အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း (၁၁)
ကျိမိသားစု လျှို့ဝှက်သိုင်း
ရှောင်ချွမ်တို့အား စကားအနည်းငယ်ပြောပြီးသည့်နောက် ကုအန် သူ့ခြံ၀န်းဆီသို့ ပြန်လိုက်ကာ အင်္ကျီထဲမှ အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုထုတ်လိုက်ပြီး စာအုပ်ထဲမှ ပုံများကို ကြည့်ရှုရန် ပြင်လိုက်သည်။
သူ့ခြံ၀န်းအ၀သို့ရောက်သောအခါ ရီလန် ကုအန်ဆီသို့ ရောက်လာခဲ့၏။
“စီနီယာအစ်ကိုကြီး ကျွန်မလည်း လေဟုန်ကြွင်းခြေထောက်သိုင်း သင်ချင်တယ်”ရီလန် စိတ်ပျက်လာပုံဖြင့် ပြောလိုက်သည်။
ကုအန် ခရီးသွားမှတ်တမ်းစာအုပ်အား ပိတ်လိုက်ပြီး ပြန်ပြောလိုက်၏။ “ဘာဖြစ်လို့လဲ စီနီယာအစ်ကိုမုန့်လန်က မင်းကို ဂါထာတွေသင်မပေးလို့လား”
ရီလန် ပိုစိတ်တိုလာပြီး မကျေနပ်သည့်ပုံဖြင့် ကုအန်ကို တိုင်လိုက်သည်။
“ဟုတ်တယ် သူကကျွန်မကို ၀ဋ်ကြေတန်းကြေပဲသင်ပေးတာ ကျွန်မစိတ်တိုလာပြီး သူ့ကိုပြန်ပြောတော့ သူကကျွန်မကို ရိုက်ပြီး သူအပြင်စည်းဂိုဏ်းစာမေးပွဲအတွက် ပြင်ဆင်နေရလို့ လာမရှုပ်ဖို့ပြောပြီး ကျွန်မကိုမောင်းထုတ်လိုက်တယ်”
ကုအန် ရီလန်၏ ဘောလုံးလေးများလို ပါးဖောင်းဖောင်းလေးများကိုကြည့်ပြီး ရယ်ချင်သွားသော်လည်း ထိန်းထားလိုက်၏။
“စီနီယာအစ်ကိုမုန့်လန်က အလုပ်ရှုပ်နေတာဆိုရင်လည်း သူ့ကိုမနှောင့်ယှက်ဘဲနေလိုက်ကြတာပေါ့ ဒီလိုလုပ် မနက်ဖြန်နေ့လည်ကျ အစ်ကိုက လေဟုန်ကြွင်းခြေထောက်သိုင်းကို ကိုယ်တိုင်အနီးကပ်သင်ပေးမယ်ကွာ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ” ကုအန် ချော့ပြောလိုက်သည်။
ရီလန် ကုအန်အား ကြည့်လိုက်ပြီး ပြန်မေးလိုက်၏။
“ဘာလို့ မနက်ဖြန်လဲ”
“စီနီယာ အစ်ကိုကြီးကဒီနေ့ ပင်ပန်းနေပြီလေ အစ်ကိုကြီးကိုနည်းနည်းသနားပါဦး အဲ့တာမင်းအစ်ကိုနှစ်ယောက်ကြောင့်လေ မင်းမယုံရင်သူတို့ကို သွားမေးကြည့်” ကုအန်ပြောလိုက်ကာ ရှောင်ချွမ်နှင့် လုကျိကျားကို လက်ညှိုးထိုးပြလိုက်သည်။
ပြောပြီးသည့်နောက် ကုအန် ရီလန့်ကိုထားခဲ့ကာ သူ့အခန်းထဲသို့ ၀င်သွားခဲ့၏။
ရီလန် ကုအန်လက်ထဲရှိ စာအုပ်ကို သတိထားမိလိုက်ပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
“ဒီအစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းက အဲ့လောက်ပဲစိတ်၀င်စားစရာ ကောင်းလား”
ကုအန် တံခါးပိတ်လိုက်ကာ သူ့ကုတင်ပေါ်တွင် လှဲလိုက်ပြီး အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်အား ပြန်ကိုင်လိုက်၏။
ထိုစာအုပ်အား သူကြိုက်ရသည့် အကြောင်းအရင်းမှာ ထိုစာအုပ်သည် ခြောက်လတစ်ကြိမ် အသစ်ထွက်သော ဇာတ်လမ်းတွဲ၀တ္ထုဖြစ်သောကြောင့် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင် ထိုသို့သော ဇာတ်လမ်းတွဲစာအုပ်မျိုးကို ဖတ်ရခြင်းမှာ ကုအန်အား သူ့အရင် ကမ္ဘာမြေအား ပြန်လည်သတိရစေ၏။
ထို့နောက် မကြာခင်တွင် ကုအန် စာအုပ်ထဲတွင် မျောသွားလေတော့သည်။
ဤစာအုပ်သည် အဓိပတိဂိုဏ်းရှိ ကျင့်ကြံသူတစ်ယောက် ရေးထားခြင်းဖြစ်မည်ဟု ကုအန်ထင်မိပါသော်လည်း ထိုစာရေးသူ၏ ကျင့်ကြံခြင်းအဆင့်မည်မျှရှိသည်ကိုတော့ သူမသိပေ။ စာအုပ်ထဲတွင် တိုက်ပွဲများအကြောင်း အသေးစိတ်ပါဘဲ ခရီးသွားစွန့်စားခန်းများနှင့် အချစ်ရေး ကိစ္စများကိုသာ အဓိကထား ရေးထားခဲ့၏။
တစ်နာရီခန့်ကြာသော်
ကုအန် သူ့ဘေးအိမ်မှ ဆူညံသံတစ်ချို့ ကြားလိုက်ရသည်။ ထိုအသံသည် မုန့်လန် မြေပေါ်လိမ့်ကျသွားသော အသံဖြစ်ပြီး သူ့အသက်ရှူသံမှာလည်း အတော်လေး မူမမှန်ဖြစ်နေ၏။
ဟမ်
သူကျင့်ကြံနေရင်း ကျင့်စဉ်ဖောက်ပြန်သွားတာလား
ကုအန် သွားကြည့်သင့်မကြည့်သင့် တွန့်ဆုတ်နေသောအချိန်တွင် မုန့်လန်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ထိုကလေးသည် နာကျင်သွားသည်ကိုပင် မအော်ဘဲ ကြိတ်ခံခဲ့၏။ ထို့နောက် မုန့်လန်အိမ်ထဲ စိတ်ဝိညဉ်စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားမိလိုက်ရာ မုန့်လန်တစ်ယောက် ပြန်ကျင့်ကြံနေပြီဖြစ်မှန်း ကုအန်သိလိုက်ရသည်။
လီယသည် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာခြင်းဖြစ်ပြီး မုန့်လန်မှာလည်း ယခုအခါ သူ၏ထူးခြားမှုအား ကြုံတွေ့ခဲ့ရသည်လော။
အကယ်၍ ထိုကိစ္စသာအမှန်ဖြစ်ပါက ဆေးတောင်ကြားသို့ တစ်ချိန်တည်း၀င်ပြီး ဆရာတစ်ယောက်တည်း၏တပည့်ဖြစ်သော သူတို့သုံးယောက်စလုံးသည် ကြီးမြတ်သောအခွင့်အလမ်းများရှိပြီး ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်ကြမည့် သူများဖြစ်ကြသည်။
ကုအန် ရုတ်ချည်းသူ့အတွေးအား ပယ်ဖျက်ပစ်လိုက်ပြီး သူအတွေးလွန်နေခြင်းဟုသာ ခံစားလိုက်ရသည်။
မုန့်လန်သည် သဘာ၀အတိုင်းသေသွားလျှင်တောင် သူ့အတွက်အတော်လေးကံကောင်းနေပြီ ဖြစ်သည်။
သူ့အမြင်တွင် မုန့်လန်တစ်ယောက် တောင်ကြားထဲမှထွက်သွားသည်နှင့် သေဖို့ ကြာမည်မဟုတ်ပေ။ သူသည် အပြောအဆိုမတတ်သည့်အပြင် ဒေါသလည်းလွယ်လွယ်ထွက်တတ်သေး၏။ သူ့တွင် ကျင့်ကြံသူတစ်ယောက်၏ ကိုယ်နှုတ်အမူအရာမျိုး ရှိမနေပေ။
ကုအန် တွေးနေခြင်းအား ရပ်လိုက်ပြီး အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ကိုသာ ပြန်အာရုံစိုက်လိုက်သည်။
ကုအန် တစ်နေ့လျှင် ပုံမှန် ၆နာရီ ကျင့်ကြံလေ့ရှိပြီး အိပ်ချိန်များကိုပါ သုံး၍ ကျင့်ကြံနေခြင်း ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေနှင့် အိပ်စရာမလိုပေ။ ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်အား ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး အိပ်စက်ခြင်းထက်ပင် ပိုမိုကောင်းမွန်သေး၏။
အခြားအချိန်များတွင်မူ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း တစ်အုပ်ကိုသာ မဟုတ်ဘဲ အခြားစာအုပ်များကိုလည်း သူဖတ်လေ့ရှ်ိသည်။ ချန်းရွှမ်တန် သူ့အား ကမ္ဘာတစ်၀န်းလုံးရှ်ိ စိတ်ဝိညဉ်ဆေးပင်များ ပန်းပင်များအေကြာင်း အဓိပတိဂိုဏ်းမှ ပြုစုထားေသာ ဆေးပင်တစ်ရာပေါင်းချုပ် ကျမ်းကိုလည်း ပေးခဲ့ဧ။။် ထိုစာအုပ်ထဲတွင် သူ၏ ထင်မြင်ချက် မှတ်ချက်များလည်း ပါ၀င်ပေသည်။
ချန်းရွှမ်တန်၏ ကျင့်ကြံခြင်းအဆင့်သည် ထိုမျှမမြင့်သော်လည်း ဤကမ္ဘာတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်ဖြစ်ရာ သူ့တွင် အတွေ့အကြုံ ဗဟုသုတများစွာ ရှိ၏။
ပါရမီနိမ့်ပါးသောသူတို့၏ ကောင်းကျိုးမှာ သူတို့သည် အသိပညာဗဟုသုတရှာဖွေရာတွင် ပိုမိုအာရုံစိုက်နိုင်ခြင်း ဖြစ်ပေသည်။
……..
နောက်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြီး ဆောင်းနှင်းများ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။ ဆေးဉယျာဉ်တစ်ခုလုံးအား နှင်းလွှာများဖြင့် ဖုံးလွှမ်းနေရာ ကုအန် ရှောင်ချွမ်တို့အား နှင်းလွှာများအား ရှင်းလင်းရန် ညွှန်ကြားနေခဲ့၏။
မုန့်လန်အတွက်မူ ထိုကောင်သည် ကျင့်ကြံခြင်းကို ပိုမိုစွဲလန်းလာခဲ့ပြီး တစ်နေ့လုံးသူ့အခန်းထဲတွင်ကျင့်ကြံ၍သာ နေလေရာ ကုအန်သူ့အား ဘာမှခိုင်း၍ မရတော့ပေ။ ချန်းရွှမ်တန်မှာလည်း သူ့အား ဒီတိုင်းလွှတ်ထားလိုက်ဖို့သာ ပြောခဲ့သည်။
ဆေးဉယျာဉ်၏ အစွန်းတိုင်းတွင် အပူထုတ်ပေးနိုင်သော အဆောင်စာရွက်များ ကပ်ထားသော်လည်း ထိုအဆောင်များတွင်လည်း သက်တမ်းရှိ၏။ သက်တမ်းကုန်ဆုံးသွားလျှင် နှင်းများ ဥယျာဉ်တစ်ခုလုံးအား ဖုံးလွှမ်းသွားစေရန် အချိန်တစ်နာရီပင် ကြာမည်မဟုတ်ပေ။
နှင်းများအားရှင်းလင်းနေသော ရှောင်ချွမ် လုကျိကျားနှင့် ရီလန်တို့အား ကြည့်နေရင်း ကုအန် အတွေးနယ်ချဲ့နေမိသည်။
ဆေးတောင်ကြား၏ ဆေးပင်ထွက်နှုန်းကို သူပိုပိုပြီး မကျေမနပ်ဖြစ်လာခဲ့ကာ ဆေးပင်များတိုးချဲ့စိုက်ပျိုးဖို့ မြေအသစ်များ မရှ်ိမဖြစ်လိုအပ်လာပြီဟု ခံစားနေရ၏။
ဒီဆောင်းကုန်လျှင် တောင်ပေါ်တက်၍ သစ်ပင်ခုတ်ကာ မြေဆွေးများ ပျိုးထားရမည်ဟု စဉ်းစားထားလိုက်သည်။
ရုတ်တရက် ကုအန် အဝေးမှ လေတိုးသံကို ကြားလိုက်ရ၏။ ကုအန် လှည့်ကြည့်လိုက်သောအခါ နှင်းထူထူကောင်းကင်အား ဖြတ်၍ ဓားအင်မော်တယ်တစ်ယောက်ကဲ့သို့ ဓားပျံကို စီးပြီး သူ့ဆီပျံလာသော လူတစ်ယောက်အား တွေ့လိုက်ရသည်။
တုယီ!
ကုအန် သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်အားသုံး၍ ကြည့်လိုက်ရာ တုယီ၏ ကျင့်ကြံခြင်းသည် စွမ်းအင်စုပ်ယူခြင်း အဆင့် ၆ သို့ ရောက်ရှိနေခဲ့၏။
အတော်လေးမြန်သည့် ကျင့်ကြံခြင်းအလျင်မျိုးပင် ဖြစ်သည်။
တုယီ ရောက်ရှိလာခြင်းသည် ရှောင်ချွမ်နှင့်အခြားကလေးများ၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့၏။
ထို့နောက် တုယီ ဓားပျံပေါ်မှ ဆင်းလိုက်ပြီး ကုအန်ရှေ့သို့ ရောက်ရှိလာကာ သူ့ဓားပျံကို ဓားအိမ်ထဲသို့ ကျွမ်းကျွမ်းကျင်ကျင်ပြန်ထည့်လိုက်သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ အလွန်ချောမွေ့ပြီး စီးဆင်းနေသော ရေကဲ့သို့ဖြစ်နေလေရာ ရှောင်ချွမ်တို့ ကြည့်နေရင်း မျက်လုံးများပင် ပြူးကုန်ကြသည်။ သူတို့ အဓိပတိဂိုဏ်းထဲသို့ ၀င်ခဲ့ခြင်းမှာ အခုလို အလုပ်ကြမ်းများ လုပ်လို၍မဟုတ်ဘဲ တုယီကဲ့သို့ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရန် ဖြစ်၏။ သို့သော်လည်း သူတို့၏ သာမန်စိတ်ဝိညဉ်အမြစ်များမှာ သူတို့၏ အိပ်မက်ကို တားဆီးထားလေသည်။
သူတို့လုပ်နိုင်သည်မှာ ဆေးတောင်ကြားတွင် အလုပ်လုပ်ရင်း အခွင့်အရေးကို စောင့်ဆိုင်းနေရုံသာ။
တုယီ ကုအန်ရှေ့သို့ရောက်သောအခါ ကုအန်ပုခုံးကိုပုတ်လိုက်ပြီး ရယ်ရယ်မောမောပြောလိုက်၏။
“မဆိုးဘူး မင်းလည်းကြီးလာပြီပဲ အရင်ကလို ငါ့နောက်ကိုတကောက်ကောက်လျှောက်လိုက်နေတဲ့ ကလေးလေးမဟုတ်တော့ဘူး”
ကုအန် ပြန်နှုတ်ဆက်လိုက်သော်လည်း စိတ်ထဲတွင်တော့ ကြိတ်ဆဲနေလိုက်သည်။
အကုန်လုံးက အစေခံတွေပဲကို ဒီကောင်ဘာတွေလာဟန်တောင်နေတာလဲဟ
စကားအနည်းငယ်ပြောပြီးနောက် တုယီ လာရင်းကိစ္စကို ပြောလိုက်၏။ “ငါပြောထားတဲ့ ဆေးပင်တွေကိစ္စဘယ်လိုလဲ”
“ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ကုအန် တစ်ချက်ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
ဆေးတောင်ကြား၏ တပည့်ကြီးတစ်ယောက်အနေနှင့် ကုအန်တွင်လည်း သိမ်းဆည်းထားသော ဆေးပင်အနည်းငယ်ရှိ၏။ ထိုဆေးပင်အားလုံးကို တုယီဆီသို့ပေးရန် သူစီစဉ်ထားခြင်း ဖြစ်သည်။
သူသည် သက်တမ်းများစုဆောင်းနိုင်သော စနစ်ကိုပိုင်ဆိုင်ထားသော်လည်း ထိုအရာမှာ အချိန်လိုပေသည်။
ပြိုင်ဘက်ကင်းတည်ရှိမှု တစ်ခုဖြစ်မလာခင်တွင် သူ ကျိမိသားစုနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိထားရန် လိုအပ်၏။ ကျိမိသားစုသည် အနာဂတ်တွင် သူ့အတွက် အသုံး၀င်ကောင်း ၀င်လာပေလိမ့်မည်။
ချူမိသားစုသည် သန်မာသော်လည်း သူတို့အာဏာသည် အဓိပတိဂိုဏ်းအတွင်း၌သာ ရှိခြင်း ဖြစ်သည်။ ကျိမိသားစုမှာမူ ခြားနားပြီး သူတို့အာဏာသည် ထိုက်ကန်မင်းဆက်တစ်ခုလုံးတွင် ရှိခြင်းဖြစ်၏။ ကုအန်နေထိုင်ခဲ့သော ကျိမိသားစုသည် မြို့တစ်ခုရှိ ကျိမိသားစုဂိုဏ်းခွဲတစ်ခုသာဖြစ်ပြီး စစ်မှန်သော ကျိမိသားစုမျိုးဆက်များကိုမူ ထိုက်ကန်မင်းဆက်အတွင်းရှိ ဂိုဏ်းကြီးတိုင်းတွင် မြင်တွေ့ရနိုင်သည်။
ဆေးပင်သွားယူသည့် လမ်းတစ်လျှောက်တွင် တုယီ အပြင်စည်းဂိုဏ်းအကြောင်း ပြောပြနေ၏။
“လီယက မင်းတို့ဆေးတောင်ကြားကမလား အခုသူ့အကြောင်းကအတော်လေး လူပြောများနေတယ် သူကထိုက်ကန်မင်းဆက်ရဲ့မင်းမျိုးမင်းနွယ်တစ်ယောက်တဲ့ အခုသူ့ရဲ့ အစ်ကိုကြီးနဲ့ ထီးနန်းအတွက် ယှဉ်ပြိုင်နေကြတယ် သူတို့နှစ်ယောက်က သေခြင်းယှဉ်ခြင်းတိုက်ပွဲတစ်ခုတောင် လုပ်ခဲ့တယ်လို့ ပြောကြတယ်”
“ပြောကြတာတော့ လီယကအရင်က အမှိုက်တစ်စပဲတဲ့ နောက်မှ ကံကောင်းမှုတစ်ခုကြုံခဲ့ရပြီး သူ့ကျင့်ကြံခြင်းက ခုန်တက်သွားခဲ့တာ အခုဆို အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ကိုတောင် ရောက်နေပြီ”
တုယီ ပြောပြသော လီယအကြောင်းသည် ကုအန်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လီယဘ၀သည် အဘယ်ကြောင့် စိတ်ကူးယဉ်၀တ္ထုများထဲမှ ဇာတ်ကောင်တစ်ကောင်၏ ဇာတ်ကြောင်းနှင့် တူနေရသနည်း။
ကုအန် စိတ်ဝင်တစားမေးလိုက်သည်။ “အပြင်စည်းဂိုဏ်းတပည့်ဖြစ်ဖို့က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရမှကို ဖြစ်မှာလား”
တုယီ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ “ပုံမှန်ဆိုရင်တော့ ဟုတ်တာပေါ့ ငါ့လိုကျင့်ကြံခြင်းမလုံလောက်သေးဘဲ အပြင်စည်းဂိုဏ်းထဲ ရောက်နေတဲ့သူတွေကျ အပြင်စည်းဂိုဏ်းသားဆိုပေမယ့် အစေခံတစ်ယောက်လိုပါပဲ ဒါပေမယ့် အပြင်စည်းဂိုဏ်းထဲမှာ နေနေရတာကိုက ငါ့ကိုပိုတိုးတက်လာစေတယ်”
“အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ရင် အပြင်စည်းဂိုဏ်းသားဖြစ်တယ် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ရင် အတွင်းစည်းတပည့်ဖြစ်တယ် အတွင်းစည်းတပည့်အထက်မှာတော့ အမွေခံတပည့်နဲ့ တပည့်ရင်းဆိုတာရှိတယ် ဒါကတော့ ပုံမှန်စည်းကမ်းတွေပေါ့ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ပါရမီက အရမ်းကြီးကောင်းလွန်းနေရင်တော့ ဒီစည်းကမ်းတွေကိုကျော်လွန်သွားတယ်”
“ငါတို့ တတိယသခင်မလေးက အဲ့ဒီလိုလူပဲ သူဂိုဏ်းကိုစစ၀င်ကတည်းက အမွေခံတပည့်တန်းဖြစ်ခဲ့တယ် အခုသူက တပည့်ရင်းဖြစ်လာဖို့ ကြိုးစားနေတယ် တပည့်ရင်းတစ်ယောက်ဖြစ်လာဖို့ကတော့ ကျင့်ကြံခြင်းသက်သက်နဲ့မလုံလောက်ဘူး ကြီးမားတဲ့ဂုဏ်သိက္ခာနဲ့ အခြားသူတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိဖို့လည်း လိုသေးတယ် ဒါကြောင့် ငါတို့ကသူ့အတွက် လမ်းဖောက်ပေးနေတာပဲ”
တုယီ ကျိရှောင်ယုအကြောင်းအား မရပ်မနားပင် ပြောခဲ့၏။
ပထမဆုံးအကြိမ်အနေနှင့် ကုအန် သူ၏စိတ်ရှုပ်စရာ မရပ်မနားပြောနေမှုအား စိတ်ရှုပ်သွားခြင်းမရှိခဲ့ပေ။
သူတို့အိမ်ထဲရောက်သောအခါ ကုအန် ကြိုပြင်ထားသော သေတ္တာလေးအား ထုတ်ပေးလိုက်သည်။
တုယီ သူ့လက်ဖြင့် သေတ္တာအားကိုင်မြှောက်လိုက်ကာ မကျေမနပ်ပြောလိုက်၏။
“ဒါလေးပဲလား”
ကုအန် ပြုံးပြီးပြန်ပြောလိုက်သည်။
“အနာဂတ်ဆိုတာ ရှည်လျားတဲ့အရာပဲလေ အမတကျင့်ကြံခြင်းဆိုတာလည်း တစ်နှစ် နှနှစ်နဲ့ပြီးသွားတဲ့ အရာမျိုးမှမဟုတ်ဘဲ ခြေလှမ်းအကျယ်ကြီးလှမ်းမိလို့ တောင်ကြားကအပြစ်ပေးခံရပြီး အထုတ်ခံရမှာထက်စာရင် တစ်နှစ်ပတ်လုံး တောင်ကြားကထောက်ပံ့သလောက်ကိုပဲ ယူတာကောင်းပါတယ် ငါ့အတွက်တစ်ပင်တောင်ယူမထားခဲ့ဘူး ဒါအကုန်ပဲ”
ကုအန် စကားအားကြားသောအခါ တုယီ အမူအရာ ပျော့ပြောင်းသွားခဲ့သည်။ ထို့နောက် ထပ်မေးလိုက်၏။
“တကယ်ကြီး မင်းအတွက် မယူတော့ဘူးလား”
“တကယ်ပါ ငါ့ပါရမီနဲ့ ငါကဆေးပင်တွေယူပြီး ဘာလုပ်ရမှာလဲ ငါ့ရည်ရွယ်ချက်က ဒီနေရာမှာ အေးအေးချမ်းချမ်းလေးနေချင်တာပါပဲ”
တုယီ ပါးစပ်ဟရန် ပြင်လိုက်သော်လည်း သက်ပြင်းသာ ချခဲ့လိုက်သည်။ ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ကုအန်အား ပေးလိုက်၏။
ကုအန်ယူပြီး ဖတ်ကြည့်လိုက်ရာ “အရပ်ရှစ်မျက်နှာခြေလှမ်း” ဟူသော ခေါင်းစဉ်အား တွေ့လိုက်ရသည်။
ထိုအရာသည် သူ့အားအံ့ဩသွားစေခဲ့၏။
ဒီကောင် စိတ်များပြောင်းသွားခဲ့လေသလော။
တုယီ ရှင်းပြလိုက်သည်။ “ဒါက ကျိမိသားစုက ခြေလှမ်းသိုင်းပဲ ကျိမိသားစုလျှို့ဝှက်သိုင်း ချီလင်ခြေလှမ်းရဲ့ အခြေခံပုံစံပဲဆိုပေမယ့် မင်းဒါကိုသင်လိုက်ရင် ပိုမြန်မြန်ရွေ့လျားနေပြီး အနာဂတ်မှာ အန္တရာယ်တချို့ကနေ ကာကွယ်ပေးလိမ့်မယ် နောက်ပြီး ဒီသိုင်းကိုသင်ဖို့ ပါရမီလည်းမလိုဘူးဆိုတော့ မင်းပိုလေ့ကျင့်လေလေ ပိုကျွမ်းကျင်လေလေပဲ”
ကုအန် တုယီအပေါ် အမြင်ပြောင်းသွားခဲ့ပြီး တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် တုယီ ကုအန်ပုခုံးအား ပုတ်လိုက်ပြီး ထွက်သွားခဲ့သည်။
ခြံ၀န်းထဲသို့ရောက်သောအခါ တုယီ နောက်ပြန်လှည့်လာပြီး “ငါတို့နှစ်ယောက်က အတူတူကြီးပြင်းလာခဲ့ကြတာပဲမဟုတ်လား ငါတို့ရွေးချယ်မှုတွေမတူညီလို့ ငါတို့လျှောက်ရတဲ့လမ်းတွေ ကွဲပြားသွားခဲ့မယ်ဆိုရင်တောင် ငါတို့သူငယ်ချင်းဆက်ဆံရေးကတည်ရှိနေတုန်းပဲ အနာဂတ်မှာ မင်းအဆင်မပြေခဲ့ရင် ငါ့ကိုအချိန်မရွေးလာရှာနိုင်တယ်”
ပြောပြီးသည်နှင့် တုယီသူ့ခါးကိုပုတ်လိုက်ရာ သတ္တုရောင်တစ်ချက်လက်သွားပြီး ထွက်လာသောဓားပျံပေါ်သို့ တက်ကာ တုယီ ပျံထွက်သွားလေတော့သည်။
အံ့ဩစရာကောင်းလိုက်တဲ့ ဓားပျံပညာ!
ကုအန် သူ့လက်ထဲရှ်ိ သိုင်းကျမ်းအားကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
ထို့နောက် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းအား သူ့ခြံ၀န်းထဲတွင် စတင်လေ့ကျင့်လေတော့သည်။
ကျိမိသားစု လျှို့ဝှက်သိုင်းတစ်ခုလား။
အကယ်၍သူသာ ထိုသိုင်းအား သက်တမ်းများသုံး၍ အဆင့်မြှင့်လိုက်ပါက သူသည် ကျိမိသားစုလျှို့ဝှက်သိုင်းအား အမှန်တကယ်ရရှိသွားမည် ဖြစ်၏။
ရှောင်ချွမ်နှင့် အခြားနှစ်ယောက် သန့်ရှင်းရေးလုပ်ပြီးသောအခါ ကုအန်ခြံ၀န်းဆီသို့ ရောက်လာခဲ့ကြပြီး ကုအန် သိုင်း လေ့ကျင့်နေသည်အား စိတ်၀င်တစားကြည့်နေခဲ့ကြ၏။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးကျင့်နေတာ အဲ့တာဘာသိုင်းလဲ” ရီလန် မေးလိုက်သည်။
ကုအန် ခြေလှမ်းကွက်များ ကစားနေရင်း ခပ်ပြုံးပြုံး ပြန်ဖြေလိုက်၏။
“မင်းတို့ သင်ချင်လို့လား”
“သင်ချင်ပါတယ်”
သုံးယောက်လုံး ပြိုင်တူပြန်ဖြေလိုက်သည်။
ကုအန် ပြန်ပြောလိုက်၏။ “ငါသင်ပြီးတဲ့အထိစောင့်ကြ ပြီးရင်ငါမင်းတို့ကို ပြန်သင်ပေးမယ်”
ဝုန်းးး!
ကုအန်ဘေးအိမ်ရှိ တံခါးပွင့်သွားခဲ့ပြီး အခန်းထဲမှ မုန့်လန် ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများတွင် အနီရောင်သွေးကြောများ ပေါ်နေပြီး သူ့နှဖူးပေါ်တွင် သွေးကြာအနီရောင်များ ထင်ထင်ရှားရှားပေါ်နေလေရာ သူ့ပုံစံသည် ကြောက်စရာကောင်းနေခဲ့၏။
ရှောင်ချွမ် လုကျိကျားနှင့် ရီလန်တို့သုံးယောက်စလုံး ကြောက်လန့်သွားခဲ့ကြသည်။
ထိုအချိန်တွင် မုန့်လန် သူနှင့်အနီးဆုံးရှိ ရီလန်ဆီသို့ သားရဲတစ်ကောင်လို ပြေး၀င်လာလေတော့သည်။
ရီလန် ရုတ်တရက် ကြောင်အနေပြီး ဘာမှမတုန့်ပြန်နိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း မုန့်လန် ရီလန့်ဆီရောက်တော့မည် ဖြစ်၏။
ထိုစဉ် ကုအန် ပြေး၀င်လာပြီး ရီလန့်ပုခုံးအားဆွဲ၍ နောက်ပြန်ပို့လိုက်ကာ မုန့်လန်ရင်ဘတ်အား ခြေထောက်ဖြင့် ကန်ပစ်လိုက်သည်။
ဘုန်းး!
မုန့်လန် ရပ်တန်သွားခဲ့ပြီး သူ့အရှိန်အဝါများ ပေါက်ကွဲထွက်သွားလေရာ မြေပြင်ပေါ်တွင် ခြေရာကြီးတစ်ခုပင် ဖြစ်ပေါ်သွားခဲ့၏။
ကုအန် ညာခြေအား ဖြည်းဖြည်းချင်းဆန့်ကာ မုန့်လန်အား နောက်ပြန်ဆုတ်သွားစေရန် ကန်လိုက်သည်။
ရှောင်ချွမ်နှင့်အခြားသူများ မျက်လုံးပြူးနေပြီး ကုအန်၏ ပုံရိပ်သည် သူတို့စိတ်ထဲတွင် ထင်စွဲနေတော့သည်။
စီနီယာအစ်ကိုကြီးသည် ထိုမျှစွမ်းအားကြီးသည်လော။
ကုအန် သူတို့နှင့်လေ့ကျင့်ရာတွင် စိတ်ဝိညဉ်စွမ်းအား မသုံးခဲ့သောကြောင့် အမှန်တကယ်သာ စိတ်ဝိညဉ်စွမ်းအားသုံး၍ တိုက်ခိုက်ပါက စီနီယာအစ်ကိုကြီးအား သူတို့အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ထင်ခဲ့ခြင်း ဖြစ်၏။
ရုတ်တရက် မုန့်လန် သူ့ဆီပြေး၀င်လာသော ကုအန်ခြေထောက်အား လက်နှစ်ဖက်ဖြင့် ဖမ်းကာ အားသုံး၍ ချိုးပစ်ရန် ပြင်လိုက်သည်။
ကုအန် သူ့ခြေထောက်အား အပေါ်သို့ အနည်းငယ်ေမြှာက်လိုက်ပြီး မုန့်လန်ပုခုံးအား ဖိချလိုက်ကာ မြေပြင်ပေါ် ဒူးထောက်ကျသွားအောင် လုပ်လိုက်၏။
မုန့်လန်ဘယ်လိုမှ တောင့်မခံနိုင်လိုက်ဘဲ မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့ကာ တုန်ရီနေပြီး သူ့ပုံစံသည် အလွန်ပင် သနားစရာကောင်းနေခဲ့သည်။
အပိုင်း(၁၂)
အခြေခံတည်ဆောက်ခြင်းအဆင့်၊ နှောင့်ယှက်ခံလိုက်ရသော ညအချိန်
ကုအန် မုန့်လန်အား ခြေထောက်တစ်ချောင်းတည်းနှင့် ဖိနှိပ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ရှောင်ချွမ်တို့ အတော်လေးစိတ်လှုပ်ရှားသွားကြသည်။
ပုံမှန်အချိန်များတွင် ဆေးတောင်ကြား၏ အသန်မာဆုံးသူမှာ မုန့်လန်လို့သာ သူတို့သတ်မှတ်ထားကြခြင်း ဖြစ်ပြီး ယနေ့တွင် မုန့်လန်စိတ်ဖောက်ပြန်နေချိန်တွင် ကုအန်က သူ့အား ခြေထောက်တစ်ချောင်းတည်းနှင့် ဖိနှိပ်ပစ်လိုက်၏။
သူတို့၏ အကြီးဆုံး အစ်ကိုကြီးသည် မုန့်လန်ဟုတ်မနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ဆရာသခင့်တွင် စူးရှသော မျက်လုံးများ ရှိပေသည်။
ကုအန် ဒူးထောက်ကျနေသော မုန့်လန်အား ကြည့်လိုက်ပြီး မေးလိုက်၏။ “မင်းအသိပြန်၀င်လာပြီလား”
သူ့ခြေထောက်မှ စိတ်ဝိညဉ်စွမ်းအားများ မုန့်လန်ကိုယ်ထဲသို့ စီးဆင်းနေပြီး မုန့်လန်ကိုယ်ထဲရှ်ိဖရိုဖရဲဖြစ်နေသော စိတ်ဝိညဉ်စွမ်းအားများအား ချောမွေ့သွားအောင် ကူညီပေးနေခဲ့သည်။
မုန့်လန် အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်လာပြီး သူ့မျက်လုံးထဲရှ်ိ သွေးကြောနီများလည်း ပျောက်ကွယ်သွားခဲ့ကာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့၏။
မုန့်လန် ပုံမှန်ဖြစ်သွားသည်အား မြင်သောအခါ ကုအန် သူ့ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး မုန့်လန်အား ဆွဲထူပေးလိုက်သည်။
မုန့်လန် ရုတ်ချည်းအသိပြန်၀င်သွားပြီး ခပ်ပြင်းပြင်းအသက်ရှူေနရင်း ကုအန်အား ကြည့်လိုက်၏။
“ကုအန် ငါ ငါ ငါဘာဖြစ်သွားတာလဲ” မုန့်လန် သူ့ကိုယ်ထဲရှိ ချီသွေးအတက်အကျများကြောင့် စကားပင် ချောမွေ့အောင် မပြောနိုင်သေးပေ။
ကုအန် ပြန်ပြောလိုက်သည်။ “ကြည့်ရတာ မင်းကျင့်ကြံခြင်းဖောက်ပြန်သွားတာထင်တယ်”
ထိုသို့ကြားလိုက်သောအခါ မုန့်လန် မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။
“ငါမင်းကို ထိခိုက်သွားအောင် မလုပ်မိလိုက်ဘူးမလား”
ရှောင်ချွမ် နှင့် လုကျိကျား တို့ အမူအရာများ ထူးဆန်းသွားကြသည်။
ရီလန် ၀င်ဖြေပေးလိုက်ချင်သော်လည်း ကုအန် အမြန်ဖြတ်ပြောလိုက်၏။ “အဆင်ပြေပါတယ် မင်းက အဲ့လိုအခြေအနေမှာတောင် ကိုယ့်ကိုကိုယ်ထိန်းနိုင်ခဲ့တယ်”
မုန့်လန့် သက်ပြင်းချလိုက်မိပြီး အပြုံးတစ်ခုအား ညှစ်ထုတ်လိုက်ကာ “မှန်တယ် ငါက မင်းတို့ရဲ့ စစ်မှန်တဲ့ စီနီယာအစ်ကိုကြီးပဲကို မင်းတို့ကိုထိခိုက်အောင် ဘယ်လိုလုပ် လုပ်မှာလဲ”
ရီလန် ကုအန်အား လေးစားမှုများပြည့်ေနေသာ မျက်၀န်းများနှင့်သာ စိုက်ကြည့်နေခဲ့လေသည်။
စီနီယာအစ်ကိုကြီးက စွမ်းအားကြီးရုံတင်မဟုတ်ဘူး အရမ်းလည်း လူကြီးလူကောင်းဆန်တာပဲ!
ရီလန်သာမက ရှောင်ချွမ်နှင့် လုကျိကျားတို့လည်း ထိုသို့သာ ခံစားနေကြရ၏။
မုန့်လန်မှာမူ အခုမှသာ ပေါက်ကရလျှောက်ပြောနေသော်လည်း ခုနကဆိုလျှင် သူသည် သရဲတစ်ကောင်လိုသာ ဖြစ်နေခဲ့သည်။
ထို့နောက် ကုအန် ရှောင်ချွမ်တို့အား အိမ်ပြန်ခိုင်းလိုက်ပြီး မုန့်လန်အား သူ့အခန်းထဲ ပြန်လိုက်ပို့လိုက်၏။
“မင်းဘယ်လိုကျင့်စဉ်ကျင့်နေတာလဲ အဲ့တာက ထူးခြားတယ်မဟုတ်လား” ကုအန် မေးလိုက်သည်။ သူ့မုန့်လန်အပေါ် အမြင်မကြည်သော်လည်း နောက်ဆုံးတွင် သူတို့သည် နေ့ညများအားအတူတူကုန်ဆုံးခဲ့ကြသူများသာ ဖြစ်ကြသည်။ မုန့်လန် အန္တရာယ်ကင်းနေသည်ကိုသာ သူမြင်ချင်မိ၏။
မုန့်လန် တစ်ချက်ရယ်လိုက်ပြီး ပြောလိုက်သည်။
“သေချာတာပေါ့ အဲ့တာက နတ်ကျင့်စဉ်ပဲ ငါ့ပါရမီနဲ့ နားလည်နိုင်စွမ်းက မလုံလောက်လို့သာ ဒီလိုဖြစ်သွားရတာ အဲ့တာရဲ့အကူအညီနဲ့ဆို ငါ အပြင်စည်းတပည့်တစ်ယောက်ဖြစ်လာမှာ သေချာတယ်”
ကုအန် စိတ်ရှုပ်သွားပြီး ထပ်မေးလိုက်၏။
“မင်းအရင်က အပြင်စည်းတပည့်ဖြစ်ဖို့ အဲ့လောက်ဂရုမစိုက်တဲ့ပုံနဲ့ အခုမှဘာလို့ အပြင်စည်းတပည့်ဖြစ်ရမှကို ဖြစ်မှာလဲ”
မုန့်လန် မျက်နှာရုတ်ချည်းမဲမှောင်သွားပြီး တိတ်ဆိတ်သွား၏။
မုန့်လန် မဖြေချင်သည်ကို တွေ့သောအခါ ကုအန် သူ့အား ကုတင်ပေါ်တင်ပေးလိုက်ပြီး အခန်းထဲမှ ပြန်ထွက်ခဲ့လိုက်သည်။
ခြံ၀န်းထဲသို့ ပြန်ရောက်သောအခါ ကုအန် အရပ် ၈ မျက်နှာ ခြေလှမ်းသိုင်းကိုသာ ပြန်လေ့ကျင့်ခဲ့လိုက်၏။
…..
ဆောင်းရာသီကုန်၍ နွေဦးသို့တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။
မနက်စောစောအချိန် ဆေးတောင်ကြားတွင် နှင်းကြွင်းနှင်းကျန်များ ကျန်နေသေးသည့် အချိန်၌ ကုအန် သူ့ဂျူနီယာလေးများအား ခေါ်ကာ တောင်ပေါ်တက်ခဲ့ကြ၏။
“အပင်တွေကိုလှဲပြီး အမြစ်ကနေဆွဲလှန်ပစ်တယ်ဆိုတာကလည်း ကျင့်ကြံနည်းတစ်မျိုးပဲ မင်းတို့စိတ်ဝိညဉ်စွမ်းအားတွေကုန်သွားပြီး ပြန်ဖြည့်ဖို့ ပြန်ကျင့်ကြံတာကလည်း မင်းတို့ကျင့်ကြံခြင်းကို တိုးတက်လာစေလိမ့်မယ်”
ကုအန် သစ်တောထဲတွင် အစိမ်းရောင်၀တ်စုံ၀တ်ထားရင်း လက်နှစ်ဖက်အားနောက်ပစ်ကာ ဆရာသခင်တစ်ယောက်ကဲ့သို့ ပုံစံဖမ်းနေခဲ့သည်။
မုန့်လန်အား ခြေထောက်တစ်ချောင်းတည်းနှင့် ဖိနှိပ်လိုက်နိုင်ခြင်းက သူ့အား ဂျူနီယာလေးများကြားတွင် ပိုထင်ပေါ်သွားစေခဲ့ပြီး ပိုမိုလေးစားခံလာခဲ့ရ၏။
သူ့ဂျူနီယာညီမေလးသည် သူ့အပေါ်အမြင်တစ်မျိုးပြောင်းသွားပြီး ပိုမိုကပ်တွယ်လာသည်ဟုတောင် ကုအန် ထင်မိသည်။ ကံကောင်းစွာဖြင့် ကုအန် သူ့အား ကျင့်ကြံခြင်းလမ်းညွှန်သည့်အချိန်လောက်သာ အကပ်ခံပြီး ရှောင်နေလိုက်နိုင်ခဲ့သည်။
ဤဘ၀တွင် ကုအန် ခံစားချက်များထဲသို့ စောစောစီးစီးနစ်မြုပ်မသွားလိုသေးပေ။ ထိုသို့နစ်မြုပ်သွားလျှင် သူ့ရည်ရွယ်ချက် ပျောက်ဆုံးသွားနိုင်၏။
ရှောင်ချွမ် နောက်လှည့်ပြီးမေးလိုက်သည်။ “အစ်ကိုကြီး ကျွန်တော်တို့က ခြေထောက်သုံးရမှာလား လက်သုံးရမှာလား”
ကုအန် ပြုံးနေရင်း ဖြေလိုက်၏။
“ဘာသုံးသုံးရတယ် ကျင့်ကြံခြင်းကသက်သက် အလုပ်ပြီးဖို့ကသက်သက်ပဲ မင်းတို့က အဲ့နှစ်ခုကြားထဲက ညီမျှခြင်းကိုရှာဖွေရမယ်”
ထိုအရာသည် ကျန်းချွမ်းချူ ခံစားရသော အရာလော။
ဘာအဓိပွာယ်မှမရှိသည့် အရာများအား ပြောရခြင်းသည် အတော်ပျော်စရာကောင်းလှသည်။
“ဂျူနီယာညီကိုရှောင်ချွမ် ဘယ်သူက အမြန်ပိုပြီးမလဲ ကြည့်လိုက်ရအောင်” လုကျိကျား လက်ဖဝါးအားပွတ်နေရင်း ပြောလိုက်၏။
ကုအန် သူတို့သစ်ပင်လှဲနေသည်အား ကြည့်နေရင်း အပင်စိုက်ရမည့်နေရာများကို စီစဉ်နေခဲ့သည်။
ဤတောင်ပေါ်တွင် မည်သည့်ဆေးပင်မျိုး စိုက်သင့်သနည်း။
ကုအန် အတွေးနက်နေခဲ့၏။
ရှောင်ချွမ်တို့သည် ကျင့်ကြံသူများဖြစ်သော်လည်း သူတို့ကျင့်ကြံမှုက ထိုမျှမမြင့်လေရာ ဆေးစိုက်ခင်းနေရာအား ရှင်းလင်းရန် အချိန် နေ့တစ်၀က်လောက်ထိ သုံးခဲ့ရသည်။ စိုက်ပျိုးရန်အတွက်မူ ကုအန် အဆင့်၃ စိတ်ဝိညဉ်လှုပ်ရမ်းမြက်များအား စိုက်ပျိုးရန် ယူလာခဲ့၏။
အလုပ်အားလုံးပြီးသွားသည့်နောက် သူတို့အားလုံးတောင်အောက်ပြန်ဆင်းခဲ့လေရာ ညနေခင်း၏ နေအလင်းသည် သူတို့ပေါ်ထိုးကျပြီး တောင်စောင်းတွင် အရိပ်များ ကျနေခဲ့တော့သည်။
ကုအန် သူ့ဂျူနီယာလေးများ၏ ရည်မှန်းချက်များအား မေးမြန်းခဲ့ရာ အကုန်လုံးသည် အပြင်စည်းဂိုဏ်းထဲ၀င်ချင်ကြသူများ ဖြစ်ကြသော်လည်း သူတို့၌ မတူညီသော ရည်ရွယ်ချက်ကိုယ်စီ ရှိနေခဲ့ကြသည်။
ရှောင်ချွမ်သည် ရိုးရိုးရှငး်ရှင်း ပိုသန်မာလာချင်ရုံသာဖြစ်ပြီး လုကျိကျားက သူ့မိသားစုကို သက်သေပြချင်၍ အပြင်စည်းဂိုဏ်းထဲ၀င်လိုခြင်းဖြစ်သည်။ ရီလန်တွင်မူ လျှို့ဝှက်ချက်အချို့ရှိပုံရပြီး ထုတ်မပြောခဲ့ပေ။
ကုအန် သူတို့ရည်ရွယ်ချက်များအား နားထောင်နေရင်း လူတိုင်းတွင် ကိုယ်ပိုင်ဇာတ်လမ်းများ ရှိသည်ကို ယုံကြည်သွားခဲ့သည်။
မတူညီသော လူများ၏ဇာတ်လမ်းများအကြောင်းကြားရခြင်းမှာ ကုအန်အတွက်လည်း ပိုအသိကြွယ်စေ၏။
……….
ကုအန်တို့ တောင်ပေါ်တက်ခဲ့သည့်အချိန်မှစ၍ အချိန်တစ်လကုန်ဆုံးသွားခဲ့ပြီး ထိုညတွင် လသာကာ ကြယ်များလည်း စုံနေကြသည်။
ကုအန် ကုတင်ပေါ်တွင် တရားထိုင်နေခဲ့ပြီး စနစ်ကိုဖွင့်လိုက်ရာ သူ့ရှေ့တွင် ပေါ်လာခဲ့၏။
[အမည်: ကုအန်]
[သက်တမ်း : ၂၀/၃၁၆၃]
[စိတ်ဝိညဉ်အမြစ်: ပထမတန်းစား သစ်သားစိတ်ဝိညဉ်အမြစ်၊ ဒြပ်စင်လေးခု စိတ်ဝိညဉ်အမြစ်(ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ရသည်)]
[ကျင့်ကြံခြင်းအဆင့် : စွမ်းအင်စုပ်ယူခြင်းအဆင့် ၉(ကျင့်ကြံခြင်း တိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ ရသည်)]
[ကျင့်ကြံခြင်းနည်းစနစ်များ: မီးထိန်းချုပ်ခြင်းပညာ (မတတ်မြောက်သေး)၊နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်(ကျွမ်းကျင်) သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်(ကျွမ်းကျင်)၊ ဆေးတာအို (စဉီးအဆင့်) (ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ ရသည်)]
[လျှိုဝှက်သိုင်းများ: လေပြင်းအရိပ်မဲ့ခြေထောက်သိုင်း၊ (ကျွမ်းကျင်)၊ လီမိသားစု ဓား ၇လက် ဓားသိုင်း(မတတ်မြောက်သေး)၊ အရပ် ၈မျက်နှာခြေလှမ်းသိုင်း(မတတ်မြောက်သေး)(ကျင့်ကြံခြင်းတိုးမြင့်လာစေရန် သက်တမ်းအား အသုံးပြု၍ရသည်)]
ငါကျင့်ကြံခြင်းအဆင့် ချိုးဖောက်ဖို့ သက်တမ်းသုံးလိုက်သင့်လား။
ချန်းရွှမ်တန်သည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်နိုင်သည်။ ယခုအခါ ကုအန်အပေါ်လည်း ကောင်းမွန်သောအမြင်ရှိသောကြောင့် ထိုဆေးလုံးကို သူရှာ၍ ရနိုင်၏။
သို့သော် မုန့်လန်၏အဖြစ်မှာ ကုအန်အား ချန်းရွှမ်တန်အပေါ် ပြန်သတိထားမိသွားစေသည်။
မုန့်လန်တွင် အလွန်ကြီးသောနောက်ခံလည်း မရှိလေရာ အကယ်၍ သူ့တွင်သာ အရင်ကတည်းက နတ်ကျင့်စဉ်ရှိနေပါက သူထိုသိုင်းအား ဘာကြောင့် လီယနှင့် ကျန်းချွမ်းချူ ထွက်သွားမှ ကျင့်ရသနည်း။
ကုအန်၏ အာရုံအရ ဤ၂နှစ်အတွင်း မုန့်လန်မည်သည့် လူစိမ်းနဲ့မှလည်း အဆက်အသွယ်မရှိခဲ့ပေ။ သူတစ်ခါတလေ ဆက်သွယ်သည်မှာ ချန်းရွှမ်တန်သာရှိပြီး သူတို့စကားဝိုင်းတိုင်းကိုလည်း ကုအန် အချိန်ပြည့်လိုက်နားထောင်မနေခဲ့ပေ။
မေ့လိုက်တော့။
ကိုယ့်ဟာကိုယ်အားကိုးတာက သူများကို အားကိုးတာထက် ပိုကောင်းပါတယ်။
အမတလမ်းစဉ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေခြင်းဖြစ်ပြီး ခြေတစ်လှမ်းမှားသွားလျှင်ပင် ဒုက္ခရောက်သွားစေနိုင်သည်။
ထို့ကြောင့် ကုအန် သူ့ကျင့်ကြံခြင်းတွင် သက်တမ်း တစ်နှစ် ပေါင်းထည့်ခဲ့လိုက်၏။
[အထူးသတိပေးချက်: ကျင့်ကြံခြင်းအဆင့်ပြောင်းလဲခြင်းဖြစ်စဉ်သည် တည်ရှိမနေသောအခြေအနေမှ တည်ရှိသောအခြေအနေသို့ ပြောင်းလဲပေးမည်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်တွင် သက်တမ်းအသံုးပြုရာ၌ အစစ်အမှန်ကျင့်ကြံချိန်ထက် ပိုများပါမည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းအဆင့်ကိုကျင့်ကြံခဲ့ပြီး အခြေခံတည်ဆောက်ခြင်းဆေးတောင့်နှင့် အခြားအခွင့်အရေးများ မရရှိခဲ့မှုကြောင့် ဖောက်ထွက်ဖို့ ကျရှုံးခဲ့ပါသည်]
စာနှစ်ကြောင်းကုအန်ရှေ့တွင်ပေါ်လာခဲ့ပြီး ဖောက်ထွက်ဖို့ ကျဆုံးခဲ့သောကြောင့် ကုအန်ကျင့်ကြံခြင်း ဘာမှတိုးတက်မလာခဲ့ပေ။
ကုအန် မကျေနပ်သေးဘဲ သက်တမ်းတစ်နှစ်ပြီးတစ်နှစ် ပေါင်းထည့်လိုက်၏။
ကျရှံုး၊ကျရှံုး၊ကျရှုံး….
ကိုးကြိမ်ထိကျရှုံးခဲ့ပြီးနောက် ကုအန်စိတ်မရှည်တော့ပေ။
သေစမ်း!
ဒီလောင်ဇီကဒါကို ထပ်မယုံတော့ဘူးကွ!
သက်တမ်း ၁၀၀ ထည့်လိုက်စမ်း!
ကုအန် စိတ်မရှည်တော့ဘဲ ဖောက်ထွက်ခြင်း၌ သက်တမ်း ၁၀၀ ထည့်လိုက်လေတော့သည်။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို ၁၀နှစ် ကျင့်ကြံခဲ့ပြီး ဖောက်ထွက်ဖို့ အဆင်သင့်ဖြစ်သွားပါသော်လည်း ဖောက်ထွက်ရာတွင် ကျရှုံးခဲ့ပါသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၂၀ ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့ပါသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၂ သို့ ဖောက်ထွက်သွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၅၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ၃ သို့ ဖောက်ထွက်သွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၇၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ၄ သို့ ဖောက်ထွက်သွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၇၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် ၅ သို့ ဖောက်ထွက်သွားခဲ့သည်]
စာတန်းများ ကုအန်ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့၏။
တစ်ခုခုမှားနေသည်ကို ခံစားမိသောအခါ ကုအန်ပျော်နေရန် အချိန်မရှိတော့ပေ။ အဆင့်များစွာတစ်ခါတည်း ချိုးဖျက်ခြင်းသည် စိတ်ဝိညဉ်စွမ်းအင်များ အကြီးအကျယ်စုေ၀းခြင်းကို ဖြစ်စေနိုင်သည် မဟုတ်ပါလား။
ထိုသို့တွေးမိပြီး မကြာခင် သူ့ခန္ဓာကိုယ် စတင်ပူလာခဲ့ရာ ကုအန်ချက်ချင်းပင် ပြတင်းပေါက်မှ ခုန်ထွက်ခဲ့လေတော့သည်။
သူ အသံလုံလုံဖြင့် အမြန်ပြေးလွှားနေပြီး အသက်သုံးရှိုက်စာ အကြာတွင် သစ်တောထဲသို့ ရောက်ရှ်ိသွားခဲ့၏။ ထို့နောက် သူ့ခြေထောက်များနှင့် တောင်နံရံကိုကန်၍ မျောက်တစ်ကောင်ကဲ့သို့ တောင်ထိပ်ဆီ တက်သွားလိုက်သည်။ ထိုအချိန်တွင် စိတ်ဝိညဉ်စွမ်းအင်များ သူ့ဆီ စတင်စုဝေးလာနေပြီ ဖြစ်၏။
စိတ်ဝိညဉ်စွမ်းအင်စုပ်ယူနေသောနှုန်းသည် ပိုမြန်လာခဲ့ပြီး ကုအန် အဆင့်ချိုးဖျက်တော့မလို ဖြစ်သွားခဲ့သည်။ သို့သော် သူသတိထား၍ ထိန်းထားလိုက်၏။ ဆေးတောင်ကြားတွင်သာ သူအဆင့်ချိုးဖျက်ခဲ့ပါက အခြားသူများ သတိထားမိသွားစေလိမ့်မည်။
မုန့်လန်နှင့် ချန်းရွှမ်တန်တို့နှစ်ယောက် ထွက်မကြည့်ရဲလောက်သော်လည်း သွေးပူလွယ်သော လုကျိကျားနှင့် ရီလန်တို့မှာတော့ သေချာပေါက် ထွက်ကြည့်ကြပေလိမ့်မည်။
ကုအန် တွေးနေစဉ်အတွင်း သူ့ကိုယ်ထဲစုပ်ယူနေသော စိတ်ဝိညဉ်စွမ်းအား ပိုမိုရှုပ်ထွေး များပြားလာခဲ့သည်။ ညအမှောင်ထု၏ အောက်တွင် သစ်တောကြီးတစ်ခုလုံးမှာတော့ သစ်ရွက်ကြွေသံများကိုသာ ကြားနေခဲ့ရ၏။
ကုအန် လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းကို အစွမ်းကုန်သုံးပြီး တောင်များကို ဖြတ်သန်းလာခဲ့သည်။
သူတဖြည်းဖြည်း ဆေးတောင်ကြားနှင့် ပိုဝေးလာခဲ့၏။
သူ့ဒျန်တန်ဖွံ့ဖြိုးလာပြီး ဖောက်ထွက်တော့မည့်အချိန်ထိပင် ကုအန် မရပ်တန့်ခဲ့သေးပေ။
နာလိုက်တာ!
ကုအန် ရှုံ့မဲ့သွားသော်လည်း သူ့ခြေလှမ်းများကိုတော့ အရှိန်မလျှော့ခဲ့ပေ။
သူ ၁၀ မိုင်ခန့် ပြေးလာပြီးမှသာ သစ်ပင်တစ်ပင်အောက်တွင် ရပ်တန့်ခဲ့လိုက်ပြီး ကျင့်ကြံလိုက်၏။
ကျင့်ကြံနေရင်း ကုအန် သူ့ကိုယ်သူ အံ့ဩနေခဲ့သည်။
သက်တမ်း ၁၀၀ လောက်အသုံးပြုခြင်းသည် စိတ်ဝိညဉ်တည်ဆောက်ခြင်းအဆင့် ၅အထိ ရောက်ရှိသွားစေလိမ့်မည်ဟု ကုအန် ထင်မထားမိခဲ့ပေ။
ကြည့်ရသည်မှာ သူစုဆောင်းထားသော သက်တမ်းများသည် အလွန်တောင် များနေပုံပေါ်၏။ ဒါပေါ့ သူထိုမျှ လွယ်ကူသွားခြင်းမှာ သန့်စင်သောသစ်သားယန်ကျင့်စဉ်တွင် ကျွမ်းကျင်အဆင့်ထိ ရောက်ရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
အကယ်၍သူသာ သက်တမ်း ၁၀၀၀ အသုံးပြုခဲ့ပါက ဗဟိုအူတိုင်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားမည်လော။ သို့မဟုတ် စိတ်ဝိညဥ်အေခြတည်အဆင့်သို့ပင် ရောက်ရှိသွားမည်လော။
ကုအန် အတွေးနစ်သွားခဲ့သည်။
ကုအန် စိတ်ဝိညဉ်စွမ်းအင်များ ပိုမိုစုပ်ယူလေလေ သစ်တောထဲတွင် ပိုမိုလှုပ်ယမ်းလာလေဖြစ်ပြီး သစ်ရွက်များ အဆက်မပြတ်ပင် ကြွေကြနေခဲ့၏။ သစ်တောကြီးမှာ အမှောင်ထုထဲတွင် မိစ္ဆာနတ်ဆိုးများ အထဲမှ သူတို့လက်သည်းများ အစွယ်များကို ထုတ်လိုက်တော့မလိုပင် ဖြစ်နေခဲ့သည်။
“ဒီဖြစ်ရပ်က နည်းနည်းတော့ ချဲ့ကားလွန်းနေတာပဲ”
ကုအန် တွေးလိုက်မိသည်။ ထိုကဲ့သို့ ဖြစ်ရပ်များက ကျင့်ကြံသူအား မလိုအပ်သော အာရုံစိုက်မှုများခံရစေပြီး ဒုက္ခရောက်သွားစေနိုင်၏။
ဤဖြစ်စဉ်ပြီးသည့်နောက်တွင် ကျင့်ကြံခြင်းမှာ အလွှာတစ်ခုသာ တက်သွားမည်ဖြစ်သော်လည်း ယခုအခါတွင်တော့ အဆင့်တက်ရန် လိုအပ်သော စိတ်ဝိညဉ်စွမ်းအင်များအား တစ်ချိန်တည်းတွင် ဖိနှိပ်ထည့်ပြီး တက်နေခြင်း ဖြစ်လေသည်။
စွမ်းအင် စုပ်ယူခြင်း အဆင့်၉မှ အခြေခံတည်ဆောက်ခြင်း အဆင့် ၅ သို့တက်ရောက်သည့်အချိန်မှာပင် ထိုမျှကြီးကျယ်နေပါလျှင် အကယ်၍ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်မှ စိတ်ဝိညဉ်အေခြတည်အဆင့်သို့သာ တစ်ခါတည်းတက်လိုက်လျှင် မည်သို့သော အရာများ ဖြစ်သွားစေလိမ့်မည်နည်း။
အဆင့်တက်နေချိန် အခြားကျင့်ကြံသူများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်လေရာ ထိုအရာမှာ မကောင်းသော အရာသာ ဖြစ်ပေသည်။
ကုအန် နောက်လာမည့်အချိန်များတွင် အဆိုးဆုံးအခြေအနေများကိုပါ ကြိုတွေး၍ စီစဉ်ထားမည်ဟု ဆုံးဖြတ်ထားလိုက်၏။
အနာဂတ်တွင် သူပို၍ ဂရုစိုက်ရေပေမည်။
သူေန့စဥ်တစ်နေ့တွင် တစ်နှစ်သာထည့်ပေါင်းပြီး ကျင့်ကြံခြင်းအဆင့်တက်မည်ဟု စဉ်းစားထားလိုက်သည်။
အချိန်သည် အမြန်ကုန်ဆုံးသွားပြီး တောအုပ်တစ်ခုလုံးတွင် ကြမ်းတမ်းသော လေများ တိုက်ခတ်နေခဲ့၏။ သူ့ကိုယ်ထဲမှ အလျင်အမြန်တိုးပွားလာသော စိတ်ဝိညဉ်စွမ်းအင်များကြောင့် ကုအန် ၀တ်စုံပင် ဖောင်းကားလာခဲ့သည်။
တစ်ခဏကြာသောအခါ သူ့အရှိန်အဝါ ရုတ်ချည်းပြောင်းလဲသွား၏။
အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားခဲ့လေပြီ။
သူ့ဒျန်တန်ပုံစံပြောင်းသွားခဲ့ပြီး စိတ်ဝိညဉ်စွမ်းအင်များကို ပို၍မြန်မြန်လှည့်ပတ်၍ ရနေခဲ့ကာ သူ့အရိုးများနှင့်တကိုယ်လုံးလည်း ပိုမိုသန်မာလာခဲ့လေသည်။
ထိုမျှနှင့် မပြီးသေးပေ။
သူ့ကျင့်ကြံခြင်းမှာ ဆက်၍ တက်နေသေး၏။ ကုအန် ပတ်၀န်းကျင်တွင် ဖုန်မှုန့်များ မြက်ပင်များလှည့်ပတ်နေပြီး လေပွေတစ်ခုဖြစ်ပေါ်နေခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၂!
အခြေခံတည်ဆောက်ခြင်း အဆင့် ၃!
အခြေခံတည်ဆောက်ခြင်း အဆင့် ၄!