← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

၅၅)

ကြည်ညိုဖွယ်အဓိပတိအမတ၊ ဂိုဏ်းချုပ်နေရာပြောင်းလဲခြင်း

လျူဟွမ်၏ နေရထိုင်ရခက်နေသော အမူအရာကို ကြည့်ပြီး ကုအန် သိသွားခဲ့သည်။

“ဆိုတော့ ဒီလူလည်း ငါနဲ့အကြိုက်တူနေတာပဲ”

ကုအန် လျူဟွမ်ပုခုံးကိုပုတ်၍ ရယ်မောလိုက်ကာ “အစ်ကိုလျူ အစ်ကိုနဲ့ကျွန်တော်အကြိုက်တူနေမယ်လို့ ထင်မထားမိဘူး အရိုးသားဆုံးပြောရရင် ကျွန်တော်လည်း စစ်ပွဲတွေ ဒုက္ခတွေနဲ့ပြည့်နေတဲ့ နတ်ဘုရားတို့၏ ရာထူးများထက် လူတွေနဲ့ဆက်ဆံရတဲ့ အတွေ့အကြုံနဲ့ တောင်တန်းတွေ မြစ်ပြင်တွေကြား ဖြတ်သွားတဲ့အတွေ့အကြုံတွေအကြောင်းရေးထားတဲ့ အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းစာအုပ်ကို ပိုကြိုက်တယ် အဲ့တာတွေကမှ တာအိုနှလုံးသားကိုအမှန်တကယ် သန့်စင်ပေးတဲ့အရာတွေပဲ”

ကုအန်၏ စကားများကြောင့် လျူဟွမ်အနည်းငယ် အရှက်ပြေသွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့၏။

ထို့နောက်သူတို့နှစ်ယောက် အစိမ်းရောင်သူရဲကောင်းစာအုပ်အကြောင်း စတင်ပြောဆိုခဲ့ကြပြီး သူတို့ကြားရှ်ိဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့လေသည်။

သို့သော် လျူဟွမ် သူ့သိက္ခာကိုထိန်းသည့်အနေဖြင့် အစိမ်းရောင်သူရဲကောင်းစာအုပ်ထဲရှိ ယောင်္ကျား မိန်းမ အချစ်ဇာတ်လမ်းများအကြောင်းကိုတော့ ထုတ်မပြောခဲ့ပေ။

ဤသို့ဖြင့် ကုအန်တို့ ထျန်းယတောင်ကြားလေးသည် အရင်ကလောက် ပျင်းစရာကောင်းမနေတော့ဘဲ ပျော်စရာကောင်းလာခဲ့လေသည်။

…..

အချိန်များကုန်လွန်သွားခဲ့ပြီး သုံးနှစ်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့ပြန်သည်။

ပျင်းစရာကောင်းသော နွေနေ့ရက်များ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကုအန်အသက်မှာလည်း ၃၈နှစ်ပင် ပြည့်သွားခဲ့ချေပြီ။ ယခုနှစ်တွင် ကုအန်၏ တတိယဆေးတောင်ကြားမှ ပထမဆုံးဆေးပင်တစ်သုတ်ကို စတင်ရိတ်သိမ်းရမည့်နှစ်ဖြစ်ပြီး ကုအန်လည်း ထိုအချိန်ကို စောင့်‌ဆိုင်းနေခဲ့၏။

ထျန်းယတောင်ကြားအတွက်မူ အဆင့်မြင့်ဆေးပင်များကို စိုက်ပျိုးထားရသောကြောင့် ရင့်မှည့်ရန် အချိန်ပိုစောင့်ရပေလိမ့်မည်။

မနက်ခင်းတစ်ခုတွင် ကုအန်တပည့်များနှင့်အတူ အကြောလျှော့လေ့ကျင့်ခန်း‌လုပ်နေခဲ့လေသည်။

ကျန်းချင်နှင့် အခြား၂ယောက်ကို တတိယဆေးတောင်ကြားသို့ပို့ထားသော်လည်း တပည့်အသစ်၃ယောက် ထပ်ခန့်ထားသောကြောင့် ဆန်းကြယ်တောင်ကြားသည် စည်ကားနေဆဲသာ ဖြစ်၏။

အကြောလျှော့လေ့ကျင့်ခန်းလုပ်ပြီး တစ်ခဏကြာသောအခါ ကုအန် တပည့်များကို လူခွဲလိုက်ပြီး သူလည်း သူ့အိမ်သို့ ပြန်လာခဲ့လိုက်သည်။

အိမ်ရှေ့သို့ရောက်သောအခါ ကုအန် လေတိုးသံတစ်ခုကို ကြား၍ လှည့်ကြည့်လိုက်ရာ ဓားပျံစီး၍ သူ့ဆီလာနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုလူသည် လီယ ဖြစ်ပေသည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်ပင် လီယသည် အနက်ရောင်၀တ်စုံကိုသာ ၀တ်ဆင်ထားသော်လည်း သူ့ပုံစံမှာတော့ ပြောင်းလဲသွားခဲ့လေသည်။ သူ့မျက်ခုံးပေါ်တွင် အဖြူရောင်ဆံပင်တစ်စ ကျနေပြီး လောကဓံ၏အထုအထောင်းကို သူဘယ်လောက်ခံခဲ့ရသလဲဆိုတာကို ဖော်ပြနေခဲ့၏။

အဝေးမှနေ၍ လီယ ကုအန်ကိုမြင်လိုက်သောအခါ သူ၏တင်းမာနေသော မျက်နှာပေါ်တွင် အပြုံးတစ်စပေါ်လာခဲ့လေသည်။

ယခုအခါ လီယ၏ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ပြီး သူ့ခွန်အားမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်နှင့်နီးကပ်နေပြီဖြစ်သော ကျိလင် ထက်ပင် သန်မာမှန်း ကုအန်ခံစားမိခဲ့သည်။

မြေပေါ်ဆင်းသက်ပြီးသည်နှင့် လီယ ကုအန်ကိုဆွဲဖက်လိုက်ရာ ကုအန် အနည်းငယ် တောင့်တင်းသွားခဲ့ရ၏။

“မဆိုးဘူး မင်းလည်းအခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီပဲ ကြည့်ရတာ အတော်ကြိုးစားခဲ့တဲ့ပုံပဲ” လီယ ကုအန်ပုခုံးကို ပုတ်လိုက်ပြီး ကျေနပ်နေသည့်အပြုံးဖြင့် ပြောလိုက်သည်။

ကုအန်လည်း ပြုံးကာ ပြန်ပြောလိုက်သည်။ “အစ်ကိုနောက်ဆုံးတော့ ပြန်လာပြီပဲ အားလုံးအဆင်ပြေခဲ့လား”

လီယခေါင်းခါလိုက်ကာ “မပြေခဲ့ဘူး ဒါပေမယ့် ငါက ကံဆိုးခြင်းတွေကို ကံကောင်းခြင်းအဖြစ်ပြောင်းလဲနိုင်ခဲ့တယ် အထဲသွားပြောရအောင်”

ကုအန်ခေါင်းညိတ်ပြလိုက်ကာ လီယအား အိမ်ပေါ်ထပ်သို့ ခေါိသွားခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ

အိမ်ထဲတွင် ကုအန်နှင့်လီယ စားပွဲတစ်ဖက်တစ်ချက်တွင် ထိုင်နေခဲ့၏။ လီယ၏ ဤနှစ်များအတွင်း အတွေ့အကြုံများကို ကြားလိုက်ရသောအခါ ကုအန် ခံစားချက်ပေါင်းစုံခံစားလိုက်ရသည်။

“အစ်ကို့အကြောင်းတွေကို စာအုပ်တစ်အုပ်ရေးလို့တောင်ရတယ်လို့ ခံစားလို့ရတယ်”ကုအန် မှတ်ချက်ပြုလိုက်၏။

လီယရယ်မောကာ ပြောလိုက်သည်။ “တကယ်တော့ အဲ့ဒီလို သေခြင်းရှင်ခြင်းအခြေအနေတွေကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရလို့သာ အခုငါဆိုတာ ဖြစ်လာတာပါ”

ဤနှစ်များအတွင်း လီယသည် တောင်အရပ်သို့သွားကာ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ၏ အမွှေအနှစ်ကို အခြားပါရမီရှင်ပေါင်းများစွာနှင့် ပြိုင်လုခဲ့ရပြီး နောက်ဆုံးတွင်တော့ ထိုသူများအားလုံးကို သူအနိုင်ရသွားခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် ထိုနတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူသည် သူ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေခဲ့သည်။ ကံကောင်းသည်မှာ သူထိုအန္တရာယ်အား ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

ထိုအခြေအနေမှ ဘယ်လိုလွတ်မြောက်လာသလဲဆိုတာကို လီယအသေးစိတ် မပြောခဲ့ပါသော်လည်း ထိုအရာသည် သူ့ကိုယ်ထဲမှ ဝိညဉ်နှင့်ဆက်စပ်နေလိမ့်မည်ဟု ကုအန်သိနေခဲ့၏။

ထိုခန္ဓာကိုယ် အပိုင်စီးမှုဖြစ်ပွားပြီးသည့်နောက် လီယ ထိုကျင့်ကြံသူ၏ ဂူထဲတွင် ဓားဆန္ဒအငွေ့အသက်တစ်ခုကိုတွေ့ရှိသွားခဲ့ပြီး ထိုအရာအား သုံးနှစ်ကြာ စုပ်ယူနေခဲ့သည်။

ထို့နောက် သူတောင်ဘက် ကျိကျိုးမှပြန်လာခဲ့ပြီး သူပြန်လာရာလမ်းတွင်လည်း လှည့်ကွက်မျိုးစုံကို ကြုံတွေ့ခဲ့ရသေးသည်။ လမ်းတွင် လီယ ထိုဒေသရှိ မြင့်မြတ်မိသားစုတစ်ခုမှ အနိုင်ကျင့်ခြင်းကို ခံထားရသော အမျိုးသမီးတစ်ယောက်ကို ကယ်တင်ခဲ့၏။ ကံဆိုးစွာဖြင့် သူ့ကယ်တင်၍ ထွက်သွားပြီး မကြာခင်တွင် ထိုမိသားစုသည် မိသားစုတစ်ခုလုံး သတ်ဖြတ်ခံလိုက်ရသည်။

ထိုဒေသရှိ ရုံးတော်မှာလည်း လီယကို တရားခံအဖြစ်ထင်မှတ်ပြီး ရေဆုံးမြေဆုံးလိုက်လေတော့ရော လီယ နားချိန်ပင်မရှိတော့ဘဲ ဆက်တိုက်ထွက်ပြေးခဲ့ရ၏။

လီယ သူ့ခရီးစဉ်၏ ထိုအပိုင်းအား ပြန်ပြောရာတွင် သူ့အသံသည် ၀မ်းနည်းနေဟန်မပေါ်ဘဲ အေးစက်စက်သာ ဖြစ်နေခဲ့သည်။

ကုအန် လီယအတွက် ဝိုင်နောက်တစ်ခွက်ငှဲ့ပေးလိုက်ချိန်တွင် လီယရုတ်တရက် မေးလိုက်၏။ “ဂျူနီယာညီလေးကု အမတလမ်းစဉ်ကို လျှောက်လှမ်းရတဲ့ ရည်ရွယ်ချက်ကဘာလို့ထင်လဲ အဲ့တာကအသက်ရှည်ချင်ရုံ သက်သက်ပဲလား ဒါပေမယ့် ရှေးဟောင်းခေတ်ကနေ အခုထိ ထာ၀ရအသက်ကို ရရှိသွားတဲ့လူ ဘယ်သူရှိသေးလို့လဲ”

ကုအန် သူ့အတွက်ဝိုင်တစ်ခွက်ငှဲ့လိုက်ရင်း ပြန်ပြောလိုက်သည်။ “အမတလမ်းစဉ်ရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို ကျွန်တော်မသိပါဘူး ဒါပေမယ့် ကျွန်တော်သိတာက လူတစ်ယောက်က သူအသက်ရှင်နေသရွေ့ အေးအေးချမ်းချမ်းနေရတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်သင့်တယ် မင်းကိုစိတ်အေးချမ်းအောင် လုပ်ပေးနိုင်တဲ့အရာက မင်းလုပ်သင့်တဲ့အရာပါပဲ”

“ကျွန်တော်က ကျွန်တော့်အချိန်တွေကို ပန်းပင်စိုက်တာ ဆေးပင်စိုက်တာတွေနဲ့ အကုန်ခံခဲ့တယ် လူအများစုအတွက် အဲ့တာကအချိန်ဖြုန်းတာလို့ထင်ပေမယ့် ကျွန်တော့်အတွက်တော့ စိတ်၀င်စားစရာကောင်းခဲ့တယ် ကျွန်တော်စိုက်ပျိုးပေးလိုက်တဲ့ ဆေးပင်တွေက ဂိုဏ်းအတွက် အထောက်အကူပြုပြီး အရေးလည်းကြီးတာပဲလေ ဟုတ်တယ်မလား”

ထိုစကားကိုကြားသောအခါ လီယ ဝိုင်ခွက်ကိုတစ်ချိုက်တည်း မော့ချလိုက်ပြီး အတွေးနစ်သွားခဲ့သည်။

ထိုအတွေးလွန်မှုလည်း နာရီ၀က်ခန့်ကြာသွားပြီး ကုအန်လည်းသူ့ကို ဘာမှထပ်မပြောတော့ပေ။ သူ့ဟာသူသာ အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုထုတ်၍ ဖတ်နေလိုက်၏။

လီယ တွေး၍ပြီးသွားသောအခါ သူ့မျက်လုံးများ ပွင့်လာခဲ့သည်။ ထို့နောက် ကုအန်ကိုကြည့်လိုက်ပြီး

“ကြီးမြတ်တဲ့အမှန်တရားတွေကို ဘယ်တော့မှ ဘုရားကျောင်းကြီးတွေထဲမှာရှာမတွေ့ဘူး ကျေးဇူးတင်ပါတယ် ညီလေးကု အခုအစ်ကိုဘာဆက်လုပ်ရမလဲ သိသွားပြီ”

ထို့နောက် သူမတ်တပ်ရပ်လိုက်ကာ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းတစ်ပုလင်းထုတ်လိုက်ပြီး ပြောလိုက်သည်။

“ဒါက နှတစ်ထောင်သက်တမ်းရှိတဲ့ စိတ်ဝိညဉ်သားရဲရဲ့ အရိုးနဲ့ကြွက်သားတွေကို သန့်စင်ထားတဲ့ ဆေးရည်ပဲ တစ်နှစ်ကို အများဆုံးနှစ်ခါသောက်လို့ရတယ် အစ်ကိုကတော့ ဗဟိုအူတိုင်ဖွဲ့စည်းဖို့ ဂိုဏ်းကို ပြန်ရလိမ့်မည်။

ကုအန် ဘာမှပြန်မပြောရသေးခင်တွင်ပင် လီယ ပြတင်းပေါက်မှခုန်၍ ထွက်သွားခဲ့လေသည်။

ကုအန်ဆွံ့အသွားခဲ့သည်။

ဘာလို့ဒီကောင် ပြတင်းပေါက်ကခုန်ထွက်ရတာကို အဲ့လောက်ကြိုက်နေရတာလဲ!

ထို့နောက်သူ့မျက်လုံးများသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းပေါ် ရောက်သွားခဲ့၏။

ဘာလို့လူတိုင်းက ငါ့ကိုလက်ဆောင်ပေးချင်နေကြတာလဲ!

အကူအညီမဲ့သော အမူအရာမျိုး ကုအန်မျက်နှာပေါ်တွင်ပေါ်လာခဲ့ပါသော်လည်း ကျောက်စိမ်းပုလင်းကိုတော့ အိတ်ထဲကျောက်ထည့်သိမ်းလိုက်လေသည်။

…..

နွေညတစ်ညတွင် ကုအန် တတိယဆေးတောင်ကြားသို့ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် သွားခဲ့၏။ တောင်ကြားသို့ရောက်သောအခါ သူ့အကြည့်သည် မနီးမဝေးရှိ အိမ်ထဲတွင် အတူတူထိုင်ကာ စကားပြောနေကြသော ကျန်းချင်၊စုဟုန်၊ယိယန်နှင့် ကျိုးတောင်းယူတို့ကို တွေ့သွားခဲ့သည်။

ကုအန် အမြန်လျှောက်သွားလိုက်၏။

စကားကောင်းနေသော ကျိုးတောင်းယူ ကုအန်ကို ပြုံးပြလိုက်လေသည်။ အခြားသူများမှာတော့ ကုအန်ကိုမြင်သောအခါ မတ်တပ်ရပ်လိုက်ကြ၏။

အိမ်ထဲရောက်သောအခါ ကုအန် စိတ်ရှုပ်နေဟန်ဖြင့် မေးလိုက်သည်။ “မင်းဘာလို့ဒီကို ထပ်ရောက်နေတာလဲ မင်းအိတ်ကပ်မပြောင်သေးဘူးလား”

ဤသုံးနှစ်အတွင်း ကျိုးတောင်းယူသည် ကုအန်ဆီသို့ ၁၀ကြိမ်ထက်မနည်းလာခဲ့ပြီး သူလာတိုင်းလည်း ဆေးပင်များ ဆေးရည်များ မှော်အသုံးအတောင်ပစ္စည်းများ ပါလာတတ်ပေသည်။ သူတို့၏ နောက်ဆုံးဖလှယ်မှုတွင်လည်း ကျိုးတောင်းယူ ကုအန်ဆီမှ သိုင်းကွက်ဆယ်ကွက်ကို ခုခံနိုင်ခဲ့၏။

ကျိုးတောင်းယူရယ်မောကာပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဒီတစ်ကြိမ်ကသိုင်းလာပြိုင်တာမဟုတ်ဘူး နှုတ်ဆက်စကားပြောဖို့ရောက်လာတာ ငါသွားတော့မယ် ငါလည်းအဓိပတိဂိုဏ်းမှာနေတာ ကြာပြီဆိုတော့ ပြန်သင့်ပြီး ဒီမှာရှ်ိနေတဲ့ကာလအတွင်း မင်းကငါ့ရဲ့စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ပါ ငါမင်းကို အသိအမှတ်ပြုတယ်”

မိတ်ဆွေတစ်ယောက်တဲ့လား။

ကုအန်မည်သို့ပြန်ပြောရမလဲ မသိတော့ပေ။

ယိယန်မှာတော့ ကျိုးတောင်းယူ ကို မခွဲခွာလိုသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။ ဤနှစ်များတွင် ကျိုးတောင်းယူ ကုအန်ဆီလာတိုင်း သူ့အား နည်းနည်းစီသင်ကြားပေးခဲ့လေရာ ကျိုးတောင်းယူသည် သူ၏ဆရာတစ်ပိုင်းပင် ဖြစ်နေခဲ့၏။

“စီနီယာဘာကိုဆိုလိုတာလဲ စီနီယာကဒီမှာအကြာကြီးနေခဲ့တာမဟုတ်လား အဲ့တာကို အဓိပတိဂိုဏ်းကမဟုတ်ဘူးလား”ကျန်းချင် အံ့ဩသွားကာ ပြောလိုက်သည်။

စုဟန်နှင့် ယိယန်တို့လည်းလုန်လှုပ်သွားပြီး သူတို့လည်း ကျန်းချင်နှင့်ထပ်တူ ခံစားနေခဲ့ရ၏။

ဒီလူက မိစ္ဆာလမ်းစဉ်က သူလျှိုတစ်ယောက်များလား!

ကျိူးတောင်းယူပြုံးကာ ပြောလိုက်သည်။ “ထားလိုက်တော့ ငါကသိုသိုသိပ်သိပ်ပဲနေချင်တာ မင်းတို့အပေါ် ဖိအားတွေရှိလာမှာစိုးလို့လေ ဒါပေမယ်အခုတော့ ငါထွက်သွားတော့မှာဆိုတော့ ပြောပြတော့မယ် တကယ်တော့ငါက ကျူးရှန်ဂိုဏ်းက ကျိုးတောင်းယူပဲ”

ကျန်းချင်နှင့်အခြားသူများ၏ ကြောင်အသွားသော မျက်နှာအမူအရာများကြောင့် ကျိုးတောင်းယူကျေနပ်သွားခဲ့သည်။ သူ့မျက်နှာကိုပင် မော့ထားခဲ့ပြီး ကုအန်၏ ကြက်သေသေနေသော မျက်နှာကို ကြည့်ရန် လှည့်လိုက်၏။

ကုအန်၏ အမူအရာမှာလည်း သူထင်သလိုပဲ ဖြစ်နေလေရာ ကျိုးတောင်းယူ မြောက်တက်သွားခဲ့သည်။

ထိုစဉ် ကျန်းချင် ရုတ်တရက် ထပြောလိုက်၏။

“စီနီယာ့ဂုဏ်သတင်းက တကယ်ကြီးအဲ့လောက်ကြီးတယ်လား”

ကျိုးတောင်းယူ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တောင့်တင်းသွားခဲ့လေသည်။

ကျိုးတောင်းယူ စိတ်ပြောင်းသွားပြီး ဆက်နေနေရန် စိတ်ကူးနေမည်စိုးသောကြောင့် ကုအန်အမြန်၀င်ပြောလိုက်၏။ “တကယ်တော့ သူ့ဂုဏ်သတင်းကအတော်ကြီးပါတယ် အဓိပတိဂိုဏ်းက လူငယ်တွေအကုန်လုံးကို ဖိနှိပ်ပစ်နိုင်လိုက်တာကို ယုံတောင်မယုံနိုင်ဘူး….. စီနီယာ့ကို မသိခဲ့တာက ကျွန်တော့်အမှားပါ…ကျွန်တော့်အမှားပါ”

ထိုစကားကို ကြားမှသာ ကျိုးတောင်းယူ ကျေနပ်သွားခဲ့သည်။ ထိုအခါ ကုအန်လည်း သူ့တပည့်များအား မျက်ရိပ်ပြလိုက်၏။

“ဘုရားသခင် ဒါဆိုငါကြားထားတာတွေက အမှန်ပဲပေါ့”

“အဲ့တာက တကယ်တော့စီနီယာကိုး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျိုးတောင်းယူမျက်နှာရှုံ့မဲ့သွားပြီး အကြောင်းပြချက်တစ်ချို့ကြောင့် ထိုစကားများသည် သူ့ကိုတမင်မြှောက်ပင့်နေသည်ဟု ခံစားနေခဲ့ရသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်၏။

“အဓိပတိဂိုဏ်းမှာ အဓိကပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ် ဂရုစိုက်ပါ ငါတို့ကို ကံကြမ္မာကခွင့်ပြုရင် ပြန်တွေ့ကြတာပေါ့”

ပြောပြီးသည်နှင့် ကျိုးတောင်းယူ သက်တံ့တစ်စင်းကဲ့သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

တပည့်သုံးယောက်မှာတော့ သူ့လှုပ်ရှားမှုသိုင်းကြောင့် အံ့ဩသင့်နေခဲ့ကြပြီး မျက်တောင်မခတ် ငေးကြည့်နေခဲ့ကြ၏။

ကုအန် လက်ကာပြရင်း ပြောလိုက်သည်။ “လူခွဲကြတော့ ဂရုစိုက်ပြီးကျင့်ကြံကြ မင်းတို့သာ အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်သွားရင် အနာဂတ်မှာ သူနဲ‌့တွေ့ဖို့ အရည်အသွေးမှီရင် မှီလာမှာပေါ့”

တပည့်သုံးယောက်လုံး ကုအန်ကို အမြန်ဂါရ၀ပြု၍ ထွက်သွားခဲ့၏။

ကုအန်မှာတော့ ကျိုးတောင်းယူပြောခဲ့သော အဓိကပြောင်းလဲမှုများ ဟူသောစကားကိုသာ စဉ်းစားနေခဲ့သည်။

ထိုအဖြစ်အရပ်သည် သူ့တောင်ကြားလေးများကို မထိခိုက်စေဖို့သာ ကုအန်ဆုတောင်းနေခဲ့၏။

ကုအန် သူ့အခန်းထဲသို့ ရောက်သောအခါ စာရွက်ကိုထုတ်၍ စားပွဲပေါ်တင်လိုက်ပြီး ကုကျုံးနှင့်သူ့သားအကြောင်း စတင်ရေးသားခဲ့သည်။

နတ်ဘုရားတို့၏ ရာထူးများ နောက်ဆုံးစာအုပ်ကို စာအုပ်ခန်းမသို့ အပ်ပြီးပြီဖြစ်ပြီး ယခုအခါသည် နောက်စာအုပ်အသစ်ရေးရန် အချိန်ပင်။

နတ်ဘုရားတို့၏ရာထူးများပြီးလျှင် နောက်ရေးရမည့်စာအုပ်မှာ အနောက်အရပ်သို့ခရီးသွားခြင်း ဖြစ်ပါသော်လည်း ကုအန် ထိုစာအုပ်၏အကျိုးသက်ရောက်မှုသည် အလွန်ကြီးသွားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ထိုစာအုပ်ကိုဖယ်ထားလိုက်ပြီး ကုကျိုးတို့သားအဖ‌အကြောင်းကိုသာ အရင်ရေး၍ ဖန်းအန်ဟူသော နာမည်ကို နတ်အဖြစ်မှလျှော့ချရမည်ဟု စဉ်းစားထားခဲ့၏။

ယခုပင် အပြင်စည်းဂိုဏ်းသားများသည် ဖန်းအန်ကို အသက်ရှင်နေသော အမတတစ်ပါးအဖြစ် မြင်နေပြီဖြစ်သောကြောင့် ကုအန် မလွယ်ဘူးဟု ခံစားနေခဲ့ရသည်။

ကုအန်သူ့ဒုတိယစာအုပ်၏ ဇာတ်ညွှန်းများကိုမူ သူအရင်ဘ၀ကဖတ်ခဲ့ဖူးသော အင်တာနက်၀တ္ထုများမှ ဇာတ်ကွက်များကိုယူ၍ ရေးသားခဲ့၏။

ကုကျုံးသည် နှစ်ပေါင်း ၅၀၀ ကျင့်ကြံခဲ့ပြီး အမတကျင့်ကြံခြင်းကမ္ဘာတွင် အဓိပတိဂိုဏ်းက အသန်မာဆုံးအကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။ ထိုနှစ်များတွင် သူ၏တာအိုလက်တွဲဖော်က သူတို့၏အငယ်ဆုံးသားလေးကို မွေးဖွားပေးခဲ့၏။ ထိုအချိန်တွင်ပင် မိစ္ဆာလမ်းစဉ်မှ ကျူးကျော်မှုကြောင် အဓိပတိဂိုဏ်းသည် အလုံးစုံ ပျက်ဆီးခြင်းနှင့် ရင်ဆိုင်နေခဲ့ရသည်။

ကုကျုံး သူ့နတ်စွမ်းအားများကိုသုံး၍ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများကိုခေါ်ကာ မိစ္ဆာလမ်းစဉ်အား ရှင်းလင်းပစ်လိုက်နိုင်ခဲ့၏။ သို့သော် သူကိုယ်တိုင်မှာလည်း သူ့နတ်သိုင်းများကြောင့် အာကာသထဲသို့ ကျရောက်သွားခဲ့ရ၏။

လူတိုင်းက သူသေပြီထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင်သူသည် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေခဲ့ခြင်းဖြစ်ပြီး ထိုကျွန်းပေါ်ရှိ အမတတစ်ပါး၏ အမွှေအနှစ်ကိုရရှိသွားခဲ့သည်။

နှစ် ၂၀ အကြာတွင် ကုကျုံး သူ့သားကိုရှာရန် ပြန်လာချိန်တွင် သူ့သားက ကောင်းကင်စိတ်ဝိညဉ်အမြစ်ခိုးယူခံလိုက်ရ၍ အစေခံတစ်ယောက်ဖြစ်နေခဲ့၏။

ကျိုးတောင်းယူနှင့်ကုယူမှာမူ ငယ်သူငယ်ချင်းများဖြစ်ကြပြီး ကုယူ အိမ်စေဖြစ်သွားသည့်အချိန်မှာပင် သူ့အပေါ်အခင်အမင်မပျက်ခဲ့ပေ။ ဤသို့ဖြင့် နှစ်ပေါင်းများစွာကြာသော် သူတို့နှစ်ယောက်သည် အဓိပတိဂိုဏ်း၏ထောက်တိုင်များ ဖြစ်လာခဲ့ကြပြီး အမတကျင့်ကြံခြင်းကမ္ဘာ၏ ငြိမ်းချမ်းရေးကို အတူတကွ‌ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

ကုအန် ဇာတ်လမ်းအကြမ်းစီပြီးသောအခါ စတင်ရေးချလိုက်၏။

အခန်း ၁၊ ကျရှုံးသွားသော ပါရမီရှင်!

ကျိုးတောင်းယူထွက်ခွာသွားပြီး ၂နှစ်ပြည့်သည့်နှစ် နွေဦးရာသီ၌ ကုအန် အပြင်စည်းဂိုဏ်းသို့သွား၍ စာအုပ်တစ်အုပ်အပ်နှံခဲ့သည်။ လျူချန်းသည် ကုအန် ရေးခဲ့သော ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ကို စိတ်ဝင်စားနေခဲ့ပြီး အချိန်အတော်ကြာ ကုအန်နှင့် ဆွေးနွေးနေခဲ့၏။

စာအုပ်ခန်းမမှအပြန်တွင် ကုအန် ဂိုဏ်းသားများ ဆွေးနွေးနေသော သတင်းတစ်ခုကို ကြားခဲ့ရသည်။ သတင်းမှာ ဂိုဏ်းချုပ် လူပိုင်ထျန်းသည် ကျင့်ကြံနေစဉ် ကျင့်ကြံခြင်းဖောက်ပြန်ကာ မတော်တဆသေဆုံးသွားခဲ့ပြီး အကြီးအကဲချူထျန်းချီက ဂိုဏ်းချုပ်ရာထူးကို ဆက်ခံလိုက်သည်ဟူသော သတင်းပင်။

ကုအန်စိတ်ထဲ အချက်ပေးခေါင်းလောင်းသံများ မြည်သွားခဲ့၏။ ဂိုဏ်းချုပ်က အသတ်ခံလိုက်ရတာလား!

ကုအန် အပြင်စည်းဂိုဏ်းမှ အမြန်ပြန်လိုက်ပြီး တတိယဆေးတောင်ကြားသို့ သွားခဲ့လိုက်သည်။

တောင်ကြားထဲသို့ ၀င်လိုက်သောအခါ သူ့ကိုစောင့်နေသော ကုယူကို တွေ့လိုက်ရ၏။ ကုယူ၏ နောက်တွင်မူ ပိန်ပိန်ပါးပါး မွဲခြောက်ခြောက်နှင့် စုတ်ပြဲနေသော ၀တ်စုံကို၀တ်ဆင်ထားသောအဖိုးအိုသည် သူ့ဆေးဉယျဉ်များကို စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။

ကုအန် ဓားပျံစီး၍ ရောက်လာသည်ကိုတွေ့သောအခါ ကုယူမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်၏။

“မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ ဒါကငါ့အဖေရဲ့ သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်ပဲ သူ့ကို အကြီးအကဲထျန်း လို့ခေါ်နိုင်တယ် သူ့စိတ်ဝိညဉ်အမြစ်အရည်အသွေးက သာမန်ပဲ သူကတစ်သက်လုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့မျှော်လင့်ချက်မရှိတော့ဘူး သူကမင်းကို ဆေးတောင်ကြားမှာ ကူညီပေးလိမ့်မယ် မင်းသူ့ကိုခိုင်းချင်တာ ခိုင်းနိုင်တယ်”

ကုအန် မျက်လုံးများ အဖိုးကြီးပေါ်ရောက်သွားကာ သူ့မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

[လူပိုင်ထျန်း(ချီကျင့်ကြံခြင်းအဆင့် ၆) : ၇၄၂/၈၅၀/၃၂၀၀]

အပိုင်း(၅၆)

ကျိမိသားစုထံပြန်လာသော ကောင်းကင်ကံကြမ္မာ

လူပိုင်ထျန်း…..

အဲ့တာက သေသွားတဲ့ ဂိုဏ်းချုပ်မဟုတ်လား!

ကုအန် ဖြစ်နိုင်ချေများစွာကို စဉ်းစားမိသော်လည်း သူ့အမူအရာမှာတော့ ပြောင်းလဲမသွားခဲ့ပေ။ သူစိတ်၀င်တစားမေးလိုက်၏။ “သူက အစ်ကိုတို့ဆွေမျိုးတစ်ယောက်ဆိုရင် ဘာလို့ ပိုကောင်းတဲ့ နေရာကိုမပို့တာလဲ ဒီနေရာက ညစ်ပတ်ပြီးပင်လည်းပင်ပန်းတယ်လေ”

ကုယူ ရယ်မောလိုက်သည်။ “အဓိပတိဂိုဏ်းက ငါ့အဖေထောင်ထားတာမှ မဟုတ်တာ ဒီနေရာမှာထားတာက အပြင်စည်းဂိုဏ်းက ဆေးတောင်ကြားမှာ ထားတာထက် ကောင်းပါတယ်”

သူ့ကိုကြည့်ရသည်မှာ သူလည်း အကြီးအကဲထျန်း၏ သရုပ်မှန်ကို သိပုံမရသေးပေ။

ထိုသို့ပြောနေသော အခါ ကုအန်လည်းမငြင်းနိုင်တော့ပေ။ သူသာဆက်ငြင်းနေပါက အကြီးအကဲထျန်း၏ သရုပ်မှန်ကို သူသိနေသည်ဟု သံသယ၀င်သွားနိုင်သည် မဟုတ်ပါလား။

ကုယူ ကုအန်အား အိမ်ပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်ပြီး အကြီးအကဲထျန်းမှာတော့ ကုအန်ကို တစ်ချက်ပင် လှည့်မကြည့်တော့ပေ။

အခန်းထဲသို့ရောက်သောအခါ ကုယူ တံခါးပိတ်လိုက်ပြ‌ီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဘယ်လိုနေလဲ စာအုပ်ထွက်တော့မှာလား”

ကုအန်ပြုံး၍ ပြောလိုက်၏။ “ထွက်ပါပြီ အများကြီးတွေးပြီး ကျွန်တော့်အစ်ကို့ကို အဓိကဇာတ်ကောင်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်”

“တကယ်လား”

“တကယ်ပါ မကြာခင်မြင်ရပါလိမ့်မယ်”

ကုအန်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ဖန်းအန်၏ နာမည်သည် ယခုအချိန်တွင် ထိုက်ကန်မင်းဆက်တစ်ခုလုံးကိုပင် ပြန့်နှံ့ကာ နာမည်ကြီးနေခဲ့သည်။ ယခုအခါလည်း သူ၏ဒုတိယမြောက်စာအုပ်ထဲတွင် အဓိပတိဂိုဏ်းပါ၀င်နေလေရော အဓိပတိဂိုဏ်းကထိုစာအုပ်ကို ကြေငြာပေးမည်မှာ သေချာလှ၏။

ဤစာအုပ်သည် ဂိုဏ်းမှလူကြီးများကို ဖားရုံသာဖြစ်ပြီး ဒီတစ်အုပ်ပြီးရင်တော့ ကုအန် နောက်ထပ်ထိုစာအုပ်မျိုး ထပ်ရေးတော့မည် မဟုတ်ပေ။

ထိုစာအုပ်ထွက်လျှင် သူရမည့် စာအုပ်ဖိုးရာခိုင်နှုန်းအပြင် ဂိုဏ်းမှသူ့ကို နောက်ထပ် ၂၀ရာခိုင်နှုန်းအပိုပေးဦးမည်ဟု ဆိုထားလေရာ ရေးရတန်ပေသည်။

ကုအန် စကားများကိုကြားသောအခါ ကုယူအတော်လေး စိတ်လှုပ်ရှားသွားခဲ့၏။ သူချက်ချင်း သိုလှောင်အိတ်ထဲမှ စိတ်ဝိညဉ်ကျောက်တုံးတစ်တုံး စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ကုအန်စားပွဲပေါ်ရှိ စိတ်ဝိညဉ်ကျောက်တုံးကိုကြည့်ပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

ဒီလိုသန်မာတဲ့ စိတ်ဝိညဉ်စွမ်းအားတွေ!

ကုယူ ဂုဏ်ယူစွာပြုံးလိုက်ကာ “ဒါက သာလွန်စိတ်ဝိညဉ်ကျောက်တုံးပဲ ထိပ်တန်းဝိညဉ်ကျောက်တုံး ၁၀၀နဲ့ညီတယ် ငါ့မှာလည်း အားလုံးပေါင်း အမေပေးထားတဲ့ နှစ်တုံးပဲရှိတယ် ဒါကငါမင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာပဲ မင်းကစာရေးတာမှာသာအာရုံစိုက်ထား မင်းလိုတာမှန်သမျှက ငါ့တာ၀န်သာထားလိုက်”

ထိပ်တန်းအဆင့်စိတ်ဝိညဉ်ကျောက်တုံးတစ်ရာလား!

ကုအန် ဆွံ့အသွားခဲ့သည်။ ဒီကောင်က တကယ်ရူးသွပ်နေတာပဲဟ!

ဤအမတကျင့်ကြံခြင်းကမ္ဘာတွင် လူတန်းစားကွာဟမှုမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှ၏။

ဤသာလွန်စိတ်ဝိညဉ်ကျောက်တုံးတစ်တုံးတည်းကပင် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၁သန်းနှင့်ညီနေပြီး အစေခံတပည့်တစ်ယောက်၏ တစ်လစာ လခမှာတော့ အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး တစ်တုံးတည်းသာ ဖြစ်ပေသည်။

ချမ်းသာလိုက်တဲ့အိမ်!

ကုအန် မနာလိုပင်ဖြစ်သွားခဲ့ရပြီး သာလွန်စိတ်ဝိညဉ်ကျောက်တုံးကိုသိမ်းကာ ပြုံးလိုက်၏။

“ကျွန်တော် အစ်ကို့ကိုစိတ်မပျက်စေရပါဘူး”

ကုယူမှာတော့ အလွန်စိတ်လှုပ်ရှားနေပြီး စာအုပ်အကြောင်း အသေးစိတ်ကိုမေးမြန်းနေခဲ့သည်။ သို့သော် ကုအန် ကုယူ ပိုမိုစိတ်လှုပ်ရှားပြီး သိချင်စိတ်ပိုများ‌လာစေရန် သူ့ပါးစပ်ကို ပိတ်ထားခဲ့၏။

မကြာခင်တွင် ကုယူ ပြန်သွားခဲ့ပြီး သူသည် စာအုပ်ခန်းမသို့သွားခြင်းဖြစ်မှန်း ကုအန် အတတ်သိနေခဲ့သည်။

ကုယူပြန်သွားပြီးသည့်နောက် ကုအန် ဂိုဏ်းချုပ်ထျန်းကို သွားရောက်နှုတ်ဆက်ကာ သူ့ကိုယ်သူမိတ်ဆက်လိုက်၏။ အကြီးအကဲထျန်းမှာလည်း သူ့ကိုယ်သူပြန်မိတ်ဆက်ခဲ့ပြီး သူ့ပုံစံမှာ အလွန်ရိုကျိုးနေခဲ့ကာ ဂိုဏ်းချုပ်တစ်ယောက်၏ အမူအရာမျိုး လုံး၀ရှိမနေခဲ့ပေ။

အကြီးအကဲထျန်း၏ အသက်သည် လက်ရှိအချိန်တွင် ၇၄၂နှစ်ရှိနေပြီ ဖြစ်ပြီး သူနေထိုင်ရန် ၁၀၈ နှစ်သာ ကျန်ပေတော့သည်။

ထိုအရာသည် သူ့ဒဏ်ရာများကြောင့်ဖြစ်သည်ဟု ကုအန်သံသယ၀င်မိ၏။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဒဏ်ရာသာရမထားပါက သူ့သက်တမ်းသည် နှစ်၂၀၀၀ နီးနီးရှိနေသင့်ပေသည်။

ထို့နောက် ကုအန် သူ့ကိုဆေးတောင်ကြားတစ်ဝိုက်လိုက်ပြလိုက်ပြီး နေ့စဉ်ဆေးတောင်ကြားမှအလုပ်များနှင့် သူလုပ်ရမည့်အရာများကို ပြောပြလိုက်၏။

အကြီးအကဲထျန်းသည် သေချာနားထောင်နေခဲ့ပြီး သူ‌ေသချာမသိ‌ေသာ ဆေးပင်များကိုပင် ပြန်မေးနေခဲ့သည်။ သူ့ပုံစံမှာ လယ်ယာလုပ်ငန်းကို အမှန်တကယ်စိတ်၀င်စားနေသော လယ်သမားတစ်ယောက်လိုပင်။

ကြည့်ရတာ ကျင့်ကြံခြင်းဖောက်ပြန်လို့ သူဒီလိုပုံဖြစ်သွားတာများလား!

ကုအန်အစက ဂိုဏ်းချုပ်၏ကံဆိုးမှုကို ကြားလိုက်ရစဉ်က ဂိုဏ်းချုပ်လုပ်ကြံခံလိုက်ရခြင်းဟူ၍သာ ထင်ထားခဲ့၏။ သူနှင့်အခြားအကြီးအကဲများကြား ပြဿနာများကြောင့်လည်း ကုအန်ထိုသို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ လူပိုင်ထျန်း၏ ပုံစံကို ကြည့်ရသည်မှာ သူထင်ထားတာ မှားနေသလို ဖြစ်နေခဲ့၏။

သက်တမ်းစစ်ဆေးခြင်းမှာတော့ သူ့ကိုမညာနိုင်ပေ။ ထိုပုဂ္ဂိုလ်မှာ လူပိုင်ထျန်းဆိုတာ သေချာပေသည်။

အကြီးအကဲထျန်းရောက်ရှိလာမှုမှာ တတိယဆေးတောင်ကြား၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြောင်းလဲမသွားစေခဲ့ပေ။ ကျန်းချင်နှင့်အခြားသူများမှာ သူတို့အချိန်အများစုကို ကျင့်ကြံခြင်းနှင့်သာ ကုန်ဆုံးနေကြခြင်းဖြစ်ကြီး အကြီးအကဲထျန်းနှင့် ဆက်ဆံတာ ရှား၏။ သို့သော် ကုအန်တတိယတောင်ကြားသို့ရောက်တိုင်းတော့ အကြီးအကဲထျန်းနှင့် စကားစမြည်သွားပြောလေ့ရှ်ိပေသည်။

ဤသို့ဖြင့် နှစ်တစ်၀က်ကုန်ဆုံးသွားခဲ့သည်။

ဆောင်းဦးရာသီရောက်ရှိလာခဲ့ပြီး သစ်ရွက်ဝါများသည် ထျန်းယတောင်ကြားထဲသို့ ကျရောက်နေခဲ့ကြသည်။

ကုအန် ဆေးဉယျာဉ်ကြားရှိ လမ်းကြားထဲတွင်ရပ်နေရင်း သစ်ရွက်များရှင်းနေသော မျောက်သုံးကောင်ကို ကြည့်နေခဲ့၏။ သူနှင့်မနီးမဝေးတွင်မူ လျူဟွမ် လှံကိုဘေးတွင်ထောင်ထားကာ အစိမ်းရောင်သူရဲကောင်းစာအုပ်ကို ဖတ်နေခဲ့သည်။

ရုတ်တရက်

ကုအန်တစ်ခုခုကို အာရုံခံလိုက်မိပြီး တစ်နေရာသို့ ကြည့်လိုက်၏။

မကြာခင်တွင် အဖြူအနက်ရောနေသော ၀တ်စုံကို၀တ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကိုင်ထားသော လူတစ်ယောက် တောင်ကြားအ၀င်၀ဆီသို့ ရောက်ရှိလာခဲ့သည်။

လီရွှမ်တောက်!

နှစ်ပေါင်းများစွာကြာသွားပြီဖြစ်သော်လည်း ထိုက်ကန်ဧကရာဇ်၏ပုံစံမှာ ခန့်ညားနေတုန်းပင်။

ကုအန် သူ့ဆီလှည့်ကြည့်လိုက်ပြီး သက်တမ်းစစ်ဆေးခြင်းဖြင့် စစ်ဆေးလိုက်၏။

နတ်အသွင်ပြောင်းခြင်းအဆင့်၉!

တောင်ကုန်းပေါ်တွင် စာဖတ်နေသော လျူဟွမ်လည်း လီရွှမ်တောက်ကိုသတိပြုမိသွားပြီး သူ့လက်ထဲရှိ စာအုပ်ကို သိုလှောင်အိတ်ထဲ အမြန်ထည့်လိုက်ကာ လှံကိုကိုင်၍ လီရွှမ်တောက်ဆီ အမြန်ပြေးသွားခဲ့သည်။

လျူဟွမ် ကုအန်မရောက်ခင် လီရွှမ်တောက်ဆီရောက်သွားပြီး အရိုအသေပြုလိုက်၏။

လီရွှမ်တောက် တောင်ကြားထဲရှိ အိမ်ဆီသို့ လမ်းလျှောက်သွားလိုက်ရင်း သူ့ဘေးမှ ကုအန်ကို မေးလိုက်သည်။ “ဆိုတော့ ဘယ်လိုနေလဲ ငါ့ဆေးတောင်ကြားနဲ့ပတ်သက်ပြီး ကျေနပ်ရဲ့လား”

ကုအန် ပြန်ပြောလိုက်သည်။ “အရမ်းကောင်းပါတယ် ကျွန်တော်မျိုးထင်ထားတာထက်တောင်ကောင်းသေးတယ် တချို့အဆင့်မြင့်ဆေးပင်တွေဆို ကျွန်တော်တောင်မကြားဖူးဘူး ကံကောင်းတာက အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆေးပင်ကျမ်း ပေးထားလို့သာပဲ”

“ဟမ် ငါမင်းကိုဘာပြောထားလဲ”

“ဦးလေး”

“အဲ့လိုမှပေါ့”

လီရွှမ်တောက် စိတ်လိုလက်ရ ရယ်မောလိုက်၏။

ဦးလေးတဲ့လား!

လျူဟွမ်မှာတော့ တစ်ခုခုကို ပြန်စဉ်းစားမိသွားပုံဖြင့် သူ့အမူအရာသည် တစ်မျိုးကြီးဖြစ်သွားခဲ့သည်။

ဤသို့ဖြင့် သူတို့သုံးယောက် ရယ်ရယ်မောမောဖြင့် လမ်းလျှောက်လာကြရင်း အိမ်ထဲသို့ ရောက်ရှိလာခဲ့ကြ၏။ လီရွှမ်တောက် ကျောက်တုံးစားပွဲတွင်ထိုင်လိုက်ချိန်တွင် လျူဟွမ် ဝိုင်ငှဲ့ပေးလိုက်လေသည်။

လီရွှမ်တောက် ကုအန်အား ထိုင်ရန် လက်ဖြင့်အချက်ပြလိုက်၏။ ထို့နောက် ကုအန်ကိုကြည့်ပြီး မေးလိုက်သည်။ “လီယ ဂိုဏ်းကိုပြန်ရောက်ပြီ မဟုတ်လား”

ကုအန် ခေါငး်ညိတ်ကာ ပြောလိုက်သည်။ “သူမနှစ်ကပဲ ပြန်ရောက်ပါတယ်”

“သူမင်းကို သူ့ရဲ့ဒီနှစ်တွေအတွင်း ကအတွေ့အကြုံတွေ ပြောပြသေးလား”

“ပြောပြပါတယ် ဦးလေးသူ့နောက်ကိုလိုက်ဖို့ တစ်ယောက်ယောက်တော့ ပို့ထားသင့်တယ်မလား”

“ငါတို့က ဘယ်လိုလုပ် တစ်ယောက်ယောက်ပို့ရဲမှာလဲ သတင်းပေးတွေက နေရာတိုင်းမှာရှိနေတာ ငါ့ကိုပြောစမ်းပါ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ စိတ်ဝိညဉ်အပိုင်သိမ်းဖို့ ကြိုးစားတာကနေ ဘယ်လိုလွတ်မြောက်လာနိုင်မှာလဲ သူ့မှာဘာလျှို့ဝှက်ချက်တွေများ ဖုံးကွယ်ထားတာလဲ”

ပြောပြီးသောအခါ လီရွှမ်တောက်ဝိုင်ခွက်ကို တစ်ခါတည်းမော့ချလိုက်ပြီး ကုအန်ကို ပြုံး၍ ကြည့်လိုက်သည်။

ကုအန် မျက်မှောင်ကြုံ့လိုက်ကာ “လျှို့ဝှက်ချက်လား သူကျွန်တော့်ကို ပြောမပြဖူးဘူး ကျွန်တော်လည်းဒီတုိင်းကြီးမေးလို့မရဘူးလေ”

လီရွှမ်တောက် ပြုံးလိုက်ကာ “ငါ့သားက ငယ်ငယ်ကတည်းက သာမန်ပါရမီပဲရှိခဲ့တာ သူ့ညီအစ်ကိုတွေကြားထဲမှာ ပါရမီအနည်းဆုံးပဲ အဓိပတိဂိုဏ်းထဲကိုရောက်မှသာ ဆန်းကြယ်တဲ့အရာတွေကို လုပ်ပြနိုင်ခဲ့ပြီး ငါ့ကိုတောင် အံ့ဩသွားစေခဲ့တယ် သူအခုလိုကြီးပြင်းလာတာကို တွေ့ရတာ ငါပျော်ပါတယ် ဒါပေမယ့် သူအခြားသူတစ်ယောက်ယောက်ရဲ့ အသုံးချခံဖြစ်သွားမှာကိုတော့ ကြောက်မိတယ်”

ကုအန် လီရွှမ်တောက်အမူအရာကိုကြည့်လိုက်ပြီး သူ၏ လီယအပေါ် ခံစားချက်များမှာ ခန့်မှန်းရခက်သည်ဟု ခံစားလိုက်ရသည်။

သို့သော် ဘာပဲဖြစ်နေနေ သူကတော့ လီယဘက်တွင်သာ ရှိနေမည် ဖြစ်၏။

“ဒါဆို ကျွန်တော်အနာဂတ်မှာ သူ့ကိုသွယ်ဝှိုက်ပြီး စကားနှိုက်ကြည့်လိုက်ပါ့မယ်” ကုအန် ထိုသို့ပြောလိုက်သော်လည်း သူဘာမှ မေးမည်မဟုတ်ပေ။

လီရွှမ်တောက် စိတ်ကျေနပ်စွာပြုံးလိုက်ပြီး သူ့ဘေးတွင်ရပ်‌ေန‌ေသာ လျူဟွမ်ကို မေးလိုက်လေသည်။

“လျူဟွမ် လီယမှာ အိမ်ရှေ့စံနေရာကိုဆက်ခံနိုင်မယ့် အရည်အချင်းရှိသလား မင်းရောဘယ်လိုထင်လဲ”

လျူဟွမ် အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး လေးလေးနက်နက်ပြောလိုက်၏။ “ကျွန်တော် အများကြီးမခန့်မှန်းရဲပါဘူး”

“မင်းကတကယ်ကို ပျော်စရာမကောင်းဘူး” လီရွှမ်တောက် ခေါင်းခါကာ ရယ်မောလိုက်သည်။

ထိုစဉ် သူဘာမှမပြောသေးခင် ကုအန်ထုတ်ပြောလိုက်၏။

“ဦးလေး ကျွန်တော့်ကိုတော့ အဲ့လိုဟာမျိုးတွေမမေးနဲ့နော် ကျွန်တော်က ဦးလေးအတွက် ဉယျာဉ်တွေကိုပဲ ဂရုစိုက်ပေးပါရစေ”

“ဟားဟားဟား”

လီရွှမ်တောက် အားရပါးရရယ်မောလိုက်ပြီး သူ့ရှေ့ရှ်ိ ဝိုင်ကရားကို ကရားလိုက်မ၍ သူ့ပါးစပ်ထဲသို့ ဝိုင်များ လောင်းထည့်ပစ်လိုက်သည်။

တစ်အိုးကုန်သောအခါ နောက်ထပ်ကရားတစ်လုံးကိုယူ၍ ထပ်လောင်းထည့်လိုက်ပြန်၏။

ကုအန်မှာတော့ ဤဧကရာဇ်နှင့်ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီဟု ခံစားနေခဲ့ရသည်။

လျူဟွမ်လည်း ထိုသို့ပင် ခံစားလိုက်ရကာ မျက်ခုံးများတွန့်ကွေးသွားပြီး မေးလိုက်၏။ “အရှင်မင်းကြီး တစ်ခုခုဖြစ်ခဲ့လို့လား”

ဝိုင်ကရားသုံးအိုး သောက်ပြီးမှသာ လီရွှမ်တောက် ရယ်မောပြီး ပြောလိုက်သည်။ “ဘာမှထွေထွေထူးထူး မရှိပါဘူး ဒါနဲ့ မင်းတို့ နတ်ဘုရားတို့၏ ရာထူးများစာအုပ်ကို ဖတ်ပြီးပြီ မဟုတ်လား”

လျူဟွမ်ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “အဲ့တာက စာအုပ်ကောင်းတစ်အုပ်ပါ အရှင်မင်းကြီးလည်း ကြိုက်တယ်မဟုတ်လား”

“ငါတကယ်ပဲ ကြိုက်ပါတယ် ဒါပေမယ့် အခုတလောလူတစ်ချို့ကအဲ့ဒီစာအုပ်ကိုသုံးပြီး ငါ့ကိုဝေဖန်နေကြတယ် ငါ့ကို ကျိုးဘုရင် တဲ့ လီမိသားစုကလည်း ကျိမိသားစုဆီကိုကောင်းကင်ကံကြမ္မာပြန်ရောက်လာစေဖို့ ဧကရာဇ်အပြောင်းအလဲလုပ်ဖို့ ဆွေးနွေးနေကြပြီ ဒီနှစ်တွေမှာ ကျိမိသားစုက သူတို့မျိုးနွယ်ကလူငယ်တွေကို အပြင်လောကကိုစေလွှတ်ပြီး မိစ္ဆာတွေကို နှိမ်နှင်းခိုင်းထားလို့ အခုဆို လူထုရဲ့နှလုံးသားကို ရရှိနေကြပြီလေ” လီရွှမ်တောက် အနည်းငယ်ရယ်၍ ပြောလိုက်၏။

ကုအန် နှလုံးခုန်မြန်သွားခဲ့သည်။

လျူဟွမ်မှာတော့ ဒေါသထွက်သွားပြီး တင်းမာစွာ ပြောလိုက်သည်။

“အရှင်မင်းကြီး ဘာလို့ကောင်းကင်ကံကြမ္မာကို ယူမယ့်သူက ကျိမိသားစုဖြစ်ရမှာလဲ ကျွန်တော်အရှင်မင်းကြီးရဲ့ အမိန့်ကိုစောင့်နေပါတယ် တကယ်လို့ အရှင်မင်းကြီးက ဖန်းအန်ကို သတ်ပစ်ခိုင်းရင်တောင် ကျွန်တော် သွားသတ်မှာပါ”

ဘုရား ဘုရား!

ခင်ဗျားဖို့နောက်ဘယ်တော့မှ အစိမ်းရောင်သူရဲကောင်း စာအုပ်ယူလာမပေးတော့ဘူး!

ကုအန်ကြိတ်၍ ကျိန်ဆဲလိုက်၏။

လီရွှမ်တောက် လျူဟွမ်ကို ဆူလိုက်သည်။ “အရူး ဖန်းအန်ကိုသတ်လိုက်ရင် ငါကသဘောထားကျဉ်းမြောင်းတာကို ပြလိုက်ရုံကလွဲ ဘာဖြစ်သွားမှာမလို့လဲ နောက်ပြီး ငါစ‌ာ‌ေပပညာရှင်တစ်ယောက်ကိုလည်း သတ်မပစ်ချင်ဘူး”

လီရွှမ်တောက်စကားများကြောင့် ကုအန်ကျေနပ်သွားခဲ့၏။

ဒါကမှ ညဏ်ပညာနဲ့ပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးပဲ!

စိတ်မပူပါနဲ့ အရှင်မင်းကြီး ကျွန်တော့်နောက်စာအုပ် အနောက်အရပ်သို့ ခရီးသွားခြင်း မှာ ဧကရာဇ်နာမည်က လီ မျိုးရိုးနာမည်နဲ့ပဲ!

အနောက်အရပ်သို့ ခရီးသွားခြင်းစာအုပ်သည် လမ်းခရီးတစ်လျှောက်ရှိ အခက်အခဲများအကြောင်းကို ရေးထားသော စာအုပ်ဖြစ်သော်လည်း ထိုစာအုပ်ထဲရှိ ကျောက်စိမ်းဧကရာဇ်နှင့် ဧကရာဇ်လီရှီမင် မှာအတော်လေးကျော်ကြားပေသည်။

ကုအန်တွေးတောနေစဉ်တွင် လျူဟွမ်မှာတော့ ဒေါသထွက်နေခဲ့၏။

“ပြည်နယ်တိုင်းက ကိုယ်ပိုင်နောက်ခံတွေရှိလာကြပြီးတော့ တရားရုံးတော်ရဲ့ ချုပ်ကိုင်မှုအောက်ကနေ တဖြည်းဖြည်းလွတ်ထွက်လာကြတယ် အခုလူတွေရဲ့ မကျေနပ်ချက်တွေကလည်း ပိုများလာကြပြီ နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကိုသုံးပြီး ငါ့ကိုဝေဖန်တာက သူတို့ရဲ့ ပထမဆုံးခြေလှမ်းပဲ တစ်နေ့မှာ သူတို့‌ဓားကိုငါ့ရှေ့မှာ ထုတ်ပြကြလိမ့်မယ်

အဲ့တာကြောင့် ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားကို တည်ထောင်ဖို့လိုတယ် အဲ့ဒီနေရာမှာ ထျန်းယတောင်ကြားက အရေးပါတဲ့ အပိုင်းတစ်ခုပဲ မင်းငါ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူးနော်”လီရွှမ်တောက်ပြုံး၍ ပြောလိုက်ကာ ဥယျာဉ်များဆီ လျှောက်သွားသောကြောင့် ကုအန်နှင့်လျူဟွမ်တို့လည်း သူ့နောက်မှ အမြန်လိုက်သွားခဲ့ကြသည်။

သုံးရက်ကြာသောအခါမှသာ လီရွှမ်တောက် ပြန်သွားခဲ့၏။

ထိုရက်များအတွင်း လီရွှမ်တောက်သည် သူ၏လီယ‌အပေါ် မျှော်လင့်ထားမှုများအား အခွင့်အရေးရရင် ရသလို ကုအန်ရှေ့တွင် ဖော်ထုတ်ပြသနေခဲ့သည်။

သို့‌ေသာ် သူထိုသို့လုပ်လေလေ ကုအန်မှာ တစ်ခုခုထူးဆန်းနေသလို ခံစားရလေလေပင်။

ထို့ကြောင့် သူထိုစကားများကို တစ်ဖက်နားမှထည့်၍ တစ်ဖက်နားမှထုတ်ရန်သာဆုံးဖြတ်လိုက်၏။ သူတို့သားအဖကိစ္စတွင် သူ၀င်မပါလိုပေ။

လီရွှမ်တောက် ထွက်သွားသောအခါ ကုအန်လည်း တောင်ကြားမှ ပြန်လာခဲ့လိုက်၏။ သူမပြန်ခင်တွင် လျူဟွမ်သည် နောက်တစ်ခါသူလာပါက နတ်ဘုရားတို့၏ရာထူးများစာအုပ်ကို ယူမလာ‌ေတာ့ဘဲ အစိမ်းရောင်သူရဲကောင်း စာအုပ်သာ ယူလာဖို့ ပြောခဲ့သည်။

ထိုစကားကိုကြာသောအခါ ကုအန် ရယ်သာရယ်ပြခဲ့လိုက်၏။

…..

ဤသို့ဖြင့် ရာသီများ ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် ၃နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။

ဤနှစ်တွင် ထျန်းယတောင်ကြားမှ သူ၏ပထမဆုံးဆေးပင်အသုတ်ကို ရိတ်သိမ်း၍ ရခဲ့ပြီး ကုအန် သက်တမ်း ၅၀၀၀ နီးနီးရခဲ့၏။

ဤနှစ်မှစပြီး ကုအန် သက်တမ်းသည်လည်း ထောင်၍ တက်လာတော့မည်ဖြစ်သောကြောင့် ကုအန် အလွန်ပျော်ရွှင်နေမိသည်။ ယခုပင် သူ့သက်တမ်းသည် ၇၀၀၀၀ ကျော်နေပြီဖြစ်ရာ ၁သန်းပြည့်သည်ထိ စုဆောင်းပစ်မည်ဟု အားခဲထားခဲ့၏။

တစ်နေ့တွင် ကုအန် ကျန်းချင်နှင့် စုဟန်တို့ကို အပြင်စည်းဂိုဏ်းသို့ ခေါ်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားကြပြီဖြစ်၏။ ဤနှစ်များအတွင်း သူတို့နှစ်‌ေယာက်သည် ကြိုးစားကျင့်ကြံခဲ့သည့်အပြင် ကုအန်ကလည်း သူတို့အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချောချောမွေ့မွေ့ရောက်စေရန် ဆေးအမျိုးမျိုးထောက်ပံ့ပေးခဲ့သည်။

ကုအန်သူတို့ကို အကြီးအကဲခန်းမသို့ ပို့ခဲ့ပြီးသည့်နောက် ပြန်လာခဲ့လိုက်၏။ အစေခံတပည့်များသည် တရား၀င်အပြင်စည်းဂိုဏ်းတပည့်ဖြစ်လာရန် အကြီးအကဲခန်းမတွင် အရင်ဆုံး စာရင်းသွင်းကြရသည်။

ကုအန် အပြင်စည်းမြို့ရှိ လမ်း‌မပေါ်တွင် လျှောက်နေစဉ်တွင် ရင်းနှီးနေသော ခေါ်သံတစ်သံကို ကြားလိုက်ရ၏။

“စီနီယာအစ်ကိုကြီး မတွေ့တာကြာပြီနော်”

ကုအန် လှည့်ကြည့်လိုက်ရာ မိစ္ဆာသုတ်သင်ခန်းမ ၀တ်စုံကို၀တ်ထားသော လုကျိကျားကို တွေ့လိုက်ရသည်။ သူ့နောက်တွင်မူ မိစ္ဆာသုတ်သင်ခန်းမမှ တပည့်ခြောက်ယောက်လည်း ပါလာခဲ့၏။

“ဒီရက်ပိုင်း အဆင်ပြေရဲ့လား” ကုအန် ပြုံး၍ မေးလိုက်သည်။

ဂိုဏ်းချုပ်အပြောင်းအလဲဖြစ်သွားပြီးကတည်းက မိစ္ဆာသုတ်သင်ခန်းမ၏ လွှမ်းမိုးမှုသည် ပိုမိုမြင့်တက်လာခဲ့ပြီး ဥပဒေရေးရာခန်းမကိုပင် ကျော်တက်သွားခဲ့၏။ ထို့ကြောင့် အပြင်စည်းဂိုဏ်းတွင် သူတို့ကိုတွေ့ရခြင်းမှာ သာမန်ကိစ္စသာ ဖြစ်ပေသည်။

လုကျိကျား သူ့နားကပ်လာပြီး ခေါင်းညိတ်ပြလိုက်၏။

“အတော်အဆင်ပြေပါတယ် ကျွန်တော်တို့ဆရာက ကျွန်တော့်ကို ရာထူးတိုးပေးခဲ့တယ်လေ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံရုံတင်မကဘူး အခုဆို ကျွန်တော့်အာဏာကလည်း ပိုကြီးလာခဲ့ပြီ စီနီယာအစ်ကိုကြီး အနာဂတ်မှာ တစ်ခုခုလိုတာရှိရင် ကျွန်တော့်ဆီသာ လာလိုက်ပါ”

ထို့နောက် သိုလှောင်အိတ်ထဲမှ အနက်ရောင်တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ကုအန်ကို ပေးလိုက်လေသည်။

All Chapters