← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

၄၃)

နတ်အသွင်ပြောင်းခြင်းအထက်က အဆင့်ကိုသိလား

“ကျွန်မဆရာကတော့ ကောင်းကင်ပျက်သုဉ်းဂိုဏ်းက ကြမ္မာမဲ့ မိစ္ဆာသခင်လို့ ခန့်မှန်းထားတယ်” ရီလန် ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

ကုအန် မျက်မှောင်ကြုံ့၍ မေးလိုက်ဧ်။ “ဘာလို့မင်းတို့က အဲ့လိုထင်တာလဲ”

“မနေ့ညက အပြင်စည်းဂိုဏ်းထဲက စိတ်ဝိညဉ်စွမ်းအင်တွေ လျော့ကျသွားတယ် အဲ့တာက အတွင်းစည်းဂိုဏ်းကိုတောင် ထိခိုက်သွားစေသေးတယ် နောက်ပြီး ၀မ်းယင်ဂိုဏ်းရဲ့ လင်းဖူထျန်းကို သစ်ရွက်ပျံဓားအင်မော်တယ်ကသတ်ဖြတ်မှု အဲ့ဒီအရာတွေ အကုန်လုံးက မိစ္ဆာလမ်းစဉ်က ကျူးကျော်ဖို့ ပြင်ဆင်နေပြီလို့ ညွှန်ပြနေတယ်

အပြင်စည်းဂိုဏ်းရဲ့ စိတ်ဝိညဉ်စွမ်းအင်တွေကို လျော့ကျစေတာက သူတို့အစီအစဉ်ရဲ့ ပထမအဆင့်ပဲ ကြမ္မာမဲ့မိစ္ဆာသခင်တစ်ယောက်ပဲ ဒါမျိုးကိစ္စမျိုးကို လုပ်နိုင်တာ ပြောကြတာတော့ သူ့ရဲ့ ကောင်းကင်စုပ်ယူမိစ္ဆာသိုင်းက မိုင်ပေါင်းထောင်ချီကြီးမားတဲ့ ကုန်းမြေကိုတောင် စိတ်ဝိညဉ်စွမ်းအင်ခမ်းခြောက်သွားအောင် စုပ်ယူပစ်နိုင်တယ်တဲ့” ရီလန်ပြောနေရင်း မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဒါက…..

ကုအန် ဆွံ့အသွားခဲ့၏။

လင်းဖူထျန်းအား သတ်ဖြတ်လိုက်သူမှာ သူဖြစ်ပြီး မနေ့ညကအဖြစ်အပျက်များသည်လည်း သူ့ကြောင့် ဖြစ်သွားခြင်း ဖြစ်ပေသည်။

မိစ္ဆာလမ်းစဉ်မှလူများသည် သူ့အစား စွပ်စွဲခံနေကြရ၏။

ကုအန်သည် မလုပ်ချင်သော်လည်း ရွက်ဝါတစ်ထောင်မျှော်စင်မှ သူလျှိုအဖြစ် အတင်းအကြပ်သွပ်သွင်းခြင်း ခံခဲ့ရသည်။ သို့သော် သူ့ကိုယ်သူ ဘယ်တုန်းကမှ မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ် မသတ်မှတ်ခဲ့ပေ။

သူခဏ စဉ်းစားလိုက်ပြီး ရီလန့်ကို နှစ်သိမ့်လိုက်၏။ “ဂျူနီယာညီမလေး စိတ်မပူပါနဲ့ ကောင်းကင်ပြိုကျရင် အရပ်ရှည်တဲ့သူတွေ ထမ်းထားပါလိမ့်မယ် အဓိပတိဂိုဏ်းဆိုတာ ထိုက်ကန်မင်းဆက်ရဲ့ အင်အားအကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်းပါ တကယ်လို့ မိစ္ဆာလမ်းစဉ်က ကျူးကျော်တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ဂိုဏ်းကိုကိုင်လှုပ်ဖို့တော့ ခက်ခဲလိမ့်မယ်”

ရီလန် သက်ပြင်းတစ်ချက်ချလိုက်ကာ ကုအန်ကို ကြည့်ရင်း အံတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။

“စီနီယာအစ်ကိုကြီး ကျွန်မတို့ထွက်ပြေးကြရင်ရော အခုကျွန်မက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီ လူသူမနီးတဲ့ တောင်တစ်လုံးလုံးထဲမှာ ကျွန်မတို့ ပုန်းအောင်းပြီး ကျင့်ကြံကြမလား ကျွန်မအစ်ကိုကြီးကိုလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်အောင် ကူညီပေးမှာပါ”

ကုအန် စိတ်မတည်မငြိမ်ပင် ဖြစ်သွားခဲ့ရ၏။

ဘုရားဘုရားဒီကောင်မလေးက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ဘ၀ကို ငါ့ဆီပုံအပ်ဖို့ ကြံစည်နေတာပဲ!

ကုအန် အကူအညီမဲ့စွာ ပြောလိုက်သည်။ “ဂျူနီယာညီမလေး မင်းကအစိုးရိမ်လွန်နေပြန်ပါပြီ ဒီကမ္ဘာပေါ်မှာ လုံခြုံတယ်ဆိုတဲ့နေရာ ဘယ်မှာရှိလို့လဲ တကယ်လို့ငါတို့ပုန်းအောင်းနေမယ်ဆိုရင်တောင် တစ်ချိန်မှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်ယောက်နဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ နောက်ပြီး မိစ္ဆာတွေလာတိုက်မယ်ဆိုတာကလည်း မင်းတို့ထင်မြင်ချက်သက်သက်ပါ အစ်ကိုကြီးတော့အဲ့လိုမထင်ဘူး”

“တကယ်လို့ မိစ္ဆာလမ်းစဉ်ကသာ အဓိပတိဂိုဏ်းကို အမှန်တကယ်ကျူးကျော်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူတို့ရုတ်တရက် အလစ်အငိုက်ဖမ်းတိုက်ခိုက်ကြမှာပေါ့ ဘာလို့ အခုလိုဆူဆူညံညံတွေလုပ်ပြီး အဓိပတိဂိုဏ်းကို ပြင်ဆင်ချိန်ပေးမှာလဲ”

ထိုစကားကိုကြားသောအခါ ရီလန်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

သူခဏတွေးလိုက်ပြီး ပြောလိုက်၏။

“ဒါမှမဟုတ် အစ်ကိုကြီး ပြဿနာတွေကိုရှောင်ရအောင် ကျွန်မနဲ့အတူတူအပြင်စည်းမြို့ထဲလိုက်ခဲ့ပါလား”

ကုအန် ပြုံး၍ပြန်ပြောလိုက်သည်။ “ဂျူနီယာညီမလေး အစ်ကိုကြီးကိုတကယ်ပဲ စိုးရိမ်စရာမလိုပါဘူး အစ်ကိုကြီးကြောင့် ညီမလေးကျင့်ကြံခြင်းကို အထိခိုက်မခံစေချင်ပါဘူး ညီမလေးတကယ်ပဲ အစ်ကိုကြီးကို ဂရုစိုက်တယ်ဆို ကြိုးစားပြီးသာကျင့်ကြံ အဲ့တာက မင်းကောင်းဖို့အတွက်ပဲ ကျင့်ကြံခြင်းကို အဓိကမထားတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ အနာဂတ်မှာ တကယ့်အခြေအနေတွေကို ရင်ဆိုင်လာရတဲ့အခါ စွမ်းအားမဲ့နေလိမ့်မယ်”

ရီလန် ရှက်သွားခဲ့ပြီး သူတကယ်ပဲအတွေးလွန်သွားခဲ့သည်ဟု ခံစားသွားခဲ့ရသည်။

“မင်းရဲ့ စီနီယာအစ်ကိုကြီးငါက အခုဆို ချီကျင့်ကြံခြင်းအဆင့် ၉ ကိုတောင်ရောက်နေပါပြီ မိစ္ဆာကျင့်ကြံသူတွေ အစ်ကိုကြီးကိုအလွယ်တကူ သတ်လို့ရမှာမဟုတ်ဘူး” ကုအန် သူ့ကိုယ်သူ ဂုဏ်ယူနေသည့်ပုံဖြင့် ပြောလိုက်၏။

ထိုအခါ ရီလန် ပါးစပ်ကိုလက်နှင့်အုပ်၍ တခစ်ခစ်ရယ်မောလိုက်လေသည်။

“စီနီယာအစ်ကိုကြီး အဓိပတိဂိုဏ်းကိုတောင်ကျူးကျော်ရဲတဲ့ မိစ္ဆာကျင့်ကြံသူတွေက ချီကျင့်ကြံခြင်းအဆင့်လောက်ပဲ ဟုတ်နေပါ့မလား သူက စိတ်ဝိညဉ်အခြေတည်အဆင့် လင်းဖူထျန်းကိုတောင် သတ်ဖြတ်ခဲ့တာလေ”

ကုအန် ခပ်တည်တည်နှင့် ပြောလိုက်သည်။ “ဘာလဲ စိတ်ဝိညဥ်အခြေတည်အဆင့်ကျင့်ကြံသူက မင်းအစ်ကိုကြီးကိုသတ်ဖို့ လက်ချောင်းတစ်ချောင်းတောင် လှုပ်ဖို့မလိုဘူးလို့ ထင်လို့လား”

“ဟုတ်ပါတယ် ဟုတ်ပါတယ် စီနီယာအစ်ကိုကြီးက အစွမ်းအထက်ဆုံးပါပဲ” ရီလန် တခစ်ခစ်ရယ်၍ ပြောလိုက်ရာ သူတို့ကြားရှိ လေထုတင်းမာမှုမှာ လျော့ကျသွားလေတော့သည်။

ထို့နောက် ကုအန်အပြင်စည်းဂိုဏ်းထဲရှိ အခြေအနေများအား မေးမြန်းခဲ့လေရာ ရီလန်လည်းမခြွင်းမချန် ပြောပြခဲ့၏။

ညနေစောင်းချိန်သို့ ရောက်သောအခါမှသာ ရီလန် ပြန်သွားခဲ့‌သည်။

အစက သူ့လျှို့ဝှက်သိုင်းများနှင့် မှော်သိုင်းများကို ယနေ့ည အဆင့်မြှင့်မည်ဟု စီစဉ်ထားသော်လည်း အပြင်စည်းဂိုဏ်းသားများသည် တိုက်ပွဲအတွက်ပြင်ဆင်နေသည်ဟု ကြားလိုက်ရသောကြောင့် ကုအန် မဆင်မခြင်မလုပ်ရဲတော့ဘဲ လတ်တလောတော့ ငြိမ်ငြိမ်ကလေးသာ နေဦးမည်ဟု ဆုံးဖြတ်လိုက်၏။

သူ့စိတ်ထဲတွင်လည်း သံသယတစ်ခုရှိနေသေးသည်။

သူအဆင့်ချိုးဖျက်ရာ၌ စိတ်ဝိညဉ်စွမ်းအင်အများအပြား စုပ်ယူခဲ့မိပြီး အပြင်စည်းဂိုဏ်းရှိ စိတ်ဝိညဉ်စွမ်းအင်အလွှာပင် ပါးလျသွားခဲ့သောကြောင့် အကျိုးဆက်သည် မည်သို့ ဖြစ်လာမည်နည်း။

ထိုသို့သောကိစ္စမျိုးကို အဓိပတိဂိုဏ်းကဒီတိုင်း ရပ်ကြည့်နေလိမ့်မည်ဟုတော့ သူမထင်ပေ။

……

နောက်သုံးရက်အတွင်း ကုအန် ဆန်းကြယ်တောင်ကြား၌သာ နေခဲ့ပြီး သဘာ၀ဂူ ၈ လုံးထဲသို့ပင် မသွားခဲ့ပေ။

ကောင်းကင်နဂါးလေးသည် သူ၏လေ့ကျင့်ရေးကို စတင်နေပြီဖြစ်ပြီး အသားမစားဘဲ ရက်ပေါင်းများစွာအထိ နေနိုင်ပေသည်။ သူအရမ်းဆာလောင်လာလျှင်စားရအောင် ကုအန် နွယ်စိမ်းသစ်သီးများလည်း ဂူထဲတွင် ပြင်ဆင်ပေးထားခဲ့၏။

ကုအန်နှင့် နဂါးလေးသည် စိတ်ဝိညဉ်ချင်းချိတ်ဆက်နေကြသူများဖြစ်ရာ နဂါးလေးသည် သူညွှန်ကြားထားသမျှကို မှတ်မိနေပေသည်။ ထိုကောင်‌လေးသည် မွေးလာကတည်းက အခုထိ သူ့ကိုဘာဒုက္ခမှမပေးဘူးပဲ စိတ်ချရသောကောင်လေးဖြစ်၏။

ထိုညတွင်

ကုအန် အိမ်ထဲတွင်စာဖတ်နေရင်း သူ၏ ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ်များကြောင့် အသက်တစ်ချက်ရှူလိုက်လျှင်ကို ဆယ်ကိုက်အတွင်းရှ်ိ စိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူနေနိုင်ခဲ့သည်။

သို့သော် အပြင်စည်းဂိုဏ်းတွင်းရှိ စိတ်ဝိညဉ်စွမ်းအင်များမှာ အခုမှ ပြန်လည်ဖြည့်တင်းစအချိန်ဖြစ်သောကြောင့် ကုအန် မကျင့်ကြံရဲဘဲ သူ့ကျင့်ကြံခြင်းကို အတင်းဖိနှိပ်ထားးခဲ့ရသည်။

ထိုစဉ်ရုတ်တရက် ကုအန်တစ်ခုခုကို အာရုံခံလိုက်မိ၏။

သို့သော် သူမထဘဲ ဆက်၍သာ စာဖတ်နေလိုက်သည်။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ ပြတင်းပေါက်ရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာခဲ့ပြီး ထိုပုံရိပ်သည် ပြတင်းတံခါးကို တိတ်တိတ်ကလေးဖွင့်ကာ အခန်းထဲသို့ ခုန်၀င်လာခဲ့၏။

ကုအန် ချက်ချင်းသက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ဖြင့် စစ်ဆေးလိုက်သည်။

[ဖူရှောင်း (အခြေခံတည်ဆောက်ခြင်းအဆင့် ၂): ၁၆၀/၁၉၈/၂၄၀]

လီရွှမ်တောက်နှင့် လင်းဖူထျန်းတို့နှင့် ရင်ဆိုင်ရပြီးကတည်းက ကုအန် သူ့သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ကို ပိုအားကိုးလာမိခဲ့၏။ ဤကျင့်ကြံခြင်းကမ္ဘာတွင် သူတို့ကဲ့သို့ လက်သည်းဝှက်ထားသည့် မြေခွေးအိုကြီးများ ရှိနေ‌နိုင်သေးသည် မဟုတ်ပါလား။

ဖူရှောင်းသည် အသက်၅၀ အရွယ်လောက်ရှိသော လူကြီးတစ်ယောက်ဖြစ်ပြီး အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားကာ မည်းနက်သော မျက်လံုးအိမ်ထဲတွင် စူးရှသော လင်းယုန်မျက်လုံးများရှိပြီး အကြံသမားတစ်ယောက်၏သွင်ပြင်မျိုး ရှိပေသည်။

သူအခန်းထဲရောက်လာပြီးနောက် ကုအန်ကိုကြည့်၍ မေးလိုက်၏။ “မင်းကတောင်ကြားသခင်လား”

ကုအန် မျက်မှောင်ကြုံ့၍ ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် ခင်ဗျားကဘယ်သူလဲ”

ဖူရှောင်း ပြန်မဖြေဘဲ ကုအန်ကို သေချာအကဲခတ်နေခဲ့၏။ ခဏနေမှသာ ပြောလိုက်သည်။

“ရွက်ဝါတစ်ထောင်၏ အေးစက်သော အကြောများအောက်တွင် နောင်တမရှိပါ….”

ကုအန်တိတ်ဆိတ်သွားခဲ့၏။

သူချက်ချင်း ဖူရှောင်းတစ်ယောက်တည်းလာခြင်းဟုတ်မဟုတ် သေချာစေရန် နတ်အာရုံကိုသုံး၍ အနီးနားတစ်ဝိုက်ကို စစ်ဆေးလိုက်သည်။

ဘယ်သူမှမရှိတာသေချာမှသာ သူပြန်ပြောလိုက်၏။

“အနန္တဥပဒေသများ ပျက်ဆီးနေသော ကာလတွင် အရင်းအမြစ်ကို ရှာဖွေရန်ခက်ခဲလှသည်…”

ထိုစကားကိုကြားမှသာ ဖူရှောင်းစိတ်အေးသွားပြီး အခန်းထဲရှိ စားပွဲတွင်သူ့အိမ်သူ့ယာကဲ့သို့ ၀င်ထိုင်လိုက်လေသည်။ ထို့နောက် လက်ဖက်ရည်ငှဲ့နေရင်း မေးလိုက်၏။ “ချန်းရွှမ်တန်ရော သေပြီလား”

ကုအန် ခေါင်းညိတ်ပြလိုက်ကာ “ဆရာက ထွက်သွားခဲ့ပါပြီ အကြီးအကဲကဘာကိစ္စရှိလို့ ရှာနေတာလဲ သိပါရစေ”

“မင်းနွယ်စိမ်းပင်အကြောင်း တစ်ခုခုသိလား” ဖူရှောင် လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ အခန်းအား တစ်ချက်ကြည့်လိုက်၏။

အခန်းထဲတွင် စာအုပ်များနှင့် စိတ်ဝိညဉ်ကာကွယ်ခြင်း သစ်ရွက်နှင့်ပတ်ထားသော ဆေးပင်များမှအပ ဘာမှ မရှိခဲ့ပေ။

ဖူရှောင်းသည် နွယ်စိမ်းပင်အကြောင်းထိုမျှစိတ်၀င်တစားမရှိလှသည်ကို တွေ့လိုက်သောကြောင့် ကုအန် ပြန်မေးလိုက်သည်။

“နွယ်စိမ်းပင်ဆိုတာ ဘာလဲဗျ”

ကုအန်စကားကိုကြားသောအခါ ဖူရှောင်းကုအန်ကို ပြန်ကြည့်လိုက်ပြီး မေးလိုက်၏။ “မင်းဆရာက ဘာမှမပြောခဲ့ဘူးလား”

ကုအန်ခေါင်းခါပြလိုက်သည်။

“နွယ်စိမ်းပင်ဆိုတာ ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မြင့်မြတ်သစ်ပင်ပဲ လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က ရွက်ဝါတစ်ထောင်မျှော်စင်က အဓိပတိဂိုဏ်းရဲ့အပြင်စည်းဂိုဏ်းထဲကို နွယ်စိမ်းပင်တစ်ပင်‌ပို့ထားခဲ့တယ် ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သူလျှို‌ေတွရဲ့ အဆက်အစပ်တွေပျောက်ဆုံးကုန်ပြီး အခုဆို အပင်ရဲ့တည်နေရာအတိအကျကို ဘယ်သူမှမသိတော့ဘူး” ဖူရှောင်းမျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

အဲ့ဒီအပင်က နှစ်နှစ်ရာကျော်လောက်က ရောက်လာခဲ့တာကိုး!

ကုအန် မျက်မှောင်ကြုံ့ကာ တိတ်တဆိတ်စဉ်းစားနေမိသည်။ ကျန်းချောင်သည် သူ့အား တစ်ခုခုကိုဖုံးကွယ်ထားခဲ့ခြင်းလော။

ဖူရှောင်းသက်ပြင်းချကာ ဆက်ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် ငါ့ဆရာက အခုနတ်အသွင်ပြောင်းခြင်းအဆင့်ကို ချိုး‌ဖျက်တော့မှာလေ ကောင်းကင်ကပ်ဘေးကလည်း အရမ်းကြောက်စရာကောင်းတာဆိုတော့ ငါသူ့အတွက် နွယ်စိမ်းသီးရှာပေးပြီး ကူညီချင်လို့ပါ”

ထိုစကားကိုကြားသောအခါ ကုအန်စိတ်၀င်တစား ပြန်မေးလိုက်သည်။

“နတ်အသွင်ပြောင်းခြင်းဆိုတာ ဘယ်အဆင့်လဲ”

“အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့အထက်မှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ရှိတယ် သူ့အထက်မှာက စိတ်ဝိညဉ်အခြေတည်အဆင့် အဲ့တာရဲ့အထက်ကမှ နတ်အသွင်ပြောင်းခြင်းအဆင့်” ဖူရှောင်း နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ချိုးဖျက်တော့မည့်သူမှာ သူပဲဖြစ်နေသလိုလို သူ့မုတ်ဆိတ်အားသပ်၍ ပြုံးနေခဲ့၏။

“စိတ်ဝိညဉ်အခြေတည်အဆင့်ရဲ့ မိုးကြိုးကပ်ဘေးကတောင် အရမ်းကြောက်စရာကောင်းတာမလား ကျွန်တော်ကြားဖူးတာတော့ စိတ်ဝိညဉ်အခြေတည်အဆင့်တွေက အမတတွေဆို” ကုအန် အံ့ဩနေဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဘာအမတလဲ အဲ့ဒီအဆင့်နဲ့ အဝေးကြီးလိုသေးတယ် အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို တက်တဲ့အခါမှာတောင် ကပ်ဘေးတွေကိုကျော်ဖြတ်ရတယ် ကပ်ဘေးတိုင်းကအန္တရာယ်များပြီး သေစေနိုင်တယ် အဆင့်ပိုမြင့်လာလေလေ သေစေနိုင်တဲ့မိုးကြိုးကပ်ဘေးတွေ ပိုကျလာလေလေပဲ ငါ့ဆရာက ဒီမိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေတာ ဆယ်နှစ်ရှိနေပြီ” ဖူရှောင်း ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်၏။

ကုအန်မေးလိုက်သည်။ “ဘာလို့ပြင်ဆင်ဖို့လိုတာလဲ ဒီတိုင်းကျော်ဖြတ်လိုက်လို့ မရဘူးလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကပ်ဘေးကိုဖြတ်ကျော်တဲ့အခါ စိတ်ဝိညဉ်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ဖို့ဆေးတွေ ၊ အထောက်အကူပြုပေးမယ့် ၀င်္ကပါတွေ၊ ပြီးတော့ မှော်အသုံးအဆောင်ပစ္စည်းတွေ အများကြီးလိုအပ်တယ် တစ်ယောက်ယောက်က ဘာမှမပြင်ဆင်ဘဲ တိုက်ရိုက်ချိုးဖျက်တာကို တစ်ခါမှမကြားခဲ့ဖူးဘူး” ဖူရှောင်း ကုအန်ကို အရူးတစ်ယောက်အားကြည့်သလို ကြည့်နေရင်းပြောလိုက်၏။

ထိုစကားအားကြားသောအခါ ကုအန်စိတ်ထဲသံသယ၀င်နေသည်များ ရှင်းလင်းသွားခဲ့ရသည်။

ထိုစဉ် ရုတ်တရက်ဖူရှောင်းရယ်‌လိုက်ကာ ပြောလိုက်၏။ “မင်းဆေးတောင်ကြားမှာ ဆေးပင်တွေအများကြီးရှိတာ တွေ့ခဲ့တယ် ဒီလိုလုပ်ပါလား မင်းကငါ့ကိုဆရာတင်လိုက် ငါမင်းကိုမှော်သိုင်းကွက်တွေသင်ပေးမယ် မင်းကငါ့ကိုတောင်ကြားရဲ့ တစ်နှစ်စာရိတ်သိမ်းလို့ရတဲ့ ဆေးပင်ရဲ့ သုံးပုံတစ်ပုံကိုပေးရမယ်”

ကုအန် ထပ်မံမျက်မှောင်ကြုံ့သွားရပြန်သည်။

ဖူရှောင်း လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။ “ကောင်လေး ငါ့ဆရာ မင်းရဲ့ဆရာဘိုးဘိုးက အတွင်းစည်းဂိုဏ်းကပဲ သူသာနတ်အသွင်ပြောင်းအဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ရင် အကြီးအကဲတစ်ယောက်ဖြစ်လာမှာ သေချာတယ် အဲ့ဒီအချိန်ကျ မင်းလိုချင်တာရပြီပဲ”

ကုအန်မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်။

“အကြီးအကဲဆရာက အတွင်းစည်းဂိုဏ်းက အကြီးအကဲတောင်ဖြစ်လာနုိင်တယ်လား ဒါဆိုဆိုလိုတာက သူဒီကိုရောက်နေတာအချိန်အတော်ကြာနေပြီမလား သူကဘာလို့ နွယ်စိမ်းပင်အကြောင်းမသိရတာလဲ”

“အဲ့တာကဇာတ်လမ်းအရှည်ကြီးပဲ အရင်ဆုံးငါ့ကိုမင်းဆရာအဖြစ် အသိအမှတ်ပြုလိုက်” ဖူရှောင်း ခပ်တည်တည်ပြောလိုက်၏။

ကုအန်တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်သည်။ “အဲ့တာက အကြီးအကဲဆရာရဲ့ ဆန္ဒလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့ဆရာက ငါဆေးတောင်ကြားရောက်နေတာကိုတောင် မသိဘူး ကောင်လေး မင်းကအစေခံတပည့်တစ်ယောက်သက်သက်ပဲလေ ငါ့ဆရာလိုလူက မင်းကိုဘယ်လိုလုပ်သတိထားမိမှာလဲ” ဖူရှောင်း စိတ်မရှည်လက်မရှည်‌ပြန်ပြောလိုက်၏။

ထိုစဉ် ကုအန် ဖူရှောင်းရှေ့တွင် အုပ်မိုး၍ထရပ်လိုက်ကာ ပြောလိုက်သည်။ “နောက်ဆုံးမေးခွန်းပဲ”

ဖူရှောင်းမျက်မှောင်ကြုံ့၍ ပြန်မေးလိုက်၏။

“ဘာမေးခွန်းလဲ”

စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းများကြောင့် သူထိုကလေးကို တကယ်ပဲသတ်ပစ်ချင်လာခဲ့သည်။

“နတ်အသွင်ပြောင်းခြင်းအဆင့်ရဲ့အထက်မှာရှိတဲ့အဆင့်ကို ခင်ဗျားသိလား”

“ဘာ”

သူရှေ့မှ အစေခံကောင်လေးသည် ထိုကဲ့သို့မေးခွန်းမျိုးကိုမေး၍ သူ့ကို လှောင်ပြောင်နေသည်ဟု ခံစားလိုက်ရပြီး ဖူရှောင်း ပေါက်ကွဲသွားခဲ့သည်။

ထို့နောက် သူထရပ်လိုက်တော့မည့်အချိန်တွင် ကုအန်ညာလက်သည် သူ့ခေါင်းပေါ် ရောက်ရှိလာခဲ့၏။

သူကုအန်အား မော့ကြည့်လိုက်ရာ ကုအန်မျက်နှာသည်အေးစက်နေပြီး မျက်လုံးထဲတွင်လည်း အေးစက်စက်အလင်းတစ်ချက်လက်သွားခဲ့ကာ ကုအန်အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်တွင် ဖူရှောင်း သူ့ဆရာနှင့်တွေ့နေရသလို ခံစားသွားခဲ့ရ၏။

မဟုတ်သေးပေ၊။ သူ့ဆရာပင်လျှင် ထိုမျှ ကြောက်စရာကောင်းမနေချေ။

သူတစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် သူ့အသိစိတ်ပျောက်ဆုံးသွားခဲ့ပြီး သူ့မျက်လုံးများမှာလည်း ဗလာမျက်လုံးများ ဖြစ်သွားခဲ့လေသည်။

ကုအန် ဝိညဉ်ချုပ်ပညာအားအသုံး‌ပြုနေခြင်းဖြစ်၏။ သူအရင်က ထိုပညာကို မတတ်မြောက်သေးပါသော်လည်း ယခုမူ ဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ် အစွမ်းကြောင့် ချက်ချင်းပင် ထိုပညာ၏အနှစ်သာရကို ဖမ်းဆုပ်နိုင်သွားခဲ့သည်။

အထူးတလည်ကျွမ်းကျင်သွားခြင်းမျိုး မဟုတ်ပါသော်လည်း ဖူရှောင်းကို ကိုင်တွယ်ဖို့တော့ လုံလောက်သော ပမာဏ ဖြစ်၏။

စိတ်ဝိညဉ်စွမ်းအားနှင့် ဖူရှောင်းကိုဖိနှိပ်ထားစဉ်တွင် ကုအန် နတ်အာရုံကိုသုံး၍ ဖူရှောင်းစိတ်ကိုမွှေနှောက်ရှာဖွေနေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ ဖူရှောင်း သေဆုံးသွားခဲ့၏။

ထိုအခါမှသာ ကုအန်မျက်လုံးပြန်ဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။

ထိုကောင်သည် နွယ်စိမ်းပင်အကြောင်းအမှန်တကယ်မသိခြင်းဖြစ်ပြီး သူ့ဆရာက သူ့ကိုဤနေရာသို့ပို့လိုက်ခြင်းလည်း မဟုတ်ပေ။

ကုအန် ညာလက်ဖြင့် ဖူရှောင်းကိုမ၍ ပြတင်းပေါက်မှတစ်ဆင့် လေထဲသို့ လွှင့်ပစ်လိုက်ပြီး လေထဲသို့ရောက်သွားသောအခါ သူ့လက်ဖဝါးမှစိတ်ဝိညဉ်စွမ်းအင် မီးတောက်များ ထွက်ပေါ်လာပြီး ဖူရှောင်းအလောင်းကို ဘာမှမကျန်တော့သည်အထိ ရှို့ပစ်လိုက်သည်။

ကုအန် မျက်လုံးအားပိတ်ထားခဲ့ဧ။်။ ထိုကဲ့သို့သော ရက်စက်လွန်းသည့် မြင်ကွင်းမျိုးကို သူမကြည့်နိုင်ပေ။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၏ စိတ်ဝိညဉ်မီးတောက်သည် သန်မာလွန်းသောကြောင့် အသက်ရှူကြိမ်လေးကြိမ်စာအတွင်း ဖူရှောင်း၏ အလောင်းဘာမှမကျန်တော့ဘဲ သိုလှောင်အိတ်တစ်လုံးသာ ကျန်ရစ်ခဲ့လေသည်။ ကုအန်လည်း သက်တမ်း ၄ နှစ်ရရှိသွားခဲ့၏။

ထို့နောက် ကုအန်သိုလှောင်အိတ်ကိုစစ်ဆေးကာ ဆေးပင်များနှင့် စိတ်ဝိညဉ်ကျောက်တုံးများကို ယူထားလိုက်သည်။ မှော်အသုံးအဆောင်များနှင့် အဆောင်စာရွက်များကိုတော့ သူမထိရဲခဲ့ဘဲ သက်သေအစအနမကျန်အောင် သိုလှောင်အိတ်နှင့်အတူ ဖျက်ဆီးပစ်ခဲ့၏။

နောက်တစ်နေ့မနက်တွင် ကုအန် ဘာမှမဖြစ်သလို အိမ်ပေါ်မှ ဆင်းလာခဲ့လေသည်။

တပည့်များ အကြောလျှော့လေ့ကျင့်ခန်းလုပ်ရန် လူစုနေသည်ကို တွေ့လိုက်သောအခါကုအန် စိတ်မလုံသလိုပင် ခံစားလိုက်ရ၏။

မဟုတ်သေးပါဘူး ငါကတကယ့်ကို မိစ္ဆာလမ်းစဉ်က သူလျှိုတစ်ယောက်လို သရုပ်ဆောင်မိနေတာပဲ!

ဤသို့ဖြင့် တစ်လကြာသည်အထိ ရွက်ဝါတစ်ထောင်မျှော်စင်မှ မည်သူမှထပ်မလာတော့သောအခါမှသာ ကုအန်စိတ်အေးသွားခဲ့ရသည်။

တစ်ရက်တွင် တုယီ ရုတ်တရက်ကုအန်ဆီရောက်လာခဲ့ပြီး သူတို့နှစ်ယောက်အိမ်ပေါ်တွင် စကားပြောခဲ့ကြ၏။

“တတိယသခင်မလေးက ချီလင်ခြေလှမ်း ကိုအောင်မြင်သွားခဲ့ပြီးတော့ မိသားစုခေါင်းဆောင်က အဲ့ဒီကိစ္စကို အရမ်းကျေနပ်နေတယ် အဲ့တာကြောင့် အတွင်းစည်းဂိုဏ်းထဲမှာ ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးလိမ့်မယ် ကျိမိသားစုရဲ့အစေခံတစ်ယောက်အနေနဲ့ မင်းလည်းဧည့်သည့်တွေကို ကြိုဆိုဖို့ပါ၀င်ပေးရမယ် ငါနောက်ဆယ်ရက်နေရင် မင်းကိုဥပဒေရေးရာခန်းမရှေ့မှာ စောင့်နေမယ် ဒီရက်တွေထဲ ဆေးပင်အချို့လည်းပြင်ဆင်ထားဦး ဒါဆိုတတိယသခင်မလေးက မင်းကိုသဘောကျကောင်း ကျလာနိုင်တယ်” တုယီ လေးလေးနက်နက်ပြောလိုက်သည်။

ကုအန်ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။

ဒီည ငါအရပ်၈ မျက်နှာခြေလှမ်းကို လေ့ကျင့်ရမယ်!

ကျိရှောင်ယုတတ်ထားတဲ့ ချီလင်ခြေလှမ်းက ဘယ်လောက်သန်မာသလဲ ကြည့်လိုက်ကြတာပေါ့ကွာ!

အပိုင်း(၄၄)

တည်နေရာကူး‌ေပြာင်းခြင်း အစီအရင်

တုယီ အမြန်လာကာ အမြန်ပင်ပြန်သွားခဲ့ပြီး သူ့ကိုယ်သူ မျိုးရိုးကျိ ရှိသောလူတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သည်။

ကျိမိသားစု၏ ဂုဏ်ပြုပွဲကြောင့် အတွင်းစည်းဂိုဏ်းထဲသို့ အလည်သွားခွင့်ရမည်ဖြစ်၍ ကုအန်လည်း စိတ်၀င်စားနေမိ၏။

အတွင်းစည်းဂိုဏ်းထဲသို့ရောက်လျှင် လိုအပ်သောပစ္စည်းများ ၀ယ်၍ရရန် ကုအန် ဒီရက်ထဲတွင် စိတ်ဝိညဉ်ကျောက်တုံးများပို၍ စုဆောင်းထားရန် စဉ်းစားထားခဲ့သည်။

ညဉ့်အချိန်ရောက်သောအခါ

ကုအန် ဆန်းကြယ်တောင်ကြားမှ ခိုးထွက်လာကာ အရင်တစ်ခါ သူအဆင့်ချိုးဖျက်ခဲ့သောနေရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ သွားလိုက်၏။ ဆန်းကြယ်တောင်ကြားနှင့် မိုင်၅၀ ခန့်ဝေးသော အရပ်သို့ရောက်သောအခါ ကုအန် တောင်စောင်းတစ်ခု၏ ရှေ့တွင် ထိုင်လိုက်ပြီး စနစ်ကိုဖွင့်လိုက်သည်။

ထို့နောက် အရပ်ရှစ်မျက်နှာ ခြေလှမ်းသိုင်းထဲသို့ သက်တမ်းနှစ်၅၀၀၀ တိုက်ရိုက်ပေါင်းထည့်လိုက်၏။

လှုပ်ရှားမှုနှင့်ဆိုင်သော သိုင်းတစ်ခုဖြစ်ရာ ထိုသိုင်းသည် တိုက်ခိုက်ရာတွင်သာမက ထွက်ပြေးရာတွင်လည်း အလွန်အသုံးတည့်သော သိုင်းမျိုး ဖြစ်ပေသည်။ ထို့ကြောင့် မရှိမဖြစ် အဆင့်မြှင့်ထားသင့်သော သိုင်းမျိုးဖြစ်၏။

ကုအန်ထိုသို့တွေးနေစဉ်တွင် သူ့မျက်စိရှေ့၌ စာကြောင်းများ ပေါ်လာခဲ့သည်။

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းထဲသို့ သက်တမ်းနှစ် ၅၀၀၀ ပေါင်းထည့်ပြီးပါပြီ]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို တစ်နှစ်ကျင့်ကြံခဲ့ပြီး ထိုသိုင်းအား တတ်မြောက်သွားခဲ့ပါသည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို ဆယ်နှစ်ကျင့်ကြံခဲ့ပြီး ထိုသိုင်း၏အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ကာ သင်၏ လှုပ်ရှားမှုသိုင်းများအပေါ် နားလည်မှု တိုးတက်လာခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ်၅၀ကျင့်ကြံခဲ့ပြီး ထိုသိုင်းအပေါ် အမြင်သစ်တစ်ခုရရှိသွားခဲ့ကာ အရပ်ရှစ်မျက်နှာ ဆန်းကြယ်ခြေလှမ်းသိုင်းအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ်၁၀၀ ကျင့်ကြံခဲ့ပြီး အရပ်ရှစ်မျက်နှာဆန်းကြယ်ခြေလှမ်းသိုင်း၏ အထွဋ်အထိပ်သို့ရောက်ရှိသွားခဲ့ကာ လှုပ်ရှားမှုသိုင်းများအပေါ် နားလည်မှု တိုးတက်လာခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ် ၃၀၀ ကျင့်ကြံခဲ့ပြီး ထိုသိုင်း၏ အနှစ်သာရကိုဖမ်းဆုပ်မိသွားကာ အာကာသ သဘောတရားကိုနားလည်သွားခဲ့ပြီး အရပ်ရှစ်မျက်နှာဆန်းကြယ်ခြေလှမ်းသိုင်းသည် ချီလင်ခြေလှမ်းသိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ်၁၀၀၀ ကျင့်ကြံခဲ့ပြီး ထိုသိုင်းသည် သူ၏မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ သင်၏ အာကာသအပေါ်နားလည်မှု တိုးတက်လာခဲ့ပြီး သိုင်းသည် စစ်မှန်သောကောင်းကင်နဂါးဆန်းကြယ်ခြေလှမ်းသိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ်၄၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏လေ့ကျင့်မှုသည် ကောင်းကင်နှင့်မြေကြီးကိုပင် ပဲ့တင်ရိုက်သွားစေခဲ့ပြီး ထိုသိုင်းအား အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်း အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်]

[သင်သည် အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်းကို နှစ်၅၀၀၀ ကျင့်ကြံခဲ့ပြီး အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ကာ သင်၏အာကာသအပေါ် နားလည်မှု တိုးတက်လာခဲ့သည်]

အရပ်ရှစ်မျက်နှာခြေလှမ်း၊ အရပ်ရှစ်မျက်နှာဆန်းကြယ်ခြေလှမ်း၊ ချီလင်ခြေလှမ်း၊ စစ်မှန်သောကောင်းကင်နဂါးဆန်းကြယ်ခြေလှမ်း၊ အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်း!

ကုအန် စာကြောင်းများကိုကြည့်၍ တိတ်တဆိတ်ပျော်ရွှင်နေချိန်တွင် သူ့စိတ်ထဲသို့ မှတ်ညဏ်များ တိုး၀င်လာခဲ့၏။ ကုအန်ချက်ချင်း သက်တမ်းအလွှာကို အသက်သွင်းလိုက်ပြီးနောက်တွင်တော့ မှတ်ညဏ်များအတွင်း နစ်မြုပ်သွားလေတော့သည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် မျက်လုံးများပြန်ပွင့်လာခဲ့သည်။

သက်တမ်းအလွှာအား စစ်ဆေးကြည့်လိုက်ရာ နှစ်၂၀၀သာ ကုန်ကျခဲ့သည်ကို တွေ့လိုက်ရ၏။

ကျင့်စဉ်များနှင့် မှော်သိုင်းများအား လေ့ကျင့်ခြင်းသည် ကျင့်ကြံခြင်းအဆင့်ကို မတိုးမြင့်စေသော်လည်း စိတ်ဝိညဉ်စွမ်းအင်စုပ်ယူရန်တော့ လိုအပ်နေဆဲသာ။ နောက်ဆုံးတွင် ကျင့်ကြံခြင်းလောကတွင် ဘာကိုပဲ ကျင့်ကြံနေပါစေ စိတ်ဝိညဉ်စွမ်းအင်ကိုတော့ လိုအပ်ပေသည်။

သူ၏ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ဖြတ်ကျော်စဉ်ကနှင့် ယှဉ်ရင်တော့ ဤတစ်ကြိမ်သည် မပြောပလောက်တော့ပေ။

ကုအန် စနစ်ကိုတစ်ခါထပ်ကြည့်လိုက်ပြီး အတွေးနွံထဲ ထပ်နစ်သွားခဲ့၏။

သူ့ကျင့်ကြံခြင်းကို ထပ်မြှင့်ရန် လိုအပ်နေသေးသော်လည်း သူအခုလိုအချိန်တွင် မဆင်အခြင်မဲ့ ဘာကိုမှလုပ်လို့မဖြစ်ပေ။

ထို့အပြင် သူ့ကျင့်ကြံခြင်းထပ်မတက်ခင်တွင် သူ၏ကျင့်စဉ်များကိုလည်း တိုးမြှင့်ချင်သေးသည်။ အတွင်းစည်းဂိုဏ်းသို့သွား၍ ဒြပ်ငါးမျိုးကျင့်စဉ်မျိုး ရှိမရှိသွားကြည့်ဖို့လည်း စဉ်းစားထားခဲ့၏။ အကယ်၍ သူ့တွင်ရွေးချယ်စရာမရှ်ိလျှင်တော့ သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်ကိုသာ အဆုံးထိတိုးမြှင့်ပစ်လိုက်မည် ဖြစ်သည်။

တခဏကြာ စဉ်းစားပြီးသည့်နောက်တွင်တော့ ကုအန် ကျန်းချောင်သင်ပေးခဲ့သော ရွက်ဝါတစ်ထောင်မျှော်စင်မှ မိစ္ဆာအရိပ်နတ်သိုင်းကိုသာ တိုးမြှင့်လိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ကျန်းချောင်ပြောစကားအရ ထိုသိုင်းသည် သူလျှိုအလုပ်များအတွက် အလွန်သင့်တော်သည်ဟု ပြောထားခဲ့ရာ ဘယ်လောက်အထိသင့်တော်သလဲ ကုအန် သိချင်မိသည်။

ဒီသိုင်းထဲကို သက်တမ်းနည်းနည်းပဲ ထည့်သင့်‌ေသးတယ် နှစ် ၂၀၀၀ လောက်ထည့်လိုက်တာပေါ့!

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းထဲသို့ သက်တမ်းနှစ်၂၀၀၀ ပေါင်းထည့်ခဲ့ပါသည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကို ၁၀နှစ်ကျင့်ကြံခဲ့ပြီး တတ်မြောက်သွားခဲ့သည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကို နှစ်၁၀၀ကျင့်ကြံခဲ့ပြီး ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကို နှစ်၂၀၀ ကျင့်ကြံခဲ့ပြီး မိစ္ဆာအရိပ်နတ်သိုင်း၏ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ကာ သင်၏လှုပ်ရှားမှုသိုင်းများအပေါ် နားလည်မှု တိုးတက်လာခဲ့သည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကို နှစ်၅၀၀ ကျင့်ကြံခဲ့ပြီး မိစ္ဆာအရိပ်နတ်သိုင်းသည် သူ၏အနှစ်သာရပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့ကာ ကြောင့်ကြမဲ့မိစ္ဆာခန္ဓာသိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

….

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကိုနှစ် ၁၀၀၀ ကျင့်ကြံခဲ့ပြီး ကြောင့်ကြမဲ့မိစ္ဆာခန္ဓာသိုင်း၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ကာ လှုပ်ရှားမှုသိုင်းများအပေါ် နားလည်မှုတိုးတက်လာခဲ့သည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကိုနှစ် ၁၃၀၀ ကျင့်ကြံခဲ့ပြီး ကြောင့်ကြမဲ့မိစ္ဆာခန္ဓာသိုင်းသည် သူ၏မူလပုံစံအဖြစ်သို့‌ပြန်လည်ရောက်ရှိသွားခဲ့ကာ ကြီးမြတ်သော ယင်ယန်ပြောင်းလဲခြင်းသိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]

[သင်သည် မိစ္ဆာအရိပ်နတ်သိုင်းကိုနှစ်၂၀၀၀ ကျင့်ကြံခဲ့ပြီး ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်းသိုင်း၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်]

မိစ္ဆာအရိပ်နတ်သိုင်း၊ ကြောင့်ကြမဲ့မိစ္ဆာခန္ဓာသိုင်း၊ ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်းသိုင်း!

နှစ်ကြိမ်ပဲပြောင်းသွားတာပဲ! ကြည့်ရတာ ဒီသိုင်းကအတော်လေးရှုပ်ထွေးတဲ့ပုံပါလား! ကျန်းချောင်ငါ့ကိုညာခဲ့တာ မဟုတ်ဘူးပဲ!

ကုအန် သက်တမ်းအလွှာကို အသက်သွင်းလိုက်ပြီး တိုး၀င်လာ‌ေသာ မှတ်ညဏ်များအတွင်း နစ်မြုပ်သွားလေတော့သည်။

အချိန်အတော်ကြာပြီးနောက်

ကုအန် မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီး သူ့မျက်လုံးထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့၏။

ဒီသိုင်းက တကယ်ပဲ သူလျှိုလုပ်ငန်းတွေအတွက် ပြီးပြည့်စုံလွန်းတယ်!

မိစ္ဆာအရိပ်နတ်သိုင်းသည် အသုံးပြုသူကို မိစ္ဆာချီများဖြင့် ဖုံးအုပ်ပေးပြီး နတ်အာရုံများဖြင့်ပင် မထိုးဖောက်နိုင်သော မိစ္ဆာအရိပ်တစ်ခုထုတ်နိုင်ရန် ခွင့်ပြုပေးသော ပညာဖြစ်ပေသည်။ ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်းသိုင်းမှာတော့ ပို၍ပင် အံ့ဩစရာကောင်းသေး၏။ အသုံးပြုသူကို မိစ္ဆာအရိပ်တစ်ခုထုတ်လွှတ်နိုင်အောင်လုပ်ပေးသည့်အပြင် ထိုအရိပ်ကိုလည်း ပျောက်ကွယ်သွားအောင် အခြားသူက အတင်းအကြပ် အားသုံး၍လုပ်မရပေ။ ထိုမိစ္ဆာအရိပ်သည် အသုံးပြုသူမသေခင်အချိန်ထိ ကျန်ရှိနေမည်ဖြစ်သည်။

ပို၍အရေးကြီးသည့်အချက်မှာ ထိုသိုင်းပညာသည် အရိပ်ထုတ်ပြီးပါက မှော်အသုံးအဆောင်များသာမက ကံကြမ္မာရတနာများသုံး၍ ရှာလျှင်တောင် ပိုင်ရှင်ကို သိနိုင်မည်မဟုတ်ပေ။

အစွမ်းထက်လိုက်တာ!

ထိုသိုင်းပညာနှင့်ဆိုလျှင် ကုအန် အနာဂတ်တွင် ကိစ္စများစွာ လုပ်နိုင်သွားပေလိမ့်မည်။

အထူးသဖြင့် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းနှင့် ပေါင်းလိုက်ပါက သူသည် တားဆီးမရသော သူတစ်ယောက်ဖြစ်သွားလိမ့်မည် ဖြစ်၏။ အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းတွင် တည်နေရာရွှေ့ပြောင်းခြင်းနတ်စွမ်းအားမျိုး ပါ၀င်ပြီး ခြေလှမ်းတစ်လှမ်းချင်းစီသည် နက်နဲသိမ်မွေ့လှကာ တိုက်ခိုက်ခြင်းရော ထွက်ပြေးခြင်း‌ေရာ ပြုလုပ်နိုင်သော သိုင်းမျိုးဖြစ်ပေသည်။

ကုအန် သူ့စနစ်ကိုကြည့်နေရင်း မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့၏။

အမည် : ကုအန်

သက်တမ်း : ၃၄/၃၀၈၂၃

စိတ်ဝိညဉ်အမြစ် : ထိပ်တန်းအဆင့်ဒြပ်ငါးမျိုး ကောင်းကင်စိတ်ဝိညဉ်အမြစ်

ကျင့်ကြံခြင်းအဆင့် : ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁

ကျင့်ကြံခြင်းနည်းစနစ်များ : မီးထိန်းချုပ်ခြင်းပညာ(မတတ်မြောက်သေး)၊ သန့်စင်သောသစ်သားယန်နတ်ကျင့်စဉ်(ကျွမ်းကျင်)၊ အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ်(အထွဋ်အထိပ်)၊ ဆေးတာအို(စဦးအဆင့်)၊ အနန္တအဆိပ်ဆန်းကြယ်ကျင့်စဉ်(မတတ်မြောက်သေး)၊ ယင်ယန်ပညာ(မတတ်မြောက်သေး)

လျှို့ဝှက်သိုင်းများ: လေပြင်းအရိပ်ခြေထောက်သိုင်း(အပြည့်အ၀နားလည်ပြီး)၊ ထိုက်ကန်နတ်မှင်သက်ဓားသိုင်း(အပြည့်အ၀နားလည်ပြီး)၊ အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်း(ကျွမ်းကျင်)၊ ကြီးမြတ်သောယင်ယန်ပြောင်းလဲခြင်းသိုင်း(အထွဋ်အထိပ်)၊ သစ်သားစိတ်ဝိညဉ်ဓားသိုင်း(ပညာသင်အဆင့်)၊ ကျိဝေအစီအရင်ကျမ်း(ပညာသင်အဆင့်)

မှော်သိုင်းများ: ဝိညဉ်ချုပ်ပညာ(ပညာသင်အဆင့်)၊ ဓားပျံထိန်းချုပ်ခြင်းအတတ်(အပြည့်အ၀နားလည်ပြီး)၊ ညှို့မျက်၀န်းပညာ(မတတ်မြောက်သေး)၊ သစ်သားအဆိပ်အစီအရင်(စဉီးအဆင့်)၊လေထိန်းချုပ်အတတ် (အပြည့်အ၀နားလည်ပြီး)၊ အလောင်းကောင်ထိန်းချုပ်အတတ်(မတတ်မြောက်သေး)

နတ်စွမ်းအားများ: အဝါရောင်နဂါးခွန်အား (အသေးစားအောင်မြင်မှု)

ချိုမြိန်လိုက်တဲ့ ညလေး!

ကုအန် သက်တမ်းအလွှာကို သိမ်းလိုက်ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ပုံရိပ်သည် လေထဲတွင်ပျောက်ကွယ်သွားကာ ဒါဇင်အနည်းငယ်ဝေးသော နေရာမှ ပြန်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နောက်တစ်လှမ်းလှမ်းလိုက်ရာ သူ့ပုံရိပ်သည် တောအုပ်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းကြောင့် ကုအန်ပုံရိပ်သည် အလင်းတန်းတစ်ခုလိုပဲ ဖြစ်နေခဲ့၏။ သို့သော် ထိုမျှပမာဏသည်ပင် သူသာမန်ကာလျှံရာ သွားနေခြင်းမျိုးဖြစ်ပြီး အစွမ်းကုန်ထုတ်ထားခြင်းမျိုး မဟုတ်သေးပေ။

မကြာခင်တွင် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်လာခဲ့သည်။

……..

အချိန်သည် မွန်းတည့်ချိန်ဖြစ်ပြီး နေအလင်းရောင်သည် ကမ္ဘာမြေပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်နေခဲ့၏။

ကုအန်မြို့ထဲတွင်ရပ်နေရင်း သူ့ပတ်၀န်းကျင်ရှိ မျှော်စင်နှင့်အဆောက်အအုံကြီးများကို စိတ်၀င်တစားလိုက်ကြည့်နေခဲ့သည်။ သူရပ်နေသောလမ်းတွင် လူများပျားပန်းခတ်မျှ စည်ကားနေခဲ့ပြီး မိစ္ဆာသားရဲများကိုပင် တွေ့နေရသေး၏။ ကောင်းကင်ပေါ်တွင်မူ များပြားလှသော ကျင့်ကြံသူများ သွားလာနေကြလေသည်။ ဤမြို့ထဲတွင် အိမ်ပေါင်းရာချီရှိပြီး ကျင့်ကြံသူများ ထောင်ချီရှိနေမည်မှာ သေချာ၏။

အဓိပတိဂိုဏ်းတွင် အဓိကအတွင်းစည်းမြို့ ၄မြို့ရှိပြီး တစ်မြို့ချင်းစီ၌ အိမ်ရာချီနှင့် တပည့်ပေါင်းထောင်ချီ ရှိပေသည်။ ထိုအရာသည် အတော်လေးအံ့ဩစရာကောင်းလှပေသည်။

ကုအန် ထိုက်ကန်မင်းဆက်၏ ကျယ်ပြောမှုနှင့် အဓိပတိဂိုဏ်း၏ခွန်အားကို အထင်သေးလိုက်မိသည်ဟု ခံစားနေခဲ့ရ၏။

တုယီ ချိန်းဆိုထားသော ၁၀ရက်သည် နောက်ဆုံးတွင် ရောက်လာခဲ့လေသည်။ ကုအန် ထိုနေ့မတိုင်ခင်တွင် သူလုပ်စရာရှိသော အလုပ်များအားလုံးကို ပြီးအောင်လုပ်ထားလိုက်ပြီး အချိန်ကျသောအခါ တုယီဆီသွားလိုက်ပြီးသည့်နောက် သူတို့နှစ်ယောက်သည် တည်နေရာကူးပြောင်းခြင်းအစီအရင်ဖြင့် အတွင်းစည်းဂိုဏ်းထဲသို့ တိုက်ရိုက်ပင် ရောက်ရှိခဲ့ကြ၏။

တုယီပြောစကားအရ အတွင်းစည်းဂိုဏ်းသည် အပြင်စည်းဂိုဏ်းနှင့် မိုင်ပေါင်းထောင်ချီဝေးသောနေရာတွင် ရှ်ိိပြီး သူတို့ကြားထဲရှ်ိ ကုန်းမြေတွင် အဓိပတိဂိုဏ်းမှ ပျိုးထောင်ထားသော မိစ္ဆာသားရဲများနှင့် တန်ဖိုးကြီးဆေးပင်များစိုက်သော ဆေးတောင်ကြားများ ရှိကြပေသည်။ ထိုနေရာတွင် တပည့်များအတွက် ဂိုဏ်းကစီစဉ်ပေးသော လျှို့ဝှက်နယ်မြေများပင် ရှိသေး၏။

“တည်နေရာကူးပြောင်းခြင်းအစီအရင်က တကယ်ကိုအံ့ဖွယ်အစီအရင်ပဲ ငါအနာဂတ်မှာ လေ့လာထားရမယ်” ကုအန် စိတ်ထဲတွင် တွေးလိုက်မိသည်။ အတွင်းစည်းဂိုဏ်းထဲတွင် အစီအရင်များ ၀ယ်လို့ရမရ တုယီအား သူမေးထားခဲ့ပြီး ဖြစ်၏။ တုယီ၏အဖြေမှာ သူ့တွင် စိတ်ဝိညဉ်ကျောက်တုံးများနှင့် စိတ်ဝိညဉ်စွမ်းအင်အရည်များ ရှ်ိနေသမျှ ၀ယ်လို့ရသည် ဟူ၍ ဖြစ်သည်။

အမတကျင့်ကြံခြင်းကမ္ဘာတွင် စိတ်ဝိညဉ်စွမ်းအင်အရည်များကိုလည်း ငွေကြေးစနစ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ကျင့်ကြံသူ၏ ကုန်ခမ်းသွားသော စိတ်ဝိညဉ်စွမ်းအင်များကို ပြည်ဖြည့်ပေးနိုင်သော စိတ်ဝိညဉ်စွမ်းအင်အရည်များကို ဂိုဏ်းတိုင်းက ငွေကြေးစနစ်တစ်ခုအဖြစ် အသုံးပြုကြ၏။

လီရွှမ်တောက်သူ့အား ဆေးတောင်ကြားတစ်ခုကိုအုပ်ချုပ်ခိုင်းမည်ဟု ပြောသွားကတည်းက ကုအန် သူ့တောင်ကြားများကြား ကောင်းကောင်းစီမံခန့်ခွဲနုိင်ဖို့ လုပ်ရမည်များကို စဉ်းစားထားပြီးသား ဖြစ်သည်။

အကယ်၍သာ ဆေးတောင်ကြားတိုင်း၌ တည်နေရာကူးပြောင်းခြင်းအစီအရင်များရှိနေလျှင် မည်မျှကောင်းလိုက်မည်နည်း။

“ကုအန် အမြန်လိုက်ခဲ့” တုယီရှေ့မှလောနေသောကြောင့် ကုအန်လည်း သူ့ခြေလှမ်းများကို အမှီလိုက်နေခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် တွေ့ရသမျှ အဆောက်အဦးများအကြောင်းကို တုယီက ရှင်းပြပေးခဲ့ရာ ကုအန်သေချာနားထောင်ခဲ့ပြီး နောက်နေ့များတွင် လာလည်ရမည်ဟု စဉ်းစားထားခဲ့သည်။

ကျိမိသားစုဂုဏ်ပြုပွဲသည် တစ်ရက်တည်းနှင့်ပြီးသွားမည့်အရာမျိုးမဟုတ်လေရာ သူ့တွင်လျှောက်လည်ရန် အခွင့်အရေးများစွာ ရှိနေလေ၏။

ကုအန် နားထောင်ရုံသာ‌ေထာင်နေခြင်းမဟုတ်ဘဲ သက်တမ်းစစ်ဆေးခြင်းလုပ်ဆောင်ချက်ဖြင့်လည်း တွေ့သမျှကို လိုက်စစ်ဆေးနေခဲ့သည်။

မြို့ထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်တောင်မရှိဘဲ သူတွေ့သမျှ အများစုမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်များ ဖြစ်နေခဲ့ကြ၏။ သို့သော် သူတို့အသက်များမှာတော့ ၂၀၀ ကျော်နေသူများ ဖြစ်ကြသည်။

ဤသို့ဖြင့် လမ်းပေါ်တွင် အနည်းငယ်လျှောက်လာပြီးသောအခါ ကုအန် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်အား တွေ့လိုက်ရ၏။ သို့သော် ထိုတပည့်အသက်မှာတော့ ၄၀ သာရှိနေသေးသည်။ ထင်ရှားစွာပင် သူသည် စိတ်ဝိညဉ်အမြစ်အရည်အသွေးကြောင့် အတွင်းစည်းဂိုဏ်းထဲသို့ တိုက်ရိုက်ရောက်လာသူမျိုး ဖြစ်ပုံပေါ်၏။

နာရိ၀က်ခန့်ကြာသောအခါ

သူတို့ စံအိမ်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။

ထိုစံအိမ်ကြီး၏ ခြံ၀န်းကြီးသည် အလွန်ပင်ကျယ်ပြန့်လှပြီး ခြံနံရံများမှာမိုင်နှင့်ချီ၍ ရှည်လျား‌၏။ ဂိတ်တံခါး၀၏ အထက်တွင်မူ စာလုံးအမဲကြီးဖြင့် ရေးထားသော စာလုံးနှစ်လုံးရှိ‌နေလေသည်။

ကျိအိမ်တော်!

ဘယ်လောက်ရဲလိုက်သလဲ! အတွင်းစည်းဂိုဏ်းထဲက ကျိမိသားစုတွေအကုန်လုံးက ဒီမှာစုနေကြတာများလား!

ကုအန် ဤအခြေအနေကို တစ်ချက်တွေးကြည့်လိုက်ပြီး ဖြစ်လာနိုင်သော နိမိတ်တစ်ခုကိုပင် ခံစားမိနေခဲ့၏။

ဤအတိုင်းသာဆက်ဖြစ်နေပါက တစ်နေ့တွင် အဓိပတိဂိုဏ်းက ကျိမိသားစုကိုဖိနှိပ်ပစ်လိမ့်မည်ဖြစ်ပြီး ထိုနေ့ရက်သို့ရောက်လာပါက ကုအန်သည် ကျိမိသားစု၏ သူလျှိုတစ်ယောက် ဖြစ်လာရပေဦးလိမ့်မည်။

သူသည်ယခုအခါ အဓိပတိဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သော်လည်း သူ့နှလုံးသားထဲတွင်တော့ သူ့တစ်ဘ၀လုံးနေလာခဲ့ရသည့် ကျိမိသားစုက ပိုအရေးပါပေသည်။

ကျိမိသားစုသည် သူ့အားကျွေးမွေးပျိုးထောင်ပေးခဲ့ပြီး ပထမတန်းစားဂိုဏ်းဖြစ်သော အဓိပတိဂိုဏ်းလို ဂိုဏ်းမျိုးသို့ ပို့ဆောင်ပေးခဲ့သူများ ဖြစ်ကြ၏။ ထိုသို့သော ကျေးဇူးသည် အဆင့်နိမ့်ဆေးပင်လေးများလောက်နှင့် ဆပ်၍ ရသောအရာမျိုး မဟုတ်ပေ။

ဒါပေါ့ ကုအန်သူ့ကိုယ်သူထိခိုက်ခံ၍တော့ ကျိမိသားစု၏ကျေးဇူးကို ပြန်ဆပ်မည်မဟုတ်ပေ။ သို့သော်လည်း ကျိမိသားစုမှသူ့ကိုလိုအပ်လာပြီး သူတို့တောင်းဆိုချက်မှာ အရမ်းမများသေးသရွေ့တော့ သူငြင်းဆန်နိုင်မည်မဟုတ်ပေ။

ကျိမိသားစုအိမ်တော် ဂိတ်ပေါက်၀တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက် စောင့်နေခဲ့ကြပြီး ကျိအန်စစ်ဆေးလိုက်ရာ သူတို့သက်တမ်းမှာ ၁၀၀ကျော် ဖြစ်နေလေသည်။ သိသာစွာပင် သူတို့နှစ်ယောက်မှာလည်း ပါရမီရှင်များ မဟုတ်ကြဘဲ ကုအန်နှင့်တုယီကဲ့သို့ ကျိမိသားစု၏အစေခံများ ဖြစ်ကြ၏။

တုယီ သူတို့နှစ်ယောက်စီသို့ သွားလိုက်ပြီး သူ့တံဆိပ်ပြားအား ထုတ်ကာ ရိုရိုသေသေဖြင့် ပေးလိုက်၏။

“ဒါဆို မင်းတို့နှစ်ယောက်က ငါတို့အစားဒီမှာစောင့်ပေးရမယ် ညမှောင်လာရင် မင်းတို့နေဖို့နေရာကိုခေါ်သွားပေးမယ်” ကျန်းယန်ဟုခေါ်သော ကျင့်ကြံသူ တွေးတွေးဆဆပြောလိုက်လေသည်။

တုယီ မငြင်းရဲဘဲ လက်သာခံလိုက်ရ၏။

ဤသို့ဖြင့် ကုအန်နှင့် တုယီတို့သည် သူတို့ပြန်မရောက်ခင်အထိ တံခါးစောင့်များ ဖြစ်သွားခဲ့ကြသည်။

ကုအန် ချီလင်ရုပ်ကြီးရှေ့တွင် ရပ်စောင့်နေရင်း အကြံတစ်ခုပေါ်လာခဲ့၏။

“တုယီ မင်းငါ့နေရာကိုရော အစားကြည့်ထားပေးမလား ငါမင်းကိုအဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀၀ပေးမယ် ငါအတွင်းစည်းမြို့ထဲမှာ ဆေးပင်နဲ့ဆေးပင်မျိုးစေ့တွေ သွား၀ယ်ချင်လို့ပါ အဲ့တာတွေက တတိယသခင်မလေးကိစ္စအတွက်ဆိုလည်း ဟုတ်တယ်”

ထိုစကားအားကြားသောအခါ တုယီ ငြင်းလိုက်ချင်သော်လည်း မငြင်းဆန်နိုင်ခဲ့ပေ။

အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံးတစ်ရာ!

ဒီကလေးက အတော်လက်ဖွာတာပဲ!

ကုအန် တုယီအား အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁၀၀ ပေးပြီးသည့်နောက်တွင် ကျိမိသားစုအိမ်တော်ရှေ့မှ ထွက်လာခဲ့ပြီး အတွင်းစည်းမြို့ထဲတွင် စတင်လျှောက်ပတ်သွားခဲ့၏။

သူအဝေးကြီးသို့ မရောက်သေးခင်မှာပင် ခေါ်သံတစ်သံကို ကြားလိုက်ရလေသည်။

“ကုအန် မင်းဒီမှာဘာလုပ်နေတာလဲ”

All Chapters