အဆုံးမဲ့ဟင်းလင်းပြင်ကို ပြင်ဆင်ခြင်း...
Vol. 73 Ch. 1029
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲတွင် လင်းယွမ်က ဖရိုဖရဲစွမ်းအားများနှင့်အတူ ပျံသန်းနေသည်။ လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ အထူးတည်ရှိမှုများမှလွဲ၍ အခြားအင်အားကြီးသူများက လင်းယွမ်ကို သတိပြုမိမည်မဟုတ်ပေ။ လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အဆုံးမဲ့ဖရိုဖရဲစွမ်းအားများ၊ ကျယ်ပြောလှသော ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်နေသည်။
" ဒိုင်မန်းရှင်းအက်ကြောင်း " လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ သူက ရှေ့ဆက်ရန်အတွက် ကိုယ်ပွားတစ်ခုကို စုစည်းပြီးသားဖြစ်သည်။
ဒိုင်မန်းရှင်းအက်ကြောင်းများနှင့်ပက်သက်လျှင် သူက သတိထားနေဆဲ ဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံး လက်နက်ဖြစ်သော ကောင်းကင်လေဟာနယ်အိုးကို ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခုအတွင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။
လင်းယွမ်၏ လက်ရှိစွမ်းအားက ထိုအချိန်က ဧကရာဇ်ရွှမ်ဟွမ်ထက် သာလွန်နေသော်လည်း သူက ပေါ့ဆမည်မဟုတ်ပေ။ ကိုယ်ပွားတစ်ခုကို စေလွှတ်ခြင်းက သူ့ကိုသူ ယုံကြည်မှုရှိသည့်အပြင် စမ်းသပ်ကြည့်ရန်လည်းဖြစ်သည်။
" အားလုံး အဆင်ပြေဖို့ မျှော်လင့်ရမှာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ " အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ စတုတ္ထအဆင့်ကို ကျွမ်းကျင်လုနီးပါးဖြစ်သွားပြီ။ "
လင်းယွမ်က စိတ်အသိအနည်းငယ်ကို ခွဲထုတ်ပြီး အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။ ယခုအချိန်တွင် အတွသ်းစကြာဝဠာ၏ အချို့နေရာများက အသွင်ပြောင်းလဲရန် လက်တစ်ကမ်းသာ လိုတော့သည်။
" ရပ်လိုက် " လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ အသွင်ပြောင်းလဲမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
" ငါကျင့်ကြံနေတဲ့ အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်က သီအိုရီအရ သတ္တမအဆင့်ထိ ကျင့်ကြံနိုင်ရင် အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နဲ့ အရွယ်အစား တူညီသွားလိမ့်မယ်။ "
သတ္တမအဆင့်ကို အမွေအနှစ် ဖန်တီးသူကိုယ်တိုင်ပင် မရောက်ရှိခဲ့ပေ။ အကယ်၍ သတ္တမအဆင့်ကို ကျင့်ကြံနိုင်ခဲ့လျှင် အလွှာဆယ့်သုံး အချိန်သက်ရှိများထဲတွင် အစွမ်းထက်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ဒုတိယရင်းမြစ်ကမ္ဘာတွင် ဝူရှန်းအရှင်သခင်က ရင်းမြစ်ကမ္ဘာတစ်ခုကို ပန်းချီဆွဲရန် ရည်ရွယ်ခဲ့သည်။ အောင်မြင်ခဲ့လျှင် သူက အချိန်အရှင်သခင်များကြားတွင် ရပ်တည်နိုင်ပေလိမ့်မည်။
အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်က ဖရိုဖရဲဟင်းလင်းပြင်တစ်ခုကို ပျိုးထောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လုပ်ဆောင်ပုံခြင်းကွဲပြားသော်လည်း နောက်ဆုံးပန်းတိုင်က ဆင်တူနေသည်။
" ငါသာ ပထမရင်းမြစ်ကမ္ဘာနဲ့ ဒုတိယရင်းမြစ်ကမ္ဘာတို့ကို မရောက်ခဲ့ဘူးဆိုရင် ဒီအမွေအနှစ်က ပြစ်ချက်မရှိဘူးလို့ ထင်မိမှာပဲ။ ဒါပေမယ့်..." လင်းယွမ်က ခေါင်းခါလိုက်သည်။
ရင်းမြစ်ကမ္ဘာနှစ်ခုကို ကြုံတွေ့ပြီးနောက် အချိန်သက်ရှိများပင် အမြဲတမ်း မမှန်နိုင်ကြောင်း လင်းယွမ်က နားလည်သွားခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်က သူဘာသာသူဆို မှားယွင်းခြင်းမရှိပေ။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်နှင့် တူအောင် ပျိုးထောင်ထားသော အတွင်းစကြာဝဠာက အမှန်တကယ် ပြည့်စုံရဲ့လားဟု မေးရပေလိမ့်မည်။
ဖရိုဖရဲဟင်းလင်းပြင်ကိုယ်တိုင်ပင် ပြည့်စုံမှုမရှိသောကြောင့် အချိန်သက်ရှိများက ဖြည့်စွက်ရန် အထူးနေရာများကို တည်ဆောက်ခဲ့ရသည်။ ဖရိုဖရဲဟင်းလင်းပြင်ကို ပုံတူကူးပြီး တည်ဆောက်ထားသော အတွင်းစကြာဝဠာက ဘယ်လိုလုပ် ပြည့်စုံနိုင်မှာလဲ။
အကြောင်းရင်းမှာ ထိုအမွေအနှစ်ကို ဖန်တီးသူက ဖရိုဖရဲဟင်းလင်းပြင်၏ ဒိုင်မန်းရှင်းထဲတွင်သာ ရှိခဲ့ပြီး အခြားဒိုင်မန်းရှင်းများကို မရောက်ဖူးသောကြောင့်ဖြစ်သည်။ သို့သော် လင်းယွမ်ကတော့ မတူပေ။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် သူက အခြားဒိုင်မန်းရှင်းများကို ဝင်ရောက်နိုင်ပြီး ဖရိုဖရဲဟင်းလင်းပြင်ထက် ပိုမိုပြည့်စုံသော ကမ္ဘာနှစ်ခုသို့ပင် ရောက်ခဲ့ပြီးပြီဖြစ်သည်။
" ငါ အတွင်းစကြာဝဠာရဲ့အသွင်ပြောင်းလဲမှုက ဖရိုဖရဲဟင်းလင်းပြင်ကိုပဲ ပစ်မှတ်မထားသင့်တော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။ " အဆုံးမဲ့ဒိုင်မန်းရှင်းတွေကို အခြေခံအုတ်မြစ်အဖြစ် ထားတာက ငါ့ အတွင်းစကြာဝဠာရဲ့ အသွင်ပြောင်းလဲမယ့် ဦးတည်ချက်ပဲ။ "
လင်းယွမ်၏ စိတ်ထဲတွင် ရင်းမြစ်ကမ္ဘာနှစ်ခု၏ အစိတ်အပိုင်းများပေါ်လာပြီး ၎င်းတို့ကို သူ၏ အတွင်းစကြာဝဠာထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်တော့သည်။ ၎င်းကို အဆုံးဟင်းလင်းပြင်၏ စတုတ္ထအဆင့်ကို မပြီးမြောက်မည် အပြီးသတ်ရမည်ဖြစ်သည်။
" ရင်းမြစ်ကမ္ဘာလို့ခေါ်ရတဲ့ အကြောင်းရင်းက တခြားကမ္ဘာတွေထက် ပိုပြီးပြည့်စုံလို့လဲ။ စစ်မှန်တဲ့ ပြည့်စုံမှုနဲ့ ပိုပြီး နီးစပ်တယ်။ ငါ့ရဲ့ အတွင်းစကြာဝဠာက ရင်းမြစ်ကမ္ဘာရဲ့ အနှစ်သာရကို စုပ်ယူလိုက်ရင် ပြည့်စုံမှုနဲ့ ပိုပြီး နီးစပ်လာလိမ့်မယ်။ "
" ပြည့်စုံတဲ့ ကမ္ဘာက အလွှာဆယ့်လေး ပြည့်စုံတဲ့အချိန်သက်ရှိတွေပဲ တည်ဆောက်နိုင်တဲ့ ကမ္ဘာမျိုးပဲ။ ငါ့ရဲ့ အတွင်းစကြာဝဠာသာ ပြည့်စုံသွားရင် အလွှာဆယ့်လေးနဲ့ သိပ်မဝေးတော့ဘူးလို့ ပြောလို့ရတယ်။ "
ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်က အချိန်အတိုင်းအတာတစ်လျှောက် လွတ်လပ်စွာ သွားလာနိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် တပြိုင်နက် တည်ရှိနိုင်သည်။ ဝူရှန်းအရှင်သခင်၏ နောက်ဆုံးရည်မှန်းချက်မှာ ရင်းမြစ်ကမ္ဘာ၏ ပန်းချီကို ရေးဆွဲပြီး အချိန်အရှင်သခင်တစ်ယောက်ဖြစ်လာရန်သာ ဖြစ်သည်။
လင်းယွမ်က ရင်းမြစ်ကမ္ဘာနှစ်ခု၏ အနှစ်သာရများကို အတွင်းစကြာဝဠာထဲသို့ အဆက်မပြတ် ပေါင်းထည့်နေသည်။
ဝုန်း ဝုန်း....
အတွင်းစကြာဝဠာက အဆက်မပြတ် ဟိန်းဟောက်နေသည်။ အနှစ်သာရများက အသွင်ပြောင်းလဲနေပြီဖြစ်သည်။ အသက်ရှူချိန်တစ်ရာလောက် ကုန်ဆုံးသွားသောအခါ ရင်းမြစ်ကမ္ဘာနှစ်ခု၏ အခြေခံလည်ပတ်မှုများက အတွင်းစကြာဝဠာထဲသို့ လုံးဝ ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။
" ပဉ္စမအဆင့်ထဲကို ဝင်လိုက်တော့။ " လင်းယွမ်က အာရုံခံကြည့်ပြီးနောက် အတွင်းစကြာဝဠာ၏ အသွင်ပြောင်းလဲခြင်းကို တစ်ဖန်စတင်လိုက်သည်။ အတွင်းစကြာဝဠာက နောက်ဆုံးအသွင်ပြောင်းလဲမှုကို ဖြတ်သန်းပြီးနောက် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
လင်းယွမ်က သူ၏ စွမ်းအားမှာ နောက်တစ်ကြိမ် တိုးတက်သွားကြောင်း ခံစားလိုက်ရသည်။
" အခုဆိုရင် ငါ့ရဲ့ ကိုယ်ပွားတစ်ခုနဲ့တောင် ချောက်နက်နဂါးနဲ့ ယှဉ်နိုင်နေပြီ။ အတော်ပဲ။ နိယာမမူလသစ်သီးကို သွားယူဖို့ မျှော်လင့်ချက်ပိုရှိသွားပြီ။ "
အတွင်းစကြာဝဠာအတွင်း ကျောက်စိမ်းဘူးသီးခြောက်၏ ဘေးတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ထိုင်နေသည်။ ထိုအချိန်တွင် နက်ရှိုင်းသော လှိုင်းတစ်ခုက ဖြတ်ကျော်သွားသည်။
" အဆုံးမဲ့ဟင်းလင်းပြင် ပဉ္စမအဆင့်ကို ရောက်သွားတာလား။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အံ့အားသင့်သွားသည်။
ကျင့်ကြံမှုအရှိန်က အလွန်လျင်မြန်လှသည်။ အဆုံးမဲ့ဟင်းလင်းပြင်က အလွှာဆယ့်သုံး အမွေအနှစ်တစ်ခုဖြစ်ပြီး လူတိုင်း ပဉ္စမအဆင့်ထိ မကျင့်ကြံနိုင်ပေ။ သို့သော် လင်းယွမ် ပဉ္စမအဆင့်ထိ ရောက်သွားသော အချိန်က အလွန် လျင်မြန်လှသည်။
" မဖြစ်နိုင်တာ..." အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ အမူအရာက ပြောင်းလဲသွားသည်။ ပုံမှန်အဆုံးမဲ့ဟင်းလင်းပြင်၏ ပဉ္စမအဆင့်နှင့်မတူသည်ကို သူမ သတိပြုမိလိုက်သည်။
" ငါ အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်ကို နည်းနည်းပြင်လိုက်တာပါ။ " လင်းယွမ်က ပေါ်လာပြီး ပြုံး၍ ပြောလိုက်သည်။
" ပြင်ဆင်လိုက်တယ်။ " အနီရောင်ဝတ်စုံနှင့်မိန်းကလေးက ပို၍ပင် ဆွံ့အသွားသည်။
" ငါ့အထင် အခု အဆုံးမဲ့ဟင်းလင်းပြင် ငါနဲ့ပိုပြီး ကိုက်ညီသွားပြီ။ "
ဖရိုဖရဲဟင်းလင်းပြင်၏ အစွန်းရှိ တဖြည်းဖြည်း ကျဉ်းမြောင်းလာသော ဒိုင်မန်းရှင်းအက်ကြောင်း၏ ရှေ့တွင် ပုံရိပ်ဆယ်ခုကျော်က ရပ်နေကြသည်။ သူတို့က ပြိုင်ဘက်ကင်းမဟာသူတော်စင်များဖြစ်ကြသည်။ ဒိုင်မန်းရှင်းအက်ကြောင်းက ပြန်ပိတ်နေပြီဖြစ်သော်လည်း သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများက ပြန်မထွက်လာနိုင်ကြသေးပေ။
" ဒီအက်ကြောင်းက သုံးရက်အတွင်းမှာ လုံးဝ ပိတ်သွယးတော့မယ်။ သုံးရက်အတွင်း ငါတို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာတွေ ပြန်မလာနိုင်ရင်တော့ သွားပြီပဲ။ "
" ဖုန်းကျူး မင်း လမ်းစဉ်တစ်သောင်းမျက်လုံးကို ပြောပြီးပြီလား။ ငါတို့ကို ဘာလို့ပြန်ဆုတ်ခိုင်းတာလဲ။ "
" လမ်းစဉ်တစ်သောင်းမျက်လုံးကပြောတယ်။ အကူအညီပေးဖို့ တခြားမဟာသူတော်စင်ကို ဖိတ်ခေါ်ထားတယ်တဲ့။ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောတယ်။ " ဖုန်းကျူးက ပြောလိုက်သည်။
" တခြားမဟာသူတော်စင်လား။ ဘယ်လောက်ပဲဖိတ်ဖိတ် သုံးရက်အတွင်း နိယာမမူလသစ်သီးကို ရယူဖို့ မလွယ်ပါဘူး။ "
" ဖုန်းကျူး လမ်းစဉ်တစ်သောင်းမျက်လုံးက ဘယ်သူ့ကို ဖိတ်ခေါ်ထားတာလဲ။ "
" နဂါးငွေ့တန်းမဟာသူတော်စင်..."
ထိုနာမည်ကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက မသိမသာ တုန်လှုပ်သွားကြသည်။ နဂါးငွေ့တန်းမဟာသူတော်စင် လက်ရှိခေတ်၏ အနှိုင်းမဲ့မဟာသူတော်စင်။
နဂါးငွေ့တန်းမဟာသူတော်စင်က တိုက်ပွဲတစ်ခုတည်းနှင့် ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်သော အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုတိုက်ပွဲကြောငံ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက နဂါးငွေ့တန်းမဟာသူတော်စင်နှင့် ယှဉ်ပြိုင်ရန် စိတ်မကူးကြတော့ပေ။
" လမ်းစဉ်တစ်သောင်းမျက်လုံးက နဂါးငွေ့တန်းမဟာသူတော်စင်ကို တကယ်ပဲ ဖိတ်ခေါ်နိုင်ခဲ့တာလား။ "
" လမ်းစဉ်တစ်သောင်းမျက်လုံးမှာ သူ့နည်းလမ်းနဲ့သူ ရှိမှာပေါ့။ " ဖုန်းကျူးက ပြောလိုက်သည်။
" ဒါပေမယ့် လမ်းစဉ်တစ်သောင်းမျက်လုံးပြောတာကတော့ နဂါးငွေ့တန်းမဟာသူတော်စင်က ကိုယ်ပွားတစ်ခုပဲ လွှတ်လိုက်တယ်တဲ့။ "
ကိုယ်ပွားတစ်ခုတည်းလား။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အံ့အားသင့်သွားကြသည်။ ကိုယ်ပွားတစ်ခုက ဘယ်လောက်တောင် သန်မာနိုင်မှာလဲ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ကိုတောင် ယှဉ်နိုင်ပါ့မလား။ သုံးရက်အတွင်း နိယာမမူလသစ်သီးကို သွားယူရန် ကိုယ်ပွားတစ်ခုသာ စေလွှတ်လိုက်ခြင်းက နည်းနည်းတော့ မောက်မာရာ ကျပေသည်။