← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

အပြင်စည်းဂိုဏ်း လှုပ်ခတ်သွားခြင်း၊ နတ်ဘုရားတို့ရဲ့ ရာထူးများ

နှင်းဖွဲဖွဲကျနေသော ညတွင် ကျိုးယိကျင်း၏ ဓားဆန္ဒသည် ထိတ်လန့်စရာကောင်းကာ လွှမ်းမိုးနိုင်စွမ်းရှိသော လေစီးကြောင်း‌ကြီးတစ်ခုကို ဖန်တီးကာ သူ့ပတ်၀န်းကျင်ရှိ လေထုနှင့်နှင်းထုကို မွှေနှောက်ပစ်လိုက်လေသည်။ ထို့နောက် ထိုဓားဆန္ဒလေစီးကြောင်းကြီးထဲမှ မီးတောက်များထွက်ပေါ်လာပြီး မီးတောက်များသည် ထိုးတက်လာသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

ကျိုးလင် ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံးများလည်း ပြူးကျယ်သွားခဲ့သည်။ သူ့အဖေ၏ မီးတောက်ဝါးမျိုဓားသိုင်းသည် ထိုမျှ အဆင့်မြင့်သွားလိမ့်မည်ဟု လုံး၀ မထင်ထားခဲ့ပေ။

ဝုန်းးး!

သူ့နောက်မှ ကြောက်စရာကောင်းသော မိုးချိန်းသံနှင့်တူသည့် အသံတစ်သံထွက်ပေါ်လာသောကြောင့် ကျိုးလင် အလိုလိုလှည့်ကြည့်လိုက်မိ၏။ ထိုစဉ် မိုးကုတ်စက်ဝိုင်းကိုဖြတ်၍ ပျံသန်းလာသော ဓားအလင်းရောင်ကိုတွေ့လိုက်သောအခါ သူ့မျက်လုံးများထပ်၍ ပြူးကျယ်သွားရပြန်သည်။

ဓားအလင်းရောင်သည် မဖော်ပြနိုင်လောက်အောင် တောက်ပနေပြီး သူဖြတ်သွား‌ေသာ လမ်းတစ်လျှောက်ရှိ တဖွဲဖွဲကျနေသော နှင်းများအား အရည်ပျော်ကာ နှင်းလေလှိုင်းများပင် ဖြစ်သွားစေခဲ့ပြီး ကောင်းကင်အား ထိုးဖောက်‌ေတာ့သလိုပင်။ ထိုမြင်ကွင်းသည် ကျိုးလင်အား ကြက်သေသေသွားစေခဲ့၏။

ကျိုးလင်စိတ် ဗလာဖြစ်သွားပြီး ဘာမှထပ်မတွေးနိုင်တော့ပေ။

ဓားအလင်းရောင်သည် သူ့ခေါင်းအထက်မှ ဖြတ်ပျံသွားသောအခါ ဓားအလင်းရောင်မှသယ်ဆောင်လာသော လေလှိုင်းများကြောင့် သူ့၀င်္ကပါအလိုလိုအသက်၀င်သွားပြီး ယမ်းခါသွားခဲ့ကာ အချိန်မရွေးပြိုကွဲသွားတော့မလို ဖြစ်သွားခဲ့သည်။

ကျိုးလင်၏အကြည့်အောက်တွင်ပင် ထိုဓားအလင်းရောင်သည် ကျိုးယိကျင်း၏ဆန္ဒနှင့် ထိပ်တိုက်တွေ့သွားခဲ့ပြီး ကျိုးယိကျင်း၏ဓားဆန္ဒမှာလည်း မတားဆီးနိုင်ခဲ့ပေ။

ကျိုးယိကျင်း၏ တုန့်ပြန်မှုသည် ကျိုးလင်ထက်မြန်သော်လည်း တစ်ဖက်လူထက်တော့ မြန်မနေခဲ့ပေ။

ဓားဆန္ဒကိုသုံး၍ ခုခံဖို့မှလွဲပြီး သူ့တွင်ဘာဓားပညာထုတ်ရန်မှ အချိန်မရှိခဲ့ပေ။

အုံးးး!

ကျိုးယိကျင်းထုတ်ဖော်ထားသော လေစီးကြောင်းကြီးသည် ပြိုကွဲသွားခဲ့ပြီး လေစီးကြောင်းထဲမှ နီလာရောင်မီးနဂါးကြီးလည်း ချက်ချင်း ပျောက်ဆုံးသွားခဲ့ရသည်။ ကျိုးယိကျင်း၏ ဓားဆန္ဒမှာ အတင်းအကြပ်ဖျက်ဆီးခြင်း ခံလိုက်ရချေပြီ။

သူ့၀တ်စုံ တစ်စဆီစုတ်ပြတ်သွားခဲ့ပြီး အရေပြားအောက်မှ သွေးများ ပန်းထွက်လာခဲ့၏။

ဓားအလင်းရောင်အောက်မှ သစ်ရွက်တစ်ရွက်ကို တွေ့လိုက်မိသောကြောင့် သူ့မျက်လုံးများလည်း ပြူးကျယ်သွားခဲ့ရသည်။

“ဘယ်လိုဖြစ်နိုင်…..”

ထိုအတွေးသူ့စိတ်ထဲ ဖြတ်ပြေးသွားစဉ်မှာပင် သစ်ရွက်သည် သူ့ပုခုံးကို ဖောက်ထွက်သွားလေတော့၏။ ထို့နောက် နောက်သို့လွင့်ထွက်သွားပြီး တောင်တစ်တောင်ပြီးတစ်တောင်ကို ဖောက်ထွက်သွားကာ မိုင်ဒါဇင်အကွာရှ်ိ တောအုပ်ထဲရောက်မှ ရပ်တန့်သွားခဲ့သည်။

တောင်ထိပ်ပေါ်တွင် ကျိုးလင်တစ်ယောက် ၀င်္ကပါထဲတွင် ရပ်နေခဲ့ပြီး သူ့အဖေပျောက်ကွယ်သွားသော အရပ်သို့ ငေးကြောင်၍ ကြည့်နေမိသည်။

ခဏအကြာတွင် သူဒူးထောက်ကျသွားခဲ့၏။ သူကြုံခဲ့ရသော အရာများကို သူလက်မခံနိုင်သေးပေ။

ဘယ်တော့မှ မရှုံးနိမ့်နိုင်ခဲ့သော သူ့အဖေမှာ ရှုံးနိမ့်သွားခဲ့လေပြီ….

၁၀မိုင်အဝေး တောင်ထိပ်ပေါ်တွင်

ကုအန် တောင်ပေါ်တွင် ရပ်နေရင်း သူ့အဖြူရောင်၀တ်စုံသည် နှင်းမှုန်များကြားတွင် လွင့်မြောနေခဲ့ပြီး မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးများမှာတော့ စိတ်အေးလက်အေး ရှိနေသည့်ပုံပင်။

“ဘယ်လိုလုပ်မင်းရဲ့နှစ်ရာချီ လေ့ကျင့်မှုလေးက ငါ့နှစ် ၂၀၀၀ ကို ယှဉ်နိုင်မှာလဲ” ကုအန် တွေးလိုက်သည်။ ကျိုးယိလင် ခေါင်းအားမချိန်ဘဲ ပုခုံးကိုပဲချိန်ခြင်းဖြင့်လည်း သူညှာတာပေးခဲ့၏။

ထို့နောက် နှင်းပြင်ကျယ်ထဲတွင် သူတစ်ခါမှပေါ်မလာဖူးသလို ပျောက်ကွယ်သွားလေတော့သည်။

…..

အာရုံတက်အချိန်တွင် ကုအန်ပုံမှန်အတိုင်း သူ့တပည့်များနှင့် အကြောလျှော့လေ့ကျင့်ခန်း လုပ်နေခဲ့၏။

ကျန်းချင် သူ့ခါးလေးအား လှည့်နေရင်း ကောင်းကင်အားကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ဒီနေ့နှင်းကျတာ နည်းသွားသလိုပဲ”

ဝူရှင်းလည်း ကောင်းကင်ကိုကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

“နှင်းတွေတင်မဟုတ်ဘူး ဓားဆန္ဒတွေလည်းမရှိတော့ဘူး”

ထိုစကားအားကြားသောအခါ အခြားတပည့်များလည်း စိတ်လှုပ်ရှားသွားကြ၏။

“အဲ့ဒီပုဂ္ဂိုလ်ထွက်သွားတာလား”

“ဖြစ်နိုင်တယ် ဓားကျင့်ကြံသူတွေ ညဏ်အလင်းပွင့်ဖို့ သဘာ၀ရေမြေတောတောင်ရဲ့ စိတ်ဝိညဉ်ကိုလိုအပ်တယ် ငါတို့နေရာက အဲ့လိုနေရာတစ်ခုအဖြစ် သတ်မှတ်လို့မရဘူးလေ”

“အရမ်းလည်း အမှုမဲ့အမှတ်မဲ့ နေမနေကြနဲ့ဦး တကယ်လို့ သူခဏ‌ေလာက် တရေးတမောအိပ်နေတာဆို ဘယ်လိုလုပ်မလဲ”

“မင်းဟိုနေ့က မိုးကြိုးကပ်ဘေးကို မေ့သွားတာလား အဲ့လောက်အဆင့် ကျင့်ကြံသူက တရေးတမောအိပ်ဖို့ လိုမလားဟ”

သူတို့ ငြင်းခုန်နေသည်များကို နားထောင်ရင်း ကုအန်မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ထို့နောက် လည်ချောင်းရှင်းပြီး ပြောလိုက်သည်။ “ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ကြပါ အဲ့ဒီစီနီယာ ထွက်သွားတာမသွားတာက ငါတို့မကြာခင် စောင့်ကြည့်ရင်း သိရမှာပဲ”

ကုအန် ဤနေရာတစ်ဝိုက်တွင် မိုးကြိုးကပ်ဘေးများ ဓားညဏ်အလင်းပွင့်ခြင်းများ ထပ်မဖြစ်ဖို့သာ မျှော်လင့်နေမိတော့သည်။

အကယ်၍ သူသာ မတော်တဆ အားနည်းနည်းပိုထည့်မိသွားပါက မြင်ကွင်းများမှာ ကြည့်ကောင်းတော့မည် မဟုတ်ပေ။

နောက်နှစ်ရက်အတွင်း ဆန်းကြယ်တောင်ကြားတစ်ဝိုက်တွင် မည်သည့်ဓားဆန္ဒမှ ပေါ်မလာတော့လေရာ ထိုပုဂ္ဂိုလ်ထွက်သွားပြီဟု ဆေးတောင်ကြားမှတပည့်များ ယုံကြည်သွားကြ၏။ ဤသို့ဖြင့် ဆန်းကြယ်တောင်ကြားသည် ပုံမှန်စည်းချက်အတိုင်း ဆက်လက်လည်ပတ်နေတော့သည်။

သို့သော် ကျင့်ကြံသူများသည် ဆန်းကြယ်တောင်ကြားပေါ်မှ မကြာခဏဖြတ်ပျံသွားဆဲပင်။ တပည့်များမှာတော့ ထိုအရာနှင့် အသားကျနေပြီဖြစ်ရာ ထူးဆန်းမနေတော့ပေ။ ထိုဖြတ်ပျံနေကြသူများသည် ကျိုးယိကျင်း၏ ဒဏ်ရာကြောင့် လာရောက်စုံစမ်းနေကြသူများ ဖြစ်ကြ၏။ ကုအန် သက်တမ်းစစ်ဆေးခြင်းကိုသုံး၍ စစ်ဆေးကြည့်ရာ စိတ်ဝိညဉ်အခြေတည်အဆင့် ၆ တစ်ယောက်ပင် ပါကြောင်းတွေ့ခဲ့ရသည်။

ညအချိန် ကျရောက်လာခဲ့၏။

ရက်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် ကုအန် ကျန်းချောင်ဆီသို့ သွားလည်ခဲ့သည်။

ထို့နောက် ဂါရ၀ပြုလိုက်ပြီး ပြောလိုက်၏။ “ကြည့်ရတာ အကြီးအကဲကျိုးယိကျင်း ထွက်သွားပြီထင်ပါတယ် ဆရာဘွားဘွား”

ဆေးမီးဖိုရှေ့တွင် ဆေးဖော်စပ်နေသော ကျန်းချောင် မီးဖိုအောက်ရှိ မီးတောက်များကိုကြည့်နေရင်း ပြောလိုက်သည်။

“ထွက်သွားတာမဟုတ်ဘူး သူအခုသေသွားတာမဟုတ်ရင် ဒဏ်ရာအပြင်းအထန်ရသွားတာပဲ”

“ဘယ်လို ဆရာဘွားဘွားဘာလို့အဲ့လိုပြောတာလဲ” ကုအန် အံ့ဩသွားဟန်ဖြင့် ပြန်ပြောလိုက်၏။

သူထပ်ပင် ပြောလိုက်သေးသည်။ “သူက စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူကြီးလေ”

ကျန်းချောင်သူ့အား စိတ်အ‌ေနှာင့်အယှက်ဖြစ်သွားဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “စိတ်ဝိညဉ်အခြေတည်အဆင့် ဆိုတော့ ဘာဖြစ်လဲ သူ့ထက်မြင့်တဲ့အဆင့်တွေ အများကြီးရှိသေးတယ် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဓားဆန္ဒနှစ်ခုထိပ်တိုက်တွေ့တာကို ခံစားမိခဲ့တယ် တစ်ဖက်လူရဲ့ ဓားဆန္ဒကကျိုးယိကျင်းထက် အများကြီးပိုမြင့်တယ် အဲ့တာကြောင့် တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း ပြီးသွားခဲ့တယ် အဲ့တာကတစ်ဖက်လူက ကျိုးယိကျင်းထက် အများကြီးပိုသန်မာနေတာကို ဖော်ပြနေတာပဲ”

ထိုစကားအားကြားသောအခါ ကုအန်စိတ်ထဲတွင် ကြိတ်၍ ကျေနပ်သွားခဲ့သည်။

အပြင်ပန်းတွင်တော့ သူ့မျက်မှောင်ကြုံ့လိုက်ပြီး တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။

“ဒါ‌ဆို ဆန်းကြယ်တောင်ကြားရော အန္တရာယ်ရှိနေပြီလား”

“စိတ်အေးအေးထားပါ ဒီလောက်အချိန်တွေကြာနေပြီ လမ်းပေါ်မှာ ပုရွက်ဆိတ်တစ်ကောင်တောင် နင်တွေ့မိလို့လား”ကျန်းချောင် ဆေးမီးဖိုကို ကြည့်နေရင်း ပြောလိုက်သည်။

ကျန်းချောင် စိတ်အေးလက်အေးပုံစံဖြင့် ပြောနေသော်လည်း စိတ်ထဲတွင်တော့ ကြိတ်၍သက်ပြင်းချနေမိ၏။

သူ၏ ကျင့်ကြံခြင်းသည် အမတကျင့်ကြံခြင်းကမ္ဘာကြီးနှင့်ပင် မထိတွေ့နိုင်သေးဘူးဟု သူခံစားနေရသည်။

နှစ်ပေါင်း ၇၀သည် မင်းဆက်များပင် ပြောင်းလဲသွားနိုင်သော အချိန်ကာလဖြစ်ပြီး သူသည်ပင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ နှစ်၄၀ နှင့်ပင်ရောက်ရှိခဲ့သူ ဖြစ်၏။ ထို့ကြောင့် အမတကျင့်ကြံခြင်းကမ္ဘာကြီးသည် အခုအချိန်တွင် မည်သို့မည်ပုံပြောင်းလဲနေမည်ကို သူမသိနိုင်တော့ပေ။

“အနာဂတ်မှာ ငါကျင့်ကြံခြင်းဖောက်ထွက်တဲ့အခါ ပိုဂရုစိုက်ရမယ် ကျိုးယိကျင်းလမ်းစဉ်ကိုလိုက်လို့မဖြစ်ဘူး သူကဒီနေရာမှာ သူ့ကိုနှောင့်ယှက်ရဲမယ့်လူ တစ်ယောက်မှမရှိဘူးထင်ခဲ့ပေမယ့် အဓိပတိဂိုဏ်းထဲက အတွင်းရေး ပဋိပက္ခတွေကို သတိမထားခဲ့မိဘူး” ကျန်းချောင် ခပ်ညှိုးညှိုး လေသံဖြင့် ပြောလိုက်၏။

ကုအန် အံ့ဩနေဟန်ဖြင့် ပြန်မေးလိုက်သည်။ “ဆရာဘွားဘွား ကကျိုးယိကျင်းကိုတိုက်ခိုက်သွားတာ အဓိပတိဂိုဏ်းကတစ်ယောက်ယောက်လို့ ထင်လို့လား”

“ဒါပေါ့ ဘယ်ကျင့်ကြံသူက အဓိပတိဂိုဏ်းနယ်မြေထဲကို အခုလိုကျူးကျော်ရဲမှာလဲ နောက်ပြီးတိုက်ခိုက်သူက ဒုတိယအကွက်မတိုက်တော့ဘဲ ချက်ချင်းပြန်ပျောက်သွားခဲ့တာ အဓိပတိဂိုဏ်းကမဟုတ်လို့ ဘယ်သူဖြစ်တော့မလဲ” ကျန်းချောင် ဖြေလိုက်၏။

သူခန့်မှန်းတာ မှန်နေတာပဲ!

…..

မနေ့ညက ကုအန် တိုက်ခိုက်ပြီးချိန်တွင် ချက်ချင်း ဆန်းကြယ်တောင်ကြားသို့ ချက်ချင်း ပြန်သွားခဲ့သည်။ သူဆန်းကြယ်တောင်ကြားရောက်ချိန်တွင် ထိုနေရာသို့ ဖြတ်သန်းသွားသော နတ်အာရုံအများအပြားကို ခံစားလိုက်ရ၏။

သူ၏ နတ်နဂါးခွန်အားရှေးဟောင်းကျင့်စဉ်မှာ လုံလောက်အောင် စွမ်းအားကြီးနေလို့သာ တော်သေးသည်။

ကျန်းချောင်တစ်ယောက်မှာတော့ အတွေးလွန်နေခဲ့၏။ ထို့နောက် ကုအန်အား အခုကစပြီး ကျင့်ကြံခြင်းကမ္ဘာကြီးထဲတွင် မည်သို့နေထိုင်ပြုမူရမည်ကို စတင်သင်ကြားလေတော့သည်။

စကားအကြာကြီး ပြောပြီးချိန်တွင်တော့ ကုအန် ကျန်းချောင်ဆီမှ နဂါးဥလေးကို သွားစစ်ဆေးခဲ့၏။

ကောင်းကင်နဂါးဥကလေးကို နွယ်စိမ်းပင်အောက်ရှိ မြက်ခင်းခြောက်ပေါ်တွင် အဆောင်စာရွက်များခံ၍ ထားခြင်းဖြစ်သည်။ ထိုအဆောင်စာရွက်များသည် ကျန်းချောင်စီစဉ်ထားခြင်းဖြစ်ပြီး နဂါးလေး စိတ်ဝိညဉ်စွမ်းအင်များကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေရန် စီစဉ်ထားခြင်းဖြစ်၏။

ဥကွဲသွားခဲ့လျှင် ကောင်းကင်နဂါးလေးသည် မည်သည့်ပုံစံဖြင့် ထွက်လာလိမ့်မည်နည်း။

နဂါးအစစ်ကြီးတစ်ကောင်ကိုစီး၍ လူသားကမ္ဘာတစ်ခွင် လှည့်လည်သွားလာနေပုံကို ကုအန် စိတ်ကူးယဉ်နေမိတော့သည်။

….

ကျိုးယိကျင်း အပြင်းအထန်ဒဏ်ရာရသွားသော သတင်းမှာ ကုအန် ထင်ထားသည်ထက် ပိုကြီးနေခဲ့၏။ နောက်လ၀က်အကြာ သူအပြင်စည်းမြို့သို့သွားသောအခါထိပင် လမ်းတစ်လျှောက်လုံး ထိုအကြောင်းပြောနေသံများကို ကြားနေခဲ့ရသည်။

အပြင်စည်းဂိုဏ်းတွင် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို မြင်ရရန်မှာ အတော်လေးခက်ခဲလှရာ ကျိုးယိကျင်း၏ မိုးကြိုးကပ်ဘေးကိုမြင်ခဲ့ရသောကြောင့် သူ့အကြောင်းမှာ ရေပန်းစားသွားခဲ့၏။ ယခုအခါ ထိုသို့သောကျင့်ကြံသူ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ရာ သူ့အကြောင်းသည် ပို၍ပင် လူပြောများသွားခဲ့သည်။

မိုးကြိုးကပ်ဘေးအား မဖြတ်ကျော်ခင်ကပင် ကျိုးယိကျင်းသည် အပြင်စည်းဂိုဏ်း၏ အကြီးအကဲများကြားတွင် ခွန်အားအရ ထိပ်တန်းအကြီးအကဲ ဖြစ်၏။

အကြီးအကဲကျူးချင်လုနောက်သို့ လိုက်သွားပြီး ကုအန် အပြင်စည်းဂိုဏ်း၏ စာအုပ်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

စာအုပ်ခန်းမသည် အပြင်စည်းဂိုဏ်း၏စာကြည့်တိုက်များအားလုံးတွင် ရှိသောစာအုပ်များအပြင် နေရာအရပ်ရပ်ရှိ ပိဋကတ်တိုက်များထဲရှိ ကျမ်းစာများပင် ရှိသောနေရာ ဖြစ်၏။

ကျင့်စဉ်များ ပညာရပ်ဆိုင်ရာ မှတ်စုများ အံ့ဖွယ်ပုံပြင်များ ခရီးသွားမှတ်တမ်းများနှင့် အဓိပတိဂိုဏ်းတွင် ဖြန့်ဝေသော မည်သည့်စာအုပ်မဆို စာအုပ်ခန်းမတွင် မှတ်ပုံတင်ရန် လိုအပ်ပေသည်။

“ညီငယ်လေး မင်းစာအုပ်ရေးမယ်ဆိုတဲ့ စိတ်ကူးကတကယ်ကောင်းတယ် ငါအပြည့်အ၀ထောက်ခံတယ်ကွာ တကယ်လို့စာအုပ်ထွက်လာရင်လည်း စာအုပ်ပထမအသုတ်ကို ခပ်များများလေး ထုတ်ပေးဖို့ ငါသူတို့ကို တိုက်တွန်းပေးမယ်” ကျူးချင်လု လမ်းလျှောက်နေရင်း နောက်ပြန်လှည့်ကာ ပြုံး၍ ပြောလိုက်၏။

ကုအန်ဧ။် နွယ်စိမ်းသီးမှ အကျိုးအမြတ်များစွာရရှ်ိပြီးသည့်နောက် သူ၏ ကုအန်အပေါ် ဆက်ဆံပုံမှာ အနည်းဆုံးတော့အပြင်ပန်းတွင် မိသားစု၀င်တစ်ယောက်လိုကို ဆက်ဆံနေခဲ့သည်။

ကုအန် ပြုံးကာ ပြန်ပြောလိုက်၏။ “စီနီယာရဲ့ ထောက်ခံမှုကို ကျွန်တော်လေးလေးနက်နက်ကျေးဇူးတင်မိပါတယ် ဒီကြင်နာမှုကိုလည်း အနာဂတ်မှာမှတ်သားထားပါ့မယ်”

“ဟားဟား မင်းကနှိမ့်ချလွန်းနေပြန်ပါပြီ” ကျူးချင်လု မုတ်ဆိတ်ကိုဆွဲ၍ ရယ်ကာ ပြောလိုက်သည်။ အားနာနေဟန် ပြောနေသော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးမှာတော့ ပို၍ပင် တောက်ပလာလေတော့၏။

စာအုပ်ခန်းမသည် အတော်လေးကျယ်၀န်းပြီး ဆေးခန်းမနှင့်ပင် ယှဉ်နိုင်လောက်သည်။ ကုအန်တို့ လျှောက်လမ်းတစ်ခုကို ဖြတ်လျှောက်ခဲ့ပြီးသည့်နောက် စာအုပ်စင်များပြည့်နေပြီး အဖိုးကြီးတစ်ယောက်စားပွဲတွင် လက်ဖက်ရည်သောက်နေသော ခန်းမကြီးတစ်ခုထဲသို့ ရောက်သွားခဲ့၏။

“အကြီးအကဲလျူ မတွေ့တာကြာပြီနော် နေကောင်းကျန်းမာရဲ့လား” ကျူးချင်လု လက်ဆီးဆုပ်ဂါရ၀ပြုလိုက်ကာ ပြုံး၍ ပြောလိုက်သည်။

ကုအန် ထိုအဖိုးကြီးအား သက်တမ်းစစ်ဆေးခြင်းကိုသုံး၍ စစ်ဆေးလိုက်၏။

[လျူချန်း : အခြေခံတည်ဆောက်ခြင်းအဆင့်၉ : ၂၂၆/၂၇၀/၃၄၀]

ကျူးချင်လုအားမြင်သောအခါ လျူချန်းလက်ဖက်ရည်ခွက်ကိုချ၍ ထနှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ပြီးသည့်နောက် လျူချန်း ကျူးချင်းလုအား ထိုင်ခိုင်းလိုက်၏။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခဲ့ကြပြီး လွန်ခဲ့သော နှစ် ၂၀၀က အဓိပတိဂိုဏ်းသို့ အတူတူ၀င်ခဲ့စဉ်က အကြောင်းများပင် ပြောဆိုနေခဲ့ကြသည်။

ကုအန်မှာမူ ကျူးချင်လုနောက်တွင်သာ အသာရပ်နေခဲ့ပြီး သူတို့ပြောသောအကြောင်းအရာများအား စိတ်၀င်တစားနားထောင်နေခဲ့၏။ လျူချန်း စကားပြောနေရင်း ကုအန်ဆီသို့ အကြည့်တစ်ချက်တစ်ချက်ရောက်သွားစဉ် စိတ်၀င်တစားနားထောင်နေသော ကုအန်ကို တွေ့လိုက်ရသောအခါ စိတ်ကျေနပ်သွားခဲ့သည်။

နာရီ၀က်ခန့်စကားပြောပြီးသောအခါမှ ကျူးချင်လု သူ၏လာရင်းရည်ရွယ်ချက်ကို ထုတ်ပြောလိုက်၏။

“ကောင်းပါတယ် ကောင်လေးမင်းစာအုပ်ငါ့ကိုပေး တစ်ချက်ဖတ်ကြည့်ပေးမယ် တကယ်လို့ထုတ်ဝေဖို့ သင့်တော်တယ်ဆိုရင် ဒီကိစ္စကအောင်မြင်ပြီပဲ” အကြီးအကဲလျူ ကုအန်ကိုကြည့်လိုက်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

ကုအန် သူရေးထားသောစာအုပ်ကို ထုတ်ပေးလိုက်ဧ။။်

အကြီးအကဲလျူ ယူလိုက်ပြီး စာအုပ်အဖုံးကို တစ်ချက်ကြည့်လိုက်သည်။

“နတ်ဘုရားတို့၏ ရာထူးများ ခေါင်းစဉ်ကောင်းပဲ”

ကျူးချင်လု ဘေးနားရှိစာအုပ်စင်များကို စပ်စုနေချိန်တွင် လျူချန်း ကုအန်စာအုပ်ကို ဖတ်ကြည့်နေခဲ့၏။

ကုအန်မှာတော့ သူ့ဘေးတွင် လေးလေးစားစား ရပ်နေခဲ့သည်။

စဖတ်စဉ်က လျူချန်းသာမန်သဘောထား၍သာ ဖတ်နေသော်လည်း စာမျက်နှာအတော်များများရောက်လာသောအခါ သူဖတ်နေရင်း ခါးပင်မတ်လာရ၏။

ထိုအချိန်တွင် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားသော လူငယ်တစ်ယောက် ခန်းမထဲ ၀င်လာပြီး ခပ်ကျယ်ကျယ်ပြောလိုက်လေသည်။ “အကြီးအကဲလျူ အကြီးအကဲမှာ ဓားကျင့်ကြံသူတွေအကြောင်း စာအုပ်ရှိလား ထိုက်ကန် မင်းဆက်မှာ ခန်းဟူရေကန်က ဓားရူးကို သစ်ရွက်တစ်ရွက်တည်းနဲ့ အနိုင်ယူနိုင်တဲ့သူ ဘယ်သူရှိလဲ သိချင်လို့”

အကြီးအကဲလျူ လက်ကာပြလိုက်ကာ တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။

ကုအန် ၀င်လာသောလူငယ်လေးအား သက်တမ်းစစ်ဆေးခြင်းဖြင့် စစ်ဆေးကြည့်လိုက်၏။

[ကုယူ (အခြေခံတည်ဆောက်ခြင်းအဆင့် ၈) : ၃၄/၂၉၁/၁၄၀၂]

ပါရမီရှင်တစ်ယောက်ပဲ!

ကုအန် အရင်ကလည်း ပါရမီရှင်များစွာကို မြင်ဖူးထားလေရာ ကုယူကို ထပ်ကြည့်မနေတော့ပေ။

ထိုစဉ်ကုယူ အကြီးအကဲလျူနားကပ်သွားပြီး သူ့လက်ထဲရှ်ိ နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကို ကဲကြည့်လိုက်သည်။

မကြာခင်မှာပင် ကုယူလည်း စာအုပ်ထဲ ဈန်၀င်သွားခဲ့၏။

ဤသို့ဖြင့် နာရီ၀က်ခန့်ကြာသွားခဲ့သည်။

ထို့ကြောင့် ကျူးချင်လု အကြီးအကဲလျူကို အံ့ဩနေဟန်ဖြင့် မေးလိုက်၏။

“အစ်ကိုလျူ ဒါက တစ်ချက်ကြည့်ရုံပဲမဟုတ်ဘူးလား ဘာလို့အရမ်းကြာနေတာလဲ”

ထို့နောက် သူကုအန်ကို ကြည့်လိုက်သည်။

ဒီကလေးဘာကို ရေးခဲ့တာလဲ!

ထိုစာအုပ်သည် စည်းကျော်နေသည့် စာအုပ်တစ်ခုခုများ ဖြစ်နေသလော။

အကြီးအကဲလျူ မော့ကြည့်လိုက်ကာ အနည်းငယ်ကြောင်အနေခဲ့ပြီး မတ်တပ်ထကာ ကုအန်ကိုစိုက်ကြည့်ရင်း မေးခဲ့သည်။

“ဒါကိုတကယ်ပဲ မင်းရေးခဲ့တာလား”

ကုအန် ခေါင်းညိတ်ပြလိုက်ဧ။်။ အမှန်တကယ်တော့ ထိုစာအုပ်သည် ကမ္ဘာမြေမှ ဘိုးဘေးတစ်ဦးရေးသားခဲ့သော စာအုပ်ဖြစ်ပေသည်။

ကျူးချင်လု မျက်မှောင်ကြုံ့သွားပြီး မေးလိုက်၏။

“ပြဿနာတစ်ခုခုရှိလို့လား အကြီးအကဲလျူ တကယ်လို့တစ်ခုခုမသင့်တော်တာရှိနေရင် ကျွန်တော်သူ့ကို ပြန်ရေးခိုင်းလိုက်ပါ့မယ်”

“ပြဿနာမရှိပါဘူး ဒီစာအုပ်က တကယ့်အံ့ဖွယ်ပါပဲ” အကြီးအကဲလျူ ခေါင်းခါ၍ ပြောလိုက်သည်။ ထို့နောက် ကုအန်ကို ကြည့်ပြီး ပြောလိုက်ပြန်၏။ “ဒီစာအုပ်ကို ထုတ်ဝေပေးလို့ရတယ် မင်းပါရမီက တကယ့်အားကျစရာပါပဲ ငါမင်းကို စာအုပ်ရဲ့အမြတ် ၃၀%ရဖို့ စီစဉ်ပေးမယ် ဂိုဏ်းကိုတော့ ၅၀%ပေးရတယ် စာအုပ်ခန်းမက ၃၀%ယူတယ် ဘယ်လိုလဲ သဘောတူလား”

ကုအန် နဂိုကတည်းက အကုန်ရဖို့မမျှော်လင့်ထားရာ ၀မ်းမြောက်၀မ်းသာ သဘောတူခဲ့လေသည်။

ကျူးချင်းလုလည်း အသာအယာခေါင်းညိတ်လိုက်ပြီး အကြီးအကဲလျူသည် သူ့ကိုမျက်နှာသာပေးလိုက်သည်ဟု ထင်နေခဲ့၏။

တစ်ချက်ပြုံးလိုက်ပြီး အကြီးအကဲလျူ မေးလိုက်သည်။ “စာရေးဆရာနာမည်ကို မင်းနာမည်အစစ်သုံးမှာလား”

ကုအန် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။ “မသုံးတာပိုကောင်းပါတယ် နောက်ကျ ကျွန်တော့်ဆီ ပြဿနာတွေရောက်လာမှာကြောက်မိလို့ပါ”

“ဒါဆို ဖန်းအန် ဆိုတဲ့နာမည်ပဲ သုံးလိုက်ကြမယ်လေ” ကုအန် ထပ်ပြောလိုက်သည်။

အပိုင်း(၃၄)

နှစ်သုံးသောင်း သက်တမ်း၊ ကျိဝေအစီအရင်မှတ်တမ်း

ကုအန်အစက မူရင်းစာရေးဆရာ နာမည် ရှုကျုံးလင် နာမည်ကို သုံးလိုသော်လည်း သူအနာဂတ်တွင် ငွေရှာရန် အခြားသူများ၏စာအုပ်များကိုလည်း ထုတ်ဝေဦးမည်ဖြစ်သောကြောင့် ဖန်းအန် ဟူသောနာမည်ကိုသာ သုံးလိုက်သည်။

အကြီးအကဲလျူနှင့် အကြီးအကဲကျူး မှာတော့ အများကြီးစဉ်းစားမနေဘဲ ဖန်းအန် ဟူသောနာမည်သည် ကုအန် ကိုမျိုးရိုးပြောင်းထားရုံဟုသာ တွေးလိုက်ကြ၏။

ထို့နောက် အကြီးအကဲလျူ ကုအန်အား စာရေးသားခြင်းနှင့် ပတ်သက်၍ လမ်းညွှန်ပေးခဲ့သည်။ အဓိကအားဖြင့် သူရေး၍မရသည့်အရာများနှင့် သူ့စာအုပ်များတွင် အဓိပတိဂိုဏ်းကို ကောင်းသည့်ဘက်ခြမ်းမှထား၍ ရေးသင့်ကြောင်းကို မသိမသာ သဲလွန်စပေးခဲ့၏။

အကယ်၍ သူအဓိပတိဂိုဏ်းအကြောင်းမရေးခဲ့လျှင်တောင် အဓိပတိဂိုဏ်းကို အခြားနာမည်တစ်ခုဖြင့် ဇာတ်ကောင်ထား၍ ရေးနိုင်ပေသည်။ အဓိပတိဂိုဏ်းအား မြှောက်ပင့်လေလေ အနာဂတ်တွင် ဂိုဏ်းမှသူ့အားပိုကောင်းကောင်းဆက်ဆံလေလေပင်။

ထို့ကြောင့် ကုအန် သူ့လမ်းညွှန်မှုများကို လက်ခံလိုက်ပြီး နောင်ခါလာနောင်ခါဈေးဟူ၍သာ သဘောထားလိုက်သည်။

စာရေးသားခြင်းဆိုသည်မှာ သူ့အားလပ်ချိန်များတွင်သာ လုပ်ဖြစ်သောအရာဖြစ်သောကြောင့် ဤအရာနှင့်ပတ်သက်ပြီး သူအများကြီးအားမစိုက်ထုတ်လိုပေ။

အကြီးအကဲလျူ ဆိုဆုံးမပြီးသောအခါ ကုယူ ကုအန်နားကပ်လာပြီး ကပ်မေးလိုက်၏။

“ညီကို အခြားစာအုပ်တွေရေးထားတာရှိသေးလား”

ကုအန် ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်သည်။ “ဒါကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ရေးသားခြင်းပါ”

“ဟားဟား လုံး၀မဆိုးဘူး ငါမင်းကိုတကယ်အများကြီးမျှော်လင့်ထားတယ် မင်းကတစ်ချိန်ချိန်မှာ အဓိပတိဂိုဏ်းက အစိမ်းရောင်သူရဲကောင်းထက်တောင် ကျော်ကြားသွားလိမ့်ဦးမယ်” ကုယူ ကုအန်ပုခုံးအား ပုတ်လိုက်ပြီး ရင်းရင်းနှီးနှီးပြောလိုက်၏။

ထိုစကားအားကြားသောအခါ ကုအန်ရုတ်တရက်စိတ်၀င်စားသွားပြီး မေးလိုက်လေသည်။

“ဒီကညီကိုက အစိမ်းရောင်သူရဲကောင်း ကိုသိတယ်လား”

ကုယူ မျက်ခုံးတွန့်သွားပြီး ပြန်ဖြေလိုက်၏။ “မင်းလည်း သူ့ခရီးသွားမှတ်တမ်းကို ကြိုက်တယ်လား ငါလည်းသူ့ကို လူချင်းတော့မသိဘူး ဒါပေမယ့်သူက အဓိပတိဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပဲ အကြီးအကဲလျူကို သူဘယ်သူလဲ မေးခဲ့ပေမယ့် အမြဲအငြင်းပဲခံခဲ့ရတယ်”

အကြီးအကဲလျူ တဟားဟားရယ်လိုက်ပြီး ကျူးချင်လုအား ဆွဲခေါ်သွားကာ ပြောလိုက်သည်။

“ငါနဲ့ခဏလိုက်ခဲ့ လူငယ်တွေကိုပဲ သီးသန့်စကားပြောခွင့်ပေးလိုက်ပါဦး”

ကျူးချင်လုလည်း ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်အတူတူ ခန်းမထဲမှ ထွက်သွားလေတော့သည်။

ထို့နောက် ကုယူ ကုအန်အား နတ်ဘုရားတို့၏ ရာထူးများ စာအုပ်အကြောင်း အသေးစိတ်မေးမြန်းနေခဲ့ပြီး အကြီးအကဲလျူသည် သူ့ကိုပေါ့ပေါ့တန်တန်မဆက်ဆံသည်ကို တွေ့ထားသောကြောင့် ကုအန်လည်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေပေးနေခဲ့၏။

တစ်နာရီခန့်ကြာသောအခါမှ ကုအန် ခန်းမထဲမှ ထွက်၍ ကျူးချင်လုနောက် လိုက်သွားခဲ့ရသည်။

“ဒီကုယူဆိုတဲ့ တပည့်ကသာမန်တော့မဟုတ်လောက်ဘူး အကြီးအကဲလျူဒီလိုပုံစံနဲ့ ဆက်ဆံတဲ့တပည့်က တကယ်ရှားတယ်” ကျူးချင်လု အဓိပ္ပာယ်တစ်ခုခုရှိနေသော အသံဖြင့် ပြောလိုက်၏။

ကုအန် ခေါင်းညိတ်လိုက်သော်လည်း သူကုယူနှင့်တော့ သူငယ်ချင်းဖြစ်ချင်စိတ် ရှိမနေခဲ့ပေ။ ထိုသို့သော လူမျိုးသည် သူ၏အေးချမ်းနေသောဘ၀လေးထဲ ပြဿနာများ သယ်လာမည့်သူမျိုး ဖြစ်ပေသည်။

သူတို့စကားအနည်းငယ်ပြောပြီးနောက် ခွဲခွာလိုက်ကြပြီး ကုအန် ဆေးပင်မျိုးစေ့များနှင့် အ၀တ်အစားအချို့ ၀ယ်ခဲ့လိုက်၏။

ထို့နောက် ညမရောက်ခင် ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့လေသည်။

နေ့ရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့၏။

နောက်တစ်နှစ်ရောက်ရှိလာခဲ့ပြီး ယခုနှစ် ဆန်းကြယ်တောင်ကြား၏ နွေဦးပွဲတော်မှာ အခက်အခဲမရှိပြီးဆုံးသွားခဲ့ပြီး မနှစ်ကထက်လည်း ပို၍ပျော်ဖို့ ကောင်းနေခဲ့သည်။ ကုအန် ကျန်းချောင်ဆီသို့လည်း ပုံမှန်အတိုင်းပင် အစားအစာများ သွားပို့ခဲ့၏။

သူကျန်းချောင် ထွက်ခွာသွားမည့်နေ့ကိုလည်း စတင်ရေတွက်နေခဲ့သည်။

ထိုနေ့သို့ရောက်လျှင်တော့ သဘာ၀ဂူ ၈ လုံးထဲတွင် ဆေးပင်များအပြည့်စိုက်ပစ်မည်ဟု စိတ်ကူးပင်ယဉ်နေခဲ့သေး၏။

နွေဦးပွဲတော် ပြီးဆုံးသွားသောအခါ ကုအန် ဝူရှင်းကိုခေါ်၍ အပြင်စည်းမြို့သို့သွားပြီး အစေခံတပည့်အသစ်များ ထပ်သွားရှာခဲ့သည်။ ယခုအခါတွင် ကောင်မလေးနှစ်ယောက် ကောင်လေးတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး နာမည်များမှာ ယန်မေ့ ယန်မင် နှင့် ယိယန် တို့ဖြစ်ကြ၏။

သုံးယောက်လုံးသည် အသက်၁၈နှစ်အရွယ်လူငယ်လေးများဖြစ်ကြပြီး ဆန်းကြယ်တောင်ကြားတွင် နေထိုင်ရမည့်ဘ၀ကို စိတ်လှုပ်ရှားနေကြလေသည်။

အစေခံတပည့်ဖြစ်လာလျှင် စိတ်ဝိညဉ်ကျောက်တုံးများရရှိရုံသာမက သူတို့ဆရာ၏ မှော်သိုင်းများကိုလည်း အမွေဆက်ခံခွင့်ရှိခြင်းကြောင့် သူတို့ပျော်ရွှင်နေကြ၏။

ဤတစ်ကြိမ်တွင် ကုအန်အစေခံတပည့်လာရွေးရုံသာမကဘဲ ဝူရှင်းကိုလည်း တပည့်ခေါင်းဆောင်အဖြစ် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ ထိုမှသာ ထိုကောင်လေးကို အနာဂတ်တွင် သူမအားသောအခါများ၌ လက်တိုလက်တောင်း ခိုင်းနိုင်ပေလိမ့်မည်။

ဆန်းကြယ်တောင်ကြားသို့ပြန်ရောက်သောအခါ ဝူရှင်း တပည့်အသစ်များကို အခြားတပည့်များနှင့် တွေ့ဆုံရန် ခေါ်သွားခဲ့ပြီး ကုအန်မှာတော့ အစီအစဉ်အချို့ ချမှတ်ရန် မြောက်ဘက်တောအုပ်ထဲသို့ ၀င်သွားခဲ့၏။

ကုအန် ဆေးတောင်ကြားပတ်ပတ်လည်ရှိ တောများကို ဆေးပင်များနှင့် ပြည့်နေအောင် ကြံစည်နေခြင်းဖြစ်သည်။ မနှစ်က သူအပြင်စည်းဂိုဏ်းသို့ ပေးအပ်နိုင်သော ဆေးပင်များသည် အလွန်များပြားလှကာ ဆေးတောင်ကြားထဲ၌ ထိပ်ဆုံး ၁၀ခု ထဲ၌ပင် ပါ၀င်သွားခဲ့၏။ ကျူးချင်လုမှာလည်း သူ့အားပိုတန်ဖိုးထားလာခဲ့ပြီး ပိုမိုကောင်းမွန်စွာ ဆက်ဆံလာခဲ့သည်။ ယခုအခါ သူအစေခံတပည့် ၉ယောက်အား ခန့်အပ်‌နိုင်နေပြီဖြစ်ပြီး နောက်လည်း ထပ်ပြီးခန့်ထားဖို့ ကုအန် စဉ်းစားထားခဲ့၏။

လူတိုင်းသည် မိမိ၏လက်ရှိအခြေအနေနှင့် ရောင့်ရဲကျေနပ်နေရန်မှာ အလွန်ခက်ခဲလှသည်။ ယခုကုအန် ခံစားနေရသည်မှာလည်း ဤခံစားချက်သာ ဖြစ်ပြီး သူ့သက်တမ်းတိုးတက်လာမှုကို မကျေနပ်နိုင်သေးခြင်း ဖြစ်၏။ မနှစ်ကလောက်မှ ထပ်တိုးတက်မလာခဲ့လျှင် သူစိတ်မသက်မသာဖြစ်ရပေလိမ့်မည်။

ကုအန် သစ်ပင်အောက်တွင် ရပ်နေခဲ့ကာ သစ်တောကိုခြုံငုံသုံးသပ်နေပြီး ဆေးစိုက်ခင်း လုပ်၍ ရနိုင်မည့် နေရာများကို ရှာဖွေနေခဲ့သည်။

ထိုစဉ် ရုတ်တရက်တောအုပ်ထဲမှ ကြွက်ဖြူလေး ပြေးထွက်လာခဲ့၏။ ကုအန်ထိုကောင်လေးအား တွေ့လိုက်ရသောအခါ ခေါင်းပင်ကိုက်သွားရသည်။

သူထိုကောင်လေး ရတနာကောင်းတစ်ခုခုအား ထပ်ရှာလာမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်၏။

သူကြောက်ရွံ့နေသည့်အတိုင်းပင် ကြွက်ဖြူလေးသည် သူ့ခြေဖဝါးနား ကပ်လာပြီး ပါးစပ်ထဲမှ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို ထွေးထိုက်လိုက်သည်။

ကုအန် လက်စွပ်ကိုကောက်ကာ ခါးပတ်ထဲထည့်ထားလိုက်ပြီး တစ်ယောက်တည်းရှိသည့် သီးသန့်အချိန်မှ ထုတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ထို့နောက် သူကြွက်ဖြူလေးကို ကောက်ချီလိုက်ပြီး ထိုကောင်လေး ဘယ်မှထွက်မသွားတော့အောင် လုပ်လိုက်သည်။

“တော်တယ် ဒီညမင်းကို နွယ်စိမ်းသီးကျွေးမယ်”

ကြွက်ဖြူလေးနားလည်သွားသည့်ပုံဖြင့် ရုန်းကန်နေခြင်းကို ရပ်တန့်ကာ ကုအန်‌လက်မောင်းထဲတွင်သာ ငြိမ်ငြိမ်လေး လှဲနေလိုက်၏။

ကုအန် တောအုပ်ထဲတွင် အမွှေးတိုင်တစ်၀က်စာလောက်ထိ နေခဲ့ပြီး တောအုပ်ထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် ဥယျာဉ်ရှေ့ရှ်ိ မြက်ခင်းပေါ်တွင် ရပ်ကာ တစ်ယောက်ယောက်ပြန်လာမည်ကို စောင့်နေလိုက်၏။

မကြာခင်တွင် တစ်ယောက်ယောက် ကောင်းကင်အား ထိုးခွဲလာသောအသံက်ု ကြားလိုက်ရသည်။

အပြင်စည်းဂိုဏ်းသားတစ်ယောက်သည် ဓားပျံကိုစီး၍ ကုအန်ဆီ လာနေခြင်းဖြစ်ပြီး မကြာခင်တွင် ကုအန်ဘေးသို့ ရောက်လာခဲ့၏။ သူ၏ပုံရိပ်မှာ ဆန်းကြယ်တောင်ကြားရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“စီနီယာအစ်ကိုကြီး ကျွန်တော်ပြန်လာပြီ”

ရောက်ရှိလာသောသူမှာ အပြင်စည်းဂိုဏ်းစာမေးပွဲသွားဖြေသော လုကျိကျားမှလွဲ၍ အခြားမဟုတ်ပေ။ အပြင်စည်းဂိုဏ်း၀တ်စုံကို ၀တ်ဆင်ထားရာ သူ့ပုံစံမှာ အရင်နှင့် ကွဲပြားနေခဲ့၏။

ကုအန် ပြုံး၍ ပြောလိုက်သည်။ “ငါက မင်းပြန်မလာတော့ဘူး ထင်နေတာ”

လုကျိကျား ခေါင်းကိုအတင်းခါလိုက်ပြီး ပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျွန်တော်အခြေခံတည်ဆောက်ခြင်းဆေးပြားရပြီးတာနဲ့ အဆင့်ချိုးဖျက်ဖို့ လုပ်ခဲ့တယ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖျက်ပြီးတာနဲ့ အားလုံးနဲ့အတူတူ အပျော်တွေကိုမျှဝေဖို့ အမြန်ပြန်လာခဲ့တာ”

ကုအန် ပြုံးလိုက်ကာ လုကျိကျား၏ ပုခုံးကို ညှစ်လိုက်လေသည်။

ထိုအချိန်တွင် တောင်ကြားမှ အခြားတပည့်များရောက်ရှိလာပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အကြောင်း ဝိုင်း၀န်းမေးမြန်းကြရာ လုကျိကျားလည်း တစ်ယောက်ချင်းစီကို ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေနေခဲ့၏။

ကုအန် လုကျိကျားအား စတင်တွေ့ခဲ့စဉ်က ထိုကောင်လေးသည် ၁၅နှစ်သာ ရှိနေသေးပြီး သူသိခဲ့သော ထိုကလေးအခုလိုအောင်မြင်နေသည်ကို တွေ့နေရသောအခါ ကုအန် ၀မ်းသာနေမိသည်။

အမတခရီးစဉ်သည် လူတစ်ယောက်အတွက် ရှည်လျားလွန်းလှပေရော ခွဲခွာမှုများစွာကို ကြုံတွေ့ရပေလိမ့်မည်သာ သေချာလှ၏။ သို့သော် ထိုခွဲခွာမှုတိုင်းကို‌ေတာ့ ကုအန် အခုလိုပဲ လှပနေစေချင်ခဲ့သည်။

လုကျိကျား ပြန်ရောက်လာမှုမှာ ဆန်းကြယ်တောင်ကြားကို အသက်၀င်သွားစေခဲ့ပြီး ယန်မေ့နှင့် အဖော်နှစ်ယောက်မှာလည်း သူတို့လျှောက်လှမ်းရမည့် လမ်းစကို တွေ့သွားသလိုဖြစ်နေကြပြီး လုကျိကျားလို ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့ကြ၏။

ဆန်းကြယ်တောင်ကြားတွင် ကြိုးစားပါက အပြင်စည်းဂိုဏ်းတပည့် ဖြစ်လာစေရန် အခွင့်အရေး ရှိပေသည်။

ထိုညနေတွင် ကုအန် အခန်းထဲ၌ ကြွက်ဖြူလေးယူလာသော ကျောက်စိမ်းလက်စွပ်ကို လေ့လာကြည့်လိုက်၏။ လက်စွပ်မှအတားအဆီးများကို နတ်အာရုံသုံး၍ ချိုးဖျက်လိုက်ပြီး အတွင်းထဲသို့ ကြည့်လိုက်ရာ အထဲတွင် စိတ်ဝိညဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

မ‌ေမျှာ်လင့်ဘဲ ရလိုက်သည့် ကံကောင်းမှုတစ်ခု!

ကြွက်ဖြူလေးသည် နွယ်စိမ်းသီးကျွေးရန် အမှန်တကယ် ထိုက်တန်သည်ဟု ကုအန်ခံစားလိုက်ရ၏။

လုကျိကျားသည် ထွက်ခွာမသွားခင် ဆန်းကြယ်တောင်ကြား၌ တစ်လ နေထိုင်ခဲ့သည်။ ဤတစ်ကြိမ် ထွက်ခွာသွားပြီးပါက သူတို့အပြင်စည်းဂိုဏ်းတပည့်ဖြစ်မလာမခြင်း နောက်တစ်ကြိမ်ထပ်တွေ့ရန် မလွယ်တော့မှန်း လူတိုင်းလည်း သိနေခဲ့ကြ၏။

…..

မျက်စိတစ်မှိတ်အတွင်း ၂နှစ်ကုန်ဆုံးသွားခဲ့ပြီး ကုအန် အသက်လည်း ၃၀ ပြည့်သွားခဲ့သည်။သို့သော် အရွယ်တင်ဆေးအစွမ်းကြောင့် သူ့ရုပ်ရည်မှာတော့ အသက်၂၀အရွယ် ကောင်လေးတစ်ယောက်ကဲ့သို့သာ ဖြစ်နေသေး၏။

သူ့သက်တမ်းမှာမူ ၃သောင်း ကျော်လာခဲ့ချေပြီ!

ဆန်းကြယ်တောင်ကြားသည် ဆေးစိုက်ခင်းများကို ဘေးပတ်၀န်းကျင်အထိပါ ချဲ့နေခဲ့ပြီး ကုအန်စီမံရသော အပြင်စည်းဂိုဏ်းတပည့်ဂူများမှာလည်း ၁၁လုံး ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် သူ့သက်တမ်းသည် လစဉ်လတိုင်း တိုးတက်နေခဲ့၏။

ဤနှစ်များအတွင်း ကုအန် အလုပ်ရှုပ်နေခဲ့သော်လည်း ပင်ပန်းသည်ဟု လုံး၀ခံစားမနေခဲ့ရဘဲ ထိုအစား အလွန်ပင် တက်ကြွနေခဲ့သေးသည်။

နွေလယ်ညခင်းတစ်ခုတွင် လမင်းကြီးသည် ၀င်းပနေခဲ့ကာ ကြယ်ရောင်လည်းတောက်ပနေခဲ့ပြီး ပိုးစုန်းကြူးများလည်း တစ်လက်လက်ပျံနေခဲ့ကြ၏။

တောအုပ်ထဲတွင် အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသော ကျန်းချောင်တစ်ယောက် လမ်းလျှောက်နေခဲ့သည်။ ဖိနပ်မပါဘဲ လျှောက်နေရသော်လည်း သူ့ပုံစံမှာ စိတ်မသက်မသာဖြစ်နေမှုမျိုး ရှိမနေသလိုပင်။

ကုအန် သူ့နောက်မှ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာခဲ့၏။

“ကောင်းပြီ ဒီမှာရပ်လိုက်ကြတာပေါ့”

ကျန်းချောင်ရပ်လိုက်ကာ ကုအန်ကို လှည့်ကြည့်လိုက်သည်။

ကုအန် ခေါင်းညိတ်လိုက်ကာ အနည်းငယ်တွန့်ဆုတ်နေပြီး ပြောလိုက်၏။ “ဆရာဖွားဖွား ဂရုစိုက်ပါ ဒီနေရာက အဓိပတိဂိုဏ်းပိုင်နက်ထဲမှာပဲ ရှိနေသေးတာမလား”

နှစ်ပေါင်းများစွာ အတူကုန်ဆုံးခဲ့ရပြီး ကျန်းချောင်မှာလည်း သူ့အား မှော်သိုင်းပေါင်းစုံသင်ကြားပေးခဲ့ရာ သူ့အပေါ်တွင် ဘာခံစားချက်မှ မရှိဘူးဆိုလျှင် သူညာနေတာသာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုခံစားချက်ထက် ထွက်ခွာသွားစေလိုသော ခံစားချက်ကတော့ ပိုအားကောင်းပေသည်။

ကျန်းချောင် ခေါင်းညိတ်လိုက်ပြီး ညာလက်အား ဝေ့ယမ်းလိုက်ရာ အပြာရောင်အဖုံးနှင့် စာအုပ်တစ်အုပ် ပေါ်လာခဲ့၏။ သူထိုလျှို့ဝှက်သိုင်းကျမ်းကို ကုအန်ဆီ ပစ်ပေးလိုက်သည်။

“ကောင်းကောင်းကျင့်ကြံ နောက်တစ်ကြိမ်ငါပြန်လာရင် နင့်ကျင့်ကြံခြင်းအဆင့်ကို စစ်မယ် ငါ့ကိုစိတ်ပျက်စေခဲ့ရင်တော့ ဒီဆရာဖွားဖွားက အပြစ်ပေးမယ်” ကျန်းချောင် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စနောက်နေသလိုအသံဖြင့် ခြိမ်းခြောက်လိုက်ပြီး သူ့လက်သီးလေးဖြင့်လည်း ချိန်ရွယ်နေရော ကုအန် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့၏။

ကုအန် တစ်ခုခုပြန်ပြောမလို့ ပြင်လိုက်စဉ်တွင် ကျန်းချောင်အ‌ေ၀းသို့ ပျောက်ကွယ်သွားခဲ့ပြီး ကုအန် သူ့မိစ္ဆာချီများ အမြန်ပျောက်ဆုံးသွားနေသည်ကိုလည်း ခံစားမိလိုက်သည်။

မှိန်ပြပြ တောအုပ်ထဲ၌ ကုအန်နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။ ထို့နောက် ဆန်းကြယ်တောင်ကြားသို့ ပြန်လှည့်လိုက်ပြီး တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ စာအုပ်ကို ကြည့်လိုက်လေသည်။

ကျိဝေအစီအရင်မှတ်တမ်း!

ကုအန် စာအုပ်ကိုစလှန်လိုက်ပြီး ဖတ်ကြည့်လိုက်ရာ စာအုပ်ထဲတွင် အတားအဆီးများ နှင့် ၀င်္ကပါတည်ဆောက်နည်းများကို စာနှင့်ရေးသားဖော်ပြထားသည်ကို တွေ့လိုက်ရ၏။ လက်တွေ့လုပ်ဆောင်ရန်မှာမူ နတ်အာရုံကို အသုံးပြုရန် လိုအပ်ပေသည်။

ဒီမှာတစ်ခုခု ရှိနေတာပဲ!

ကုအန် သဘာ၀ဂူ၈လုံးထဲရှိ ၀င်္ကပါကို သတိရမိသွား၏။ ထို၀င်္ကပါသည် ကျင့်ကြံသူများ နတ်အာရုံဖြင့် ဆန်းကြယ်တောင်ကြားကို စစ်ဆေးလျှင်တောင်မှ သဘာ၀ဂူ၈လုံးထဲရှိ နွယ်စိမ်းပင်ကို အာရုံမခံနိုင်အောင် စီရင်ထားသော ၀င်္ကပါ ဖြစ်၏။

ကျန်းချောင်၏ ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉သာ ရှိသေးသော်လည်း သူ၏ ၀င်္ကပါပညာနှင့် ဆေးတာအိုမှာတော့ သူ၏ကျင့်ကြံခြင်းကိုပင် ကျော်လွန်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ အသက်၄၀အရွယ်တွင် ရောက်ရှိခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူသေဟန်ဆောင်နေသော နှစ်များတွင်လည်း ဆေးတာအိုနှင့် ၀င်္ကပါပညာကို ဆက်လက်လေ့လာနေသူ ဖြစ်၏။

ကုအန် ရုတ်တရက် သူ့လက်ထဲရှိ ကျိဝေအစီအရင်ကျမ်းသည် ကျန်းချောင်၏သူ့အ‌ေပါ် ရည်မှန်းချက်များကြောင့် လေးလံလာသည်ဟု ခံစားလိုက်ရသည်။

ညအချိန်ကုန်ဆုံး၍ နေ့အချိန်သို့ ရောက်ရှိလာပြန်၏။

အာရုံတက်ချိန် ရောက်ရှိလာခဲ့ပြန်ပြီ!

ကျန်းချောင်၏ ထွက်ခွာသွားမှုမှာ ကုအန်ကိုသာ သက်ရောက်စေခဲ့ခြင်းဖြစ်ပြီး ဆန်းကြယ်တောင်ကြားမှာတော့ ပုံမှန်အတိုင်း လည်ပတ်နေဆဲသာ။

သူ့တပည့်များ အကြောလျှော့လေ့ကျင့်ခန်းလုပ်နေခြင်အား ကြည့်ရှုပြီးသည့်နောက် ကုအန် ရီလန့်ကိုခေါ်၍ သူ့အခန်းထဲ ပြန်လာခဲ့သည်။

ထို့နောက် သူဂရုတစိုက်ပြင်ဆင်ထားသော သစ်သားသေတ္တာလေးအား ရီလန့်ကို ပေးလိုက်၏။ သေတ္တာလေးသည် လေးထောင့်သေတ္တာကလေးဖြစ်ပြီး အထဲတွင်ရတနာများရှိနေသလိုပင် သေချာပြုလုပ်ထားသော သေတ္တာကလေး ဖြစ်ပေသည်။

ရီလန် ခဏတာ ကြောင်အသွားခဲ့ပြီး သေတ္တာကို စိတ်၀င်တစား ဖွင့်ကြည့်လိုက်၏။ သူအထဲတွင် ဆေးတစ်လုံးကို တွေ့လိုက်ရသည်။

“စီနီယာအစ်ကိုကြီး ဒါကဘာဆေးလဲ” ရီလန် မေးလိုက်၏။

ကုအန် စားပွဲတွင်ထိုင်နေရင်း လက်ဖက်ရည်ငှဲ့ကာ ပြုံးရင်း ပြောလိုက်သည်။ “အခြေခံတည်ဆောက်ခြင်း ဆေးပြား မင်းအတွက်သီးသန့်ပြင်ပေးထားတာ ဘယ်သူ့ကိုမှမပြောနဲ့ အနာဂတ်မှာ ဆန်းကြယ်တောင်ကြားက တပည့်တိုင်း ချီကျင့်ကြံခြင်းအဆင့် ၉ ကိုရောက်ရင် အခြေခံတည်ဆောက်ခြင်း ဆေးပြားတစ်ပြားရမယ် ဒါပေမယ့် ပြဿနာတွေကိုကာကွယ်ဖို့ ဘယ်သူ့ကိုမှတော့ ပြောလို့မရဘူး”

အခြေခံတည်ဆောက်ခြင်းဆေးပြား!

ရီလန် မျက်လုံးများပြူးကျယ်သွားပြီး ငြင်းရန် ပြင်လိုက်သော်လည်း ကုအန် ဆက်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အစ်ကို့အတွက်လည်းချန်ထားပြီးသားပါ မင်းသာအခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားရင် နောက်ကျညီမ‌ေလးကအပြင်စည်းဂိုဏ်းမှာ အစ်ကို့ရဲ့ ထောက်တိုင်ဖြစ်လာမှာလေ အဲ့တော့ အကောင်းဆုံးကြိုးကြိုးစားစားသာကျင့်ကြံ အဲ့တာက အစ်ကိုကြီးအတွက် ညီမလေးပြန်ပေးနိုင်မယ့် အကောင်းဆုံးအရာပဲ”

“ကျွန်မ ကျွန်မ…..”ရီလန် ခံစားချက်များ ရောထွေးနေခဲ့ပြီး ဘာပြန်ပြောရမည်မသိ ဖြစ်နေခဲ့သည်။

ထိုစဉ် ကုအန် လေးလေးနက်နက်အကြံပေးလိုက်၏။

“ဘဏခရီးက ရှည်လျားလွန်းပါတယ် လူတွေမှာလည်း အတွေးပေါင်းစုံရှိတတ်ကြတယ် ဒါပေမယ့် မင်းရဲ့အဓိကရည်ရွယ်ချက်ကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့”

ဤနှစ်များအတွင်း ရီလန် ကုအန်အပေါ် တွယ်ကပ်မနေတော့ပါသော်လည်း ကုအန်အား ကြည့်သည့် သူ့အကြည့်များမှာတော့ ရွှန်းမြနေသေးသည်။ ထို့အပြင် အခြားတပည့်များ ဆွေးနွေးနေကြသည်ကိုလည်း ကုအန် ကြားဖူးခဲ့ရာ ရီလန်၏ သူ့အပေါ်ခံစားချက်များအကြောင်းကို ကောင်းကောင်းသိနေခဲ့၏။

ကုအန်၏ သူ့အပေါ်သဘောထားမှာတော့ အစ်ကိုနှင့်ညီမလေးလိုသာ ဖြစ်ပေသည်။ သူ့ဘ၀တစ်ခုလုံးသာ ရီလန်နှင့်အတူမကုန်ဆုံးချင်ဘဲ သူ့နှလုံးသားတစ်ခုလုံးကို အမတကျင့်ကြံခြင်းတွင်သာ နှစ်မြုပ်ထားခဲ့၏။

ကုအန်စကားကိုနားထောင်ပြီးသည့်နောက် ရီလန် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး စိတ်ချထားပါ ရီလန်က ကြိုးစားကျင့်ကြံပြီး အစ်ကိုကြီးကိုစိတ်မပျက်စေရဘူး အမြင့်ကိုရောက်အောင် ကြိုးစားတက်လှမ်းပြီး အနာဂတ်မှာ အစ်ကိုကြီးကို ဂရုစိုက်နိုင်အောင် ကြိုးစားပါ့မယ်”

ရီလန်ထိုစကားများကို ပြောနေရင်း ကုအန်ကို မျက်တောင်မခတ်ကြည့်နေခဲ့၏။

ကုအန် ပြုံးလိုက်ပြီး သူမကိုထွက်သွားရန်သာ လက်ပြခဲ့လိုက်သည်။

ရီလန် ဆေးကိုဂရုတစိုက်ယူကာ လှည့်ထွက်သွားခဲ့ပြီး အခန်းတံခါးကိုလည်း ပြန်ပိတ်ပေးခဲ့၏။ သို့သော် အခန်းတံခါး ပိတ်မသွားသေးချိန်တွင် သူရုတ်တရက်ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး အနာဂတ်မှာ ကျွန်မဘယ်နေရာကိုပဲရောက်ရောက် ဘယ်ယောင်္ကျားအ‌ေပါ်မှာမှ ခံစားချက်ရှိသွားမှာ မဟုတ်ဘူး ရှင်ကကျွန်မနှလုံးသားထဲက တစ်ဦးတည်းသောသူပဲ”

ပြောပြီးသည်နှင့် တံခါးကိုပိတ်ကာ အပြေးအလွှားထွက်ခွာသွားလေတော့သည်။

All Chapters