← Chapters

လီဟုန်၏ မှော်စာလုံးလမ်းစဉ်....

Vol. 73 Ch. 1022

လီဟုန်၏ မှော်စာလုံးလမ်းစဉ်....

Vol. 73 Ch. 1022

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" မှော်စာလုံးလမ်းစဉ်။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်အောင်ထားပြီး ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်များကို စဉ်းစားနေသည်။

အရာအားလုံးကို လုပ်ဆောင်နိုင်သော အဆင့်သို့ ရောက်မရောက် မသေချာသော်လည်း အလင်းရောင်တစ်ခုမြင်တွေ့နေရပြီဖြစ်သည်။ မဟုတ်လျှင် အချိန်သက်ရှိတစ်ယောက်ဖြစ်သော ကောင်းကင်အလင်းအရှင်သခင်က ထိုသို့သော ရည်မှန်းချက်မျိုးကို ထားခဲ့မည်မဟုတ်ပေ။

လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကိုမူ နားမလည်နိုင်ပေ။ ထိုစွမ်းအား၏ အနှစ်သာရက အလွန်မြင့်မားပြီး လင်းယွမ်အနေဖြင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးတစ်ဆင့် ၎င်း၏ တည်ရှိမှုကို သိနိုင်ခြင်းဖြစ်သည်။ ယခုအခါ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားနှင့် ဆင်တူသော မှော်စာလုံးလမ်းစဉ်ကို ရှာတွေ့သွားပြီဖြစ်သည်။

အရာရာကို ဖန်တီးနိုင်ရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုခြင်းထက် လင်းယွမ်က သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ထိုအဆင့်သို့ ရောက်ရှိလိုသည်။

" ငါက ကောင်းကင်အလင်းအရှင်သခင်ကို လေးစားတဲ့အတွက် ငါ့ရဲ့ မှော်စာလုံးလမ်းစဉ်ကလည်း သူ့ရဲ့ လမ်းစဉ်အတိုင်းပဲသွားတယ်။ " လီဟုန်က ဆက်ပြောလိုက်သည်။ " ငါနားလည်ထားတဲ့ မှော်စာလုံးလမ်းစဉ်ကို သုံးမျိုးခွဲခြားထားတယ်။ တိုက်ခိုက်ရေး၊ ခုခံရေးနဲ့ လွတ်မြောက်ရေးပဲ။ "

" ငါ့ရဲ့ တိုက်ခိုက်ရေးမှော်စာလုံးလမ်းစဉ်ကို လီဟုန်အလင်းတန်းလို့ ခေါ်တယ်။ ဒါက ငါ့ရဲ့ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုပဲ။ မှော်စာလုံး ၂၆၈၃၅ခုနဲ့ ဖွဲ့စည်းထားတဲ့ လီဟုန်အလင်းတန်းက အရာအားလုံးကို ထိုးဖောက်နိုင်စွမ်းရှိတယ်။ လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူတောင် ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ အစွမ်းကုန် ကြိုးစားရလိမ့်မယ်။ "

" ဒီမှော်စာလုံးနည်းစနစ်နဲ့ဆို လွတ်မြောက်ခြင်းအဆင့်ကိုသာ စောပြီးတက်လှမ်းနိုင်ခဲ့ရင် အဲ့ဒီမူလနတ်ဆိုးကို ပြန်တိုက်ဖို့ အခွင့်အရေးရှိနိုင်လောက်တယ်။ "

" လီဟုန်အလင်းတန်းလား။ " လင်းယွမ်က သေချာလေ့လာနေသည်။

လီဟုန်က မှော်စာလုံးလမ်းစဉ်အကြောင်း ရှင်းပြနေစဉ် လက်တွေ့သရုပ်ပြနေပြီး မှော်စာလုံးများမှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

" လီဟုန်အလင်းတန်းက ကောင်းကင်အလင်းအရှင်သခင်ရဲ့ တိုက်ခိုက်ရေးနည်းလမ်းအချို့ကို အခြေခံထားတာ ဖြစ်ပေမယ့် ဒါက ငါကိုယ်တိုင် ဖန်တီးထားတာလည်း ဖြစ်တယ်။ နောက်ပိုင်း မင်း ဒီရုပ်တုထဲမှာ မှတ်တမ်းတင်ထားတဲ့ အမွေအနှစ်တွေကို ကြည့်ပြီး စိတ်ကြိုက် လေ့လာနိုင်တယ်။ " လီဟုန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ဒုတိယ ခုခံရေးမှော်စာလုံးလမ်းစဉ်က လီထင်းလမ်းစဉ်ပဲ။ ဒါက မှော်စာလုံးတွေကို ပေါင်းစည်းပြီး အိုးတစ်လုံးအဖြစ် ဖန်တီးတာပဲ။ ငါ ဒီမှော်စာလုံးနည်းစနစ်ကို အသုံးပြုပြီး လွတ်မြောက်ခြင်းအဆင့်သုံး ကျင့်ကြံသူရဲ့ ရှေ့မှာ အသက်ရှူချိန် ဆယ်ကြိမ်အထိ ခုခံခဲ့ဖူးတယ်။ "

လီဟုန်၏ မျက်နှာတွင် ဂုဏ်ယူသော အမူအရာများ ပေါ်လာသည်။ လွတ်မြောက်ခြင်းအဆင့်နှစ် တစ်ယောက်အနေဖြင့် အဆင့်သုံးတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းက အမှန်တကယ် ချီးကျူးထိုက်ပေသည်။

" လွတ်မြောက်ရေးမှော်စာလုံးလမ်းစဉ်ကို သွေးသက်တန့်နည်းစနစ်လို့ခေါ်တယ်။ အဲ့ဒါက သွေးသက်တန့်ရုပ်ခန္ဓာပေါင်းများစွာကို ကျင့်ကြံနိုင်တယ်။ ကံမကောင်းတာက အဲ့ဒီ ရုပ်ခန္ဓာတွေကြားမှာ ကြောင်းကျိုးဆက်နွယ်မှုရှိနေသေးတာပဲ။ မဟုတ်ရင် အဲ့ဒီမူလနတ်ဆိုးက ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး။ " လီဟုန်က အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ရှင်သန်လိုစိတ်ပြင်းပြခဲ့သည်မှာ ထင်ရှားသည်။

" အဲ့ဒီမှော်စာလုံးလမ်းစဉ်သုံးခုရဲ့ ကျင့်ကြံပုံတွေနဲ့ အခြားထာဝရအရှင်သခင်တွေ ချန်ခဲ့တဲ့ မှော်စာလုံးလမ်းစဉ်အားလုံးကို ဒီရုပ်တုထဲမှာ သိမ်းဆည်းထားတယ်။ ငါ့ရဲ့ မှော်စာလုံးလမ်းစဉ်အတွင် ဘယ်လိုစမ်းသပ်မှုမှ မထားခဲ့ဘူး။ ဘယ်သူမဆို ကျင့်ကြံနိုင်တယ်။ ဒါပေမယ့် မင်းလေ့လာပြီးရင် ဒီရုပ်တုကို မဖျက်ဆီးပစ်ပါနဲ့။ နောက်မျိုးဆက်တွေအတွက် မျှော်လင့်ချ​က် အလင်းရောင်တစ်ခု ချန်ထားခဲ့ပေးပါ။ "

လီဟုန်က သက်ပြင်းချကာ မျက်လုံးများမှိတ်ပြီး ရေရွတ်လိုက်သည်။ " ကြီးမြတ်လှတဲ့ ကောင်းကင်အလင်းအရှင်သခင် ဒီနတ်ဆိုးတွေရဲ့ အန္တရာယ်ကို တားဆီးဖို့ ဘာလို့ ရှေ့မထွက်ခဲ့တာလဲ။ "

လီဟုန်က သံသယများနှင့် သူ၏ နောက်ဆုံးစကားကို ပြောပြီးနောက် သူ၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

" ကောင်းကင်အလင်းအရှင်သခင်..." လင်းယွမ်က ထာဝရအရှင်သခင်များ သို့မဟုတ် အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ အခြေအနေကို ပို၍ သိချင်သွားသည်။ ခဏစဉ်းစားပြီးနောက် သူ၏ စိတ်အသိကို ရုပ်တုထဲသို့ ပို့လွှတ်လိုက်သည်။

" ငါ့မတိုင်ခင် ကျင့်ကြံသူခြောက်ယောက်က ဒီအမွေအနှစ်ကို လေ့လာဖူးတာပဲ။ " လင်းယွမ်က ရုပ်တုအတွင်းမှ အမှတ်အသားများကို သတိပြုမိလိုက်သည်။

လာရောက်လေ့လာသူများက ရုပ်တုအတွင်း၌ အမှတ်အသားများ ချန်ခဲ့ကြပြီး လင်းယွမ်က ခုနှစ်ယောက် လေ့လာသူဖြစ်သည်။ လီဟုန်၏ စကားအရ ဤနေရာက ကမ္ဘာကြီး အသွင်မပြောင်းလဲမီကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သောကြောင့် ကျင့်ကြံသူအနည်းငယ် ရှာတွေ့ခြင်းက သဘာဝကျလှသည်။

လင်းယွမ်က ထာဝရအရှင်သခင်များ ချန်ခဲ့သော မှော်စာလုံးလမ်းစဉ်များကို ပထမဆုံး လေ့လာလိုက်သည်။ ချင်းယွမ်ဂိုဏ်းတွင် မှော်စာလုံးအမွေအနှစ်အချို့ ရှိသော်လည်း ထာဝရအရှင်သခင်များနှင့် သက်ဆိုင်သည်မှာ အနည်းငယ်သာ ရှိသည်။

" ကောင်းကင်အလင်းအရှင်သခင် " ရုပ်တုအတွင်း ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့သော မှော်စာလုံးလမ်းစဉ် ၂၀ ကျော်ရှိနေသည်။ လင်းယွမ်က ပို၍ လေ့လာလေ ပို၍ အံ့အားသင့်ရလေဖြစ်သည်။

လင်းယွမ်က အလွှာဆယ့်သုံး အမွေအနှစ်များကို လေ့လာခဲ့ဖူးသည်။ ဖရိုဖရဲဟင်းလင်းပြင် သိုမဟုတ် ရင်းမြစ်ကမ္ဘာတွင်လည်း ဘိုးဘေးများက လ်းယွမ် လေ့လာရန်အတွက် အလွှာဆယ့်သုံး အမွေအနှစ်များကို ချန်ထားခဲ့ကြသည်။

သို့သော် ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့သော မှော်စာလုံးလမ်းစဉ်နှင့် ယှဉ်လျှင် လင်းယွမ်က ကွာဟချက်တစ်ခုကို ခံစားလိုက်ရသည်။ ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်အပေါ် နားလည်မှုက အလွှာဆယ့်သုံးများကြားမှာပင် အလွန်မြင့်မားပေသည်။

" ကောင်းကင်အလင်းအရှင်သခင်က အချိန်အရှင်သခင်တစ်ယောက်လား။ "

အလွှာဆယ့်သုံး အထွတ်အထိပ်သို့ ရောက်နေသော အချိန်အရှင်သခင်များက သူတို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို တစ်သားတည်းဖြစ်အောင် စုစည်းရန် ကြိုးစားသည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ပထမရင်းမြစ်ကမ္ဘာတွင် ဘိုးဘေးခြောက်ယောက်ထဲမှ အသန်မာဆုံးဘိုးဘေးဖြစ်သော တဖုဘိုးဘေးပင် အချိန်အရှင်သခင်အဆင့်သို့ ရောက်ရှိရန် ဝေးကွာနေဆဲ ဖြစ်သည်။ သို့သော် လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင် ချန်ခဲ့သော မှော်စာလုံး လမ်းစဉ်ကို လေ့လာခြင်းဖြင့် ၎င်း၏ အနှစ်သာရက သူမြင်တွေ့ဖူးသော မည်သည့်အလွှာဆယ့်သုံး အမွေအနှစ်ထက်မဆို သာလွန်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချက်က ကောင်းကင်အလင်းအရှင်သခင်မှာ အချိန်အရှင်သခင်တစ်ယောက်ဖြစ်နိုင်သည်ဟု ယူဆစေနိုင်သည်။

" သေချာတာကတော့ သူက အစွမ်းထက်တဲ့ အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက် ဖြစ်လိမ့်မယ်။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

အလွှာဆယ့်သုံးသို့ပင် မရောက်သေးသော သူ့အတွက် ကောင်းကင်အလင်းအရှင်သခင်က အချိန်အရှင်သခင်တစ်ယောက် ဟုတ်မဟုတ် မဆုံးဖြတ်နိုင်သေးပေ။

" ဒီမှော်စာလုံးအမွေအနှစ်တွေက ငါ့အတွက် အများကြီး အထောက်အကူဖြစ်တယ်။ " လင်းယွမ်က ရုပ်တုအတွင်းရှိ အမွေအနှစ်များကို ရက်အနည်းငယ် လေ့လာပြီးနောက် အသိအမြင်များစွာကို ရရှိခဲ့သည်။

အထူးသဖြင့် ထာဝရအရှင်သခင်များ၏ မှော်စာလုံး လမ်းစဉ်များက လင်းယွမ်အား မှော်စာလုံးလမ်းစဉ်၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်တွေ့စေခဲ့သည်။ ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်ဆိုင်ရာ ရည်မှန်းချက်မှာ အရာရာကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ အခြားထာဝရအရှင်သခင်များကလည်း မှော်စာလုံးလမ်းစဉ်များတွင် ကိုယ်ပိုင်ရည်မှန်းချက်များရှိကြလေသည်။

" ဒါက နည်းနေသေးတာပဲ။ " လင်းယွမ်က သူ၏ ရှေ့မှ ရုပ်တုကို ကြည့်ပြီး အားမလိုအားမရဖြစ်သွားသည်။

ထာဝရအရှင်သခင်များ၏ အမွေအနှစ်များက အလွန်တန်ဖိုးကြီးလှသဖြင့် လွတ်မြောက်ခြင်းအဆင့်နှစ် အထွတ်အထိပ်သို့ ရောက်ခဲ့သော လီဟုန်ပင်လျှင် အစိတ်အပိုင်း အချို့ကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။

" အခြားဂိုဏ်းနေရာတွေကို ဆက်ပြီး ရှာဖွေရမယ်။ " လင်းယွမ်က တွေးလိုက်သည်။ သူက အမှုန်ကမ္ဘာများကို အလုံးစုံမတည်ဆောက်နိုင်သေးမီ ကမ္ဘာအလယ်ကို ချဉ်းကပ်မည်မဟုတ်သကဲ့သို့ နတ်ဆိုးနတ်ဘုရားနှင့်လည်း ထိတွေ့မှုပြုလုပ်မည်မဟုတ်ပေ။

" သူတော်စင်အဆင့် ဂိုဏ်းတွေမှာ ထာဝရအရှင်သခင်တွေရဲ့ အမွေအနှစ်တွေ ပိုပြီး ရှိနေနိုင်တယ်။ "

သူတော်စင်ဂိုဏ်းများကို တည်​ထောင်သူများက လွတ်မြောက်ခြင်းအဆင့်သုံးရှိသူများဖြစ်ပြီး သူတို့က ထာဝရဂိုဏ်းများနှင့် အဆက်အသွယ်ရှိနေနိုင်သည်။ ထို့ကြောင့် သူတို့တွင် ထာဝရအရှင်သခင်များ၏ အမွေအနှစ်များ ရှိပေလိမ့်မည်။

" သူတော်စင်ဂိုဏ်းတွေက မူလနတ်ဆိုးရဲ့ ပစ်မှတ်ထားခြင်းခံရရင် ခုခံနိုင်ဖို့ ခက်ခဲတယ်။ "

လီဟုန်မှတစ်ဆင့် လင်းယွမ်က မူလနတ်ဆိုးများမှာ ချောက်နက်နဂါးနှင့်အဆင့်တူကြောင်း သိခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကဆိုလျှင် သူကိုယ်တိုင်ပင် မူလနတ်ဆိုးကို သတ်နိုင်မည်ဟု ယုံကြည်မှုရှိမည်မဟုတ်ပေ။

ပထမရင်းမြစ်ကမ္ဘာ။

လီယန်မြို့တော်၊ နဂါးငွေ့တန်းနန်းတော်။

မုန့်ရှီနှင့် လင်းယွမ် လက်ခံထားသော တပည့်များက လာရောက်တွေ့ဆုံကြသည်။ ၎င်းက လင်းယွမ်သတ်မှတ်ထားသော စည်းကမ်းဖြစ်သည်။ တပည့်များက သိုင်းတာအိုကျင့်ကြံမှုနှင့် ပက်သက်ပြီး သံသယများကို အခါအားလျော်စွာ လာရောက်မေးမြန်းနိုင်ကြသည်။

" ဆရာ " မုန့်ရှီနှင့် တပည့်များက ထိုင်နေသော လူငယ်ကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

မှော်စာလုံးများက ပေါင်းစပ်ယှက်နွယ်နေပြီး ကျယ်ပြောလှသော ကမ္ဘာတစ်ခုကို ဝေဝါးစွာ ပုံဖော်နေသည်။ သို့သော် မှော်စာလုံးများ၏ အဆင့်က အလွန်မြင့်သောကြောင့် သူတို့က အလုံးစုံကို မမြင်နိုင်ကြပေ။ ထိုသို့မမြင်နိုင်သော်လည်း မှော်စာလုံးတစ်ခုချင်းစီတွင် အကန့်အသတ်မရှိသော လျို့ဝှက်ချက်များ ပါဝင်နေပြီး ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရ အစိတ်အပိုင်းများ ပါဝင်နေသည်ကို ခံစားမိကြသည်။

All Chapters