ထိုညက အာရုံတက်အချိန်သို့ ရောက်သောအခါမှပင် ကုအန် အိပ်ပျော်သွားခဲ့သည်။
နောက်ငါးရက်အထိပင် လောဘမိစ္ဆာမှာ ရောက်မလာသေးလေရာ ကုအန်နှလုံးသားထဲရှိ အကြောက်တရားများ တဖြည်းဖြည်းပြေလျော့လာခဲ့၏။
ခြောက်ရက်မြောက်နေ့….
အရင်နေ့များကဲ့သို့ပင် ညအမှောင်သည် တစ်နေ့တာအား စတင်ကျူးကျော်လာခဲ့ရာ ကုအန် အနားယူရန် သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။ သူသည် ဤကမ္ဘာကြီးအကြောင်း ပိုမိုသိရှိလာစေရန် စာကြည့်တိုက်ထဲမှ ခရီးသွားမှတ်တမ်း စာအုပ်လေးအုပ်ကိုလည်း ယူလာခဲ့၏။
ကြွက်ဖြူလေးသည် ကုတင်အောက်မှ တိုးထွက်လာခဲ့ပြီး
စားပွဲပေါ်သို့ ခုန်တက်လာခဲ့သည်။ ထိုကောင်လေးသည် ကုအန် နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ် ကျင့်နေသည်ကို တွေ့ပြီးကတည်းက သူ့အား ကြိုးဖြင့် မချည်ထားလျှင်ပင် ကုအန်ဆီမှ ထွက်မပြေးတော့ချေ။
ကုအန် ခုံပေါ်တွင် ထိုင်ချလိုက်ပြီး ကြွက်ဖြူလေးအား အနည်းငယ်စနောက်လိုက်ကာ “အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်း” ဟူသော စာအုပ်အား ဖွင့်ဖတ်လိုက်၏။
ပြတင်းပေါက်အား တစ်၀က်ဖွင့်ထားသောကြောင့် အပြင်မှလေပြည်အေးများသည် အခန်းထဲသို့၀င်လာကာ မီးအိမ်ကိုဝေ့ယမ်းတိုက်ခတ်သွားသောကြောင့် စားပွဲပေါ်တွင် တစ်ခါတစ်ခါ အပျင်းကြောဆွဲနေတတ်သော ကြွက်ဖြူလေး၏ အရိပ်မှာ လှုပ်ယမ်းနေလေသည်။
ဤခရီးသွားမှတ်တမ်းသည် အတော်လေးစိတ်၀င်စားစရာကောင်းသည်ကို ကုအန် သိရှိသွား၏။
ထိုစာအုပ်သည် အစိမ်းရောင်သူရဲကောင်း ကမ္ဘာကြီးပေါ်တွင် တောင်မှမြောက်လှည့်လည်သွားလာကာ မိစ္ဆာများကိုရှင်းလင်းသတ်ဖြတ်ရင်း ကြုံခဲ့ရသော ယောင်္ကျား မိန်းမများ အကြောင်းဖြစ်ပြီး သူကြုံတွေ့ခဲ့ရသော အချစ်ဇာတ်လမ်းလေးအချို့ပင် ပါနေသေးသည်။
ကုအန် စာအုပ်အား ညဉ့်နက်ချိန်ထိ ဖတ်ရှုနေရင်း တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရ၏။
ဘာကြောင့် အစိမ်းရောင်သူရဲကောင်းကြုံခဲ့ရသမျှ မိန်းမတိုင်းသည် သူ့ကို ကြိုက်နေရသနည်း။ သူသည် မိန်းမများနှင့် ပတ်သက်လျှင် အမြဲတွန့်ဆုတ်နေခဲ့ပြီး မိန်းမများအား ခွာလိုက် ကပ်လိုက်အထာများ လုပ်နေခဲ့သည်။
ဒီစာအုပ်ကို ရေးခဲ့တာက စာပေပညာရှိကြီးတွေတော့ မဖြစ်နိုင်ဘူးမလား။
ကုအန် စာရေးဆရာအား အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း စာအုပ်ကိုတော့ စိတ်၀င်တစားဆက်လက်ဖတ်ရှုနေခဲ့၏။
ဝှစ်…..
ပြတင်းပေါက်မှ လေအေးတစ်ချက် တိုက်ခတ်သွားလေရာ ကုအန်ကဲ့သို့ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်အား ကျင့်ကြံထားသူပင် ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းများ ထသွားခဲ့လေသည်။ ထို့နောက် ကုအန် ပြတင်းပေါက်အားပိတ်ရန် ပြတင်းပေါက်ဆီသို့ သွားလိုက်၏။
ပြတင်းပေါက်ဆီ မရောက်ခင်တွင် ရုတ်တရက်ကုအန် အဝေးမှ အသံတစ်သံအား ကြားလိုက်မိသည်။ ထို့ကြောင့် သူရပ်လိုက်ကာ သေချာဂရုစိုက်နားထောင်လိုက်၏။
“မိစ္ဆာကောင် မင်းရဲ့သေမင်းနဲ့လာတွေ့လိုက်တော့”
ချူကျင့်ဖုန်း၏ အော်သံမှာ ကုအန်ဆံပင်များအား ထောင်ထသွားစေခဲ့သည်။
လောဘမိစ္ဆာ ရောက်လာပြီလော။
သို့သော် ချူကျင့်ဖုန်းမှာ ကြောက်လန့်နေပုံမပေါ်ဘဲ စိတ်ပင်လှုပ်ရှားနေပုံပေါ်နေသေး၏။
“အားးးးးး…”
ကုအန် စိတ်အေးသွားစဉ်မှာပင် ချူကျင့်ဖုန်းအော်သံအား ကြားလိုက်ရသောကြောင့် ပြတင်းတံခါးအား အမြန်ပိတ်ကာ ဆီမီးအိမ်ကို ငြှိမ်းလိုက်လေသည်။
ကုအန် အခန်းထောင့်သို့ ရောက်သည်အထိ နောက်ဆုတ်သွားမိ၏။ ထိုအချိန်တွင် ကြွက်ဖြူလေးမှာ တစ်စုံတစ်ခုကို အာရုံခံမိပုံဖြင့် သူ့လက်မောင်းထဲသို့ ခုန်၀င်လာခဲ့သည်။
ထိုကောင်လေးမှာလည်း တစ်ကိုယ်လုံးတုန်ရီကာ ကြောက်လန့်နေ၏။
သူ၏ တုန်ရီနေမှုမှာ ကုအန်အား ပိုမိုကြောက်လန့်သွားစေလေသည်။
“ချူကျင့်ဖုန်း မင်းသတ္တိကို ခဏသိမ်းထားလိုက်တာပို ကောင်းတယ် ငါ့ဘေးအခန်းက လီယက သာမန်မဟုတ်တဲ့ စိတ်ဝိညဉ်စွမ်းအင်ေတွရှိတဲ့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ ၀တ္ထုဇာတ်လိုက်ကွ သူကဒီနတ်ဆိုးကို အနိုင်ယူပြီး ကြီးကျယ်ခမ်းနားတဲ့ အဆင့်ထိရောက်အောင် တက်သွားလိမ့်မယ်…”
ကုအန် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ကာ သူ့လက်သီးကိုတင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့ကိုယ်ထဲရှိ နတ်နဂါးခွန်အားကိုလည်း အသင့်ပြင်ထားလိုက်သည်။
မကြာခင်တွင် သူ့ဘေးခန်းမှ တံခါးပွင့်သွားသံ ကြားလိုက်ရပြီး လီယတစ်ယောက် ချူကျင့်ဖုန်းအား ကူညီရန် သူ့ဓားအားဆွဲထုတ်၍ ထွက်သွားလေ၏။
မုန့်လန်မှာမူ ကုအန်ထက်ပင် အခြေအနေဆိုးနေသေးသည်။ သူသည် ကုတင်အောက်တွင်ပင် ၀င်ပုန်းနေလေရာ ကုအန်ထိုကောင်အား အော်ပင်ဆဲချင်မိသွားသည်။
ထိုဘာမဟုတ်သည့်ကောင်သည် သူ့ရှေ့ရောက်လျှင် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အမြဲပြုမူနေတတ်သော်လည်း အမှန်တကယ် အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ သူရဲဘောကြောင်လွန်းလှ၏။
ထိုသို့တွေးနေရင်း ယခုအချိန်တွင် အချိန်တစ်စက္ကန့်ကုန်ရန်မှာပင် အလွန်ခက်ခဲနေသည်ဟု ကုအန် ခံစားနေရသည်။
သူ့အာရုံထဲတွင် ချူကျင့်ဖုန်း၏ အသက်ရှူသံ ပျောက်ကွယ်သွားခဲ့ပြီး ထိုကောင်သေလားရှင်လား သူမသိတော့ပေ။
“မိစ္ဆာကောင် မင်းလျှာကို ရပ်လိုက်စမ်း”
လီယအသံကို ကြားသောအခါမှသာ ကုအန်စိတ်အေးသွားမိ၏။
မိစ္ဆာကောင်သည် သူတို့အား စားရန် ကြံစည်နေခြင်းလော။
ထို့နောက် လီယလဲကျသွားသော အသံအား ကြားလိုက်ရပြီး လီယအသံမှာလည်း တိတ်ဆိတ်သွားလေတော့သည်။
“ပြီးသွားပြီလား ဒီကောင်ကဒီလောက်တောင် အသုံးမကျတဲ့ကောင်လားဟ”
ကုအန် နှလုံးခုန်သံများ စစ်ဗုံတစ်လုံးကဲ့သို့ တဒုန်းဒုန်းခုန်လာပြီး သူစိတ်မအေးနိုင်တော့ပေ။
ချန်းရွှမ်တန် နှင့် ကျန်းချွမ်းချူ မှာမူ သူတို့အခန်းထဲတွင် ပုန်းအောင်းနေကြပြီး အပြင်ကကိစ္စများကို ဂရုမစိုက်နိုင်ရုံသာမက အခန်းထဲမှပင် မထွက်ရဲကြပေ။ သူတို့သည် “ဆရာတူတပည့်”ဟူသော စကားနှင့် အလွန်ပင် ကိုက်ညီလှသည်။
အခန်းအပြင်တွင် တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေခဲ့ပြီး ကုအန် သူ၏ ထက်ရှသော အာရုံဖြင့်ပင် လောဘမိစ္ဆာ၏ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ အာရုံမခံမိတော့ချေ။