← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အပိုင်း(၆၁)

အဓိပတိဂိုဏ်း၏ လျှို့ဝှက်ချက်များ

လီယ ထွက်သွားသောအခါ ကုအန် အကြီးအကဲချန်း၏ သိုလှောင်အိတ်ကို သဘာ၀လိုဏ်ဂူ ၈ လုံး ထဲ သွားဖွက်ထားလိုက်သည်။ ထိုနေ့နေ့လည်တွင်ပင် ကုအန် တတိယတောင်ကြားသို့ သွားခဲ့လိုက်၏။

တတိယတောင်ကြားတွင် ကုအန်ဆေးပင်များကို စစ်ဆေးနေရင်း တစ်ချိန်လုံး မျက်ခုံးကို ကြုံ့ထားမိသည်။

အချိန်အတန်ကြာသောအခါ

အကြီးအကဲထျန်း ကုအန်ကို သတိထားမိသွား၏။

သူကုအန်ဆီလာလိုက်ပြီး စိတ်၀င်တစားမေးလိုက်သည်။

“တောင်ကြားသခင် ဘာလို့ မျက်ခုံးကြုံ့နေရတာလဲ”

ကုအန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အသာအယာခေါင်းခါပြလိုက်ကာ ဘာမှ‌မပြောခဲ့ပေ။

အကြီးအကဲထျန်း ကုအန်ဆီတစ်လှမ်းထပ်တိုးလိုက်ပြီး ပြောလိုက်၏။

“ငါကအများကြီးမကူညီပေးနိုင်ပေမယ့် အပြင်လူတစ်ယောက်ရဲ့အမြင်နဲ့ အကြံညဏ်တော့ပေးနိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ကုအန် သက်ပြင်းချလိုက်မိပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်မှ လီယသူ့ကိုကာကွယ်ရင်း ဒဏ်ရာရသွားသော အဖြစ်အပျက်အပါအ၀င် အပြင်စည်းဂိုဏ်းမှ အဖြစ်အပျက်များကို ပြောပြလိုက်လေသည်။

သူလီယအကြောင်းအား သေချာပြောပြခဲ့ခြင်းမှာ ဂိုဏ်းချုပ်ဟောင်းကြီးထျန်း လီယ အကျိုးဆောင်မှုများကို သိရှိသွားစေရန် ဖြစ်၏။

အကြီးအကဲထျန်းသည် သူ့တစ်ဘ၀လုံးကို ဒီနေရာတွင်သာ နေသွားလိမ့်မည်ဟု ကုအန်မထင်ပေ။ တစ်နေ့တွင် အကြီးအကဲထျန်းပြန်လာလိမ့်မည်ဟု သူခံစားနေခဲ့ရသည်။

ကုအန်ပြောပြီးသောအခါ အကြီးအကဲထျန်းလည်း မျက်မှောင်ကြုံ့သွားခဲ့၏။

ကုအန် မရပ်နိုင်သေးဘဲ ထပ်ပြောလိုက်သည်။ “ဒီနှစ်တွေမှာ မိစ္ဆာသုတ်သင်ခန်းမက မိစ္ဆာသူလျှိုတွေကို ဖမ်းဆီးခဲ့ပေမယ့် နှစ်ပေါင်းများစွာ စိမ့်၀င်ထားခဲ့တဲ့ မိစ္ဆာသူလျှိုတွေ အကုန်လုံးကိုတော့ မဖမ်းဆီးနိုင်ခဲ့ဘူး ဂိုဏ်းတပည့်တွေကုိ‌ေတာင် ဂိုဏ်းထဲမှာနေတဲ့အချိန် လုံခြုံရေး အာမခံ‌ချက်မပေးနိုင်ခဲ့ရင် အဓိပတိဂိုဏ်းကို ထိုက်ကန်မင်းဆက်ရဲ့ အကျော်ကြားဆုံးဂိုဏ်းလို့ ဘယ်လိုလုပ် သတ်မှတ်နိုင်တော့မှာလဲ”

“ကျွန်တော်အသတ်ခံရတာက ကိစ္စမရှိပေမယ့် ကျွန်တော့်တပည့်တွေကိုတော့ စိုးရိမ်မိတယ်”

ကုအန် အမှန်တကယ်ပင် စိတ်ပူပန်ကာ မချင့်မရဲဖြစ်နေပုံဖြင့် ပြောလိုက်၏။

ထို့နောက် သူကိုယ်တိုင်ပင် သူ့သရုပ်ဆောင်ချက်များကို ချီးကျူးလိုက်မိသည်။

အကယ်၍ သရုပ်ဆောင်ခြင်းသာ သူ့စနစ်တွင်ပါနေပါက ကုအန် ထိုနေရာတွင် အထွတ်အထိပ်သို့ ရောက်နေမည်မှာ သေချာလှ၏။

အကြီးအကဲထျန်း သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပြီး ပြောလိုက်သည်။ “ကြားရတာတော့ တကယ့်ပြဿနာကြီးတစ်ခု ရှိနေပုံပါပဲ ဒါပေမယ့် ကျင့်ကြံခြင်းလောကဆိုတာ အမြဲတန်းအဲ့ဒီလိုပါပဲ ဘယ်ဂိုဏ်းကမှ အစေခံတပည့်တွေကို တကယ့်တပည့်လို့ မသတ်မှတ်ကြဘူး”

ကုအန်မျက်မှောင်ကြုံ့လိုက်မိ၏။

ဂိုဏ်းချုပ်ဟောင်းဆီမှ ထိုကဲ့သို့သောစကားမျိုးထွက်လာခြင်းသည် အတော်လေး ပြင်းထန်လွန်းလှပေသည်။

“ဒါပေမယ့် ငါကြားတာတော့ လက်ရှိဂိုဏ်းချုပ်က ကရုဏာကြီးမားပြီး အကြီးအကဲတွေဆီက အထောက်အပံ့ကိုလည်း ရထားတယ်တဲ့ သူကဒီအခြေအနေတွေကို ပြောင်းလဲပေးကောင်း ပေးနိုင်လိမ့်မယ် အနည်းဆုံးတော့ အရင်ဂိုဏ်းချုပ်ထက် သာမှာပါ” အကြီးအကဲထျန်း သူ့ကိုယ်သူဝေဖန်နေခြင်း မဟုတ်သလိုပင် ပုံမှန်အတိုင်းပြောလိုက်၏။ သူ့ပုံစံမှာ ထေ့ငေါ့နေပုံနှင့်လည်း တူမနေပေ။

ကုအန် ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်ကာ ဆေးပင်တွေကိုသာ ဆက်လက်စစ်ဆေးနေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့၏။

သူလတ်တလောဆန်းကြယ်တောင်ကြားတွင်သာနေရန် စီစဉ်ထားခဲ့ပြီး သွားစရာလာစရာရှိလျှင်တောင် နေ့မကူးခင် တောင်ကြားဆီပြန်လာမည်ဟု စဉ်းစားထားခဲ့သည်။

မိစ္ဆာကျင့်ကြံသူများ စိမ့်၀င်နေချိန်တွင် ကုအန် ဆန်းကြယ်တောင်ကြားတွင်သာ နေမည်ဟု သိလိုက်ရသောကြောင့် တပည့်များမှာတော့ အံ့ဩ သွားရသလို ရင်ထဲလည်း ထိသွားခဲ့ကြရ၏။

သူတို့ဆရာသည် သူတို့အပေါ် တကယ်ပဲ ဂရုစိုက်ပေသည်။

တတိယတောင်ကြားကိုတည်ထောင်ပြီးကတည်းက သူတို့ဆရာနှင့် သူတို့ကြားဆက်ဆံရေးသည် ဝေးကွာသွားသည်ဟု ထင်ခဲ့ကြပါသော်လည်း ယခုအခါတွင်တော့ ပိုမိုနီးကပ်လာသည်ဟု ပြန်လည်ခံစားလိုက်ကြရပြန်၏။

ဝူရှင်းမှာလည်း ထိုကိစ္စ‌ေကြာင့် အလွန်ဖိအားများနေခဲ့သည်။ သူသည်တပည့်များအား အနည်းဆံုး‌ေတာ့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စေရန် မှော်သိုင်းကွက်များကို ဖိ၍ သင်ကြားပေးနေခဲ့၏။

တပည့်များအားသင်ကြားပေးရန် မှော်သိုင်းအချို့ပင် ဝူရှင်းအပြင်စည်းမြို့မှ ၀ယ်ခဲ့သေးပေသည်။

မိစ္ဆာကျင့်ကြံသူများကို ပြန်လည်တိုက်ခိုက်ရန်မှာ ခက်ခဲလှပါသော်လည်း သူတို့ပြန်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မှာတော့ ဆူညံသံ ထွက်ပေါ်သွားစေရုံလောက်ဖြစ်၏။ ထိုအခါ အပြင်စည်းဂိုဏ်းမှ အကူအညီများရောက်လာနိုင်လောက်သည် မဟုတ်ပါလား။

ကုအန်လည်း ဝူရှင်းလုပ်ရပ်ကို မတားခဲ့ပေ။ ယခုအချိန်သည် ဝူရှင်း၏ ခေါင်းဆောင်နိုင်စွမ်းကို လေ့ကျင့်ပေးရန်အကောင်းဆုံးအချိန်ဟု သတ်မှတ်ထားပြီး သူလုပ်သမှျကို ခွင့်ပြုပေးထားခဲ့၏။

ရက်ပေါင်းများစွာ ကြာသောအခါ

ရီလန် ရောက်လာခဲ့ပြန်သည်။

သူ့ရည်ရွယ်ချက်မှာလည်း လီယနှင့်အတူတူသာဖြစ်ပြီး ကုအန်ကိုစိတ်ပူ၍ ရောက်ချလာခြင်း ဖြစ်၏။

အိမ်ထဲတွင် ရီလန် သိုလှောင်အိတ်ထဲမှ ဓားတစ်လက်ထုတ်လိုက်ပြီး စားပွဲပေါ်တင်ကာ ပြောလိုက်သည်။ “လတ်တလော အပြင်စည်းဂိုဏ်းပတ်၀န်းကျင်မှာ မိစ္ဆာကျင့်ကြံသူတွေရှိနေကြတယ် သူတို့ကျင့်ကြံခြင်းကလည်း မနိမ့်ဘူး ဒီဓားကို ချင်းဟုန်ဓားလို့ခေါ်တယ် အစ်ကိုကြီးကိုယ်နဲ့မကွာဆောင်ထားပါ ဒီဓားက စွမ်းအားကြီးတွေကိုမပိုင်ဆိုင်ပေမယ့် ညီမလေးကိုင်တဲ့ ဝိညဉ်ဖြူဓားနဲ့ ဆက်သွယ်နိုင်တယ် တကယ်လို့အစ်ကိုကြီးအန္တရယ်တစ်ခုခုနဲ့ ရင်ဆိုင်မိပြီဆို ညီမလေးလည်းအဲ့တာကိုအာရုံခံမိပြီး အစ်ကိုကြီးကို လာကယ်လို့ရတယ်”

ကုအန် မရယ်ဘဲမနေနိုင်တော့ဘဲ ရယ်မောကာ ပြောလိုက်၏။

“ညီမလေး ညီမလေးကအစ်ကိုကြီးထက် ကျင့်ကြံခြင်းနည်းနည်းပဲမြင့်တာလေ ဒီလိုလုပ်တာက ကိုယ့်ကိုကိုယ်သတ်သေတာပဲမလား”

ကိုယ့်ကိုကိုယ်သတ်သေတာ!

ရီလန် အနည်းငယ်စဉ်းစားလိုက်ပြီး နားလည်သွားခဲ့သည်။ ထို့ကြောင့် ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုကြီး ညီမလေးတို့ တကယ်သာတိုက်ခိုက်ရင် အစ်ကိုကြီးကိုတစ်ကွက်ထဲနဲ့တောင် အမှောက်သိပ်လိုက်လို့ရတယ် ညီမလေးအစ်ကိုကြီးနားမှာ ဒီလိုနေတာနဲ့ပဲ အထင်မှားမနေနဲ့ ညီမလေးနဲ့ရင်ဆိုင်ဖူးတဲ့ ရန်သူတိုင်း ညီမလေးအကြောင်းကိုသိကြတယ်”

“ကြည့်ရတာ ငါ့ဂျူနီယာညီမလေးက တကယ်ကိုကြောက်စရာကောင်းတဲ့ပုံပဲ အစ်ကိုကြီးမင်းကို အထင်သေးမိသွားပါတယ်” ကုအန်ရယ်မောကာ ပြောလိုက်၏။ ထို့နောက် သူချင်းဟုန်ဓားကို ကောက်ကိုင်ကြည့်လိုက်လေသည်။

ထိုဓား၏ ဓားအိမ်ပေါ်၌ တိမ်တိုက်များကြားတွင်ဝဲပျံနေသော ငန်းတစ်ကောင်ပုံ ထွင်းထုထားပြီး အတော်လေး ကဗျာဆန်လှ၏။ ကုအန် ဓားသွားကိုဆွဲထုတ်ကြည့်လိုက်ရာ သေးသွယ်သော ဓားသွားတစ်ခု ပေါ်ထွက်လာပြီး အလင်းတစ်ချက်ပင် လက်သွားခဲ့သည်။

“ဒီဓားကအတော်လေးလှတာပဲ အစ်ကိုကြီးဒီနေ့ကစပြီး ဒီဓားကိုအမြဲကိုင်တော့မယ်” ကုအန်ပြုံး၍ ပြောလိုက်၏။

ရီလန်သည် ကျိရှောင်ယုတို့ လီရွှမ်ယု တို့လောက်မလှသော်လည်း တစိမ့်စိမ့်ကြည့်လေလေ လှလာလေလေဖြစ်သော အလှပိုင်ရှင်မျိုး ဖြစ်မှန်းကုိလည်း ကုအန် သတိထားမိသွားခဲ့သည်။

ရီလန်ထိုင်ကာ ကုအန်ချင်းဟုန်ဓားနှင့်ကစားနေသည်ကို ကြည့်နေခဲ့၏။

ထိုစဉ် ကုအန်ရုတ်တရက်မေးလိုက်သည်။

“တကယ်လို့ ညီမလေးအန္တရာယ်နဲ့ကြုံရင်ရော ဒီချင်းဟုန်ဓားက ဝိညဉ်ဖြူဓားကို အာရုံခံမိမှာလား”

ရီလန် ကုအန်ကိုမျက်လံုးလှန်ကြည့်ပြီး ပြောလိုက်၏။

“ဘာလဲ အစ်ကိုကြီးက ညီမလေးကိုကာကွယ်ချင်လို့လား”

“ဟားဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကိုကြီးက တစ်ခါမှမတိုက်ခိုက်ဖူးဘူးဆိုတာ ညီမလေးသိပါတယ် တကယ်လို့အစ်ကိုကြီးသာ ညီမလေးဆီလာရင် ပိုဆိုးသွားတာကလွဲ ဘာဖြစ်လာမှာမလို့လဲ” ကုအန် ရယ်မောလိုက်လေသည်။

“အဲ့တာပဲကောင်းပါတယ် အစ်ကိုကြီး ညီမလေးတစ်ချိန်ချိန်မှာ အန္တရာယ်နဲ့ကြုံရရင်တောင် အစ်ကိုကြီး လာမကယ်ရဲစေချင်ဘူး”

“စိတ်မပူပါနဲ့ အစ်ကိုကြီးကသေရမှာကြောက်ပါတယ်”

ရီလန် တခစ်ခစ်ရယ်မောလိုက်၏။

“ညီမလေးလည်း သေရမှာကြောက်ပါတယ် နောက်ပြီးအသက်လည်းဆက်ရှင်ရဦးမယ် ညီမလေးသာမရှ်ိရင် အစ်ကိုကြီးကိုအခြားလူတွေအနိုင်ကျင့်ကြမှာ ကြောက်မိတယ်”

“အဓိပ္ပာယ်မရှိတာ ဒီနှစ်တွေထဲ အစ်ကိုကြီးအနိုင်ကျင့်ခံရဖူးလို့လား”

“ဒါဆို အစ်ကိုကြီးအန္တရာယ်ကင်းအောင် ဒီနေရာမှာပဲ တစ်သက်လုံးနေတော့မှာလား”

….

လီယပြန်သွားပြီးကတည်းက ဆန်းကြယ်တောင်ကြားသည် ဘာအန္တရာယ်ကိုမှ မကြုံရတော့ပေ။ ဆောင်းဦးရာသီရောက်ရှိလာသောအခါ ကုအန် အချိန်တွက်လိုက်ပြီး တတိယတောင်ကြားတွင် ဆေးပင်များ ရင့်မှည့်မည့်အချိန်ဖြစ်သောကြောင့် ထိုသို့သွားရန် စီစဉ်လိုက်၏။

ကုအန် အစီအရင်ထဲမှ ထွက်လာသောအခါ ရုတ်တရက် သူ့အကြည့်များ သူ့အိမ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

အထဲမှာတစ်ယောက်ယောက်ရှိနေတယိ!

ရှန်းကျန်!

သူ့အိမ်ထဲတွင် ဘာလျှို့ဝှက်ချက်မှရှိမနေသောကြောင့် ကုအန် ရှန်းကျန်ဆီ ချက်ချင်းမသွားခဲ့လိုက်ပေ။ သူ့အိမ်တွင်ရှိသော သူမကြိုက်နိုင်မည့် လျှို့ဝှက်ချက်ဆိုလို့ အစိမ်းရောင်သူရဲကောင်းစာအုပ်များသာ ရှ်ိလေသည်။

ကုအန် ဆေးဥယျာဉ်ထဲသွားလိုက်ပြီး ရင့်မှည့်‌ပြီဖြစ်သော ဆေးပင်များအား ခူးနေရင်း အလွန်ပျော်ရွှင်နေမိခဲ့၏။

သူ့အဆင့်သည် မည်မျှပင်မြင့်နေပါစေ သူ့သက်တမ်းများတိုးလာခြင်းကို ကြည့်မိပါက ကုအန် အမြဲပင် ပျော်ရွှင်ခဲ့ရသည်။

သူသက်တမ်းသန်းချီကိုသာ သုံးလိုက်ပြီးပါက သူ့ကျင့်ကြံခြင်းမည်သည့်အဆင့်သို့ ရောက်ရှိသွားမည် ဆိုသည်ကိုလည်း ကုအန် တွေးနေမိခဲ့၏။

ကုအန် အပြင်စည်းဂိုဏ်းရှိ စာအုပ်ခန်းမထဲတွင် ရှာဖွေပြီးသော်လည်း တက်လှမ်းခြင်းအဆင့်အကြောင်းမှတ်တမ်းတင်ထားဟော မည်သည့်စာအုပ်မှမရှိသလို ဤကမ္ဘာကြီးမည်မျှ ကျယ်ပြန့်မှန်းလည်း ဘယ်သူမှ မသိကြပေ။

ကမ္ဘာကြီး ပိုကြီးလေလေ ကျင့်ကြံခြင်းနယ်ပယ်များ ပိုများများရှိမည်မှာ သေချာပေသည်။ အဓိပတိဂိုဏ်းသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူကြီးများကို ပိုင်ဆိုင်ပြီး စစ်မှန်သော အမွေခံ ဆိုသူမှာ‌ေတာ့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကို ကျော်လောက်ပေသည်။ သို့သော်လည်း သူပင် ပြိုင်ဘက်ကင်းအဆင့်သို့ မရောက်သေးပေ။

အမတလမ်းစဉ်သည်ရှည်လျားကာ ကျယ်ပြန့်လွန်းလှ၏။

ကုအန် ဆေးပင်ခူးနေရင်း ဦးတည်ရာမဲ့ လျှောက်တွေးမိနေခဲ့သည်။

ဆေးပင်ခူးပြီးသောအခါမှ သူ့အိမ်သို့ ပြန်ခဲ့လိုက်၏။

အကြီးအကဲထျန်းအား လမ်းတွင်တွေ့သောအခါ အကြီးအကဲထျန်းပြောလိုက်သည်။

“မိန်းကလေးရှန်း တောင်ကြားသခင်ကိုလာရှာနေတာ အကြိမ်များစွာရှိနေပြီ”

ကုအန်အသာအယာခေါင်းညိတ်ပြလိုက်ကာ ရှေ့ဆက်သွားဖို့ ပြင်လိုက်၏။

ထိုစဉ် အကြီးအကဲထျန်းအနည်းငယ်တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်သည်။

“တောင်ကြားသခင်ပြောခဲ့တဲ့ကိစ္စကို အကြီးအကဲကုကျုံးဆီ သတင်းပို့ပေးထားပါတယ် အဲ့တာက အပြင်စည်းဂိုဏ်းကအခြေအနေတွေကို တိုးတက်ကောင်းတိုးတက်လာစေနိုင်မှာပါ”

ထိုစကားကိုကြားသောအခါ ကုအန် သူ့အား ပြုံး၍ကြည့်လိုက်ရင်း ပြောလိုက်၏။

“အကြီးအကဲထျန်း ကြည့်ပါလား လူတိုင်းမှာ သူ့အသုံးဝင်မှုနဲ့သူရှိပါတယ် အကြီးအကဲထျန်းက အမြဲ အသံုးမ၀င်‌ေတာ့လို့ မြေကြီးထဲသွားမယ့် အကြောင်းပဲပြောနေပေမယ့် အခုအကြီးအကဲထျန်းလုပ်ရပ်က အပြင်စည်းဂိုဏ်းက ဂိုဏ်းသားထောင်ချီကို ကယ်လိုက်နိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်လေ ကျေးဇူးတင်ပါတယ်”

ကုအန် လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကာ ပြန်ထွက်သွားခဲ့သည်။

ကျန်ခဲ့သောအကြီးအကဲထျန်းမှာတော့ အတွေးလွန်နေပုံဖြင့် တစ်ယောက်တည်းရေရွတ်လိုက်၏။

“လူတိုင်းမှာ သူ့အသုံး၀င်မှုနဲ့သူ…..”

ကုအန် လှေကားမှတက်လာပြီး သူ့အခန်းရှေ့ရောက်၍ အခန်းတံခါးကို ဖွင့်၀င်လိုက်သောအခါ စားပွဲတွင် စာရေးနေသော ရှန်းကျန်အားတွေ့လိုက်ရလေသည်။ ရှန်းကျန်သည် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားဆဲဖြစ်ပြီး သူ့မျက်နှာကိုလည်း အနက်ရောင်ပုဝါဖြင့် ဖုံးထားကာ သူ့ဆံပင်များကိုမူ ခေါင်းတွင်စု၍ ထုံးထားပြီး ဆံစလေးနှစ်ဖက်ကို ပါးနှစ်ဖက်တွင် ချထားခဲ့သည်။

ရှန်းကျန် ကုအန်၀င်လာခြင်းကို သတိမထားမိခဲ့ပေ။

ထို့ကြောင့် ကုအန်သူမဘေးသို့သွား၍ ဘာရေးနေသလဲဆိုတာကို ချောင်းကြည့်ဖို့ ကြိုးစားလိုက်၏။

ထိုအခါ ရှန်းကျန်သတိထားမိသွားပြီး စာရွက်များကို အမြန်သိမ်းဆည်းပစ်ခဲ့သည်။

သို့သော် ကုအန်သူ့စာရွက်မှ စာကြောင်းအနည်းငယ်ကိုမြင်ခဲ့မိပြီး ပဟေဠိဖြစ်သွားကာ စကားပြောဖို့လည်း တွန့်ဆုတ်သွားခဲ့ရ၏။

ထို့နောက်ရှန်းကျန်စာရွက်များကို သူ့အင်္ကျီလက်အိုးထဲထည့်လိုက်ကာ ကုအန်ကိုပြုံး၍ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်မရှင့်ကိုလာရှာတိုင်း ရှင်ကဒီမှာကို ရှိမနေဘူး အပြင်စည်းဂိုဏ်းက ဆေးတောင်ကြားကို အဲ့လောက်တောင်ချစ်တယ်လား”

ကုအန်အကူအညီမဲ့စွာ ပြောလိုက်၏။ “အပြင်စည်းဂိုဏ်းကမလုံခြုံတော့ဘူးဆိုတော့ ကျွန်တော့်တပည့်တွေကို ဒီတိုင်းထားခဲ့လို့မရတော့ဘူးလေ အဲ့တာကြောင့်ပါ နောက်ဆုံးတော့ ကျွန်တော့်ကျင့်ကြံခြင်းက သူတို့ထက်မြင့်တယ်မဟုတ်လား”

ကုအန်ထိုအကြောင်းပြချက်ပေးလိုက်ရခြင်းမှာ သူမဆီ အပြင်စည်းဂိုဏ်း၏သတင်းရောက်သွားစေလိုသောကြောင့် ဖြစ်သည်။

လူများများထိုအကြောင်းပြောလေလေ အကူအညီများများ သူတို့ရနိုင်လေပင်။

“ရှင့်ရဲ့ လက်ရှိအောင်မြင်မှုတွေနဲ့ဆို အတွင်းစည်းဂိုဏ်းကို သွားဖို့မပြောနဲ့ ဗဟိုမြို့တော်ဆီသွားချင်ရင်တောင် ခက်ခဲမှာမဟုတ်ဘူးလေ ဘာလို့ စာရေးတာမှာပဲအာရုံမစိုက်ဘဲ ဒီလိုကိစ္စတွေနဲ့ စိတ်ရှုပ်ခံနေရတာလဲ” ရှန်းကျန် စိတ်၀င်တစားမေးလိုက်သည်။

ကုအန်ဖြေလိုက်၏။ “မိန်းကလေးက တာအိုဂိုဏ်းရဲ့ မြင့်မြတ်သမီးတော်လေ သာမန်လူတွေတွေးတောင်မတွေးနိုင်တဲ့ အရင်းအမြစ်တွေလည်း ရနိုင်တယ် အဲ့တာကိုဘာလို့ ကျင့်ကြံခြင်းမှာ အာရုံမစိုက်ဘဲ ဒီလို ဂီတ စစ်တုရင် ပန်းချီ လိုနေရာတွေမှာ အချိန်လာဖြုန်းနေတာလဲ” ရှန်းကျန် တိတ်ဆိတ်သွားခဲ့သည်။

ထို့စဥ် ကုအန်သူ့စားပွဲအား ရှင်းလင်းလိုက်၏။

တစ်ခဏကြာ‌မှ ရှန်းကျန် ပြန်ပြောခဲ့သည်။

“ရှင်က ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ကိုရေးတဲ့သူဖြစ်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး တကယ်ပဲ ရှင်တစ်ယောက်ထဲကသာ ကျွန်မကိုနားလည်နိုင်တယ် တကယ်လို့ရှင်သာသေသွားရင် ကျွန်မအနာဂတ်မှာ စာရေးစာဖတ်ဖို့ ယုံကြည်ချက်ရှိမှာ မဟုတ်တော့ဘူး”

“မဖြစ်သေးဘူး ကျွန်မရှင့်ကို အသေမခံနိုင်ဘူး အဲ့တာကြောင့်ရှင့်ကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်”

ထို့နောက် သူမလက်ကိုမြှောက်လိုက်ကာ အဆောင်စာရွက်များသုံး၍ အခန်းပြတင်းပေါက်များကို စည်းပိတ်လိုက်သည်။

ကုအန် သူမအားကြည့်နေရင်း စိတ်၀င်စားသွားမိ၏။ သူ့အသက်ကိုကယ်တင်နိုင်သော လျှို့ဝှက်ချက်ဆိုသည်မှာ မည်သို့သောလျှို့ဝှက်ချက်ဖြစ်သနည်း။

“အဓိပတိဂိုဏ်းထဲမှာ အချို့လူတွေက နောက်လာမယ့် မဟာမိစ္ဆာကပ်ဘေးကိုရင်ဆိုင်ဖို့ ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်ထားကြဖို့ လိုတယ် ဆိုပြီး မိစ္ဆာသိုင်းကို ကျင့်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့် ဒီသိုင်းကအောင်မြင်ဖို့ မသေချာတော့ ရှင်တို့အပြင်စည်းမြို့‌ေတာ်ကို စမ်းသပ်ပစ္စည်းအဖြစ်သုံးနေကြတာပဲ

ဂိုဏ်းရဲ့ဂုဏ်သတင်းထိခိုက်မှာစိုးတော့ ဒီကိစ္စကပျံ့နှံ့သွားလို့လည်းမဖြစ်ဘူးလေ အဲ့တာကြောင့် သူတို့ကဒီကိစ္စကို မိစ္ဆာလမ်းစဉ်ကြောင့်ဆိုပြီး ပုံမှားရိုက်ထားကြတာ” ရှန်းကျန် ထိုကိစ္စများက သူ့အတွက်ဘာမှမထူးခြားဟန်ဖြင့် အေးအေးဆေးဆေးပြောလိုက်၏။

ကုအန်မျက်မှောင်ကြုံ့သွားကာ “အဲ့တာတွေကို မိန်းကလေးက ဘယ်လိုသိတာလဲ”

ရှန်းကျန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ တာအိုဂိုဏ်းကလည်း အဲ့လိုကြိုးစားနေလို့ပဲ အဆင့်နိမ့်တပည့်အချို့ကို စတေးပြီး ဂိုဏ်းရေရှည်တည်မြဲဖို့ လုပ်တာမျိုးလေ”

ထိုစကားကိုကြားသောအခါ ကုအန်အတော်လေး မကျေမနပ်ဖြစ်သွားခဲ့၏။

“ဘယ်လိုမိစ္ဆာသိုင်းမျိုးက တပည့်တွေကို စတေးဖို့လိုတာလဲ” ကုအန် မေးလိုက်သည်။

“အမတလမ်းစဥ်ကို ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ကိုဆန့်ကျင်ရတာပဲမဟုတ်လား ကျင့်ကြံသူက ကျင့်ကြံခြင်းပိုမြင့်လာလေလေ ကောင်းကင်ကံကြမ္မာကို ခံစားမိလာလေလေပဲ အဲ့ဒီမိစ္ဆာသိုင်းက အဆင့်မချိုးဖျက်နိုင်တော့တဲ့ ကျင့်ကြံသူကြီးတွေကို ကောင်းကင်ကံကြမ္မာကို ဆန့်ကျင်နိုင်ဖို့ ခွင့်ပြုပေးတယ် ပြောရရင် ရှင်အပြင်စည်းဂိုဏ်းကဆေးတောင်ကြားကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ အဲ့ဒီမှာကြာကြာနေလို့ ရှင့်အတွက်ကောင်းတာဖြစ်လာမှာမဟုတ်ဘူး

ရှင်ကဖန်းအန်ဖြစ်နေတော့ ရှင်သူတို့အကြောင်းရေးပစ်လိုက်မှာလည်း ကြောက်ကြတယ် အဲ့တာကြောင့်ရှင့်ကိုဒီကိစ္စတွေ အသိမပေးရဲကြတာ ရှင့်ကိုပြောလိုက်တာ ကျွန်မဆိုတာလည်း ဘယ်သူ့မှသွားမပြောနဲ့နော်”

ရှန်းကျန်စကားများသည် ကုအန်ကို တိတ်ဆိတ်သွားစေခဲ့သည်။

ထိုအခိုက်တွင် မိစ္ဆာလမ်းစဉ်နှင့် လမ်းမှန်ဂိုဏ်းများကြားတွင် ဘာမှမခြားတော့သလိုပင် ကုအန်ခံစားနေခဲ့ရသည်။

ထိုစဉ် ရှန်းကျန်မျက်လုံးများ ပြုံးယောင်သန်းသွားပြီး

“စကားမစပ်ရှင်ကျွန်မစာအုပ်ကို မြင်လိုက်တယ်မလား ဇာတ်လမ်းအကြောင်းအရာကိုဘယ်လိုထင်လဲ”

သူ့စကားကိုကြားသောအခါ ကုအန်အမူအရာထူးဆန်းသွားပြီး လေးလေးနက်နက်ပြောလိုက်၏။

“တကယ်တော့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်မှာလည်း သူ့အနာအဆာတွေနဲ့သူရှိပါတယ် တချို့အရာတွေက မဖြစ်မနေ လိုက်သင်ယူဖို့မလိုဘူး”

“ဘာလို့ လိုက်သင်ယူလို့မရတာလဲ အဲ့တာက လူတွေကြားက အချင်းပွားမှုတွေ ခံစားချက်တွေကို ကိုယ်စားပြုနေတာမဟုတ်လား”

“မိန်းကလေးအဲ့ဒီစာအုပ်ကို ဆက်ရေးမှာလား”

“ရေးမှာ”

“အဲ့တာဆို စာအုပ်ထဲက ပါရမီရှင်နာမည်ကို ကုအန်လို့ မရေးလို့မရဘူးလား”

အပိုင်း(၆၂)

အဆင့်ချိုးဖျက်ရန် ပြင်ဆင်ခြင်း၊ အမတသတ်ဖြတ်ခြင်းဓားအစီအရင်

“ဘာကြောက်စရာလိုလဲ ကမ္ဘာပေါ်မှာကုအန်ဆိုတဲ့နာမည်နဲ့လူက ရှင်တစ်ယောက်တည်း ရှိတာမှမဟုတ်တာ ကျွန်မကရှင့်လို စိတ်ကူးနဲ့တင် ဇာတ်ကောင်တစ်ကောင်ကို မဖန်တီးနိုင်ဘူး ဇာတ်ကောင်တစ်ခုမဖန်တီးခင် တစ်ယောက်ယောက်ကိုနမူနာယူဖို့လိုသေးတယ် ကျွန်မအမြင်အရတော့ ရှင်က အမျိုးသားပါရမီရှင်ဇာတ်ကောင်ဖြစ်ဖို့ အသင့်တော်ဆုံးလူပဲ ကျွန်မသိထားသလောက်ဆို ရှင့်မှာချို့ယွင်းချက်ဆိုလို့ ကျင့်ကြံခြင်းအဆင့် နိမ့်နေ‌တာလောက်ပဲရှ်ိတာ”

ရှန်းကျန်အတည်ပေါက်ကြီးပြောလိုက်ရာ ကုအန်မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

ဒါက ချီးကျူးနေတာလား!

ဘာလို့ငါ့ကိုပုဂ္ဂို‌လ်ရေးတိုက်ခိုက်နေတာနဲ့ ပိုတူနေတာလဲ!

ငါသာငါ့ကျင့်ကြံခြင်းကို ထုတ်ပြလိုက်ရင် နင့်အဖေတောင် မေ့လဲသွားမယ်ကွ!

ကုအန်သူ့နာမည်ကိုမသံုးရန် ဆက်ပြောနေသော်လည်း ရှန်းကျန်မှာတော့ ခေါင်းမာစွာပင် ပြောင်းမပေးခဲ့ပေ။

နောက်ဆုံးတွင် ရှန်းကျန်သူ့နာမည်အတွက် လျှို့ဝှက်သိုင်းကျမ်းတစ်ခုနှင့် လဲလှယ်ခဲ့ရာ ကုအန်လည်း သဘောတူရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

ရှန်းကျန်ထွက်သွားသောအခါ ကုအန် ရှန်းကျန်ပေးခဲ့သော လျှို့ဝှက်သိုင်းကျမ်းကို လေ့လာကြည့်လိုက်၏။

ဆန်းကြယ်အသံပညာ!

ဒါက လူတစ်ယောက်ရဲ့ အတွင်းအင်္ဂါတွေနဲ့ နတ်ဘုရားအာရုံကိုတိုက်ခိုက်လို့ရတဲ့ ဂီတမှော်သိုင်းမျိုးပဲ !

ကုအန်တွင် ဂီတအမျိုးအစားမှော်သိုင်းများ ရှားပါး၍ အနာဂတ်တွင် လေ့လာမည်ဟု စဉ်းစားထားလိုက်သည်။

ဆန်းကြယ်အသံပညာစာအုပ်ကို တစ်ချက်ဖတ်ပြီးသည့်နောက် ကုအန် စာအုပ်အား သိုလှောင်အိတ်ထဲ ထည့်သိမ်းခဲ့လိုက်၏။

…..

တစ်လကြာသောအခါ ကုအန် အပြင်စည်းမြို့သို့ ရောက်ရှိလာခဲ့သည်။ သူအရင်ဆုံး ဆေးခန်းမသို့သွား၍ သူ့တစ်နှစ်စာ ရိတ်သိမ်းထားသော ဆေးပင်များကို သွားအပ်ခဲ့၏။

အကြီးအကဲကျူးချင်းလု သူ့အားတွေ့ဆုံခဲ့သည်။ အကြီးအကဲကျူးချင်းလု ပုံစံသည် အလွန်ပင်ပန်းနေပံု‌ေပါ်ပြီး သူ့ကိုယ်ထဲတွင်လည်း လုကျိကျားကဲ့သို့ မိစ္ဆာချီများရှိနေသည်ကို ကုအန်သတိထားမိသွား၏။

“အကြီးအကဲကျူး နေမကောင်းတဲ့ပုံပေါ်နေပါလား ဘာဖြစ်လို့လဲ”ကုအန် မေးလိုက်သည်။

အပြင်စည်းဂိုဏ်းမှလူများသည် မိစ္ဆာသိုင်းများကို မည်သို့ကျင့်နေကြသလဲ ကုအန် မသိပေ။ ဂိုဏ်းတွင် လူအချို့ပျောက်ဆုံးနေသော်လည်း သူအပြင်စည်းဂိုဏ်းသို့ရောက်သောအခါ ဂိုဏ်းတွင်ရှိနေသည့် တပည့်အမြောက်အမြားကိုယ်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာချီများ ရှ်ိနေသည်ကို သတိပြုမိခဲ့သည်။ ထိုတပည့်များသည်လည်း သာမန်တပည့်များမဟုတ်ကြဘဲ မိသားစုအသီးသီးမှ တပည့်များ ဖြစ်နေကြ၏။

ကုအန် ကိစ္စများကို ရှင်းရှင်းလင်းလင်းမသိတော့ပေ။ ရှန်းကျန်မှာလည်း သူ့ကိုအသေးစိတ်ရှင်းမပြခဲ့ပေ။

အကြီးအကဲကျူးချင်းလု ပြုံး၍ ပြောလိုက်၏။ “ကျင့်ကြံရင်း ထိခိုက်သွားတာပါ စိတ်ပူစရာမရှိပါဘူး မင်းမှာ အတွင်းစည်းဂိုဏ်းထဲက ဆေးတောင်ကြားတစ်ခုရှိတယ်မဟုတ်လား မင်းအဲ့ဒီကိုအမြန်ပြောင်းတာကောင်းလိမ့်မယ် ဒီမှာဆက်မနေနဲ့တော့ အခုတလော မိစ္ဆာကျင့်ကြံသူတွေက အရမ်းသောင်းကျန်းနေကြတယ် ဒီနေရာက ပိုအန္တရာယ်များလာပြီ”

ကုအန် ပြန်ပြောလိုက်သည်။ “လူအတော်များများက ကျွန်တော့်ကို အပြင်စည်းဂိုဏ်းက အန္တရာယ်များတယ်လို့ ပြောနေကြတယ် ဒီမှာအန္တရာယ်များတယ်ဆို ဘာလို့ခေါင်းဆောင်ပိုင်းတွေက မိစ္ဆာတွေကိုရှင်းလင်းဖို့ လူတွေထပ်မပို့လိုက်တာလဲ”

“နောက်ပြီး မြို့ထဲက နေရာတစ်ခုကလည်း ဘာလဲ အဲ့တာက မြို့ရဲ့ လေးပုံတစ်ပုံလောက်ကိုတောင် ဖုံးအုပ်ထားတယ်”

ကုအန်အပြင်စည်းမြို့သို့ရောက်သောအခါ မြို့လည်ခေါင်တွင် ကျောက်တုံးများချ‌ေန‌ေသာ တပည့်များအား တွေ့ခဲ့ရသည်။ ထိုကျောက်တုံးများသည် သာမန်လူသားကျောက်တုံးများ မဟုတ်ကြပေ။ ကျောက်တုံးတစ်တုံးချင်းစီ၌ စိတ်ဝိညဉ်စွမ်းအားများ ပါ၀င်၏။

ကုအန်ဘယ်လိုကြည့်ကြည့် ထိုအရာများကို ယဇ်ပူဇော်သည့် ကျောက်တုံးများဟူ၍သာ ခံစားခဲ့ရသည်။

အကြီးအကဲကျူးချင်းလု တည်တည်ငြိမ်ငြိမ်သာ ဖြေလိုက်၏။

“အထက်ကလူတွေမှာ သူတို့အစီအစဉ်နဲ့သူတို့ရှ်ိမှာပါ ငါတို့မသိနိုင်ဘူးလေ ငါတို့လုပ်နိုင်တာက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ပါပဲ မြို့ထဲမှာ ဆောက်နေတဲ့ဟာကတော့ အနာဂတ်မှာ အပြင်စည်းဂိုဏ်းကို ကာကွယ်ပေးမယ့် အစီအရင်တစ်ခုပဲ”

ကျူးချင်းလုအမူအရာကိုကြည့်ပြီး ထိုလူသည် လူကောင်းတစ်ယောက်မဟုတ်ဘူးဟု ကုအန်ခံစားလိုက်ရသည်။ သူသည် အတွင်းရေးကိစ္စများကို သိပုံပေါ်သော်လည်း ထိုကိစ္စမှ အမြတ်ထုတ်ခဲ့၏။

ကုအန်ဘာမှထပ်မေးမနေတော့ဘဲ အနည်းငယ်စကားပြောပြီးသောအခါ ထွက်လာခဲ့လိုက်သည်။

ဆေးခန်းမမှထွက်လာသောအခါ ကုအန် လမ်းပေါ်တွင်ရပ်နေရင်း ဆောက်လက်စ အစီအရင်ကြီးအား ကြည့်နေခဲ့၏။

ကောင်းကင်ယံတွင် တိမ်မည်းများ ပြည့်နှက်နေခဲ့လေသည်။ ယခင်က တောက်ပခဲ့သော အပြင်စည်းမြို့ကြီးသည် အခုတော့ အုံ့မှိုင်းနေပြီး မိစ္ဆာလမ်းစဉ်မှဂိုဏ်းတစ်ခုနှင့်ပင် တူနေခဲ့၏။

လှုပ်ရှားသွားလာနေသော လူများကို ခဏရပ်ကြည့်ပြီးမှသာ ကုအန် ပြန်ခဲ့လိုက်သည်။

အပြင်စည်းဂိုဏ်းမှ ထွက်လာပြီးသည့်နောက် ကုအန် သူစီမံရမည့် ဂူများဆီသို့သွားဖို့ပြင်လိုက်၏။

လီရွှမ်ယုဂူထဲသို့ရောက်သောအခါ လီရွှမ်ယုကိုအထဲတွင် တွေ့လိုက်ရသည်။

“အခုကစပြီး နင်လာစရာမလိုတော့ဘူး ငါအတွင်းစည်းဂိုဏ်းကိုပြောင်းတော့မှာမလို့ ဒီမှာနင့်ရဲ့လစာ” လီရွှမ်ယု စားပွဲတွင်ထိုင်နေရင်း လက်ကိုဝေ့ယမ်းလိုက်ရာ စိတ်ဝိညဉ်ကျောက်တုံးများ ထွက်ပေါ်လာခဲ့၏။

ကုအန် ချက်ချင်းအရိုအသေပေးလိုက်ကာ စိတ်ဝိညဉ်ကျောက်တုံးများကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။

ထို့နောက်ဘာမှပြောမနေတော့ဘဲ လှည့်ထွက်သွားလိုက်၏။

လီရွှမ်ယု ကုအန်၏ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။ “နင့်ရဲ့ ခြေသိုင်းကအရမ်းစွမ်းတယ်လို့ ငါကြားထားတယ် အဲ့တာဟုတ်လား”

ကုအန် ပြန်လှည့်လိုက်ကာ သူမကိုကြည့်၍ ပြောလိုက်၏။

“အစ်ကိုလီယပြောတာလား ကျွန်တော့်ခြေသိုင်းက သူနဲ့ယှဉ်လို့မရပါဘူး”

လတ်တလောတွင် လီယဆန်းကြယ်တောင်ကြားတွင်နေရင်း ထန်ယု လေ့ကျင့်နေသော ခြေသိုင်းကိုတွေ့သွားပြီး ကုအန် မုန့်လန်အား ခြေတစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခဲ့သော အဖြစ်ကို သိသွားခဲ့လေသည်။

သူ လီရွှမ်ယုအားဒီလောက်‌မြန်မြန်ပြောပြလိုက်လိမ့်မည်ဟုတော့ ကုအန် ထင်မထားခဲ့ပေ။

“ငါကဒီတိုင်းမေးလိုက်တာပါ”

လီရွှန်ယုပုံမှန်မျက်နှာထားဖြင့် ပြောလိုက်၏။ ထို့နောက်ခဏရပ်ကာ ဆက်ပြောလိုက်သည်။

“နင်အတွင်းစည်းဂိုဏ်းကိုရောက်မယ့်နေ့ကို စောင့်နေမယ် အဲ့ဒီကျမှ နင်နဲ့ငါ ယှဉ်ပြိုင်လို့ရတာပေါ့”

ကုအန်အကူအညီမဲ့နေဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော်ကဘယ်လိုလုပ် စီနီယာအစ်မရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ ကျွန်တော်စီနီယာအစ်မကို ဘယ်တော့မှ လိုက်မှီမှာမဟုတ်ပါဘူး”

“ပြန်တော့”

လီရွှမ်ယုဆက်မပြောတော့ဘဲ ပြန်ရန်သာ အမိန့်ပေးလိုက်၏။

သူ့ဂူမှ ပြန်သွားပြီးသည့်နောက် ကုအန် ဘာမှများများစားစားတော့ ၀န်ထုပ်၀န်ပိုးဖြစ်မနေပေ။

သူငြင်းနေသမျှ ကာလပတ်လုံး လီရွှမ်ယုက ဘာများလုပ်နိုင်မည်နည်း။

…..

ညဉ့်အချိန်တွင် ကုအန်တောအုပ်ထဲသို့ ထွက်လာခဲ့သည်။ နေ့လည်ကတည်းက ဒီညသူပြန်လာမည်မဟုတ်မှန်း ဝူရှင်းကို ပြောထားပြီးသား ဖြစ်၏။

သူထွက်လာသည်ကုိ‌ေပြာခဲ့ရသည့် အကြောင်းအရင်းမှာ ကုအန် အဆင့်ချိုးဖျက်ဖို့ ပြင်ဆင်နေသောကြောင့် ဖြစ်ပေသည်။

သူအဆင့်ချိုးဖျက်လိုက်လျှင် အပြင်စည်းဂိုဏ်းတစ်ခုလုံး လှုပ်ခါသွားမည်မှာ သံသယရှိစရာပင် မလိုပေ။ ထိုစဉ် သူ့အခန်းထဲတွင် ရှိမနေပါက သူ့အားသူ့တပည့်များ သံသယ၀င်သွားနိုင်ပေသည်။

အပြင်စည်းဂိုဏ်းကို သွားပြီးကတည်းက ကုအန် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားနေခဲ့ရ၏။

အုပ်ချုပ်သူများသည် မိစ္ဆာသိုင်းများကို လေ့ကျင့်နေကြပြီး မိသားစုကြီးများ၏ မြင့်မြတ်ကလေးငယ်များမှာ အပြင်စည်းဂိုဏ်းကို စွန့်ခွာနေခဲ့ကြသည်။ ထိုအချင်းလက္ခဏာများသည် ကုအန်ကို စိတ်ရှုပ်ထွေးသွားစေခဲ့၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ သည် အတော်လေးသန်မာသည်ဆိုပါသော်လည်း အဓိပတိဂိုဏ်းတွင်လည်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူများ ရှိနေကြသေးသည်။ ထို့ကြောင့် အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက်တွင် ကုအန် နောက်ထပ်နယ်ပယ်အသစ်သို့ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့လိုက်၏။

သက်တမ်း ၁သန်းပြည့်အောင်စုဆောင်းခြင်းကို နည်းနည်းလောက် နောက်ဆုတ်လိုက်လျှင်လည်း ကိစ္စတော့မရှိပေ။

ကုအန် တောင်ကြားနှင့် မိုင်‌သုံးရာလောက်ဝေးသောနေရာထိ ကွေ့ပတ်သွားနေရင်း တောအုပ်တစ်ခုထဲအရောက်တွင် ရပ်တန့်လိုက်လေသည်။ သူ ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူများ၏ အရှိန်အဝါများကို အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။ ထိုထဲမှ တစ်ယောက်ကိုလည်း သူသိပေသည်။

ကျိုးယိကျင်း!

ဆန်းကြယ်တောင်ကြားနားတွင် ညဏ်အလင်းလာပွင့်၍ ကုအန် သစ်ရွက်ပျံတစ်ခုကိုသုံး၍ ဆုံးမလိုက်ရသော ခန်းဟူရေကန်ရဲ့ ဓားရူး !

ထိုစဉ်ကတည်းက ကုအန်သူ့ကို ကျိမိသားစု ဂုဏ်ပြုပွဲတွင် တစ်ခါသာ ထပ်တွေ့တော့၏။

ကုအန် သူ့အရှိန်အဝါကို စိတ်ဝိညဉ်အခြေတည်အဆင့်များ သတိထားမိမသွားအောင် ဖိနှိပ်ထားလိုက်သည်။

မိုင်အနည်းငယ်အဝေး သစ်တောပေါ်ရှိလေထဲတွင် ကျိုးယိကျင်း အနား၌ ဓားငါးလက်ဝိုင်းပတ်၍ ရှ်ိနေပြီး သူ၏ ဓားကျင့်ကြံသူတစ်ယောက်၏ သွင်ပြင်မှာ ထင်ရှားနေခဲ့၏။

သူ့ရှေ့တွင်မူ အနက်ရောင်၀တ်ရုံကို၀တ်ဆင်ထားပြီး ထူထဲသော မျက်ခုံးများ စူးရှသောမျက်ခုံးများနှင့် လေးထောင့်ကျကျမျက်နှာရှိ‌ေသာ လူတစ်ယောက် ရှိနေခဲ့သည်။ သူ့အနက်ရောင်၀တ်ရုံသည် လေထဲတွင် တဖျတ်ဖျတ်လှုပ်ခါနေရင်း သူ၏အရှိန်အဝါကြောင့် သူ့အောက်ရှိ သစ်ပင်များပင် ဘေးသို့ ရှဲသွားကြ၏။

“ကျိုးယိကျင်းမင်းက အတွင်းစည်းဂိုဏ်းထဲမှာပဲ သွားနေသင့်တာမလား ဘာလို့ငါ့ကိုလာဟန့်တားနေတာလဲ” အနက်ရောင်၀တ်ရုံနှင့်လူ အေးစက်စက်မေးလိုက်သည်။

ကျိုးယိကျင်းအမူအရာကင်းမဲ့စွာ ပြန်ပြောလိုက်၏။

“ချန်းရွှမ်ကျင်း မင်းကအပြင်စည်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး မိစ္ဆာသိုင်းကိုကျင့်ခဲ့တယ် မင်းရဲ့တပည့်တွေကိုလည်း ထိခိုက်စေခဲ့တယ် ငါကမင်းကို ဟန့်တားချင်တာမဟုတ်ဘူး မင်းရဲ့တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေကို ကောင်းကင်ကသတိပြုမိသွားပြီး ငါ့ကိုဟန့်တားခိုင်းလိုက်တာပဲ”

ထိုစကားကိုကြားသောအခါ ချန်းရွှမ်ကျင်း အားရပါးရ ရယ်မောလိုက်လေသည်။

“ငါဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာ မင်းတကယ်ကြီးမသိဘူးလား” ချန်းရွှမ်ကျင်း အေးစက်စက်ပြောလိုက်ရင်း သူ့တောင်ဝှေးကို မြေပြင်ပေါ် ပစ်ချလိုက်၏။ ထိုအခါ သူ့တောင်ဝှေး‌ေအာက်‌ေခြမှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး အချင်းမီတာ၁၀၀ကျော်သော ၀င်္ကပါတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါပေါ့ ငါသိတာပေါ့ ငါသူ့ကိုဘာမှမလုပ်နိုင်ပေမယ့် မင်းကိုတော့ကိုင်တွယ်နိုင်တယ်လေ မင်းကိုသတ်လိုက်ရင်တောင် အပြင်စည်းဂိုဏ်းရဲ့အကြီးအကဲကြီးက အမှားတွေကိုဆက်ကျူးလွန်နေဦးမယ်ဆိုပေမယ့် အပြင်စည်းဂိုဏ်း‌တပည့်တွေကိုတော့မင်းတို့လက်ကနေ ခဏလောက် ကာကွယ်လိုက်နိုင်တာပေါ့”

ကျိုးယိကျင်း အမူအရာမဲ့စွာပြောလိုက်ရင်း သူ့ပတ်ပတ်လည်မှ ဓားငါးချောင်းသည် အဆက်မပြတ်လည်ပတ်လာပြီး ညဉ့်ကောင်းကင်အောက်တွင် အလင်းရောင်များ တောက်ပလာခဲ့သည်။

“မင်းကငါ့ကိုသတ်နိုင်မယ်လို့ ထင်တယ်ပေါ့”

ချန်းရွှမ်ကျင်း အကြီးဆုံးဟာသကြီးတစ်ခုကို ကြားလိုက်ရသလို တုန့်ပြန်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော လေများတိုက်ခတ်လာကာ ဆယ်မိုင်အတွင်းရှိ သစ်တောတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့၏။

ကျိုးယိကျင်း အမူအရာအနည်းငယ်ပြောင်းလဲသွားကာ သူ့သူငယ်အိမ်များ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။

“မင်းလို စိတ်ဝိညဉ်အခြေတည်အဆင့် ၁ တစ်ယောက်က ငါ့လို စိတ်ဝိညဉ်အခြေတည်အဆင့် ၉ တစ်ယောက်ကို သတ်နိုင်မယ်လို့ ထင်တယ်လား ကျိုးယိကျင်းမင်းမှာ မင်းဆရာနောက်ခံရှိတာနဲ့ ငါကမင်းကိုမသတ်ရဲဘူးလို့ ထင်နေတာလား”

“အပြင်စည်းဂိုဏ်းသားနည်းနည်းကိုကယ်ဖို့အတွက်တဲ့ ထိုက်ကန်မင်းဆက်တစ်ခုလုံးကိုကယ်တင်ဖို့ကိစ္စကို ဟန့်တားချင်နေတာလား တွေးကြည့်စမ်းပါ ဘယ်ဟာကပိုအရေးကြီးလဲဆိုတာကို အဲ့တာမှမင်းနားမလည်သေးရင်တော့ မင်းကစိတ်ကြီး၀င်နေတဲ့ အလကားကောင်ပဲ”

ချန်းရွှမ်ကျင်းပြောလိုက်ရင်း အရှိန်အဝါကိုသုံး၍ ကျိုးယိကျင်းကို ဖိနှိပ်လိုက်ရာ သူ့ဓားများပင် တုန်ခါသွားခဲ့ရသည်။

“ငါမင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ် အခုနောက်ပြန်လှည့်လိုက် နောက်မကျသေးဘူး မဟုတ်ရင်လည်း မင်းရဲ့နတ်ဘုရားတို့၏ရာထူးများစာအုပ်‌ပဲသွားဖတ်နေလိုက် မဟုတ်ရင်တော့ သေရမယ်” ချန်းရွှမ်ကျင်းတောင်ဝှေးမှ မိစ္ဆာချီများ ထွက်ပေါ်လာကာ မိစ္ဆာချီများသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကိုယ်ပေါ်တွင် ရစ်ခွေနေခဲ့၏။

ကျိုးယိကျင်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။ “မင်းက နတ်ဘုရားတို့၏ရာထူးများစာအုပ်အကြောင်းပြောတယ်ဆိုတော့ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကိုရော သိလား”

အမတသတ်ဖြတ်ခြင်းဓားအစီအရင်!

ချန်းရွှမ်ကျင်းအမူအရာပြောင်းလဲသွားပြီး ကျိုးယိကျင်းအား အံ့ဩသင့်သွားသည့်ပုံဖြင့် ကြည့်လိုက်၏။

အဝေးမှ ကြည့်နေသော ကုအန်လည်း အံ့ဩမိသွားသည်။

“အသက်တစ်ရှိုက်က သန့်စင်သောအရာသုံးခုဖြစ်လာတယ် အံ့ဩစရာကျင့်စဉ်က စုမဲရုတောင်ကို ဖောက်တယ်…”

ကျိုးယိကျင်း တီးတိုးရေရွတ်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ဓားများသည် ကြမ်းကြမ်းတမ်းတမ်းတုန်ခါလာကြကာ ဓား၀င်္ကပါတစ်ခု ဖြစ်ပေါ်သွားခဲ့၏။ ထိုဓား၀င်္ကပါဆီမှ ဓားချီများသည် ကောင်းကင်ထိပင် ထိုးတက်သွားမတတ်ပင် ထွက်ပေါ်လာခဲ့သည်။

ကုအန်သစ်ပင်အောက်တွင်ရပ်နေရင်း ကြောင်အသွားခဲ့သည်။

စာအုပ်ဖတ်ရုံနဲ့ စာအုပ်ထဲကမှော်သိုင်းတွေကို တကယ်ထုတ်သုံးလို့ရတာလား!

သူက ညဏ်ကြီးရှင်တစ်ယောက်များလား!

ချန်းရွှမ်ကျင်းလည်း ကြောက်လန့်သွားကာ ချက်ချင်းမှော်သိုင်းကွက်တစ်ခုထုတ်၍ တိုက်ခိုက်လိုက်သည်။

ဤသို့ဖြင့် တိုက်ပွဲကြီးတစ်ခု ရုတ်ချည်းပေါ်ပေါက်လာလေတော့သည်။

တိုက်ပွဲကြောင့် ကောင်းကင်နှင့်မြေကြီးပင်လှုပ်ခါနေကာ တောအုပ်ထဲရှိ အပင်များလည်း ပြိုလဲပျက်ဆီးကုန်၏။

ကုအန်မှာတော့ သစ်ပင်အောက်တွင်ရပ်နေရင်း ကျိုးယိကျင်း၏ ပုံရိပ်ကို သေချာကြည့်နေခဲ့သည်။

အသက်ရှူကြိမ်ဆယ်ကြိမ်စာကြာသောအခါ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ချေပြီ။

ထိုအခါမှ ကုအန်သက်ပြင်းချလိုက်နိုင်ခဲ့သည်။

လန့်သွားတာပဲကွာ!

ကုအန်ထင်ခဲ့သည်မှာ ကျိုးယိကျင်းသည် နတ်ဘုရားတို့၏ရာထူးများစာအုပ်ထဲမှ အမတသတ်ဖြတ်ခြင်းဓားအစီအရင်ကို သင်ကြားနိုင်ခဲ့သည်ဟု ထင်ခဲ့ခြင်းဖြစ်၏။

ထိုသို့သာဆိုလျှင် သူ့စာအုပ်ရှိအကြောင်းအရာများသည် အပြင်တွင်တကယ်ရှိသော အရာများဟု ဆိုလိုနေသည်မဟုတ်ပါလား။ သို့သော် သူထင်ထားသလိုမဟုတ်ခဲ့ပေ။

ကျိုးယိကျင်း အသုံးပြုခဲ့သောဓားသိုင်းသည် သူ့ဖာသူထွင်ထားသော ဓားသိုင်းဖြစ်ပြီး စိတ်ဝိညဉ်အခြေတည်အဆင့်၉ ကျင့်ကြံသူနှင့် ယှဉ်နိုင်လောက်အောင်ထိ အားကောင်းပေသည်။ သို့သော် ထိုအရာသည် ကြာကြာတော့မခံလိုက်ပေ။

ကောင်းကင်သည် ရှင်းလင်းသွားကာ တောင်တန်းများနှင့် တောအုပ်များသည် စွန့်‌ပစ်မြေများ ဖြစ်ကုန်ကြပြီး လေထဲတွင်တော့ ဖုန်မှုန့်များနှင့် ပြည့်နှက်နေခဲ့၏။

ချန်းရွှမ်ကျင်း လေထဲတွင်ရပ်နေကော အသက်ပြင်းပြင်းရှူနေရပြီး သူ့မျက်နှာမှာတော့ အကြောက်တရားများနှင့် ပြည့်နှက်နေခဲ့လေသည်။ သူအကြည့်များမှာတော့ သူ့အောက်ရှ်ိ ဖုန်လုံးကြီးအား ငုံ့ကြည့်နေခဲ့၏။

ကျိုးယိကျင်းမသေသေးသည်ကို သူအာရုံခံမိလိုက်ရာ သူ့မျက်ခုံးများ စိတ်၀င်စားမှုကြောင့် တွန့်ကွေးသွားခဲ့သည်။

သူကျိုးယိကျင်းကို သတ်ချင်သော်လည်း သူ့အား သတ်လိုက်ပါက သူ့ဆီပြဿနာများ ရောက်လာနိုင်ပေသေး၏။

သူသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ပါသော်လည်း အဓိပတိဂိုဏ်းထဲတွင်တေ့ာ့ နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပေသည်။

ထိုစဉ် လေထဲမှအသံတစ်သံထွက်ပေါ်လာရာ ချန်းရွှမ်ကျင်း အံ့ဩသွားခဲ့၏။ သူထိုအရာကို မြင်လိုက်သောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့လေသည်။

အေးစက်စက်အလင်းတန်းတစ်ခုသည် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီး ဖုန်လုံးကြီးနှင့် သစ်ရွက်ပေါင်းများစွာကို ဖြတ်၍‌လာနေခြင်းဖြစ်ကာ သူ့ပုံစံသည် ခေတ်ပေါင်းများစွာကို ဖြတ်ကျော်လာရသော ဓားတစ်လက်ကဲ့သို့ပင်။

မြေပေါ်တွင်လဲနေရင်း ကျိုးယိကျင်းတစ်ခုခုကို အာရုံခံမိသွားခဲ့ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ့အပေါ်ရှ်ိ ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီး ညဉ့်ကောင်းကင်သည် ထွက်ပေါ်လာခဲ့ကာ ထိုကောင်းကင်အောက်၌ တောက်ပနေသော အလင်းတန်းတစ်ခုကို တွေ့လိုက်ရ၏။

“အဲ့တာသူပဲ…”

ချန်းရွှမ်ကျင်း ရင်ဘတ်ကိုဖောက်ထွက်သွားသော ဓားချီတစ်စ၀န်းရံနေသည့် သစ်ရွက်တစ်ရွက်ကို မြင်လိုက်ရသောကြောင့် ကျိုးယိကျင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ထိုအခိုက်တွင် သူတစ်ခုခုအား နားလည်သွားခဲ့၏။

အရင်က သစ်ရွက်ပျံဓားအင်မော်တယ်သည် သူ့ကိုအမှန်တကယ်အန္တရာယ်ပေးလိုခြင်းမဟုတ်ဘဲ သင်ပြပေးလိုခြင်းပဲဆိုသော အချက်ကို သူနားလည်သွားခဲ့သည်။ မဟုတ်ပါက သူမည်သို့အသက်ရှင်ခဲ့မည်နည်း။

ယခုအခါ သစ်ရွက်ပျံဓားအင်မော်တယ်သည် သူ့ကိုကယ်တင်‌ခဲ့လေရာ ကျိုးယိကျင်း အံ့လည်းအံ့ဩ ရှက်လည်းရှက်သွားခဲ့ရ၏။

အဲ့ဒီစီနီယာက ဘယ်သူများလဲ!

All Chapters