အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အပိုင်း(၆၉)
ဆရာသခင်ဓားအရှင်၊ တစ်ကမ္ဘာလုံးတွင် ကျော်ကြားသော
“မင်းက ငါ့ကိုယ်ငါပြန်ရှာဖို့ ပြောနေတာလား!”
ကုအန် အမှန်တကယ်ပင် ရယ်ချင်သွားသော်လည်း မရယ်မိအောင် ထိန်းထားလိုက်ရသည်။
ကျိဟန်ထျန်းသည် သူ့အား ကိုယ့်အကြောင်းကိုယ်ရေးခိုင်းခဲ့ပြီး ကျန်းချောင်မှာလည်း သူ့ကို ကိုယ့်ကိုကိုယ်ပြန်ရှာခိုင်းနေပြန်သည်။
ထိုအရာသည် မည်သို့အခြေအနေကြီး ဖြစ်သနည်း။
ကုအန် တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။
“ကျွန်တော်ကသာမန်အားဖြင့် ဆေးတောင်ကြားထဲမှာပဲ နေတာများပါတယ် အဲ့တာကြောင့် ကျွန်တော်ကြောက်မိတာက ကျွန်တော်ဖန်းအန်သတင်းအကြောင်း ဘာမှသတိမထားမိလိုက်မှာကိုပါ”
ကျန်းချောင်လက်ကာပြကာ ပြောလိုက်သည်။ “အဲ့တာက ပြောဖို့တော့ခက်တယ် ဖန်းအန်က စာရေးရတာနှစ်သက်တော့ လူတွေနဲ့ဆက်ဆံရတာကိုလည်း ကြိုက်လိမ့်မယ် သူ့ရဲ့ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်မှာ အဆင့်နိမ့်တပည့်တွေရဲ့ ခံစားချက်ကို အသားပေးရေးသားသွားတယ် ဆိုတော့ သူကအဆင့်နိမ့်တပည့်တွေ အစေခံတပည့်တွေနဲ့လည်း ရံဖန်ရံခါ ဆက်သွယ်မှာပဲ ပိုပြီးသာ သတိထားကြည့်လိုက်ပါ နင်ဖန်းအန်အကြောင်းဘာပဲသိလာသိလာ ငါ့ကိုသတင်းပို့”
ထိုစကားကိုကြားသောအခါ ကုအန် ခေါင်းညိတ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
ထို့နောက် ကျန်းချောင်အခြားကိစ္စများအကြောင်းပြောပြီးနောက်တွင်တော့ ဟူမိုသည် သူ့အားအဆင့်မြင့်ဆေးပင်မျိုးစေ့များပေးလိုက်ပြီး ပြန်ခိုင်းခဲ့လိုက်သည်။
ကျန်းချောင်စံအိမ်မှထွက်လာပြီးသည့်နောက် ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ဆီသို့ ထွက်လာခဲ့၏။
ပြောကြသည်မှာ ကောင်းကင်ပြုပြင်စင်မြင့်သည် ယခုအခါ အပြင်စည်းမြို့တွင် အထင်ရှားဆုံးနေရာဖြစ်နေပြီး အခြားမြို့မှ အပြင်စည်းဂိုဏ်းသားများ နှင့် အတွင်းစည်းဂိုဏ်းသားများပင် လာကြည့်ကြသည်ဟု ဆိုကြသည်။
လွန်ခဲ့သော တစ်လက တိုက်ပွဲကြီးသည် အမတကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး ထျန်းယတောင်ကြားမှ တစ်ခါတလေသာအပြင်ထွက်သော လျူဟွမ်ပင် ထိုအကြောင်းကို သိနေခဲ့သည်။
ကောင်းကင်ပြုပြင်စင်မြင့်သို့ရောက်သောအခါ စင်မြင့်ပေါ်တွင် လူပေါင်း အနည်းဆုံး ၁၀၀၀၀လောက်ရှိနေသည်ကို ကုအန် တွေ့လိုက်ရ၏။
လမ်းမှန်ဂိုဏ်း ဟူသောစာလုံး၏ရှေ့တွင် ကျင့်ကြံသူများသည် တရားထိုင်နေခဲ့ကြသည်။
ထိုထဲတွင် ကုအန်အရင်ဆုံး ရင်းနှီးနေသော မျက်နှာနှစ်ခုကို သတိထားမိသွားခဲ့သည်။
ကျိုးယိကျင်းနှင့်ကျိုးလင်!
ထိုသားအဖနှစ်ယောက်သည် ကုအန်၏ ဓားဆန္ဒကို စိတ်ဝင်တစားလေ့လာနေခဲ့ကြ၏။
ကုအန် ဓားဖြင့်ရေးထွင်းခဲ့သော စာလုံးထဲတွင် သူ့ဓားဆန္ဒများကျန်ရစ်ခဲ့ပြီး ထိုဓားဆန္ဒသည် အဓိပတိဂိုဏ်းမှ ဓားတာအိုကိုလိုက်စားသော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လူအုပ်ထဲတွင် ကုအန်နောက်တစ်ယောက်ကိုလည်း ထပ်တွေ့လိုက်ရသေး၏။ ထိုလူမှာ သူတပည့် စုဟန်ပင်။
စုဟန်မှာလည်း ဓားသမားတစ်ယောက် ဖြစ်၏။ သူသည်သူ၏ အာဃာတဓားသိုင်း စဦးအဆင့်အနှစ်သာရကို ဖမ်းမိသွားခဲ့ပြီး သူ၏ဓားတာအိုသည် အလျင်အမြန်တိုးတက်လာခဲ့ကာ သူ၏အသွင်အပြင်သည်ပင် ပြောင်းလဲသွားခဲ့သည်။
ကုအန်သူတို့ကို အဝေးမှသာကြည့်နေလိုက်ပြီး မနှောင့်ယှက်တော့ဘဲ သူ့အနားမှတပည့်များ ဆေးနွေးနေသည်ကိုသာ နားထောင်နေလိုက်၏။
“ဆရာသခင်ဓားအရှင်ချန်ထားခဲ့တဲ့ ဓားဆန္ဒတွေကတကယ်ပဲ ဆန်းကြယ်လွန်းတယ် သူ့ရဲ့ဓားတာအိုအောင်မြင်မှုတွေက တွေးကြည့်ဖို့တောက် ခက်တယ်”
“ပြောကြတာတော့ ဆရာသခင်ဓားအရှင်ရဲ့ ခွန်အားက ဒုဂိုဏ်းချုပ်နဲ့တောင်ယှဉ်နိုင်ပြီး ဂိုဏ်းချုပ်နဲ့ထိပ်တိုက်ရင်ဆိုင်ရရင်တောင် မရှုံးနိုင်ဘူးတဲ့”
“ဆရာသခင်ဓားအရှင်က ဂိုဏ်းချုပ်များ ဖြစ်နေနိုင်လား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဂိုဏ်းချုပ်က ချူရှင်းရဲ့လုပ်ရပ်တွေကို မသိခဲ့ပါဘူးလို့ ကြေငြာလိုက်ပြီးပြီ အခုလည်း ချူရှင်းနဲ့ပတ်သက်တဲ့လူမှန်သမျှကို စုံစမ်းနေတယ်တဲ့ အဓိပတိဂိုဏ်းရဲ့ လမ်းစဉ်ကိုဖောက်ဖျက်တဲ့ လူမှန်သမျှက ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မယ်”
“ဒီ လမ်းမှန်ဂိုဏ်း ဆိုတဲ့စာလုံးကို ကြည့်လိုက်ရတာက တကယ်ပဲငါ့စိတ်ထဲကို စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်သွားစေတယ် ငါကြားတာတော့ ဖန်းအန်ကလည်း ဆရာသခင်ဓားအရှင်အကြောင်း စာအုပ်တစ်အုပ်ရေးမယ်တဲ့ ဘာစာအုပ်မျိုးဖြစ်လာမလဲဆိုတာ စိတ်၀င်စားနေပြီ”
ဆရာသခင်ဓားအရှင်!
ထိုဘွဲ့နာမည်သည် ကုအန်အား ဂိုဏ်းချုပ် ချူထျန်းချီမှပေးခဲ့သော နာမည်ဖြစ်ပေသည်။ ချူရှင်းအား ဝင်ရောက်ရှင်းလင်းပေးခဲ့သော ဆန်းကြယ်သည့်ဓားသမားကို ကြည်ညိုေလးစားေသာေကြာင့် ဆရာသခင် ဓားအရှင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်၏။
ဆရာသခင်ဓားအရှင်သည် လမ်းမှန်ဂိုဏ်းကို ကိုယ်စားပြုနေသော ဘွဲ့နာမည်ဖြစ်ပြီး အကယ်၍ အဓိပတိဂိုဏ်းသာ မတရားမှုများ ထပ်လုပ်ပါက မတရားမှုပြုလုပ်သူသည် ဂိုဏ်းချုပ်ဖြစ်ေနလျှင်ေတာင် ဆရာသခင်ဓားအရှင်ရောက်လာပြီး သုတ်သင်ပစ်ကာ ဂိုဏ်းတွင်းရှိ မိစ္ဆာများကို ရှင်းလင်းပစ်လိမ့်မည်ဟု ဆိုကြသည်။
ထိုစကားသည် နားထောင်ရသော်လည်း ကုအန်မှာတော့ သူအသုံးချခံလိုက်ရမှန်း သိနေခဲ့၏။
ချူထျန်းချီ၏ ကုအန်၏ ဘွဲ့ထူးကိုသတ်မှတ်ပေးလိုက်သည့် ကြေငြာချက်ထွက်လာပြီးကတည်းက ဂိုဏ်းထဲတွင် ဂိုဏ်းချုပ်အပေါ် ဝေဖန်နေမှုများ သိသိသာသာ လျော့ကျသွားခဲ့ပြီး ဂိုဏ်းချုပ်သည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်လိုက်သည်ဟူ၍ပင် ပြောဆိုနေခဲ့ကြသည်။
တစ်ချို့ကတော့ ဂိုဏ်းချုပ်ကို မေးခွန်းထုတ်နေဆဲဖြစ်သည်ကိုလည်း ကုအန် ကြားခဲ့ရ၏။
ပို၍တိတိကျကျပြောရလျှင် ချူမိသားစုကို မေးခွန်းထုတ်နေခြင်း ဖြစ်ပေသည်။
ချူထျန်းချီနှင့်ချူရှင်း! သူတို့နှစ်ယောက်ကြား ဆက်စပ်မှုကို သိရှိရန် မခက်လှပေ။
သို့သော်လည်း ထိုကိစ္စများသည် ကုအန်နှင့်တော့ ဘာမှဆိုင်မနေပေ။
ကောင်းကင်ပြုပြင်စင်မြင့်တွင် ခဏနေပြီးသည့်နောက် ကုအန် အတွင်းစည်းဂိုဏ်းထဲသို့ သွားရန်ပြန်လိုက်သည်။
သူအတွင်းစည်းဂိုဏ်းတွင် ဆေးမျိုးစေ့များ၀ယ်ရန် သွားဖို့ လိုအပ်နေ၏။ ကုကျုံးသည် သူ့အား ဂိုဏ်းကိုယ်စားပြု ဆေးမျိုးစေ့များ အများကြီးပေးခဲ့သော်လည်း ထိုမျိုးစေ့များသည် မိုင်၁၀၀ပတ်လည် တစ်ခုလုံးကို ဆေးပင်များ အပြည့်ဖုံးသွားဖို့တော့ မလုံလောက်သေးပေ။
မိုင်တစ်ရာပတ်လည်လုံးတွင် သူ့ဆေးပင်များနှင့်ပြည့်နှက်နေမည့်အဖြစ်ကို စဉ်းစားရင်းပင် ကုအန် စိတ်လှုပ်ရှားလာခဲ့မိသည်။
လွန်ခဲ့သော တစ်လက သူ၏ရဲရင့်သောအပြုအမူသည် သူ့အနားရှိလူများကို ကယ်တင်နိုင်ခဲ့ရုံသာမက သူ့ကိုလည်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေနိုင်ခဲ့လေသည်။
…..
ညနေဘက်အချိန်တွင် ကုအန် တတိယဆေးတောင်ကြားသို့ ပြန်ရောက်လာခဲ့၏။ တတိယဆေးတောင်ကြားသည် ယခုအခါတွင် တပည့် ၇ယောက် ထပ်ရောက်ထားသောကြောင့် အရင်ထက် ပို၍ အသက်၀င်စည်ကားနေခဲ့သည်။ တပည့်များသည် အရပ်မျက်နှာအကုန်လုံးတွင် ပေါင်းရှင်းနေခဲ့ကြပြီး တောထဲမှ စိတ်ဝိညဉ် ခွေးများ ဟောင်သံကိုလည်း ကြားနေခဲ့ရ၏။
ကုအန်ပြန်ရောက်ရောက်ခြင်းပင် ရှန်းကျန်၏ အရှိန်အဝါကို ခံစားလိုက်ရလေသည်။ ထိုကောင်မလေးသည် သူ့အိမ်ထဲ ရောက်နေပြန်ပြီလော။
အိမ်ပေါ်သို့ရောက်သောအခါ ကုအန် စာအုပ်စင်ရှေ့တွင်ရပ်ကာ စာအုပ်တစ်အုပ်ဖတ်နေသော ရှန်းကျန်ကို တွေ့လိုက်ရ၏။ ခြေသံကြားသောအခါ ရှန်းကျန် စာအုပ်ကိုချလိုက်ပြီး ကုအန်ဘက် လှည့်လာခဲ့လေသည်။
ကုအန်သူ့နောက်ရှိ တံခါးကိုပြန်ပိတ်ကာ မေးလိုက်၏။
“မိန်းကလေးရှန်း ဘာကိစ္စရှိလို့ပါလဲ”
“နင် ဆရာသခင်ဓားအရှင်အကြောင်း စာအုပ်တစ်အုပ်ရေးမယ်လို့ ကြားထားတယ်”
“သူလည်းပါမှာပါ ဒါပေမယ့်သူ့အကြောင်းသက်သက်မဟုတ်ဘူ အဓိကက ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အကြောင်းပါ”
“ဒါဆို နင်သတိထားသင့်တယ် ဆရာသခင်ဓားအရှင်ရဲ့ ဂုဏ်သတင်းက ထိုက်ကန်မင်းဆက်ကိုတောင် ကျော်လွန်ပြီးပျံ့နှံ့သွားပြီ ငါမနေ့ကပဲ စာတစ်စောင်ရခဲ့တယ် မဟာယုမင်းဆက်က ဓားကျင့်ကြံသူတွေကလည်း သူ့ကိုစိန်ခေါ်ဖို့ ပြင်ဆင်နေကြတယ်တဲ့
နင်ဆရာသခင်ဓားအရှင်အကြောင်းရေးမယ်ဆိုရင် လူတိုင်းက နင်ကသူနဲ့အဆက်အသွယ်ရှိနေတယ်လို့ ထင်သွားကြမှာပဲ သူတို့အတွက် ဆရာသခင်ဓားအရှင်ကို ရှာရတာထက် နင့်ကိုရှာရတာက ပိုလွယ်တယ်လေ” ရှန်းကျန် အနည်းငယ်ရယ်မော၍ ပြောလိုက်သည်။
ကုအန် အကူအညီမဲ့စွာ တုန့်ပြန်လိုက်၏။ “ကျွန်တော်က ဘယ်လိုလုပ် ဆရာသခင်ဓားအရှင်နဲ့တွေ့ဖူးမှာလဲ သူ့အကြောင်းရေးဖို့ဆိုတာကလည်း အပြင်စည်းဂိုဏ်းမှာ အချက်အလက်တွေသွားစုလိုက်ရုံပဲလေ”
“စိတ်မပူပါနဲ့ ငါနင့်သရုပ်မှန်ကို ဘယ်သူ့ကိုမှပြောပြမထားဘူး ငါ့အဖေက သိချင်တာတောင် ငါပြောမပြခဲ့ဘူး”့ရှန်းကျန် သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
“ငါကဘယ်သူ့မှမပြောဘူးဆိုပေမယ့် နင်သတိထားသင့်တုန်းပဲ ဆရာသခင်ဓားအရှင်ရဲ့ ခွန်အားက ဂိုဏ်းတိုင်းကို မလွယ်ကူဘူးလို့ ခံစားသွားရစေတယ် အခုဆိုဂိုဏ်းတိုင်းက သူ့အကြောင်းစုံစမ်းဖို့ ကြိုးစားနေကြပြီ နောက်ပြီးဒါက ငါရေးထားတဲ့စာအုပ်ပဲ စာအုပ်ခန်းမကနေ တစ်လအတွင်း တစ်ကမ္ဘာလုံးကို ဖြန့်ချီမယ် မဖြန့်ခင် နင်အရင်တစ်ချက်ဖတ်ကြည့်” ရှန်းကျန် ထွက်မသွားခင် ပြောသွားခဲ့လိုက်၏။
သူတို့နှစ်ယောက် အချင်းချင်းပို၍ ခင်မင်ရင်းနှီးလာသောကြောင့် ကုအန် သူမကို အပြင်လူလို့ မမြင်တော့ပေ။ ကုအန် သူမပေးထားခဲ့သော စာအုပ်ကိုယူကာ တစ်ချက်ဖတ်ကြည့်လိုက်လေသည်။
အဓိပတိလျှို့ဝှက်မှတ်တမ်းများ!
ဟမ်!
ကြည့်အရာ အရမ်းအတည်ပေါက်ကြီးဖြစ်နေပါလား။
ကုအန် ချက်ချင်းပင်စာရွက်များကို လှန်၍ ဖတ်ကြည့်လိုက်ပြီး ဖတ်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးလာခဲ့၏။
ဘုရား ဘုရား!
ကုအန်အရင်က ထင်ခဲ့သည်မှာ ရှန်းကျန်၏အရေးအသားသည် အစိမ်းရောင်သူရဲကောင်းလောက် မကောင်းဘူးလို့ ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။ အထူးသဖြင့် ယောင်္ကျားမိန်းမကိစ္စများတွင် ဖြစ်၏။ သို့သော် သူမသည် ယခုလို အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ထက်ပင် ထိုကိစ္စများကို အသေးစိပ်ကျအောင်ရေးသားနိုင်မည်ဟု ကုအန် လုံး၀ထင်မထားခဲ့ပေ။
သူ့ရှေ့တွင် မရေးတတ်ချင်ယောင်ဆောင်နေပြီး နောက်ကွယ်ကျမှ ဖိ၍ရေးနေခြင်း ဖြစ်နိုင်ပါသလော။
ဒီစာအုပ်က ထုတ်ရော ထုတ်သင့်ရဲ့လား!
ကုအန်အတော်လေးစိတ်မကျေမနပ်ဖြစ်နေသော်လည်း ထိုစာအုပ်သည် အတော်လေးဖတ်ကောင်းတာကိုတော့ တွေ့ခဲ့ရသည်။
သူစာအုပ်အား တစ်ညလုံးပင် ဖတ်ပစ်လိုက်၏။
အာရံုတက်ချိန်တွင်ကုအန် တပည့်များအားစု၍ အကြောလျှော့လေ့ကျင့်ခန်း လုပ်ခဲ့သည်။ တတိယတောင်ကြားတွင် လူများလာပြီဖြစ်သောကြောင့် ရိုးရားပျက်လို့ မဖြစ်ဘူးလို့ သူခံစားလိုက်ရပြီး အကြီးအကဲထျန်းကိုပင် အတူတူလုပ်ခိုင်းခဲ့၏။
အကြောလျှော့လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် ကုအန်တပည့်များကို တာ၀န်များ ခွဲပေးခဲ့ကာ သုံးယောက်ကို မျိုးစေ့ကြဲခိုင်းလိုက်ပြီး ကျန်သူများကို မြေသာထပ်ရှင်းခိုင်းခဲ့သည်။
တတိယတောင်ကြားသည် တောအုပ်ကြီးများ ပတ်လည်ဝိုင်းနေသော နေရာဖြစ်၏။ ထို့ကြောင့် ထိုနေရာအား စိုက်ပျိုးမြေအဖြစ်ပြောင်းလိုလျှင် အတော်လေး အားစိုက်ထုတ်ရပေလိမ့်မည်။ မှော်သိုင်းများ မသုံးဘဲရှင်းနေရသော်လည်း ကုအန် ပင်ပန်းသည်ဟု မခံစားရဘဲ တပည့်များကိုပင် ဤအရာကလည်း ကျင့်ကြံခြင်းတစ်မျိုးပဲဟု ဆုံးမခဲ့လေသည်။
တပည့်များကိုယ်တိုင်ကလည်း ပင်ပန်းသည်ဟု မခံစားရဘဲ အတော်လေးတက်ကြွနေခဲ့ကြ၏။ ကုအန်သည် သူတို့အပေါ် အတော်လေး ကောင်းသောကြောင့် တတိယတောင်ကြားကြီးလာလေလေ သူတို့အတွက် အကျိုးပိုရှိလေလေပင်။ တောင်ကြားမှ ဆေးပင်ပိုထွက်လာပါက သူတို့အတွက်လည်း ဆေးဝါးများပို၍ ရရှိလာပေလိမ့်မည်။
ကုအန်ဘ၀သည် အတော်လေး ငြိမ်းချမ်းလာခဲ့သည်။
ကုအန် သူ့အချိန်အတော်များများကို တတိယဆေးတောင်ကြားတွင် မြေရှင်းခြင်း မျိုးစေ့ကြဲခြင်းများတွင်သာ ကုန်ဆုံးစေခဲ့၏။
ငါးရက်ခန့်ကြာသောအခါ ရှန်းကျန် ကုအန်ကို တစ်ဖန် ပြန်လာရှာခဲ့ပြန်သည်။ သူ့စာအုပ်ကို စာအုပ်ခန်းမက ထုတ်ဝေရန် ငြင်းဆိုလိုက်သောကြောင့် သူအတော်လေး ဒေါသထွက်နေခဲ့၏။
ကုအန် ရယ်ချင်သွားသော်လည်း မရယ်မိအောင် ထိန်းထားခဲ့ရသည်။
ရှန်းကျန်သည် အတော်လေးခေါင်းမာလှ၏။ စာအုပ်ခန်းမကသူ့စာအုပ်ကို ထုတ်မပေးချင်လေလေ သူကပို၍ထုတ်ချင်လာလေလေပင်။ သူ့စာအုပ်ကို ကိုယ်တိုင်ပုံနှိပ်၍ အတွင်းစည်းဂိုဏ်းထဲတွင် တိတ်တိတ်လေး ခိုးဖြန့်မည်ဟူ၍ပင် သူမဆုံးဖြတ်ပစ်လိုက်၏။
ကုအန်သူမအား စာအုပ်ထဲရှိ အချို့အပိုင်းများကို ဖြတ်ပြီး တည်းဖြတ်လိုက်ပါက ထုတ်ဝေခွင့်ရနိုင်သည်ဟု အကြံပေးခဲ့သော်လည်း သူမက နားမထောင်ခဲ့ပေ။
စာအုပ်ခန်းမ၏ အထောက်အပံ့မပါလျှင်တော့ သူ့စာအုပ်သည် မည်မျှပင် ကောင်းနေပါစေ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ရာသီများ ကူးပြောင်းသွားခဲ့ကာ ဆောင်းနှင်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ကမ္ဘာလောကတစ်ခုလုံးသည် နှင်းလွှာများ၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရလေတော့သည်။
မွန်းတည့်ချိန်၌ ကုအန် ထျန်းယတောင်ကြားသို့ ရောက်ရှိလာခဲ့၏။
မျှော်လင့်မထားဘဲ ထျန်းယတောင်ကြားတွင် လူတစ်ယောက်ရှိနေခဲ့ပြီး ထိုလူ၏တည်ရှိမှုမှာလည်း အားနည်းမနေခဲ့ပေ။
လျူဟွမ် ကုအန်ကို အာရုံခံလိုက်မိပြီး သစ်တောထဲမှ ပျံထွက်လာကာ ကုအန်ရှေ့သို့ ငန်းပျံတစ်ကောင်ကဲ့သို့ ကျလာခဲ့သည်။
“မင်းအချိန်ကိုက်ရောက်လာတာပဲ မင်းကိုလူတစ်ယောက်တဲ့ မိတ်ဆက်ပေးပါရစေ အရှင်မင်းကြီးက သူ့ကိုဒီလာဖို့ စီစဉ်ပေးခဲ့တာ သူမကြာခင် အဆင့်ချိုးဖျက်တာမှာ အောင်မြင်ဖို့ ငါတို့တောင်ကြားကနေ သူလိုသမျှဆေးပင်တွေကို ယူခွင့်ပေးရမယ်”
လျူဟွမ်ပြောပြီးသည့်နောက် ကုအန်ကို ခပ်လှမ်းလှမ်းရှိ အိမ်ထဲသို့ ခေါ်သွားလိုက်သည်။
ကုအန် ထျန်းယတောင်ကြားရှိ ဆေးပင်များကို တစ်ခါမှ မမက်ခဲ့ဖူးပေ။ သူထိုဆေးပင်များကို ခူးချင်ရုံသာ ဖြစ်၏။ သူခူးပြီးသွားလျှင်တော့ ထိုအပင်များ၏ ပိုင်ရှင်မှာ လီရွှမ်တောက်ဖြစ်သောကြောင့် လီရွှမ်တောက်ကြိုက်သလို စီမံတာကို နာခံလိုက်ပင်။
ကုအန်တို့နှစ်ယောက်အိမ်ရှေ့သို့ ရောက်သောအခါ အိမ်ထဲမှ အဖြူေရာင်၀တ်လူတစ်ယောက် တံခါးကိုတွန်းဖွင့်၍ ထွက်လာခဲ့သည်။
[ယိလျူယွမ်(နတ်အသွင်ပြောင်းခြင်းအဆင့် ၉): ၄၆၆/၁၂၀၈/၂၈၅၀]
နတ်အသွင်ပြောင်းခြင်းအဆင့် ၉!
ဧကရာဇ်ပိုင်ဆိုင်ထားသော အင်အားသည် သေးတော့မသေးလှပေ။
ယိလျူယွမ်သည် အသက်လေးဆယ်အရွယ် ရည်မွန်ကာ ခန့်ညားသော ပုံရှိသည့် လူတစ်ယောက်ဖြစ်ပေသည်။ သူ၀တ်ဆင်ထားသော အဖြူရောင်အ၀တ်အစားများမှာလည်း သီခြားဆန်ေသာ ဓားသမားတစ်ယောက်၏ အသွင်အပြင်ကို အပြည့်အ၀ဖော်ထုတ်ပေးနေခဲ့၏။
ယိလျူယွမ် ခြံ၀န်းထဲမှထွက်လာပြီးသည့်နောက် ဦးညွတ်၍ နှုတ်ဆက်လိုက်သည်။ “ကျွန်တော်က ယိလျူယွမ်ပါ တောင်ကြားသခင်ကို နှုတ်ဆက်ပါတယ်”
လျူဟွမ်သူ့အား မိတ်ဆက်ပေးလိုက်၏။ “စီနီယာယိက အရှင်မင်းကြီးရဲ့ နံပါတ်၁ ဓားအစေခံလေ သူ့ဓားတာအိုကျွမ်းကျင်မှုက ထိုက်ကန်မင်းဆက်ထဲမှာ ထိပ်တန်းစာရင်း၀င်တယ် ဓားပညာမှာတော့ သူနဲ့ယှဉ်ပြိုင်နိုင်တဲ့သူ လက်တစ်ဆုပ်စာအောင် မရှိဘူး”
ကုအန်လည်း လက်သီးဆုပ်ကာ ယိလျူယွမ်ကို ပြန်နှုတ်ဆက်လိုက်သည်။
ယိလျူဟွမ် ကုအန်အား မေးလိုက်၏။ “တောင်ကြားသခင် မင်းကလည်းအဓိပတိဂိုဏ်းက တပည့်တစ်ယောက်ပဲဆိုတော့ ဆရာသခင်ဓားအရှင်အကြောင်းသိလား သူ့ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ”
ဆရာသခင်ဓားအရှင်၏နာမည်သည် ကမ္ဘာတစ်၀န်းလုံးထိ ပျံ့နှံ့နေပြီဖြစ်ပြီးလူတိုင်းက သူသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ချူရှင်းကို သတ်ဖြတ်သွားသည်ဟူ၍သာ သိထားပြီး သူ့အဆင့်ကို အတိအကျမသိကြပေ။ ဒုဂိုဏ်းချုပ် ကျိဟန်ထျန်းနှင့် တိုက်ပွဲကိုလည်း ဘယ်သူမှမသိခဲ့ကြဘဲ ကျိဟန်ထျန်းကလည်း ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ပေ။
“ကျွန်တော်က အပြင်စည်းဂိုဏ်းသားလေးတစ်ယောက်ပါ အဲ့တာကြောင့် အများကြီးမသိပါဘူး ဒါပေမယ့် သူချန်ထားခဲ့တဲ့ ဓားဆန္ဒတွေတော့ ကောင်းကင်ပြုပြင်စင်မြင့်မှာ ကျန်နေပါသေးတယ် စီနီယာအဲ့ဒီမှာ တစ်ချက်သွားကြည့်နိုင်ပါတယ်”
ဓားပညာရှင်တိုင်းသည် ဆရာသခင်ဓားအရှင်အကြောင်း ကြားပြီးကတည်းက သူ့ကိုစိန်ခေါ်ချင်နေကြခြင်း ဖြစ်ပေသည်။
ကုအန်သူ့အား ကောင်းကင်ပြုပြင်စင်မြင့်ဆီသွား၍ ဓားဆန္ဒကို ကြည့်ကာ သူနှင့်ဆရာသခင်ဓားအရှင်ကြား ကွာဟချက်ကို သိရှိသွားစေချင်ခဲ့၏။
သူမျှော်လင်ထားသလိုပင် ထိုအကြောင်းကိုကြားသည်နှင့် ယိလျူယွမ် တောင်ကြားမှ ချက်ချင်း ပျံတက်ကာ ထွက်ခွာသွားလေတော့သည်။
ကုအန် လျူဟွမ်ဘက်လှည့်ကာ မေးလိုက်၏။ “သူအဓိပတိဂိုဏ်းကို ဒီတိုင်း၀င်သွားလို့ရလို့လား”
လျူဟွမ် ခေါင်းညိတ်ပြလိုက်သည်။ “သူ့မှာ ဧကရာဇ်ဓားအစေခံအမိန့်တော် ရှိတယ် အဲ့တာနဲ့ဆို ဂိုဏ်းတိုင်းကိုတံခါးမရှိဓားမရှိ၀င်ထွက်လို့ရတယ်”
ထိုစကားကိုကြားသောအခါ ကုအန် ဘာမှထပ်မမေးတော့ပေ။ ဥယျာဉ်ထဲသို့သွားပြီးသာ ရင့်မှည့်ခါနီးအပင်များကို ရိတ်သိမ်းရန် ပြင်လိုက်၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် ထျန်းယတောင်ကြားမှ ပြန်လာခဲ့လိုက်သည်။
အေးစက်သော ဆောင်းရာသီပြီးဆုံးသွားသောအခါ နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။
နွေဦးပွဲတော်ပြီးသောအခါ ကုအန် အပြင်စည်းဂိုဏ်းသို့သွားခဲ့၏။ ထို့နောက်ကျန်းချောင်အား တွေ့ကာ အဆင့်မြင့်ဆေးပင်မျိုးစေ့များ တောင်းခဲ့ပြီး ကောင်းကင်ပြုပြင်စင်မြင့်သို့ တပည့်များ၏ စိတ်လှုပ်ရှားမှုများကို ကြည့်ရန် သွားခဲ့သည်။
သူရောက်သွားသောအခါ တရားထုိင်ေနရင်း ဓားတာအိုထဲတွင် နစ်မြုပ်နေသော ကျိုးယိကျင်းတို့သားအဖသည် ထိုနေရာတွင် ရှိနေဆဲဖြစ်၏။ ကုအန် ယိလျူယွမ်ကိုလည်း တွေ့လိုက်ရလေသည်။
သူသည်လည်း လမ်းမှန်ဂိုဏ်းဟူသော စာလုံးများအနီးတွင် တရားထိုင်နေခဲ့ပြီး အတွေးထဲတွင် နစ်မြောနေခဲ့၏။
ထို့နောက် ကုအန်အကြည့်သည် ဂိုဏ်း ဟူသောစာလုံးအပေါ်သို့ ရောက်ရှိသွားပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
အပိုင်း(၇၀)
ဖြောင့်မတ်ခြင်းနှင့်မိစ္ဆာများ
ကုအန်၏ အကြည့်သည် ဂိုဏ်း ဟူသောစာလုံး၏ အပေါ်တွင် ခြေချိတ်ထိုင်နေသော ၀တ်စုံဗြောင်၀တ် လူတစ်ယောက်ဆီသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ အသွင်အပြင်မှာ မှတ်မိနိုင်စရာကောင်းသော ပုံစံမျိုးမဟုတ်ဘဲ သူ၏အရှိန်အဝါမှာလည်း သာမန်သာဖြစ်၏။
အကယ်၍ ကုအန်သာ သက်တမ်းစစ်ဆေးခြင်းကိုမသုံးဘဲ နတ်အာရုံကိုသာ သုံးခဲ့ပါက ထိုလူ့ဆီက ထူးဆန်းတာဘာကိုမှ အာရုံခံမိမှာ မဟုတ်ပေ။
[မြေအောက်မိစ္ဆာဧကရာဇ်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်၉) : ၃၈၄၇/၅၇၀၀/၁၄၀၀၀]
တကယ်ကြီး မိစ္ဆာတစ်ကောင်ပဲ!
မိစ္ဆာများသည် ပုံမှန်အားဖြင့် လူသားများထက် သက်တမ်းပိုရှည်ကြသည်ကို ကုအန်သိထားပါသော်လည်း သူ၏သက်တမ်း ၁၄၀၀၀၀ ကိုမြင်လိုက်ရသောအခါ အံ့ဩသွားရဆဲပင်။
ထိုမိစ္ဆာသည် သူ့လိုတစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ပင် သတိမထားမိစေရန် မည်သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံထားခဲ့ပါသနည်း။
ပိုပြီး အရေးကြီးသည့်အချက်မှာ ထိုမိစ္ဆာသည် ဓားပညာကို လိုက်စားနေခြင်း ဖြစ်ပေသည်။
ထိုအဖြစ်အပျက်ကြောင့် ကုအန် ဓားတာအိုကို စွဲလန်းနေသော သူ့ကောင်းကင်နဂါးလေးကိုပင် သတိရသွားမိ၏။
ကုအန် မိစ္ဆာဧကရာဇ်ကို အကြာကြီးကြည့်မနေဘဲ ထိုအစား အခြားသူများကိုပါ လိုက်လံကြည့်ရှုနေလိုက်သည်။
ဓားစာလုံးပေါ်တွင် ထိုင်၍ကျင့်ကြံနိုင်ကြသူများသည် ထင်ရှားသော ကျင့်ကြံခြင်းအဆင့်ရှိကြသူများသာ ဖြစ်ကြ၏။ နောက်ဆုံးတွင် ချီကျင့်ကြံသူအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များမှာ ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေတတ်ကြပြီး စွမ်းအင်စုပ်ယူခြင်းကိုသာ အားထား၍ ကျင့်ကြံကြရသည်။ ထိုကဲ့သို့ ညဏ်အလင်းပွင့်ဖို့ ကြိုးစားရန် အချိန်မရှိကြပေ။
ကုအန် ဆရာသခင်ဓားအရှင်၏ လွှမ်းမိုးမှုကို အထင်သေးလိုက်မိသည်ဟု ခံစားလိုက်ရ၏။
သူချူရှင်းကို အရင်ကမကြားဖူးခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းနှင့်ဆိုပါက ချူရှင်းသည် အမတကျင့်ကြံခြင်းကမ္ဘာတွင် အတော်လေး နာမည်ကြီးသောသူ ဖြစ်လောက်ပေသည်။
ထိုကဲ့သို့သော နာမည်ကြီး ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားရခြင်းသည် ထိုက်ကန်မင်းဆက်တစ်ခုလုံးကို လှုပ်ခတ်သွားမှာလည်း သေချာလှ၏။
ကြည့်ရသည်မှာ သူအနာဂတ်တွင် ပို၍ သိုသိုသိပ်သိပ် နေရပေတော့မည်။
ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ လူတိုင်းကို စစ်ဆေးပြီးသည့်နောက် ကုအန် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
ကုအန် လူစိမ်းတစ်ယောက်ကို တွေ့သည့်အခါတိုင်း သူတို့၏နောက်ခံကိုပင် ကြည့်မနေတော့ဘဲ ဘယ်သူ့ကိုမဆို သက်တမ်းစစ်ဆေးခြင်းဖြင့် စစ်တတ်သည့် အကျင့်ရနေပြီ ဖြစ်၏။ တစ်ချို့လူများသည် လက်သည်းဝှက်ထားသော ဝံပုလွေများကဲ့သို့ အတော်လေး အပုန်းကောင်းလှသည် မဟုတ်ပါလား။
နောက်လာမည့်နှစ်များတွင်တော့ ကုအန် အမတဖြစ်မလာခင်အထိ အေးအေးချမ်းချမ်းစိုက်ပျိုးပြီးတော့သာ သိုသိုသိပ်သိပ်နေသွားတော့မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။
ဆရာသခင်ဓားအရှင်နှင့် ပတ်သက်သော စာအုပ်ကိုလည်း ကျိဟန်ထျန်း၏ ဖိအားပေးမှုကြောင့် လွန်ခဲ့သော လကတည်းက ရေးပြီးခဲ့ပြီး ထုတ်ဝေလိုက်သောအခါ အပြင်စည်းဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရသည်။ သို့သော် ထိုစာအုပ်သည် ဇာတ်လမ်းတွဲစာအုပ်မျိုးတော့ မဟုတ်ပေ။ တစ်အုပ်ထဲမှာပင် လုံလောက်နေပြီ ဖြစ်၏။
……
နွေဦး၏ အသက်ဓာတ်များသည် ဩကာသလောကတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။
တတိယတောင်ကြားရှ်ိ အိမ်တစ်လုံးထဲ၌ ကုအန်နှင့် ကုယူ တို့စကားတပြောပြောနှင့် လက်ဖက်ရည်သောက်နေခဲ့ကြ၏။
“မင်းရဲ့ ဖြောင့်မတ်ခြင်းနှင့်မိစ္ဆာများ စာအုပ်က ထိုက်ကန်မင်းဆက်တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ အခုဆို ဘယ်သူမှကို ကြည်ညိုဖွယ်အဓိပတိအမတ အကြောင်းမပြောကြတော့ဘူး သူတို့ပြောသမျှက အဓိပတိဂိုဏ်းနဲ့ ဆရာသခင်ဓားအရှင် အကြောင်းချည်းပဲ” ကုယူ မနာလိုဟန်ဖြင့် ပြောလိုက်သည်။
ကုအန်ရယ်မောလိုက်ကာ “နောက်ဆုံးတော့ အဓိပတိဂိုဏ်းဆိုတာ လမ်းမှန်းဂိုဏ်းတွေရဲ့ ရှေ့ဆောင်လမ်းပြဂိုဏ်းကြီးပဲလေ အခုလို အုံကြွမှုမျိုးဖြစ်နေတဲ့အချိန် လူတိုင်းစိတ်၀င်စားသွားကြမှာက ပုံမှန်ပါပဲ စိတ်မပူပါနဲ့ နောက်နှစ်နည်းနည်းဆို အမတကျင့်ကြံခြင်းကမ္ဘာက စိတ်၀င်စားမှုလျော့သွားပြီး အစ်ကိုနဲ့ နယ်ခြားမိစ္ဆာဧကရာဇ်တို့ရဲ့ တိုက်ပွဲလိုမျိုး ဒဏ္ဍာရီလာဇာတ်လမ်းတွေကို ပြန်စိတ်၀င်စားလာကြမှာ”
ထိုစကားကိုကြားသောအခါ ကုယူ မျက်နှာတောက်ပလာခဲ့ပြီး ကုအန်၏ အရေးအသားများအကြောင်းချီးကျူးကာ နောက်ထွက်မည့် အပိုင်းများ၏ ဇာတ်ကြောင်းကို ကြိုမေးနေခဲ့လေသည်။
ကုအန် သူ့ကိုဘာမှပြောမပြလေလေ သူပိုသိချင်လာလေလေပင်။
“စကားမစပ် ငါအခုတလော အဓိကဇာတ်ကောင်နာမည်က ကုအန် ဆိုတဲ့နာမည်နဲ့ စာအုပ်တစ်အုပ်တွေ့ခဲ့တယ်” ကုယူ သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ရုတ်တရက်ပြောလိုက်၏။
အဓိပတိလျှို့ဝှက်မှတ်တမ်းများ!
ကုအန်ထိုစာအုပ်ခေါင်းစဉ်အား တွေ့လိုက်ရသောအခါ သူ့နှလုံးသားပင် တုန်ခါသွားခဲ့ရသည်။
သေစမ်း သူကတကယ်ကြီး အဲ့စာအုပ်ကိုထုတ်လိုက်တာပဲ!
ကုယူ စာအုပ်ကိုလက်ထဲတွင် ကိုင်ထားလိုက်ကာ မေးလိုက်၏။ “ညီကိုကု ဒီစာအုပ်ကို ဖတ်ပြီးပြီလား”
ကုအန် စိတ်၀င်တစားပြန်ေမးလိုက်သည်။ “ဒါကဘယ်လိုစာအုပ်မျိုးလဲ”
“ဒါကစာအုပ်ကောင်းတစ်အုပ်ပါ ရိုးရိုးသားသားပြောစမ်းပါ ဒီစာအုပ်ကို ညီကိုကုရေးထားတာမလား” ကုယူ ပြုံး၍ မေးလိုက်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ ကျွန်တော်တစ်ချက်လောက်ကြည့်ပါရစေ အဲ့စာအုပ်က အဲ့လောက်တောင်စိတ်၀င်စားစရာကောင်းတယ်လား”
ကုအန် စာအုပ်ကိုယူလိုက်ပြီး တစ်ရွက်ချင်း လှန်ဖတ်လိုက်လေသည်။
ကုယူ မျက်ခုံးများတွန့်ကွေးသွားပြီးမေးလိုက်၏။
“တကယ်ကြီး မင်းရေးထားတာမဟုတ်ဘူးလား ဒါမှမဟုတ် မင်းသိတဲ့တစ်ယောက်ယောက် ရေးထားတာလား”
ပထမတစ်ရွက်ကိုဖတ်ပြီးသောအခါ ကုအန် မျက်ခုံးများတွန့်ကွေးသွားပြီး ဤစာအုပ်ကို ယခုမှပထမဆုံးအကြိမ် ဖတ်ဖူးသလို ဖြစ်သွားခဲ့သည်။
ကုအန် မျက်မှောင်ကြုံ့နေသော မြင်ကွင်းကိုတွေ့သောအခါ ကုယူသူ့ကိုထပ်စမနေတော့ဘဲ လက်ဖက်ရည်သာ ငှဲ့သောက်လိုက်၏။
ဖတ်နေရင်း ကုအန်၏အမူအရာပို၍ မကြည်မသာဖြစ်လာသည်ကိုတွေ့သောအခါကုယူ တခဏစဉ်းစား၍ ပြောလိုက်သည်။ “ဒီစာအုပ်က အတွင်းစည်းဂိုဏ်းထဲမှာ ပျံ့နေခဲ့တာ မင်းကလည်း အပြင်စည်းဂိုဏ်းများများစားစားမသိဘူးဆိုတော့ တိုက်ဆိုင်တာပဲနေမှာပါ ကုအန်ဆိုတဲ့ နာမည်က အဲ့ဒီလောက်ထူးဆန်းနေတာမှ မဟုတ်ဘဲ”
ကုအန် အဓိပတိလျှို့ဝှက်မှတ်တမ်းများ စာအုပ်ကိုပိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“စာအုပ်ခန်းမက ဒီလိုစာအုပ်မျိုးကို တကယ်ကြီးထုတ်ဝေခွင့်ပြုတယ်လား”
“ဒီစာအုပ်က စာအုပ်ခန်းမကထုတ်ထားတာမဟုတ်ဘူး အတွင်းစည်းဂိုဏ်းထဲမှာပဲ ကြိတ်ပျံ့နှံ့နေခဲ့တာလေ” ကုယူ ရှင်းပြလိုက်သည်။
ကုအန် တိတ်ဆိတ်သွားခဲ့၏။
သူတို့ကြားရှိလေထုသည် နေရထိုင်ရခက်လာသောကြောင့် ကုယူ မတ်တပ်ရပ်လိုက်ကာ စကားအနည်းငယ်ပြောပြီးသည့်နောက် ပြန်ခဲ့လိုက်လေသည်။
သူထွက်သွားသောအခါမှ ကုအန် စာအုပ်ကိုသေချာဖတ်ပြီး ဝေဖန်ခဲ့၏။
ရှန်းကျန်သည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို သေချာဖတ်ခဲ့ပြီး သူ့ယခုစာအုပ်သည် မူရင်းစာအုပ်ထက်ပင် ကောင်းနေပုံပေါ်နေတာကိုတော့ ကုအန် ၀န်ခံရပေလိမ့်မည်။
အချို့ဇာတ်ကြောင်းများသည် သိက္ခာမဲ့သောအပြုအမူများ ပါနေသော်လည်း စာအုပ်ထဲရှ်ိ ကုအန်၏ ဇာတ်ကောင်သည် အားနည်းသူကိုကူညီတတ်ကာ တဇွတ်ထိုးဆန်သော ဇာတ်ကောင်မျိုးဖြစ်နေပြီး သူ့ပုံရိပ်ကို မထိခိုက်စေသောကြောင့် ကုအန် သဘောကျသွားခဲ့သည်။
တစ်နာရီခန့်ဖတ်ပြီးမှသာ ကုအန်စာအုပ်ကိုပိတ်လိုက်ပြီး အလုပ်ဆက်လုပ်ဖို့ အိမ်ထဲမှ ထွက်လာခဲ့၏။
သူ့ရည်ရွယ်ချက်သည် မိုင်တစ်ရာပတ်လည်တစ်ခုလုံးအား ဆေးပင်များနှင့် တတ်နိုင်သမျှမြန်မြန် ပြည့်နေစေရန် ဖြစ်ပေသည်။ ယနေ့တွင် သူ့ဆေးစိုက်ခင်းများအား အတွင်းစည်းဂိုဏ်းသားများ ရန်မှကာကွယ်ရန် ခြံစည်းရိုးခတ်ရမည့်နေ့ ဖြစ်၏။
အတွင်းစည်းမြို့ထဲရှိ ကျိအိမ်တော်တွင်
ကျိရှောင်ယု စားပွဲတွင်ထိုင်နေခဲ့ကာ လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားခဲ့ပြီး သူ့ရှေ့တွင်တော့ ကျိဟန်ထျန်း ရှိနေခဲ့သည်။
…..
“ဖြောင့်မတ်ခြင်းနှင့်မိစ္ဆာများ စာအုပ်က ဘယ်လိုနေလဲ” ကျိဟန်ထျန်းလက်ဖက်ရည်ခွက်ကို ကိုင်ထားကာ မေးလိုက်၏။
ကျိရှောင်ယု စာရွက်များကိုလှန်လှောလိုက်ပြီး ပြောလိုက်သည်။ “အရမ်းကောင်းပါတယ် ဇာတ်ကြောင်းပြောသူက အဓိပတိဂိုဏ်းရဲ့ အမှားတွေကို ဖုံးကွယ်မသွားခဲ့ဘူး သူကချူရှင်းရဲ့ ကြောက်စရာလုပ်ရပ်တွေကိုလည်း အသေးစိတ်ဖော်ပြသွားခဲ့တယ် အပြင်စည်းဂိုဏ်းကတပည့်တွေကတော့ ဒီစာအုပ်ကိုဖတ်ပြီး ရင်ထဲထိသွားကြမှာပဲ အနည်းဆုံးတော့ ကျွန်မဒီစာအုပ်ကို ဖတ်လိုက်တဲ့အချိန် အဓိပတိဂိုဏ်းက လုံး၀ကြီး ပုတ်ပွနေတယ်လို့ မခံစားလိုက်ရဘူး
အဲ့ဒီအစား ထိုက်ကန်မင်းဆက်ရဲ့ရှေ့ဆောင်ဂိုဏ်းကြီးလို့ လူအများလက်ခံထားကြတဲ့ အဖွဲ့အစည်းကြီးရဲ့ နက်ရှိုင်းမှုကို ခံစားလိုက်ရတယ်”
ကျိဟန်ထျန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ပြောလိုက်၏။ “မင်းဖန်းအန်ဘယ်သူလဲဆိုတာ သိလား”
ကျိရှောင်ယုတိတ်ဆိတ်နေခဲ့သည်။
“တကယ်တော့သူက မင်းအိမ်အစေခံ ကုအန်ပဲ အံ့ဩသွားလား” ကျိဟန်ထျန်းပြုံး၍ ပြောလိုက်သည်။
ကျိရှောင်ယု ပြန်ပြောလိုက်၏။ “ကျွန်မသိပါတယ် ဖိုးဖိုးကြီးလည်း သိနေမယ်လို့တော့ထင်မထားခဲ့ဘူး ဖိုးဖိုးကြီးသူ့ကို ဒီစာအုပ်ရေးခိုင်းခဲ့တာမဟုတ်လား အဲ့တာက သူ့ဆီပြဿနာတွေ ရောက်လာစေလိမ့်မယ်”
ကျိဟန်ထျန်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး ငါသူ့ကိုကာကွယ်ပေးမှာပါ ဒီစာအုပ်ကျေးဇူးနဲ့ အခုဆိုငါက အကြီးအကဲခန်းမမှာ ပိုပြီးပြောစရာရှိလာခဲ့ပြီ အနာဂတ်မှာချူထျန်းချီကို ဖြုတ်ချနိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ကျိရှောင်ယုသူ့လက်ထဲမှ စာအုပ်ကိုကြည့်လိုက်ပြီး မထူးခြားဟန်ဖြင့် ပြောလိုက်၏။ “ကျွန်မကတော့ ကျိမိသားစုက ဂိုဏ်းချုပ်ရာထူးကိုယူသင့်တယ်လို့ မထင်ဘူး အခုအခြေအနေက အတော်လေးပိုကောင်းပါတယ်”
“ငါလုပိုင်ထျန်း လက်အောက်မှာနေခဲ့ရတုန်းက ဘယ်လောက်ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရလဲ နင်မသိပါဘူး မဟုတ်ရင်ငါကဘာလို့ နင့်ကို အဓိပတိဂိုဏ်းထဲ၀င်ခိုင်းခဲ့ရမှာလဲ အဲ့တာက ငါမျက်နှာရဖို့အတွက် လုပ်ခဲ့ရတာပဲ” ကျိဟန်ထျန်း လုပိုင်ထျန်းအကြောင်းပြောသောအခါ ဒေါသပင် ထွက်လာခဲ့ရသည်။
“ဖိုးဖိုးကြီးကုအန်ကို ဒုက္ခတောထဲဆွဲခေါ်ပြီး သူ့ကိုတစ်ခုခုရော ပြန်ပေးခဲ့သေးလား”
“ဒါပေါ့ ငါသူ့ဆေးတောင်ကြားကို မိုင်တစ်ရာပတ်လည်ထိ ချဲ့ခွင့်ပေးခဲ့တယ် အနာဂတ်မှာ နင်သူ့ကို အဆင့်မြင့်ဆေးပင်မျိုးစေ့တွေပေးပြီးလည်း ထောက်ပံ့လို့ရတယ် အဲ့ဒီကောင်လေးက ဆေးပင်စိုက်ရတာကိုပဲ ကြိုက်တာ သူနဲ့နီးနီးကပ်ကပ်ဆက်ဆံထား ဒါမှအနာဂတ်မှာ သူကငါတို့ကျိမိသားစုကို ပြန်ကောင်းပေးလိမ့်မယ်
ငါသူ့ရဲ့ နတ်ဘုရားတို့၏ရာထူးများကို ဖတ်ပြီးပြီ သူကျိဖကို ဖော်ပြထားပုံအရ သူ့နှလုံးသားထဲမှာ ကျိမိသားစုရှိနေသေးတာကို ညွှန်ပြနေတယ်” ကျိဟန်ထျန်း လေးလေးနက်နက်ပြောလိုက်ရာ ကျိရှောင်ယု မျက်မှောင်ကြုံ့သွားခဲ့သည်။
ကျိရှောင်ယုမျက်လုံးထဲတွင် မနှစ်မြို့မှုများ ပေါ်လာပြီး ပြောလိုက်၏။ “ဖိုးဖိုးကြီး လူတွေနဲ့ဆက်ဆံတဲ့အခါ အရမ်းကြီး တွက်ချက်တာမျိုးတွေမလုပ်ပါနဲ့”
“အရူးမလေး ဒါကတွက်ချက်တာမဟုတ်ဘူး ဒါက နှစ်ဖက်လုံးအဆင်ပြေတဲ့အခြေအနေကို ဖန်တီးတာလို့ခေါ်တယ် ဘာလို့အဲ့လိုမလုပ်ရမှာလဲ”
ကျိရှောင်ယု ခေါင်းငုံ့ပြီး စာအုပ်ကိုသာ ဆက်ဖတ်နေလေရာ ကျိဟန်ထျန်း ခေါင်းခါမိလိုက်သည်။
ထို့နောက် ကျဟန်ထျန်းပြောလိုက်၏။ “ဂိုဏ်းတစ်ရာညီလာခံက စတော့မှာ နင်ပြင်ဆင်ထားသင့်တယ် ပုန်းကွယ်နဂါးစာရင်းမှာ
ထိပ်တန်းအဆင့်ထဲ ၀င်ကိုဝင်ရမယ်နော်”
ထိုသို့ပြောပြီးသည်နှင့် ကျိဟန်ထျန်း ခြေနှစ်လှမ်း လှမ်းလိုက်ကာ အခန်းထဲရှိလေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ကျိရှောင်ယုမှာတော့ အခန်းထဲတွင်သာ ထိုင်နေပြီး သူ့လက်ထဲရှိစာအုပ်ကို ဆက်ဖတ်နေခဲ့၏။
…..
မတ်လတွင် နွေဦးလေပြေများ တိုက်ခတ်နေလေသည်။
လအစ နေ့တစ်ရက်တွင် ကျိမိသားစုမှ တတိယတောင်ကြားသို့ လူလွှတ်ကာ တန်ဖိုးကြီးဆေးပင်မျိုးစေ့ ကုအန်ထံသို့ ပို့ပေးခဲ့၏။ ဆေးပင်များထဲမှ အဆင့့်အနိမ့်ဆုံးဆေးပင်မှာပင် အဆင့် ၄ဆေးပင်ဖြစ်လေရာ ကုအန် အတော်လေး ကျေနပ်သွားခဲ့ရသည်။
ကျိမိသားစုမှ ကျင့်ကြံသူသည် ထွက်မသွားခင်တွင် တတိယသခင်မလေးက သူ့ကိုအတော်လေးသဘောကျနှစ်သက်နေ၍ ဆေးပင်မျိုးစေ့များကို ကိုယ်တိုင်ရွေးချယ်၍ ပေးလိုက်ခြင်းဖြစ်ကြောင်း အရိပ်အမြွက်ပြောသွားခဲ့၏။ အနာဂတ်တွင် အကူအညီလိုပါကလည်း တတိယသခင်မလေးဆီသို့ အချိန်မရွေးလာရှာနိုင်ကြောင်းပါ အသိပေးသွားခဲ့သည်။
ကုအန်လည်း ငြင်းမနေတော့ဘဲ တတိယသခင်မလေး၏ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်းသာ ပြန်ပြောခဲ့လိုက်သည်။ ထိုစကားကိုကြားမှသာ ကျိမိသားစုကျင့်ကြံသူများ ပြန်ထွက်သွားခဲ့ကြ၏။
ကျိမိသားစု ကုကျုံးနှင့် ကျန်းချောင်တို့သည် သူ့အား ဆေးပင်မျိုးစေ့အများအပြားထောက်ပံ့နေသောကြောင့် ကုအန် အတော်လေး အကုန်အကျသက်သာနေခဲ့သည်။ ထို့ကြောင့် ကုအန်နောက်ထပ် တပည့်အယောက် ၂၀လောက်တော့ ထပ်ခန့်လိုက်ဦးမည်ဟုပင် စီစဉ်ထားခဲ့၏။
တစ်နေ့တွင် ကုအန်အကြီးအကဲထျန်းအား အပြင်စည်းဂိုဏ်းထဲသို့ ခေါ်သွားခဲ့သည်။ အကြီးအကဲထျန်းသည်သူ့ဆီလာပြီး လမ်းမှန်ဂိုဏ်း ဟူသောစာလုံးအား ကြည့်ချင်သည်ဟု တောင်းဆိုသောကြောင့် ဖြစ်၏။
အပြင်စည်းဂိုဏ်းသို့ ရောက်သောအခါ သူတို့လမ်းခွဲခဲ့ကြသည်။
ကုအန် အစေခံခန်းမ၀င်ပေါက်သို့ ရောက်သောအခါ ဂိုဏ်းတပည့်တစ်ယောက်သူ့ဆီသို့ချဉ်းကပ်လာပြီး လေသံတိုးတို့ဖြင့် မေးလိုက်၏။ “တာအိုမိတ်ဆွေ ငါ့မှာရတနာတစ်ခုရှ်ိတယ် အဲ့တာအတွက် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး နှစ်တုံးပဲကျမယ်”
“နှစ်တုံးတောင်လား မင်းဘာလို့ဓားပြသွားမတိုက်တာလဲ” ကုအန် ဒေါသဖြင့် ပြောလိုက်ကာ ဆက်လျှောက်သွားလိုက်သည်။
ထိုအခါ ထိုဂိုဏ်းတပည့် သူရှေ့ပိတ်ရပ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ထပ်ပြောလိုက်ပြန်၏။ “သေချာကြည့်ပါ မင်းဒီစာအုပ်ကိုမှတ်မိလား အတွင်းစည်းဂိုဏ်းသားအတော်များများကတော့ သူတို့တံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာကြရင် ဒီစာအုပ်ကိုဖတ်ကြတယ် ဒီစာအုပ်ထဲမှာ အခွင့်အလမ်းတွေရှိနေတာ သေချာတယ်”
ကုအန်တစ်ချက်ကြည့်လိုက်ရာ စာလုံးလေးလုံးကိုတွေ့လိုက်ရလေသည်။
“အဓိပတိလျှို့ဝှက်မှတ်တမ်းများ”
ကုအန် သူ့ရှေ့မှလူကို တွန်းဖယ်လိုက်ပြီး ရှေ့သို့သာ ဆက်သွားခဲ့လိုက်ပြီးမှ ပြောလိုက်၏။ “တောင်းပန်ပါတယ် ကျွန်တော်က နတ်ဘုရားတို့၏ရာထူးများပဲ ဖတ်တာ”
ထိုတပည့်လည်း ထွက်ခွာသွားသော ကုအန်ေနာက်ေကျာကို ကြည့်ပြီး ကုအန်ကိုကြိတ်၍ ကျိန်ဆဲလိုက်ကာ အခြားသူများကိုသွားရောင်းရန် ကြိုးစားခဲ့လေသည်။
တစ်နာရီခန့်ကြာသောအခါ ကုအန်အစေခံခန်းမထဲမှ ပြန်ထွက်လာခဲ့ပြီး သူ့နောက်တွင်မူ လူ၁၁ယောက်ပါလာခဲ့၏။ လူတိုင်းမှာ ငယ်ရွယ်ကြကာ ယောင်္ကျားမိန်းမအစုံဖြစ်ပြီး အတော်လည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
တပည့်အများကြီးကို တစ်ပြိုင်တည်းခေါ်လာနိုင်ကတည်းက ကုအန်၏သရုပ်မှန်သည် မရိုးရှင်းဘူးဟု သူတို့ခံစားနေခဲ့ကြရ၏။ ထိုသို့သော ကျင့်ကြံသူမျိုးတို့၏နောက်သို့ လိုက်ရပါက သူတို့ကျင့်ကြံခြင်းခရီးလမ်းသည် အတော်လေး ချောမွေ့သွားပေလိမ့်မည်။
ဤသို့ဖြင့် သူတို့တစ်အုပ်လိုက်ကြီး ကောင်းကင်ပြုပြင်စင်မြင့်သို့ ရောက်ရှိလာခဲ့ကြသည်။
အစေခံတပည့်များသည် ကောင်းကင်ပြုပြင်စင်မြင့်အကြောင်း စိတ်၀င်စားကြပါသော်လည်း ကြီးမြတ်သော ကျင့်ကြံသူတစ်ယောက်ယောက်ကို စော်ကားမိမည်စိုးသောကြောင့် ပုံမှန်အချိန်များတွင် ကောင်းကင်ပြုပြင်စင်မြင့်သို့ မလာရဲကြပေ။
စင်မြင့်သို့ရောက်သောအခါ ကုအန်ချက်ချင်းပင် လမ်းမှန်ဂိုဏ်းဟူသော စာလုံးကိုစိုက်ကြည့်နေသော အကြီးအကဲထျန်းကို တွေ့လိုက်ရ၏။
ထို့နောက် သူအကြည့်လွှဲလိုက်ပြန်သည်။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် မိစ္ဆာဧကရာဇ်မှာလည်း ဤနေရာတွင် ရှိနေဆဲဖြစ်ပြီး အခုအချိန်တွင် သူသည် လက်ဟန်တစ်ခုကို ပြုလုပ်နေခဲ့၏။
ကုအန် အသက်ရှူကြိမ်နှစ်ကြိမ်စာလောက် စဉ်းစားပြီးသောအခါ နားလည်သွားခဲ့သည်။
တပည့်ကောင်းလေးပဲ!
သူလုပ်နေသော လက်ဟန်သည် ထိုက်ကန်နတ်မင်သက်ဓားသိုင်းမှ ဓားသိုင်းတစ်ကွက်ဖြစ်နေသည် မဟုတ်ပါလား။
ထိုကောင်သည် ဓားဆန္ဒကို ကြည့်ရှုနေရင်းနှင့်ပင် ဓားသိုင်းကို နားလည်သဘောပေါက်သွားခဲ့၏။
ထိုအရာသည် အတော်လေး မွန်းစတားဆန်လှသည်။
“မဖြစ်သေးဘူး ငါနောက်တစ်ခါ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို အဆင့်မြှင့်ရဦးမယ် ငါ့ဓားတာအိုကို ထိန်းထားနိုင်ဖို့ သက်တမ်း ထောင်ဂဏန်းနည်းနည်းတော့ သုံးမှဖြစ်မယ်”
ကုအန် အကြည့်လွှဲလိုက်ပြီး အကြီးအကဲ ထျန်းဆီသို့သာ ချဉ်းကပ်သွားလိုက်၏။
“ဟားဟားဟား ငါရသွားပြီ ငါရသွားပြီကွ”
ရုတ်တရက် ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအသံကြီးသည် ကောင်းကင်စင်မြင့်ပေါ်ရှိ သောင်းချီသော တပည့်များ၏ ခေါင်းကို လှည့်သွားစေခဲ့သည်။
ထိုအသံသည် တာအို၀တ်ရုံကို၀တ်ဆင်ထားသောအဖိုးကြီးတစ်ယောက်ဆီမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး သူ၏မွဲခြောက်ခြောက်ဆံပင်များမှာလည်း ခြောက်သွေးပွယောင်းနေခဲ့၏။
ထို့နောက် သူလေပေါ်သို့ ခုန်တက်လိုက်ပြီး သူလက်များကို ဆန့်တန်းကာ စင်မြင့်ပေါ်ရှိ လမ်းမှန်ဂိုဏ်း ဟူသော စာလုံးကို လက်နှစ်ချောင်းဖြင့် ထိုးလိုက်လေသည်။