အခန်း (၈၃-၈၄)
Vol. 8 Ch. 83-84
အပိုင်း(၈၃)
စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်း၊ မင်းကငါ့လူပဲ
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် အယောက်၅၀လား!
ပုံမှန်အားဖြင့် ကုအန် ထိုသို့သောအရာမျိုးကို ငြင်းလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူလည်း တတိယတောင်ကြားတွင် အမြဲနေ၍ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကုအန် ကုကျုံးတို့နှစ်ယောက်အား ချက်ချင်း ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
တစ်နာရီခန့်ကြာသောအခါမှသာ ကုကျုံးတို့ ပြန်သွားခဲ့ကြသည်။
သူတို့ထွက်သွားသောအခါမှသာ အကြီးအကဲထျန်း ကုအန်ဆီရောက်လာကာ စိတ်ဝင်တစားမေးလိုက်၏။
“တောင်ကြားသခင် သူတို့ကဘာလိုချင်လို့ လာတာတဲ့လဲ”
အတိတ်တုန်းက အကြီးအကဲထျန်းသည် ဘာမှအများကြီးမေးလေ့မရှိပေ။အခုတွင်တော့ သူ့ကျင့်ကြံခြင်းတိုးတက်လာသည်နှင့်အမျှ သူသည် တောင်ကြားသခင်၏ ကိစ္စများကိုပင် စိတ်၀င်စားလာခဲ့သည်။ ကြည့်ရသည်မှာ သူအမှန်တကယ်ပင် ပြန်လာတော့မည့်ပုံပင်။
ကုအန် တွန့်ဆုတ်နေချင်ယောင်ဆောင်လိုက်ပြီး ကုကျုံးတို့ ပြောသမျှကို ပြန်ပြောပြလိုက်၏။
မိစ္ဆာဂိုဏ်းများက ဖော်ထုတ်ခဲ့ေသာ ဂိုဏ်းချုပ် ချူထျန်းချီ၏ ရာဇ၀တ်မှုများသည် အဓိပတိဂိုဏ်းထဲတွင် ပျံ့နှံ့လာခဲ့ပြီး အဓိကမိစ္ဆာဂိုဏ်းကြီးငါးဂိုဏ်းသည် အဓိပတိဂိုဏ်းကို ကျူးကျော်ရန် ပူးပေါင်းလိုက်ကြသည့်အကြောင်း အကုန်ပြောပြလိုက်လေသည်။
ကုအန်ပြောနေရင်း အဓိပတိဂိုဏ်း၏ကပ်ဘေးကြောင့် သူလည်းစိုးရိမ်ပူပန်နေကြောင်း ထည့်ပြောလိုက်၏။
ထိုအခါ အကြီးအကဲထျန်းကုအန်အား နှစ်သိမ့်လိုက်သည်။ “တောင်ကြားသခင် အရမ်းစိုးရိမ်စရာမလိုပါဘူး အဓိပတိဂိုဏ်းက နှစ်ပေါင်းထောင်နဲ့ချီ မင်းဆက်အမျိုးမျိုးပြောင်းတဲ့ထိ ရှင်သန်ကျန်ရစ်ခဲ့တာ သမိုင်းမှတ်တမ်းတွေထဲမှာလည်း မိစ္ဆာကျူးကျော်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပေမယ့် နောက်ဆုံးမှာ အန္တရာယ်ကနေ ရှင်သန်ကျန်ရစ်ခဲ့တာချည်းပဲ”
ထိုစကားများကိုကြားသောအခါ ကုအန် အမှန်တကယ်ပင် စိတ်အေးသွားခဲ့ရ၏။
“တကယ်တော့ ကောင်းကင်ပြိုကျရင် ထမ်းထားဖို့ အရပ်ရှည်တဲ့လူတစ်ယောက် ပေါ်လာပါလိမ့်မယ် ကျွန်တော့်အတွက်ကတော့ ဂိုဏ်းအတွက် ဆေးပင်တွေစိုက်ပျိုးပေးပြီး ဂိုဏ်းရဲ့ဆေးတာအိုအတွက် ထောက်ပံ့နိုင်တာက ကျွန်ဝောာ်ဂိုဏ်းကို အကျိုးပြုနိုင်တဲ့ တစ်ခုတည်းသော အရာပါပဲ” ကုအန် ခေါင်းယမ်းကာ ပြုံး၍ ပြောလိုက်သည်။
အကြီးအကဲထျန်းလည်း လက်ခံပုံဖြင့်ခေါင်းညိတ်ပြလိုက်ပြီး ကုအန်၏ ဗီဇသဘာဝကို အားပင်ကျသွားခဲ့၏။
“ဒါပေမယ့် မိစ္ဆာလမ်းစဉ်က လာနေပြီဆိုတော့ အန္တရာယ်က ရှောင်ရှားလို့ရမှာမဟုတ်ဘူး တောင်ကြားသခင်ငါ့မှာ အစွမ်းထက်ပြီးလှည့်ကွက်တွေများတဲ့လက်ညှိုးသိုင်းတစ်ခုရှိတယ် အဲ့ဒီသိုင်းနဲ့ဆို မင်းပြိုင်ဘက်က သတိသာထားမနေရင် မင်းထက်အဆင့် တစ်ဆင့်မြင့်တဲ့ ရန်သူကိုတောင် သတ်ဖြတ်နိုင်လိမ့်မယ် ငါမင်းကိုသင်ပေးပါရစေ”အကြီးအကဲထျန်း ဆက်ပြောလိုက်သည်။
ကုအန် လက်ချောင်းသိုင်းတစ်ခါမှ မသင်ဖူးသောကြောင့် စိတ်၀င်စားသွားခဲ့ပြီး မမေးဘဲ မနေနိုင်တော့ပေ။ “အကြီးအကဲထျန်း ကျွန်တော်ဘာလို့ အကြီးအကဲထျန်းမှာ နောက်ခံကြီးတစ်ခုခုရှိနေသလို ခံစားနေရတာလဲ အကြီးအကဲထျန်းမှာ အသိပညာတွေအများကြီးရော သိုင်းတွေရော ရှိနေတယ်လေ”
“ဟားဟား ဒီအဖိုးကြီးက နှစ်တွေအကြာကြီး အသက်ရှင်နေခဲ့လို့ အသိပညာနည်းနည်းရှိတာ သာမန်ပါပဲ”
အကြီးအကဲထျန်း လှိုက်လှိုက်လှဲလှဲရယ်မောပြီး ပြောလိုက်ရာ သူတို့ကြားရှ်ိ တင်းကြပ်နေသောလေထုပင် ပျောက်ကွယ်သွားခဲ့၏။ ကုအန်လည်း သူ့ဆီမှ စစ်မှန်သောဂိုဏ်းချုပ်တစ်ယောက်၏ အသွင်အပြင်မျိုးကို ခံစားမိလိုက်လေသည်။
ထို့နောက် အကြီးအကဲထျန်းက သူ့လက်ချောင်းသိုင်းသည် အပြင်သို့ပေါက်ကြား၍မရဘဲ ကုအန်တစ်ယောက်တည်းကိုသာ သင်ကြားပေးမည်ဆိုသောကြောင့် ကုအန် အကြီးအကဲထျန်းနောက်မှ တောအုပ်ထဲသို့ လိုက်လာခဲ့၏။
တောအုပ်ထဲသို့ ရောက်သောအခါ အကြီးအကဲထျန်း သူ့လက်ချောင်းသိုင်း၏ ကြောက်စရာကောင်းသော သိုင်းကွက်များအကြောင်းကို စတင်ရှင်းပြလေတော့သည်။
စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းသိုင်း!
ထိုလက်ချောင်းသိုင်းသည် စိတ်ဝိညဉ်စွမ်းအင်များကို လက်ချောင်းထိပ်တွင် စုစည်း၍ တိုက်ခိုက်ရသော လက်ချောင်းသိုင်းမျိုး ဖြစ်၏။ လက်ချောင်းထိပ်တွင် စိတ်ဝိညဉ်စွမ်းအင် ပိုများများစုစည်းနိုင်လေလေ သိုင်းမှာပို၍ အစွမ်းထက်လေလေပင်။ သီအိုရီအားဖြင့်တော့ စုစည်းနိုင်သော စိတ်ဝိညဉ်စွမ်းအင်ပမာဏမှာလည်း အကန့်အသတ်မရှိပေ။
ထိုအကြောင်းသိပြီးသည့်နောက် ကုအန် စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းသိုင်းကို ပို၍ပင် စိတ်၀င်စားသွားခဲ့သည်။
……
၂ရက်ကြာပြီးသည့်ေနာက် ကုကျုံးနှင့် ကျိဟန်ထျန်းသည် အလျင်အမြန်ပင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် အယောက်၅၀ ကိုတောင်ကြားသို့ ပို့ပေးခဲ့ပြီး ထိုထဲတွင် ကုကျုံး၏သား ကုယူလည်း ပါလာခဲ့၏။
ရောက်လာသည်နှင့် ကုယူသည် အရင်ဆုံးကုအန်ဆီသို့ ရောက်လာခဲ့သည်။
“မင်းမှာအဆက်အသွယ်ကောင်းတွေရှိတာပဲ ကုမိသားစုနဲ့ ကျိမိသားစုနှစ်ခုလုံးက မင်းကိုကာကွယ်ဖို့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်အယောက်၅၀ ပို့ပေးလိုက်တယ် သူတို့က အဓိပတိဂိုဏ်းက ကျင့်ကြံသူသက်သက်တောင်မဟုတ်ဘူး မြင့်မြတ်မိသားစုကလူတွေ” ကုယု ခုံတွင်၀င်ထိုင်လိုက်ပြီး စနောက်လိုက်၏။
ကုအန် ပြန်ပြောလိုက်သည်။ “အဲ့တာက ကျွန်တော့်ကိုကာကွယ်ဖို့မဟုတ်ပါဘူး ဆေးတောင်ကြားကို ကာကွယ်ဖို့ပါ အဓိပတိဂိုဏ်းမှာ ဒီလောက်ကြီးတဲ့ အခြားဆေးတောင်ကြားရှိသေးလို့လား”
“မရှိတော့ဘူး ဒါပေမယ့် အထက်ကလူတွေတန်ဖိုးထားတာကဆေးတောင်ကြားမဟုတ်ဘူး မင်းရဲ့ ဖန်းအန်ဆိုနဲ့ သရုပ်ကိုပဲ” ကုယူ ရှင်းပြလိုက်၏။
“ကျွန်ေတာ့်ရဲ့ဖန်းအန်ဆိုတဲ့ သရုပ်ကို ကာကွယ်ဖို့ဆိုရင်
အခုလောက် လူအများကြီးပို့လိုက်တာက ဖော်ထုတ်လိုက်သလို ဖြစ်မသွားဘူးလား” ကုအန် မေးခွန်းထုတ်လိုက်သည်။
“အဲ့တာလည်း မှန်ပါတယ်” ကုယူ လက်ခံလိုက်၏။
အမှန်တကယ်တော့ ကုအန်လည်း ဆေးတောင်ကြားကို ကာကွယ်ဖို့ ထိုမျှလူအများကြီးလွှတ်လိုက်သည်ဟုမထင်ပေ။ သူတို့ကာကွယ်ချင်သည်မှာ တောင်ကြားထဲရှိ အဆင့် ၇ စိတ်ဝိညဉ်သစ်ပင် ဆန်းကြယ်သန့်စင်သစ်ပင်ဖြစ်နိုင်ပေသည်။
ကုယူ ထိုကိစ္စကို ထပ်ပြောမနေတော့ဘဲ စာအုပ်တစ်အုပ်ကိုထုတ်ကာ ပြောလိုက်၏။ “ကုအန် မင်းဒီစာအုပ်ကို တစ်ချက်လောက်ကြည့်သင့်တယ် အဲ့တာကအတော်လေးစိတ်လှုပ်ရှားစရာကောင်းပြီး ပုံတွေတောင်ပါသေးတယ်”
ကုအန် တစ်ချက်ကြည့်လိုက်ပြီး ဆွံ့အသွားခဲ့သည်။
အဓိပတိလျှို့ဝှက်မှတ်တမ်းများ!
ကုယူ၏ အာရုံသည် ပြောင်းလဲသွားခဲ့ပြီး သူသည် ကြည်ညိုဖွယ်အဓိပတိအမတ ၏နောက်ဆုံးထွက်စာအုပ်အကြောင်းကိုပင် မမေးတော့ပေ။
ထိုစာအုပ်ကို အနည်းငယ် လှန်ကြည့်ပြီးသည့်နောက် ကုအန်ပင် ဆွဲဆောင်ခံလိုက်ရလေသည်။
ဘုရားသခင် ရှန်းကျန်က ငါ့နည်းစနစ်တွေကို ခိုးထားတာပါလား!
စာအုပ်ထဲတွင် သုံးထားသော ပုံများကို ကာတွန်းစာအုပ်ပုံစံဆွဲထားခြင်းဖြစ်ပြီး ပုံများကြောင့် စာဖတ်သူမှာ စာအုပ်ထဲရှိဖြစ်ရပ်တစ်ခုလုံးကို အလွယ်တကူပုံဖော်ကြည့်နိုင်၏။
ကုအန် လည်ချောင်းရှင်းလိုက်ကာ စာအုပ်ကို ရင်ဘတ်ထဲထိုးထည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်နောက်မှဖတ်တော့မယ် မိစ္ဆာလမ်းစဉ်ကျူးကျော်မှုကစတော့မယ်ဆိုတော့ အခုလိုအချိန်မှာ စာဖတ်ဖို့ စိတ်ရှိမနေဘူး”
ကုယူလည်း သူ့ကိုထောက်ခံလိုက်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် ဒါပေမယ့်မင်းဒီစာအုပ်ကို ဂရုစိုက်တာပိုကောင်းလိမ့်မယ် အဓိပတိဂိုဏ်းက အဲ့ဒီစာအုပ်ကို လိုက်ပိတ်ပင်နေတာ ဒီရက်ထဲဆို စာအုပ်ကိုရှာဖို့က အတော်ခက်နေပြီ”
“စိတ်မပူပါနဲ့” ကုအန် ပြန်ပြောလိုက်၏။
ထို့နောက် စကားခဏပြောပြီးသည့်နောက် သူတို့နှစ်ယောက်လုံး အိမ်ထဲမှ ထွက်လာခဲ့ကြသည်။
ကုအန်လည်း ဆေးပင်များစစ်ဆေးဖို့ ဆေးဥယျဉ်ထဲသို့ ထွက်လာခဲ့၏။
တတိယတောင်ကြားသည် အလွန်ပင်ကျယ်၀န်းလှပြီး ကုအန်သာ စိတ်ပါပါက နေ့တိုင်းပင် ရိတ်သိမ်း၍ရပေသည်။ သို့သော်လည်း သူသည် တစ်ပတ်တစ်ကြိမ် ရိတ်သိမ်းရတာကိုသာ ပိုကြိုက်၏။ နောက်ဆုံးတွင် တစ်ပတ်လောက် ကျော်သွားရုံဖြင့်လည်း ရင့်မှည့်နေသော ဆေးပင်များမှာ ပျက်ဆီးသွားလိမ့်မည် မဟုတ်ပေ။
တစ်နာရီခန့်ကြာသောအခါ ကုအန် တောင်တစ်လုံးပေါ်တွင် လမ်းလျှောက်နေရင်း ကျိရှောင်ယု ၏တည်ရှိမှုကို ခံစားလိုက်ရသည်။ တခဏတွန့်ဆုတ်နေပြီးသည့်နောက် ကုအန်သူ့ကို သွားနှုက်ဆက်သင့်သည်ဟု ဆုံးဖြတ်လိုက်၏။
ကျိရှောင်ယုသည် သူ့ကိုကယ်တင်ခဲ့ပြီး အဆောင်စာရွက်ပေးဖူးရုံသာက ၀င်္ကပါတစ်ခုပင် ပေးခဲ့သည့်အပြင် ဆေးပင်မျိုးစေ့များလည်း ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် သူ့ကိုသွားမနှုတ်ဆက်ပါက အလွန်ရိုင်းရာ ကျသွားပေလိမ့်မည်။
နာရီ၀က်ခန့် ဆေးပင်များစစ်ဆေးပြီးသည့်နောက် ကုအန် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်လာခဲ့၏။
ကျိရှောင်ယုသည် တောင်ထိပ်ရှိ ကမ်းပါးစွန်းတွင် တတ်ိယေတာင်ကြားကို ကျောပေး၍ တရားထိုင်နေခြင်းဖြစ်ပြီး ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားခဲ့သည်။
“တတိယသခင်မလေးကို နှုတ်ဆက်ပါတယ်” ကုအန် ဦးညွတ်၍ ပြောလိုက်၏။
ထို့နောက် ကုအန်ချက်ချင်း သက်တမ်စစ်ဆေးခြင်းဖြင့်စစ်ဆေးလိုက်သည်။
[ကျိရှောင်ယု(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅): ၅၀/၄၀၀/၈၉၀၀]
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅!
သူကအရမ်းမြန်မြန်တိုးတက်လာတာပဲ!
ကျိရှောင်ယု ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။ “အနာဂတ်မှာ နင်ငါ့ကိုလာနှုတ်ဆက်စရာမလိုပါဘူး နင်ကဒီတောင်ကြားရဲ့သခင်ပဲလေ ထုံးတမ်းစဉ်လာတွေမလိုပါဘူး”
“တကယ်လို့ သခင်မလေးကျိ တစ်ခုခုလိုတာရှိရင် ကျွန်တော့်ကိုလာပြောလို့ရပါတယ် ဒါမှမဟုတ် တောင်ကြားကတပည့်တစ်ယောက်ယောက်ကိုပြောလည်းရပါတယ်” ကုအန်ပြန်ပြောလိုက်သည်။
“အင်း”
ကျိရှောင်ယု တစ်လုံးတည်းသာ ပြန်ပြောလိုက်၏။
ကုအန်လည်း ဘာဆက်ပြောရမည် မသိတော့သောကြောင့် ထွက်သွားဖို့ ပြင်လိုက်လေသည်။
ထိုစဉ်ကျိရှောင်ယု ရုတ်တရက်ပြောလိုက်၏။ “ကျိဟန်ထျန်းက ငါ့ရဲ့ဖိုးဖိုးကြီးပါ သူနင့်ကိုခက်ခဲအောင်တစ်ခုခုလုပ်ခဲ့ရင် ငါ့ဆီလာလို့ရတယ် နင်ကငါ့လူပဲလေ”
ကုအန် အမြန်ပြန်ပြောလိုက်သည်။ “ဒုဂိုဏ်းချုပ်က ကျွန်တော့်ကို မမျှမတမဆက်ဆံပါဘူး”
“ငါသူ့ကိုကောင်းကောင်းသိပါတယ် ငါငယ်ငယ်တုန်းကတောင် သူကငါ့ကို သူ့အစီအစဉ်အတွက်အသုံးချခဲ့တာ နင့်ရဲ့ ဖန်းအန်ဆိုတဲ့သရုပ်မှန်ကိုသိနေရင် နင့်ကိုအသုံးမချဘဲနေမှာမဟုတ်ဘူး အနာဂတ်မှာ အဓိပတိဂိုဏ်းထဲ နင်ငြင်းရခက်တဲ့ ကိစ္စတစ်ခုခုကြုံလာခဲ့ရင် ငါ့နာမည်ကိုသုံးပြီး ငြင်းလို့ရတယ်”
ကျိရှောင်ယုစကားများကြောင့် ကုအန်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။
နောက်ထပ် ကျောထောက်နောက်ခံတစ်ခု!
“နောက်ထပ် နတ်ဘုရားတို့၏ရာထူးများလို စာအုပ်ရေးဦး ငါတော့ နင်ရေးတဲ့စာအုပ်တွေက အကောင်းဆုံးပဲလို့ထင်တယ်” ကျိရှောင်ယု အေးစက်စက်ပြောလိုက်၏။
အဲ့ဒီတော့ သူလည်းစာဖတ်သူတစ်ယောက်ကိုး!
ကုအန်သဘောတူလိုက်ကာ သူနောက်တစ်အုပ်ရေးဖို့ ပြင်နေပြီဖြစ်ကြောင်းပြောလိုက်သည်။
“နင်သွားလို့ရပြီ”
ထိုစကားကြားသောအခါ ကုအန်လည်း အမြန်အရိုအေသပေး၍ ထွက်ခွာသွားခဲ့၏။
….
ညနေစောင်းချိန်တွင် ကုအန် ထျန်းယတောင်ကြားသို့ ရောက်လာခဲ့လေသည်။ ရိတ်သိမ်းချိန် ရောက်လာခဲ့ပြန်ပြီဖြစ်ပြီး ဒီတစ်ခေါက်တော့ သက်တမ်း ၅၀၀၀ ၆၀၀၀လောက် ရရမည်ဟု ကုအန်ခန့်မှန်းထားခဲ့သည်။
ကုအန် တောင်ကြားထဲသို့ရောက်ပြီး မကြာခင်တွင်ပင် သူမတွေ့ရတာကြာပြီဖြစ်သော လူတစ်ယောက်ကို အာရုံခံလိုက်မိ၏။
လီရွှမ်တောက်!
ဘာလို့သူကဒီရောက်နေတာလဲ!
ပြောကြတာတော့ မြို့တော်မှာလည်း မိစ္ဆာတွေကျူးကျော်နေတယ်ဆို!
“တောင်ကြားသခင် အရှင်မင်းကြီးရောက်နေတယ် အိမ်ထဲအမြန်လာတွေ့လှည့်” လျူဟွမ်၏ အော်သံသည် တောင်ကြားတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
ကုအန်လည်း ခေါင်းညိတ်ပြလိုက်ပြီး အိမ်ထဲသို့ အမြန်၀င်လာခဲ့၏။
လီရွှမ်တောက်သည် အခန်းထဲတွင် ထိုင်နေခြင်းဖြစ်ပြီး သူ့ဘေးတွင် လုရှန်နှင့် ယိလျူယွမ်တို့ရှိနေခဲ့ကြသည်။
ကုအန် အခန်းထဲရောက်သောအခါ လီရွှမ်တောက် လုရှန်ကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ကုအန်ကို ပြုံးပြလိုက်၏။ “ကုအန် မတွေ့တာကြာပြီနော် ကျင့်ကြံရတာ အဆင်ပြေရဲ့လား”
ကုအန် ရိုရိုသေသေ ဦးညွတ်လိုက်ပြီး ပြောလိုက်သည်။
“ပြေပါတယ် အရှင်မင်းကြီးရဲ့ဆေးပင်တွေ ကျေးဇူးကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ကိုရောက်ရှိခဲ့ပါပြီ”
“အဆင့် ၃က မလုံလောက်သေးဘူး မင်းပိုကြိုးစားပြီး ကျင့်ကြံရမယ် အခြေခံတည်ဆောက်ခြင်းအဆင့်၉ကိုရောက်ရင် ငါမင်းကို ဗဟိုအူတိုင်ဖွဲ့စည်းဖို့ ကူညီပေးမယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျွန်တော်ကြိုးစားပြီး ကျင့်ကြံပါ့မယ်”
ကုအန်ပြန်ပြောလိုက်ပြီးလုရှန်၏ သူ့အားအရှင်လတ်လတ်ဝါးစားတော့မတတ် အကြည့်များကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
သူသည် ကုအန်အား အချိန်အကြာကြီး သင်ကြားပေးခဲ့သော်လည်း ထိုကောင်သည် ဘာမှတတ်မလာခဲ့ပေ။ တစ်လတွင် တစ်ကြိမ်နှစ်ကြိမ်သာ သင်ရခြင်းကြောင့်သာမဟုတ်ပါက ကုအန် သူ့ကို တမင်စော်ကားနေသည်ဟုပင် လုရှန်ထင်မိမည် ဖြစ်၏။
ထို့နောက် လီရွှမ်တောက် ကုအန်အား ထိုင်ရန်အချက်ပြလိုက်ရာ ကုအန်လည်း မငြင်းတော့ဘဲ ၀င်ထိုင်လိုက်လေသည်။
လုရှန်နှင့် ယိလျူယွမ်တို့မှာတော့ လီရွှမ်တောက်ဘေးတွင်သာ ရပ်နေရသောကြောင့် လုရှန်ပို၍ မကျေမနပ်ဖြစ်လာခဲ့၏။
လီရွှမ်တောက် ကုအန်အားကြည့်ကာ နူးနူးညံ့ညံ့မေးလိုက်သည်။ “အခုနောက်ပိုင်း အဓိပတိဂိုဏ်းထဲမှာ ထူးခြားတာတစ်ခုခုဖြစ်သေးလား”
ကုအန် မျက်မှောင်ကြုံ့လိုက်ကာ တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။ “မိစ္ဆာဂိုဏ်းတွေက ကျူးကျော်တော့မယ်လို့ ကြားခဲ့ပါတယ် နောက်ပြီး ဂိုဏ်းချုပ်နဲ့ပတ်သက်ပြီး မကောင်းသတင်းမျိုးစုံလည်း ထွက်နေတယ်”
ကုအန် သူ့တတိယတောင်ကြားအကြောင်းမှလွဲ၍ သူကြားခဲ့သမျှအရာအားလုံးကို ပြောပြလိုက်လေသည်။
ကုအန်ပြောပြီးသောအခါ လီရွှမ်တောက်၏အပြုံး ပိုမိုပီပြင်လာခဲ့ပြီး ပြောလိုက်၏။ “ချူထျန်းချီက မာနကြီးပြီးလူတိုင်းကို အထင်သေးတယ် သူ့ကိုယ်ပိုင်ဂိုဏ်းကိုတောင် နယ်ရုပ်တွေလိုပဲ သဘောထားတာ သူဒီလိုအရာတွေလုပ်တယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး”
“မိစ္ဆာဂိုဏ်းထဲက ငါ့သူလျှိုတွေသတင်းပို့တာတော့ ဒီနှစ်ကုန်မှာ မိစ္ဆာလမ်းစဉ်က အဓိပတိဂိုဏ်းကို အားကုန်သုံးပြီး တိုက်လိမ့်မယ်”
ကုအန် ဝေခွဲမရဟန်ဖြင့် မေးလိုက်၏။ “မိစ္ဆာလမ်းစဉ်က ဆရာသခင်ဓားအရှင်ကိုမကြောက်ကြဘူးလား သူတို့ပြောတာတော့ ဆရာသခင်ဓားအရှင်က ကမ္ဘာပေါ်မှာ နံပါတ် ၁ ဓားကျင့်ကြံသူဆို”
လီရွှမ်တောက် ခေါင်းယမ်းလိုက်ကာ “ဒါပေါ့ သူတို့ကြောက်လို့ပဲ သူတို့တိုက်ကွက်ကို အခုမှ ထုတ်ကြတာပေါ့ ဆရာသခင်ဓားအရှင်ရဲ့ သရုပ်မှန်ကို မိစ္ဆာလမ်းစဉ်က ဖော်ထုတ်နိုင်သွားပြီ အဲ့ဒီပုဂ္ဂိုလ်က သန်မာပေမယ့် ပြိုင်ဘက်ကင်းတာတော့ မဟုတ်ဘူး”
အဲ့ဒီပုဂ္ဂိုလ်တဲ့လား!
ဆရာသခင်ဓားအရှင်ကို ဘယ်သူလို့ထင်သွားကြမှန်း ကုအန် အံ့ဩသွားမိသည်။
လီရွှမ်တောက် ကုအန်ကို ထပ်ကြည့်လိုက်ပြီး အလေးအနက်ပြောလိုက်၏။ “မိစ္ဆာလမ်းစဉ်နဲ့ လမ်းမှန်ဂိုဏ်းတွေကြားတိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူး ပုံမှန်ဆိုရင်တော့ ငါမင်းကို ဒီနေရာကပြောင်းရွှေ့ပေးရမှာဆိုပေမယ့် လီယကဒီမှာရှိနေတုန်းပဲ အဲ့တာကြောင့် အဓိပတိဂိုဏ်းကို ဆက်စောင့်ကြည့်ထားဖို့ မင်းကိုလိုနေသေးတယ် ဒါပေမယ့် ငါမင်းကိုကာကွယ်ဖို့ စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပို့ထားမယ် ဘယ်လိုလဲ”
ကုအန်သူ့ကို ချက်ချင်းကျေးဇူးတင်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဦးလေးတကယ်တော့ အဲ့တာတွေမလိုပါဘူး ကျွန်တော်က အပြင်စည်းဂိုဏ်းသားတစ်ယောက်သက်သက်ပဲကို မိစ္ဆာလမ်းစဉ်ကလူတွေက သတိတောင်ထားမိမှာမဟုတ်ပါဘူး ကျွန်တော့်အနားမှာ စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေမှသာ မိစ္တာလမ်းစဉ်က ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေရဲ့ အာရုံက်ိုဆွဲဆောင်မိသွားလိမ့်မယ်”
“စိတ်မပူပါနဲ့ ဒီပုဂ္ဂိုလ်က စွမ်းအင်ဖုံးကွယ်ခြင်းပညာမှာ ကျွမ်းကျင်တယ် သူ့ထက်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေတောင် သူ့ကိုသတိထားမိမှာမဟုတ်ဘူး” လီရွှမ်တောက် လက်ကာပြ၍ ပြောလိုက်သည်။
ငြင်းလို့မရတော့ဘူးလား!
ကုအန် စဉ်းစားချိန်ဆနေဟန်ဖြင့် လီရွှမ်တောက်ကို ကြည့်နေလိုက်၏။
လီရွှမ်တောက်ဆက်ပြောလိုက်သည်။ “မင်းကငါ့လူပဲလေ အဲ့တာကြောင့် ပုံမှန်အားဖြင့် ငါမင်းကို တစ်ခုခုဖြစ်မသွားစေချင်ဘူး အဲ့ဒီပုဂ္ဂိုလ်က လီယနဲ့လည်း ဆက်ဆံရေးကောင်းရှိတယ် အချိန်ကျလာရင် မင်းသူမကို လီယနဲ့မိတ်ဆက်ပေးလို့လည်းရတယ်”
ထိုမျှပြောနေသောအခါ ကုအန် ငြင်းဆန်၍ မဖြစ်တော့ပေ။
တစ်နာရီခန့်ကြာသောအခါမှ ကုအန် ဆေးပင်များခူးရန် အခန်းထဲမှ ထွက်လာခဲ့လေသည်။
အိမ်ထဲမှ နေ၍ ကုအန်အလုပ်ကြိုးစားနေသော ပုံရိပ်ကိုကြည့်ပြီး လီရွှမ်တောက် မှတ်ချက်ပေးလိုက်၏။
“ဒီကောင်လေး အလုပ်ကြိုးစားတာက ငါ့ကိုစိတ်ကျေနပ်စေတယ် မင်းသူ့ကိုအနာဂတ်မှာ ဂရုစိုက်ပေးရမယ်နော်”
လုရှန် မနေနိုင်တော့ဘဲ ထုတ်မေးလိုက်လေသည်။ “အရှင်မင်းကြီး ကျွန်တော့်ကို သတိပေးနေတာလား ကျွန်တော်သိချင်တာက အိမ်ရှေ့စံနဲ့လီယနှစ်ယောက်ကြား ဘယ်သူက ပိုအရေးကြီးလဲ”
ယိလျူယွမ်မျက်မှောင်ကြုံ့လိုက်သော်လည်း လုရှန်ကို မတားခဲ့ပေ။
လီရွှမ်တောက်ရယ်မောလိုက်ပြီး ပြောလိုက်၏။ “နှစ်ယောက်လုံးက အရေးကြီးပါတယ် မင်းကဘာကိုစိတ်ပူနေတာလဲ လီယကမြို့တော်မှာတောင် ရှိမနေဘူးလေ သူကအိမ်ရှေ့စံနေရာကို မခြိမ်းခြောက်နိုင်ပါဘူး ဒါပေမယ့်….”
“ဒါပေမယ့် ဘာဖြစ်လဲ”
“ဒါပေမယ့် လီယ ဧကရာဇ်အဆင့်ဓားသိုင်းကို မတတ်မြောက်သေးခင်အထိပေါ့”
အပိုင်း(၈၄)
နေကြတ်ခြင်း၊ကောင်းကင်၀ါးမျိုအမှောင်ငှက်
ဧကရာဇ်အဆင့်ဓားသိုင်းကိုတတ်တာက အိမ်ရှေ့စံနေရာအတွက် လိုအပ်ချက်လား!
ကုအန် ဆေးပင်ခူးနေရင်း ခိုးနားထောင်နေခဲ့၏။
ဧကရာဇ်အဆင့်ဓားပညာကို သူအတော်လေး ရင်းနှီးပေသည်။
အနာဂတ်တွင် အခွင့်ကြုံပါက လီယကို ပလ္လင်နေရာကိုစိတ်၀င်စားသလားဟုမေးပြီး ဧကရာဇ်အဆင့်ဓားသိုင်းအတွက် နည်းလမ်းတချို့ ပေးနိုင်၏။
နေပါဦး!
ဒီလူကြီးက တမင်ငါကြားအောင် ရည်ရွယ်ချက်ရှိရှိပြောနေတာလား!
ကုအန် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ လီရွှမ်တောက်သည် အခန်းထဲတွင် မည်သည့်စည်းမှချထားခြင်းမရှိဘဲ သူကြားအောင် တမင်ပင် အော်ပြောနေခြင်း ဖြစ်၏။
ကုအန်တစ်ခုခုကို ပြန်သတိရသွားမိသည်။ လီရွှမ်တောက်၏ ရည်မှန်းချက်မှာ အမတဧကရာဇ်တစ်ပါး ဖြစ်လိုခြင်း ဖြစ်၏။
ဧကရာဇ်များအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အိမ်ရှေ့စံသာ ဖြစ်နိုင်ပေသည်။ အမတကျင့်ကြံခြင်းကမ္ဘာမှမဟုတ်သော သာမန်ဧကရာဇ်များပင် အသက်အရွယ်ရလာလျှင် အိမ်ရှေ့စံများကို စိုးရိမ်ကြရပြီး အိမ်ရှေ့စံများမှာလည်း ပလ္လင်နေရာကို အလွယ်တကူ မရတတ်ကြပေ။
လီရွှမ်တောက်သည် လီယကိုသုံး၍ အိမ်ရှေ့စံကို ရှင်းပစ်ချင်နေခြင်းလော!
ထိုအရာသည် အမှန်တကယ်ပင် ဖြစ်နိုင်ပေသည်။
ကုအန် တွေးနေတာကိုရပ်လိုက်ပြီး ဆေးပင်ခူးခြင်းကိုသာ ပြန်အာရုံစိုက်လိုက်၏။ သူတို့သားအဖကြားတိုက်ပွဲကို သူတို့ကြားထဲထားလိုက်တာသာ ပိုကောင်းပေသည်။
လီရွှမ်တောက်ရောက်နေခြင်းကြောင့် ကုအန် ဆေးပင်ခူးပြီးပြီးချင်း တန်းမပြန်ခဲ့ဘဲ နောက်တစ်နေ့မနက်စောစောမှသာ တောင်ကြားမှ ထွက်ခွာလာခဲ့သည်။
သူထွက်လာချိန်မှာပင် လီရွှမ်တောက် တောင်ကြားမှ ထွက်မသွားသေးပေ။ သူပြောသည်မှာတော့ ထျန်းယတောင်ကြားတွင် ခဏနေဦးမည်ဟု ဆို၏။ ကြည့်ရသည်မှာ လီရွှမ်တောက် အဓိပတိဂိုဏ်းနှင့် မိစ္ဆာလမ်းစဉ်ကြား တိုက်ပွဲကို စောင့်ကြည့်ချင်နေပုံပင်။
…..
ဆန်းကြယ်တောင်ကြားသို့ ပြန်လာပြီးသည့်နောက် ကုအန် ဝူရှင်းနှင့် အခြားတပည့်များကိုခေါ်လိုက်ပြီး မိစ္ဆာလမ်းစဉ်က လာတိုက်တော့မည် ဖြစ်သောကြောင့် လျှောက်မသွားကြရန် မှာကြားလိုက်ရာ ဝူရှင်းနှင့်တပည့်အားလုံး စိတ်ဖိစီးသွားကြရသည်။
ကုအန်အခုကစ၍ ဆန်းကြယ်တောင်ကြားတွင် နေရန် စီစဉ်ထားခဲ့၏။ တတိယတောင်ကြားတွင် အကြီးအကဲထျန်းနှင့် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅၀ ရှိသောကြောင့် သိပ်စိတ်ပူစရာမလိုပေ။ ဆန်းကြယ်တောင်ကြားတွင်တော့ အစေခံတပည့်တစ်အုပ်သာ ရှိခြင်းဖြစ်သည်။
ယခုအချိန်တွင် ဆန်းကြယ်တောင်ကြားက သူ့ကိုထောက်ပံ့ပေးသော သက်တမ်းမှာ သူ့အတွက်အလွန်နည်းနေပြီဖြစ်သော်လည်း သူ့အောက်ရှိ သဘာ၀ဂူ ၈ လုံးမှာတော့ မတူပေ။ သို့သော် ဆန်းကြယ်တောင်ကြား၏ သက်တမ်းထောက်ပံ့နှုန်းမှာ အလွန်နည်းသည်ဆိုလျှင်တောင် ကုအန် ထိုတောင်ကြားကို လက်မလျှော့လိုသေးပေ။
၁၀ရက်ကြာပြီးနောက်
လီရွှမ်တောက် စီစဉ်ပေးထားသော စိတ်ဝိညဉ်အခြေတည်အဆင့် ကျင့်ကြံသူ ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့လေသည်။
ကုအန် ဉယျာဉ်ခြံစည်းရိုးရှေ့တွင် ရပ်နေရင်း အဝေးတစ်နေရာကို ကြည့်နေခဲ့၏။ အဝိုင်းပုံဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ဓားတစ်လက်ကိုလွယ်ထားသော အမျိုးသမီးတစ်ယောက်သည် ဆန်းကြယ်တောင်ကြားဆီသို့ ဦးတည်၍ လျှောက်လာနေခဲ့သည်။
[ယန်နီ(စိတ်ဝိညဉ်အခြေတည်အဆင့်၉): ၂၀၄/၇၈၀/၁၃၆၀]
အသက်၂၀၀ အရွယ် စိတ်ဝိညဉ်အခြေတည်အဆင့်ဆိုသည်မှာ အတော်လေး ပါရမီကောင်းသည့်ထဲတွင် ပါ၏။
ကုအန် ယန်နီ ဆီသို့သွားလိုက်ကာ မိတ်ဆက်လိုက်သည်။
“ကျွန်တော်က တောင်ကြားသခင်ကုအန်ပါ ဒီကတာအိုမိတ်ဆွေကဘယ်သူလဲ သိပါရစေ”
ယန်နီသည် ရုတ်ချည်းရောက်ရှိလာသောကြောင့် ကုအန် အံ့ဩချင်ယောင်ဆောင်ကာ မေးလိုက်ခြင်း ဖြစ်၏။
“နင့်ရဲ့နောက်ထပ် ဆေးတောင်ကြားတစ်ခုရဲ့တံဆိပ်ပြားကို ကြည့်ပါရစေ” ယန်နီ အသံကူးေပြာင်းနည်းဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး သူအသံသည် အေးစက်နေသော်လည်း နှစ်လိုဖွယ်လည်း ကောင်းလှသည်။ သူမအသံကိုကြားရုံဖြင့် ချောမောလှပသော အမျိုးသမီးတစ်ယောက်ဟု သိနိုင်သော အသံမျိုး ဖြစ်၏။
ကုအန် ချက်ချင်းထျန်းယတောင်ကြားတံဆိပ်ပြားကို ထုတ်ပြလိုက်ပြီး ယန်နီလည်း ယူကြည့်၍ စစ်ဆေးလိုက်ပြီး ပြန်ပေးလိုက်သည်။
“ငါကအရှင်မင်းကြီးအမိန့်တော်နဲ့ မင်းကိုကာကွယ်ဖို့လာခဲ့တာ အခုကစပြီး ငါကနင့်လက်အောက်က အပြင်စည်းဂိုဏ်းသားတစ်ယောက်ပဲ” ယန်နီ ထပ်၍ အသံကူးပြောင်းလိုက်၏။
ကုအန် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “ကြည့်ရတာ အကြီးအကဲဟန်ကညွှန်လိုက်တဲ့ပုံပဲ ကျွန်တော်မိန်းကေလးအလာကိုစောင့်နေတာကြာပါပြီ”
ပြောပြီးသည်နှင့် ကုအန် ယန်နီ ကိုသူ့အိမ်ထဲသို့ ခေါ်သွားလိုက်၏။
အိမ်ထဲသို့ ရောက်သောအခါ ကုအန် တံခါးပိတ်ပြီး ပြောလိုက်သည်။
“တောင်ကြားမှာက ချီကျင့်ကြံခြင်းအဆင့်တပည့်တွေပဲရှိကြတာ စိတ်ပူစရာမရှိပါဘူး”
သို့သော်လည်း ယန်နီ သူ့လက်အားဝေ့ယမ်းလိုက်ပြီး အခန်းအား စည်းချလိုက်လေသည်။
သတိကြီးလိုက်တာ!
စည်းချပြီးသောအခါ ယန်နီ စားပွဲတွင်၀င်ထိုင်လိုက်ပြီး သူ့ရတနာဓားကို စားပွဲပေါ်တင်လိုက်ပြီး ဦးထုပ်ဝိုင်းကို ချွတ်လိုက်ရာ သူ့ဆံနွယ်နက်များသည် ရေတံခွန်တစ်စင်းကဲ့သို့ ပြန့်ကျလာခဲ့၏။ သူ၏ပုံစံမှာ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်ပုံစံပင် ဖြစ်ပေသည်။
သူမ၏ အသွင်အပြင်မှာ ချစ်စရာကောင်းကာ သိမ်မွေ့ပုံပေါ်သော်လည်း သူ့အား ရေခဲဘုရင်မတစ်ပါးကဲ့သို့ ထင်သွားစေသော အေးစက်စက်အလင်းမျိုးလည်း မျက်လုံးထဲတွင် ရှိနေခဲ့၏။ ထို့အကြောင့် သူ့အလှသည် ချဉ်းကပ်ရန်မလွယ်သော အလှမျိုးဖြစ်ပြီး သူ့ကိုတိုက်ရိုက်ကြည့်ဖို့ ခက်ခဲလှသည်။
သူကုအန်ကို အကဲခတ်လိုက်ပြီး မေးလိုက်သည်။
“ငါကြားတာတော့ နင်ကလီယနဲ့ ရင်းနှီးတယ်ဆို”
“ဟုတ်ပါတယ် စီနီယာအစ်ကိုလီယက ကျွန်တော်နဲ့အတူဆေးတောင်ကြားကို တစ်ရက်တည်း၀င်ခဲ့ကြတာပါ” ကုအန် ပြန်ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ ယန်နီ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့ပြီး သူ့မျက်နှာလေးမှာ ပို၍ပင် လှလာခဲ့သည်။
သို့သော် ကျိရှောင်ယုလိုအလှပိုင်ရှင်မျိုးကို မြင်ဖူးထားသောကြောင့် ကုအန်ထိုအကြောင်းအရမ်းတော့ မတွေးခဲ့ပေ။
“အဲ့ကောင်လေးက ခေါင်းမာလွန်းတယ် သူ့၀မ်းကွဲတွေနဲ့တောင် အဆင်ပြေတာမဟုတ်ဘူး နင့်လို အစေခံတပည့်တစ်ယောက်နဲ့ကျမှ ဒီလောက်ရင်းနှီးနေမယ်လို့ ငါတကယ်ထင်မထားခဲ့ဘူး” ယန်နီ သဘောကျဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် ယန်နီ သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းထုတ်ကာ ပြောလိုက်၏။
“ဒါက ထိပ်တန်းအဆင့် ဓမ္မအသုံးအဆောင်တစ်မျိုးပဲ စိတ်ဝိညဉ်စွမ်းအင်ကို သိုလှောင်ပေးနိုင်တယ် ဒါကိုတွေ့ဆုံခြင်းလက်ဆောင်လို့ မှတ်လို့ရတယ်”
စိတ်ဝိညဉ်စွမ်းအင် သိုလှောင်နိုင်ခြင်း!
ထိုအရာသည် ရှားပါးပေသည်။
ကုအန် ချက်ချင်းလက်ကာပြလိုက်ကာ ပြောလိုက်၏။
“ယူလို့မဖြစ်ပါဘူး စီနီယာကကျွန်တော့်ကို ကာကွယ်ဖို့လာခဲ့တာကို ကျွန်တော်က လက်ဆောင်တစ်ခုပါလက်ခံလိုက်လို့ ဘယ်ဖြစ်မလဲ”
“ငါပေးလိုက် ယူသာယူလိုက်ပါ လီယ အမေက ငါ့အစ်မပဲ နင်ကလီယနဲ့ ရင်းနှီးတယ်ဆိုတော့ ငါ့ဂျူနီယာတစ်ယောက်လို့ပါပဲ” ယန်နီ စိတ်မရှည်ပုံဖြင့် ပြောလိုက်ပြီး လက်ကောက်ကို ကုအန်ဆီ ပစ်ပေးလိုက်ကာ စာအုပ်စင်ဆီ လျှောက်သွားလိုက်လေသည်။
“နင်လုပ်စရာရှိတာကိုလုပ်နေ ငါ့ကိုစိတ်ထဲမထားနဲ့”
ကုအန် လက်ကောက်ကိုဖမ်းထားလိုက်ပြီး ဤအိမ်သည် သူ့အိမ်ဟု ပြောလိုက်ချင်သော်လည်း ယန်နီ့ပုံစံသည် ဤနေရာတွင် နေချင်ပုံပေါ်နေသောကြောင့် သူ့တွင်ထွက်သွားရုံမှ လွဲ၍ ရွေးချယ်စရာမရှ်ိတော့ပေ။
ရှန်းကျန်နှင့် တွေ့ပြီးကတည်းက ကုအန် သူ့အခန်းထဲတွင် မည်သည့်လူမြင်မခံဝံ့သည့် ပစ္စည်းကိုမှလည်း မထားတော့ပေ။
ယန်နီသည် အချိန်ပြည့် အခန်းထဲတွင်သာနေပြီး အပြင်သို့ထွက်တာရှားသောကြောင့် ယန်နီ့ရောက်ရှိလာမှုသည် ဆန်းကြယ်တောင်ကြားကို ဘာမှမသက်ရောက်ခဲ့ပေ။
သို့သော် ကုအန် တတိယတောင်ကြားသို့ သွားရန်ပြင်သောအခါ ယန်နီလိုက်လာ၍ ကုအန်လည်း ဘာမှမတတ်နိုင်တော့ဘဲ ခေါ်ခဲ့ရေလသည်။
တတိယတောင်ကြားသို့ရောက်သောအခါ ယန်နီ အံ့အားသင့်သွားပြီး ကုအန်အပေါ်လည်း အမြင်ပြောင်းလဲသွားခဲ့၏။
ဤအစေခံတပည့်သည် မရိုးရှင်းပေ!
ယန်နီ လီယကိုပြန်ပြောမည်ကိုတော့ ကုအန် မကြောက်ပေ။ ယခုပင် လီရွှမ်တောက်သည် သူ့တတိယတောင်ကြားအကြောင်း သိပြီးနေပြီဖြစ်လောက်ပြီး ထိုအရာကို ဖုံးကွယ်ထားရန်မှာ ခက်ခဲလှသည်။
အကယ်၍ လီရွှမ်တောက်သူ့အား ထိုကိစ္စကြောင့် သံသယ၀င်သွားမှာကိုလည်း ကုအန်မကြောက်ပေ။
သူ့နှလုံးသားထဲ၌ လီရွှမ်တောက်ကို အဓိပတိဂိုဏ်းလောက် ကြောက်မနေပေ။
ဤသို့ဖြင့် ယန်နီ ကုအန်နောက်လိုက်ကာ ကုအန် ကင်းလှည့်ခြင်း ဆေးပင်ခူးခြင်း ပျိုးကြဲခြင်းများကို လိုက်ကြည့်ခဲ့လေသည်။
တစ်လခန့်ကြာသောအခါ ယန်နီ၏ ကုအန်အပေါ် အမြင်ပိုမိုကောင်းမွန်လာခဲ့၏။
ကုအန်သည် အလွန်ရိုးသားကာ အစေခံတပည့်များကိုပင် ကြင်ကြင်နာနာဆက်ဆံပြီး မည်သူ့ကိုမှလည်း ခြိမ်းခြောက်ခြင်းမျိုးမရှ်ိပေ။ ယန်နီ လီယဘာကြောင့် ကုအန်ကို သဘောကျရသလဲဟူသော အချက်ကိုပင် နားလည်လာခဲ့သည်။
ဤသို့ဖြင့် နေ့ရက်များ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့၏။
ဆောင်းနှင်းများ ကျရောက်လာပြီး ဆန်းကြယ်တောင်ကြားတစ်ခုလုံးသည် နှင်းများဖြင့် ဖုံးအုပ်နေခဲ့ပြန်သည်။
လီရွှမ်တောက်ပြောပုံအရ မိစ္ဆာလမ်းစဉ်သည် အဓိပတိဂိုဏ်းကို နှစ်ကုန်ချိန်တွင် ကျူးကျော်မည်ဆိုသောကြောင့် ကုအန် နေ့တိုင်းစိတ်မအေးနိုင် ဖြစ်နေခဲ့ရ၏။
ထိုနေ့တွင် ဆန်းကြယ်တောင်ကြား၌
ကုအန်နှင့်ဝူရှင်းတို့ အစေခံတပည့်များကို နှင်းများရှင်းလင်းရန် ဦးဆောင်နေချိန်တွင် ယန်နီမှာတော့ ခပ်ဝေးေ၀းရှိ ဉယျာဉ်ခြံစည်းရိုးရှေ့တွင်ရပ်နေကာ သူ့လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားခဲ့သည်။
“စီနီယာအစ်ကိုကြီး အဲ့ဒီအပြင်စည်းတပည့်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ” ကုအန် သူ့ဘေးရှိ ကုအန်ကို စိတ်၀င်တစားမေးလိုက်၏။
ယန်နီ့ပုံစံမှာ အမြင်နှင့်ပင် အလွန်သန်မာပုံ ပေါ်နေပေသည်။
“မင်းအလုပ်မဟုတ်ပါဘူး သူကငါ့တပည့်နော် အဲ့ဒီကိစ္စကိုတွေးတောင်မတွေးနဲ့” ကုအန် ခပ်တင်းတင်း တုံ့ပြန့်လိုက်၏။
ဝူရှင်း ရယ်မောလိုက်ကာ “အစ်ကိုကြီးက ကျွန်တော့်ကို တကယ်နားလည်တာပဲ အစ်ကိုကြီးကျွန်တော့်အတွက်ရောဘယ်တော့ကျ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူလက်ေထာက်တစ်ေယာက်စီစဉ်ပေးမှာလဲ ကျွန်တော့်မှာသာ အခြေခံတည်ဆောက်ခြင်းအဆင့် လက်ထောက်တစ်ယောက်ရှိနေရင် ဘယ်သွားသွား မျက်နှာပွင့်နေမှာပဲ”
“ငါစီစဉ်ပေးရင်ရောမင်းက သူ့အတွက် တာ၀န်ယူရဲမှာ မလို့လား”
ထိုစကားကိုကြားသောအခါ ဝူရှင်းတစ်ခုခုကိုတွေးမိသွားဟန်ဖြင့် ဘာမှဆက်မပြောတော့ပေ။
ကုအန်လည်း နှင်းများကို ဆက်ရှင်းနေခဲ့သည်။
တစ်ခဏကြာသောအခါ ကုအန် တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် မျက်ခုံးများတွန့်ကွေးသွားသော်လည်း လုပ်လက်စအလုပ်ကိုတော့ မရပ်ခဲ့ပေ။
ခပ်လှမ်းလှမ်းရှ်ိ ယန်နီမှာလည်း တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် တောင်ဘက်ရှိ တောင်ထိပ်တစ်ခုပေါ်သို့ ခုန်တက်သွားခဲ့ရာ တောင်ကြားရှ်ိ လူတိုင်းသူမကို ကြည့်လိုက်မိကြသည်။
နှင်းမုန်တိုင်းတိုက်သလို ကျဆင်းနေသော နှင်းထုထဲတွင် ယန်နီ၏ ပုံရိပ်မှာ နှင်းမုန်တိုင်းထဲ ပါသွားတော့မလို ဖြစ်နေခဲ့၏။
“သူဘာဖြစ်လို့လဲ” ဝူရှင်း ကုအန်ကို မေးလိုက်လေသည်။
ကုအန်လည်း မော့ကြည့်ကာ ဖြေလိုက်၏။ “ငါလည်းမသိဘူး သူပြန်ဆင်းလာမှ မေးကြည့်ကြတာပေါ့”
ဂူးးး ဂူးးးး
ထိုစဉ်ငှက်အော်သံကြီးများသည် ကောင်းကင်ပေါ်တွင် ဟိန်းထွက်၍ လာခဲ့ပြီး လေတိုးသံများပင် ပျောက်ကွယ်သွားခဲ့ရသည်။
ရုတ်တရက်ထွက်ပေါ်လာသော ငှက်အော်သံများကြောင့် လူတိုင်းမျက်မှောင်ကြုံ့သွားမိပြီး အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြဧ်။။
ဝူရှင်း တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် သူ့မျက်နှာအမူအရာရုတ်တရက်ပြောင်းလဲသွားခဲ့ကာ အမြန်အော်ပြောလိုက်လေသည်။
“လူတိုင်းအထဲ၀င်နေကြ အမြန် အမြန်!”
သူပြောပြီးသည်နှင့် ကုအန်လက်ကိုဆွဲကာ အိမ်ထဲသို့ ပြေးသွားလေတော့သည်။
ကုအန် သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ပြောလိုက်၏။
“မင်းတို့အိမ်ထဲ၀င်နေကြ ငါကဆေးတောင်ကြားကို စောင့်ကြည့်ဖို့လိုသေးတယ်”
ဝူရှင်းနောက်ပြန်လှည့်လိုက်ကာ အမြန်ပြောလိုက်သည်။ “အဲ့တာက ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မိစ္ဆာသားရဲ ကောင်းကင်ဝါးမျိုအမှောင်ငှက်နော်အစ်ကိုကြီး အခြေခံတည်ဆောက်ခြင်းတစ်ယောက် ကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး”
“အမြန်၀င်စမ်းပါ ငါကသူနဲ့တိုက်ခိုက်မှာမဟုတ်ဘူး မင်းဘယ်သူလဲဆိုတာ မမေ့နဲ့” ကုအန် ခပ်တင်းတင်းပြန်ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ ဝူရှင်း အံတင်းတင်းကြိတ်လိုက်ပြီး အိမ်ထဲသို့ ပြေး၀င်သွားခဲ့သည်။
မကြာခင်တွင် တောင်ကြားထဲ၌ ကုအန်တစ်ယောက်သာကျန်ခဲ့ပြီး ကျန်တပည့်များမှာ အိမ်ထဲတွင်ရောက်နေကြပြီး ပြတင်းပေါက်များမှသာ ကောင်းကင်ပေါ်သို့ ချောင်းကြည့်နေခဲ့ကြ၏။
ကုအန် ထိုကောင်းကင်ဝါးမျိုအမှောင်ငှက်ကို အစကတည်းက သတိထားမိပြီးသား ဖြစ်သည်။
သန်မာလိုက်တာ!
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်နဲ့တောင် ယှဉ်လို့ရတယ်!
ဝူးးး ဝူးးးး
ပြင်းထန်သော လေများ တောင်ဘက်မှတိုက်ခတ်လာပြီး နှင်းမုန်တိုင်းသည် ဆန်းကြယ်တောင်ကြားကို ဖြတ်၍ တိုက်ခတ်နေခဲ့သည်။ ကုအန် ယမ်းခါနေသော သူ့ဆေးပင်လေးများကို ကြည့်ပြီး နှလုံးသားထဲနာကျင်နေရသော်လည်း ယန်နီနှင့် တပည့်များရှေ့တွင် သူ့ကျင့်ကြံခြင်းကိုထုတ်ပြ၍ မရသောကြောင့် အဆင့်မြင့်အပင်များကိုသာ အခြေခံတည်ဆောက်ခြင်းစွမ်းအားသုံး၍ ကာကွယ်နေခဲ့ရ၏။
ထိုအခိုက်တွင် ယန်နီ ကုအန်ဘေးသို့ ရောက်လာပြီး အလံတိုင်ကြီးတစ်ခုကိုထုတ်ကာ မြေပြင်ပေါ်စိုက်ချလိုက်ပြီး လက်ဝါးဖြန့်၍ ထိုအလံတိုင်ထဲသို့ စိတ်ဝိညဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။
ထိုအခါ အလံတိုင်သည် ယမ်းခါလာခဲ့ပြီး အလင်းအကာအကွယ်တစ်ခုပေါ်လာကာ ထိုအလင်းသည်ကြီးမားလာပြီး ကုအန်တို့ကို ဖုံးအုပ်သွားခဲ့ပြီး လေဒဏ်နှင်းဒဏ်မှ ကာကွယ်ပေးခဲ့၏။
ထိုအခါမှ ယန်နီ သက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီးကုအန်ဘက်လှည့်ကာ ဆူလိုက်သည်။ “နင်ရူးနေလား ဒီဆေးပင်တွေက ဘာလုပ်ရမှာမလို့လဲ မိစ္ဆာချီတွေကို သတိမထားမိဘူးလား”
ကုအန် ပြန်ပြောလိုက်၏။ “ကျွန်တော်သတိထားမိပါတယ် ဒါပေမယ့် ကျွန်တော်တောင်သတိထားမိရင် အဓိပတိဂိုဏ်းက ကြီးမြတ်တဲ့ကျင့်ကြံသူတွေလည်း သတိထားမိမှာ သေချာ…”
ဝုန်းးး
ကြောက်စရာကောင်းသော လေထုဖိအားကြီးတစ်ခု သက်ရောက်လာသောကြောင့် ကုအန် ရော အခြားတပည့်များပါ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြလေသည်။
ထိုအခါ ကျယ်ပြန့်လှသော နှင်းမြူထုကြီး ပြိုကွဲသွားကာ နေမင်းကိုပင်ဖုံးအုပ်သွားကာ ကောင်းကင်တစ်ပြင်လုံးမည်းမှောင်သွားအောင် ကြီးမားသော မိစ္ဆာငှက်ကြီးတစ်ကောင်ကို မြင်လိုက်ရ၏။ ထိုငှက်ကြီး ဆန်းကြယ်တောင်ကြားပေါ်မှ ဖြတ်ပျံသွားသောအခါ တောင်ကြားတစ်ခုလုံးပင် ခဏတာ မှောင်မည်းသွားခဲ့ရသည်။
ကုအန်လည်း ထိုကောင်းကင်ဝါးမျိုအမှောင်ငှက်ကြီး၏ အရွယ်အစားကြောင့် အံ့အားသင့်သွားခဲ့ရ၏။ သူ့နေရာမှကြည့်လျှင် ထိုငှက်ကြီးများ၏ အတောင်ပံမှာပင် မိုင်တစ်ရာကျော်ရှည်လျားသည်ကို အံ့အားသင့်ဖွယ် တွေ့နေခဲ့ရသည်။
ကောင်းကင်ဝါးမျိုအမှောင်ငှက်ကြီး၏ ကျောပေါ်တွင်မူ မိစ္ဆာကျင့်ကြံသူများရှိနေကြပြီး အရေအတွက်မှာလည်း ထောင်နှင့်ချီ၏။
ထိုငှက်ကြီးသည် အဓိပတိဂိုဏ်း၏ အပြင်စည်းမြို့ဆီသို့ ဦးတည်၍ သွားနေလေသည်။
“ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ ကောင်းကင်ဝါးမျိုအမှောင်ငှက် အဆင့် ၆မိစ္ဆာသားရဲ မင်းဆက်တွေကိုဖျက်ဆီးနိုင်လောက်အောင် သန်မာတယ်တဲ့ ဒါကပထမဆုံးအကြိမ်ဒီကောင်ကြီးကို မြင်ဖူးတာပဲ” ယန်နီ ကောင်းကင်ကိုမော့ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေခဲ့၏။
ကုအန်ဘာမှပြန်မပြောဘဲ ငှက်ကြီးကိုကြည့်ကာ ထိုငှက်ကြီး သူ့ဆန်းကြယ်တောင်ကြားကို ပစ်မှတ်မထားဖို့သာ မျှော်လင့်နေခဲ့သည်။
ကောင်းကင်ဝါးမျိုအမှောင်ငှက်ကြီး ဆန်းကြယ်တောင်ကြားပေါ်မှ ဖြတ်ပျံပြီးသောအခါမှ တောင်ကြားထဲသို့ နေရောင်ပြန်ကျလာခဲ့ပြီး နှင်းမှုန်များလည်း ပြန်ကျလာခဲ့၏။
ထိုအခါမှသာ တပည့်များအားလုံး သက်ပြင်းချနိုင်သွားခဲ့သည်။
ကုအန်မှာတော့ ကြီးမြတ်သောကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို အာရုံခံမိနေခဲ့၏။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်!
နောက်ပြီးနှစ်ယောက်တည်းတိုက်နေတာမဟုတ်ဘူး!
ထိုတိုက်ပွဲသည် သူတို့နှင့်အတော်ဝေးသော အပြင်စည်းမြို့တစ်ခုတွင် ဖြစ်နေခြင်း ဖြစ်ပေသည်။