← Chapters

ထိုက်ကျိဓားအလင်းတန်း...

Vol. 73 Ch. 1026

ထိုက်ကျိဓားအလင်းတန်း...

Vol. 73 Ch. 1026

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" သူက ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ။ " ရွှေရောင်ပုံရိပ်က လင်းယွမ်ကို သေချာအကဲခတ်နေသည်။

ပထမဆုံးအနေဖြင့် လင်းယွမ်က နတ်ဆိုးမဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ကျင့်ကြံသူများနှင့် နတ်ဆိုများကြား ကွာဟချက်က သိသာထင်ရှားလှသည်။ ကျင့်ကြံသူတစ်ယောက်က နတ်ဆိုးစွမ်းအားကို စုပ်ယူလိုက်လျှင် ရေကြည်ထဲ မင်တစ်စက်ကျသွားသကဲ့သို့ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ရွှေရောင်ပုံရိပ်၏ မျက်စိထဲတွင် လင်းယွမ်၏ အော်ရာက မယုံကြည်နိုင်လောက်အောင် သိပ်သည်းနေသည်မှ လွဲ၍ လုံးဝသန့်စင်နေပြီး နတ်ဆိုးစွမ်းအားနှင့် မည်သို့မျှမသက်ဆိုင်ပေ။ ထို့ကြောင့်လည်း ရွှေရောင်ပုံရိပ်က လင်းယွမ်၏ မူလခန္ဓာကိုယ်ကို စမ်းသပ်မှုနယ်မြေအတွင်းသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

" မင်းက ထာဝရသားတော်လား။ " ရွှေရောင်ပုံရိပ်က ခဏတိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။

ထာဝရသားတော်ဆိုသည်မှာ ထာဝရဂိုဏ်းများ၏ အသန်မာဆုံး အမွေဆက်ခံသူများဖြစ်ပြီး ထာဝရအရှင်သခင်များ၏ အထူးအာရုံစိုက် လေ့ကျင့်ပေးခြင်းခံရသူများဖြစ်သည်။ ထာဝရသားတော်တစ်ယောက်၏ စွမ်းအားက လွတ်လပ်ခြင်းအဆင့်သုံး အကန့်အသတ်သို့ ချဉ်းကပ်နေပြီး ပထမပန်းချီကားနှစ်ချပ်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များထက် မနိမ့်ကျပေ။

" ထာဝရသားတော်လား။ ကျွန်တော်က ထာဝရသားတော်မဟုတ်ပါဘူး။ " လင်းယွမ်က ရွှေရောင်ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ထာဝရသားတော်မဟုတ်ဘူးလား။ " ရွှေရောင်ပုံရိပ်က အံ့ဩခြင်းမရှိပေ။ သူက မေးကြည့်ခြင်းသာဖြစ်ပြီး လင်းယွမ်က ထာဝရသားတော်ဖြစ်လိမ့်မည်ဟု သူမထင်ထားပေ။

အကယ်၍ ထာဝရဂိုဏ်းက ထိုကဲ့သို့ ထူးခြားသော ထာဝရသားတော်တစ်​ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့လျှင် သူက ဤစမ်းသပ်မှုနယ်မြေ၏ အပြင်ဘက်တွင် ပေါ်လာမည်မဟုတ်ပေ။ ထာဝရအရှင်သခင်များက နတ်ဆိုးကပ်ဘေးကျရောက်လာသည့်အခါ ကိုင်တွယ်ရန်အတွက် အရန်အစီအစဉ်များ ပြင်ဆင်ထားကြသည်။

ထာဝရဂိုဏ်း၏ အမွေဆက်ခံသူအနေဖြင့် ထာဝရအရှင်သခင်၏ တိုက်ရိုက်မျိုးဆက်ဖြစ်လျှင် ပိုမိုပြည့်စုံသော အမွေအနှစ်များကို ရွေးချယ်နိုင်သည်။

" စီနီယာ ကျွန်တော် နောက်တစ်ခါ ထပ်စမ်းကြည့်လိုက်ဦးမယ်။ " လင်းယွမ်က ရွှေရောင်ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

" သွားပါ။ " ရွှေရောင်ပုံရိပ်က ခေါင်းညိမ့်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌ မျှော်လင့်ချက်တစ်ခု တိုးပွားလာသည်။ လင်းယွမ်၏ စွမ်းအားနှင့်ဆိုလျှင် ပထမပန်းချီကားထဲမှသူကို ရင်ဆိုင်နိုင်မည်မှာသေချာသည်။

ကမ္ဘာအလယ်ရှိ တံခါးနှင့် မိုင်တစ်သောင်းအကွာသို့ လင်းယွမ်က နောက်တစ်ကြိမ် ဝင်ရောက်လိုက်သည်။ ပထမပန်းချီကားက ရေပြင်ကဲ့သို့ လှိုင်းထလာပြီး ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က လှမ်းထွက်လာသည်။

" မင်းပဲလား။ " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ငါမင်းကို ပြောပြီးပြီ။ အခုမင်းက အများကြီး..."

ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က စကားမဆုံးမီ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ယခုရောက်နေသော လင်းယွမ်က ယခင်နှင့်မတူတော့သည်ကို ခံစားလိုက်ရသည်။

" စိတ်ဝင်စားစရာပဲ။ ငါမင်းဆီကနေ အန္တရာယ်အငွေ့အသက်ကို ခံစားနေရတာလား။ " ရွှေရောင်ချပ်ဝတ်နှင့် လူငယ်က မယုံကြည်နိုင်ဖြစ်နေသည်။ သူက အရာရာ၌ ပြည့်စုံနေပြီး တိုက်ပွဲတွင် အသေးငယ်ဆုံးသော ခြိမ်းခြောက်မှုကိုပင် အာရုံခံနိုင်သည်။

" ဒါက ကျုပ်ရဲ့ မူလခန္ဓာကိုယ်ပါ။ " လင်းယွမ်က ရွှေရောင်ချပ်ဝတ်နှင့် လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။ " နောက်လာမယ့်တိုက်ပွဲကို ကျုပ် အစွမ်းကုန် ကြိုးစားပါမယ်။ "

ဝူရှန်းအရှင်သခင်ထံမှ အမွေအနှစ်ကို လျင်မြန်စွာ ရယူနိုင်ရန်အတွက် လင်းယွမ်က ပန်းချီကားသုံးခုထဲမှ ပုဂ္ဂိုလ်သုံးယောက်ကို အနိုင်ယူရန် အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေမည်မဟုတ်ပေ။

" လာခဲ့။ " ရွှေရောင်ချပ်ဝတ်နှင့်လူငယ်က လင်းယွမ်ကို အထင်သေးခြင်းမရှိတော့ပေ။

ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သော ရွှေရောင်မှော်စာလုံးများ ပေါ်လာပြီး ကြီးမားသော အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ လင်းယွမ်ထံမှ အန္တရာယ်ကို ခံစားမိသဖြင့် သူက တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ခုခံရန် အာရုံစိုက်လိုက်သည်။

သူ၏ တည်ရှိမှုမှာ မည်သည့်စိန်ခေါ်သူကိုမဆို တံခါးသို့ ချဉ်းကပ်ခွင့်မပြုရန် တားဆီးရမည်ဖြစ်သည်။ အရင်က လင်းယွမ်ကို တိုက်ခိုက်ခဲ့ခြင်းမှာ ခြိမ်းခြောက်မှုကို မခံစားခဲ့ရသောကြောင့် ဖြစ်သည်။

လင်းယွမ်က ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး ရွှေရောင်ချပ်ဝတ်နှင့် လူငယ်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲတွင် အဖြူရောင်အလင်းတစ်ခုက စုစည်းလာပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဘယ်လက်တွင်လည်း ထိုသို့သော ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာသော်လည်း ၎င်းက အနက်ရောင်ဓားအလင်းတန်းတစ်ခုဖြစ်နေသည်။

အနက်ရောင်ဓားအလင်းတန်းနှင့် အဖြူရောင်ဓားအလင်းတန်းတို့ ပေါင်းစည်းသွားပြီး ထိုက်ကျိပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ထိုက်ကျိပုံရိပ်က ထိုက်ကျိဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဖရိုဖရဲယင်ယန်ထိုက်ကျိက သင်္ကေတပုံစံတစ်ခုတည်း ကန့်သတ်ထားခြင်းမဟုတ်ဘဲ လင်းယွမ်၏ သိမြင်မှုအတွင်းရှိ မည်သည့်အရာကိုမဆို ပြောင်းလဲနိုင်သည်။ ဖရိုဖရဲထိုက်ကျိက ဖိနှိပ်ခြင်း၌ ကျွမ်းကျင်ပြီး လင်းယွမ်က ၎င်းကို မကြာခဏ အသုံးပြုလေ့ရှိသည်။

ဖရိုဖရဲထိုက်ကျိဓားကို ကိုင်ဆောင်ပြီး လင်းယွမ်က ရွှေရောင်ချပ်ဝတ်နှင့် လူငယ်ရှိရာသို့ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။ အဖြူရောင်နှင့် အနက်ရောင် ဓားအလင်းတန်းတစ်ခုက လျှပ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။

ရွှေရောင်ချပ်ဝတ်နှင့် လူငယ် စုစည်းထားသော မရေတွက်နိုင်သည့် ရွှေရောင်မှော်စာလုံးများက အားလုံး ဖြတ်တောက်ခြင်းခံလိုက်ရသည်။ ရွှေရောင်ချပ်ဝတ်နှင့် လူငယ်ပါ နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး သူ၏ တည်ရှိမှုက ပျောက်ကွယ်သွားကာ ပန်ချီကားထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

အဖြူအနက်ဓားအလင်းတန်းက ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။ ဒုတိယပန်းချီကားထဲမှ အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးက လှမ်းထွက်လာသော်လည်း သူမ၏ နဖူးမှ အောက်သို့ ဓားရာတစ်ခုပေါ်လာပြီး သူမ၏ ပုံရိပ်က ကြေမွသွားပြီး ပန်းချီကားထဲသို့ ပြန်ဝင်သွားခဲ့သည်။

တတိယပန်းချီ။

​" ကြီးမြတ်တဲ့ အိပ်မက်ကို ဘယ်သူသိနိုင်မလဲ။ အိပ်စက်ခြင်းတစ်ခုက ထာဝရကာလတစ်ခုကို ဖြတ်သန်းသွားခဲ့တယ်။ " အဖြူရောင်ဝတ်စုံနှင့်လူက ပန်းချီကားထဲမှ ပျင်းရိစွာ လမ်းလျှောက်ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " မင်းက ဒီနေရာကို ရောက်လာတဲ့ ကိုးယောက်မြောက်စိန်ခေါ်သူပဲ။ "

အဖြူရောင်ဝတ်စုံနှင့်လူ၏ စကားမဆုံးမီ သူ့ထံသို့ ဦးတည်လာသော ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

" ဒီဓားချက်က...." အဖြူရောင်ဝတ်စုံနှင့်လူက တုန်လှုပ်သွားသည်။ သူ၏ စွမ်းအားက ပန်းချီကားနှစ်ချပ်ထဲမှ ပုဂ္ဂိုလ်နှစ်ယောက်ထက် သာလွန်သည်။ ထို့ကြောင့် လင်းယွမ်၏ ဓားချက်ကို ရင်ဆိုင်ရချိန်တွင် တိုက်ရိုက်ပျောက်ကွယ်မသွားခဲ့ပေ။

အဖြူရောင်ဝတ်စုံနှင့်လူက အချိန်မီ တုန့်ပြန်နိုင်ခဲ့ပြီး ဟင်းလင်းပြင်တစ်ခုလုံးကို မှော်စာလုံးများ ပြည့်နှက်သွားစေကာ ဓားအလင်းတန်းကို ခုခံလိုက်သည်။ သူဖန်တီးလိုက်သော မှော်စာလုံးများက မယုံကြည်နိုင်လောက်အောင် သိပ်သည်းလှပြီး အဆုံးမဲ့တောက်ပနေသည်။

သို့သော် ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားလိုက်သော အဖြူအနက်ဓားအလင်းတန်း၏ ရှေ့တွင် မှော်စာလုံးအားလုံးက ချေမှုန်းဖျက်ဆီးခြင်းခံလိုက်ရသည်။ ခဏအတွင်း အဖြူအနက် ဓားအလင်းတန်းက အဖြူရောင်ဝတ်စုံနှင့် လူထံသို့ ရောက်ရှိသွားသည်။

အဖြူရောင်ဝတ်စုံနှင့်လူက သက်ပြင်းချပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ ပုံရိပ်က ကြေမွပျက်စီးသွားခဲ့သည်။ သို့သော် ရွှေရောင်ချပ်ဝတ်နှင့် လူငယ်၊ ဆွဲ​ဆောင်မှုရှိသော အမျိုးသမီးတို့ကဲ့သို့ သူက ပန်းချီကားထဲသို့ ဝင်ရောက်ခြင်းမရှိဘဲ တိုက်ရိုက်ပျက်စီးသွားခဲ့သည်။ သို့သော် ထိုခဏတွင် သူ၏ ပုံရိပ်က ပြန်လည်စုစည်းလာသည်။

" ဟမ် " လင်းယွမ်က အဖြူရောင်ဝတ်စုံနှင့်လူကို ကြည့်ပြီး အံ့ဩသွားသည်။

ထိုဓားချက်က သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်မဟုတ်သော်လည်း ပုံမှန်အခြေအနေတွင် အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ လင်းယွမ်၏ ခန့်မှန်ချက်အရ ထိုဓားချက်၏ စွမ်းအားမှာ ချောက်နက်နဂါး ဆယ်ကောင်လာလျှင်တောင် ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

ထို့အပြင် ထိုဓားချက်က ဖရိုဖရဲထိုက်ကျိစွမ်းအားဖြစ်သောကြောင့် အဆုံးမဲ့ဖျက်ဆီးနိုင်စွမ်းရှိပြီး မူလခန္ဓာကိုယ်နှင့် အသက်ကယ်နည်းလမ်းများကိုပါ ထိခိုက်ပျက်စီးသွားမည်ဖြစ်သည်။

" အများကြီးမစဉ်းစားနဲ့။ မင်း စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။ " အဖြူရောင်ဝတ်စုံနှင့်လူက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါက ပန်းချီကားရဲ့ စွမ်းအားကို အသုံးပြုပြီး ပြန်စုစည်းလိုက်တာပဲ။ ဒီစွမ်းအားသာမရှိရင် မင်းရဲ့ ဓားချက်အောက်မှာ ငါ လုံးဝ ချေမှုန်းခံလိုက်ရမှာပဲ။ "

ဝူရှန်းအရှင်သခင်ရေးဆွဲထားသော အပြည့်စုံဆုံး၊ အစွမ်းထက်ဆုံး သက်ရှိတစ်ယောက်အနေဖြင့် သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ဘယ်သူမှအနိုင်မယူနိုင်ခဲ့ပေ။ စမ်းသပ်မှုကို အောင်မြင်သူများက နည်းလမ်းတစ်ခုခုကို အသုံးပြုပြီး သူ့ကို ရှောင်ကွင်းကာ တံခါးထဲသို့ ဝင်ခဲ့ကြခြင်း ဖြစ်သည်။ လင်းယွမ်ကဲ့သို့ ဓားချက်တစ်ချက်တည်းနှင့် သူ့ကို ချေမှုန်းနိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။

" အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။

" ကျေးဇူးတင်ဖို့ မလိုပါဘူး။ " အဖြူရောင်ဝတ်စုံနှင့်လူက ခေါင်းခါလိုက်သည်။ " ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အများကြီး ကွာခြားလွန်းတယ်။ စမ်းသပ်မှုအောင်မြင်တဲ့ ခြောက်ယောက်ထဲမှာ မင်းက အသန်မာဆုံးပဲ။ မင်းက ဝူရှန်းအရှင်သခင်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပြီး နတ်ဆိုးတွေကို အမြစ်ပြတ် ရှင်းလင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ "

အဖြူရောင်ဝတ်စုံနှင့်လူက ပြောပြီး သူ၏ ပုံရိပ်က ကြေမွသွားကာ ပန်းချီကားထဲသို့ ပြန်ဝင်သွားတော့သည်။

" နတ်ဆိုးတွေကို အမြတ်ပြတ်ရှင်းလင်းဖို့လား။ " လင်းယွမ်က ဘာမှပြန်မပြောခဲ့ပေ။

ဝူရှန်းအရှင်သခင်က စမ်းသပ်နယ်မြေများစွာကို ဖန်တီးခြင်း၏ ရည်ရွယ်ချက်မှာ ထာဝရအရှင်သခင်တစ်​ယောက်ကို မွေးထုတ်ပေးရန်ဖြစ်သည်။ တစ်နည်းအားဖြင့် နတ်ဆိုးများကို ချေမှုန်းနိုင်ရန် ထာဝရအရှင်သခင်တစ်ယောက် ဖြစ်ရပေလိမ့်မည်။

All Chapters