နိယာမမူလသစ်သီး...
Vol. 73 Ch. 1028
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဘယ်လိုမျိုးထာဝရအရှင်သခင်ဖြစ်လာမလဲ... ဘယ်လိုမျိုး အချိန်သက်ရှိတစ်ခုအဖြစ် ပြောင်းလဲမလဲဆိုတာ..." ကောင်းကင်အလင်းအရှင်သခင်က ပြုံး၍ ပြောလိုက်သည်။ " အဓိကအချက်က အချိန်စက်ဝန်းကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာပဲ။ "
" အချိန်စက်ဝန်းဆိုတာ သက်ရှိအားလုံး အချိန်သက်ရှိအဖြစ် ပြောင်းလဲဖို့ အကြီးမားဆုံး အတားအဆီးပဲ။ သက်ရှိတွေက အချိန်စက်ဝန်းထဲမှာ အရင်က တစ်ခါမှမကြုံတွေ့ဖူးတဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ အရင်က အသုံးပြုခဲ့တဲ့ နည်းစနစ်တွေနဲ့ စွမ်းရည်တွေက အသုံးမဝင်တော့ဘူး။ "
" ဒါကြောင့် အချိန်စက်ဝန်းကို ထိုးဖောက်ဖို့အတွက် ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ ဘာမှမလုပ်တာပဲ။ ဘာလို့လဲဆိုတော့ အချိန်စက်ဝန်းရဲ့ စမ်းသပ်မှုက မင်းတစ်ခါမှ မကြုံတွေ့ဖူးတဲ့ အရာဖြစ်နေလို့ ဘယ်လိုပဲပြင်ဆင်ပါစေ အဓိပ္ပါယ်မရှိလို့ပဲ။ "
" ဒုတိယတစ်ခုကတော့ အစွမ်းကုန်ပြင်ဆင်တာပဲ။ တကယ်လို့ မင်းကသာ စမ်းသပ်မှုအားလုံးကို ပြင်ဆင်ထားနိုင်ပြီး အလုံးစုံသိမြင်ခြင်းနဲ့ အလုံးစုံတတ်စွမ်းခြင်းအဆင့်ကို ရောက်သွားရင် အချိန်စက်ဝန်းကို အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မယ်။ " ကောင်းကင်အလင်းအရှင်သခင်က ပြောလိုက်သည်။
" နောက်ပြီးတော့ ငါ့ရဲ့ နည်းလမ်းနဲ့ အချိန်စက်ဝန်းကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ ရှင်းပြပေးမယ်။ ပထမဆုံးအနေနဲ့ မင်းအမြင်မှာ မှော်စာလုံးတွေက ဘာလဲ။ "
" မှော်စာလုံးတွေက ဘာလဲ။ " လင်းယွမ်က အတွေးနက်သွားသည်။ သူတွေ့ကြုံခဲ့သမျှ မှော်စာလုံးများမှာ နည်းလမ်းတစ်ခု သို့မဟုတ် နည်းစနစ်တစ်ခုသာ ဖြစ်ပြီး အရာအားလုံး အသုံးဝင်လှသည်။
" မင်းအတွက် မှော်စာလုံးတွေက နည်းလမ်းတစ်ခုသက်သက် ဖြစ်လိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်က အချိန်စက်ဝန်းထဲမှာ မှော်စာလုံးတွေကိုပဲ အဓိကအားကိုးမယ်ဆိုရင် သူတို့က မှော်စာလုံးတွေကို သေချာပေါက် သုံးနိုင်မှာမဟုတ်ဘူး။ " ကောင်းကင်အလင်းအရှင်သခင်က ပြောလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ အချိန်စက်ဝန်းအတွင် သူ၏ စွမ်းအားနှင့် နည်းစနစ်များအားလုံးက ဆုံးရှုံးသွားမည်ဖြစ်သည်။
" ဒါပေမယ့် ငါ့အတွက်တော့ မှော်စာလုံးတွေက နည်းလမ်းတစ်ခုတင်မဟုတ်ဘူး။ သူတို့က အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ။ အချိန်ကိုတောင် မှော်စာလုံးတွေနဲ့ ဖန်တီးလို့ရတယ်။ ဒါကြောင့် အချိန်စက်ဝန်းထဲမှာလည်း မှော်စာလုံးတွေကို သုံးလို့ရတယ်။ "
" အချိန်စက်ဝန်းထဲမှာတောင် မှော်စာလုံးတွေကို သုံးလို့ရတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
" မင်းက ဘယ်လိုစွမ်းအားနဲ့ မှော်စာလုံးတွေကို စုစည်းတာလဲ။ စိတ်စွမ်းအားလား။ စိတ်ဝိညာဉ်စွမ်းအားလား။ သွေးစွမ်းအားလား။ ဒါမှမဟုတ် တခြားစွမ်းအားတွေလား။ " ကောင်းကင်အလင်းအရှင်သခင်က ပြောလိုက်သည်။
လင်းယွမ်က သေချာနားထောင်နေသည်။ သူက သူ၏ အတွင်းစကြာဝဠာစွမ်းအားကို သုံး၍ မှော်စာလုံးများကို စုစည်းခဲ့ခြင်းဖြစ်သည်။
" မှန်တယ်။ အချိန်စက်ဝန်းက မင်းကျွမ်းကျင်တဲ့အရာအားလုံး ပိတ်ပင်သွားလိမ့်မယ်။ ဒါပေမယ့် မှော်စာလုံးတွေကိုယ်တိုင်ကတော့ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ မှော်စာလုံးတွေကို အသက်သွင်းဖို့အတွက် နည်းလမ်းတွေကို အသုံးမပြုနိုင်တော့ မှော်စာလုံးတွေမရှိတော့ဘူးလို့ ထင်ယောင်ထင်မှား ဖြစ်စေတာပဲ။ "
" ဒါက တကယ် မှော်စာလုံးတွေရဲ့ အနှစ်သာရပဲ။ " လင်းယွမ်၏ မျက်လုံးများက အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
" တကယ်လို့ အချိန်စက်ဝန်းထဲမှာ မှော်စာလုံးတွေကို သုံးလို့ရမယ်ဆိုရင် အချိန်စက်ဝန်းကို ထိုးဖောက်ဖို့ အခွင့်အရေးက အများကြီး ပိုများသွားမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်က မှော်စာလုံးများအပေါ် နားလည်မှုမှာ ပြောင်းလဲသွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
" စုစည်းမယ်။ " လင်းယွမ်က အတွေးတစ်ချက်ဖြင့် မှော်စာလုံးများ တစ်ခုပြီးတစ်ခု စုစည်းလိုက်ပြီး ကိုယ်ပွားတစ်ခု ပေါ်လာသည်။
ကိုယ်ပွား၏ အော်ရာက ကြောက်စရာကောင်းပြီး ချောက်နက်နဂါးနီးပါး သန်မာလှသည်။ ၎င်းမှာ လင်းယွမ်က မှော်စာလုံးများကို ပြင်ပတွင် အသုံးချခြင်းသာ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားမှာ မခန့်မှန်းနိုင်လောက်အောင် မြင်တက်သွားခဲ့သည်။
လင်းယွမ်က သူ၏ ရှေ့မှ ကိုယ်ပွားကို စိုက်ကြည့်နေသည်။ ထိုကိုယ်ပွားက မူလခန္ဓာကိုယ်ကဲ့သို့ စိတ်အသိတစ်ခုတည်းကို မျှဝေထားခြင်းဖြစ်သော်လည်း မူလခန္ဓာကိုယ်၏ စွမ်းရည်မျိုးမရှိပေ။
ပထမအချက်မှာ ကိုယ်ပွားအတွင်း၌ စိတ်စွမ်းအားအများအပြား ထည့်သွင်းထားခြင်းမရှိပေ။ ဒုတိယအချက်မှာ ကိုယ်ပွား၏ ရုပ်ခန္ဓာက သာမန်အတိုင်း စုစည်းထားခြင်းဖြစ်ပြီး လင်းယွမ်၏ စစ်မှန်သော စွမ်းအားကို မပြသနိုင်ပေ။
ယခုအချိန်တွင် လင်းယွမ်၏ ကိုယ်ပွားက သာမန်အတိုင်း စုစည်းထားခြင်းဖြစ်ပြီး မည်သည့်လေ့ကျင့်မှုကိုမှ မပြုလုပ်ရသေးပေ။ သို့သော် မှော်စာလုံးများကို အသုံးပြုလိုက်ခြင်းကြောင့် ကိုယ်ပွား၏ စွမ်းအားက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်သွားပြီး ချောက်နက်နဂါးနီးပါး အစွမ်းထက်သွားခဲ့သည်။
" အခု ကိုယ်ပွားတစ်ခုတည်းနဲ့တင် ငါ့ရဲ့ စွမ်းအားက ဒုတိယရင်းမြစ်ကမ္ဘာက ထာဝရသားတော်တွေနဲ့ ယှဉ်နိုင်နေပြီ။ " လင်းယွမ်က အံ့ဩမိသွားသည်။
" မူလခန္ဓာကိုယ်ကရော..." လင်းယွမ်က သူ့ကိုသူ အာရုံခံကြည့်လိုက်သည်။
မှော်စာလုံးလမ်းစဉ်ကို ပိုမိုနားလည်လာခြင်းက သူ့ကို မှော်စာလုံးလမ်းစဉ်အပေါ် ပြည့်စုံစွာ အသုံးချနိုင်စေခဲ့သည်။ ယခုအခါ လင်းယွမ်အပေါ် မှော်စာလုံးလမ်းစဉ်၏ မြှင့်တင်ပေးမှုမှာ ကဏ္ဍအားလုံးကို တိုးတက်သွားစေခဲ့သည်။
" ဒါက အမွေအနှစ်အပေါ် အစောပိုင်းနားလည်မှုပဲ ရှိသေးတယ်။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ကောင်းကင်အလင်းအရှင်သခင်၏ သတ်မှတ်ချက်အရ အမွေအနှစ်ကို အဆင့်ငါးဆင့် ခွဲခြာယထာယသာ်။ ပဉ္စမအဆင့်ကို နားလည်သွားလျှင် အချိန်စက်ဝန်းအတွင်း မှော်စာလုံးစွမ်းအားကို အသုံးပြုနိုင်သည်။ လင်းယွမ်က ယခုအချိန်တွင် ပထမအဆင့်ကိုသာ နားလည်ထားသည်။
" ဖြည်းဖြည်းပေါ့။ ဒီအမွေအနှစ်နဲ့ဆိုရင် အချိန်စက်ဝန်းကို ထိုးဖောက်နိုင်ဖို့ အခွင့်အလမ်း ပိုများလာပုံပဲ။ " လင်းယွမ်က ကျေနပ်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင်၏ အစွန်းပိုင်းတွင် ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခု ရှိနေပြီး မျက်လုံးကြီးတစ်လုံးက အဝေးမှ လှမ်းကြည့်နေသည်။ ၎င်းက လမ်းစဉ်တစ်သောင်းမျက်လုံးဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်က ပြည့်စုံမှုမရှိပေ။ ၎င်း၏ အစွန်းပိုင်းများတွင် ဒိုင်မန်းရှင်းအက်ကြောင်းများ ဖြစ်ပေါ်နေဆဲ ဖြသ်သည်။ ဒိုင်မန်းရှင်းအက်ကြောင်းများက ပြင်ပရှိ ဒိုင်မန်းရှင်းများ သို့မဟုတ် ဒိုင်မန်းရှင်းကွာဟမှုများဖြင့် ဆက်သွယ်ထားသည်။
လမ်းစဉ်တစ်သောင်းမျက်လုံး ပစ်မှတ်ထားသော ဒိုင်မန်းရှင်းအက်ကြောင်းက သူလိုအပ်သော အရင်းအမြစ်များရှိရာ ဒိုင်မန်းရှင်းကွာဟမှုနှင့် ဆက်သွယ်ထားသည်။
ဝှစ်....
ပုံရိပ်တစ်ခုက စုစည်းလာပြီး ငွေရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ပေါ်လာသည်။
" စီနီယာ လမ်းစဉ်တစ်သောင်းမျက်လုံး..." ငွေရောင်ဝတ်စုံနှင့် အဘိုးအိုက ဖုန်းကျူးဖြစ်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်သည်။
" ဘယ်လိုလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ဖုန်းကျူးကို ကြည့်ပြီး မေးဘိုက်သည်။
" နိယာမမူလသစ်သီးကို ရယူဖို့က စိတ်ခေါ်မှုတွေ ရှိနေပါတယ်။ " ဖုန်းကျူးက ပြောလိုက်သည်။
နိယာမမူလသစ်သီးတွင် မတူညီသော ဒိုင်မန်းရှင်းများ၏ အခြေခံနိယာမများ ပါဝင်နေသည်။ ထိုသို့သော ရတနာမျိုးက လမ်းစဉ်တစ်သောင်းမျက်လုံးအတွက် အလွန်အထောက်အကူဖြစ်စေသည်။
ဝုန်း...
သိမ်မွေ့သော လှိုင်းတစ်ခုက ဒိုင်မန်းရှင်းအက်ကြောင်းမှ ဖြည်းညင်းစွာ ပျံ့နှံ့လာသည်။ တည်ငြိမ်နေခဲ့သော ဒိုင်မန်းရှင်းအက်ကြောင်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။
" မကောင်းတော့ဘူး။ ဒါက ဒိုင်မန်းရှင်းဒီရေပဲ။ " ယခုအခါ ဒိုင်မန်းရှင်းဒီရေတစ်ခု ဖြစ်ပေါ်လာပြီး အက်ကြာင်းက လုံးဝ ပိတ်တော့မည်ဖြစ်သည်။
" ပြဿနာပဲ။ " ဖုန်းကျူးက မျက်နှာပျက်သွားသည်။ သူတို့ရှေ့ရှိ ဒိုင်မန်းရှင်းအက်ကြောင်းသာ ပြန်ပိတ်သွားလျှင် ၎င်းပြန်ပွင့်ရန် အချိန်မည်မျှစောင့်ရမည်မှာ မသေချာပေ။
" အက်ကြောင်းပြန်ပိတ်သွားဖို့ သုံးရက်လောက်လိုသေးတယ်။ သုံးရက်အတွင်း နိယာမမူလသစ်သီးကို ခူးယူနိုင်ရင်ရပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးကလည်း စိုးရိမ်နေသည်။
" သုံးရက်လား။ " ဖုန်းကျူးက ခေါင်းခါလိုက်သည်။ " ကျုပ်မလုပ်နိုင်ဘူး။ "
" ငါ နားလည်ပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တိတ်ဆိတ်သွားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ " ထားလိုက်တော့။ "
ဟင်းလင်းပြင်တစ်ခုတွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ခြေချိတ်ထိုင်နေသည်။ ထိုအချိန်တွင် အချိန်လေဟာနယ်စွမ်းအားများ စုစည်းလာပြီး လမ်းစဉ်တစ်သောင်းမျက်လုံး ပေါ်လာသည်။
"လမ်းစဉ်တစ်သောင်းမျက်လုံးလား။ " လင်းယွမ်က ပြောလိုက်သည်။ " ငါ့ဆီက ဘာလိုချင်လို့လဲ။ "
" ဒိုင်မန်းရှင်းကွာဟမှုကြားထဲကို သွားပြီး နိယာမမူလသစ်သီးကို ယူပေးဖို့ တောင်းဆိုချင်လို့ပါ။ အဲဒီနိယာမမူလသစ်သီးက ငါ့အတွက် အရမ်းအရေးကြီးတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်တစ်ယောက်သာ ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မည်ဟု ယုံကြည်နေသည်။
" အဲ့ဒီတုန်းက မင်းက ငါ့အတွက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ပေးခဲ့လို့ အနာဂတ်မှာ အကူအညီတစ်ခုပေးဖို့ ကတိပေးခဲ့တယ်။ မင်း အဲ့ဒီအခွင့်အရေးကို အသုံးပြုမယ်ဆိုတာ သေချာလား။ "
" သေချာပါတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက သေချာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒိုင်မန်းရှင်းကွာဟမှုရဲ့ အခြေအနေက ဘယ်လိုလဲ။ "
" အလွှာဆယ့်သုံး အချိန်သက်ရှိတွေရှိလား။ " လင်းယွမ်က မေးလိုက်သည်။
" လုံးဝမရှိပါဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက အာမခံလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒါဆို ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို အဲ့ဒီကို လွှတ်ပြီး နိယာမမူလသစ်သီးကို သွားယူခိုင်းလိုက်မယ်။ "
ရုတ်တရက် လမ်းစဉ်တစ်သောင်းမျက်လုံးက မှင်သက်သွားသည်။ ကိုယ်ပွားတစ်ခုတည်းလား။
" နဂါးငွေ့တန်း ကိုယ်ပွားတစ်ခုတည်းနဲ့ရပါ့မလား။ "
" ရပါတယ်။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ကြည့်လိုက်သည်။