ကိုယ်ပွားတစ်ခု၏ စွမ်းအား...
Vol. 73 Ch. 1030
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" နဂါးငွေ့တန်းမဟာသူတော်စင်က ဒီလိုလုပ်တယ်ဆိုရင် သူ့မှာ ယုံကြည်ချက်ရှိလို့ပဲ ဖြစ်မှာပေါ့။ "
" ငါ့အထင်တော့ နဂါးငွေ့တန်းမဟာသူတော်စင်က အရင်ဆုံး အခြေအနေကို စူးစမ်းဖို့ ကိုယ်ပွားတစ်ခု စေလွှတ်လိုက်တာနေမှာပေါ့။ အန္တရာယ်မရှိဘူးဆိုမှ သူရဲ့ မူလခန္ဓာကိုယ် ဆင်းသက်လာမယ်ထင်တယ်။ "
ထိုအချိန်တွင် ပုံရိပ်တစ်ခုက ပေါ်လာပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် ယင်ယန်ထိုက်ကျိသင်္ကေတတစ်ခု လည်ပတ်နေသည်။
"ဒါက နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ ကိုယ်ပွားလား။ " ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က ထိတ်လန့်သွားသည်။
ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း သူတို့အပေါ် ကြီးမားသော ဖိအားကို ပေးနေသည်။ ထိုဖိအားက သူ၏ အချိန်လေဟာနယ် နားလည်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။
" ဒါက ဒိုင်မန်းရှင်းအက်ကြောင်းလား။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
" ဟုတ်ပါတယ်။ နိယာမမူလသစ်သီးက ကျွန်းငယ်လေးပေါ်မှာ ရှိနေတာပည။ "
လင်းယွမ်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဒိုင်မန်းရှင်းအက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။ လင်းယွမ်၏ ကိုယ်ပွားက အက်ကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် နိယာမမူလသစ်သီးရှိသော ကျွန်းလေးကို လျင်မြန်စွာ မြင်တွေ့လိုက်ရသည်။
ထိုကျွန်းလေးမှာ ဟင်းလင်းပြင်နယ်မြေတစ်ခုစာမျှသာ ကျယ်ဝန်းသော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်အတွက်ပင် ချက်ချင်း ဖြတ်ကျော်ရန် ခက်ခဲလေသည်။
" နဂါးငွေ့တန်းမဟာသူတော်စင် နိယာမမူလသစ်သီးက အဲ့ဒီမှာပါ။ " ဖုန်းကျူးက ပြောလိုက်ရာ လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ ကျွန်း၏ အတွင်းပိုင်းတွင် လှုပ်ရှားနေသော သစ်ပင်တစ်ပင်ကို မြင်လိုက်ရသည်။
" နဂါးငွေ့တန်းမဟာသူတော်စင် နိယာမမူလသစ်သီးနဲ့ ပိုပြီးနီးကပ်လေ ဒိုင်မန်းရှင်းသက်ရှိတွေ ပိုများလေပဲ။ "
" အဆင်ပြေပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " မင်းတို့ ဘာမှလုပ်ဖို့မလိုဘူး။ ငါကိုယ်တိုင်ပဲ တိုက်ရိုက် သွားယူလိုက်မယ်။ "
" နဂါးငွေ့တန်းမဟာသူတော်စင်ရဲ့ မူလခန္ဓာကိုယ်က ဘယ်တော့ဆင်းသက်လာမှာလဲ။ " ဖုန်းကျူးက မေးလိုက်သည်။
" မူလခန္ဓာကိုယ်လား။ " လင်းယွမ်က ပြုံးပြီး ပြောလိုက်သည်။ " မလိုပါဘူး။ "
လင်းယွမ်က လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ဝါးမှာ ရုတ်တရက် ကြီးမားလာပြီး ကျွန်း၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကိုင်လိုက်သည်။ ဒိုင်မန်းရှင်းသက်ရှိများက ခုခံရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် တိတ်တဆိတ် ချေမှုန်းခြင်း ခံလိုက်ရသည်။ ခဏအတွင်း သစ်ပင်က လင်းယွမ်၏ လက်ထဲသို့ ဖမ်းဆုပ်ခြင်းခံလိုက်ရပြီး သူ၏ ရှေ့တွင် ပေါ်လာသည်။
" ပြီးပြီ။ " လင်းယွမ်က သစ်ပင်ကို ကြည့်ပြီး ပြုံးလိုက်၏။
ပြိုင်ဘက်ကင်းမဟာသူတော်စင် ဆယ်ယောက်ကျော်က ထိတ်လန့်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ ဒါက တကယ်ပဲ ကိုယ်ပွားတစ်ခုလား။
" ဒါဘယ်နေရာလဲ။ " နိယာမမူလသစ်ပင်က အမြစ်မှ နုတ်ယူခံလိုက်ရသဖြင့် ရုတ်တရက် နိုးထလာသည်။ နိယာမမူလသစ်ပင်က အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိနေသည်။
ဒိုင်မန်းရှင်းကွာဟမှုများက အလွန်လျို့ဝှက်ဆန်းကြယ်လှပြီး ထိုပတ်ဝန်းကျင်၏ ကြမ်းတမ်းမှုက ဖရိုဖရဲဟင်းလင်းပြင်ထက် ပို၍ ပြင်းထန်ပေသည်။
" အရမ်းသန်မာလွန်းတယ်။ ဒါက ဒိုင်မန်းရှင်းတစ်ခုကနေ မွေးဖွားလာတဲ့ သက်ရှိလား။ " နိယာမမူလသစ်ပင်က ကြောက်ရွံ့ပြီး တုန်ယင်နေသည်။
လမ်းစဉ်တစ်သောင်းမျက်လုံးကလည်း လင်းယွမ်၏ လက်ဝါးက ကောင်းကင်ကို လွှမ်းခြုံသွားသည့် အခိုက်အတန့်ကို မြင်တွေ့လိုက်ရသည်။
" ဒီစွမ်းအားက..." လမ်းစဉ်တစ်သောင်းမျက်လုံးက မယုံကြည်နိုင်ဖြစ်သွားသည်။ " ကိုယ်ပွားတစ်ခုရဲ့ စွမ်းအားက သမိုင်းတစ်လျှောက် အနှိုင်းမဲ့မဟာသူတော်စင်အားလုံးထက် သာလွန်နေတာလား။ "
လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်သေးသည်ကို သေချာမသိလျှင် အချိန်သက်ရှိတစ်ယောက် ဝင်ရောက်စွက်ဖက်နေသည်ဟု သံသယဝင်မိပေလိမ့်မည်။
" ဒါက ဘယ်လိုသက်ရှိများလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက အဝေးသို့ ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
" နဂါးငွေ့တန်းရဲ့ မူလခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေပြီလဲ။ "
ကိုယ်ပွားတစ်ခုတည်းက ထိုမျှအစွမ်းထက်နေလျှင် ဖရိုဖရဲဟင်းလင်းပြင်ရှိ မည်သူက နဂါးငွေ့တန်း၏ မူလခန္ဓာကိုယ်ကို အစွမ်းကုန် တိုက်ခိုက်အောင် ဖိအားပေးနိုင်မှာလဲ။ ၎င်းကို အလွှာဆယ့်သုံး အချိန်သက်ရှိများသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
" အဲ့ဒီလူက သူချန်ခဲ့တဲ့ အမွေအနှစ်ကနေ နဂါးငွေ့တန်းလို တည်ရှိမှုမျိုး ထွက်ပေါ်လာမယ်ဆိုတာ သိခဲ့ပါ့မလား။ "
ထိုလူမှာ အဆုံးမဲ့ဟင်းလင်းပြင်ကို ဖန်တီးသူဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ရှိ အချိန်သက်ရှိများထဲမှ တစ်ယောက်ဖြစ်သည်။
" အားလုံး ချောချောမွေ့မွေ့ပါပဲ။ " လင်းယွမ်က နိယာမမူလသစ်ပင်ကို ဖမ်းကိုင်လိုက်သည်။ သူ၏ ကိုယ်ပွားလှုပ်ရှားလိုက်သည်နှင့် သူ၏ မူလခန္ဓာကိုယ်က ဤနေရာသို့ အာရုံစိုက်ထားပြီး မမျှော်လင့်ထားသော အခြေအနေများဖြစ်ပေါ်လာလျှင် အချိန်မရွေး လှုပ်ရှားရန် အသင့်ပြင်ထားသည်။
" ဒိုင်မန်းရှင်းအက်ကြောင်း..." လင်းယွမ်က ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းကြီးကို စိုက်ကြည့်နေသည်။
ဒိုင်မန်းရှင်းအတွင်း မဟာတာအို၏ နိယာမများ လည်ပတ်နေသဖြင့် ကျင့်ကြံရန်အတွက် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ သို့သော ဒိုင်မန်းရှင်းအက်ကြောင်းမှာမူ မဟာတာအို၏ နိယာမများမရှိဘဲ ဒိုင်မန်းရှင်းများမှ ထွက်ပေါ်လာသော ဖိအားများကိုသာ ခံရမည်ဖြစ်သည်။
ဒိုင်မန်းရှင်းအက်ကြောင်းအတွင်းမှ သက်ရှိများက အလွန်သန်မာကြသည်။ အမှန်တကယ်တော့ ဒိုင်မန်းရှင်းအက်ကြောင်းများက အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ တိုက်ပွဲမြေပြင်ဖြစ်သည်။
" နိယာမမူလသစ်ပင်။ " လင်းယွမ်က သူ၏ လက်ထဲမှ နိယာမမူလသစ်ပင်ကို ကြည့်လိုက်သည်။ " ဒါက တကယ် စိတ်ဝိညာဉ်ဖြစ်တည်နေတာလား။ "
သေချာစစ်ဆေးကြည့်သောအခါ လင်းယွမ်က နိယာမမူလသစ်ပင်အတွင်း၌ စိတ်ဝိညာဉ်လှိုင်းများကို ခံစားလိုက်ရသည်။
" အရှင်..." နိယာမမူလသစ်ပင်က ကြောက်ရွံ့သော စိတ်ဝိညာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
" အတော်လေး ကြောက်တတ်တာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
" နိယာမမူလသစ်သီး တစ်လုံးယူမယ်။ မင်း စိတ်မရှိဘူးမဟုတ်လား။ "
" စိတ်မရှိပါဘူး။ စိတ်မရှိပါဘူး။ " နိယာမမူလသစ်ပင်က ပြန်ဖြေလိုက်သည်။ " ကျွန်တော်မှာ သစ်သီးတွေ အများကြီးရှိပါတယ်။ "
များပြားသော နိယာမမူလသစ်သီးများက လျင်မြန်စွာ စုစည်းလာပြီး သစ်ကိုင်းနှင့် သစ်ရွက်များကြားတွင် တွဲလောင်းကျလာသည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက လမ်းစဉ်တစ်သောင်းမျက်လုံးကို နိယာမမူဘသစ်သီးတစ်လုံး ယူပေးမည်ဟု ကတိပေးထားခဲ့သည်။
" ဒါဆို ငါအရင်ပြန်တော့မယ်။ " လင်းယွမ်က နိယာမမူလသစ်ပင်ကို သိမ်းဆည်းလိုက်ပြီး ဖုန်းကျူးနှင့် အခြားသူများကို ကြည့်လိုက်သည်။
လင်းယွမ် ကိုယ်ပွား၏ စွမ်းအားကို မြင်တွေ့ခဲ့ရသဖြင့် ထိုနေရာရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ကြီးမားသော ဖိအားကို ခံစားနေကြရသည်။
" နဂါးငွေ့တန်းမဟာသူတော်စင် ကျေးဇူးတင်ပါတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက နိယာမမူလသစ်သီးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဒါက အသေးအမွှားကိစ္စလေးပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ " အဲ့ဒီနိယာမမူလသစ်ပင်ကိုတော့ ငါယူသွားလိုက်တော့မယ်။ "
" ကောင်းပါပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။ " မင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချောချောမွေ့မွေ့နဲ့ ပျံ့နှံ့နေပါတယ်။ မင်း အချိန်စက်ဝန်းထဲ ရောက်သွားရင်တောင် ငါရှိနေသရွေ့ အဲ့ဒါက ဆက်ပြီး ပျံ့နှံ့နေလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် ကိုယ်ပွားတစ်ခုပေါ်လာသည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ နိယာမမူလသစ်ပင်က အတွင်းစကြာဝဠာထဲသို့ ရောက်ရှိသွားသည်။
" ဒီအတွင်းစကြာဝဠာကြီးက..." နိယာမမူလသစ်ပင်က မယုံကြည်နိုင်ဖြစ်သွားသည်။ " ပြည့်စုံလိုက်တာ တကယ် ပြည့်စုံလွန်းတယ်။ ဒီဒိုင်မန်းရှင်းဟင်းလင်းပြင်ထက်တောင် ပိုပြီး ပြည့်စုံနေသေးတယ်။ "
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " နိယာမမူလသစ်ပင်က မယုံကြည်နိုင်ဖြစ်နေသည်။
ဖရိုဖရဲဟင်းလင်းပြင်က ဧရာမတည်ရှိမှုကြီးတစ်ခုဖြစ်ပြီး အချိန်သက်ရှိများ၏ ဖြည့်စွက်မှုများလည်း ရှိနေသည်။ ၎င်းကို ဘယ်လိုလုပ် ကျော်လွန်နိုင်တာလဲ။
" ဒီအရှင်က ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ။ "
ဖရိုဖရဲဟင်းလင်းပြင်မှ ပျိုးထောင်ထားတသာ စကြာဝဠာများက အခြေခံအုတ်မြစ်များ သတ်မှတ်ပြီးသားဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်ကို ကျော်လွန်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ သို့သော် လင်းယွမ်၏ အတွင်းစကြာဝဠာက ထိုအချက်ကို ချိုးဖျက်သွားခဲ့သည်။
အကယ်၍ လင်းယွမ်၏ နောက်ခံက အခြားဒိုင်မန်းရှင်းမှ အချိန်သက်ရှိတစ်ယောက်ဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်သို့ ခိုးဝင်လာခြင်းလား။ ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ရန် အနည်းဆုံး အချိန်အရှင်သခင်ဖြစ်ရမည်ဖြစ်ပြီး ၎င်းအတွက် ကြီးမားသော ပေးဆပ်မှု ပြုလုပ်ရမည်ဖြစ်သည်။
" အချိန်အရှင်သခင်လား။ " နိယာမမူလသစ်ပင်က ထိတ်လန့်တုန်လှုပ်သွားသည်။
အချိန်အရှင်သခင်များက သူတို့၏ အချိန်အတိုင်းအတာကို အတိတ်၊ ပစ္စုန်ပ္ပန်နှင့် အနာဂတ် တစ်သားတည်းဖြစ်အောင် စီစဉ်ကြပြီး သူတို့၏ အချိန်အတိုင်းအတာကို ချိတ်ပိတ်ကာ အရာအားလုံးမှ သီးခြားခွဲထုတ်၍ ပြည့်စုံသော အဆင့်သို့ ရောက်ရန် ကြိုးစားကြသည်။
ထိုကဲ့သို့သော တည်ရှိမှုမျိုးက ပြည့်စုံသော အချိန်သက်ရှိများ၏ စွမ်းရည်အချို့ကိုပင် ပိုင်ဆိုင်ထားပြီး အတိတ်သို့ သွားကာ အတိတ်ကိုပင် ပြောင်းလဲနိုင်သည်။ သို့သော် အလွှာဆယ့်လေးသို့ မရောက်သေးလျှင် အတိတ်ကို ပြောင်းလဲရန် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ကြရသည်။