အခန်း (၁၉၄၇-၁၉၅၀)
Vol. 103 Ch. 1947-1950
အခန်း (၁၉၄၇) - တို့ကို ဒီလောက်အမြန် မေ့သွားတာလား
~ထိုအခိုက်အတန့်၌... စနစ်၏ "အဆင့်မြင့် အာရုံခံစနစ်" အကူအညီဖြင့် ယဲ့ဖန်သည် အားလုံးကို သိရှိသွားတော့၏။
ဤရတနာ လမ်းညွှန်ချက်၏ ပစ်မှတ်မှာ အခြားမဟုတ်ဘဲ... သူနှင့် ချန်းဖေးအယ်တို့ အသည်းအသန် လိုက်ရှာနေကြသော "ကိုးပြည်ထောင် ဖိုကြီး" ထဲမှ "လျန်ပြည်နယ် ဖိုကြီး"ပင် ဖြစ်ချေ၏။
ယဲ့ဖန်၏ စစ်ဆေးချက်အရ... ထို လျန်ပြည်နယ် ဖိုကြီးမှာ လက်ရှိတွင် ဤဂိုဒေါင်၏ ဒုတိယထပ်၊ ညာဘက်ခြမ်းရှိ အခန်း တစ်ခုအတွင်း၌ ရှိနေလေသည်။
တံခါးပေါ်တွင် "မန်နေဂျာ ရုံးခန်း" ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသဖြင့်... ၎င်းမှာ ဂိုဒေါင် မန်နေဂျာ၏ ရုံးခန်း ဖြစ်ကြောင်း သိသာလှ၏။
သို့သော်လည်း ဂိုဒေါင်အတွင်း၌ လူကုန်ကူးရန် ပြင်ဆင်နေကြသူများမှာ အပူတပြင်း လှုပ်ရှားနေကြသော်လည်း... ထိုရုံးခန်း တံခါးမှာမူ အမြဲတမ်း ပိတ်ထားဆဲပင်။ အတွင်းရှိ လူများသည် အပြင်ဘက်မှ ဆူညံသံများကို အနည်းငယ်မျှ ဂရုမစိုက်ကြသယောင် ရှိလေသည်။
ယဲ့ဖန်သည် လုံခြုံရေး အစောင့်များကြားတွင် ရောနှောကာ ခေတ္တမျှ အကဲခတ်နေသော်လည်း... အခန်းထဲသို့ ဝင်ထွက်သွားလာသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
ဂိုဒေါင်အတွင်းရှိ သံလှောင်အိမ်အားလုံးကို သယ်ထုတ်သွားပြီးနောက်... မုတ်ဆိတ်နှင့် လူကြီးက လူများကို ခေါ်ကာ ကျန်ရစ်ခဲ့သည့် သွေးညှီနံ့နှင့် အညစ်အကြေးနံ့များကို ရှင်းလင်းရန် အမိန့်ပေးတော့၏။ လုံခြုံရေး အစောင့်အများစုမှာမူ ထိုကဲ့သို့ ညစ်ပတ်သော အလုပ်ကို မလုပ်လိုသဖြင့် ညည်းတွားနေကြစဉ်မှာပင်... ရုံးခန်းတံခါး ပွင့်လာပြီး ခက်ထန်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
"မသေချင်တဲ့ လူတွေ... မြန်မြန် လုပ်ကြစမ်း"
ထို ခက်ထန်သော လူကြီးမှာ လက်ရန်းကို လက်နှစ်ဖက်ဖြင့် အားပြုကိုင်ထားရင်း၊ အောက်ထပ်ရှိ လုံခြုံရေးများကို စိုက်ကြည့်ကာ ဟောက်လိုက်လေ၏။
"သူဌေးဆီကို အခုလေးတင် ဖုန်းဝင်လာတယ်... နောက်ထပ် (၁၅) မိနစ်အတွင်းမှာ ရဲတွေ ဒီလေဆိပ်ကို ရောက်လာတော့မယ်တဲ့..."
"ရဲတွေတင် မကဘူး... နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့်တွေပါ ပါလာမှာကွ..."
"အဲ့ဒီ အေးဂျင့်တွေရဲ့ ကျည်ဆန်ကို မမြည်းစမ်းချင်ဘူး ဆိုရင်တော့... အချိန်ဖြုန်းနေကြဦးပေါ့လေ..."
ရုတ်ချည်းဆိုသလိုပင်... ညစ်ပတ်သော အလုပ်ကို မလုပ်ချင်ဘဲ ငြင်းဆန်နေကြသော လုံခြုံရေးများ၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြတော့၏။ သူတို့၏ လှုပ်ရှားမှုများမှာလည်း ချက်ချင်းပင် သွက်လက် မြန်ဆန်လာရလေတော့သည်။
"ရဲတွေတင် မကဘူးလား... ကြည့်ရတာ ဒီကိစ္စက တော်တော် အခက်တွေ့တော့မှာပဲ..."
လူတိုင်းက သန့်ရှင်းရေး လုပ်နေကြရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။
"တော်ဝင်အေးဂျင့်တွေ ဟုတ်လား... သူတို့က ဘယ်လိုလုပ်ပြီး တို့နောက်ကို လိုက်လာနိုင်ရတာလဲ..."
"တခြား နေရာတစ်ခုခုမှာ အမှားအယွင်း ဖြစ်သွားလို့ တို့ဆီအထိ သဲလွန်စ ရောက်လာတာလား မသိဘူး..."
"တို့တွေ ဒီမှာ လုပ်နေတာ နှစ်ပေါင်း မနည်းတော့ဘူးလေ... တစ်ခါမှ အေးဂျင့်တွေ ရောက်မလာဖူးပါဘူး..."
"ဒီတစ်ခါတော့... တကယ်ပဲ ပြဿနာ တက်တော့မှာလား..."
လူတိုင်းက စိုးရိမ်တကြီး ဆွေးနွေးနေကြရင်း မုတ်ဆိတ်နှင့် လူကြီးကို လှမ်းကြည့်လိုက်ကြ၏။
မုတ်ဆိတ်နှင့် လူကြီး၏ မျက်နှာမှာလည်း ထိုစကားများကြောင့် တောင့်ခဲသွားရသော်လည်း... "အားလုံးပဲ... ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ကြစမ်း... မဟုတ်တာတွေ လျှောက်မတွေးနဲ့..." ဟု ပြန်လည် ဟောက်လိုက်လေသည်။
"ဂိုဒေါင်ထဲက သဲလွန်စတွေကို အကုန် ရှင်းပစ်ပြီး၊ သက်သေတွေကို ကောင်းကောင်း ဝှက်ထားနိုင်သမျှ ကာလပတ်လုံး... တော်ဝင်အေးဂျင့်တွေ လာလည်း ဘာမှ မဖြစ်ဘူး..."
"တို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိလဲဆိုတာ မမေ့နဲ့လေ..."
ထိုအခါမှသာ လူတိုင်း၏ မျက်နှာများမှာ ပြန်လည် ပျော့ပြောင်းသွားကြတော့၏။
"ဟုတ်သားပဲ... ဒါက သူတို့ရဲ့ စီးပွားရေးပဲလေ..."
"ဒီတစ်ခါ အေးဂျင့်တွေ ရောက်လာတာကလည်း... ရုတ်တရက် အရေးပေါ် အခြေအနေမို့လို့ နေမှာပါ... သိပ်ပြီး စိုးရိမ်စရာ မရှိလောက်ပါဘူး..."
"တကယ်လို့သာ သူတို့က တို့ဆီက အဓိက သက်သေတွေကို ကြိုမိထားပြီ ဆိုရင်တော့... အထက်ကလူတွေက တို့ကို ပစ္စည်းရွှေ့ခိုင်းမှာ မဟုတ်ဘူး... သက်သေ ဖျက်ခိုင်းမှာပေါ့..."
"အဲ့ဒီ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှုတိုင်းက... တို့နောက်ကွယ်က လူတွေရဲ့ မျက်စိအောက်က လွတ်မှာ မဟုတ်ပါဘူး..."
"..."
ယဲ့ဖန်သည် လူတိုင်း၏ ဆွေးနွေးမှုများကို နားထောင်နေရင်း၊ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်တော့၏။
သို့သော်လည်း သူက ဘာမှ မသိသယောင် ဆက်လက် ဟန်ဆောင်နေဆဲပင်။ တစ်ဖက်တွင်လည်း ဒုတိယထပ်ရှိ မန်နေဂျာ ရုံးခန်း၏ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
ရုံးခန်းအတွင်းရှိ လူများသည် လုံခြုံရေးများနှင့်အတူ လိုက်ပါသွားရန် စိတ်ကူး မရှိကြသည်ကို မြင်သောအခါ... သူသည် လူတိုင်း ဂိုဒေါင်ကို ရှင်းလင်းပြီး၊ လေအမွှေးနံ့သာများ ဖြန်းကာ၊ ကွန်တိန်နာ အသစ်များ ရွှေ့ပြောင်းနေကြသည်ကို စောင့်ကြည့်နေလိုက်သည်။ လူတိုင်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြချိန်တွင်မူ... သူသည် ဂိုဒေါင် တံခါးအပြင်ဘက်၌သာ ကျန်ရစ်ခဲ့ပြီး သူတို့နောက်သို့ လိုက်မသွားခဲ့ပေ။
မုတ်ဆိတ်နှင့် လူကြီးတို့က အရာရာ အဆင်ပြေသွားပြီဟု ယူဆကာ ဂိုဒေါင်အပြင်သို့ ထွက်လာရန် ပြင်လိုက်သည့် အခိုက်အတန့်၌မူ... ယဲ့ဖန်သည် ရုတ်တရက် လှုပ်ရှားလိုက်လေတော့သတည်း။
သူသည် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်သွားပြီး၊ မုတ်ဆိတ်နှင့် လူကြီးအား တုံ့ပြန်ရန် အချိန်ပင် မပေးဘဲ... ပြင်းထန်လှသော လက်ဝါးချက် တစ်ချက်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့၏။
ထို့နောက်တွင်တော့... ထိုလူ၏ နောက်မှ ပါလာသူများကိုလည်း အလွယ်တကူပင် ရိုက်နှက် နှိမ်နင်းလိုက်လေသည်။
"မင်း... မင်းက..."
မုတ်ဆိတ်နှင့် လူကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ကြောင်အမ်းသွားရရှာ၏။ သူသည် ပါးကို လက်ဖြင့် အုပ်ကာ မတ်တပ်ရပ်ရင်း... ဒေါသတကြီး ကြည့်လိုက်လေသည်။
"မင်း ငါတို့ကို မမှတ်မိတော့ဘူးလား..."
ယဲ့ဖန်က အေးစက်စက် ရယ်မောလိုက်ပြီးနောက်၊ ထိုလူအား နောက်ထပ် လက်ဝါးစောင်း တစ်ချက် ကျွေးလိုက်ပြန်၏။
“ခွပ်”
"ခုနက ငါ ပေးတဲ့ ဆေးလိပ်ကို... မင်း ဒီလိုပဲ ပုတ်ထုတ်ခဲ့တာ မဟုတ်လား..."
မုတ်ဆိတ်နှင့် လူကြီးမှာ နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ ပြိုလဲသွားရပြန်ရာ... သူ၏ မျက်လုံးအိမ်များမှာ တုန်ရီနေလေတော့၏။
—
အခန်း (၁၉၄၈) - ရက်စက်လှသော အလှနတ်သမီး (၁)
~"မင်း... မင်းပဲ"
မုတ်ဆိတ်နှင့် လူကြီးမှာ တစ်စုံတစ်ခုကို သတိရသွားပုံ ရ၏။ သူသည် ယဲ့ဖန်၏ မျက်နှာကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက်၊ ယဲ့ဖန် ဝတ်ဆင်ထားသော လုံခြုံရေး ယူနီဖောင်းကို ကြည့်ကာ...
"မင်းကပဲ တော်ဝင်အေးဂျင့်တွေကို တိတ်တဆိတ် ဆက်သွယ်လိုက်တာပေါ့လေ..."
"အရာရာကို အကုန် သိနေရင်တော့... မင်းအတွက် အန္တရာယ် ရှိလိမ့်မယ်..."
ယဲ့ဖန်က မထီမဲ့မြင် ပြုံးပြလိုက်သော်လည်း၊ ထိုလူက အခြားသူများကို သတိပေးရန် မပြင်နိုင်မီမှာပင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်၏။
သူသည် ထိုလူ၏ ဂုတ်ပိုးကို လက်ဖြင့် ဖြတ်ရိုက်လိုက်လေတော့သတည်း။
"အား..."
မုတ်ဆိတ်နှင့် လူကြီးမှာ ညည်းတွားသံ တစ်ချက်သာ ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ လဲကျ သတိလစ်သွားရရှာ၏။
ယဲ့ဖန်သည် ဂိုဒေါင်တံခါးကို ပိတ်လိုက်ပြီးနောက်... ဒုတိယထပ် ညာဘက်ခြမ်းရှိ မန်နေဂျာ ရုံးခန်းဆီသို့ ဦးတည် လျှောက်လှမ်း
သွားလိုက်လေသည်။
ထိုအချိန်၌... ခုနက ထွက်ပေါ်လာသော ခက်ထန်သည့် လူကြီးမှာ ရုံးခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ ဒုတိယထပ် ရုံးခန်းတံခါးမှာလည်း နောက်တစ်ကြိမ် ပြန်လည် ပိတ်ထားလျက် ရှိလေသည်။
ယဲ့ဖန်သည် ရုံးခန်း တံခါးဝသို့ ရောက်ရှိလာသောအခါ... အတွင်းရှိ အခြေအနေကို သေသေချာချာ အာရုံခံလိုက်၏။ အတွင်းရှိ လူဦးရေနှင့် နေရာချထားပုံကို အတည်ပြုပြီးနောက်မှသာ... သူသည် တံခါးကို ခေါက်လိုက်လေတော့သည်။
ရုံးခန်းအတွင်းရှိ လူများမှာမူ အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိကြသေးပေ။ ရုတ်ချည်းဆိုသလို မကျေမနပ် ဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ..."
"ဂိုဒေါင်ကို ရှင်းပြီးတာနဲ့ မြန်မြန် ထွက်သွားကြလို့ ငါ မှာထားတယ် မဟုတ်လား..."
"ဘာလို့ အခုမှ တံခါးလာခေါက်နေရတာလဲ..."
"ကျွန်တော်ပါ..."
ယဲ့ဖန်သည် မုတ်ဆိတ်နှင့် လူကြီး၏ လေသံကို အတုခိုးကာ ဖြေကြားလိုက်လေသည်။
"မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လို့ပါ..."
"ဘာဖြစ်လို့လဲ..."
မန်နေဂျာ ရုံးခန်း တံခါး ပွင့်သွားသည်နှင့်အမျှ... ယဲ့ဖန်၏ မျက်စိရှေ့၌ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ရင်းနှီးနေသော မျက်နှာတစ်ခုပင်။ ၎င်းမှာ ခုနက အပြင်ထွက်၍ လူများကို ဟောက်သွားသော ခက်ထန်သည့် လူကြီးပင် ဖြစ်ချေ၏။
ထိုလူကြီးမှာ တံခါးကို ဖွင့်လိုက်စဉ် ယဲ့ဖန်ကို မြင်တွေ့လိုက်ရသောအခါ ကြောင်အမ်းသွားရရှာသည်။ သူ သတိဝင်လာပြီး တံခါးကို ပြန်ပိတ်ရန် ပြင်လိုက်သော်လည်း... နောက်ကျသွားခဲ့တော့၏။
ယဲ့ဖန်သည် တံခါးကြားသို့ ဝင်ရောက် ပိတ်ဆို့လိုက်ပြီးနောက်... ထိုလူ၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးနှက်လိုက်လေတော့သတည်း။
အရပ် နှစ်မီတာကျော် မြင့်ပြီး၊ အလေးချိန် ပေါင် နှစ်ရာကျော် ရှိသော ထိုလူကြီးမှာ... ယဲ့ဖန်၏ လက်သီးချက်ကြောင့် လေထဲသို့ လွင့်ထွက်သွားရလေတော့၏။
"ဟိုက်... သောက်ကျိုးနည်း... တို့တွေ တိုက်ခိုက်ခံနေရပြီ"
ရုံးခန်းအတွင်း၌ ဖရိုဖရဲ ဖြစ်ကုန်ကြတော့သည်။
ယဲ့ဖန်သည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သောအခါ... ထိုလူကြီးနှင့် ပုံစံတူသော အခြား လုံခြုံရေး အစောင့်အချို့မှာ သေနတ်များကို ဆွဲထုတ်လျက် သူ့ကို ချိန်ရွယ်နေကြသည်ကို မြင်လိုက်ရ၏။
သူသည် စားပွဲဆီသို့ လျင်မြန်စွာ တိုးဝင်သွားပြီး၊ အစောင့်တစ်ဦး၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်ကာ နေရာမှာတင် မေ့မြောသွားစေလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ကလောင်အိုးကို ဆွဲယူကာ... ဒဏ္ဍာရီထဲက နတ်သမီးလေး ပန်းကြဲသကဲ့သို့ အခြားသော လမ်းကြောင်းများဆီသို့ ဝှေ့ယမ်း ပစ်ပေါက်လိုက်လေတော့သတည်း။
"ဖောက်... ဖောက်... ဖောက်... ဖောက်"
ရုတ်ချည်းဆိုသလိုပင်... လုံခြုံရေး အစောင့်များ သေနတ်ဖြင့် မချိန်ရွယ်နိုင်မီမှာပင်၊ ကလောင်အိုးထဲမှ ကလောင်တံများမှာ ထက်မြက်လှသော ဓားမြှောင်များအလား ထိုလူများ၏ လက်ဖဝါးများကို ထိုးဖောက်သွားကြတော့၏။
"အား..."
"ကျွတ်..."
ရုံးခန်းအတွင်း၌ နာကျင်စွာ အော်ဟစ်သံများ ဆူညံသွားရလေသည်။
ယဲ့ဖန်ကမူ လျှပ်စီးပမာ မြန်ဆန်နေဆဲပင်။ သူသည် ထိုလူများကို ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် ဆက်တိုက် တိုက်ခိုက်လိုက်တော့၏။
လက်ဝါးဖြင့် ဖြတ်ရိုက်ချက် အနည်းငယ် ပြုလုပ်ပြီးနောက်... ထိုလူများ အားလုံး မြေပြင်ပေါ်သို့ ပြိုလဲသွားကြလေတော့သည်။
ကျယ်ဝန်းပြီး ခမ်းနားလှသော မန်နေဂျာ ရုံးခန်းအတွင်း၌... လှပသော အမျိုးသမီး တစ်ဦးသာ ကျန်ရစ်ခဲ့တော့၏။ သူမသည် သူဌေး ကုလားထိုင်ပေါ်၌ ထိုင်လျက် ကြောင်အမ်းကာ ငေးကြည့်နေဆဲပင် ဖြစ်ချေသည်။
ထို အမျိုးသမီးသည် ယဲ့ဖန်က လုံခြုံရေးများကို နှိမ်နင်းပြီး သူမထံသို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို မြင်သောအခါ... ကပျာကယာပင် လက်နှစ်ဖက်ကို မြှောက်လျက် အရှုံးပေးသည့်ဟန် ပြုမူလိုက်လေရာ၊ ယဲ့ဖန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရတော့၏။
ဤ လူကုန်ကူးဂိုဏ်း၏ အကြီးအကဲမှာ အမျိုးသမီး တစ်ဦး ဖြစ်နေလိမ့်မည်ဟုလည်းကောင်း၊ ၎င်းမှာ ငယ်ရွယ်လှပသော အမျိုးသမီး တစ်ဦး ဖြစ်နေလိမ့်မည်ဟုလည်းကောင်း သူ ထင်မထားခဲ့မိပေ။
"မင်းက... ဒီနေရာရဲ့ မန်နေဂျာလား..."
ယဲ့ဖန်သည် ထို အမျိုးသမီး၏ စားပွဲရှေ့သို့ လျှောက်လှမ်းသွားလိုက်လေသည်။
"ဟုတ်ပါတယ်..."
ထို အမျိုးသမီးက ခေါင်းညိတ်ပြလျက် ပြန်လည် မေးမြန်းလိုက်၏။
"ရှင်က... ဘယ်သူလဲ..."
"တော်ဝင်အေးဂျင့်တွေက တိုင်ချက်ရလို့၊ အနီးအနားက ရဲတွေနဲ့ ပူးပေါင်းပြီး စုံစမ်းဖို့ လာနေကြပြီလို့ အထက်က သတင်းရတယ်လေ..."
"ရှင်က... အဲ့ဒီ အေးဂျင့်တွေကို ဆက်သွယ်လိုက်တဲ့ သူလား..."
ယဲ့ဖန် ပြန်လည် ဖြေကြားရန် ပြင်လိုက်စဉ်မှာပင်... စက်မှုကိရိယာ တစ်ခု၏ သိမ်မွေ့လှသော လှုပ်ရှားမှု အသံကို ကြားလိုက်ရလေ၏။
သူသည် မျက်လုံးထောင့်မှနေ၍ ထို အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထို အမျိုးသမီး၏ ကိုယ်အောက်ပိုင်းမှာ ရုတ်တရက် ဆိုသလို မသိမသာ လှုပ်ရှားသွားရ၏။
ယဲ့ဖန်သည် လျှပ်စီးအလား ဘေးသို့ ရှောင်တိမ်းလိုက်လေတော့သည်။
"ဒိုင်း"
ထို အမျိုးသမီး၏ ခြေထောက်အောက်မှ သေနတ်သံ တစ်ချက် ထွက်ပေါ်လာ၏။
ထင်ရှားသည်မှာ... ထို အမျိုးသမီး ဝတ်ဆင်ထားသော ဖိနပ်မှာ အထူး အေးဂျင့်များအတွက် ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ ခြေဖျားအောက်၌ သေနတ်တစ်လက် ဝှက်ထားခြင်းပင် ဖြစ်ချေသည်။
သူမသည် ယဲ့ဖန်နှင့် စကားပြောနေသည့်ဟန် ဆောင်ကာ၊ ယဲ့ဖန်၏ အာရုံကို လွှဲပြီး သတိလက်လွတ် ဖြစ်စေရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
ထို ကျည်ဆန်ကို ရှောင်တိမ်းပြီးနောက် ယဲ့ဖန်၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်သော အလင်းရောင်များ ဝင်းလက်သွားရလေသည်။ သူသည် ထို အမျိုးသမီးထံသို့ လျင်မြန်စွာ တိုးဝင်သွားတော့၏။
ထို အမျိုးသမီးမှာမူ... သူမ၏ တိုက်ခိုက်မှုမှာ လွဲချော်သွားသည်ကို မြင်သောအခါ မျက်နှာထား ပျက်ယွင်းသွားရသော်လည်း၊ သူမ၏ အစွမ်းအစ အစစ်အမှန်ကို ထုတ်ဖော်လိုက်လေတော့သည်။
သူမသည် လက်တစ်ဖက်ဖြင့် စားပွဲအံဆွဲကို ဆွဲဖွင့်ကာ သေနတ်ကို ထုတ်ရန် ပြင်လိုက်သလို၊ အခြား လက်တစ်ဖက်ဖြင့်လည်း ခါးကြားမှ ဓားမြှောင်တို တစ်လက်ကို ဆွဲထုတ်လျက် ယဲ့ဖန်ထံသို့ လှမ်း၍ ခုတ်ပိုင်းလိုက်လေတော့သတည်း။
သူမ၏ သွက်လက်မှုနှင့် ပေါက်ကွဲအားမှာမူ... မုတ်ဆိတ်နှင့် လူကြီးနှင်ြ အခြားသော လုံခြုံရေးများထက် အမှန်ပင် များစွာ သာလွန်နေပေ၏။
—
အခန်း (၁၉၄၉) - ရက်စက်လှသော အလှနတ်သမီး (၂)
~သို့သော်လည်း... ထိုအစွမ်းမှာ သာမန်လူများအတွက်သာ ဖြစ်ချေ၏။
ဤ အမျိုးသမီး၏ စွမ်းရည်မှာ "အလင်းကျင့်စဉ်" အထွတ်အထိပ်သို့ ရောက်နေသော သိုင်းပညာရှင် တစ်ဦးနှင့် မတိမ်းမယိမ်း ရှိနေသလို၊ အချို့သော စစ်သည်တော်များထက်ပင် ပိုမို အစွမ်းထက်နေသေးသော်လည်း...
ယဲ့ဖန်၏ အမြင်တွင်မူ... သူမ၏ လှုပ်ရှားမှုများမှာ နှေးကွေးလွန်းလှသော ဗီဒီယို ပြကွက် တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ယဲ့ဖန်သည် အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့်... ထို အမျိုးသမီး ဓားဖြင့် မထိုးနိုင်မီမှာပင် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်လေ၏။ ထို့နောက် ဝုန်းခနဲ လှည့်ပတ်လိုက်ရာ... သူမ၏ လက်ကောက်ဝတ်မှာ လုံးဝကို လည်ထွက်သွားရတော့သည်။ တစ်ချိန်တည်းမှာပင် ထို ဓားမြှောင်မှာ သူမ၏ လက်ဖဝါးရိုးများကို ထိုးဖောက်သွားပြီး၊ သူမ၏ လက်ကို စားပွဲပေါ်သို့ တန်းလန်းကြီး စိုက်ကပ်သွားစေလေတော့သတည်း။
"အား..."
ထို အမျိုးသမီး၏ မျက်နှာမှာ ရုတ်ချည်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး၊ နာကျင်လွန်းသဖြင့် ဟစ်အော်လိုက်ရှာ၏။
သို့သော် ယဲ့ဖန်ကမူ ရပ်တန့်မသွားပေ။ သူသည် ခြေထောက်ဖြင့် တစ်ချက် ဝေ့ကန်လိုက်ရာ... အရိုးကျိုးသံနှင့်အတူ အထူး အေးဂျင့်ဖိနပ် ဝတ်ထားသော ထို အမျိုးသမီး၏ ခြေထောက်တစ်ဖက်မှာ ဘေးသို့ ကားထွက်သွားရတော့သည်။
ထို အမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ... စားပွဲပေါ်တွင် စိုက်ကပ်နေသော သူမ၏ လက်ရှိရာသို့ ပြိုလဲကျသွား၏။
သူမသည် သူမ၏ ကျောပြင်မှာ ယဲ့ဖန်ဘက်သို့ လှည့်နေခြင်း၊ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းနှင့် လက်တစ်ဖက်မှာ စားပွဲတွင် စိုက်နေခြင်းတို့ကြောင့် အခြေအနေမှာ အလွန် ဆိုးရွားနေပြီ ဖြစ်ကြောင်း သိရှိလိုက်ပုံ ရလေသည်။ သူမ၏ ခန္ဓာကိုယ် လဲကျတော့မည့် တခဏ၌မူ... သူမ၏ အခြား လက်တစ်ဖက်မှာ လျှပ်စီးပမာ ပြောင်းလဲသွားပြီး၊ ယဲ့ဖန်ထံသို့ အခြား လမ်းကြောင်း တစ်ခုမှ နေ၍ ပြင်းထန်စွာ ဝှေ့ယမ်း တိုက်ခိုက်လိုက်ပြန်၏။
သို့သော် ယဲ့ဖန်ကမူ ထို လက်ကိုလည်း အေးဆေးစွာပင် ဖမ်းဆုပ်လိုက်ပြီးနောက်... သူမ၏ ကျောပြင်ကို ဖိနှိပ်ကာ ရှေ့သို့ တွန်းပို့လိုက်လေတော့သည်။
"အား..."
ထို အမျိုးသမီးမှာ နောက်တစ်ကြိမ် နာကျင်စွာ ဟစ်အော်လိုက်ရပြန်၏။ သူမ၏ ကျောပြင်မှာ ယဲ့ဖန်ဘက်သို့ ရှိနေလျက်ပင်၊ သူမသည် စားပွဲပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရသည်။
"ကျွတ်... ကျွတ်"
သူမ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ အလွန်အမင်း ကိုင်းညွတ်သွားရသဖြင့်... စားပွဲပေါ်တွင် စိုက်နေသော သူမ၏ လက်မှာ ရှေ့သို့ တိုးထွက်သွားရ၏။ ထိုအခါ သူမ၏ လက်ရိုးများနှင့် ဓားသွားတို့ကြားမှ ထွက်ပေါ်လာသော ပွတ်တိုက်သံမှာ... နားထောင်ရသူအဖို့ သွားကျိန်းစရာ ကောင်းလှသည်။
ဒဏ်ရာမှ သွေးများမှာ ရေပန်းတစ်ခုပမာ တသွင်သွင် စီးကျလာတော့၏။
ထို အမျိုးသမီး၏ မျက်နှာမှာ တစ်ခဏအတွင်းမှာပင် သေလူ တစ်ယောက်ပမာ သွေးဆုတ်သွားရပြီး၊ သူမ၏ ခန္ဓာကိုယ်မှာလည်း ပျော့ခွေ သွားရရှာသည်။
သို့သော်လည်း သူမသည် အရှုံးပေးလိုသည့် ဆန္ဒ မရှိသေးပေ။ သူမသည် တင်ပါးဖြင့် ယဲ့ဖန်အား အကြိမ်ကြိမ် တွန်းထုတ်ရန် ကြိုးစားသော်လည်း၊ မအောင်မြင်သည်ကို သိလိုက်ရသောအခါ... ခက်ထန်သော လေသံဖြင့် ဟောက်လိုက်
လေတော့၏။
"ငါ့ကို လွှတ်စမ်း"
"ဒါ ဘယ်သူ့ရဲ့ စီးပွားရေးလဲ ဆိုတာ မင်း သိရဲ့လား... မင်း တကယ်ပဲ သတ္တိကောင်းလှချည်လား..."
"ငါ့မှာ တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့... မင်း ဘယ်လောက်ပဲ သိုင်းတတ်တတ်... မင်း သေရလိမ့်မယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်..."
ယဲ့ဖန်ကမူ ထို အမျိုးသမီး၏ ခြိမ်းခြောက်မှုများကို အရေးမစိုက်ပေ။ သူသည် သူမ၏ ခန္ဓာကိုယ်ကို စားပွဲပေါ်၌ ဖိနှိပ်ထားရင်းနှင့်... ရုံးခန်းအတွင်းရှိ မီးခံ သေတ္တာကိုသာ စိုက်ကြည့်နေတော့၏။
သူ၏ "အဆင့်မြင့် အာရုံခံစနစ်" အရ... "ကိုးပြည်ထောင် ဖိုကြီး" ထဲမှ "လျန်ပြည်နယ် ဖိုကြီး" မှာ ဤ သေတ္တာအတွင်း၌ ရှိနေခြင်း ဖြစ်ချေသည်။
"မင်း မသေချင်ဘူး ဆိုရင်တော့... ဒီ သေတ္တာရဲ့ လျှို့ဝှက်နံပါတ်ကို အခုချက်ချင်း ပြောလိုက်စမ်း..."
ထိုစကားကို ကြားလိုက်ရသောအခါ ထို အမျိုးသမီးမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရ၏။ သူမ၏ မျက်လုံးများမှာ လှုပ်ရှားသွားရပြီး... "နိုင်ငံခြားသား...နင်က ဒီ သေတ္တာအတွက် လာတာပေါ့လေ... နင်က နိုင်ငံခြားက လာတဲ့ ရတနာ မုဆိုး တစ်ယောက်လား" ဟု မေးလိုက်လေသည်။
ထိုအခါ၊ ယဲ့ဖန်သည် သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ ထပ်မံ ဖိနှိပ်လိုက်၏။
ဓားမြှောင်တိုနှင့် သူမ၏ လက်ဖဝါးရှိ ဒဏ်ရာတို့ကြားမှ... သွားကျိန်းစရာ ကောင်းလှသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထို အမျိုးသမီးမှာ နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ရပြန်ပြီး... သူမ၏ တစ်ကိုယ်လုံးမှာလည်း မထိန်းနိုင်အောင်ပင် တုန်ရီနေတော့၏။
သို့သော်လည်း သူမသည် ဇွဲမလျှော့ဘဲ ဆက်ပြောလေသည်။
"ငါ နင့်ကို အသေအချာ ပြောပြလိုက်မယ်... ဒီ စတန့်စ် လေဆိပ်ဆိုတာ 'ဒီဗွန်ရှိုင်းယား' မိသားစုရဲ့ ပိုင်ဆိုင်မှုပဲဟဲ့.."
"သေတ္တာထဲမှာ ရှိတဲ့ အရာတွေကလည်း... ဒီဗွန်ရှိုင်းယား မိသားစုက ဂျပန်က သူဌေးကြီး တစ်ယောက်ဆီကို လက်ဆောင်ပေးဖို့ ပြင်ထားတဲ့ ရတနာတွေလေ..."
"အဲ့ဒီအထဲမှာ အထူး အချက်ပေး ကိရိယာ တပ်ထားတယ်... ပစ္စည်းက သေတ္တာထဲက ထွက်သွားတာနဲ့ အချက်ပေးသံ ထွက်လာမှာပဲ..."
"ဒါတင် မကသေးဘူး... ငါ့ကိုယ်ထဲမှာလည်း အထူး ချစ်ပ်ပြား တစ်ခု ထည့်ထားတယ်... ငါ့ရဲ့ နှလုံးခုန်နှုန်း ရပ်သွားတာနဲ့... ဒီဗွန်ရှိုင်းယား မြို့စားကြီးဆီကို သတင်း ချက်ချင်း ရောက်သွားမှာပဲ..."
"သေတ္တာထဲက ပစ္စည်းကိုပဲ ဖြစ်ဖြစ်၊ ငါ့ကိုပဲ ဖြစ်ဖြစ်... တစ်ခုခု လုပ်ဖို့ ကြံစည်နေတယ် ဆိုရင်တော့... နင့်အတွက် ကောင်းတဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူးနော်..."
ယဲ့ဖန်သည် သူမ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုထားလိုက်ပြီး... သူမ၏ ကျန်ရှိနေသော ခြေထောက်တစ်ဖက်ကိုပါ လှမ်းကန်၍ ချိုးပစ်လိုက်လေတော့သတည်း။
သူသည် သူမ၏ ရှေ့မှောက်ရှိ သေနတ်များကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီးနောက်... သူမ၏ လက်ကို လွှတ်ပေးလိုက်ကာ လုံခြုံရေး သေတ္တာကို သူမ၏ ရှေ့သို့ အမြန်ဆုံး ယူဆောင်လာခဲ့လေ၏။
"ဖွင့်လိုက်စမ်း..."
"မင်းဘက်က မပူးပေါင်းဘူး ဆိုရင်တော့... ငါလည်း နည်းနည်း ကြမ်းရလိမ့်မယ်..."
ဤ လုံခြုံရေး သေတ္တာမှာ ရိုးရိုး လျှို့ဝှက်နံပါတ် သုံးသည့် အမျိုးအစား မဟုတ်ဘဲ၊ ပိုမို အဆင့်မြင့်လှသော သေတ္တာ ဖြစ်နေပေသည်။ ယဲ့ဖန်၏ သေတ္တာဖွင့်သည့် အတတ်ပညာနှင့် မကိုက်ညီသောကြောင့်... ဤ အမျိုးသမီးကိုသာ ဖွင့်ခိုင်းခြင်းက ပို၍ ကောင်းမွန်မည် မဟုတ်ပါလော။
အခန်း (၁၉၅၀) - အခြေအနေကို နားလည်သူသည်သာ ပညာရှိ
~လှပသော အမျိုးသမီးသည် စားပွဲပေါ်၌ ပျော့ခွေစွာ လဲလျောင်းနေ၏။ သူမသည် အသက်ကို လုရှူနေရပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများဖြင့် ရွှဲနစ်နေလေသည်။ ဖြူဆော့နေသော မျက်နှာဖြင့် ယဲ့ဖန်ကို စိုက်ကြည့်ကာ တုန်ရီသော အသံဖြင့် ဆို၏။
"ငါ အသေအချာ ရှင်းပြပြီးသားပါ။"
"ဒီ သေတ္တာထဲက ပစ္စည်းမှာ အထူး ချစ်ပ်ပြား တပ်ထားတယ်လို့။"
“ အဲ့ဒါကို ထိလိုက်တာနဲ့... ဒီဗွန်ရှိုင်းယား မိသားစုဆီကို အချက်ပေးသံ ချက်ချင်း ရောက်သွားလိမ့်မယ်။ မင်းရဲ့ တည်နေရာနဲ့ သေတ္တာထဲက ပစ္စည်းရဲ့ အခြေအနေကိုပါ သူတို့တွေ တိုက်ရိုက် သိနေမှာကွ။"
"ဒီပစ္စည်း အခိုးခံရမှန်း မြို့စားကြီး သိသွားတာနဲ့... နင် ဘယ်ကိုမှ ပြေးလို့ မလွတ်နိုင်ဘူး။"
ယဲ့ဖန်ကမူ သူမကို အေးစက်စက်သာ ကြည့်နေကာ ပြောလိုက်၏။
"မင်း..စကားတွေ အရမ်း များနေပြီ။"
အမျိုးသမီး၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့နေဆဲပင်။ သူမသည် အရှက်ရဖွယ် အနေအထားဖြင့် စားပွဲပေါ်၌ မှောက်လျက်ပင် တည်ငြိမ်အောင် ကြိုးစားကာ ဆက်ပြောလေသည်။
"ငါက... ငါ့အတွက်ရော နင့်အတွက်ပါ ကောင်းအောင် ပြောနေတာပါ။"
"ဒီပစ္စည်း ပျောက်သွားရင် နင်လည်း သေလမ်းကလွဲလို့ အခြားမရှိသလို... ဒီကိစ္စကို တာဝန်ယူထားတဲ့ ငါလည်း အပြစ်ဒဏ်ကနေ လွတ်မှာ မဟုတ်ဘူး။"
"ဒီဗွန်ရှိုင်းယား မိသားစုရဲ့ နှိပ်စက်တဲ့ နည်းလမ်းတွေကို ငါ နောက်တစ်ခါ ထပ်ပြီး မမြည်းစမ်းချင်တော့ဘူး။"
"ဒါဆိုရင်တော့... ငါ့ရဲ့ နည်းလမ်းတွေကိုလည်း မင်း.. နောက်တစ်ခါ ထပ်မကြုံချင်စေရဘူးလို့ ငါ အာမခံရဲတယ်။"
ယဲ့ဖန်က ပြောပြောဆိုဆိုနှင့်ပင် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်မှ အချက်အချာ နေရာအချို့ကို လက်ဖြင့် အမြန်ဆုံး လှမ်း၍ တို့ထိလိုက်လေတော့သတည်း။
ရုတ်ချည်းဆိုသလိုပင်... ထို အမျိုးသမီးသည် သူမ၏ အာရုံကြောများမှာ အဆပေါင်းများစွာ ပိုမို နိုးကြား အားကောင်းလာသည်ဟု ခံစားလိုက်ရ၏။
ကျိုးသွားသော အရိုးများ၊ ပေါက်ထွက်သွားသည့် သွေးကြောငယ်များနှင့် ဆွဲဖြဲခံထားရသော ကြွက်သားမျှင်လေးများ၏ အခြေအနေတိုင်းမှာ... သူမ၏ ဦးနှောက်ထဲ၌ အထင်အသားကြီး ပေါ်လွင်လာတော့သည်။
ယခင်က ခံစားနေရသော နာကျင်မှုမှာပင် အဆ တစ်ဆယ်၊ အဆ တစ်ရာမက ပြင်းထန်လာရပြီ ဖြစ်၏။
ဒါဟာ နှလုံးသားကို အပ်ပေါင်း တစ်ရာဖြင့် ထိုးစိုက်ခံရသည်ထက်ပင် ပိုမို ဆိုးရွားလှသော ဝေဒနာပင် ဖြစ်ချေ၏။
အထူးသဖြင့် ဓားဖြင့် ထိုးစိုက်ခံထားရသော လက်ဖဝါးမှ ခံစားချက်မှာမူ... ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ပြင်းထန်လွန်းလှပေသည်။
ကျိုးကြေနေသော အရိုးစများမှာ အသားထဲသို့ တိုးဝင်နေသည်ကို အမျိုးသမီးမှာ အထင်အရှားကြီး ခံစားနေရ၏။
သူမသည် မိမိ၏ ပင်ကို အသိစိတ်ကိုပင် မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာရလေသည်။ သူမ တုန်ယင်လိုက်တိုင်း... စိုက်နေသော ဓားက ဒဏ်ရာကို ပို၍ လှန်ပေးနေသကဲ့သို့ ရှိနေ၏။ ကြွက်သားများ၊ အကြောများနှင့် အရိုးများကို ဓားသွားက လှီးဖြတ်နေသည့် ခံစားချက်မှာ... သူမ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲနေသကဲ့သို့ပင်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသာမက... စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုကပါ သူမကို ရူးသွပ်သွားစေရန် တွန်းပို့နေတော့သည်။
"နင် ဘယ်သူလဲ..."
ဤ အမျိုးသမီးမှာ လူမဆန်သော နှိပ်စက်မှုပေါင်းများစွာကို ကြုံဖူးခဲ့သော်လည်း... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းမျိုးကိုမူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်ဝန်းအိမ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာရပြီး၊ သူမ၏ ခန္ဓာကိုယ်မှာလည်း ပိုမို ပြင်းထန်စွာ တုန်ရီလာတော့၏။ သူမ ဝတ်ဆင်ထားသော လှပသန့်ရှင်းသည့် ဝတ်စုံရှည်မှာလည်း... သူမ မထိန်းနိုင်ဘဲ ထွက်ကျလာသော ဆီးများကြောင့် စိုရွှဲသွားရရှာလေသည်။
ယဲ့ဖန်ကမူ အေးစက်မြဲ အေးစက်နေဆဲပင်။
"ကြည့်ရတာ... မင်း အခြေအနေကို အခုထိ နားမလည်သေးဘူးနဲ့ တူတယ်။"
"ဒါမှမဟုတ်... ငါ့ရဲ့ နည်းလမ်းတွေက မင်းအတွက် သိပ်မပြင်းသေးဘူးလို့ ထင်နေတာလား။"
"နောက်ထပ် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာကို လိုချင်သေးလို့လား။"
"ဟင့်အင်း... မလိုတော့ဘူး... မလုပ်ပါနဲ့တော့"
အမျိုးသမီးသည် အလွန်ပင် အရှက်ရနေပြီး ပါးပြင်လေးများမှာလည်း နီမြန်းနေတော့၏။
ထိုအခိုက်အတန့်၌... အဆပေါင်းများစွာ နိုးကြားနေသော သူမ၏ အာရုံငါးပါးကြောင့်၊ မိမိကိုယ်တိုင် မထိန်းနိုင်ဘဲ ဖြစ်နေရသည့် အခြေအနေနှင့် ဝတ်စုံ စိုရွှဲနေပုံ၊ လေထုထဲမှ နံစော်နေသော အနံ့အသက်များကိုပါ သိရှိနေရသဖြင့်... သူမမှာ အသက်ရှင်ရသည်ထက်ပင် ပို၍ အရှက်ရနေမိတော့သည်။
"ငါ... ငါ သေတ္တာကို ဖွင့်ပေးပါ့မယ်။"
"ငါ တောင်းဆိုတာကတော့... ဖွင့်ပြီးရင် ငါ့ကို အမြန်ဆုံးပဲ သတ်ပေးလိုက်ပါတော့။"
ယဲ့ဖန်သည် လုံခြုံရေး သေတ္တာ၏ တည်နေရာကို ပြင်လိုက်ပြီး၊ ဇီဝဆိုင်ရာ စစ်ဆေးမှု ပြုလုပ်မည့် နေရာကို သူမဘက်သို့ လှည့်ပေးလိုက်လေသည်။
အမျိုးသမီးသည် ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် သေတ္တာကို စတင် ကိုင်တွယ်တော့၏။
၎င်းမှာ ဂဏန်း (၂၆) လုံးပါသော လျှို့ဝှက်နံပါတ်ဖြင့် စတင်ရခြင်း ဖြစ်ချေသည်။
နံပါတ်များ ရိုက်နှိပ်ပြီးနောက် သေတ္တာ၏ ပထမအလွှာ ပွင့်သွားလေသည်။
အတွင်း၌ မျက်နှာပြင် စစ်ဆေးသည့် ကိရိယာ (Facial Recognition) တစ်ခု ပေါ်လာ၏။
အမျိုးသမီးသည် သူမ၏ ကိုယ်ဟန်ကို အနည်းငယ် ပြင်လိုက်ပြီး စကင်နာဆီသို့ ချိန်ရွယ်လိုက်သောအခါမှသာ... ဒုတိယအလွှာ ပွင့်သွားတော့သည်။
ထို့နောက် တတိယအလွှာ...။
ဤအလွှာမှာ မျက်လုံးသူငယ်အိမ်၏ လှုပ်ရှားမှုကို စစ်ဆေးခြင်း ဖြစ်၏။
အမျိုးသမီးသည် စက်ကို ကြည့်ကာ မျက်တောင် အကြိမ်ကြိမ် ခတ်ပြလိုက်ပြီး၊ စက်က တောင်းဆိုသည့် လှုပ်ရှားမှုအချို့ကို လုပ်ဆောင်ပြလိုက်လေသည်။ ဘက်စုံ စစ်ဆေးမှုများ ပြီးဆုံးသွားသည့် အခါတွင်မူ... လုံခြုံရေး သေတ္တာကြီးမှာ လုံးဝ ပွင့်သွားလေတော့သတည်း။
ထို အလွှာ ပွင့်သွားသည်နှင့်အမျှ... ယဲ့ဖန် အလွန် ရင်းနှီးနေသော်လည်း၊ ယခင် အိုးများနှင့် အနည်းငယ် ကွဲပြားသော ကြေးဖိုကြီး တစ်လုံးမှာ ယဲ့ဖန်နှင့် ထိုအမျိုးသမီးတို့၏ ရှေ့မှောက်၌ ပေါ်ထွက်လာတော့၏။
ယဲ့ဖန် တစ်ယောက် ဖိုကြီးပေါ်မှ ရင်းနှီးနေသော ပုံစံများနှင့် ထူးခြားလှသော ကမ္ပည်းစာလုံးများကို ကြည့်ရင်း အသက်ရှူပင် ရပ်တန့်သွားမိလေသည်။
ဒုက္ခပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်... နောက်ဆုံးတွင်တော့ "လျန်ပြည်နယ် ဖိုကြီး" မှာ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့တော့၏။