← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အပိုင်း (၄၁)

ထိပ်တန်းအဆင့်ကောင်းကင်စိတ်ဝိညဉ်အမြစ်၊ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ချိုးဖျက်ခြင်း

ညဉ့်အမှောင်ထုအောက်တွင် ကုအန် တောတောင်အထပ်ထပ်ကိုဖြတ်၍ ပြေးလွှားနေခဲ့သည်။ ဤအခေါက်တွင် လင်းဖုထျန်းအား သတ်ဖြတ်ခဲ့သည့်အရပ်နှင့် ပြောင်းပြန်အရပ်ကို သွားနေခြင်းဖြစ်ပြီး ဆန်းကြယ်တောင်ကြားနှင့် မိုင်၁၀၀အကွာထိ သွားမည်ဟု စဉ်းစားထားခဲ့၏။

တစ်လကြာပြီးသည့်နောက် ဥပဒေရေးရာခန်းမမှ တပည့်များသည်လည်း ညဉ့်သန်းခေါင်ကျော်လျှင် ကင်းမလှည့်ကြတော့သည်ကို ကုအန် သိရှိထားသည်။

ပြေးလွှားနေရင်း ကုအန် မျက်လုံးရှေ့၌ စာကြောင်းများ ပေါ်လာခဲ့ကြ၏။

[သင်သည် အမြစ်ငယ်မြက်(အဆင့်၃)ကို အောင်မြင်စွာ ရိတ်သိမ်းခဲ့ပြီး သက်တမ်း ၆ နှစ် တိုးလာခဲ့ပါသည်]

[သင်သည် အမြစ်ငယ်မြက်(အဆင့်၃)ကို အောင်မြင်စွာ ရိတ်သိမ်းခဲ့ပြီး သက်တမ်း ၇ နှစ် တိုးလာခဲ့ပါသည်]

[သင်သည် သက်တမ်း ၁သိန်းကို ပထမဆုံးအကြိမ် စုဆောင်းနိုင်ခဲ့သောကြောင့် သက်တမ်းနှုတ်ယူခြင်းလုပ်ဆောင်ချက်ကို ရရှိခဲ့ပါသည်]

[သက်တမ်းနှုတ်ယူခြင်း လုပ်ဆောင်ချက်: မဟာတာအိုနှင့်ကံကြမ္မာ၏ အကျိုးနှင့်အကြောင်းအား သက်တမ်းကိုအသုံးပြု၍ သိရှိနိုင်သည် သက်တမ်းကုန်ဆုံးမှုသည် သိရှိလိုသောအကြောင်းအရာ၏ အတိမ်အနက်ပေါ် မူတည်သည်]

သက်တမ်းနှုတ်ယူခြင်းတဲ့လား။

ကုအန် မျက်မှောင်ကြုံ့မိသွားပြီး ထောင်ချောက်အငွေ့အသက်ကို ရလိုက်လေသည်။

ဤအရာသည် သူ့သက်တမ်းများကို မျှားထားသော ထောင်ချောက်ကြီးတစ်ခုသာ ဖြစ်၏။

သူသာသုံးလိုက်မိပါက သက်တမ်းများ တစ်ချက်တည်းနှင့်ပင် ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။

ကုအန် အရင်ဆုံး တစ်ချက်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဤသက်တမ်းနှုတ်ယူခြင်းဟု ခေါ်သော လုပ်ဆောင်ချက်သည် အမှန်တကယ်တွင် သိလိုသည်များကို မေးနိုင်သော လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်၏။

ကုအန် စိတ်ထဲမှ မေးလိုက်သည် “သက်တမ်းနှုတ်ယူခြင်းကို အသုံးပြုမယ် ကျန်းချောင်က အခု ငါ့ကိုသတ်ချင်နေလား”

အသက်ရှူချိန် နှစ်ကြိမ်ခန့်ကြာသောအခါ

[ထိုမေးခွန်းအတွက်သက်တမ်း ၃၀၀ ကုန်ကျပါမည် အသုံးပြုလိုပါသလား]

မသုံးဘူး!

ဈေးကြီးလိုက်တာ!

အနည်းဆုံးတော့ ထိုလုပ်ဆောင်ချက်သည် သူ့သက်တမ်းများကို တစ်ခါတည်းနှုတ်ယူသွားမည်မဟုတ်ဘဲ သူသုံးလို မသုံးလို အရင်ဆုံးမေးသေးရာ ကုအန် စိတ်အေးသွားရသည်။

ထို့ကြောင့် သူ့ပြေးလွှားနေခြင်းကိုသာ အာရုံစိုက်လိုက်၏။

ထိုလုပ်ဆောင်ချက်ကိုမူ သူ့အတွက် အများကြီးသိရန် မလိုအပ်သောကြောင့် အနည်းငယ်လောက်သာ သုံးသင့်ပေသည်။

လမ်းတစ်လျှောက်လုံးတွင် ကုအန် အလွန်သတိထားနေခဲ့ပြီး အခြားစိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူများနှင့် မတွေ့စေရန် နတ်အာရုံကိုသုံး၍ သေချာစစ်ဆေးနေခဲ့၏။

ညသည် တိတ်ဆိတ်နေခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် မည်သည့်မိစ္ဆာသားရဲမှမတွေ့သော်လည်း တောကောင်အချို့၏ အရိပ်အယောင်များကိုတော့ တွေ့ခဲ့ရ၏။

ဆန်းကြယ်တောင်ကြားနှင့် မိုင်၅၀ခန့် ဝေးသောနေရာသို့ ရောက်သည့်အခါ ကုအန် စိတ်ဝိညဉ်ကြွက်ဖြူတစ်ကောင်ကို အာရုံခံလိုက်မိသည်။

တောအုပ်ထဲတွင် ထိုသတ္တဝါသည် ယုန်တစ်ကောင်နောက်မှ လိုက်နေခြင်းဖြစ်ပြီး ယုန်၏အမြှီးကိုဆွဲ၍ နောက်မှ တရွတ်တိုက်ကြီး လိုက်ပါနေခဲ့၏။

သူ့ပုံစံမှာ ခွေးကြီးတစ်ကောင်က ယုန်တစ်ကောင်ကို လိုက်နေသလိုပင်။

ကုအန် ထိုစိတ်ဝိညဉ်ကြွက်ဖြူကို မမြင်ချင်ယောင်သာ ဆောင်ခဲ့လိုက်သည်။

“ဒီကောင် အမြဲယုန်လိုခုန်ဆွ ခုန်ဆွဖြစ်နေတာ မအံ့ဩတော့ဘူး အတော်အနိုင်ကျင့်တတ်တဲ့ကောင်”

ကုအန် ထိုမြင်ကွင်းကို ပြန်စဉ်းစားရင်း ရယ်ရမလို ငိုရမလိုပင် ဖြစ်နေခဲ့၏။

စိတ်ဝိညဉ်ကြွက်ဖြူလေးကို မှားယွင်း‌ပျိုးထောင်ခဲ့မိသော်လည်း ကံကောင်းစွာဖြင့် သူ့တွင် ကောင်းကင်နဂါးလေး ရှိနေသေးသည်။

ကောင်းကင်နဂါးလေး၏ ခန့်ညားလှသောပုံရိပ်ကိုပြန်စဉ်းစားမိသောအခါ ကုအန် ခံစားချက်ပြန်ကောင်းသွားခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ ကုအန် အုံ့ဆိုင်းနေသော သစ်ပင်များနှင့်ပြည့်နှက်နေသည့် တောအုပ်ထဲသို့ ရောက်လာခဲ့သည်။ သစ်ပင်များသည် အလွန်ထူထဲ‌ေနသောကြောင့် တောအုပ်ပေါ်မှ ဖြတ်ပျံသွားလျှင်ပင် သူ့ကိုတွေ့ရမည် မဟုတ်ပေ။

ကုအန် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ စနစ်ကို ဖွင့်လိုက်၏။

သူ၏သက်တမ်း ၁၀၀၀၀၃ နှစ်အားကြည့်နေရင်း ကုအန် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။

သက်တမ်းနှစ်တစ်သိန်းဆိုသည်မှာ အတော်‌လေး ကြွယ်၀လှသော ပမာဏမျိုး ဖြစ်‌၏။ ဤတစ်ကြိမ်တွင် စနစ်ထဲရှိ နယ်ပယ်မျိုးစုံကို သူမြှင့်တင်နိုင်ပေတော့မည်။

အရင်ဆုံး သူ့စိတ်ဝိညဉ်အမြစ်ကို အဆင့်မြှင့်ရပေမည်။ မြှင့်တင်ရန်အခက်ဆုံးအရာဖြစ်သောကြောင့် သူနည်းနည်းတော့ ပိုသုံးရပေလိမ့်မည်။

သူသက်တမ်း မည်မျှ အသုံးပြုသင့်သနည်း။

တခဏတွန့်ဆုတ်နေပြီးသည့်နောက် ကုအန် စိတ်ဆုံးဖြတ်လိုက်ပြီး သက်တမ်း ၁၀၀၀၀ကို တိုက်ရိုက်သုံးပစ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

[သင်သည် သက်တမ်း ၁၀၀၀၀ ကိုသင်၏ စိတ်ဝိညဉ်အမြစ် ဆင့်ကဲပြောင်းလဲခြင်း၌ အသုံးပြုခဲ့ပါသည်]

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ်၁၀၀ကြာ လေ့လာခဲ့ပြီး သင်၏ ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် အရည်အသွေးမြင့်လာခဲ့သည်]

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ် ၂၀၀ ကြာလေ့လာခဲ့ပြီး သင်၏ ဒြင်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် အရည်အသွေးမြင့်လာခဲ့သည်]

……

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ် ၂၀၀၀ ကြာလေ့လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ သင်၏စိတ်ဝိညဉ်အမြစ်သည် စတင်ပြောင်းလဲလာခဲ့သည် အထူးသဖြင့် သစ်သားနှင့်မြေကြီး စိတ်ဝိညဉ်အမြစ်သည် ပို၍ တိုးတက်လာခဲ့သည်]

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ် ၅၀၀၀ ကြာလေ့လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ ဒြပ်ငါးမျိုး၏ လျှို့ဝှက်ချက်များကို နားလည်သွားခဲ့ကာ သင်၏ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်သည် ကောင်းကင်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်အဖြစ် ပြောင်းလဲသွားခဲ့သည်]

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ် ၈၀၀၀ကြာ လေ့လာခဲ့ပြီး ကောင်းကင်သစ်သားနိယာမကို နားလည်သွားခဲ့ကာ သင်၏ ကောင်းကင်စိတ်ဝိညဉ်အမြစ်သည် ထိပ်တန်းကောင်းကင်သစ်သားစိတ်ဝိညဉ်အမြစ်အဖြစ် ပြောင်းလဲသွားခဲ့သည်]

[သင်သည် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို နှစ် ၁၀၀၀၀ ကြာလေ့လာခဲ့ပြီး သင်၏ စိတ်ဝိညဉ်အမြစ်များအပေါ် နားလည်မှုသည် တိုးတက်လာခဲ့သည်]

စာ‌ေကြာင်းများ ဆက်တိုက်ထွက်ပေါ်လာရာ ကုအန် မျက်တောင်ပင်မခပ်ဝံ့ခဲ့ပေ။

နောက်ဆုံးစာကြောင်းထွက်ပေါ်လာပြီးသောအခါ သူချက်ချင်း သက်တမ်းအလွှာအား ဖွင့်လိုက်၏။

ရုတ်ချည်းပင် သူ့အောက်ရှိ မြက်များမှ အစိမ်းရောင်အလင်းများတောက်လာခဲ့ပြီး သူ့နောက်ရှိ အပင်များမှာပင် အရောင်များထွက်လာခဲ့ကာ သက်တမ်းအလွှာထဲတွင် အ‌လင်းရောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ကောင်းကင်စိတ်ဝိညဉ်အမြစ်!

ကုအန် စိတ်လှုပ်ရှားလာခဲ့၏။

ကောင်းကင်စိတ်ဝိညဉ်အမြစ်ဆိုသည်မှာ သူကြားဖူးသမျှထဲတွင် အသန်မာဆုံး စိတ်ဝိညဉ်အမြစ်ဖြစ်ပြီး ကျိမိသားစုမှ ကျိရှောင်ယုပင် ယှဉ်မရချေ။

ကောင်းကင်စိတ်ဝိညဉ်အမြစ်သည် စိတ်ဝိညဉ်အမြစ်တစ်ခုတည်းပါသည့် သူများတွင်သာ တစ်ခါတလေတွေ့တတ်သောအရာဖြစ်ပြီး ကျင့်ကြံခြင်းအမြန်နှုန်းမှာ အမွာစိတ်ဝိညဉ်အမြစ်များ လုံး၀မယှဉ်နိုင်သည့် အရာဖြစ်ပေသည်။

လီယပြောပုံအရ ကောင်းကင်စိတ်ဝိညဉ်အမြစ်ပိုင်ရှင်သည် ကောင်းကင်နှင့်မြေကြီး၏ သားတော်ဖြစ်ပြီး ကံကြမ္မာကောင်းတစ်ခုနှင့် တွေ့ဆုံခြင်း သို့မဟုတ် မိသားစုကြီးတစ်ခုခုမှ နှစ်ထောင်ချီကြာမှသာ တစ်ခါပေါ်ပေါက်လာခြင်း ကဲ့သို့သောအခြေအနေမျိုးတွင်သာ မွေးဖွားလာနိုင်ကြသည်။

လက်ရှိ ထိုက်ကန်မင်းဆက်တွင် ကောင်းကငိစိတ်ဝိညဉ်အမြစ်ပိုင်ရှင် တစ်ယောက်သာရှိပြီး ထိုသူမှာ အဓိပတိဂိုဏ်းမှ ဖြစ်၏။ အသေးစိတ်ကိုတော့ လီယ ပြောမပြခဲ့ပေ။

လီရွှမ်တောက်သည်လည်း ဖုံးကွယ်ထားသော ကောင်းကင်စိတ်ဝိညဉ်အမြစ်ပိုင်ရှင်ဟု ကုအန် သံသယရှိပေသည်။

ကုအန် အတွေးလွန်နေစဉ်တွင် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညဉ်စွမ်းအားများသည် သူ့ကိုယ်ထဲ အပြေးအလွှား‌၀င်ရောက်လာနေကြပြီး သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခုကို ခံစားနေခဲ့ရ၏။

နောက်ထပ် နှစ် ၁၀၀၀၀ သုံးလိုက်ကြတာပေါ့!

သူ့တွင် သက်တမ်း ၁၀၀၀၀၀ ရှိနေသည်ဖြစ်ရာ သက်တမ်း ၁၀၀၀၀ လောက်အသုံးပြုရခြင်းကို များသည်ဟု ထင်မနေခဲ့ပေ။

ထို့ကြောင့် နောက်ထပ် သက်တမ်း ၁၀၀၀၀ စိတ်ဝိညဉ်အမြစ်ထဲသို့ ထည့်ပေါင်းလိုက်ရာ စာကြောင်းများစွာ သူ့မျက်စိရှေ့တွင် ပေါ်ပေါက်လာလေတော့သည်။

စိတ်ဝိညဉ်အမြစ်စွမ်းအား တိုးတက်လာခြင်း!

စိတ်ဝိညဉ်အမြစ်စွမ်းအား တိုးတက်လာခြင်း!

စိတ်ဝိညဉ်အမြစ်စွမ်းအား တိုးတက်လာခြင်း!

သူ့ရှေ့ရှိ စာကြောင်းများကိုကြည့်နေရင်း ကုအန်တာအိုနှလုံးသား တုန်လှုပ်လာခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ!

ပြဿနာပဲ!

ပြဿနာကြီးဟ!

သက်တမ်း နှစ်၅ထောင်သို့ ရောက်ရှိသွားသောအခါမှသာ သူ့မြေကြီးစိတ်ဝိညဉ်အမြစ်သည် ထိပ်တန်းအဆင့် ကောင်းကင်စိတ်ဝိညဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

နောက်ထပ် နှစ်၅ထောင် ကုန်သည်အထိပင် စိတ်ဝိညဉ်အမြစ်စွမ်းအား တိုးတက်လာရုံမှလွဲ၍ ဘာမှဆက်ဖြစ်မလာတော့ဘဲ အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ ဖြစ်သွားခဲ့လေသည်။

ကုအန် နှလုံးသားထဲမှ သွေးများထွက်နေခဲ့ရ၏။

သူသည် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် သစ်သားစိတ်ဝိညဉ်အမြစ်သည် ကောင်းကင်အဆင့်သို့ ရောက်ရှိရန် လုံလောက်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် စိတ်ဝိညဉ်အမြစ်များအတွက်မူ သက်တမ်း နောက်ထပ် နှစ်တစ်သောင်းထပ်ပေါင်းလျှင်ပင် ဘာမှထူးခြားလာတော့မည်ဟု မထင်တော့ပေ။

စိတ်ဝိညဉ်အမြစ်ဟူသည် မွေးဖွားလာကတည်းက လူတစ်ယောက်နှင့် အတူတူပါလာသောအရာဖြစ်ပြီး ထိုအရာ ဆင့်ကဲပြောင်းလဲလာစေရန် ကျင့်ကြံ၍ရသော ကျင့်စဉ်ရှိသည်ဟူ၍လည်း ဘယ်သူမှ မကြားဖူးခဲ့ပေ။ သူ၏ သာမန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်အမြစ်များအား ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ်များအဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်လုနီးပါးဖြစ်သော အရာဖြစ်၏။

မဖြစ်နိုင်ဘူး!

ငါထပ်သုံးသင့်သေးလား!

သူနောက်ထပ် သက်တမ်း နှစ်တစ်သောင်းအား အလကားတော့ ဖြုန်းတီးမပစ်နိုင်တော့ပေ။

သို့သော် ကုအန်မျှော်လင့်ချက်ကလေးထား၍ အံတင်းတင်းကြိတ်ကာ နောက်ထပ်သက်တမ်းနှစ် ၁၀၀၀၀ ထပ်ပေါင်းထည့်လိုက်လေသည်။

စာကြောင်းများပေါ်လာသောအခါတွင်မူ ကုအန် မျက်နှာတဖြည်းဖြည်းမှောင်မည်းလာခဲ့၏။

သက်တမ်း နှစ်တစ်သောင်းပြည့်သွားသောအခါမှသာ မီးစိတ်ဝိညဉ်အမြစ်သည် ထိပ်တန်းကောင်းကင်စိတ်ဝိညဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်လည်း စိတ်ဝိညဉ်အမြစ်တစ်ခု ကောင်းကင်အဆင့်ဖြစ်ဖို့ သက်တမ်းတစ်သောင်းစီ သုံးရမှာတော့ မဟုတ်ဘူးမလား!

ကုအန် စိတ်ဝိညဉ်အမြစ်ထဲသို့ သက်တမ်း တစ်သောင်း ထည့်လိုက်ပြန်သည်။ သဘာ၀စိတ်ဝိညဉ်စွမ်းအားများသည် သူ့ကိုယ်ထဲသို့ အဆက်မပြတ်စီး၀င်လာပြန်ပြီး မီးခိုးရောင်နှင့် အနီရောင် အလင်းများ သူ့ကိုယ်ထဲမှ ထွက်ပေါ်လာခဲ့၏။

စာကြောင်းဒါဇင်အနည်းငယ် ထပ်ပေါ်လာပြီးသောအခါ ကုအန်၏ ရေစိတ်ဝိညဉ်အမြစ်လည်း ထိပ်တန်းကောင်ကင်စိတ်ဝိညဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ငါစိတ်ဝိညဉ်အမြစ်အကုန်လုံးကို ကောင်းကင်စိတ်ဝိညဉ်အမြစ်ဖြစ်အောင် လုပ်လိုက်ရမလား။

ထိုသို့တွေးလိုက်ပြီး ကုအန် နောက်ထပ် သက်တမ်း ၁၀၀၀၀ ပေါင်းထည့်လိုက်၏။

ဤသို့ဖြင့် သူ၏သတ္တုစိတ်ဝိညဉ်အမြစ်သည်လည်း ထိပ်တန်းအဆင့် ကောင်းကင်စိတ်ဝိညဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့စနစ်ထဲတွင်လည်း စိတ်ညဉ်အမြစ်နေရာ၌ ထိပ်တန်းဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

အားလုံးပြီးသောအခါ ကုအန် သူ၏လက်ကျန်သက်တမ်းလေးများအား ကြည့်နေရင်း ငေးငိုင်နေခဲ့လေသည်။

သက်တမ်း ၅သောင်းသည် ဤသို့ဖြင့်……

အလောတကြီးလုပ်ပြီးသည့်နောက် ကုအန်နှလုံးသားထဲတွင် ဗလာဖြစ်နေသလို ခံစားနေခဲ့ရ၏။

ထိုစဉ် မြေသဘာ၀စိတ်ဝိညဉ်စွမ်းအင်များ ကုအန်ကိုယ်ထဲ တိုး၀င်လာကြပြီး သက်တောင့်သက်သာဖြစ်သော ခံစားချက်ကို ခံစားသွားရလေသည်။

မရေတွက်နိုင်သော ကြယ်အလင်းရောင်များ ကုအန်ကိုယ်ပေါ်တွင် ရစ်သိုင်းနေပြီး မီးအတွက်အနီရောင် သစ်သားအတွက် အစိမ်းရောင် ရေအတွက် အပြာရောင် သတ္တုအတွက်အဝါရောင် နှင့် မြေအတွက် မီးခိုးရောင် များသည် နဂါးငွေ့တန်းတစ်ခုကဲ့သို့ သူ့အနားတစ်ဝိုက်တွင် ရစ်ဝဲနေခဲ့၏။

ကုအန်ပုံစံမှာတော့ ငေးမောနေသော ပုံစံမျိုးဖြစ်နေပြီး သူ့အတွေးများသည်လည်း ဖရိုဖရဲဖြစ်နေခဲ့သည်။

ဤသို့ဖြင့် အချိန်များလျင်မြန်စွာ ကုန်ဆုံးခဲ့၏။

တစ်နာရီခန့်ကြာသောအခါ ကုအန်၏ စိတ်ဝိညဉ်အမြစ်ပြောင်းလဲခြင်း ပြီးဆုံးသွားခဲ့သည်။ စိတ်ဝိညဉ်အမြစ်အရည်အသွေးပြောင်းလဲသွားမှုကြောင့် ကုအန် တစ်လောကလုံးသည် အံ့ဩစရာကောင်းလောက်အောင် လတ်ဆတ်နေသည်ဟု ခံစားနေခဲ့ရ၏။

ဒီခံစားချက်က အံ့ဩစရာကောင်းလိုက်တာ!

သက်တမ်း ၅သောင်းသုံးလိုက်ရခြင်းက တန်သည်ဟုပင် သူခံစားမိလိုက်ရသည်။

ထိပ်တန်းအဆင့်ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ် သည်ထိုက်ကန်မင်းဆက်တွင် အကောင်းဆုံးပါရမီအဖြစ်သတ်မှတ်နိုင်မည်ဖြစ်သော်လည်း လူသားကမ္ဘာတစ်ခုလုံးတွင်တော့ ဘယ်လိုဖြစ်မလဲ သူမသိချေ။ ဤကမ္ဘာကြီးသည် မည်မျှကြီးမှန်းပင် သူမသိသေးသောကြောင့် ဖြစ်၏။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စနစ်ထဲရှိ ကျင့်ကြံခြင်းနည်းစနစ်များကို ကြည့်လိုက်သည်။

သူကျင့်စဉ်များတွင် သက်တမ်းပေါင်းထည့်သင့်ပါသလော။

လက်ရှိအဆင့်တွင် ကျင့်စဉ်ထဲသက်တမ်းပေါင်းထည့်ခြင်းက သူထင်ထားတာထက် သက်တမ်းပိုကုန်မှာကိုလည်း ကုအန် ကြောက်မိနေ၏။ ထို့အပြင် သူ့တွင် ထိပ်တန်းအဆင့် ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ်များအပြင် သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပေသည်။ သူဘယ်အချိန်ထိ သူ့အခြေခံကိုပဲ ထပ်၍ တည်ဆောက်နေရမည်နည်း။

နတ်အသွင်ပြောင်းခြင်းအဆင့်မိစ္ဆာကျင့်ကြံသူသည် သူ့အား မနက်ဖြန်ပင် ချောင်းမြောင်းတိုက်ခိုက်နိုင်ပေသည်။

ကျင့်ကြံခြင်းအဆင့်မှာပဲ တိုက်ရိုက်သုံးလိုက်ကြတာပေါ့!

စိတ်ဝိညဉ်အမြစ်အသစ်တွေက ငါ့ကိုစိတ်ပျက်စေမှာ မဟုတ်ပါဘူး!

ကျင့်ကြံခြင်းတွင် သက်တမ်းနှစ်တစ်သောင်းပေါင်းထည့်ခြင်းမှာ ယခုအချိန်တွင် သူ့အတွက်အရေးအကြီးဆုံးဖြစ်ပြီး ထိုက်လည်းထိုက်တန်၏။

စလိုက်ကြတာပေါ့!

[သင်သည် ကျင့်ကြံခြင်းတွင် သက်တမ်းနှစ် ၁၀၀၀၀ ပေါင်းထည့်ခဲ့ပါသည်]

[သင်သည် စွမ်းအင်ကျင့်ကြံခြင်းကို ဆယ်နှစ်ကျင့်ကြံခဲ့ပြီး သင်၏သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် သင်သည် နတ်အသွင်ပြောင်းခြင်းအဆင့်ကိုထိတွေ့နိုင်ခဲ့ကာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းကို စတင်နိုင်ခဲ့သည် သို့သော် ဒြပ်ငါးမျိုးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့သောကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းတွင် ကျရှုံးခဲ့ရသည်]

[သင်သည် စွမ်းအင်ကျင့်ကြံခြင်းကို နှစ်၁၀၀ကျင့်ကြံခဲ့ပြီး သင်၏သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် သင်သည် နတ်အသွင်ပြောင်းခြင်းအဆင့်ကိုထိတွေ့နိုင်ခဲ့ကာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းကို စတင်နိုင်ခဲ့သည် သို့သော် ဒြပ်ငါးမျိုးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့သောကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းတွင် ကျရှုံးခဲ့ရသည်]

…….

ကျရှုံးနေသော စာကြောင်းများသာ ပေါ်လာနေသော်လည်း ကုအန် အမူအရာတည်ငြိမ်နေဆဲပင်။

နှစ်တစ်ရာတစ်ခါ ကပ်ဘေးဒုက္ခကျရှုံးခြင်းမျိုးကို သူလက်ခံနိုင်ပေသည်။

အကြိမ်တစ်ရာအထိ ကျရှုံးရလိမ့်မည်ဟုတော့ သူလုံး၀ မယုံကြည်ပေ။

ကံကောင်းစွာဖြင့် အခြေအနေသည် သူထင်ထားသည်ထက်ပင် ကောင်းနေသေး၏။

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၂၇၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် နတ်အသွင်ပြောင်းခြင်းအဆင့်ကိုထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးဒုက္ခကို စတင်နိုင်ခဲ့သည် သင်သည် ဒြပ်ငါးမျိုးကောင်းကင်ကပ်ဘေးဒုက္ခကိုတောင့်ခံနိုင်ခဲ့ပြီး နတ်အသွင်ပြောင်းခြင်းအဆင့် ၁ သို့ ဖောက်ထွက်နိုင်ခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၂ သို့ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၂၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်း အဆင့် ၃သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၄၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်း အဆင့် ၄သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၃၇၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်း အဆင့် ၅သို့ ရောက်ရှိသွားခဲ့သည်]

………

သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၅၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်း အဆင့် ၉သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၅၂၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်ကို ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်နိုင်ခဲ့သည် သို့သော် ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးဒုက္ခကို တောင့်မခံနိုင်သောကြောင့် ကပ်ဘေးကျရှုံးခဲ့ရသည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၆၄၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်ကို ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်နိုင်ခဲ့သည် သို့သော် ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးဒုက္ခကို တောင့်မခံနိုင်သောကြောင့် ကပ်ဘေးကျရှုံးခဲ့ရသည်]

….

ဟုတ်ပြီ ထပ်ပြီးကျရှုံးပြန်ပြီ!

ကပ်ဘေးဒုက္ခကို နှစ်နှစ်ရာတစ်ခါ ကျရှုံးခြင်း! ထိုသို့သောအရာကို သူလက်ခံနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင်လည်း မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ ကပ်ဘေးဒုက္ခ‌ဖြတ်ကျော်ရာ၌ အောင်မြင်ခြင်း ကျရှုံးခြင်းသည် စိတ်ဝိညဉ်အမြစ်အရည်အသွေးနှင့် မသက်ဆိုင်ပေ။

ဒါဆို လူတစ်ယောက်ရဲ့ကိုယ်ပိုင်ခွန်အားက ကပ်ဘေးဒုက္ခအောင်မြင်ဖို့ အဓိက သော့ချက်များလား!

ကောင်းကင်ကပ်ဘေး ကျော်ဖြတ်နိုင်ခြင်း မနိုင်ခြင်းသည် မှော်သိုင်းကွက်များ၊ နတ်သိုင်းများ၊ ၀င်္ကပါများ၊ မှော်အသုံးအဆောင်ပစ္စည်းများနှင့်သာ သက်ဆိုင်ပေသည်။

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း၉၆၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်ကို ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်နိုင်ခဲ့သည် သို့သော် ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးဒုက္ခကို တောင့်မခံနိုင်သောကြောင့် ကပ်ဘေးကျရှုံးခဲ့ရသည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၉၈၀၀ ကျင့်ကြံခဲ့ပြီး သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်တွင် အောင်မြင်မှုကြောင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်ကို ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်နိုင်ခဲ့သည် ဆန်းကြယ်ကောင်းကင်နက်ကပ်ဘေးဒုက္ခကို တောင့်ခံနိုင်ခဲ့ပြီး ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁သို့ ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၀၀၀၀ကြာ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် တိုးတက်လာခဲ့သည်]

ကုအန် သူ့စနစ်ထဲရှိ လက်ကျန်သက်တမ်း ၄၀၀၀၀ကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေတော့သည်။

အပိုင်း(၄၂)

ဟင်းလင်းပြင်ဖြတ်‌ေကျာ်ခြင်းအဆင့်သို့ ချိုးဖျက်ခြင်း၊ မိစ္ဆာအရှင်သခင်၏ တိုက်ခိုက်မှု

ကုအန် ဟင်းလင်းပြင်ဖြတ်‌ေကျာ်ခြင်းအဆင့် ၁ သို့ရောက်သွားသောအခါ ကျင့်ကြံခြင်းတွင် သက်တမ်း ထပ်ပေါင်းမထည့်တော့ပေ။ စိတ်ဝိညဉ်စွမ်းအင်စုပ်ယူရန် အချိန်အရမ်းကြာသွားပြီး မနက်ခင်းအချိန်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေရခြင်းကြောင့် ဖြစ်၏။

အကယ်၍ မနက်ရောက်လို့ တောင်ကြားတွင် သူရှိမနေသည်ကို တပည့်များတွေ့သွားလျှင် တောင်ကြားအတွင်း ပွက်လောရိုက်သွားပေလိမ့်မည်။

ကုအန် ရှေ့တွင်စာကြောင်းများဆက်တိုက်ပေါ်လာနေစဉ်တွင် ကမ္ဘာမြေကြီးထဲမှ စိတ်ဝိညဉ်စွမ်းအားများသည်လည်း မြေပြင်ပေါ်သို့ ထိုးတက်လာခဲ့ကြသည်။

အုံးးးး!

မြေကြီးထဲမှ စိတ်ဝိညဉ်စွမ်းအင်များထိုးတက်လာခဲ့ပြီး ကုအန်ကိုယ်ထဲသို့ အတင်း၀င်ရောက်လာခဲ့လေရာ ကုအန် ၀တ်ရုံ‌လေထဲလွင့်သွားပြီး ဆံပင်များပင် ထောင်ထသွားခဲ့၏။

စိတ်ဝိညဉ်စွမ်းအင်များသည် သူ့ကိုယ်အား လေပေါ်သို့ တွန်းတင်လိုက်ခြင်းမျိုးမဟုတ်ဘဲ သူ့ကိုယ်ကို သံကြိုးများနှင့် မြေကြီးထဲမှ ချည်နှောင်ထားသလို တိုး၀င်နေခြင်းဖြစ်ကာ သူ့၀တ်ရုံနှင့် ဆံပင်များကသာ လေထဲသို့ လွင့်နေခဲ့ကြသည်။

ဤတစ်ကြိမ်အဖြစ်အပျက်သည် သူစိတ်ဝိညဉ်အခြေတည်အဆင့်သို့ ချိုးဖျက်ခဲ့စဉ်က အဖြစ်အပျက်ထက် အများကြီးပိုကြီးမားနေခဲ့၏။ ကုအန် သူ့အောက်ရှိ မြေပြင်ပင် အပြင်းအထန်လှုပ်ခါနေသည်ကို ခံစား‌မိနေခဲ့သည်။

အရင်ကတော့ သူ့တွင်သက်တမ်းအလွှာသာရှိနေပါက သူ့ကျင့်ကြံခြင်းချိုးဖျက်လျှင် ဘယ်သူမှသိသွားစရာအကြောင်းမရှိဘူးဟု ထင်ထားမိခဲ့၏။

သို့သော် ယခုအချိန်တွင်တော့ သူယုံကြည်မှုမရှိတော့ပေ။ ထိုမျှကြီးမားသော အဖြစ်အပျက်ကြီးကို အဓိပတိဂိုဏ်းက သတိထားမိသွားနိုင်သည်ဟု ခံစားနေရသည်။

သက်တမ်းအလွှာကို ထုတ်ထားသောကြောင့် ထိုအလွှာထဲမှ စိတ်ဝိညဉ်စွမ်းအင်နည်းနည်းတောင် စိမ့်ထွက်သွားမှာမဟုတ်သော်လည်း သူ့အောက်ရှိ မြေပြင်မှလာသော စိတ်ဝိညဉ်စွမ်းအင်များမှာတော့ အဓိပတိဂိုဏ်းနှင့် ဆက်စပ်နေသော စိတ်ဝိညဉ်စွမ်းအင်များ ဖြစ်နေသည် မဟုတ်ပါလား။

ယခုအခါ ကုအန်မှန်းဆထားသည့် မှန်းဆချက်တစ်ခုရှ်ိပေသည်။

သူသက်တမ်းကိုအသုံးပြု၍ ကျင့်ကြံခြင်းဆင့်ကဲပြောင်းလဲအောင် ပြုလုပ်ရာတွင် သက်တမ်းကုန်ကျမှုမှာ သူ့ပတ်၀န်းကျင်တွင်ရှိသော စိတ်ဝိညဉ်စွမ်းအင်များနှင့် ဆိုင်နေနိုင်သည်ဟူသော အချက်ပင် ဖြစ်၏။

ထိုအရာသည် ဖြစ်နိုင်သည်ဟု သူခံစားနေရသည်။ လီရွှမ်တောက်ကို ပြန်ကြည့်ပါက သူသည် အသက်၂၃၀တည်းနှင့် နတ်အသွင်ပြောင်းခြင်းအဆင့် ၈ သို့ရောက်ရှိနေသူဖြစ်၏။ ထိုအရာသည် အတော်လေး မယုံနိုင်စရာ ဖြစ်ပေသည်။

ထပ်၍စဉ်းစားကြည့်ရလျှင် သူနှင့်ကုအန်ကြားရှိ ပါရမီကွာခြားမှုမှာ အတော်လေး ကြီးမားလွန်းနေ၏။ အကယ်၍သူ့တွင် ကောင်းကင်စိတ်ဝိညဉ်အမြစ်ရှိသည်ဆိုလျှင်တောင်မှ သူ့အခြေအနေသည် မယုံကြည်နိုင်လောက်စရာ ဖြစ်နေသေးသည်။

ဧကရာဇ်တစ်ယောက်အနေနှင့် လီရွှမ်တောက်တွင် အရည်အသွေးအမြင့်ဆုံး ကျင့်ကြံခြင်းလိုဏ်ဂူ၊ အကောင်းဆုံးအမတနတ်ဆေးများ နှင့် ထိပ်တန်းအဆင့် ကျင့်စဉ်များ ရှိနေမည်မှာ သေချာ၏။

ထို့အပြင် ဝင်္ကပါများ မှော်အသုံးအဆောင်ပစ္စည်းများလည်း ရှိနေသေးရာ သူ့လိုပါရမီနှင့် ထိုမျှအဆင့်ထိ ရောက်‌နေသည်မှာ မဆန်းတော့ပေ။ ထိုအချက်များအပြင် လီရွှမ်တောက် ကောင်းကင်ကပ်ဘေးများအား မည်သို့မည်ပုံ ထိုမျှမြန်မြန်ကျော်ဖြတ်နိုင်ခဲ့သလဲ ဟူသော အကြောင်းပြချက်များစွာ ရှိနေသေးသည်။

လီရွှမ်တောက်နှင့် ယှဉ်လျှင် ကုအန်၏ ပါရမီမှာ ဟိုးအဝေးကြီးထိ နောက်ကျကျန်နေခဲ့သေး၏။ သို့သော် ထိုသို့နှိုင်းယှဉ်မှုမှာ မျှတခြင်းတော့ မရှိပေ။

လက်တွေ့၌ ကုအန်သည် အသက်၃၄နှစ်အရွယ် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁ ကျင့်ကြံသူ မဟုတ်ပါလား။

လီရွှမ်တောက်သည် အသက်၃၀၀ အတွင်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်မည်လော။

ဤကျင့်ကြံခြင်းလောကတွင် သူ့လို ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်သူမျိုးရော နောက်ထပ် ပေါ်ပေါက်လာနိုင်ဦးမည်လော။

ထိုသို့တွေးမိသောအခါ ကုအန် မျှတသည်ဟု ခံစားမိသွားသည်။ သူပေါင်းထည့်သော သက်တမ်းများမှာ ကိန်းဂဏန်းများသက်သက်သာဖြစ်ပြီး ပြင်ပလောကရှိကျင့်ကြံခြင်းဆိုသည်မှာတော့ တကယ့်ကိစ္စကြီးသာ ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူ့ထိပ်တန်းအဆင့် ဒြပ်ငါးမျိုး ကောင်းကင်စိတ်ဝိညဉ်များ၏ အရည်အသွေးကိုစမ်းသပ်ရန် ဒြပ်ငါးမျိုးကျင့်စဉ်တစ်ခုခုအား ကျင့်သင့်သလားဟု ကုအန် စဉ်းစားမိသွားသည်။

ထိုအချိန်တွင် သူ့အောက်ရှိ မြေပြင်သည် ပိုမိုလှုပ်ခါလာခဲ့၏။

သူ့ကိုယ်ထဲသို့ အရူးအမူးတိုး၀င်နေသော ကမ္ဘာမြေစိတ်ဝိညဉ်စွမ်းအင်များ၏ အသံမှာလည်း ပိုမိုကျယ်လောင်လာခဲ့ပြီး သက်တမ်းအလွှာထဲတွင် အရောင်ငါးမျိုးအလင်းမုန်တိုင်းတစ်ခုပင် ဖြစ်ပေါ်နေခဲ့သည်။

……

တိမ်များထူလာ၍ ကောင်းကင်ယံရှိ လမင်းကြီးကိုဖုံးအုပ်သွားချေပြီ။

စံအိမ်တစ်ခုထဲရှိ ခပ်သေးသေး အိမ်လေးတစ်လုံးထဲတွင် ဆီမီးအိမ်တစ်လုံးသည် စားပွဲပေါ်တွင် လင်းလက်နေခဲ့ပြီး ထိုဆီမီးအိမ်ရှေ့၌ ဆံပင်ဖြူများနှင့် ကျိုးယိကျင်းသည် သူ့လက်ထဲရှိ နတ်ဘုရားတို့၏ရာထူးများ ဟူသောစာအုပ်ကို ဖတ်နေခဲ့သည်။

ကျိုးယိကျင်းစာအုပ်ထဲရှိ စာသားများကို ခပ်တိုးတိုးရွတ်ဖတ်နေရင်း သူ့မျက်နှာတွင် အတိတ်အချိန်သို့ လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

သူထိုစာအုပ်အား ဖတ်နေသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပြီး ထပ်၍ထပ်၍ဖတ်တိုင်းလည်း အမြင်အသစ်နောက်တစ်မျိုး ပေါ်လာရသည်သာ။ ထိုစာအုပ်ထဲတွင် မည်သည့် အမတကျင့်စဉ်မှမပါရှိသော်လည်း ထိုထဲတွင်ပါသော ကျင့်စဉ်များ၏အကြောင်းကို ဖတ်ရုံနှင့်ပင် ထိုမှော်သိုင်းများအား သူလိုချင်စိတ် ပြင်းပျလာခဲ့ရသည်။

ထိုစာအုပ်ထဲတွင် ရှေးဟောင်းခေတ်၏နက်နဲသော အမှန်တရားများ ပါ၀င်နေသည်ဟုလည်း ကျိုးယိကျင်း ယုံကြည်မိနေ၏။

ထိုအခိုက်တွင် ကျိုးယိကျင်း သူ့ခြေဖဝါးအောက်ရှိ မြေပြင်မှ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

ညဉ့်အချိန်တွင် အေးစက်နေသောလေပြင်းများ တိုက်ခတ်လာခဲ့၏။

လေတိုးသံမှာလည်း ပို၍ ကျယ်လောင်လာခဲ့သည်။

စားပွဲပေါ်ရှိ ဆီမီးအိမ်မှာပင် အချိန်မ‌ရွေးငြိမ်းသေသွားတော့မလို ဖြစ်နေခဲ့ရသည်။

ကျိုးယိကျင်းတစ်ယောက်တည်းတင် ထိုအဖြစ်အပျက်ကို သတိထားမိလိုက်ခြင်းမဟုတ်ဘဲ အခြားသူများလည်း သတိထားမိသွားပြီး အိမ်အပြင်ဘက်သို့ အသီးသီးထွက်လာကြရာ အပြင်စည်းမြို့အထက်တွင် အပြင်စည်းဂိုဏ်းသားများ စုဝေးသွားကြ၏။

“ဘာဖြစ်နေတာလဲ စိတ်ဝိညဉ်စွမ်းအင်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာသလိုပဲ”

“မင်းလည်း ခံစားမိတယ်လား”

“ငါတို့ မိစ္ဆာတွေလာတိုက်တာ ခံနေရတာများလား”

“မဖြစ်နိုင်တာ ဒါကအဓိပတိဂိုဏ်းလေ ဘယ်ကောင်ကသေလမ်းလာရှာမှာလဲ”

“မြေအောက်ထဲက ၀င်္ကပါအကြီးကြီးတစ်ခုခုရော ဖြစ်နေနိုင်လား”

အပြင်စည်းဂိုဏ်းသားများ အချင်းချင်း ဆွေးနွေးငြင်းခုံနေခဲ့ကြသည်။ ရီလန်လည်း သူ့အိမ်ထဲမှ ဓားပျံစီး၍ ထွက်လာခဲ့ပြီး လမ်းပေါ်ရှိ အပြင်စည်းဂိုဏ်းသားများကို ကြည့်နေခဲ့၏။။

ခပ်မှောင်မှောင်ညဉ့်အချိန်တွင် ကျင့်ကြံသူများ အပြင်စည်းမြို့တော်အပေါ်တွင် တဖွဲဖွဲထပ်မံရောက်ရှိလာကြပြီး အစေခံတပည့်များမှာတော့ ဓားပျံကိုပင် မထိန်းချုပ်နိုင်တော့ဘဲ လမ်းပေါ်တွင်သာ ထိတ်လန့်နေခဲ့ကြသည်။

စိတ်ဝိညဉ်စွမ်းအင်များ မြေကြီးထဲသို့ နစ်မြုပ်ပျောက်ဆုံးသွားနေသည်ကို လူတိုင်းခံစားမိနေရာ တပည့်တိုင်းထိတ်လန့်တုန်လှုပ်နေခဲ့ကြ၏။

သူတို့အတွက် အကြီးဆုံးပြဿနာမှာမူ မြေကြီးထဲနစ်၀င်သွားသော စိတ်ဝိညဉ်စွမ်းအင်များသည် ပြန်ထွက်မလာကြဘဲ သူတို့အပြင်စည်းမြို့ထဲရှိ စိတ်ဝိညဉ်စွမ်းအင်များ သိပ်သည်းမှု လျော့ကျလာခဲ့ခြင်း ဖြစ်ပေသည်။

ဂိုဏ်းကြီးတိုင်း၏ အခြေခံအုတ်မြစ်မှာ ကြွယ်၀သော စိတ်ဝိညဉ်စွမ်းအင်များသာ မဟုတ်ပါလား။

တောအုပ်ထဲတွင် ကုအန် နတ်အသွင်ကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းနေခဲ့ပြီး သူ၏စိတ်ဝိညဉ်သည် ကိုယ်ထဲမှထွက်လာကာ သူ့ခေါင်းပေါ်တွင် ဝဲပျံနေခဲ့၏။

စိတ်ဝိညဉ်အခြေအတည်အဆင့်တွင် စိတ်ဝိညဉ်တစ်ခုကို သိပ်သည်းနိုင်ပါသော်လည်း သာမန်အားဖြင့် ထိုစိတ်ဝိညဉ်သည် ခန္ဓာကိုယ်မှ ဘာဆက်သွယ်မှုမှမရှိဘဲ ထွက်ခွာမသွားနိုင်ပေ။ သေဆုံးသွားသောအခါမှသာ ထိုစိတ်ဝိညဉ်ထွက်ပေါ်လာပြီး ခန္ဓာအသစ်တစ်ခုအား ရှာဖွေနိုင်ပေသည်။

နတ်အသွင်ပြောင်းချင်းအဆင့်တွင်မူ စိတ်ဝိညဉ်သည် မူလစိတ်စိတ်ဝိညဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေစရာ မလိုတော့ပေ။ မူလစိတ်ဝိညဉ်ထုတ်၍ရခြင်းဆိုသည်မှာ နတ်အသွင်ပြောင်းခြင်းအဆင့်၏ အထူးစွမ်းရည်တစ်ခုဖြစ်ပေသည်။ နတ်အသွင်ပြောင်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူများသည် စိတ်ဝိညဉ်ပိုင်ရှင်မှ ပြသခြင်းမပြုပါက ထိုစိတ်ဝိညဉ်ကို မမြင်နိုင်ကြပေ။

စိတ်ဝိညဉ်သည် မူလစိတ်ဝိညဉ်အဖြစ် ပြောင်းလဲသွားပါက ကျင့်ကြံသူ၏ နတ်အာရုံသည်လည်း လုံး၀ပြောင်းလဲသွားပေလိမ့်မည်။

ကုအန် ထိုကူးပြောင်းမှုအတွင်း နစ်မျောနေချိန်တွင် သူ့ခေါင်းပေါ်ရှိ စိတ်ဝိညဉ်သည် အပြာရောင်ကြာပန်းတစ်ပွင့်အဖြစ်ပြောင်းလဲသွားခဲ့ပြီး တဖြည်းဖြည်း ပွင့်အာလာခဲ့၏။ ထိုကြာပန်းထဲမှ သူ၏မူလစိတ်ဝိညဉ်ထွက်ပေါ်လာခဲ့ပြီး ထိုစိတ်ဝိညဉ်သည် သူနှင့်တစ်ပုံစံတည်းတူရုံသာမက သူ၏အ၀တ်အစားများကိုပင် ၀တ်ဆင်ထားသေးသည်။

နတ်အသွင်ပြောင်းခြင်းအဆင့်သည့် သူ၏အဆုံးသတ် မဟုတ်သေးပေ။ ကုအန်ပိုမြင့်သောအဆင့်ထိ ဆက်လက်တက်လှမ်းရပေဦးမည်။ သူစုပ်ယူနေသော စိတ်ဝိညဉ်စွမ်းအားများမှာလည်း ပိုမိုများပြားလာပြီး သက်တမ်းအလွှာအပြင်ဘက်ရှိ တောအုပ်ပင် တုန်ခါနေသည်ကို ကုအန် ခံစားမိနေခဲ့သည်။

ထိုအရာသည် သူ့အား ပိုမိုကြောက်ရွံ့သွားစေခဲ့၏။

ဤနယ်မြေရှိ နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူနှင့် တိုးမည်စိုးသောကြောင့် ကုအန် သူ့မူလဝိညဉ်ကိုလည်း သက်တမ်းအလွှာအပြင်ဘက်သို့ မလွှတ်လိုက်ရဲခဲ့ပေ။

အဓိပတိဂိုဏ်းတွင် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများရှိမှာ သေချာပေသည်။ အပြင်စည်းဂိုဏ်းထဲတွင်ပင် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူများ ရှိနေပေရာ အတွင်းစည်းဂိုဏ်းနှင့် ဗဟိုမြို့တော်တို့ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

အဓိပတိဂိုဏ်းတွင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ရှိနိုင်သည်ဟု ကုအန် သံသယရှိ၏။ မဟုတ်လျှင် နတ်အသွင်ပြောင်းခြင်းအဆင့် ၈ ကျင့်ကြံသူ လီရွှမ်တောက်က အဘယ်ကြောင့် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားမည်နည်း။

အချိန်သည်ဆက်လက်၍ ကုန်ဆုံးသွားခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ ကုအန်ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၉ သို့ရောက်ရှိသွားခဲ့၏။

ထိုစဉ် ညဉ့်ကောင်းကင်ပေါ်တွင် ရုတ်တရက်ပုံရိပ်နှစ်ခုပေါ်ပေါက်လာခဲ့လေသည်။ ကုအန် ချက်ချင်းပင် သက်တမ်းစစ်ဆေးခြင်း လုပ်ဆောင်ချက်ကိုသုံး၍ ကြည့်လိုက်၏။

ဘုရား ဘုရား!

စိတ်ဝိညဉ်အခြေတည်အဆင့်နှစ်ယောက်!

ကုအန် ပိုမိုကြောက်ရွံ့လာခဲ့ပြီး တောအုပ်၏ ဤအပိုင်းကို ဘယ်သူမှသတိထားမသွားမိစေဖို့ပဲ မျှော်လင့်နေခဲ့ရသည်။

သက်တမ်းအလွှာသည် သူ့အားဘယ်သူမှမမြင်အောင် ကာကွယ်ပေးထားနိုင်သော်လည်း ကံ‌ဆိုး၍ တစ်ယောက်ယောက်က ဤနေရာသို့ရောက်လာကာ သက်တမ်းအလွှာကို တိုက်မိသွားနိုင်သေး၏။

ညဉ့်ကောင်းကင်ပေါ်တွင် သန်မာသောကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပျံနေခဲ့ကြသည်။ သူတို့ထဲမှ အနိမ့်ဆုံးကျင့်ကြံသူမှာပင် စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်၏။

ကုအန် နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများကိုလည်း သတိထားမိခဲ့ပြီး အရေအတွက်မှာလည်း တစ်ယောက်မကပေ။

ယခုအချိန်တွင် ကုအန် ကောင်းကင်ကိုပင် ဖောက်ထွက်သွားတော့မလို ခံစားနေခဲ့ရ၏။ အထူးသဖြင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ချိုးဖျက်နေသည့် အချိန်တွင်ဖြစ်သည်။ သူ့ကိုယ်မှစုပ်ယူနေသော စိတ်ဝိညဉ်စွမ်းအင်များသည် ကြောက်စရာကောင်းလောက်အောင် များပြားနေသောကြောင့် ထိုသို့ပင် ခံစားနေခဲ့ရဧ။။်

ဤညသည် ကုအန်အတွက် ကံကိုယုံ၍ ဆူးပုံနင်းရမည့် ညမျိုးသာ ဖြစ်ပေတော့သည်။

ကောင်းကင်ယံတွင် အလင်းရောင် စတင်ပေါ်ပေါက်လာသောအချိန်တွင် ကုအန်၏ ကျင့်ကြံခြင်းလည်း တဖြည်းဖြည်း အရှိန်လျော့လာခဲ့၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၊ ပထမအဆင့်!

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ရောက်ရှိသွားလျှင် ထိုကျင့်ကြံသူ၏ မူလဝိညဉ်သည် မိုင် ၁၀၀၀၀ လောက်ထိ ခရီးသွားနိုင်ပေသည်။ သူ၏ စိတ်ဝိညဉ်စွမ်းအား နတ်အာရုံ နားလည်သဘောပေါက်မှု သွေးချီ အရာအားလုံးသည်လည်း အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

ကုအန် ဖြည်းဖြည်းထရပ်လိုက်ရာ သက်တမ်းအလွှာကို ဖောက်ထွက်လာသော နေအလင်းရောင်သည် သူ့ကိုယ်ပေါ် ထိုးကျလာခဲ့၏။ မနက်ခင်းအလင်းရောင်၀တ်ရုံကို ၀တ်ဆင်ထားရင်း ကုအန် မြင့်တက်စ နေမင်းကြီးအား ပြုံး၍ ကြည့်လိုက်လေသည်။

သူ့ကိုယ်ထဲရှိ စိတ်ဝိညဉ်စွမ်းအားများသည် အံ့ဩစရာကောင်းလောက်အောင် ကျယ်ပြန့်နေပြီး ကုအန် သူ့ကိုယ်သူကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်လို ခံစားနေခဲ့ရ၏။

ထို့နောက် ကုအန် သက်တမ်းအလွှာကို ပြန်သိမ်းလိုက်ကာ ဆန်းကြယ်တောင်ကြားဆီသို့ လမ်းလျှောက်၍ ပြန်သွားခဲ့လိုက်သည်။

သက်တမ်းအလွှာ ကုန်ကျမှုသည် သက်တမ်း ၂၀၀၀ နီးနီးပင် ကုန်ကျခဲ့သောကြောင့် မနေ့ညက အဖြစ်အပျက်ဘယ်လောက်ကြီးသွားသလဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်၏။

ကုအန်၏အဆင့်ချိုးဖျက်မှုပြီးသွားသောအခါ ကမ္ဘာကြီးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားပါသော်လည်း တောအုပ်ထဲရှိ စိတ်ဝိညဉ်စွမ်းအင်များမှာတော့ အရင်ထက် အများကြီးပါးလျသွားခဲ့သည်။

ဟင်းလင်ပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သော ကုအန်ပင် မနေ့ညက သူစိတ်ဝိညဉ်စွမ်းအင်မည်မျှ စုပ်ယူခဲ့သည်ကို မတွက်ချက်နိုင်ခဲ့ပေ။

အိမ်ပြန်လမ်းတွင် ကုအန် ကောင်းကင်ပေါ်တွင် အလျိုလျိုပျံသန်းနေကြသော ကျင့်ကြံသူများအား တွေ့ခဲ့ရ၏။ မနေ့ညကလည်း နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ၇ ယောက်ကို တွေ့ခဲ့ရသေးရာ ကုအန် အဓိပတိဂိုဏ်း၏ နက်ရှိုင်းသောအုတ်မြစ်ကို အထင်ကြီးမိသွားခဲ့သည်။

ကုအန် တောင်ကြားသို့သာ အမြန်ပြန်လိုက်ပြီး အိမ်ထဲသို့ အရင်ဝင်သွားလိုက်ပြီးမှ ပြန်ထွက်လာကာ သူ့တပည့်များကို အကြောလျှော့လေ့ကျင့်ခန်းလုပ်ရန် အော်ခေါ်လိုက်၏။

“ဆရာ မနေ့ညက စိတ်ဝိညဉ်စွမ်းအင်တွေပျောက်ဆုံးသွားတာ သိလိုက်လား”ယိယန် မေးလိုက်သည်။

အခြားတပည့်များလည်း ခံစားမိလိုက်သောကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုကိစ္စကြောင့် သူတို့ဆန်းကြယ်တောင်ကြား ဖျက်ဆီးခံရမှာကို သူတို့စိုးရိမ်နေခဲ့ကြသည်။

ကုအန် ရယ်မောကာ ပြောလိုက်၏။ “ဒါက အဓိပတိဂိုဏ်းလေ ထိုက်ကန်မင်းဆက်ရဲ့ အလုံခြုံဆုံးနေရာ ဖျက်ဆီးခံရတယ်ဆိုတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကုအန်စကားကိုကြားမှသာ တပည့်များ စိတ်အေးသွားခဲ့ကြသည်။

ထိုစဉ် ဝူရှင်း၀င်ပြောလိုက်၏။ “အဲ့တာက ၀င်္ကပါတစ်ခုခုနဲ့ ဆက်စပ်နေနိုင်တယ် ဂိုဏ်းထဲက ကျင့်ကြံသူကြီးတွေ အဆင့်ချိုးဖျက်ရင် စိတ်ဝိညဉ်စွမ်းအင်အများကြီးလိုအပ်လို့ စိတ်ဝိညဉ်စွမ်းအင်စုစည်းပေးတဲ့ ၀င်္ကပါတစ်ခုခုလိုအပ်တယ်လေ”

ဝူရှင်း ရွက်ဝါတစ်ထောင်မျှော်စင် တွင်ရှိခဲ့စဉ်က ထိုသို့သော ကိစ္စမျိုးကို ကြုံခဲ့ဖူး၏။ သို့သော် သူအနီးကပ်တော့ သွားမကြည့်ခဲ့ရပေ။

“ဆရာ ဒီနေ့ဆရာမနေ့ကနဲ့မတူဘူး တစ်ခုခုပြောင်းလဲနေတယ်လို့ ခံစားနေရတယ်” ကျန်းချင် ကုအန်ကို သေချာကြည့်ကာ ပြောလိုက်သည်။

ကုအန်သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြောလိုက်၏။ “နင်က နေ့တိုင်းငါ့ကိုထူးခြားနေတယ်ပဲ ထင်နေတာပဲ ခြေသိုင်းသင်ချင်နေတယ်ဆိုရင်လည်း ဆရာတပည့်ချင်းတွေ တိုက်ရိုက်ပဲပြောလိုက်ပါ”

အခြားတပည့်များ ရယ်မောလိုက်ကြပြီး ကျန်းချင်မှာတော့ ရှက်ရွံ့သွားခဲ့သည်။

ထို့နောက် အကြောလျှော့လေ့ကျင့်ခန်းကို စတင်ခဲ့ပြီး အကြောလျှော့ရာ၌ ကုအန်သူ၏အသစ်စက်စက်စိတ်ဝိညဉ်စွမ်းအင်များကိုပင် အသုံးပြုခဲ့လိုက်သေး၏။

လေ့ကျင့်ခန်းပြီးဆုံးသွားသောအခါ ကုအန် အခန်းထဲမပြန်ဘဲ တောအုပ်ထဲသို့ ၀င်သွားခဲ့သည်။

သက်တမ်း တစ်သိန်းပြည့်ရန်အတွက် သူ့မရင့်မှည့်သေးသော ဆေးပင်များကိုပင် ရိတ်သိမ်းခဲ့ရ၏။ ထိုအရာသည် သူ့သက်တမ်းတိုးနှုန်းကို နောက်နှနှစ်လောက်ထိတော့ ထိခိုက်မည်ဖြစ်ရာ ကုအန် ဆေးဉယျာဉ်များ ထပ်ချဲ့ဖို့ စဥ်းစားထားခဲ့သည်။

ဟူးးးး

ဟင်းလင်ပြင်ဖြတ်ကျော်ခြင်းအဆင့် ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်က မင်းတို့အတွက် ဆေးပင်စိုက်ပျိုးပေးနေတာ မင်းတို့အဓိပတိဂိုဏ်းဂုဏ်ယူသင့်တယ်!

နေ့လည်မတိုင်ခင်တွင် ရီလန် ဆန်းကြယ်တောင်ကြားသို့ ရောက်လာခဲ့၏။

တောင်ကြားထဲရှိ တပည့်များနှင့် စကားအနည်းငယ်ပြောပြီးသည့်နောက် ရီလန် ကုအန်ကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ထို့နောက် အခန်းတံခါးးသာမက ပြတင်းပေါက်များကိုပါ ဆွဲပိတ်လိုက်၏။ ထိုမျှနှင့် မလုံလောက်သေးပုံဖြင့် ရီလန် အဆောင်စာရွက်များကိုပါထုတ်၍ ကပ်လိုက်သေးသည်။

ကုအန် သူမအား ကြောက်လန့်တကြားကြည့်နေရင်း မေးလိုက်၏။

“ဂျူနီယာညီမလေး ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ရီလန် အခန်းထဲတွင် လုံခြုံတာသေချာသွားပြီဆိုမှ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ထဲ လက်ဖက်ရည်ငှဲ့လိုက်ပြီး တစ်ခွက်သောက်လိုက်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး ကိစ္စကြီးတစ်ခုဖြစ်တော့မယ် မိစ္ဆာသခင်က မကြာခင်လာတိုက်တော့မယ်”

ကုအန် ခြေထောက်များပင် မခိုင်တော့ဘဲ ထိုင်ချလိုက်ကာ စိတ်၀င်တစားမေးလိုက်၏။ “မိစ္ဆာသခင်က ဘယ်သူလဲ ဘယ်ဂိုဏ်းကလဲ”

All Chapters