← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အပိုင်း (၉)

အကြီးဆုံးတပည့်ဘ၀

သူ့အား စိတ်ပူနေသော ကုအန်၏ အမူအရာအား ကြည့်ပြီး ကျန်းချွမ်းချူ ရင်ထဲထိသွားရသည်။

သူ့အတွက် ဤတောင်ကြားအားခွဲခွာရာတွင် အနာကျင်ရဆုံးကိစ္စမှာ သူ့ဆရာသခင်နှင့်ခွဲရ၍တောင်မဟုတ်ဘဲ ဤဂျူနီယာညီလေးကို ထားခဲ့ရခြင်း ဖြစ်၏။

သူသည် အလွန်နာခံတတ်ပြီး အလွန်လည်း ရိုးသားလှသည်။

ကျန်းချွမ်းချူမှာလည်း လီယလိုပင် သူထွက်သွားသောအခါ ကုအန် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေသူ ဖြစ်၏။

“ငါဒီဆေးတောင်ကြားမှာနေလာခဲ့တာ နှစ် ၄၀ တောင်ရှိခဲ့ပြီလေ ငါ့ရဲ့ကျင့်ကြံခြင်းပါရမီကလည်း သာမန်အဆင့်ပဲရှိတော့ ဒီတစ်သက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့မဖြစ်နိုင်တော့ဘူး အဲ့တာကြောင့် ဒီမှာအချိန်ဖြုန်းနေမယ့်အစား ငါ့ရဲ့လက်ကျန်ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲ ဆုံးဖြတ်လိုက်ပြီ ဂျူနီယာညီလေးကု အစ်ကိုကြီးတာ၀န်ကို မင်းပဲယူထားလိုက်ပါ မုန့်လန်ဆိုတဲ့ ကလေးက အပျော်အပါးမက်တယ် သူဒီတာ၀န်ကို ယူနိုင်မှာမဟုတ်ဘူး” ကျန်းချွမ်းချူ ကုအန်ပုခုံးအား ပုတ်လိုက်ရင်း ပြောလိုက်သည်။

ကုအန် တွန့်ဆုတ်နေခဲ့ပြီး “ဒါပေမယ့် အစ်ကိုကြီးမရှိရင် ကျွန်တော်ကြောက်မိတာက….”

ချန်းရွှမ်တန် ၀င်ပြောလိုက်သည်။ “တကယ်လို့ မင်းမယူရဲဘူးဆိုရင်လည်း မုန့်လန်ကိုပဲ…..”

“ကျွန်တော်ယူရဲပါတယ်” ကုအန် အမြန်၀င်ဖြတ်ပြောလိုက်၏။

ကုအန်အား နှစ်သိမ့်ရန်ပြင်နေသော ကျန်းချွမ်းချူ ဆွံ့အသွားခဲ့သည်။

ချန်းရွှမ်တန်မှာတော့ ကုအန်အား စိုက်ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။

ကုအန်လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်ကအစ်ကိုကြီးရဲ့ ဆန္ဒကို အချည်းနှီးမဖြစ်စေချင်လို့ပါ ကောင်းပြီတကယ်တော့ မုန့်လန်အစ်ကိုကြီးဖြစ်လာရင် ကျွန်တော့်ကိုနေ့တိုင်းအမိန့်လိုက်ပေးနေမှာလည်း ကြောက်တယ်”

ကုအန်စကားအား ကြားလိုက်သောအခါ ကျန်းချွမ်းချူ အော်မရယ်ဘဲ မနေနိုင်ခဲ့ပေ။

လေထုမှာ ပြေလျော့သွားခဲ့ပြီး ကျန်းချွမ်းချူ ငြိမ်ငြိမ်ကလေးနားထောင်နေသော ကုအန်အား ဩဝါဒများ ပေးနေခဲ့လေသည်။

စကားအနည်းငယ်ပြောပြီးသောအခါ ကျန်းချွမ်းချူ ချန်းရွှမ်တန်အား သုံးကြိမ်ကန်တော့ပြီးသည့်နောက် ကုအန်ကို ချန်းရွှမ်းတန်ဆီအပ်ထားခဲ့ကာ ထွက်ခွာသွားခဲ့၏။

“မင်းမြင်တယ်မလား ဘယ်သူမှဆေးတောင်ကြားမှာ တစ်သက်လုံးမနေချင်ကြဘူး မင်းလည်းဆေးတောင်ကြားမှာ အချိန်မဖြုန်းချင်ဘူးဆိုရင် စောစောပြောလို့ရတယ် မင်းဆရာကမင်းကိုကူညီပေးမယ်” ချန်းရွှမ်တန် ပြောလိုက်သည်။

ကုအန် အမြန်ပြန်ပြောလိုက်၏။ “ဒီတပည့်က ဆေးတောင်ကြားမှာ တစ်သက်လုံးနေဖို့ဆန္ဒ ရှိပါတယ်”

“အလောတကြီးမဖြေနဲ့ တစ်သက်လုံး‌ေနဖို့ဆိုတာ တကယ်ခက်ခဲတဲ့အရာပဲ”

“ဆရာ ဒီတပည့် မလိမ်ရဲပါဘူး ကျွန်တော်တကယ်ပဲဒီနေရာမှာ တစ်သက်လုံးနေချင်တာပါ အခြားသူတွေရဲ့မျက်လုံး‌ထဲမှာ ဆေးတောင်ကြားကအလုပ်တွေက ညစ်ပတ်ပြီး ပင်ပန်းစရာတွေလို့ ထင်ကြပေမယ့် ကျွန်တော့်အတွက်တော့ ဒီမှာနေရတဲ့နေ့ရက်တွေက သက်တောင့်သက်သာအဖြစ်ဆုံး နေ့ရက်တွေပါပဲ ဆရာကလည်း ကျွန်တော့်ကိုဂရုစိုက်ပြီး အခြားညီအစ်ကိုတွေကလည်း ကျွန်တော့်အပေါ်ကြင်နာကြပါတယ် အဲ့တာကြောင့် ကျွန်တော်တကယ်ပဲ ဆေးတောင်ကြားမှာတစ်သက်လုံး နေသွားချင်ပါတယ်” ယခုကဲ့သို့သော အချိန်မျိုးတွင် သူ့ခံစားချက်ကို ထုတ်ပြဖို့ လိုလေရာ ကုအန်အရိုးသားဆုံး ပြောလိုက်သည်။

ချန်းရွှမ်တန် ထပ်ပြောလိုက်၏။ “မင်းမှာ နောက်ခံတစ်ခုခုတော့ရှ်ိရမယ် မင်းလောဘမိစ္ဆာလက်ထဲက လွတ်လာတာ တိုက်ဆိုင်မှုသက်သက်တော့မဖြစ်နိုင်ဘူး နောက်ပြီး မနေ့ညက စိတ်ဝိညဉ်စွမ်းအင်အတက်အကျတွေကလည်း မင်းခြံ၀န်းဘက်ကထွက်လာတာ”

ကုအန် စိတ်ညစ်လာခဲ့ပြီး ပြန်ဖြေလိုက်သည် “ဆရာ ကျွန်တော့်မှာ တကယ်ပဲ ဘာနောက်ခံမှ မရှ်ိပါဘူး ကျွန်တော့်မှာရှိတဲ့ တစ်ခုတည်းသော နောက်ခံက ကျိမိသားစုက ကျိရှောင်ယုပါ ဒါပေမယ့် ကျွန်တော်ကသူ့ရဲ့ အစေခံလေးတစ်ယောက်သက်သက်ပါပဲ”

“ကျိမိသားစုလား”

ချန်းရွှမ်တန် အံ့ဩသင့်သွားပြီး ကုအန်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလေသည်။ ကုအန် သူ့ထံတွင် ထိုကဲ့သို့သော အမူအရာမျိုးကို အခုမှသာမြင်ဖူးခြင်း ဖြစ်၏။

သူ့ဆရာ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု ဒေါသ နှင့် ကြောက်ရွံ့မှုများ ရောပြွန်းနေပြီး အတော်လေးကြောက်စရာကောင်းနေခဲ့သည်။

သေလိုက်ပါတော့!

ဒီအဖိုးကြီးက ကျိမိသားစုနဲ့ ရန်ငြှိုးရှ်ိနေတာလားဟ!

ကုအန် သူစကားပြောလွန်သွားပြီဟု ခံစားလိုက်ရဧ။။်

“ဒီတော့ ဒါကဒီလိုကိုး အခုကစပြီးမင်းကဆေးတောင်ကြားရဲ့ တပည့်ခေါင်းဆောင်ပဲကွာ” ချန်းရွှမ်းတန်ပြောလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေတော့သည်။

ဘယ်လိုအလှည့်အပြောင်းမျိုးလဲ!

ကုအန်လည်း အခုမှ သက်ပြင်းချလိုက်နိုင်သည်။ ချန်းရွှမ်တန်သူ့အား ထိုရာထူးကို ရိုးရိုးသားသားပေးခြင်းဖြစ်စေ မရိုးမသားဖြင့်ပေးခြင်းဖြစ်စေ သူကတော့ထိုရာထူးကို ယူကိုယူရပေလိမ့်မည်။

အကယ်၍ ချန်းရွှမ်တန်သည် သူ့အပေါ်မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဆိုလျှင်တောင် သူသည် လောကကြီးတွင် ကြာကြာနေရတော့မည့်လူ မဟုတ်ပေ။

ချန်းရွှမ်တန် သူ့အား မကောင်းကြံမည်ကိုလည်း ကုအန် မကြောက်ရွံ့ပေ။ ချန်းရွှမ်တန်သည် လောဘမိစ္ဆာကဲ့သို့ပင် ကုအန်၏ ရိုက်ချက်များအား ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဒီတပည့်က ဆရာ့ကိုစိတ်မပျက်စေရပါဘူး” ကုအန် အမြန်ကတိပေးလိုက်သည်။

ချန်းရွှမ်တန် လက်ကာပြလိုက်ကာ “မုန့်လန်နှင့် ရှောင်ချွမ်ကို သွားခေါ်လာခဲ့”

စကားဆုံးသည်နှင့် ကုအန်ခါးညွတ်အရိုအသေပေးလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

မိနစ် ၃၀ ကြာပြီးနောက်

ကုအန် မုန့်လန်နှင့် ရှောင်ချွမ်တို့သုံးယောက်လုံး ချန်းရွှမ်တန်အိမ်ဆီမှ ပြန်လာခဲ့ကြပြီး ရှောင်ချွမ်မှာ အလွန်စိတ်လှုပ်ရှားနေခဲ့ကာ ကုအန်အား အစ်ကိုကြီး ဟု ခဏခဏခေါ်နေခဲ့၏။

တစ်ဖက်တွင်တော့ မုန့်လန်တစ်ယောက် ဒေါသထွက်နေပြီး အထွန့်တက်လိုက်သည်။ “ဘာလို့မင်းက အစ်ကိုကြီးဖြစ်သွားတာလဲ ဘာလို့ငါမဟုတ်ရတာလဲ ငါ့ကျင့်ကြံခြင်းကမင်းထက် မြင့်တယ်လေ ငါ့နောက်ခံကလည်းအသာကြီးဟာကို”

ကုအန် သူ့စကားကြောင့်ဒေါသထွက်မသွားဘဲ ပြုံးပြီးသာ ပြောလိုက်သည်။ “မုန့်လန် အစ်ကိုကြီးတစ်ယောက်ဖြစ်ရတာ မလွယ်ဘူးလေ မင်းအဲ့ဒီရာထူးကိုယူလိုက်တာနဲ့ အဲ့တာကတစ်သက်လုံးအတွက်ပဲ ဆရာက မင်းမှာအမတကျင့်ကြံခြင်းလမ်းစဥ်ကို ဆက်လျှောက်ချင်တဲ့ ဆန္ဒရှိတာကို သတိထားမိလို့ ဒီတာ၀န်ငါ့ကို ပေးလိုက်တာပါ”

“တကယ်ကြီးလား” မုန့်လန် ဒေါသများပြေလျော့သွားခဲ့သည်။

“ဒါပေါ့ မင်းငါတို့အစ်ကိုကြီးကိုပဲကြည့် သူဆိုဒီမှာနှစ် ၄၀လောက် နေသွားခဲ့တာ နှစ် ၄၀ ဆိုတာ ဘ၀တစ်သက်လုံးနဲ့ယှဉ်ရင် ဘယ်လောက်များလိုက်လဲ”

မုန့်လန်ငြိမ်သက်သွားခဲ့ကာ ကုအန်အား ကရုဏာသက်နေသော မျက်၀န်းများဖြင့် ကြည့်နေမိသည်။

ထို့နောက် ကုအန်ပုခုံးအား ပုတ်လိုက်ပြီး ပြောလိုက်၏။ “ကုအန် မင်းတော့မှားသွားပြီ”

ရှောင်ချွမ်လည်း တိတ်ဆိတ်သွားခဲ့၏။

သူ့တွင်လည်း အမတလမ်းစဉ်ကိုဆက်လျှောက်လိုသော အိပ်မက်ရှိနေလေရာ ဒီနေရာတွင်သာ တစ်သက်လုံးမနေလိုပေ။

ကုအန် အပေါ်ယံတွင် အတွေးလွန်နေသောပုံ ဟန်ဆောင်နေလိုက်ပြီး အတွင်းထဲတွင်တော့ ကြိတ်ရယ်နေမိသည်။

မုန့်လန်ကို အရူးလုပ်ရသည်မှာ အမှန်တကယ်ပင် လွယ်ကူလှ၏။

ဤသို့ဖြင့် ကုအန်၏ တပည့်ခေါင်းဆောင်အစ်ကိုကြီးဘ၀ စတင်ခဲ့လေသည်။

ချန်းရွှမ်တန်သည် သူ့အား တောင်ကြားထဲရှိ ကိစ္စအ၀၀ကို လုပ်ပိုင်ခွင့်အပြည့်ပေးထားသောကြောင့် ကုအန် ဆေးပင်များနှင့်ပတ်သက်ပြီး မုန့်လန်နှင့် ရှောင်ချွမ်ကိုသာ အကုန်ခိုင်းပြီး ဆေးပင်ရိတ်သိမ်းခြင်းကိုသာ သူကလုပ်တော့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မုန့်လန်မကျေနပ်သော်လည်း ဘာမှတော့ အထွန့်မတက်ခဲ့ပေ။

ရိတ်သိမ်းခြင်းဟူသော အလုပ်မှာလည်း ရှားရှားပါးပါးလုပ်ရသော အလုပ်ဖြစ်လေရာ ကုအန်သူ့အားလပ်ချိန်များတွင် ကျင့်ကြံ၍သာနေခဲ့၏။

သုံးလကြာပြီးသည့်နောက်တွင် ကုအန်ကျင့်ကြံခြင်းသည် လျှို့ဝှက်စွာဖြင့် စွမ်းအင်စုပ်ယူခြင်း အဆင့် ၅ သို့ပင် ရောက်ရှိလာခဲ့သည်။

ထိုသို့ရောက်ရှိခဲ့သော်လည်း ကုအန် ဤ၃လအတွင်း မုန့်လန်လောက်ပင် မကျင့်ကြံခဲ့ပေ။ သူ့အားလပ်ချိန်များ၌ စာဖတ်ခြင်းကိုလည်း အချိန်ပေးခဲ့၏။

ဆေးတောင်ကြားတစ်ခုလုံးအား မေပယ်ရွက်များဖြင့် ဖုံးလွှမ်းနေပြီး ဘေးပတ်၀န်းကျင်ရှိ တောင်များပေါ်တွင်လည်း မေပယ်ပင်များဖြင့်သာ ဖုံးလွှမ်းနေလေရာ စိတ်အားငယ်ချင်စရာ ခံစားချက်ကို ပေးနေလေသည်။

ကုအန် ဆေးဥယျဉ်ခြံစည်းရိုးရှေ့တွင် ရပ်နေပြီး ရင့်မှည့်ခါနီးပြီဖြစ်သော အဆင့် ၃ ဆေးပင်များအား ကြည့်နေရင်း လက်ထဲတွင်လည်း ကြွက်ဖြူလေးအား မြတ်နိုးစွာ ကိုင်ထားခဲ့၏။

ထို့နောက် သူအသံတစ်ခုကြားလိုက်၍ နောက်သို့လှည့်ကြည့်လိုက်ရာ တောင်ကြား၀င်ပေါက်မှ ၀င်လာသော ချန်းရွှမ်တန်အား တွေ့လိုက်ရသည်။ သူ့နောက်တွင်လည်း ၁၄ နှစ် ၁၅နှစ် အရွယ် ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်ပါလာခဲ့သည်။

ကုအန် အလိုလိုပင် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အား ဖွင့်လိုက်မိ၏။

[ရီလန် (စွမ်းအင်စုပ်ယူခြင်း အဆင့်၁) : ၁၄/၁၁၀/၁၃၀]

[လုကျိကျား(စွမ်းအင်စုပ်ယူခြင်းအဆင့် ၂): ၁၅/၁၄၀/၁၉၀]

ကောင်းလိုက်တာ!

တပည့်အသစ်နှစ်ယောက် ထပ်ရောက်လာပြီပဲ!

ကုအန်နှုတ်ခမ်းထောင့်ချိုးများ တွန့်ကွေးသွားပြီး ချန်းရွှမ်တန်ဆီ အမြန်လျှောက်သွားလိုက်သည်။

ချန်းရွှမ်တန်ရှေ့ရောက်သောအခါ ကုအန် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်၏။

လုကျိကျားနှင့် ရီလန်တို့နှစ်ယောက် ကုအန်ကိုတွေ့သောအခါ စိတ်၀င်တစားကြည့်လိုက်မိကြသည်။ ကုအန်သည် ချောမောပြီး နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်နှင့် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်အား ကျင့်ကြံထားသောကြောင့် သူဆီမှ ထူးခြားသောအရှိန်အဝါတစ်ခုထွက်ပေါ်နေပြီး သူတို့အရင်က တွေ့ခဲ့ဖူးသော အဓိပတိဂိုဏ်းက ကျင့်ကြံသူများကို ပြန်သတိရသွားစေခဲ့သည်။

“အန်အာ ဒါကမင်းဂျူနီယာညီလေးနဲ့ ညီမလေးပဲ သူတို့ကိုနေရာစီစဉ်ပေးလိုက်” ချန်းရွှမ်တန် ပြောပြီး ထွက်သွားခဲ့၏။

အန်အာလား?

ကုအန် ဆံပင်မွှေးများပင် ထောင်ထချင်သွားသော်လည်းထွက်သွားသော ချန်းရွှမ်တန်ပုံရိပ်အား နောက်မှ အရိုအသေသာ ပေးခဲ့လိုက်သည်။

သူ ရီလန်နှင့် လုကျိကျားကို ကြည့်လိုက်သောအခါ ထိုနှစ်ယောက်မှာ သူ့အား တရိုတသေ ဦးညွှတ်နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရ၏။

ကောင်းတယ်!

ထိုနှစ်ယောက်သည် လီယနှင့် မုန့်လန်တို့နှစ်ယောက်ထက် ပိုယဉ်ကျေးသူများ ဖြစ်ကြသည်။ လီယနှင့်မုန့်လန်တို့တုန်းက ကျန်းချွမ်းချူအား ထိုမျှ မလေးစားခဲ့ကြပေ။

ကုအန် သူ့ဂျူနီယာလေးများအား ချက်ချင်းပင် နှစ်သက်သွားခဲ့သည်။ ထို့နောက် သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီး သူတို့နှစ်ယောက်စလုံးကိုလည်း မိတ်ဆက်ခိုင်းလိုက်၏။

လုကျိကျားသည် အသားမဲကာ စုတ်ပြဲနေသော အ၀တ်အစား၀တ်ဆင်ထားပြီး တောသားလယ်သမားကောင်လေးနှင့် တူသည်။

ရီလန်မှာမူ ပိန်ပါးသော်လည်း အကောင်းစားအ၀တ်အစားများအား ၀တ်ဆင်ထားပြီး သူ၏အသွင်အပြင်မှာ မဆိုးဘူးဟု သတ်မှတ်ရမည် ဖြစ်သည်။

“သွားကြစို့ ဒီမင်းတို့စီနီယာအစ်ကိုကြီးက မင်းတို့ကိုနေရမယ့်နေရာ လိုက်ပြမယ်” ကုအန်ပြုံး၍ ပြောလိုက်ပြီး သူ၏ဖော်ရွေသော အပြုအမူကြောင့် လုကျိကျားတို့နှစ်ယောက် ကြောက်ရွံ့နေမှုများ လျော့ပါးသွားခဲ့၏။

အိမ်ဆီသို့ သွားရာလမ်းတွင် ရီလန် စိတ်၀င်တစားဖြင့် တောင်ကြားထဲရှိလူများအကြောင်း မေးမြန်းနေခဲ့သည်။

ကုအန်မှာလည်း အမှန်အတိုင်းပင် ပြန်ဖြေပေးနေခဲ့၏။

ထို့နောက် ကုအန် မုန့်လန်နှင့်ရှောင်ချွမ်တို့အား သူတို့နှင့် တွေ့ဆုံပေးခဲ့သည်။

ကျန်းချွမ်းချူနှင့်မတူသည်မှာ ကုအန်သည် တောင်ကြားထဲရှိလူများအကြားရှိ ဆက်ဆံရေးကိုအမှန်တကယ်တိုးတက်စေလိုခြင်းဖြစ်၏။ နောက်ဆုံးတွင် သူသည်တောင်ကြားသခင်ဖြစ်လာမည် မဟုတ်ပါလား။

ရီလန်နှင့် လုကျိကျားတို့ရောက်ရှ်ိလာမှုသည် ကုအန်အား ကျူးမိုယန်နှင့် လောဘမိစ္ဆာပြဿနာအား ပြန်သတိရသွားစေခဲ့သည်။

သူ့ဂျူနီယာညီလေးနှင့်ညီမလေးတို့ အန္တရာယ်မဖြစ်စေရန် သူထိုပြဿနာအား မကြာခင် ရှင်းပစ်ရမည် ဖြစ်၏။

ကုအန်စိတ်ထဲတ္ငွင် ထိုကိစ္စအား မည်သို့ဖြေရှင်းရမည်ကို တွေးနေရင်း ဂျူနီယာလေးများအား ဆေးတောင်ကြားရှိ တာ၀န်များအကြောင်းကို သင်ကြားပေးနေခဲ့သည်။

ထိုညနေတွင်

ကုအန် သူ့အခန်းထဲပြန်လာပြီး ချူကျင့်ဖုန်းပေးထားသော စိတ်ဝိညဉ်ကျောက်တုံးအား စိတ်ဝိညဉ်စွမ်းအားထည့်သွင်းလိုက်ရာ ကျောက်တုံးသည် ပူလာခဲ့၏။

ဤအရာသည် ကုအန် အမတကျင့်ကြံခြင်းကမ္ဘာရှိ ထိုသို့သော ပစ္စည်းမျိုးကို ပထမဆုံးအကြိမ်အသုံးပြုဖူးခြင်း ဖြစ်သည်။ အရင်ကသူဒါမျိုးကို ၀တ္ထုများထဲ၌သာ ဖတ်ဖူးခြင်းဖြစ်၏။

အသက်ရှူကြိမ်အနည်းငယ်ကြာပြီးသည့်နောက် ကျောက်တုံးထဲမှ ချူကျင့်ဖုန်းအသံ ထွက်လာခဲ့သည်။

“ဘယ်သူလဲ”

ဝိုးး ဒီလို‌စိတ်ဝိညဉ်ကျောက်တုံးမျိုးကို မင်းလူဘယ်နှစ်ယောက်ကိုတောင် ပေးခဲ့တာလဲဟ။

ကုအန် ထိုသို့ပြောချင်စိတ်ကို မြိုသိပ်လိုက်ပြီး ပြောလိုက်သည်။ “စီနီယာ ကျွန်တော်ကဆေးတောင်ကြားက ကုအန်ပါ”

ချူကျင့်ဖုန်း တိတ်ဆိတ်နေ၏။

ကုအန် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသော်လည်း ခဏအကြာတွင် ချူကျင့်ဖုန်းဆီမှ အသံထွက်လာခဲ့သည်။ “မင်းမှာ လောဘမိစ္ဆာနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခုရှိလို့လား”

“ဟုတ်ပါတယ်”

ထို့နောက် ကုအန် သူမြင်ခဲ့သမျှ ကြားခဲ့သမျှအား ပြန်ပြောပြလိုက်သည်။

သူပြောပြီးသည့်နောက် ချူကျင့်ဖုန်း လေးနက်သွားပုံဖြင့် ပြန်မေးလိုက်၏။

“မင်းပြောနေတာ အမှန်တွေလား”

“အမှန်တွေပါ ကျွန်တော်နည်းနည်းတောင်ချဲ့ကားမပြောပါဘူး သူနေတဲ့နေရာက ကျွန်တော်တို့ဆေးတောင်ကြားနဲ့မဝေးပါဘူး ကျွန်တော်ကြောက်တာက သူကျွန်တော်တို့ကို အန္တရာယ်ပေးမှာကိုပါ” ကုအန် ပြောလိုက်သည်။

“ကောင်းပြီ ဒီကိစ္စကို ငါတာ၀န်ယူတယ် သူ့ဂူတည်နေရာကို ငါအပြင်စည်းဂိုဏ်းထဲမှာ ရှာလိုက်မယ် မင်းကိုထပ်ဒုက္ခမပေးတော့ဘူး”

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ တကယ်လို့ဒီကိစ္စသာ ချောချောမွေ့မွေ့ပြီးသွားခဲ့ရင် စီနီယာကျွန်တော့်ကို ဒီကိစ္စမှာပါ၀င်ခဲ့ကြောင်း မဖော်ပြဖို့ တောင်းဆိုချင်ပါတယ် ကျွန်တော်က သာမန်ပါရမီနဲ့အစေခံတပည့်တစ်ယောက်ပဲဆိုတော့ ဒုက္ခမရှာချင်ပါဘူး အေးအေးချမ်းချမ်းပဲ နေချင်လို့ပါ”

“ဟမ့် ငါသေချာကိုင်တွယ်လိုက်မှာပါ”

ထိုသို့ပြောပြီးနောက် ချူကျင့်ဖုန်းဘက်မှ အဆက်အသွယ်ဖြတ်သွားခဲ့သည်။

ကုအန် စိတ်ဝိညဉ်ကျောက်တုံးကို စားပွဲပေါ်တင်ထားလိုက်ပြီး ကျူးမိုယန်နှင့် ချူကျင့်ဖုန်းတို့အကြား သူ၏ဆက်သွယ်မှုကို သေချာပြန်တွေးလိုက်ပြီး ဘာမှအမှားအယွင်းမရှိစေရန် စစ်ဆေးလိုက်၏။

ဒီကိစ္စက ချောချောမွေ့‌မွေ့ပြီးသွားဖို့ မျှော်လင့်ပါတယ်!

ငါကအေးအေးချမ်းချမ်းလေးပဲ ဆေးပင်စိုက်နေချင်တာပါ!

တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းများနှင့်ယှဉ်လျှင် ကုအန်သည် အေးအေးဆေးဆေးသာ ဆေးပင်ခူးရင်း နေလိုသူ ဖြစ်ပေသည်။

……

ချူကျင့်ဖုန်းအား သတင်းပို့ပြီးသည့်နောက် ကုအန် သူ့ဂျူနီယာလေးများ အပြင်ထွက်မည်စိုး‌ေသာ‌ေကြာင့် တောင်ကြားအား နေ့တိုင်း ကင်းလှည့်နေခဲ့၏။

ဘာထူးခြားမှုမှ မရှိဘဲ သုံးရက်ကုန်ဆုံးသွားခဲ့သည်။

ထိုအရာသည် လေးရက်မြောက်ညအထိသာ ဖြစ်ပြီး ထိုညတွင် ကုအန် တောင်ကြားအပြင်ဘက်ရှိ စိတ်ဝိညဉ်စွမ်းအင် အတက်အကျများကို ခံစားလိုက်ရပြီး လက်နက်ခြင်းထိသံများကိုလည်း ကြားလိုက်ရ၏။

တိုက်ပွဲတစ်ခု ဖြစ်နေလေပြီ။

ကုအန် တောင်ကြားအစွန်ဆီသို့ ဖြည်းဖြည်းချင်း သွားခဲ့လိုက်သည်။ သူဒီနေရာတွင် ရပ်စောင့်၍ အပြင်မှ၀င်လာနိုင်သော မိစ္ဆာများ မကောင်းဆိုးဝါးများရန်မှ သူ့ဂျူနီယာလေးများကို ကာကွယ်ချင်ခြင်း ဖြစ်၏။

တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး ကုအန်တောင်ကြားအစွန်ဆီသို့ ရောက်သွားသောအခါတွင်ပင် တိုက်ပွဲမှာ မပြီးသေးပေ။

ရှေ့တွင် တောင်ထိပ်များစွာ ပိတ်ကာထားသောကြောင့် ကုအန် တိုက်ပွဲကိုမမြင်ရဘဲ အသံကိုနားစွန့်၍သာ တိုက်ပွဲအခြေအနေကို ခန့်မှန်းနေရလေသည်။

ရုတ်တရက်

ကုအန်တစ်ခုခုကို အာရုံခံမိ၍ ဆေးတောင်ကြားဘက်သို့ အမြန်လှည့်ကြည့်လိုက်၏။

သူ့အကြည့်သည် စေတီတစ်ဆူ၏ ပြတင်းပေါက်မှ သူ့အားလှမ်းကြည့်နေသော ချန်းရွှမ်တန် ထံရောက်သွားခဲ့သည်။

လရောင်သည်လည်း စေတီနက်ကြီးပေါ် ထိုးကျနေလေရာ ချန်းရွှမ်တန်ပုံစံသည် သရဲတစ်ကောင်နှင့်ပင် တူနေခဲ့ပြီး ကုအန်ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားခဲ့ရသည်။

မဖြစ်ဘူး!

သူငါ့ကိုမြင်သွားပြီ!

ကုအန် ကြက်သေသေသွားကာ ရုတ်တရက် ဘာလုပ်ရမှန်း မသိတော့ပေ။

သူတွန့်‌ဆုတ်နေချိန်မှာပဲ ချန်းရွှမ်တန် ပြတင်းတံခါးအား ဖြည်းဖြည်းချင်း ပိတ်ခဲ့လိုက်၏။ သို့သော်လည်း သူ၏အကြည့်စူးစူးကြီးမှာ ရောင်ခြည်တန်းကြီးနှစ်ခုကဲ့သို့ ကုအန်အား ဆောက်တည်ရာမရ ဖြစ်သွားစေခဲ့သည်။

ကုအန် ချန်းရွှမ်တန်အား မကြောက်ပါသော်လည်း ချန်းရွှမ်တန်သည် သူ့လျှို့ဝှက်ချက်များအား သိနေမည်ကိုတော့ ကြောက်ရွံ့နေခဲ့၏။

သို့သော် သေချာတွေးကြည့်ပြီးသည့်နောက် ထိုကိစ္စမှာ မဖြစ်နိုင်ဟု ကုအန်အဖြေထုတ်လိုက်သည်။ အကယ်၍ ချန်းရွှမ်တန်သာ လောဘမိစ္ဆာနောက်ကွယ်မှလူနှင့် ကြံရာပါဖြစ်ခဲ့ပါက အဘယ်ကြောင့် သူတို့ကိုကာကွယ်ရန် ချူကျင့်ဖုန်းကို ငှားရမ်းခဲ့ဦးမည်နည်း။

သူတို့လို အစေခံတပည့်လေးများအသတ်ခံရလျှင်ပင် တစ်ဖက်လူသည် ဂိုဏ်းဆီသို့ မည်သည့်အကြောင်းပြချက်မှ ပေးနေစရာ လိုမည်မဟုတ်ပေ။

အပိုင်း (၁၀)

ဆေးတာအို၊ ကျောက်စိမ်းတစ်ပြား ကတိတစ်ခု

ကုအန် ချန်းရွှမ်တန်ရည်ရွယ်ချက်အား ဆက်တွေးမနေတော့ဘဲ ရန်သူများ၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တောင်ကြားအပြင်ဘက်ကိုသာ အာရုံစိုက်နေလိုက်သည်။

ထိုနေရာ၌ သူတစ်ညလုံး ရပ်စောင့်နေခဲ့၏။

အာရုံတက်ချိန်ရောက်သောအခါမှသာ ကုအန်သူ့အခန်းထဲ ပြန်ခဲ့လိုက်သည်။

သူတိုက်ပွဲမြေပြင်အား တစ်ချက်သွားကြည့်ချင်ပါသော်လည်း ထောင်ချောက်များ ရှိနေမည်စိုးသောကြောင့် အိမ်သို့သာ ပြန်ခဲ့ခြင်း ဖြစ်၏။

လုကျိကျားနှင့်ရီလန်တို့ ရောက်လာခြင်းသည် တောင်ကြားကို ပိုအသက်၀င်သွားစေခဲ့ပြီး သူတို့နှင့်အတူ ရှောင်ချွမ်မှာပါ ပို၍ ပျော်ရွှင်လာခဲ့သည်။ ငယ်ရွယ်သူများ ဖြစ်ကြသောကြောင့် အင်ပြည့်အားပြည့် ဖြစ်နေကြလေရာ သာမန်အားဖြင့် တိတ်ဆိတ်နေတတ်သော ရှောင်ချွမ်ပါ သူတို့ကြောင့် ပိုပျော်ရွှင်လာခဲ့ရ၏။

ကုအန်တစ်ယောက် ေ‌ဆးဥယျာဉ်၏ ခြံစည်းရိုးတွင်မှီကာ လက်ထဲတွင် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကိုကိုင်၍ လေညှင်းခံနေခဲ့သည်။

သူ့အကြည့်သည်လည်း ချန်းရွှမ်တန် အိမ်ဆီသို့ မကြာခဏ ရောက်နေခဲ့၏။

မနေ့ညကကိစ္စနှင့်ပတ်သက်ပြီး သူချန်းရွှမ်တန်နှင့် စကားပြောလိုသော်လည်း လက်ရှိအခြေအနေလေးအား ဖျက်ဆီးမိသွားမှာကိုလည်း သူကြောက်ရွံ့နေသည်။

ထို့နောက် လုကျိကျား ကုအန်အနားသို့ကပ်လာခဲ့ပြီး မျှော်လင့်ချက်များ ပြည့်နေသော မျက်နှာဖြင့် မေးလိုက်၏။

“အစ်ကိုကြီး ကျွန်တော်စီနီယာအစ်ကိုမုန့်ဆီက ကြားခဲ့တာ အစ်ကိုကြီးက ခြေသိုင်းကစားတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆို ကျွန်တော့်ကိုသင်ပေးလို့ရမလား ကျွန်တော်အစ်ကိုကြီးရဲ့ ရိတ်သိမ်းတဲ့အလုပ်တွေ အကုန်လုပ်ပေးပါ့မယ်”

ကုအန် သူ့အားကြည့်လိုက်ကာ ပြုံးလိုက်ပြီး “ငါက ကျွမ်းကျင်တယ်လို့တော့ မပြောလိုပေမယ့် မင်းသင်ချင်ရင်တော့ သင်ပေးနိုင်တာပေါ့ကွ ရိတ်သိမ်းဖို့ကတော့ ဒီအစ်ကိုကြီးပဲလုပ်ပါမယ်ကွာ ငါလည်းအလုပ်နည်းနည်းလုပ်ဖို့တော့ လိုသေးတယ်လေ နောက်ပြီး ရိတ်သိမ်းရတာကိုလည်း သဘောကျလို့ပါ”

ထိုသို့ကြားလိုက်သောအခါ လုကျိကျား၏ ကုအန်အပေါ်လေးစားမှုများ ပိုတိုးသွားခဲ့သည်။

စီနီယာအစ်ကိုကြီးက တကယ့်ကို စစ်မှန်တဲ့လူကောင်းတစ်ယောက်ပဲ!

သူအတော်လေးစိတ်လှုပ်ရှားနေခဲ့၏။

ကုအန် ဖတ်လက်စစာအုပ်အား ရင်ဘတ်ကြားထဲ ထည့်ထားလိုက်ပြီး လုကျိကျားအား လေဟုန်ကြွင်းခြေထောက်သိုင်း စတင်သင်ကြားပေးတော့သည်။

သိပ်မကြာခင်တွင် ရီလန်နှင့် ရှောင်ချွမ်တို့လည်း ရောက်လာခဲ့ပြီး အတူသင်ယူခဲ့ကြ၏။ မုန့်လန်မှာမူ သူ့ကိုယ်သူ ကုအန်ထက် ပိုသန်မာသည်ဟု ခံယူထားသောကြောင့် ထိုသိုင်းအား စိတ်ဝင်စားကြောင်း၀န်ခံရမှာကို ရှက်ရွံ့နေခဲ့သည်။ ကုအန်၏ လေဟုန်ကြွင်း ခြေထောက်သိုင်းအကြောင်း လုကျိကျားအား ပြောပြလိုက်ခြင်းမှာလည်း ထိုကောင်လေး မကြာခဏ နားပူနားဆာလာလုပ်နေခြင်း ကြောင့်သာ ဖြစ်၏။

လေဟုန်ကြွင်းခြေထောက်သိုင်းသည် အလွန်ကြမ်းသော သိုင်းပညာတစ်ခုဖြစ်လေရာ ကုအန်သင်ကြားခြင်းအား ရပ်လိုက်သောအခါမှာပင် လုကျိကျားတို့သုံးယောက် မိန်းမောနေခြင်းမှ မနိုးထနိုင်ကြသေးပေ။

တစ်နာရီခန့်ကြာသောအခါ ကုအန် အဝေးမှခေါ်လိုက်သော အသံတစ်သံအား ကြားလိုက်ရသည်။

“အန်အာ လာခဲ့ဦး”

ကုအန် လှည့်ကြည့်လိုက်သောအခါ ပြတင်းပေါက်ဆီမှ သူ့အား လက်ပြခေါ်နေသော ချန်းရွှမ်တန်အား တွေ့လိုက်ရ၏။

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ!

ကုအန် ချန်းရွှမ်တန်အိမ်သို့ သွားလိုက်ပြီး ရှောင်ချွမ်တို့မှာတော့ ထိုအကြောင်းအများကြီးမတွေးကြဘဲ ခြေထောက်သိုင်းကိုသာ ဆက်လေ့ကျင့်နေခဲ့ကြသည်။

ကုအန် ချန်းရွှမ်တန်အခန်းထဲသို့ ရောက်သောအခါ တံခါးကိုပြန်ပိတ်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။

ချန်းရွှမ်တန်သည် ဆေးမီးဖိုရှေ့တွင် တင်ပလ္လင်ခွေထိုင်နေခဲ့ခြင်း ဖြစ်သည်။ ကုအန်အား သူ့ရှေ့ရှိ ဆေးမီးဖိုတစ်ဖက်ကို ညွှန်လိုက်ပြီး ပြောလိုက်၏။

“ထိုင်”

ကုအန်လည်း ရိုရိုသေသေထိုင်လိုက်ပြီး ပြောရမည့်စကားများကို စိတ်ထဲတွင် ဂရုတစိုက် ပြင်ဆင်ထားလိုက်သည်။

“မင်းချူကျင့်ဖုန်းကို ရှာခဲ့တာလား” ချန်းရွှမ်တန်၏ ပထမဆုံးမေးခွန်းမှာ ကုအန်၏အတွေးများအား ဖျက်ဆီးသွားခဲ့၏။

ဟုတ်ပြီ အဓိကအချက်ကိုရောက်လာပြီ!

ကုအန် သွယ်ဝိုက်မနေတော့ဘဲ ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ် သူကအရင်ကတည်းက လောဘမိစ္ဆာနဲ့ပတ်သက်တာ တစ်ခုခုတွေ့ရင် သူ့ကိုဆက်သွယ်ဖို့ ကျွန်တော့်ကို ချဉ်းကပ်ခဲ့တာပါ စီနီယာကျန်း ရှိစဉ်က ကျူးမိုယန်လို့ခေါ်တဲ့ အပြင်စည်းတပည့်တစ်ယောက်ရဲ့ဂူကို စီမံပေးဖို့ ကျွန်တော့်ကို အကြံပေးခဲ့ပါတယ် ကျူးမိုယန်ပြန်လာတော့ ကျွန်တော်သူဂူဆီသွားတဲ့အချိန်မှာ ဂူရဲ့ နွယ်ပင်တွေကြားထဲမှာ ရှိနေတဲ့ လောဘမိစ္ဆာကို မြင်ခဲ့ရတာပါ သူ့ဂူက ကျွန်တော်တို့နဲ့အရမ်းနီးလွန်းနေတော့ ကျွန်တော် ချူကျင့်ဖုန်းကို ရှာဖို့ ဆုံးဖြတ်လိုက်တာပါ”

ချန်းရွှမ်တန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “မင်းလုပ်ခဲ့တာ မှန်ပါတယ် ဒီကိစ္စကို ချူကျင့်ဖုန်းဆီပဲ ထားခဲ့ရမှာ ချူကျင့်ဖုန်းကသာမန်လူမဟုတ်ဘူး ပါရမီကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အပြင် သူ့နောက်ခံကလည်း မသေးဘူး အဲ့တာကြောင့် သူက အခြေခံတည်ဆောက်ခြင်းအဆင့်လောက်နဲ့ အတွင်းစည်းတပည့်ဖြစ်လာခဲ့တာပဲ”

ကြီးမားသော နောက်ခံလား။

သူ လောဘမိစ္ဆာအကြောင်းစုံစမ်းရဲခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

ကုအန် စိတ်ထဲတွင် ကြောက်လန့်သွားပြီး အကယ်၍ ချူကျင့်ဖုန်းသာ ထိုကိစ္စအား အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါက လောဘမိစ္ဆာနောက်ကွယ်ရှိ လူသည် သူ့အား ခြေရာခံမိသွားမည်ကို စိုးရိမ်သွားသည်။

“ချူကျင့်ဖုန်းက အရင်ကတည်းက လောဘမိစ္ဆာအကြောင်းလိုက်စုံစမ်းနေခဲ့တာ အဲ့တာကြောင့်လည်း ငါတို့တောင်ကြားကိုကာကွယ်ဖို့ တာ၀န်ကို လက်ခံခဲ့တာပဲ အဲ့ဒီကိစ္စက သူ့အဖေနဲ့ ဂိုဏ်းထဲက အကောင်ကြီးကြီးတစ်ကောင်ကြားက အာဏာပြိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရတယ် ဒါပေမယ့် ငါမရှင်းတာတစ်ခုက မင်းကျူးမိုယန်ဆီက ပြန်လာတာ အတော်ကြာပြီမလား ဘာလို့အခုမှ ချူကျင့်ဖုန်းကို ဆက်သွယ်ရတာလဲ” ချန်းရွှမ်တန် ကုအန်အား စိုက်ကြည့်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

ကုအန် အကူအညီမဲ့စွာ ပြန်ပြောလိုက်၏။ “ဆရာ ကျွန်တော့်ကို နားလည်သင့်ပါတယ် ကျွန်တော်က ဒုက္ခရှာပြီး အခြားသူတွေနဲ့ ပြဿနာဖြစ်ရတာမကြိုက်ဘူးလေ မုန့်လန်ကျွန်တော့်ကို တစ်ခုခုအမိန့်ပေးရင်တောင် ကျွန်တော်က ဘာမှပြန်မငြင်းဘဲ လုပ်ပေးလိုက်တာချည်းပါပဲ ပုံမှန်ဆို ဒီကိစ္စကိုလည်း ကျွန်တော်မမြင်ချင်ယောင်ဘဲ ဆောင်လိုက်မှာပါ ဒါပေမယ့် ဆရာက တောင်ကြားကို ဂျူနီယာညီလေးညီမလေးအသစ်တွေ ခေါ်လာတော့ သူတို့‌ေဘးကင်းဖို့အတွက် ကျွန်တော့်မှာ ချူကျင့်ဖုန်းကိုဆက်သွယ်ဖို့ကလွဲ ရွေးစရာမရှိတော့ဘူးလေ”

ချန်းရွှမ်တန် ကုအန်အား စိုက်ကြည့်လိုက်ကာ သူ့ရှေ့ရှိ ဆေးမီးဖိုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“မင်းကောင်းကောင်းလုပ်ခဲ့ပါတယ် အခုကစပြီးမင်းက ငါ့ရဲ့စစ်မှန်တဲ့ တပည့်တစ်ယောက်ပဲ ငါသိသမျှအကုန်လုံးကို မင်းကိုသင်ပေးမယ်”

“ဒီကိစ္စကိုတော့ ငါတို့နှစ်ယောက်လုံးမေ့လိုက်ကြတာပေါ့ ချူကျင့်ဖုန်းအဖေရော လောဘမိစ္ဆာနောက်ကပုဂ္ဂိုလ်ရောက ငါတို့စော်ကားလို့ရတဲ့လူတွေ မဟုတ်ဘူး”

ထိုစကားအားကြားလိုက်သောအခါ ကုအန် အံ့ဩသွားခဲ့သည်။ ချန်းရွှမ်တန်အား သေချာကြည့်လိုက်ပြီး သူသည် သူ့ဆရာအား အထင်မှားသွားခဲ့ပြီဟု ခံစားလိုက်ရ၏။

“ဆရာ!”

ကုအန် ရုတ်တရက် ထရပ်လိုက်ကာ ချန်းရွှမ်းတန်အား ဦးညွှတ်အရိုအသေ ပြုလိုက်လေတော့သည်။

ချန်းရွှမ်တန် ကုအန်အား ကြည့်နေရင်း သူ့မျက်နှာသည် အလွန်ငြင်သာနေပြီး ပုံမှန်မြင်နေကျ သူ့ပုံစံနှင့်ပင် ကွဲပြားနေခဲ့၏။

“အနာဂတ်မှာ မင်းသိချင်တာ သင်ချင်တာတစ်ခုခုရှိရင် ငါ့ဆီကိုလာခဲ့ပါ နှောင့်ယှက်တယ်လို့ မတွေးနဲ့ ငါ့မှာလည်း အသက်ရှင်စရာအချိန်သိပ်မကျန်တော့လို့ မင်းကိုအကြာကြီးသင်ပေးနိုင်မှာ မဟုတ်တော့ဘူး” ချန်းရွှမ်တန်၏ လေသံနှင့်အကြည့်သည် ကုအန်မြင်ဖူးသမျှထဲတွင် အပျော့ပျောင်းဆုံး ဖြစ်နေလေသည်။

ကုအန် ပြန်ထိုင်လိုက်ကာ သူ့လေသံအား ဂရုတစိုက်ပြောလိုက်၏။ “ဆရာ ကျွန်တော့်ကို အရွယ်တင်ဆေး ဖော်စပ်ပေးလို့ရမလား”

ကြီးမြတ်သောကျင့်ကြံသူတိုင်းသည် သူတို့၏ လူငယ်ဘ၀အား အရွယ်တင်ဆေးနှင့် စတင်လေ့ရှိကြသည်။ ကုအန်လည်း သူ့ဘ၀ကို ဆံဖြူအဖိုးကြီးတစ်ယောက်အဖြစ် အဆုံးသတ်မသွားချင်ပေ။

ချန်းရွှမ်တန် တစ်ချက်ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်ကာ လေထဲသို့ သူ့လက်ကို ဝေ့ယမ်းလိုက်ရာတွင် ကျောက်စိမ်းပုလင်းတစ်ခု ပေါ်လာခဲ့၏။ ထိုကျောက်စိမ်းပုလင်းထဲမှ ဆေးတစ်တောင့် ထုတ်လိုက်ပြီး ကုအန်အား ပေးလိုက်သည်။

ကုအန် တုန့်ဆိုင်းမနေတော့ဘဲ ဆေးတောင့်အား ချက်ချင်းယူပြီး မြိုချပစ်လိုက်၏။

ကုအန် ထိုမျှရဲတင်းနေရခြင်းမှာ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်ရော သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်ရောကပါ အဆိပ်ချေဖျက်နိုင်သည့် အစွမ်းသတ္တိရှိကြပြီး သူ့လက်ရှိအဆင့်နှင့်ဆိုလျှင် မည်သည့်အဆိပ်ကမှ သူ့အပေါ် မသက်ရောက်နိုင်တော့ပေ။

ကုအန် သူ့အားထိုမျှယုံကြည်သည်ကို မြင်လိုက်သောအခါ ချန်းရွှမ်တန် မျက်လုံးထဲတွင် စိတ်ကျေနပ်မှုများ ပြည့်လျှံသွားလေတော့သည်။

အရွယ်တင်ဆေးအား သောက်ပြီးသွားသော်လည်း ကုအန် ဘာထူးခြားမှုကိုမှ မခံစားခဲ့ရပေ။ ချိုချဉ်တစ်လုံး သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားသလိုသာ ခံစားခဲ့ရ၏။

“မင်းဆေးတာအိုကိုစိတ်၀င်စားသလား” ချန်းရွှမ်တန် မေးလိုက်သည်။

ကုအန် မျက်လုံးကျယ်သွားကာ အမြန်ခေါင်းညိတ်ပြလိုက်၏။

“ဆရာ့ဆီက ဘာကိုမှဖုံးကွယ်ထားလို့ မရဘူးပဲ ကျွန်တော်ဆေးတာအိုကိုသင်ယူဖို့ တကယ်စိတ်၀င်စားပါတယ် အရင်ကတည်းကပြောချင်ပေမယ့် ဆရာ့ကိုပြောရမှာရှက်လို့ပါ”

ချန်းရွှမ်တန် သူ့မုတ်ဆိတ်အား ဆွဲလိုက်ကာ အားရပါးရ ရယ်လိုက်ရာ အခန်းထဲတွင် စစ်မှန်သော နွေးထွေးမှုများ ပြည့်နှက်နေလေတော့သည်။

အခန်းထဲရှိ လေထုသည် အလွန်သဟဇာတဖြစ်နေခဲ့ပြီး ချန်းရွှမ်တန် ကုအန်အား ဆေးမီးဖိုအား မီးညှိခြင်းမှ စ၍ သင်ကြားပေးခဲ့၏။ ထိုသင်ခန်းစာကို သင်ကြားချိန်တွင် မီးထိန်းချုပ်ခြင်းပညာအား သင်ကြားထားဖူးသော ကုအန်သည် မီးထိန်းချုပ်ခြင်းအား အလွယ်တကူလုပ်ဆောင်နိုင်ခဲ့ရာ ချန်းရွှမ်တန် သူ့အား ဆေးတာအို၌ ပါရမီပါသည်ဟု အထင်မှားသွားခဲ့သည်။

သို့သော် သူ့သင်ကြားမှုသည် မီးထိန်းချုပ်ခြင်းကို ကျော်လွန်သွားသောအခါ ကုအန် စတင်ရှုပ်ထွေးလာခဲ့ပြီး ချန်းရွှမ်တန်လည်း သူ့ကိုကြည့်၍ တိတ်ဆိတ်သွားလေသည်။

….

ကုအန်နှင့် ချန်းရွှမ်တန်တို့နှစ်ယောက် စစ်မှန်သော ဆရာတပည့်ဆက်ဆံရေးအား တည်ဆောက်ပြီးသောအခါ ဆေးတောင်ကြားသည်ပို၍ အသက်၀င်လာခဲ့၏။ အခန်းထဲတွင် အချိန်ပြည့် တံခါးပိတ်နေလေ့ရှိသော ချန်းရွှမ်တန်သည် မကြာခဏအပြင်ထွက်လာခဲ့ပြီး ကုအန်နှင့် အခြားတပည့်များအား ဆေးပင်များ မည်သို့စိုက်ပျိုးရမည်ကို ညွှန်ပြပေးလေ့ရှိလာခဲ့သည်။

လုကျိကျားနှင့်ရီလန်တို့နှစ်ယောက်သည်လည်း သူတို့ဆရာအပေါ်ပိုမိုချစ်ခင်လာခဲ့ပြီး သူတို့ဆရာမည်မျှ စွမ်းအားကြီးပြီး ကောင်းမွန်ကြောင်း မုန့်လန်ကို မကြာခဏသွားကြွားနေခဲ့ကြ၏။

ထိုညက တိုက်ပွဲပြီးကတည်းက တောင်ကြားအပြင်ဘက်တွင်လည်း မည်သည့်တိုက်ခိုက်သံမှ မကြားရတော့ပေ။

ချူကျင့်ဖုန့်နှင့်ကျူးမိုယန် မည်သူမှ တောင်ကြားထဲ မလာကြတော့ဘဲ ကုအန်သည်လည်း သူတို့ကိစ္စထဲ ၀င်မပါရဲလေရာ ထိုကိစ္စအား သူ့ရင်ထဲတွင် သိမ်းထားခဲ့လိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

အချိန်တစ်နှစ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့၏။

ကုအန်အသက်သည်လည်း ၂၀ ပြည့်သွားခဲ့ပြီး သူ့သက်တမ်းအား ၂၈၀၀ ရောက်သည်အထိ ပြန်လည်စုဆောင်းနိုင်ခဲ့သည်။

နေ့လည်ခင်းတစ်ခုတွင် ကုအန်တောင်လယ်ရှိ ကမ်းပါးတစ်ခုတွင် လဲလျောင်း၍ စာဖတ်နေခဲ့၏။ သူ့အောက်ရှ်ိ တောင်ကြားထဲတွင်မူ လုကျိကျားတို့ လေဟုန်ကြွင်းခြေထောက်သိုင်းအား လေ့ကျင့်နေခဲ့ကြသည်။

ဆေးတာအိုအတွက်မူ သူ့စနစ်တွင် ဆေးတာအိုဟူသော စာတန်း ပေါ်လာပြီးကတည်းက ကုအန်သူ့ဆရာအား ဒုက္ခပေးနေခြင်းကို ရပ်တန့်ခဲ့လိုက်သည်။

ဆေးတာအိုတစ်ခုလုံးအား သင်ကြားခြင်းသည် အလွန်တုံးအသော အပြုအမူသာ ဖြစ်၏။

ကုအန်၏ အကြံပေးချက်ကအရ ချန်းရွှမ်တန်သည်လည်း တောင်ကြားတွင်စိုက်ပျိုးရန် မျိုးစေ့များ အပြင်စည်းဂိုဏ်းဆီမှ ထပ်ယူလာခဲ့သည်။ စစ်မှန်သော ဆရာတပည့်ဆက်ဆံရေးရှိပြီးကတည်းက ချန်းရွှမ်တန်သည် ကုအန်အား အတော်လေးအလိုလိုက်လာခဲ့၏။

ကုအန် သူ့လက်တစ်ဖက်အား ခေါင်းအုံးထားရင်း နောက်တစ်ဖက်ဖြင့် စာအုပ်အား ကိုင်ထားကာ စာမျက်နှာများကို လေဖြင့်မှုတ်၍လှန်ပြီး ဖတ်နေခဲ့သည်။

ထိုစဉ်ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ထရပ်လိုက်မိသည်။

အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း နောက်ဆုံးထုတ်စာအုပ်တွင် စာများအပြင် ရုပ်ပုံများလည်း ပါလာခဲ့၏။

ကုအန်တစ်ယောက် ပုံများအားသေချာကြည့်နေခဲ့ပြီး သူ့ပါးစပ်မှလည်း ပုံများအကြောင်း တောက်လျှောက်ဝေဖန်နေခဲ့လေသည်။

ထိုစဉ် ကောင်းကင်မှ အော်သံတစ်ခုထွက်ပေါ်လာလေရာ ကုအန် အကြည့်သည် ကောင်းကင်ဆီသို့ ထိုးဖောက်သွားပြီး စိုက်ကြည့်လိုက်၏။

ထိုအသံသည် အတောင် ၁၀ပေလောက်ရှည်သော လင်းယုန်ဖြူတစ်ကောင်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုလင်းယုန် ကုအန်အနီးသို့ရောက်လာသောအခါ သူ့ခြေသည်းများအား လွတ်ချလိုက်ပြီး ကုအန်ဆီသို့ စာတစ်စောင်ကျလာခဲ့၏။

ထို့နောက် လင်းယုန်ဖြူသည် ကောင်းကင်ပေါ်တွင် စက်ဝိုင်းပုံပျံဝဲတက်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

အံ့ဩစရာကောင်းလိုက်တဲ့ လင်းယုန်ပဲ!

ကုအန် မနေနိုင်မထိုင်နိုင် သူ၏လက်တစ်ဝါးစာလောက်ရှိသော ကြွက်ဖြူလေးကို ထိုလင်းယုန်နှင့် နှိုင်းယှဉ်ကြည့်မိသွားသည်။

ထို့နောက် စာအိတ်အားဖွင့်ဖောက်လိုက်ရာ စာသာမကဘဲ စာအိတ်ထဲမှ ချူ စာလုံးထွင်းထားသော ကျောက်စိမ်းပြားတစ်ပြားလည်း ထွက်လာခဲ့၏။

ကုအန် ကျောက်စိမ်းပြားကို သူ့ခါးပတ်ထဲ ထည့်သိမ်းလိုက်ပြီး စာအားမဖတ်ခင် သူ့စာအုပ်ကို အရင်သိမ်းထားလိုက်သည်။

ထိုစာသည် ချူကျင့်ဖုန်း ဆီမှ လာခဲ့ခြင်းဖြစ်၏။

စာထဲတွင် ချူကျင့်ဖုန်းသည် ကျူးမိုယန်နှင့်တိုက်ပွဲဖြစ်ခဲ့ပြီး ကျူးမိုယန်အား သူ့ဓားဖြင့် သတ်ပစ်နိုင်ခဲ့ကြောင်း၊ ထို့နောက် တစ်နှစ်ကျော် သက်သေစုဆောင်းပြီးသည့်နောက်တွင် လောဘမိစ္ဆာများအား ကြိုးကိုင်နေသော နောက်ကွယ်မှလူကိုလည်း ဖြုတ်ချနိုင်ခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကုအန်စိတ်ပူစရာမလိုတော့ကြောင်း ရေးထားခြင်းဖြစ်၏။

ကျောက်စိမ်းပြားသည် ချူမိသားစုကျောက်စိမ်းပြားဖြစ်ပြီး ကုအန် အကူအညီတစ်ခုခုလိုအပ်လာခဲ့ပါက ထိုကျောက်စိမ်းပြားကိုပြ၍ ချူကျင့်ဖုန်းကိုလည်းကောင်း ချူမိသားစု၀င်တစ်ယောက်ယောက်ကိုလည်းကောင်း အကူအညီတောင်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ချူမိသားစုကျောက်စိမ်းပြားသည် လူပုဂ္ဂိုလ်ကို ဖော်ပြခြင်းမဟုတ်ဘဲ ကျောက်စိမ်းတစ်ပြား ကတိတစ်ခု ဟူ၍ ဆိုလိုခြင်း ဖြစ်၏။

ကုအန်၏ ချူကျင့်ဖုန်းအပေါ် အမြင်အတော်လေး ကောင်းမွန်သွားခဲ့သည်။ သူကဲ့သို့ အတွင်းစည်းဂိုဏ်းတပည့်တစ်ယောက်အနေနှင့်ပင် သူသည် သစ္စာတရားကိုအတော်လေး အလေးထားသော သူတစ်ယောက် ဖြစ်၏။

အကယ်၍ ချူကျင့်ဖုန်းသူ့အား ဘာတစ်ခုမှ ပြန်မပေးခဲ့လျှင်ပင် သူချူကျင့်ဖုန်းအား ဘာမှလုပ်၍ ရမည်မဟုတ်ပေ။ ထို့အပြင် သူကိုယ်တိုင်ကလည်း ချူကျင့်ဖုန်းအား သူနှင့်မဆက်သွယ်တော့ရန် ပြောဆိုထားခဲ့ပေသည်။

ဖတ်ပြီးသည့်နောက် ကုအန် စာရွက်ကိုဖြဲလိုက်ကာ မြေပြင်ပေါ် ပစ်ချလိုက်၏။ ထို့နောက် သူ့ခြေထောက်မှ အားအနည်းငယ်ထုတ်လိုက်ရာ စိတ်ဝိညဉ်စွမ်းအင်လှိုင်းများထွက်လာပြီး စက္ကူစများအား ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။

စွမ်းအင်စုပ်ယူခြင်း အဆင့် ၈ ၏ စွမ်းအားသည် ထိုမျှပင် သန်မာသည်လော။

ကုအန် နှုတ်ခမ်းထောင့်ချိုးများ တွန့်ကွေးသွားပြီး လေထဲတွင် ငန်းတစ်ကောင်ကဲ့သို့ ပျံထွက်သွားလေတော့သည်။ လမ်းတစ်လျှောက်လုံးတွင် သူ့ခြေဖဝါးသည် တောင်နံရံရှိ သစ်ပင်များ၏အရွက်များကို နင်းသွားပြီး သွားလိုသောနေရာရောက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

သူဆင်းသက်သောနေရာသည် လုကျိကျားတို့ သိုင်းလေ့ကျင့်နေသော နေရာဖြစ်ပေသည်။

ကုအန် သူ့ကျင့်ကြံခြင်းအဆင့်ကို စွမ်းအင်စုပ်ယူခြင်းအဆင့် ၂ တွင်သာ ပြထား‌ေသာ်လည်း လေဟုန်ကြွင်းခြေထောက်သိုင်းကိုတော့ ထုတ်ပြထားလေရာ သူ့သိုင်းကို ချန်းရွှမ်တန်ကပင် ချီးကျူးခဲ့သည်။ ထို့ကြောင့် ယခုအခါ ကုအန်သည် သိုင်းလောက၏ ဆရာသခင်တစ်ပါးလိုပင် ဖြစ်နေပြီ ဖြစ်၏။

ကုအန် သိုသိုသိပ်သိပ်သာ နေလိုသော်လည်း သူ့အစွမ်းအား အမြဲဖုံးကွယ်ထားလို့ မရသည်ကိုတော့ သိရှ်ိနေသည်။ သူ့အစွမ်းနည်းနည်းအား ထုတ်ပြမှသာ သူ့အား ဆေးပင်များစိုက်ပျိုးရင်း ပိုမိုကောင်းမွန်သော ဘ၀ကို ရရှ်ိစေလိမ့်မည် ဖြစ်၏။

ကုအန် မြေပေါ်ရောက်သည်နှင့် ကြွက်ဖြူလေးသည် ပြေးလာခဲ့ပြီး သူ့ခြေထောက်မှ သူ့ပုခုံးပေါ်သို့ တက်လာခဲ့သည်။

“ငါမင်းတို့ ခြေထောက်သိုင်းကို မစစ်ဆေးတာ ရက်အတော်ကြာပြီ အခုစစ်ဆေးမယ် လာကြ မင်းတို့နှစ်ယောက်လုံးတက်ခဲ့ကြ” ကုအန် ရှောင်ချွမ်နှင့် လုကျိကျားအား ပြုံး၍ ပြောလိုက်သည်။

ရှောင်ချွမ်နှင့် လုကျိကျား အကြည့်ချင်း ဖလှယ်လိုက်ပြီး တပြိုင်တည်း တက်ခဲ့ကြ၏။

သူတို့သုံးယောက်သည် ဆေးဉယျဉ်အပြင်ဘက်ရှိ မြက်ခင်းပေါ်တွင် ခြေသိုင်းသက်သက်ဖြင့် တိုက်ခိုက်နေလေရာ သူတို့ခြေတံရှည်များသည် လေထုထဲတွင် ကြာပွတ်များကဲ့သို့ တဝှီးဝှီးရိုက်ခတ်နေခဲ့ကြသည်။ တခဏအကြာတွင် လေထုအရှိန်‌ကြောင့် မြက်ပင်များပင် ပြတ်ထွက်ကုန်ကြ၏။

ကုအန် နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရင်း ရှောင်ချွမ်နှင့်လုကျိကျားတို့နှစ်ယောက်အား ခြေထောက်တစ်ဖက်တည်းဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ရှောင်ချွမ်၏ ခြေသိုင်းသည် ပုံပေါ်လာပြီ ဖြစ်သော်လည်း အနည်းငယ် မသေမသပ်ဖြစ်နေသေး၏။ လုကျိကျားသည်တော့ သူ့ပါရမီကိုထုတ်ပြနေပြီး သူ့ခြေထောက်သိုင်းသည် လေဟုန်ကြွင်းခြေထောက်သိုင်း၏ စစ်မှန်သောအရှိန်အဝါကို ထုတ်ပြနေသော်လည်း ကုအန်ထက်တော့ နှေးကွေးနေသေးသည်။

အချိန်အတော်ကြာတိုက်ခိုက်ပြီးသောအခါ ရှောင်ချွမ်တို့ မောပန်းလာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ ပြိုင်တူ အရှုံးပေးခဲ့လိုက်ကြ၏။

ကုအန်လည်း လေထဲမှ သူ့ခြေထောက်ကို ရုတ်သိမ်းလိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“မင်းတို့အတော်လေးတိုးတက်လာကြတာပဲ မင်းတို့စီနီယာအစ်ကိုကြီးကိုတောင် စိန်ခေါ်နိုင်နေပြီ မကြာတော့တဲ့အချိန်မှာ ငါ့ကိုတောင် ကျော်တက်သွားကြမှာပဲ”

“မကြာတော့တဲ့အချိန်ဆိုတာ ဘယ်လောက်ကိုပြောတာလဲ အစ်ကိုကြီး” ရှောင်ချွမ် ပြန်မေးလိုက်သည်။

ကုအန် သူ့ဘောင်းဘီကိုဖုန်ခါလိုက်ပြီး ပြောလိုက်၏။

“ဒါကတော့ မင်းတို့ကြိုးစားမှုပေါ် မူတည်တာပဲ”

ကြွက်ဖြူလေးသည် ကုအန်ပုခုံးပေါ်တွင် ထိုင်နေရင်း တကွိကွိနှင့်အသံ‌ေပး‌ေနသည်မှာ ထိုင်ရယ်နေသလိုပင် ဖြစ်နေတော့သည်။

All Chapters