ထာဝရသံတမန်များ...
Vol. 73 Ch. 1032
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဒီမှော်စာလုံးလား။ " လင်းယွမ်က ဂရုတစိုက် လေ့လာကြည့်လိုက်သည်။
အပေါ်ယံကြည့်လျှင် ထိုအပြာရောင်စာလုံးက သာမန်မှော်စာလုံးတစ်ခုသာ ဖြစ်သည်။ သို့သော် လင်းယွမ်၏ အမြင်တွင်မူ ထိုအပြာရောင်မှော်စာလုံးက သေးငယ်သော မှော်စာလုံးပေါင်း သန်းချီ၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
မှော်စာလုံးများက တစ်ခုနှင့်တစ်ခု လည်ပတ်နေပြီး သိမ်မွေ့သော ဟန်ချက်ညီမှုတစ်ခု ဖြစ်ပေါ်နေသည်။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကောင်းကင်အရှင်သခင်ချန်ခဲ့သော အမွေအနှစ်ကို စတုတ္ထအဆင့်ထိ ကျင့်ကြံပြီးဖြစ်သောကြောင့် လင်းယွမ်၏ နားလည်မှုမှာ အလွန့်မြင့်မားနေပြီဖြစ်သည်။
လက်ရှိတွင် အပြာရောင်မှော်စာလုံးက အလွန်နက်နဲလှပြီး ထာဝရဂိုဏ်းမှ သက်ဆိုင်ရာကျင့်ကြံသူများနှင့် ချင်းယွမ်ဂိုဏ်းချုပ်မှလွဲ၍ ပြင်ပလူများ အသုံးမပြုနိုင်ကြပေ။ ချင်းယွမ်ဂိုဏ်းချုပ်ပင်လျှင် ထာဝရဂိုဏ်းမှ ပေးပို့သော သတင်းစကားများကို လက်ခံရန်အတွက်သာ အသုံးပြုနိုင်သည်။
သို့သော် လင်းယွမ်၏ မျက်လုံးထဲတွင်မူ သေးငယ်သော မှော်စာလုံးတစ်ခုချင်းစီကို စတင်ထိန်းချုပ်နေပြီဖြစ်သည်။ ထိုခဏတွင် ပြည့်စုံသော အပြာရောင်မှော်စာလုံးက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားကာ သေးငယ်သော မှော်စာလုံး ဘီလီယံချီက ထွက်ပေါ်လာပြီး လင်းယွမ်၏ ရှေ့တွင် လွင့်မြောနေသည်။
ခဏအတွင်း ထိုမှော်စာလုံးလေးများက ပြန်လည်စုစည်းသွားပြီး အပြာရောင်မှော်စာလုံးအဖြစ် ပြောင်းလဲသွားသည်။ ယခုအခါ လင်းယွမ်က အပြာရောင်မှော်စာလုံးကို ကျွမ်းကျင်သွားပြီဖြစ်သည်။
" ဒါက..." ဂိုဏ်းချုပ်က ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ပြီး စိတ်ထဲမှ တုန်လှုပ်သွားခဲ့သည်။
အပြာရောင်မှော်စာလုံး ကွဲကြေသွားသည့်အကြောင်းရင်းကို သူမသိသော်လည်း ပြန်လာ်ဖွဲ့စည်းလိုက်သော အပြာရောင်မှော်စာလုံးက ယခင်တစ်ခုနှင့် ကွဲပြားသွားသည်ကို သူသိလိုက်သည်။ ယခုက အပြာရောင်မှော်စာလုံးက ထာဝရဂိုဏ်း၏ ပိုင်ဆိုင်မှုမှ လင်းယွမ်၏ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သို့သော် အပြာရောင်မှော်စာလုံးက ထာဝရအရှင်သခင်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး အဆင့်မြင့်ဆုံး ဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်သည်။
" အများကြီးမတွေးနဲ့။ ဒါက နည်းလမ်းတစ်ခုကို အသုံးပြုလိုက်ရုံပဲ။ " လင်းယွမ်က ဂိုဏ်းချုပ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဂိုဏ်းချုပ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ရိုသေစွာ ပြန်ပြောလိုက်သည်။
" ငါတို့ ချင်းယွမ်ဂိုဏ်းက တကယ်ကံကောင်းတာပဲ။ " ဂိုဏ်းချုပ်က တွေးလိုက်သည်။
လင်းယွမ်က ပို၍ သန်မာလေ သူက ပို၍ ဝမ်းသာလေဖြစ်သည်။ အကြောင်းမှာ လင်းယွမ်က ချင်းယွမ်ဂိုဏ်းနှင့် ပက်သက်မှုရှိနေသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူက ချင်းယွမ်ဂိုဏ်းတွင် ယခုလောက်ထိ နေမည်မဟုတ်ပေ။
လင်းယွမ်၏ စွမ်းအားနှင့်ဆိုလျှင် ချင်းယွမ်းဂိုဏ်းတွင် နေခြင်းနှင့် အပြင်သို့ ထွက်ခွာခြင်းက များစွာကွာခြားမှုမရှိပေ။ အပြင်မှ နတ်ဆိုးများက လင်းယွမ်၏ အမြင်တွင် ပုရွက်ဆိတ်များသာဖြစ်သည်။
အပြာရောင်မှော်စာလုံးကို ပြန်လည်ထိန်းချုပ်ပြီးနောက် လင်းယွမ်က ၎င်း၏ အသုံးဝင်ပုံအားလုံးကို ရှာတွေ့ခဲ့သည်။ အပြာရောင်မှော်စာလုံးမှတစ်ဆင့် လင်းယွမ်က ဤကမ္ဘာရှိ ဂိုဏ်းများ၏ တည်နေရာများကို အာရုံခံမိခဲ့သည်။
" လက်ရှိမှာ အသက်ရှည်ခြင်းအဆင့်ဂိုဏ်း ၈၉၂ခုနဲ့ လွတ်မြောက်ခြင်းအဆင့်ဂိုဏ်း နှစ်ဆယ်လောက်ပဲ ကျန်တော့တာပဲ။ တကယ်ကို ပျက်စီးမှု ကြီးမားခဲ့တာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ကျန်ရှိနေသော ဂိုဏ်းများကလည်း သူတို့၏ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါ့မလားဆိုသည်မှာ မသေချာတော့ပေ။ ဥပမာ ချင်းယွမ်ဂိုဏ်းက လွတ်မြောက်ခြင်းအဆင့် ဂိုဏ်းတစ်ခု ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လွတ်မြောက်ခြင်းအဆင့်သုံး ရှိသည့် ကျင့်ကြံသူ မရှိတော့ပေ။
နတ်ဆိုးများကို တားဆီးပြီး အမွေအနှစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဂိုဏ်းတစ်ခုစီက အလွန်လျို့ဝှက်စွာ နေထိုင်ကြသည်။ လင်းယွမ်ပင် လုံလောက်စွာ နီးကပ်သွားခြင်းမရှိလျှင် ရှာတွေ့ရန် ခက်ခဲလှသည်။ သို့သော် အပြာရောင်စာလုံး၏ အကူအညီဖြင့် လင်းယွမ်က ဂိုဏ်းတစ်ခုစီ၏ တည်နေရာများကို ရှာဖွေနိုင်ခဲ့သည်။
" ဒီဂိုဏ်းတွေဆီက မှော်စာလုံး အမွေအနှစ်တွေ ရယူဖို့ ငါ့ရဲ့ ကိုယ်ပွားတွေ စေလွှတ်နိုင်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ ထို့နောက် သူက အပြာရောင်မှော်စာလုံးကို အသုံးပြုပြီး လျင်မြန်စွာ ရွေ့လျားနေသော အော်ရာအချို့ကို ရှာတွေ့လိုက်သည်။
" သူတို့က ထာဝရသံတမန်တွေလား။ "
ထိုရွေ့လျားနေသော အော်ရာများက ဂိုဏ်းများ၏ အော်ရာများနှင့် ကွဲပြားနေသည်။ သူတို့က မကြာမီ ရောက်လာတော့မည့် ထာဝရသံတမန်များ ဖြစ်ပေလိမ့်မည်။
" စီနီယာ ကျွန်တော်တို့ ထာဝရသံတမန်တွေကို ဘယ်လိုရင်ဆိုင်သင့်လဲ။ " ဂိုဏ်းချုပ်က မေးလိုက်သည်။ ထာဝရသံတမန်များ ရောက်လာမည့်အကြောင်းကို အသိပေးခြင်းမှာ လင်းယွမ်၏ အမြင်ကို သိလိုသောကြောင့်ဖြစ်သည်။ လင်းယွမ်၏ သဘောထားက ချင်းယွမ်ဂိုဏ်း၏ သဘောထားဖြစ်သည်။
" ပုံမှန်အတိုင်းပဲ ကြိုဆိုလိုက်ပါ။ " လင်းယွမ်က ပြောလိုက်သည်။ " ထာဝရသံတမန်က နောက်တစ်နှစ်လောက်နေရင် ရောက်လာလိမ့်မယ်။ သူတို့ရောက်လာတဲ့အခါ ငါ့ကို အသိပေးပါ။ " လင်းယွမ်က ထာဝရဂိုဏ်းများ၏ အခြေအနေကို အတော်လေး သိချက်နေမိသည်။
" ထာဝရသံတမန်က တစ်နှစ်အတွင်း ရောက်လာမှာလား။ " ဂိုဏ်းချုပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ ထာဝရသံတမန်များ ရောက်လာမည့် အချိန်အတိအကျကို သူမသိပေ။
" ဟုတ်တယ်။ အကြမ်းဖျင်းအားဖြင့် အဲ့ဒီအချိန်လောက်ရောက်မှာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက အပြာရောင်မှော်စာလုံးမှတစ်ဆင့် ထာဝရသံတမန်များ ရွေ့လျားနေသော အရှိန်နှင့် ချင်းယွမ်ဂိုဏ်းသို့ ရောက်လာမည့်အချိန်ကို တွက်ချက်လိုက်ခြင်းဖြစ်သည်။
ပထမရင်းမြစ်ကမ္ဘာ၊ လီယန်မြို့တော်။
လင်းယွမ်က လီယန်ဘိုးဘေးနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
" ဘိုးဘေးရဲ့ မီးတောက်နတ်ဘုရားဝိုင်က တကယ်ကို ကောင်းတဲ့ဝိုင်ပါပဲ။ " လင်းယွမ်က ဝိုင်ကို ဖြည်းညင်းစွာ သောက်ပြီး ပြုံး၍ ပြောလိုက်သည်။
" ဟားဟားဟား..." လီယန်ဘိုးဘေးက ရယ်မောလိုက်သည်။ " မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ။ မကြာခင် အဆင့်တက်ဖို့ ပြင်ဆင်နေပြီလား။ "
" အလျင်မလိုသေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " ခဏလောက် ဆက်ပြီး ကျင့်ကြံဦးမယ်။ "
" ကောင်းပြီ။ " လီယန်ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ လင်းယွမ်နှင့် ပက်သက်၍ သူမြင်တွေ့ခဲ့ရသော အနာဂတ်အချိန်အတိုင်းအတာများတွင် လင်းယွမ်က ချက်ချင်း အဆင့်တက်ခဲ့သည်မှာ ရှားပါးလှသည်။
" ဘိုးဘေး ဒီကမ္ဘာကြီးက ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမှာလား။ " လင်းယွမ်က မေးလိုက်သည်။
" ပျက်စီးခြင်းလား။ " လီယန်ဘိုးဘေးက ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " မှန်တယ်။ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမှာပေါ့။ ကမ္ဘာတိုင်းက ရှောင်လွှဲလို့မရဘဲ ပျင်စီးခြင်းနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် အဲ့ဒါက အပြီးတိုင်ပျက်စီးသွားတာမျိုးမဟုတ်ဘဲ အသစ်တစ်ခု ပြန်လည်စတင်လိမ့်မယ်။ "
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်မှ သဘာဝစကြာဝဠာများက ပျက်စီးခြင်းနှင့် ရင်ဆိုင်ရပြီးနောက် အသစ်ပြန်လည်ဖြစ်ပေါ်လာကြသည်။
ရင်းမြစ်ကမ္ဘာကလည်း ခြွင်းချက်မရှိပေ။ ၎င်းမှာ ဖရိုဖရဲဟင်းလင်းပြင်ထက် ပိုမိုပြည့်စုံပြီး မွေးဖွားချိန်မှ ပျက်စီးချိန်အထိ အချိန်ကာလမှာ ဖရိုဖရဲဟင်းလင်းပြင်ထက် ပိုမိုရှည်ကြာပေလိမ့်မည်။
" ဒီကမ္ဘာကြီး ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အချိန်သက်ရှိတွေဖြစ်တဲ့ ငါတို့က ထွက်ခွာသွားရမယ်။ ဒိုင်မန်းရှင်းတွေကြား လှည့်လည်သွားလာရမှာပေါ့။ " လီယန်ဘိုးဘေးက ပြောလိုက်သည်။ " ဒါပေမယ့် အဲ့ဒီအချိန်ရောက်ဖို့က အဝေးကြီး လိုပါသေးတယ်။ "
" မှန်တယ်။ အဝေးကြီးလိုသေးတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဒုတိယရင်းမြစ်ကမ္ဘာ။
နတ်ဆိုးစွမ်းအားများက ပတ်ဝန်းကျင်တွင် လွင့်မျောနေသည်။ ပုံရိပ်သုံးခုက နတ်ဆိုးစွမ်းအားများကို ဖြတ်ပြီး ဦးတည်ချက်တစ်ခုသို့ သွားနေကြသည်။ ထိုပုံရိပ်သုံးခုက သူတို့၏ အော်ရာများကို လုံးဝဖုံးကွယ်ထားကြပြီး သူ၏ သွားလာမှုကြောင့် ဖြစ်ပေါ်လာသော အချိန်လေဟာနယ်လှုပ်ရှားမှုများကလည်း မရှိသလောက်ပင်ဖြစ်သည်။
" ငါတို့ ချင်းယွမ်ဂိုဏ်းကို သွားကြမလား။ "
" နတ်ဆိုးကပ်ဘေးဆင်းသက်လာတဲ့အခါ အဲ့ဒီလိုဂိုဏ်းမျိုးက ရှင်သန်ဖို့ ခက်ခဲတယ်။ "
နောက်မှ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ပတ်ဝန်းကျင်မှ နတ်ဆိုးစွမ်းအားများကို လေးနက်စွာ ကြည့်လိုက်ကြသည်။ သူတို့က ကမ္ဘာအလယ်ရှိ ထာဝရဂိုဏ်းမှ သံတမန်များဖြစ်ကြသည်။
ထိုအခိုက်တွင် ရှေ့ဆုံးမှ သွားနေသော လူက ရုတ်တရက် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်သည်။
" တစ်ခုခုတော့မှားနေပြီ။ " ရှေ့ဆုံးမှ ငွေရောင်မျက်လုံးနှင့် လူက ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေပြီး သူ၏ မျက်နှာက သံသယများနှင့် ပြည့်နှက်နေသည်။
" ဘာဖြစ်လို့လဲ။ " နောက်မှ အမျိုးသားနှင့် အမျိုးသမီးတို့က ရပ်တန့်သွားကြသည်။
" ဒီနယ်မြေထဲမှာ သန်မာတဲ့နတ်ဆိုးတွေမရှိတာ မင်းတို့သတိထားမိလား။ " ငွေရောင်မျက်လုံးနှင့် လူက သံသယများဖြင့် ပြောလိုက်သည်။
ထိုအမျိုးသားနှင့် အမျိုးသမီးတို့ကလည်း ပိုမိုကျယ်ပြန့်သော ဧရိယာကို စစ်ဆေးကြည့်လိုက်သောအခါ နယ်မြေတစ်ခုလုံးတွင် နတ်ဆိုးများရှားပါးနေကြောင်း တွေ့ရှိလိုက်ရသည်။ အခြားနယ်မြေများတွင် အကွာအဝေးတစ်ခုစီတိုင်း မဟာနတ်ဆိုးတစ်ကောင်ကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံ မူလနတ်ဆိုးအဆင့်သို့ နီးကပ်နေသော မဟာနတ်ဆိုးကြီးများကိုပင် တွေ့နိုင်သည်။
သို့သော် ဤနေရာတွင်မူ နတ်ဆိုးများက အလွန်ရှားပါးသွားခဲ့သည်။ သူတို့၏ စစ်ဆေးမှုအရ ဤနယ်မြေအတွင်း မကြာသေးမီက အသစ်မွေးဖွားလာသော နတ်ဆိုးစိတ်ဝိညာဉ်အချို့ကိုသာ ရှာတွေ့ခဲ့သည်။