← Chapters

ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်...

Vol. 73 Ch. 1031

ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်...

Vol. 73 Ch. 1031

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" အဲ့ဒါကြောင့်ကိုး။ " နိယာမမူလသစ်ပင်က ရုတ်တရက် နားလည်သွားသည်။

အကယ်၍ လင်းယွမ်က အချိန်အရှင်သခင်တစ်ယောက် ဖြစ်နေမည်ဆိုလျှင် အရာအားလုံးက အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။ ထိုကဲ့သို့ ကြောက်သရာကောင်းသော စွမ်းအားကို အချိန်အရှင်သခင်တစ်ယောက်က ပိုင်ဆိုင်ထားခြင်းမှာ ပို၍ ယုတ္တိရှိသွားပြီဖြစ်သည်။

" ဒါပေမယ့် အချိန်အရှင်သခင်တစ်ယောက်က ကြီးမားတဲ့ ပေးဆပ်မှုတွေလုပ်ပြီး ဒီဒိုင်မန်းရှင်းထဲ ခိုးဝင်လာရအောင် သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ "

" ထားလိုက်ပါတော့။ အဲ့ဒါတွေက ငါစဉ်းစားရမယ့် အရာတွေမဟုတ်ဘူး။ "

အချိန်အရှင်သခင်တစ်ယောက်က ဝေးကွာသော အနာဂတ်ကို ကြည့်နိုင်သည်ဆိုလျှင် ထိုသို့လုပ်ဆောင်ရခြင်းက နက်ရှိုင်းသော အဓိပ္ပါယ်ရှိရပေလိမ့်မည်။ ၎င်းက နိယာမမူလသစ်ပင်သာ ဖြစ်သောကြောင့် အချိန်အရှင်သခင်၏ အတွေးများကို နားလည်နိုင်မည်မဟုတ်ပေ။

" ငါ့အတွက်တော့ ဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။ " နိယာမမူလသစ်သီးက ရုတ်တရက် တွေးလိုက်သည်။

အချိန်အရှင်သခင်တစ်ယောက်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရခြင်းက ဆိုးရွားလှသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ အချိန်အရှင်သခင်၏ သစ်ပင်ဟု သတ်မှတ်ခံရပေလိမ့်မည်။

ဒုတိယရင်းမြစ်ကမ္ဘာ၊ ချင်းယွမ်ဂိုဏ်း။

လင်းယွမ်၏ မူလခန္ဓာကိုယ်က ဝူရှန်းအရှင်သခင်၏ စမ်းသပ်မှုနယ်မြေမှ ပြန်ရောက်လာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကောင်းကင်အလင်းအရှင်သခင် ချန်ထားခဲ့သော အမွေအနှစ်ကို ဆက်လက်နားလည်နိုင်ရန် ကိုယ်ပွားတစ်ခုကို ထိုနေရာတွင် ချန်ထားခဲ့သည်။

" မှော်စာလုံးလမ်းစဉ် " လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင်၏ မှော်စာလုံးလမ်းစဉ်ကို နားလည်ရန် ကြိုးစားနေသည်။

" စိတ်ဝိညာဉ်စွမ်းအား၊ သွေးစွမ်းအား၊ အခြားစွမ်းအားတွေနဲ့ မှော်စာလုံးတွေကို စုစည်းတာက မှော်စာလုံးတွေရဲ့ အရိုးရှင်းဆုံး အသုံးချမှုဖြစ်ပြီး အပေါ်ယံနားလည်မှုလည်း ဖြစ်တယ်။ "

ဝူရှန်းအရှင်သခင်ချန်ခဲ့သော အမွေအနှစ်ထဲတွင် ကောင်ကင်အလင်းအရှင်သခင်၏ အမှတ်အသား ပါဝင်နေပြီး ၎င်းကို အသုံးပြုခြင်းဖြင့် ကောင်းကင်အလင်းအရှင်သခင်၏ ရှင်းပြမှုကို နားထောင်နိုင်သည်။ ၎င်းမှာ မူလအမွေအနှစ် တန်ဖိုးကြီးရသည့် အကြောင်းရင်းဖြစ်သည်။

" ငါဖန်တီးထားတဲ့ အမွေအနှစ်ကို အဆင့်ငါးဆင့် ခွဲခြားတယ်။ ပထမအဆင့်ကတော့ မှော်စာလုံးတွေကို ဖန်တီးသူက ကိုယ်ကိုယ်တိုင်မဟုတ်တော့ဘဲ ကောင်းကင်နဲ့မြေကြီး၊ တောင်တွေနဲ့ ကျောက်ခဲတွေအားလုံးက မှော်စာလုံးတွေဖြစ်နိုင်တယ်။ "

" ဒုတိယအဆင့်ကတော့ သက်ရှိအားလုံးအပါအဝင် ဒြပ်ရှိတဲ့အရာအားလုံးက မှော်စာလုံး သယ်ဆောင်သူတွေဖြစ်လာနိုင်ပြီး မှော်စာလုံးတွေကို စုစည်းနိုင်လိမ့်မယ်။ "

" တတိယအဆင့်ကတော့ ခံစားမှုခုနှစ်ပါးနဲ့ အာရုံခြောက်ပါးတွေလိုမျိုး ဒြပ်မဲ့အရာတွေကလည်း မှော်စာလုံးကို စုစည်းနိုင်တယ်။ ဒီအဆင့်မှာဆိုရင် အချိန်စက်ဝန်းထဲမှာ ပိတ်မိနေရင်တောင် မှော်စာလုံးလမ်းစဉ်ကို တိုက်ရိုက်အသုံးမပြုဘဲ သွယ်ဝိုက်တဲ့ နည်းနဲ့အသုံးပြုနိုင်လိမ့်မယ်။ "

" ကောင်းကင်နဲ့မြေကြီး၊ ဒြပ်ရှိဒြပ်မဲ့ အရာအားလုံးက မှော်စာလုံးတွေလား။ " လင်းယွမ်က တွေးလိုက်သည်။

မှော်စာလုံးများအပေါ် သူ၏ နားလည်မှုက လျင်မြန်စွာ တိုးတက်လာသည်။ လင်းယွမ်၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တတိယအဆင့်ကို အပြည့်အဝ နားလည်ရန် လဝက်ပင်မကြာခဲ့ပေ။

" ခံစားချက်ခုနှစ်ပါးနဲ့ အာရုံခြောက်ပါး။ " လင်းယွမ်က အတွေးတစ်ချက်နှင့် သူ၏ ဒေါသများ ဖယ်ရှားခံလိုက်ရပြီး မှော်စာလုံးလေးတစ်ခုအဖြစ် စုစည်းသွားသည်။

" ဒါကြောင့်လည်း ကောင်းကင်အလင်းအရှင်သခင်က တတိယအဆင့်ကို နားလည်သွားရင် အချိန်စက်ဝန်းကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်မယ်လို့ ပြောခဲ့တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက မည်သည့်အချိန်စက်ဝန်းအမျိုးအစားထဲတွင် ပိတ်မိနေမည်ကို မသိသော်လည်း သက်ရှိဖြစ်နေသရွေ့ ခံစားချက်ခုနှစ်ပါးနှင့် အာရုံခြောက်ပါးက ရှောင်လွှဲ၍ မရဘဲ ရှိနေမည်ဖြစ်သောကြောင့် မှော်စာလုံးများကို ဖန်တီးနိုင်ပေလိမ့်မည်။

" စတုတ္ထအဆင့် " လင်းယွမ်က အမွေအနှစ်၏ စတုတ္ထအဆင့်ကို ကြည့်လိုက်သည်။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ဝူရှန်းအရှင်သခင်၏ ထာဝရပန်းချီကားတို့ကြောင့် ပထမအဆင့်သုံးဆင့်ကို အချိန်တိုအတွင်း နားလည်နိုင်ခဲ့ခြင်းဖြစ်သည်။

" မှော်စာလုံးတွေက အရာအားလုံးပဲ။ မင်းမြင်ရတာတွေ မင်းခံစားရတာတွေ အားလုံးက မှော်စာလုံးသယ်ဆောင်သူတွေ ဖြစ်လာနိုင်တယ်။ " ကောင်းကင်အလင်းအရှင်သခင်က ပြောလိုက်သည်။

" မြင်ရတာတွေ ခံစားရတာတွေအားလုံးလား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

၎င်းက အလွန်ကျယ်ပြန့်သော နယ်ပယ်ကို လွှမ်းခြုံထားပြီး အထူးသဖြင့် အချိန်စက်ဝန်းအတွင်းဖြစ်သည်။ သူပိတ်မိနေသော အချိန်စက်ဝန်းအတွင်း သက်ရှိဟူ၍ သူတစ်ယောက်နည်းသာ ရှိနေပြီး ခံစားမှုခုနှစ်ပါးနှင့် အာရုံခြောက်ပါးတို့ကို ထုတ်ဖော်နိုင်လျှင်တောင် ၎င်းမှာ ကန့်သတ်ချက်ရှိနေဦးမည်ဖြစ်သည်။

သို့သော် မြင်တွေ့ရသမျှ ခံစားရသမျှ အရာအားလုံးက မှော်စာလုံးသယ်ဆောင်သူများ ဖြစ်လာနိုင်သည်။ လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင်၏ ကြောက်စရာကောင်းသော စွမ်းအားကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

" ဒီလောက်သန်မာတဲ့ အချိန်သက်ရှိတောင် အချိန်လေဟာနယ်တစ်ခုထဲမှာ ပိတ်မိဖို့ ရွေးချယ်ခဲ့တာလား။ " လင်းယွမ်က စိတ်ထဲ၌ လေးလံမှုကို ခံစားလိုက်ရသည်။

ဝူရှန်းအရှင်သခင်အပါအဝင် ထာဝရအရှင်သခင်အားလုံးက ပိတ်မိနေကြသည်။ ထိုသို့ပြုလုပ်မှသာ အနာဂတ်ကို ပြောင်းလဲရန် မျှော်လင့်ချက်အနည်းငယ် ရှိနိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့ပိတ်မိမခံခဲ့လျှင် ထာဝရအရှင်သခင်များက အသက်ရှင်ကျန်ရစ်နိုင်သော်လည်း ရင်းမြစ်ကမ္ဘာတစ်ခုလုံးက ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့်ပင် ဝူရှန်းအရှင်သခင်နှင့် အခြားထာဝရအရှင်သခင်များက ပိတ်မိခံရန် ရွေးချယ်ခဲ့ကြပြီး သူတို့၏ စွမ်းအားများကို ချိတ်ပိတ်ကာ နတ်ဆိုးကပ်ဘေးဆင်းသက်လာချိန်တွင် ကမ္ဘာကြီးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ကြတော့ပေ။

" ဆက်ပြီး နားလည်အောင်​ကြိုးစားရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး စတုတ္ထအဆင့်ကို နားလည်ရန် ကြိုးစားလိုက်သည်။ ပထမအဆင့်သုံးဆင့်နှင့် နှိုင်းယှဉ်လျှင် စတုတ္ထအဆင့်ကို နားလည်ရန် လင်းယွမ်က အချိန်အနည်းငယ်ပိုပေးခဲ့ရသည်။

ချင်းယွမ်ဂိုဏ်း၏ ခန်းမထဲတွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲများက အလွန်ကျေနပ်နေကြသည်။ လင်းယွမ်ကြောင့် ချင်းယွမ်တောင်အနီးတစ်ဝိုက်ရှိ နတ်ဆိုးများက ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ လင်းယွမ်ရှိနေသရွေ့ ချင်းယွမ်ဂိုဏ်းက မဟာနတ်ဆိုးများ၏ ဖျက်ဆီးခြင်းခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

နတ်ဆိုးကပ်ဘေးက နေရာအနှံ့ပျံ့နှံ့နေပြီး ထာဝရဂိုဏ်းများပင် ဖိအားကို ရင်ဆိုင်နေရသည်။ ထာဝရဂိုဏ်းများ၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းလှပြီး ထာဝရအရှင်သခင်ကိုယ်တိုင် ပြင်ဆင်ထားသော နည်းလမ်းများ ရှိသော်လည်း ပို၍ပင် ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသည်။

ထိုအချိန်တွင် ဂိုဏ်းချုပ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ခန်းမ၏ စင်မြင့်ပေါ်မှ အပြာရောင်မှော်စာလုံးတစ်ခုက လင်းလက်လာသည်။

" ဒီမှော်စာလုံးက ထာဝရဂိုဏ်းဆီက သတင်းစကားကို အာရုံခံနိုင်တယ်။ ထာဝရသံတမန် မကြာခင် ရောက်လာတော့မယ် ထင်တယ်။ " ဂိုဏ်ချုပ်က ဝမ်းသာသွားသည်။

နောက်ဆုံးထာဝရသံတမန် ရောက်လာသည်မှာ မည်မျှကြာခဲ့ပြီမှန်း မသိရတော့ပေ။ အချိန်အလွန်ကြာခဲ့ပြီဖြစ်သောကြောင့် ထာဝရဂိုဏ်းတွင် ကြီးမားသော ပြဿနာတစ်ခု ကြုံတွေ့နေသည်ဟုပင် ဂိုဏ်းချုပ်က ထင်မိခဲ့သည်။

ထာဝရသံတမန်ရောက်လာတော့မည်ကို သိသောအခါ ဂိုဏ်းချုပ်က လင်းယွမ်ကို ချက်ချင်း အကြောင်းကြားခဲ့သည်။

" ထာဝရသံတမန်လား။ " လင်းယွမ်က တွေးလိုက်သည်။

" ထာဝရသံတမန်က ဘယ်လိုကိစ္စနဲ့ လာတာလဲ။ " လင်းယွမ်က ဂိုဏ်းချုပ်ကို ကြည့်ပြီး မေးလိုက်သည်။

" အရင်ကတော့ ထာဝရသံတမန်တွေက ဒီအနီးတဝိုက်က နတ်ဆိုးတွေရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းပြီး နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ မှော်စာလုံးနည်းစနစ်တွေကို မျှဝေပေးလေ့ရှိတယ်။ " ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်။

" ပြီးတော့ ထာဝရသံတမန်တွေက ဂိုဏ်းထဲက ပါရမီရှိတဲ့ တပည့်အချို့ကို လေ့ကျင့်ပေးဖို့ ထာဝရဂိုဏ်းကို ခေါ်ဆောင်သွားလေ့ရှိတယ်။"

ချင်းယွမ်ဂိုဏ်းက ထာဝရသံတမန်ရောက်ရှိလာခြင်းနှင့် ပက်သက်၍ မျှော်လင့်ချက်ရှိသကဲ့သို့ စိုးရိမ်မှုကိုလည်း ခံစားရသည်။ ထာဝရသံတမန်များ မျှဝေပေးသော မှော်စာလုံးနည်းစနစ်များက ချင်းယွမ်ဂိုဏ်းအတွက် အမှန်တကယ် အသုံးဝင်ပေသည်။

သို့သော် ဂိုဏ်းမှ ကျင့်ကြံသူများနှင့် ပါရမီရှင်များကို ခေါ်ဆောင်သွားခြင်းက ချင်းယွမ်ဂိုဏ်းကို မျိုးဆက်ပြတ်တောက်မှု အန္တရာယ်နှင့် ရင်ဆိုင်ရစေနိုင်သည်။ ချင်းယွမ်တောင်အတွင်းရှိ ကမ္ဘာငယ်လေးထဲတွင် ပျိုးထောင်ထားသော ပါရမီရှင်များက အပြင်လောကရှိ ပါရမီရှင်များကို မမီကြပေ။

သူတို့ကို ထာဝရဂိုဏ်းက ထပ်မံခေါ်ဆောင်သွားလျှင် အချိန်ကြာလာသည်နှင့်အမျှ သက်ရောက်မှုက အလွန်ဆိုးရွားလာပေလိမ့်မည်။ ယခုအချိန် ချင်းယွမ်ဂိုဏ်းတွင် အသက်ရှည်ခြင်းအဆင့် အထွတ်အထိပ် သုံးလေးယောက်သာ ရှိပြီး ၎င်းက ကမ္ဘာကြီး အသွင်မပြောင်းလဲမီကထက် များစွာ လျော့နည်းနေပြီဖြစ်သည်။

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ချင်းယွမ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများက ထာဝရဂိုဏ်းများအတွက် အသုံးဝင်မှုနှစ်မျိုးသာရှိသည်။ တစ်ခုမှ နတ်ဆိုးများ၏ အာရုံစိုက်မှုကို ခွဲထုတ်ရန်ဖြစ်ပြီး အခြားတစ်ခုမှာ တပည့်များအတွက် အရန်နေရာအဖြစ် အသုံးချရန်ဖြစ်သည်။

" ထာဝရဂိုဏ်းနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ မှော်စာလုံးကို ငါ့ကိုပေးပါ။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

နတ်ဆိုးများဆင်းသက်လာပြီးနောက် ဆက်သွယ်ရေးနည်းလမ်းများစွာက ဖိနှိပ်ခံရမည်ဖြစ်သည်။ ထာဝရသံတမန်က အခြားဂိုဏ်းများနှင့် တိုက်ရိုက်ရောက်လာရန် သူတို့၏ တိကျသောနေရာကို သိရှိနိုင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်းဆိုသည်ကို လင်းယွမ်က အတော်လေး စိတ်ဝင်စားနေသည်။

" ဟုတ်ကဲ့ပါ။ " ဂိုဏ်းချုပ်က အပြာရောင်မှော်စာလုံးကို လင်းယွမ်ထံသို့ ပေးလိုက်သည်။

All Chapters