← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အပိုင်း(၅၉)

မဟာမိစ္ဆာကပ်ဘေး

ဒီစာအုပ်နာမည်ကြီးကို မရွေးသင့်ဘူး!

အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်း ရှန်းကျန်ရေးထားခြင်း ဖြစ်နေမည်စိုးသောကြောင့် ရုတ်တရကုအန် စာအုပ်ကို ဖွင့်မဖတ်ရဲခဲ့ပေ။

ထိုသို့သာ ဖြစ်နေခဲ့ပါက သူ၏စာရေးဆရာအပေါ် ထင်မြင်ထားမှုများ အကုန်လုံး တစ်စစီပျက်ဆီးသွားရပေလိမ့်မည်။

မဟုတ်သေးဘူး ရှန်းကျန်က မဟာယုမင်းဆက် တာအိုဂိုဏ်းကမဟုတ်လား သူကဘယ်လိုလုပ် အဓိပတိဂိုဏ်းမှာ စာအုပ်လာထုတ်နိုင်မှာလဲ!

ထိုသို့တွေးမိပြီးမှသာ ကုအန်စိတ်အေးသွားပြီး အနက်ရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းစာအုပ်ကို ဖွင့်ဖတ်ကြည့်လိုက်၏။

ရှန်းကျန် စားပွဲတွင်ထိုင်ကာ သူ့စာအုပ်ကိဖတ်နေသော ကုအန်ကိုကြည့်ရင်း သူ့ဆံပင်အောက်ရှိ နားရွက်လေးများ အနညး်ငယ်ရဲတက်လာခဲ့သည်။

ပထမစာမျက်နှာကို ဖတ်ပြီးမှသာ ကုအန် သက်ပြင်းချလိုက်နိုင်ခဲ့၏။

သူမသည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ရေးသည့်သူ ဟုတ်မနေပေ။ ထိုစာအုပ်နှစ်အုပ်၏ ရေးဟန်မှာ ကွဲလွဲနေသော်လည်း သူမသည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို မှီငြမ်းရေးသားထားတာတော့ ထင်ရှားပေသည်။

ကုအန် စိတ်ရှည်ရှည်ပင် ဆက်ဖတ်နေခဲ့၏။

အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်သည် သူ့ဇာတ်လမ်းတိုင်းကို အဖွင့်တွင် ထိုနေရာ၏ မြေပြင်အနေအထားနှင့် စဖွင့်လေ့ရှိပြီး ရှူခင်းများကို ဖော်ပြပြီးမှသာ လူတွေကြားဆက်ဆံရေးများကို ဖော်ပြလေ့ရှိပေသည်။ အနက်ရောင်သူရဲကောင်းစာအုပ်မှာလည်း ထိုအတိုင်း လိုက်တုပထားခဲ့၏။

သို့သော် ရှန်းကျန်မှာ အစိမ်းရောင်သူရဲကောင်းစာအုပ်ရေးသူလောက် အတွေ့အကြုံရှိမနေပေ။ ရှုခင်းများ မြေမျက်နှာသွင်ပြင်အနေအထားများကို ဖော်ပြရာတွင် အစိမ်းရောင်သူရဲကောင်းစာအုပ်မှာ ဖတ်လိုက်သည်နှင့် မျက်စိထဲတွင် ပေါ်လာအောင် လုပ်ပေးနိုင်သော်လည်း အနက်ရောင်သူရဲကောင်းစာအုပ်မှာတော့ ထိုသို့လုပ်မပေးနိုင်ခဲ့ပေ။

အခန်းသည် တိတ်ဆိတ်နေခဲ့လေသည်။

တခဏကြာသောအခါ ရှန်းကျန် မတ်တပ်ရပ်လိုက်ပြီး အနားရှိစာအုပ်စင်ဆီသွားကြည့်နေခဲ့၏။

တစ်နာရီခန့်ကြာသောအခါ ကုအန် အနက်ရောင်သူရဲကောင်းစာအုပ်ကိုပိတ်လိုက်ပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ထားသော ရှန်းကျန်လည်း ကုအန်ဘက်ပြန်လှည့်လာကာ မေးလိုက်လေသည်။

“ဘယ်လိုနေလဲ”

ကုအန် မေးလိုက်၏။ “မိန်းကလေးက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်ကို ကြိုက်တယ်လား”

စာအုပ်စင်ရှေ့တွင်ရပ်နေရင်း ရှန်းကျန် ခေါင်းညိတ်လိုက်ကာ ဖြေလိုက်သည်။ “ကျင့်ကြံခြင်းစာအုပ်တွေကလွဲရင် ကျွန်မပထမဆုံးဖတ်ဖူးတဲ့ စာအုပ်က အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ပါ ဒါပေမယ့် ကျွန်မအကြိုက်ဆုံးကတော့ ရှင့်ရဲ့ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ပဲ”

ကုအန်ရယ်မောကာ ပြောလိုက်၏။ “တကယ်တော့ ကျွန်တော်လည်း အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကိုကြိုက်ပါတယ် အဲ့ဒီစာအုပ်ကြောင့်ပဲ ကျွန်တော်စာရေးချင်စိတ်ဖြစ်လာပြီး ရေးခဲ့မိတာ”

ထို့နောက် ရှန်းကျန် ပိုစိတ်လှုပ်ရှားလာဟန်ဖြင့် ကုအန်ရှေ့သို့ ပြန်လာလိုက်ပြီး အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်အကြောင်း စတင်ဆွေးနွေးလေတော့သည်။

သူမ၏ အနက်ရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်တွင်လည်း မိန်းမနှင့်ယောင်္ကျားကြား အချစ်ရေးကိစ္စများပါ၀င်သော်လည်း သူ့စာအုပ်သည် အစိမ်းရောင်သူရဲကောင်းစာအုပ်လောက် မပြည့်စုံဘဲ သာမန်စာအုပ်တစ်အုပ်လို့သာ မှတ်ယူရမည် ဖြစ်၏။

ဤသို့ဖြင့် အစိမ်းရောင်သူရဲကောင်းစာအုပ်ကြောင့် သူတို့ကြား ရင်းနှီးမှုသည် အလျင်အမြန်တိုးတက်လာခဲ့လေသည်။

သူတို့စကားဝိုင်းသည် အစိမ်းရောင်သူရဲကောင်းစာအုပ်မှ နတ်ဘုရားတို့၏ရာထူးများ စာအုပ်ဆီရောက်ရှိသွားခဲ့ပြီး နောက်ဆုံးတွင် ကြည်ညိုဖွယ်အဓိပတိအမတ ဆီသို့ပင် ရောက်ရှိသွားခဲ့၏။

အချိန်အတန်ကြာသောအခါ

ကုအန် မမေးဘဲ မနေနိုင်တော့ပေ။ “မိန်းကလေး အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာရေးသူကို တွေ့ဖူးလား”

ရှန်းကျန် ခေါင်းအနည်းငယ်ခါလိုက်ကာ ဖြေလိုက်၏။

“ကျွန်မက အစိမ်းရောင်သူရဲ‌ကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို ကြိုက်ပေမယ့် အရမ်းကြီး မရူးသွပ်တော့ ကျွန်မသူ့ကို မတွေ့ချင်ဘူး ဒါပေမယ့် ရှင်ကတော့ကွဲပြားတယ် နတ်ဘုရားတို့၏ရာထူးများကနေ အခု ကြည်ညိုဖွယ်အဓိပတိ အမတ အထိရှင့်ရေးဟန်က လုံး၀ ကွဲပြားတယ် အဲ့တာက ကျွန်မကို ရှင့်အကြောင်းစိတ်၀င်စားသွားစေတာပဲ”

သူ့စကားကိုကြားသောအခါ ကုအန် အနည်းငယ်စိတ်ပျက်သွားခဲ့ရသည်။

အစိမ်းရောင်သူရဲကောင်းသည် ဘယ်သူလဲ ဆိုသောမေးခွန်းသည် အဓိပတိဂိုဏ်းထဲတွင် စိတ်၀င်စားစရာအကောင်းဆုံး မေးခွန်းဖြစ်၏။

“ကြည်ညိုဖွယ်အဓိပတိအမတ ရေးပြီးရင် ရှင့်မှာ နတ်ဘုရားတို့၏ရာထူးများလို တာအိုရိုးရာဇာတ်လမ်းတွေ ရေးဖို့ စိတ်ကူးရှိလား” ရှန်းကျန် ကုအန်ကိုကြည့်ကာ မေးလိုက်သည်။

ကုအန် ပြန်ဖြေလိုက်၏။ “ရေးကောင်းရေးနိုင်ပါတယ် မိန်းကလေးရှန်းကရော အဓိပတိဂိုဏ်းမှာ နေဦးမှာလား”

ရှန်းကျန်ရယ်မောကာ ပြောလိုက်သည်။ “အဓိပတိဂိုဏ်းက ရှင့်ကိုဖိအားပေးထားလို့လား ဟမ့် တကယ်တော့ ကျွန်မတို့ကလည်း အမည်ခံမဟာမိတ်တစ်ခု လိုချင်နေတာပါ တာအိုဂိုဏ်းကလည်း အဓိပတိဂိုဏ်းနဲ့ လက်တွဲချင်တယ် မဟာယုမင်းဆက်အတွင်းက အခြားဂိုဏ်းတွေကို ဟန့်တားဖို့နဲ့ မဟာမိစ္ဆာကပ်ဘေးကို အတူတူရင်ဆိုင်ကြဖို့ပေါ့”

ကုအန် မျက်ခုံးများတွန့်ကွေးသွားကာ မေးလိုက်သည်။ “မဟာမိစ္ဆာကပ်ဘေးဆိုတာ ဘာလဲ”

“ဒီတိုက်ကြီးမှာ ထိုက်ကန်မင်းဆက်နဲ့ မဟာယုမင်းဆက်အပါအ၀င် မိစ္ဆာတွေကို တိုက်ထုတ်နေတဲ့ မင်းဆက် ၉ခုရှိတယ် ရလဒ်အနေနဲ့ကတော့ မင်းဆက်ကိုးခုအပြင်ဘက်က နယ်မြေမှာ မိစ္ဆာတွေနဲ့ ပြည့်နှက်လာတာပဲ အခုအပြင်ဘက်က မိစ္ဆာတွေက မင်းဆက်တွေကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ ကြီးပြင်းလာကြပြီ

မင်းဆက်အချို့က တပည့်တွေကိုလွှတ်ပြီး မိစ္ဆာတွေကိုထွက်ရှင်းခိုင်းခဲ့ပေမယ့် အပြင်ဘက်နယ်မြေကကျယ်ပြန့်လွန်းတယ် နောက်ပြီး ပါရမီရှိတဲ့ မိစ္ဆာအချို့ကလည်း အခုဆို ကြီးပြင်းလာခဲ့ကြပြီ အလွန်ဆုံး နှစ်၁၀၀အတွင်း မင်းဆက်တွေက နှစ်တစ်ထောင်အတွင်းမဖြစ်ခဲ့ဖူးတဲ့ မဟာမိစ္ဆာကျူးကျော်မှုကို ကြုံတွေ့ရပြီး ပျက်သုန်းကြရလိမ့်မယ်”

ထိုစကားကိုပြောနေရင်း ရှန်းကျန်၏အမူအရာမှာ စိုးထိတ်နေပုံ ပေါ်နေခဲ့၏။

နားထောင်ပြီးသည့်နောက် ကုအန်လည်း ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သူရုတ်တရက် ကုန်းမြေများပျက်ဆီးသွားကာ အဓိပတိဂိုဏ်း၏ရှေ့တန်းစစ်မျက်နှာပြင် ကျရှုံးသွား၍ အစေခံတပည့်များကို အတင်းစစ်မြေပြင်ပို့နေသော မြင်ကွင်းကို မြင်ယောင်သွားခဲ့မိ၏။

မဖြစ်ဘူးး!

နှစ်တစ်ရာအတွင်း ငါ့သက်တမ်းကို ၁သန်းပြည့်အောင်စု လုပ်ဆောင်ချက်အသစ်တစ်ခုဖွင့်ပြီး ကျင့်ကြံခြင်းအဆင့် အမြန်တက်ပစ်ရမယ်!

ကုအန် ထိုသို့ တွေးနေပြီး မေးခွန်းတစ်ခုမေးလိုက်လေသည်။ “ဒီလိုအခြေအနေမှာ မိန်းကလေးက ဘာလို့ကျင့်ကြံခြင်းကိုအာရုံမစိုက်ဘဲ စာအုပ်တွေရေးမယ့်အကြောင်း တွေးနေရတာလဲ”

ရှန်းကျန်သည် လီရွှမ်ယု ကျိုးတောင်ယူ လီယတို့လောက် ပါရမီမကောင်းသော်လည်း သူ့ပါရမီမှာ သာမန်ဖြစ်နေခြင်းမျိုးတော့မဟုတ်ပေ။ ထို့အပြင် တာအိုဂိုဏ်း၏အကူအညီနှင့်ဆိုပါက ကြိုးစားကျင့်ကြံလျှင် အမြင့်သို့ ရောက်နိုင်မည်မှာ သေချာလှ၏။

ရှန်းကျန် အနည်းငယ်ရယ်လိုက်ကာ ပြောလိုက်သည်။ “လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ်ရှိတာပဲ ကျင့်ကြံခြင်းက ကျွန်မကံကြမ္မာမဟုတ်ဘူး ကျွန်မက စာရေးစာဖတ်ရတာကို ပိုကြိုက်တယ် ဘယ်သူသိမှာလဲ တစ်နေ့မှာ စာရေးစာဖတ်ခြင်းကနေ ညဏ်အလင်းပွင့်သွားနိုင်မလားဆိုတာကို စိတ်ဝိညဉ်စွမ်းအင်စုပ်ယူတဲ့နည်းလမ်းကပဲ ညဏ်အလင်းပွင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ရော ဘယ်သူကပြောလဲ

ကျွန်မ ရှေးဟောင်းခေတ်ကနေ အခုခေတ်ထိစာအုပ်တွေကို ရှာဖတ်ကြည့်ပြီးပြီ ပြီးတော့ ကျွန်မသိလာရတာက ရှေးခေတ်ကနေ အခုထိ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ချီကျင့်ကြံသူတစ်ယောက်မှ မရှိဘူးဆိုတာပဲ”

ကုအန် သူမအပေါ် အမြင်တစ်မျိုးပင် ပြောင်းသွားခဲ့ရသည်။ သူမသည် သူမအိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်ရဲသူ အာဃအမျိုးသမီးမျိုး ဖြစ်၏။

သူတို့အနည်းငယ် ထပ်စကားပြောခဲ့ကြပြီးသည့်နောက်တွင်တော့ ရှန်းကျန် ပြန်ရန်ပြင်လိုက်ပြီး ကုအန်လည်း လိုက်ပို့ရန် ပြင်လိုက်သည်။

လှေကားအောက်သို့ ရောက်သောအခါ ရှန်းကျန် ဓားပျံတစ်ခုပေါ် တက်သွားပြီး ကုအန်အား နှုတ်ဆက်စကား ပြောသွားခဲ့၏။

“သခင်လေးကု ကျွန်မဒီအနီးအနားက ကျင့်ကြံခြင်းဂူမှာပဲနေမှာပါ အနာဂတ်မှာ ပိုပြီးပညာဖလှယ်ကြတာပေါ့”

ကုအန် သူမထွက်ခွာသွားသော ပုံရိပ်အား ပြုံး၍သာ ကြည့်နေလိုက်လေသည်။

သူပျော်ရွှင်နေရခြင်းမှာ ရှန်းကျန် သူ့ဂူနားမှာ နေမည်ဆိုသောကြောင့်တော့ မဟုတ်ပေ။ သူ အဆင့်၇ စိတ်ဝိညဉ်သစ်ပင်အကြောင်းတွေးမိ၍ ပြုံးပျော်နေခြင်းသာ ဖြစ်၏။

…..

ရှန်းကျန် ပြန်သွားပြီး သုံးရက်မတိုင်ခင်တွင် ကုကျုံးကိုယ်တိုင် ကုအန်ဆီသို့ အဆင့်၇ စိတ်ဝိညဉ်သစ်ပင် ပင်ပျိုတစ်ပင်ကို လာပို့ခဲ့လေသည်။

ကုကျုံးထွက်ခွာသွားသောအခါ ကုအန် ထိုပင်ပျိုအား ဆေးဥယျာဉ်များအလယ်တွင်စိုက်ရန် ပြင်လိုက်၏။

ပင်ပျိုဟုခေါ်‌သော်လည်း ထိုအပင်မှာ ၁၀ပေလောက်ပင် ရှည်ပေသည်။ ကုအန် ထိုအပင်အား ဆေးဉယျာဉ်လေးခုလုံးနှင့်ဆက်နေသော မြက်ခင်းပေါ်တွင် စိုက်ရင် ပြင်လိုက်ပြီး အကြီးအကဲထျန်းနှင့် ယိယန်တို့မှာမူ သူ့နောက်မှ ကြည့်ရှုနေခဲ့ကြ၏။

စိုက်ပျိုးပြီးသောအခါ ထိုအပင်ကိုကြည့်ပြီး ကုအန် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။

[ဆန်းကြယ်သန့်စင်ပင်(အဆင့်၇): ၄၈/၈၉၉၉/၆၅၀၀၀]

သက်တမ်း ၆၅၀၀၀တဲ့လား လူသားတွေလုံး၀မယှဉ်နိုင်တဲ့အရာပဲ!

အကြီးအကဲထျန်းရယ်မောကာ ပြောလိုက်၏။ “ဆန်းကြယ်သန့်စင်ပင်က သာမန်မဟုတ်ဘူး အဲ့ဒီအပင်က အသီးမသီးနိုင်ပေမယ့် အပင်အောက်မှာကျင့်ကြံရင် ကျင့်ကြံသူစိတ်ကို တည်ငြိမ်စေပြီး စိတ်ဝိညဉ်ကိုတိုးတက်စေတယ်”

ထိုစကားကိုကြားသောအခါ ကုအန်မျက်နှာပေါ်ရှိအပြုံး ပို၍ပင် ကြီးမားလာပြီး ပြောလိုက်သည်။

“အကြီးအကဲထျန်းအနာဂတ်မှာ အကြီးအကဲထျန်းက ဒီဆန်းကြယ်သန့်စင်ပင်ကို ဂရုစိုက်ပြီး ဘာထိခိုက်မှုမှမဖြစ်အောင် ထားရမယ်နော်”

“စိတ်ချပါ သူ့ကိုမြေကြီးထဲမှာ စိုက်လိုက်ပြီးတာနဲ့ သူ့ရှင်သန်နိုင်စွမ်းက ငါ့အရိုးအိုကြီးတွေထက်တောင် သန်သေးတယ်”

အကြီးအကဲ ထျန်းစကားကိုကြားသောအခါ ကုအန် ခေါင်းသာအသာအယာခါလိုက်ပြီး ထိုအဖိုးကြီးသည် ဟာသညဏ်ရှိသည်ဟု တွေးလိုက်မိသည်။

ထို့နောက်ကုအန် လှည့်ပြန်ခဲ့လိုက်၏။

အကြီးအကဲထျန်းနှင့်ယိယန်တို့နှစ်ယောက်မှာတော့ အပင်ရှေ့တွင်ရပ်၍ စကားပြောနေခဲ့ကြပြီး ကုအန်နောက်လိုက်မသွားခဲ့ကြပေ။

ကုအန် တောင်ကြား‌ေထာင့်စွန်းနားရှိ ကမ်းပါးစွန်းနှင့်နီးသော နေရာကိုသွားခဲ့လေသည်။ ထိုနေရာရှိ မြက်ခင်းပြင်တွင် ရီလန်ပေးခဲ့သော လူမျက်နှာပင်ကိုစိုက်ထားခြင်းဖြစ်ပြီး ထိုအပင်မှာအခုထိ ကြီးထွားမည့်ပုံ မပေါ်သေးပေ။

သစ်မြစ်ကို မြှုပ်ထားသည်မှာ နှစ်အနည်းငယ်ကြာသွားသော်လည်း အပင်သည် သက်တမ်း၀ နှင့် ပြန်လည်ရှင်သန်ခြင်းအဆင့်တွင်သာ ရှိနေသေး၏။

ကုအန်ထိုအမြစ်ထဲသို့ သူ၏သစ်သားစိတ်ဝိညဉ်စွမ်းအားများ ထည့်ပေးဖူးသော်လည်း အမြစ်သည် အဆုံးမဲ့တွင်းကြီးလိုပင်ဖြစ်နေပြီး သူထည့်ပေးသမျှကိုစုပ်ယူသွားကာ ဘာသက်ရောက်မှုမှ ရှိမလာခဲ့ပေ။

ကုအန် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ လူမျက်နှာပင်၏ အမြစ်မြှုပ်ထားသော နေရာကို သေချာ‌ကြည့်နေမိ၏။

သူတခဏကြာကြည့်ပြီးသောအခါ လူမျက်နှာပင်ဆီသို့ လာနေသော စိတ်ဝိညဉ်စွမ်းအင်အနည်းငယ်ရှိနေသည်ကို အာရုံခံလိုက်မိသည်။ ထိုစိတ်ဝိညဉ်စွမ်းအင်စီးကြောင်းအား ကုအန် နောက်ကြောင်းလိုက်၍ ရှာဖွေကြည့်လိုက်ရာ အံ့ဩစရာပင် ထိုစိတ်ဝိညဉ်စွမ်းအင်သည် ဆန်းကြယ်သန့်စင်ပင်မှလာနေခြင်း ဖြစ်မှန်း သိလိုက်ရ၏။

ဆန်းကြယ်သန့်စင်ပင်က လူမျက်နှာပင်ကို ပြန်လည်ရှင်သန်လာအောင် ကူညီပေးနေတာများလား။

ကုအန် စိတ်လှုပ်ရှားသွားသော်လည်း စိုးလည်းစိုးရိမ်သွားမိသည်။ လူမျက်နှာပင်သည် ဆန်းကြယ်သန့်စင်ပင်မှ စိတ်ဝိညဉ်စွမ်းအားများအားလုံးကို စုပ်ယူသွားလိုက်မှာကို သူကြောက်နေမိ၏။ နောက်ဆုံးတွင် ထိုသစ်ပင်သည် ရွက်ဝါတစ်ထောင်မျှော်စင်မှလာခြင်းဖြစ်ပြီး သူ့နာမည်မှာလည်း အနည်းငယ်ထူးဆန်းနေသည် မဟုတ်ပါလား။

တကယ်လို့ လူမျက်နှာပင်သည် မကောင်းဆိုးဝါးအပင်တစ်ပင်အဖြစ် ကြီးထွားလာခဲ့လျှင်တော့ ကုအန် ထိုအပင်ကို တူးထုတ်ပစ်ရပေလိမ့်မည်။ ကုအန် သူ့တတိယတောင်ကြားအား ထိုအပင်ဖျက်ဆီးသွားမည်ကို ခွင့်မပြုနိုင်ပေ။

ကုအန်ထိုအပင် မကောင်းဆိုးဝါးအဖြစ်ကြီးထွားလာပြီး တစ်ခုခုဖြစ်မသွားစေရန် တစ်ယောက်ယောက်က အစဉ်မပြတ်စောင့်ကြည့်ပေးရန်လိုသည်ဟု ခံစားလိုက်ရသည်။

ယိယန်သည် ယခုအခါတွင် ချီကျင့်ကြံခြင်းအဆင့် ၉ သို့ရောက်ရှိနေပြီ ဖြစ်၏။ ယိယန် လှံသိုင်းကျင့်ရင်း စိတ်ဝိညဉ်စွမ်းအင်စုပ်ယူခြင်းသည် ယခုအခါတွင် သူ့ကျင့်ကြံခြင်းကိုထိုမျှမတက်စေတော့ဘဲ ဆေးဝါးများအပေါ်တွင်သာ မှီခိုနေရသော အချိန်ဖြစ်သည်။

သူတောင်ကြားမှ ထွက်ခွာသွားလျှင်တော့ ကုအန်နောက်ထပ်တပည့်များအား ခေါ်ဆောင်ရမည့်အချိန်သို့ ရောက်လာတော့မည်ဖြစ်၏။

…….

နွေရာသီကုန်ဆုံးသွားသောအခါ အသက် ၄၃နှစ်အရွယ် ကုအန် အပြင်စည်းဂိုဏ်းသို့ ရောက်ရှိလာခဲ့လေသည်။ သူအရင်ဆုံး စာမူသွားအပ်လိုက်ပြီးသည့်နောက်တွင်တော့ အပြင်စည်းဂိုဏ်းရှိလမ်းမများပေါ်တွင် လျှောက်သွားနေခဲ့၏။

ထိုစဉ် အပြင်စည်းမြို့သည် အရင်ကလောက်မစည်ကားတော့သည်ကို ကုအန် သတိပြုမိလိုက်သည်။ လမ်းပေါ်တွင် သွားလာနေသော လူများရှိနေပါသေးသော်လည်း အများစုမှာ အလောတကြီးဖြစ်နေကြပြီး စကားကိုပင် အလောတကြီးပြောနေခဲ့ကြ၏။

လမ်းပေါ်တွင် ကုအန်ရှိနေစဉ်တွင် မိစ္ဆာသုတ်သင်ခန်းမမှ တပည့်လေးယောက် သူ့အနီးရှိ အိမ်တစ်လုံးဆီသို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ထိုအဆောက်အဦးထဲမှ အခုမှထွက်လာသော တပည့်တစ်ယောက်ကို ဝိုင်းပစ်လိုက်၏။

ဝိုင်းခံရသော တပည့်သည် သိသိသာသာပင် စိတ်တိုသွားခဲ့သည်။ ထို့ကြောင့် တိုက်ပွဲတစ်ခုပေါ်ပေါက်လာခဲ့၏။ သို့သော် မိစ္ဆာသုတ်သင်ခန်းမမှ တပည့်တစ်ယောက်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သောအခါ ထိုတပည့်သည် အရှုံးပေးလိုက်ရပြီး ပြုသမျှနုလိုက်ရကာ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသည်။

ဒီလောက်နှစ်တွေအများကြီးဖမ်းပြီးတာတောင် မိစ္ဆာသူလျှိုတွေက မကုန်သေးဘူးလား!

ကုအန် မျက်မှောင်ကြုံ့လိုက်ပြီး စိတ်ရှုပ်သွားမိသော်လည်း သူများကိစ္စကိုတော့ ၀င်မပါလိုပေ။ ထိုလူများသူ့ကို လာမနှောင့်ယှက်သ‌ရွေ့ အဆင်ပြေပေသည်။

ထို့နောက်ကုအန် တတိယတောင်ကြားတွင် အကြီးအကဲထျန်း အထီးကျန်မ‌ေန‌ေစရန် သားရဲခန်းမသို့သွား၍ မိစ္ဆာသားရဲများ၀ယ်ရန် စီစဉ်လိုက်၏။

အကြီးအကဲထျန်းသည် ဆေးတောင်ကြားတွင် ဝီရိယရှိရှိ အလုပ်လုပ်တတ်သောကြောင့် ကုအန်သူ့ကို နှစ်သက်မိ၏။ ယခုအခါ အကြီးအကဲထျန်းကို သူ၏ကိုယ်ပိုင်အစေခံတပည့်တစ်ယောက်လိုပင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် ခါးတွင်အိတ်သံုးလံုးဆွဲ၍ သားရဲခန်းမထဲမှ ထွက်လာခဲ့၏။ ထိုအိတ်များသည် သားရဲသိုလှောင်အိတ်များဖြစ်ကြပြီး တစ်လုံးစီတွင် သားရဲတစ်ကောင်သာ ဆံ့သောကြောင့် ကုအန် အိတ်သုံးလုံးဆွဲလာရခြင်း ဖြစ်ပေသည်။

ကုအန် သားရဲခန်းမမှထွက်လာစဉ်တွင် တိုက်တိုက်ဆိုင်ဆိုင် လုကျိကျားနှင့် သွားတိုးခဲ့၏။

ဤတစ်ကြိမ်တွင်တော့ လုကျိကျားမှာ တစ်ယောက်ထဲသာ ဖြစ်သည်။ သူသည် သားရဲခန်းမဆီသို့ သုန်မှုန်နေသော မျက်နှာဖြင့် သွားနေသော်လည်း ကုအန်ကိုတွေ့သောအခါ‌တွင်တော့ သူ့မျက်နှာသည် ချက်ချင်း၀င်းပသွားကာ ကုအန်ဆီ အမြန်သွားလိုက်၏။

“စီနီယာအစ်ကိုကြီး ဒီမှာမိစ္ဆာသားရဲတွေ လာ၀ယ်တာလား” လုကျိကျား နွေးနွေးထွေးထွေးမေးလိုက်သည်။ လုကျိကျား၏ နှုတ်ခမ်းများသည် အရင်ထက်ဖြူဖျော့နေပြီး သူ့နှဖူးတွင်လည်း နိမိတ်မကောင်းသော အရှိန်အဝါတစ်ခု ရှိနေလေရာ သူ့ပုံစံသည် ချောက်ချားဖွယ်လူတစ်ယောက်လို ဖြစ်နေခဲ့၏။

ကုအန် ခေါင်းညိတ်လိုက်ကာ ပြန်မေးလိုက်သည်။

“မင်းပုံစံက ဖြူဖျော့နေပါလား အဆင်ပြေရဲ့လား”

“ကျွန်တော်က ဘာဖြစ်နိုင်မှာလဲ လေ့ကျင့်ရေးတွေကြောင့် ပင်ပန်းနေရုံပါ” လုကျိကျားခေါင်းခါကာ ဖြေလိုက်၏။

ကုအန် သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာချီတစ်စကိုလည်း အာရုံခံလိုက်မိသည်။ ထိုအရာသည် အတော်လေး သိမ်မွေ့လှပြီး သေချာအာရုံခံမကြည့်ပါက လုံး၀သတိမထားမိနိုင်လောက်ပေ။

ဒီကောင် မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာလား!

လုကျိကျားဘာမှ ထုတ်ပြောမလာလေရာ ကုအန်လည်း ဘာမှ မေးမနေတော့ပေ။

စကားအနည်းငယ်ပြောပြီးသည့်နောက် လုကျိကျား ကုအန်အား နှုတ်ဆက်သည့်အနေဖြင့် သတိပေးစကားပြောလိုက်၏။ “စီနီယာအစ်ကိုကြီး ညဘက်တွေ တောင်ကြားထဲကမထွက်ပါနဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် အပြင်ဂိုဏ်းထဲကို စိမ့်၀င်နေတယ်”

ပြောပြီးသည်နှင့် သူလှည့်ထွက်သွားတော့သည်။

ကုအန် ထွက်သွားသောသူ့ပုံရိပ်ကိုကြည့်နေခဲ့ပြီး သူပြောစကားများကို အရမ်းတော့မစိုးရိမ်ခဲ့ပေ။ ထို့နောက် တတိယတောင်ကြားဆီသို့ ပြန်ခဲ့လိုက်၏။

တတိယတောင်ကြားသို့ရောက်သောအခါ ကုအန် သူ၀ယ်လာသော စိတ်ဝိညဉ်ခွေးသုံးကောင်အား လွှတ်ပေးခဲ့လိုက်သည်။ ထိုခွေးများသည် အဆင့် ၂မိစ္ဆာသားရဲမျိုးဆက်များသာ ဖြစ်ကြပြီး ဈေးပေါကြ၏။

“ကျွန်တော် ဒီရက်ထဲ ဆန်းကြယ်တောင်ကြားမှာပဲနေဖြစ်မှာမလို့ အကြီးအကဲထျန်းပဲသူတို့ကို ဂရုစိုက်လိုက်ပါ” ကုအန် အကြီးအကဲထျန်းအား ညွှန်ကြားလိုက်သည်။

အကြီးအကဲထျန်းခေါင်းညိတ်ပြလိုက်ရာ ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ သွားခဲ့လိုက်၏။

သူစိတ်ထင်နေသည်လား မသေချာသော်လည်း ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်တွင် ရပ်နေစဉ်တွင် အကြီးအကဲထျန်းက သူ့အား စိုးရိမ်သည့် အကြည့်ဖြင့် ကြည့်နေသည်ဟု ကုအန် ခံစားလိုက်ရသည်။

သို့သော် သူအများကြီးမတွေးလိုက်ရခင်မှာပင် အစီအရင်သည် အသက်၀င်သွားပြီး ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သွားခဲ့၏။

ရောက်ရောက်ချင်းပင် ကုအန်ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သတိထားမိသွားသည်။

လီယ!

ကုအန် အစီအရင်မှ ထွက်လာချိန်တွင် တောင်ကြားရှိတပည့်များအား ဓားသိုင်းသင်ပေးနေသော လီယကို တွေ့လိုက်ရဧ။။် ထိုနေရာတွင် ရှောင်ချွမ်ပင် လီယထံမှ သင်ကြားနေသေးသည်။

သူတို့အား အမြန်သင်ပြပေးပြီးသည့်နောက် လီယ ပြန်လှည့်ကာ ကုအန်ဆီလျှောက်လာခဲ့၏။

သူတို့တွေ့သောအခါ ကုအန် စိတ်၀င်တစားမေးလိုက်သည်။

“အစ်ကိုဒီကိုဘယ်လိုရောက်လာတာလဲ”

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁!

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ အသက် ၄၅နှစ်တည်းနှင့် ရောက်ရှ်ိခြင်း!

သူသည် ကျန်းချောင်ထက် ငါးနှစ်သာ နောက်ကျပေသည်။

လီယ ရယ်မောကာ ပြောလိုက်၏။

“မင်းကိုကာကွယ်ဖို့ လာခဲ့တာလေ ကောင်းကင်ပျက်သုဉ်းဂိုဏ်းက မိစ္ဆာတစ်ကောင်ဂိုဏ်းထဲ စိမ့်၀င်နေတယ်လို့ကြားတယ် ငါမင်းကိုစိတ်ပူတယ် အဲ့တာကြောင့် ဒီကိစ္စကို‌ေဖြရှင်းပြီးမှ အတွင်းစည်းဂိုဏ်းကိုသွားတော့မယ်လို့ တွေးထားတယ်”

အပိုင်း(၆၀)

ဘိုးဘေး ကျွန်တော့်ကိုကယ်ပါဦး

“အစ်ကိုတကယ်ကြီး အဲ့ဒီမိစ္ဆာသခင်ကို ရှင်းပစ်နိုင်လို့လား”ကုအန် သံသယများပြည့်နေသော မျက်နှာဖြင့် မေးလိုက်သည်။

လီယဂုဏ်ယူစွာရယ်မောလိုက်ကာ “ငါကအမြုတေဖွဲ့စည်းပြီးပြီလေ အထင်မသေးပါနဲ့ကွ”

“ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဆိုတာ အတွင်းစည်းဂိုဏ်းတပည့်အဆင့်ပဲလေ အစ်ကိုကတကယ်ပ‌ဲ မိစ္ဆာသခင်နဲ့ယှဉ်နိုင်လို့လား”

“ဒီကလေးကတော့ ငါကမင်းကိုကာကွယ်ဖို့ဒီကိုလာခဲ့တာကို မင်းကငါ့ကိုပြန်ပြောနေတာလား”

“ကျွန်တော်က အဲ့ဒီတုန်းကလိုထပ်ဖြစ်မှာကိုကြောက်တာပါ အစ်ကိုမှတ်မိတယ်မလား အစ်ကိုလောဘမိစ္ဆာကို ရင်ဆိုင်ဖို့ ရှေ့ထွက်သွားပြီး ခဏနေတော့ မြေပေါ်မှာဒဏ်ရာတွေနဲ့ လဲနေတာလေ”

“ငါတို့ အဲ့ဒီကိစ္စကိုပြန်မပြောလို့မရဘူးလား”

သူတို့နှစ်ယောက် စနောက်နေခဲ့ကြပြီး လီယမှာလည်း စိတ်ဆိုးမသွားခဲ့ပေ။

ကုအန်စိတ်ပူနေသည်မှာ လီယအတွက်သူ၀န်ထုပ်၀န်ပိုး ဖြစ်နေမှာမျိုးမဟုတ်ဘဲ လီယရှိနေလျှင် သူလုပ်ရကိုင်ရခက်မှာကို စိတ်ပူနေခြင်းသာ။

သို့သော် လီယရှေ့မှာတော့ သူ့ထိုအတွေးများကို ထုတ်ပြောမည်မဟုတ်ပေ။

“စကားမစပ်အစ်ကိုဒီရက်ထဲ

လုကျိကျားနဲ့တွေ့ဖြစ်သေးလား” ကုအန်မေးလိုက်သည်။

လီယခေါင်းခါလိုက်ကာ “မမြင်မိဘူး ငါအရင်ကတော့ သူ့ကိုတွေ့ဖြစ်ပေမယ့်နောက်တော့သူက မိစ္ဆာသုတ်သင်ခန်းမထဲ ၀င်သွားတယ်လေ ငါကမိစ္ဆာသုတ်သင်ခန်းမက အကြီးအကဲနဲ့အဆင်မပြေတော့ သူနဲ့လည်း အဆက်အဆံမရှိတော့ဘူး”

ထိုအကြောင်းကိုပြောနေရင်း လီယအမူအရာမှာ ဘာမှပြောင်းလဲမသွားခဲ့ပေ။ သူလုကျိကျားအကြောင်းစိတ်မ၀င်စားသည်မှာ ထင်ရှား၏။

သူသည်ကုအန်ကိုနွေးထွေးသလောက် အခြားသူများအပေါ်တွင်တော့ အတော်လေး အေးစက်တတ်ပေသည်။

“အပေါ်သွားပြောကြရအောင် မင်းဆေးတောင်ကြားအသစ်တစ်ခု ထပ်ရထားတယ်လို့ ကြားထားတယ် အဲ့ဒီအကြောင်းငါ့ကိုအကုန်ပြောပြရမယ်နော်”လီယ ကုအန်အားအပေါ်ထပ် ဆွဲခေါ်သွားလိုက်၏။

ဤသို့ဖြင့် သူတို့စကားဝိုင်းသည် ညဉ့်နက်ချိန်မှသာ ပြီးဆုံးသွားခဲ့သည်။

ကုအန်သူ၏ ဖန်းအန်သရုပ်မှန်ကိုပြောမပြခဲ့ဘဲ သူ့ဆန်းကြယ်တောင်ကြားက ဆေးပင်အထွက်နှုန်းကောင်း၍ နောက်ဆေးတောင်ကြားတစ်ခုချီးမြှင့်ခံရသည်ဟူ၍သာ ပြောခဲ့လိုက်၏။

လီရွှမ်တောက်ကို သူ့ရန်သူများက နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကိုသုံး၍ဝေဖန်တိုက်ခိုက်နေလေရာ ကုအန် လီယအား သူ့အကြောင်းမည်သို့ ပြောရဲမည်နည်း။

လီယသူ့အား အထင်အမြင်လွဲသွားလျှင် မည်သို့လုပ်မည်နည်း။

နောက်ဆုံးတွင် သူတို့ကြား မည်မျှပင် ပြဿနာများရှိနေစေကာမူ သူတို့သည် သားအဖများသာဖြစ်ကြပြီး သူတို့ကြား ဆက်ဆံမှုမှာ ကုအန်ထက် သွေးရင်းပေသည်။

…..

နွေဦးလွင့်ပျယ်ကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့ပါသော်လည်း အပူရှိန်သည် ရှိနေဆဲသာ ဖြစ်၏။

လီယရောက်ရှိနေသည်မှာ ၁၀ရက်ခန့်ရှိနေပြီ ဖြစ်ပါသော်လည်း ဆန်းကြယ်တောင်ကြားသည် မည်သည့်အန္တရာယ်နှင့်မှ ရင်မဆိုင်ခဲ့ရသေးပေ။ ကုအန် အပြင်စညး်ဂိုဏ်းဂူများသို့ သွားရသည့်အခါမျိုးတွင် လီယက သူ့အားအဖော်လိုက်ခဲ့ပေးပေသည်။ သို့သော် သူ့ကြောင့်ကုအန် ပြဿနာဖြစ်မည်စိုးသောကြောင့် ဂူထဲသို့တော့ လိုက်မ၀င်ခဲ့ပေ။

ကုအန်ကတော့ အခြားတပည့်များကိုကာကွယ်ရန် လီယကို ဆန်းကြယ်တောင်ကြား၌သာ နေစေလိုသော်လည်း လီယက အခြားသူများအကြောင်း ဂရုမစိုက်ခဲ့ပေ။ သူပြောသည်မှာ သူအခြားတပည့်များအား ဓားသိုင်းသင်ပေးနေခြင်းမှာပင် ကုအန်‌အားလေးစားသောကြောင့် ဖြစ်၏။

ညနေခင်းတစ်ခုတွင် ကုအန် ဆေးပင်များခူးနေစဉ်တွင် လီယ အနောက်ဘက်ရှိတောင်ထိပ်တစ်ခုပေါ်တွင် တရားထိုင်နေခဲ့သည်။ အနောက်အရပ်သို့ တိုး၀င်စနေမင်းကြီးမှာ သူ့ခေါင်းပေါ်တွင် ထွန်းလင်းနေပြီး သူ့အား ဆန်းကြယ်ဆရာသခင်တစ်ယောက်ကဲ့သို့ ပုံဖော်ပေးနေခဲ့၏။

ထိုစဥ် ရုတ်တရက် ကုအန်တစ်ခုခုကို သတိထားမိသွားပြီး ဆေးပင်ခူးနေသည့် သူ့လက်များ ရပ်တန့်သွားခဲ့သည်။

“ဆိုတော့ မိစ္ဆာအရှင်သခင်တစ်ယောက် တကယ်ရှိနေတယ်ပေါ့ ဒီကောင် ငါ့ဆေးတောင်ကြားကို မျက်စိမကျဖို့ဘဲ မျှော်လင့်ပါတယ်”

ကုအန် တိတ်တဆိတ်တွေးနေခဲ့၏။ တစ်ဖက်လူ၏ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်ထက် အတော်လေးမြင့်သော အဆင့်တွင်ရှ်ိနေသော်လည်း သူ့အတွက်ဝောာ့ ခြိမ်းခြောက်နိုင်လောက်သည့် အနေအထား ဟုတ်မနေပေ။

မှိန်ပျ‌ေသာမိစ္ဆာချီ များ ဆန်းကြယ်တောင်ကြားအနီးတစ်ဝိုက်မှ ထွက်ခွာသွားမှသာကုအန် သက်ပြင်းချနိုင်ခဲ့သည်။

မိစ္ဆာများကိုသတ်၍ သက်တမ်းအနည်းငယ်ရသည်မှာ မှန်သော်လည်း ကုအန် သူ့အစစ်အမှန်ခွန်အားပေါ်သွားမှာကို‌တော့ ပိုစိုးရိမ်၏။

ညဉ့်အချိန်တွင်

အိမ်ထဲတွင် ကုအန် ကျိဝေအစီအရင်ကျမ်းကို ဖတ်နေခဲ့သည်။ ထိုစာအုပ်ထဲမှ သစ်သားအစီအရင်၀င်္ကပါတည်ဆောက်ခြင်းအပိုင်းအား သူစိတ်၀င်စားနေခြင်း ဖြစ်၏။

ရုတ်တရက် ကုအန် မျက်ခုံးများ တွန့်ကွေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဆန်းကြယ်တောင်ကြားသည် ပြဿနာများကို ဆွဲဆောင်မနေခဲ့သော်လည်း လီယမှာ မိစ္ဆာအရှင်သခင်၏ အာရုံစိုက်မှုကို ခံလိုက်ရလေပြီ။

တောင်ထိပ်ပေါ်တွင် လီယတရားထိုင်ကာ ကျင့်ကြံနေရင်း မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့၏။ ထို့နောက် ကမ်းပါးစွန်းသို့သွားကာ သူ့အောက်ရှိ သစ်တောထဲကို ကြည့်နေခဲ့သည်။ သစ်တောထဲရှိ သစ်ပင်အောက်တွင် သရဲအရိပ်ကဲ့သို့သော ဆန်းကြယ်သည့် ပုံရိပ်သည်လည်း သူ့ကို ပြန်ကြည့်နေခဲ့၏။

လရောင်အောက်တွင် ထိုပုံရိပ်မှာ အမှောင်နှင့်တစ်သားတည်းနီးပါး ထပ်တူကျနေပြီး သေချာသတိမထားကြည့်ပါက သူ့ကိုမြင်နိုင်ရန် ခက်ခဲလှသည်။

လီယ မျက်မှောင်ကြုံ့လိုက်၏။ ထို့နောက် တောင်အောက်သို့ ခုန်ဆင်းကာ ညကောင်းကင်အောက်တွင်ပင် ထိုပုံရိပ်ဆီသို့ အမြန်‌ေပြးသွားလိုက်သည်။

ထိုအချိန်တွင် သစ်ပင်အောက်ရှိပုံရိပ်သည် အနက်ရောင်နှင်းများကဲ့သို့ ပြောင်းလဲသွားကာ ပျော်၀င်သွားပြီး အမှောင်ထုထဲတွင် အစအနပင်မကျန်ဘဲ လုံး၀ ပျောက်ကွယ်သွားခဲ့၏။

မိနစ် ၃၀ခန့်ကြာသောအခါ

လီယ တောင်ကြားအတွင်းရှိ တောင်ပေါ်မှ စီးဆင်းလာ‌ေသာ ၂ကျန်းခန့် ကျယ်သောမြစ်တစ်စင်း၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။

သူရောက်ပြီးမကြာခင်တွင်ပင် မြစ်တစ်ဖက်ကမ်းရှိ မြက်ခင်းပြင်တွင် အနက်ရောင်နှင်းများ ပေါ်ထွက်လာပြီး လူပုံသဏ္ဍာန်တစ်ခုအဖြစ်သို့ ဖွဲ့တည်သွားခဲ့၏။

လီယမေးလိုက်သည်။ “မင်းက ကောင်းကင်ပျက်သုဉ်းဂိုဏ်းကမဟုတ်ဘူး နောက်ပြီး ငါ့ကိုလည်းသိပုံရတယ်”

ဆန်းကြယ်သောပုံရိပ်၏ အက်ကွဲနေသော အသံကြီးထွက်ပေါ်လာခဲ့၏။

“မင်းသားလီယ ကျိကျိုးရဲ့ နတ်အသွင်ပြောင်းခြင်းအဆင့် နံပါတ်၁ဓားသမားရဲ့ အမွေခံ မမျှော်လင့်ဘဲ မင်းနဲ့တွေ့လိုက်ရတာ ၀မ်းသာပါတယ်”

လီယ သူ့ခါးမှဓားကို ဆွဲထုတ်လိုက်ပြီး ထိုပုံရိပ်ဆီသို့ ဓားဦးဖြင့် ချိန်လိုက်ကာ ပြောလိုက်သည်။ “ကလေးကွက်တွေ ရပ်လိုက်တော့”

ထိုစကားထွက်ပေါ်လာပြီးသည်နှင့် သူ့ကိုယ်မှ ဓားချီများပေါက်ကွဲထွက်ပေါ်လာပြီး သူ့အနက်ရောင်၀တ်စုံပင် လှုပ်ခါသွားခဲ့၏။ ထို့နောက် ငွေရောင်ဓား ၇ စင်းသည် သူ့ပတ်ပတ်လည်တွင် အလျင်အမြန်ဖွဲ့တည်လာပြီး ညဉ့်ကောင်းကင်အောက်တွင် တောက်ပနေခဲ့သည်။

“ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်လောက်နဲ့ ငါ့ကိုတိုက်ခိုက်ရဲတယ်လား” ဆန်းကြယ်သောပုဂ္ဂိုလ် အေးစက်စက်ရယ်မောကာ ပြောလိုက်၏။

သူ့ကိုယ်သည် မိစ္ဆာချီများအဖြစ် တစ်ဖန်ပြောင်းလဲသွားပြန်ပြီး လီယ နောက်တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။

လီယ သူငယ်အိမ်များမှေးကျဉ်းသွားပြီး ခုန်ထွက်လိုက်ကာ သူ့နောက်သို့ ဓားဖြင့် ပြန်လွှဲခုတ်လိုက်၏။ ငွေရောင်ဓား၇စင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် သူ့နောက်ရှိ ပုံရိပ်ဆီ တိုး၀င်သွားလေတော့သည်။

အုန်းးး အုန်းးး အုန်းးး

ငွေဓား၇စင်းသည် တစ်စင်းပြီးတစ်စင်း ကျဆင်းသွားပြီး ဖုန်လုံးကြီးပင် လိမ့်တက်လာကာ အနားရှိ သစ်ပင်များ ယမ်းခါသွားခဲ့၏။

လေထဲတွင် လီယ ဆန်းကြယ်သောပုဂ္ဂိုလ်ကို သူ့ဓားချက်ထိမထိ မကြည့်နိုင်သေးခင်မှာပင် သူ့ဘေးသို့ လေပြင်းတစ်ချက် တိုးဝေ့သွားခဲ့သည်။ လေထဲတွင် ပျံသန်းနေချိန်ဖြစ်သောကြောင့် လီယ ဘာမှတုန့်ပြန်ချိန် မရတော့ပေ။

လီယ တောထဲသို့ မြှားတစ်စင်းသဖွယ်လွင့်ထွက်သွားခဲ့ပြီး သူ့နောက်ရှိ သစ်ပင်များကို ၀င်တိုးကာ မီတာရာဂဏန်းအနည်းငယ် အကွာအဝေးသို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားခဲ့၏။

ဖုန်မှုန့်များရှင်းလင်းသွားသောအခါ အက်ကွဲနေသော သစ်ပင်ပင်စည်ကြီးကို မှီထားရင်း လီယ သွေးချောင်းများ ဆိုးသွားခဲ့ရသည်။

ဆန်းကြယ်သောပုံရိပ်မှာတော့ လေထဲတွင်ရပ်နေရင်း လီယအား လှောင်ပြောင်လိုက်၏။

“ကောင်လေး မင်းက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ခါစ ကျင့်ကြံခြင်းလေးနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်လား မင်းကငါဘယ်အဆင့်မှာလဲဆိုတာတောင် သိလို့လား”

လီယ ကြိုးစား၍ မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများသည်ပင် သွေး‌ေရာင်များဖြင့် နီရဲနေခဲ့လေသည်။

“သေစမ်းကွာ….”

လီယအံကြိတ်ကာ ထဖို့ကြိုးစားလိုက်သော်လည်း မထနိုင်ခဲ့ပေ။

“ဟူး ကောင်လေးမင်းဘယ်လို ဒဏ်ရာရလာပြန်ပြီလဲ မင်းကကိုယ့်ဘ၀နဲ့ကိုယ်မကစားဘဲ မင်းဘိုးဘေးရဲ့ဘ၀ကိုပါ လာကစားနေတာပဲကွ”

လီယစိတ်ထဲမှ အသံတစ်သံထွက်ပေါ်လာပြီး ထိုအသံသည် ကူကယ်ရာမဲ့နေပုံပင်။

ထိုစဉ် ဆန်းကြယ်သောပုဂ္ဂိုလ်သည် လေထဲမှနေ၍ လက်မြောက်ကာ လီယဆီ ညွှန်ပြလိုက်လေသည်။ ညဉ့်အမှောင်ထုထဲတွင် သူ့ကိုယ်သည် မိစ္ဆာချီများနှင့် တောက်ပနေခဲ့ပြီး သူ့မျက်နှာကိုလည်း မိစ္ဆာချီများနှင့် ဖုံးကွယ်ထားခဲ့၏။

သူလက်‌ေြမှာက်ကာ ဘာမှမပြောရသေးခင်တွင်ပင် မိစ္ဆာချီများ ၀န်းရံနေသော လက်ကြီးတစ်ဖက် သူ့အပေါ်တွင် ပေါ်ပေါက်လာပြီး သူ့ပုခုံးအား ဖိချသွားခဲ့သည်။

ထိုလက်ကြီး ဖိချလိုက်သည်နှင့် သူကိုယ်ထဲမှချက်ချင်းပင် သစ်ကိုင်းချွန်များ ဖောက်ထွက်လာပြီး သွေးများပန်းထွက်လာကာ သူ့ကိုယ်သည် လေထဲတွင် သွေးပန်းတစ်ပွင့်ကဲ့သို့ပင် ဖြစ်သွားခဲ့၏။

သူ့ကိုယ်ပေါ်မှ မိစ္ဆာချီများလည်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ထွက်လာခဲ့သည်။ထိုသူသည် ကိုယ်‌ေပါ်တွင် အပြင်စည်းဂိုဏ်းအကြီးအကဲ၀တ်စုံကို၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်ပြီး သူဧ။်တင်းမာ‌ေန‌ေသာမျက်နှာတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

သူခက်ခက်ခဲခဲကြိုးစား၍ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့နောက်တွင်ရပ်နေသော ခရမ်းနက်ရောင်၀တ်စုံကိုဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“မိစ္ဆာအရိပ်နတ်သိုင်း မင်းက….” သက်လတ်ပိုင်းလူ တုန်ခါနေသော အသံဖြင့် ပြောလိုက်၏။

လီယမျက်လုံးများ ပြူးကျယ်နေကာ ဒေါသသံဖြင့် ပြောလိုက်သည်။ “အကြီးအကဲချန်း ဘယ်လိုလုပ်ခင်ဗျားဖြစ်နေတာလဲ”

အကြီးအကဲချန်းဟု ခေါ်သောသူ ဘာမှမတုန့်ပြန်နိုင်သေးခင်မှာတင် သူ့ခါးမှသိုလှောင်အိတ်သည် ဖြုတ်ယူခံလိုက်ရ၏။ ပြီးနောက် ရုတ်တရက်သူ့ကိုယ်အားဖောက်၀င်နေသော သစ်ကိုင်းများတွင် အစိမ်းရောင်မီးတောက်များ တောက်လောင်လာပြီး သူ့ကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူ့နောက်တွင်ရပ်နေသော ခရမ်းနက်ရောင်ပုံရိပ်မှာတော့ အကြီးအကဲချန်းပုခုံးကို ဖိထားသလို လက်ဟန်ဖြင့်ပင် လေထဲတွင် ရပ်တန့်နေခဲ့၏။

အောက်ဘက်ရှိ လီယမှာတော့ ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။ အကြီးအကဲချန်းသည် စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် အဘယ်ကြောင့် အလွယ်တကူ အသတ်ခံခဲ့ရပါသနည်း။

“ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်! အနည်းဆုံး အဆင့် ၅ နဲ့ အထက်!

လီယစိတ်ထဲတွင် ဘိုးဘေး၏ အသံသည် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ဟူသောစကားမှာ လီယနှလုံးခုန်နှုန်းကိုလည်း မြန်သွားစေခဲ့သည်။

တောအုပ်အတွင်းရှ်ိ တိတ်ဆိတ်နေသောညတွင် လီယ တစ်ယောက် သူ့ကိုအချိန်မ‌ေရွးသတ်ဖြတ်ပစ်နုိင်‌ေသာ ပုံရိပ်ကြောင့် သူ့နှလုံးသားသည် လည်ချောင်းမှ ထွက်လာတော့မတတ်ပင် ဖြစ်နေခဲ့၏။

သူစိတ်ထဲတွင်မူ ဘိုးဘေး ကျွန်တော့်ကိုကယ်ပါဦး ဟူ၍သာ အော်ဟစ်နေခဲ့သည်။

အသက်ရှူကြိမ် ၇ကြိမ်ခန့်ကြာသောအခါ

ခရမ်းနက်ရောင်ပုံရိပ် လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး လီယ ခန္ဓာကိုယ်လည်း တစ်ချက်တုန်သွားကာ ပတ်၀န်းကျင်သို့ လှည့်ပတ်ရှာနေမိခဲ့၏။

“သူထွက်သွားပြီ သူတစ်ခုခုကို ချိန်ဆနေတာဖြစ်ရမယ်”

ဘိုးဘေး၏အသံထွက်ပေါ်လာမှသာ လီယ သက်ပြင်းချလိုက်နုိင်ခဲ့သည်။

“ငတုံးကောင်လေး ကုအန်ကိုစိတ်ပူနေတာ တော်လိုက်တော့ အတွင်းစည်းဂိုဏ်းကို အမြန်သွား ဒီအပြင်စည်းဂိုဏ်းက တစ်နေ့တခြားပိုပိုပြီး ကြောက်စရာကောင်းလာပြီ တစ်ယောက်ယောက်က ကောင်းကင်ဘုံကိုစော်ကားလိုက်တာပဲ ဖြစ်ရမယ် မင်းလည်းဒီမှာဆက်နေရင် တစ်နေ့နေ့တော့ ဒုက္ခတွေ့လိမ့်မယ်”

ဘိုးဘေး၏တင်းမာနေသော အသံထွက်ပေါ်လာရာ လီယ တိတ်ဆိတ်သွားခဲ့ရသည်။

……

ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင် ကုအန် သူ့လက်ထဲရှိ သိုလှောင်အိတ်ကိုကြည့်ကာ ခပ်ပျော့ပျော့ သက်ပြင်းချလိုက်၏။

တောင်းပန်ပါတယ် စီနီယာအစ်ကိုလီ အစ်ကိုနည်းနည်းမှ မထိခိုက်မချင်း အစ်ကိုကဒီနေရာက ထွက်သွားမှာမဟုတ်လို့ပါ!

လီယသည် သူ့ကိုစိတ်ပူ၍ လာနေခြင်းဖြစ်သောကြောင့် ကုအန် စိတ်မလုံသလို ခံစားလိုက်ရသည်။ အကြီးအကဲချနး်သည် လီယကိုဖမ်းဆီးလိုတာ မှန်သော်လည်း အကယ်၍သူသာ အတွင်းစည်းဂိုဏ်းသို့ ချက်ချင်းသွားခဲ့ပါက ယခုလို ကိစ္စမျိုးကို ကြုံရမည် မဟုတ်ပေ။

ကုအန် လီယပြန်လျှင် ဆေးပင်များများပေးလိုက်မည်ဟု ဆုံးဖြတ်ခဲ့လိုက်၏။

အကြီးအကဲချန်းကို သတ်ဖြတ်ခြင်းမှ ကုအန် သက်တမ်း၃၇နှစ်ရရှိခဲ့ပြီး ထိုပမာဏသည် နည်းသည် များသည်ဟု မဆိုသာပေ။

ထို့နောက် ကုအန် အကြီးအကဲချန်းသိုလှောင်အိတ်ကို စစ်ကြည့်လိုက်ပြီး သူ့ကိုအန္တရာယ်ရှိစေနိုင်သော ပစ္စည်းမှန်သမျှကို နတ်အာရုံသုံး၍ ဖျက်ဆီးပစ်လိုက်သည်။

နောက်တစ်နေ့မနက်မရောက်ခင်တွင် လီယ တောင်ကြားသို့ ပြန်ရောက်လာခဲ့၏။

လီယ သူ့၀တ်စုံကိုပင် လဲလှယ်ထားခဲ့ပြီး သူ့ပုံမှာ မနေ့ညက တိုက်ပွဲတစ်ခုလုံး၀ဖြစ်မထားခဲ့သလိုပင်။

လှေကားမှ ဆင်းလာပြီးနောက် ကုအန်သူ့ဆီပြေးသွားလိုက်ပြီး မေးလိုက်သည်။

“စီနီယာအစ်ကိုလီ ဘာလို့အစ်ကို့နှုတ်ခမ်းတွေ ဖြူဖျော့နေတာလဲ”

လီယပြုံး၍ ပြောလိုက်၏။ “ငါမနေ့ညက လေ့ကျင့်ရင်း နည်းနည်းထိခိုက်သွားလိုပါ ဘာမှမဖြစ်ပါဘူး”

ကုအန် မျက်မှောင်ကြုံ့သွားပြီး လီယကိုအိမ်ပေါ်ဆွဲခေါ်သွားလိုက်ကာ လီယအတွက် သူပြင်ဆင်ပေးထားသော ဒါဇင်နှင့်ချီသည့် ဆေးပုလင်းများကို ထုတ်ပေးလိုက်၏။

လီယ အံ့ဩသွားကာ မေးလိုက်သည်။ “ဂျူန‌ီယာညီလေးကု ဒါတွေက ဘာအတွက်လဲ”

“အစ်ကို တောင်ကြားကို ဖြူဖျော့နေတဲ့ပုံနဲ့ ပြန်လာတယ်ဆိုကတည်းက မနေ့ညက တိုက်ပွဲတစ်ခုဖြစ်ခဲ့မှာပဲ ဟုတ်တယ်မလား” ကုအန် စိတ်ပူ‌ေနသည့်ပံုဖြင့် ပြောလိုက်၏။

လီယအမူအရာမည်း‌ေမှာင်သွားခဲ့သည်။

ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ ပြောလိုက်၏။

“တကယ်တော့ ငါမနေ့ညက မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာရလာခဲ့တာ ဂျူနီယာညီလေးကု အတွင်းစည်းဂိုဏ်းက ဆေးတောင်ကြားမှာသွားနေပါတော့ အပြင်စည်းဂိုဏ်းက နေလို့မကောင်းတော့ဘူး”

နေလို့မကောင်းတော့ဘူးတဲ့လား!

ငါတော့မယုံဘူး!

ကုအန်၏ အခြေခံအုတ်မြစ်မှာ ဤနေရာတွင်ဖြစ်သောကြောင့် သူဒီနေရာကို စွန့်ခွာမသွားနိုင်ပေ။ သူ့ကို ပြဿနာလာရှာသူမှန်သမျှမှာတော့ သေရပေလိမ့်မည်။

ကုအန် ပြုံးလိုက်ကာ

“စီနီယာအစ်ကိုလီ ကျွန်တော်တို့ တောင်ကြားမှာစိုက်တဲ့ဆေးပင်တွေက အဆင့်နိမ့်ဆေးပင်လေးတွေပါ မိစ္ဆာအရှင်သခင်က တစ်ချက်တောင်လှည့်ကြည့်မှာမဟုတ်ဘူး နောက်ပြီး အစ်ကိုမရှိရင်လည်း ကျွန်တော်တို့က လုံခြုံပါတယ် အစ်ကိုအတွင်းစည်းဂိုဏ်းကိုသွားသင့်နေပြီ ကျွန်တော်လုကျိကျားဆီကလည်း အကူအညီတွေရပါတယ် ကျွန်တော်တို့ကြားထဲ ဆက်ဆံရေးကောင်းရှိတယ်လေ”

“ဒါပေမယ့်….”လီယ တွန့်ဆုတ်သွားခဲ့သည်။

ကုအန် ထပ်ပြောလိုက်၏။ “စီနီယာအစ်ကိုလီ အပြင်စည်းဂိုဏ်းက ကမောက်ကမဖြစ်နေမှုတွေက မိစ္ဆာကျင့်ကြံသူတွေနဲ့ မဆိုင်ဘူးလို့ ကျွန်တော်အမြဲ ခံစားနေရတယ် မိစ္ဆာသုတ်သင်ခန်းမကလည်း သူတည်ထောင်ပြီးကတည်းက မိစ္ဆာသူလျှိုအများအပြားကို ဖမ်းဆီးနိုင်ခဲ့တယ် အဲ့တာကြောင့် အခုဖြစ်နေတာတွေက တစ်ယောက်ယောက်က မိစ္ဆာလမ်းစဉ်ကလူဟန်ဆောင်ပြီး ပြဿနာတွေဖြစ်အောင် လုပ်နေတာများလား

အစ်ကိုအတွင်းစည်းဂိုဏ်းကိုသွားတာက အပြင်စည်းဂိုဏ်းကိုကယ်တင်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် အစ်ကိုဒီမှာနေရင်ရော ကျွန်တော့်ကိုအစ်ကိုတစ်ယောက်တည်း ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မှာမလို့လဲ”

အကြီးအကဲချန်းအကြောင်း တွေးမိသွားပြီး လီယ အမူအရာအေးစက်သွားခဲ့သည်။

အချိန်အနည်းငယ်ကြာသည်အထိ ငြင်းခုန်ပြီးသည့်နောက်တွင်တော့ လီယသက်ပြင်းတစ်ချက်ချလိုက်ကာ “ဂျူနီယာညီလေးကု မင်းမှန်ပါတယ် ငါအခုပဲ အတွင်းစည်းဂိုဏ်းကို သွားတော့မယ်”

ထိုအခါ ကုအန်မျက်နှာပေါ်တွင် အပြုံးတစ်စပေါ်ထွက်လာခဲ့ပြီး သူပြင်ဆင်ထားသော ဆေးများကိုလီယလက်ထဲ အတင်းထည့်ပေးလိုက်၏။

စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် ကုအန် လီယအား တောင်ကြားအ၀င်၀ထိ လိုက်ပို့ခဲ့သည်။

လီယသည် ဒဏ်ရာရထားသောကြောင့် ဓားပျံနှင့်သာ ခရီးသွားနိုင်၏။ သူတောင်ကြားမှ ဓားပျံကိုစီး၍ ထွက်ခွာလာပြီးသည့်နောက်တွင် သူ့နောက်တွင်ကျန်ခဲ့သော တောင်ကြားကိုကြည့်ကာ တိုးတိုးလေးရေရွတ်ခဲ့သည်။

“ဘိုးဘေးမြင်လား ဒါကကျွန်တော်ဘာကြောင့် သူ့ကို မထားခဲ့နိုင်တာလဲဆိုတဲ့ အကြောင်းပြချက်ပဲ အနာဂတ်မှာ သူ့ကိုထိခိုက်အောင် လုပ်ရဲတဲ့သူမှန်သမျှ နောင်တရသွားစေရမယ်”

All Chapters