အခန်း (၈၅-၈၆)
Vol. 8 Ch. 85-86
အပိုင်း(၈၅)
နတ်လက်ချောင်းသိုင်းကိုပထမဆုံးအကြိမ်အသုံးပြုခြင်း၊ ရှုလျန်မိစ္ဆာသခင်
အပြင်စည်းမြို့တွင်
မြို့ရိုးပေါ်တွင် အပြင်စည်းဂိုဏ်းသားများနှင့် ပြည့်နှက်နေခဲ့ပြီး ထိုထဲတွင် ရီလန်နှင့် ကျန်းချင်တို့လည်း ပါပေသည်။ ယခုအခါ တပည့်များအားလုံး၏ မျက်ခုံးများ တွန့်ကွေးနေကြပြီး ကြောက်စရာရန်သူတစ်ေယာက်နှင့် ရင်ဆိုင်နေရသလို နေရာတစ်ခုသို့ မော့ကြည့်နေကြ၏။
ဂူးးး ဂူးးး
ဆန်းကြယ်သော ငှက်အော်သံကြီးများသည် မြေအောက်ကမ္ဘာမှ တစ္ဆေအော်သံကြီးများကဲ့သို့ ထပ်မံထွက်ပေါ်လာခဲ့ရာ တပည့်များ၏ နှလုံးများသည် စစ်ဗုံကြီးများလို တဒုန်းဒုန်းခုန်လာခဲ့ကြသည်။
ထိုစဉ် အရိပ်ကြီးတစ်ခုလုံးသည် ကောင်းကင်ကြီးတစ်ခြမ်းကိုဖုံးတော့မလို ထွက်ပေါ်လာခဲ့လေသည်။
“ဘာ….ဘာကြီးလဲ” ကျန်းချင်တုန်ခါနေသော အသံဖြင့်မေးလိုက်၏။
ရီလန်လည်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အရင်ကသူသည် သူ့ကိုယ်သူလောကကြီးရှိ အရာအတော်များများကို မြင်ဖူးသည်ဟုထင်ထားသော်လည်း သူ့ရှေ့မှမြင်ကွင်းကို တွေ့လိုက်ရသောအခါ ကြက်သေသေသွားခဲ့ရ၏။
ကြီးမားသော အရိပ်နက်ကြီးသည် ပင်လယ်နက်ကြီးကဲ့သို့ အဆုံးအစကိုပင် မမြင်ရဘဲ ကောင်းကင်ယံကို ပိုမိုဖုံးလွှမ်းလာခဲ့ကာ ငှက်အော်သံများလည်း ပိုမိုကျယ်လောင်လာခဲ့သည်။
လူတိုင်းသည်လည်း ထိုအရိပ်နက်ကြီးနှင့် ရင်ဆိုင်ရသည်မှာ အမှောင်ထုနက်ကြီးထဲသို့ ကျရောက်သွားတော့မလို ခံစားနေခဲ့ကြရ၏။
ထိုစဉ် အပြင်စည်းမြို့ထဲမှ ဖိအားတစ်ခုထွက်ပေါ်လာသောကြောင့် တပည့်များ မြို့ထဲသို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ လေထဲတွင် ပျံဝဲနေသည့် ဒါဇင်နှင့်ချီသောဓားပျံများကို တွေ့လိုက်ရပြီး ဓားပျံများသည် အဝိုင်းပုံပတ်နေခဲ့ကာ သူတို့ကိုယ်မှ ရွှေရောင်စိတ်ဝိညဉ်စွမ်းအင်များ ထွက်ပေါ်နေကြ၏။ ထို့နောက် ဓားပျံများသည် အပေါ်သို့ ပျံတက်သွားကြပြီး မြို့ရိုးကိုဖြတ်ကျော်သွားသောအခါ သူတို့ကိုယ်ရှိ ရွှေရောင်စိတ်ဝိညဉ်စွမ်းအင်များသည် စုစည်းသွားကာ ရွှေရောင်ဖီးနစ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရွှေရောင်ဖီးနစ်ကြီးသည် အတောင်တစ်ဖက်ကို ကိုက်၁၀၀လောက် ရှည်လျားပြီး ကောင်းကင်ပေါ်ရှိ ကြောက်စရာ အရိပ်နက်ကြီးဆီသို့ ပျံတက်သွားခဲ့၏။
“အရှင်မိစ္ဆာဧကရာဇ် ဘာကိုစောင့်နေတာလဲ”
အေးစက်စက်အသံကြီးသည် ကောင်းကင်နှင့်မြေပြင်ရှိ ဆူညံသံအားလုံးကိုဖုံးလွှမ်း၍ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင်
မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ် ဖြည်းဖြည်းချင်းထရပ်လိုက်ရာ သူနှင့်မျက်ေစာင်းထိုးရှိ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၅ ကျင့်ကြံသူတစ်ယောက်လည်း ထရပ်လာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်အကြည့်များ စုံသွားကြ၏။
“မင်းကို ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး မင်းကမင်းကိုယ်မင်းကောင်းကောင်းဖုံးကွယ်နိုင်ခဲ့တာပဲ”
အဓိပတိဂိုဏ်းမှ အကြီးအကဲ၏အသံထွက်ပေါ်လာခဲ့ပြီး ပြောနေရင်း သူ့လက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် ကျောက်စိမ်းပေတံတစ်ချောင်းလည်း ထွက်ပေါ်လာခဲ့သည်။
အခြားအဓိပတဂိုဏ်းမှ ကျင့်ကြံသူများ ထရပ်လာကြပြီး သူတို့၏ ကျင့်ကြံခြင်းမှာလည်း နတ်အသွင်ပြောင်းခြင်းအဆင့် အထက်များ ဖြစ်ကြ၏။ သူတို့ အားလုံးထရပ်လိုက်သောအခါ စင်မြင့်ပေါ်တွင်ထိုင်နေသော အခြားကျင့်ကြံသူများလည်း ထရပ်လိုက်ကြပြီး နောက်ဆုတ်သွားခဲ့ကြသည်။
နောက်ဆုတ်သွားသည့်အထဲတွင် သရဲမိခင်လည်းပါပြီး သူမပုံစံသည် သာမန်ကျင့်ကြံသူတစ်ယောက်နှင့် ဘာမှမခြားပေ။
“ဟီးးး”
မြေအောက်ကမ္ဘာမိစ္ဆာအရှင်သခင်ထံမှ ကြားရသူကို ဦးခေါင်းခွံပင် ထုံကျင်သွားစေနိုင်သော အေးစက်စက်ရယ်သံကြီး ထွက်ပေါ်လာခဲ့၏။ သူ၏ အေးအေးဆေးဆေးဖြစ်နေသော မျက်နှာကြီးမှာလည်း ရုတ်ချည်းရှုံ့တွသွားခဲ့ပြီး သူ့၀တ်စုံထဲမှ မိစ္ဆာစွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေတော့သည်။
ဂျိန်းး ဂျလိန်းးး
ကောင်းကင်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးတိမ်တိုက်များသည် အရပ်မျက်နှာအနှံ့မှ လိမ့်တက်လာခဲ့ကြပြီး နှင်းမြူထုကြီးတစ်ခုသည် ဒုတိယကောင်းကင်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။
မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ် မော့ကြည့်လိုက်ပြီး သူ့မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် မြေပြင်ကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ကောင်းကင်ပြုပြင်စင်မြင့်ကို ဖုံးအုပ်ထားသော မိစ္ဆာချီများ လိမ့်တက်သွားခဲ့ပြီး နှင်းများကြားထဲမှ မိစ္ဆာတစ္ဆေများ တွားသွား၍ ထွက်လာခဲ့ကြကာ သူတို့အော်သံသည် ကောင်းကင်နှင့်မြေပြင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာလမ်းစဉ်တို့ကြား တိုက်ပွဲမှာ စတင်ခဲ့လေပြီ!
….
ကုအန် သူ့တပည့်များနှင့်အတူ ဆေးပင်များကို စစ်ဆေးနေခဲ့သည်။ လေပြင်းများတိုက်ခတ်ခဲ့သောကြောင့် တောင်ပေါ်မှ နှင်းခဲများလျှောကျလာခဲ့ပြီး သူတို့ဆန်းကြယ်တောင်ကြားသည် နှင်းများဖြင့် ပြည့်နှက်နေခဲ့၏။
ကုအန်ဘေးရှ်ိ ယန်နီမှာတော့ နှင်းများကိုမရှင်းဘဲ ကောင်းကင်ကိုသာ မျက်မှောင်ကြုံ့၍ ကြည့်နေခဲ့သည်။
ထိုစဉ် ဝူရှင်းကုအန်နား ကပ်လာပြီး မေးလိုက်သည်။ “စီနီယာအစ်ကိုကြီး ဒီတိုက်ခိုက်မှုကြီးက အဓိကတိုက်ခိုက်မှုကြီးနဲ့ တူမနေဘူးလား”
ကုအန်လည်း စိတ်ထဲတွင် ကျန်းချောင်ကိုကြိတ်၍ ကျိန်ဆဲလိုက်မိဧ။။် ကျန်းချောင်ပြောခဲ့သည်မှာ မိစ္ဆာကျူးကျော်မှုသည် ဤဘက်ခြမ်းမှ မစနိုင်ဘူးလို့ ပြောခဲ့သည် မဟုတ်ပါလား။
သို့သော်ယခုတော့ မိစ္ဆာလမ်းစဉ်သည် ဤဘက်ခြမ်းမှစ၍ ကျူးကျော်နေသည်ဟု သူအဘယ်ကြောင့် ခံစားနေရပါသနည်း။
“စိတ်မပူပါနဲ့ အဓိပတိဂိုဏ်းကလွယ်လွယ် ဖျက်ဆီးလို့ရတဲ့နေရာမဟုတ်ဘူး” ကုအန် နှစ်သိမ့်လိုက်သည်။
ကုအန် အပြင်စည်းမြို့ထဲမှ သာမန်မဟုတ်သော အားကောင်းသည့်မိစ္ဆာစွမ်းအင်များကို အာရုံခံမိနေခဲ့ပြီး ထိုအရာများ မည်သည့်နေရာက လာနေသည်ဆိုတာကတော့ မသိခဲ့ပေ။
ဝူရှင်းတစ်ယောက်မှာတော့ လက်မလည်နိုင်အောင်ပင် နှင်းများကို ရှင်းလင်းနေခဲ့ရ၏။
ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ပေါ်ပေါက်လာပြီး နှင်းဆက်မကျတော့သည်မှာပင် ဆန်းကြယ်တောင်ကြားကံကောင်းသွားသည်ဟု ဆိုနိုင်ပေသည်။
နှင်းများအားလုံးကိုရှင်းလင်းပြီးသောအခါ ကုအန် ဝူရှင်းအား တပည့်များအားလုံးကိုစုစည်းဖို့ခိုင်းလိုက်ပြီး သူနှင့် ယန်နီမှာတော့ တပည့်များနှင့် မနီးမဝေးတွင် ရပ်နေခဲ့ကြဧ်။။
“အဓိပတိဂိုဏ်းက တကယ်ပဲထိန်းထားနိုင်ပါ့မလား”
“ဘာစကားကြီးလဲ ကြောက်စရာကောင်းလိုက်တာ”
“ငါတော့ အခုအချိန်အပြင်စည်းမြို့ထဲမှာ ဘာတွေဖြစ်နေမလဲသိချင်မိတယ် ကံကောင်းလို့ ငါတို့ကဆေးတောင်ကြားမှာရောက်နေလို့ပါလား”
“ပြောဖို့တော့ခက်ပါတယ် အပြင်စည်းဂိုဏ်းကျသွားရင် မိစ္ဆာကျင့်ကြံသူတွေက ငါတို့ဘက်ကို မြှားဦးလှည့်လာမှာပဲမဟုတ်လား”
“ပါးစပ်ပိတ်ထားစမ်း ဂြိုဟ်ဆိုးကောင်!”
တပည့်များသည် သူတို့တစ်ခါမှမကြုံဖူးေသာ ကြီးမြတ်သောကျင့်ကြံသူများ၏ တိုက်ပွဲမှ ထွက်ပေါ်လာသည့် မိစ္ဆာစွမ်းအင်များကြောင့် ကြောက်လန့်နေခဲ့ကြလေသည်။
ကုအန် သူနှင့်ကိုက်တစ်ရာလောက်အဝေးရှိ တပည့်များကို တစ်ချက်ကြည့်လိုက်ကာ ယန်နီ့ကို အသံတိုးတိုးဖြင့် ကပ်မေးလိုက်၏။
“စီနီယာ့ခွန်အားနဲ့ဆို ဘယ်လောက်စွမ်းအားကြီးတဲ့ရန်သူကို ရင်ဆိုင်နိုင်လောက်လဲ”
“နတ်အသွင်ပြောင်းခြင်းအဆင့် မဟုတ်သရွေ့ အဲ့အဆင့်အောက်က လူဘယ်လောက်လာလာ သတ်ပစ်နိုင်တယ်” ယန်မင့်အသံသည်အလွန်ရဲရင့်နေသောလည်း ကုအန် စိတ်အေးမသွားသေးပေ။
အဘယ်ကြောင့်ဆိုသော် နတ်အသွင်ပြောင်းခြင်းအဆင့်များ ပေါ်လာနိုင်သည်မှာ သေချာနေသည် မဟုတ်ပါလား။
ထိုအခိုက်တွင် အဝေးမှ ပုံရိပ်တစ်ခုအမြန်ပျံသန်းလာခဲ့ပြီး ဆန်းကြယ်တောင်ကြားထဲသို့ ဆင်းသက်လာခဲ့၏။ ထိုပုံရိပ်မှာ လီယကလွဲအခြားမဟုတ်ပေ။
“စီနီယာအစ်ကိုလီ!” ဝူရှင်း ၀မ်းမြောက်၀မ်းသာ အော်ခေါ်လိုက်လေသည်။ လီယသည် အတွင်းစည်းဂိုဏ်းသား ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခြင်းကြောင့် လီယ ရောက်ရှ်ိလာခြင်းမှာ ဝူရှင်းကို အားတက်သွားစေခဲ့သည်။
ယန်နီကိုမူ သူ့မျက်လုံးထဲတွင် အခြေခံတည်ဆောက်ခြင်းတစ်ယောက်ဟူ၍သာ မြင်သောကြောင့် သိပ်အားမကိုးမိပေ။
လီယ ဝူရှင်းကိုဂရုမစိုက်ဘဲ ကုအန်ဆီသို့သာ အမြန်ရောက်လာခဲ့ဧ။။် သူ့အကြည့်သည် ကုအန်ဘေးရှိ ယန်နီ့ဆီရောက်သွားသောအခါ အနည်းငယ်မျက်မှောင်ကြုံ့သွားခဲ့ပြီး ကုအန်ဘက်အမြန်ပြန်လှည့်ကာ အလောတကြီးပြောလိုက်သည်။
“ဂျူနီယာညီလေးကု ငါတို့ဒီနေရာကရှောင်သင့်နေပြီ အခုဒီနေရာက အရမ်းအန္တရာယ်များနေပြီ အတွင်းစည်းမြို့တွေရော အပြင်စည်းမြို့တွေရောပါ တိုက်ပွဲဖြစ်နေပြီ ရန်သူတွေကို ဂိုဏ်းအတွင်းထဲ တည်နေရာကူးပြောင်းခြင်းအစီအရင်သုံးပြီး ခေါ်ထည့်ခဲ့တဲ့ သစ္စာဖောက်တစ်ကောင်လည်းရှိနေတယ်”
အာ!
လီယက ယန်နီ့ကိုမမှတ်မိဘူးလား!
ကုအန်အမူအရာပြောင်းလဲမသွားဘဲ ခပ်တည်တည်ပင်တုန့်ပြန်လိုက်သည်။
“မဖြစ်နိုင်ဘူး ကျွန်တော်ဆေးတောင်ကြားကိုမထားခဲ့နိုင်ဘူး နောက်ပြီးကျွန်တော်တို့ထွက်ပြေးမယ်ဆိုရင်တောင် ဘယ်ကိုပြေးရမှာလဲ”
အရိုးသားဆုံးပြောရလျှင် လီယရောက်ရှိလာမှုကြောင့် ကုအန် စိတ်ထဲခံစားသွားရသလို ဒုက္ခလည်းရောက်သွားခဲ့၏။
မိစ္ဆာကျူးကျော်မှုကို ကုအန် လုံးဝမကြောက်ရွံ့သော်လည်း သူကြောက်သည်မှာ သူ့အနားတွင်လူများရှိနေပြီး သူ့ကျင့်ကြံခြင်းကို ထုတ်လို့မရမှာသာ ဖြစ်သည်။
“ပုန်းနေဖို့က လွယ်ပါတယ် ငါတို့ဆေးတောင်ကြားမှာတော့ လုံး၀နေလို့မဖြစ်တော့ဘူး” လီယ ထပ်ပြောလိုက်သည်။
ကုအန်ခေါင်းခါလိုက်ကာ ပြောလိုက်၏။
“တကယ်လို့အစ်ကိုပုန်းနေချင်ရင် သွားပါ အစ်ကိုကျွန်တော့်ကို လာကယ်ဖို့မလိုပါဘူး ကျွန်တော်က ကျွန်တော့်တပည့်တွေကို မထားခဲ့နိုင်ဘူး”
ဆန်းကြယ်တောင်ကြားတွင် တပည့်၂၀ကျော်ရှိပြီး သူတို့အားလုံးကို တစ်ပြိုင်တည်းရွှေ့ပြောင်းဖို့မှာ မလွယ်ကူလေရာ ကုအန်သူတို့ကို အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်ပေသည်။
လီယ ထပ်ပြောရန်ပြင်လိုက်စဉ်တွင် ယန်နီရုတ်တရက်ပြောလိုက်၏။
“တစ်ယောက်ယောက်လာနေတယ်”
လီယရော ကုအန်ပါ အပေါ်သို့ မော့ကြည့်မိလိုက်ကြသည်။
မိုးကြိုးတိမ်တိုက်များကြားထဲတွင် ရှိနေသော လေပွေကြီးတစ်ခုကို မြင်လိုက်ရပြီး ထိုလေပွေထဲတွင် ပုံရိပ်တစ်ခုရှ်ိနေကော ထိုပုံရိပ်သည် ဆန်းကြယ်တောင်ကြားဆီသို့ တိုက်ရိုက်ဆင်းသက်လာနေခဲ့၏။
ထို့နောက် ထိုပုံရိပ်သည် တောင်ကြား၏ မြောက်ဘက်ရှိ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လာခဲ့သည်။
“ဝူရှင်းမင်းကမင်းအစ်ကိုကို ရှာရခက်အောင်လုပ်ခဲ့တာပဲ ငါကမင်းဒီလိုနေရာမှာပုန်းရဲပြီး အဓိပတိဂိုဏ်းမှာ သူလျှိုလာလုပ်နေမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး”
ထိုလူ၏ လှောင်ပြောင်ထေ့ငေါ့နေသောအသံထွက်ပေါ်လာရာ လူတိုင်းဝူရှင်းကို ကြည့်လိုက်မိကြ၏။
ဝူရှင်းအနားရှိ တပည့်များမှာမူ နောက်သို့ပင် ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့ကြသည်။
ဝူရှင်းမျက်နှာမှာမူ ရှုံ့မဲ့သွားခဲ့ပြီး သူ့ရှေ့တောင်ထိပ်ရှိလူအား အမုန်းများပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။
တောင်ထိပ်ပေါ်ရှ်ိလူသည် အနက်ရောင်၀တ်စုံတွင် သွေးနီရောင်အကွက်များဖြင့် ပုံဖော်ထားသော ၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ဆံပင်များမှာမူ ရှုပ်ပွ၍နေလေသည်။ သူ့ပုံစံသည် ခန့်ညားသည့်ပုံပေါ်သော်လည်း မျက်လုံးထဲတွင် အန္တရာယ်ရှိသော အငွေ့အသက်များပြည့်နှက်နေပြီး သူပြုံးလိုက်လျှင် သူ့အပြုံးမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်နေသေး၏။ ယခုအခါ ထိုလူသည် ဝူရှင်းအား ပိုးမွှားတစ်ကောင်ကိုကြည့်နေသလို အထင်အမြင်သွေးစွာ ကြည့်ရှုနေခဲ့လေသည်။
[ပိုင်ဝူ(စိတ်ဝိညဉ်အခြေတည်အဆင့်၁) : ၂၀၃/၇၉၀/၉၈၀]
ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်ပြီး သူ့ပုံစံမှာ လုံး၀ ပျာယာခတ်မနေပေ။
သူထိုကောင်အား တောင်ကြားထဲသို့ ၀င်ခွင့်ပေးလိုက်ခြင်းမှာပင် သူ့ကျင့်ကြံခြင်းသည် ကုအန်အတွက် ခြိမ်းခြောက်နိုင်လောက်စရာမဟုတ်ဘဲ သူ၀င်စရာမလိုသောကြောင့် ဖြစ်၏။
လီယ မျက်ခုံးများတွန့်ကွေးသွားပြီး ခပ်လှမ်းလှမ်းရှ်ိ ဝူရှင်းကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ထိုစဉ် ဝူရှင်းအံတင်းတင်းကြိတ်ကာ အော်ပြောလိုက်၏။
“ကျွန်တော်ခဗျားနဲ့ လိုက်မယ် အခြားသူတွေကို အန္တရာယ်မပေးပါနဲ့”
“ဘယ်ဖြစ်မလဲ ငါရထားတဲ့အမိန့်က အဓိပတိဂိုဏ်းမှာတွေ့သမျှလူမှန်သမျှကိုရှင်းပစ်ဖို့လေ ဒီမထင်မရှား အစေခံတပည့်လေးတွေလည်းပါတယ်”
ပိုင်ဝူ နှုတ်ခမ်းသပ်လိုက်ကာ လှောင်ပြောင်လိုက်လေသည်။
“နောက်ပြီး မင်းကိုပြန်ခေါ်သွားမယ်လို့ ငါပြောမိလို့လား ဒီနေ့မင်းလည်းဒီအစေခံလေးတွေနဲ့အတူတူသေရမယ် မင်းသေသွားမှ မင်းခေါင်းကို ငါပြန်ယူသွားမယ်”
“ဟမ့်!”
ရုတ်တရက် အေးစက်စက်ထေ့ငေါ့သံကို ကြားလိုက်ရသောကြောင့် ပိုင်ဝူသူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ပြီး နောက်သို့လှည့်ကြည့်လိုက်ရာ သူ့အား ဓားဖြင့်ခုတ်ပိုင်းနေသော အပြာရောင်၀တ်စုံ၀တ်မိန်းမတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမိန်းမသည် ယန်နီ သာ ဖြစ်သည်။
ပိုင်ဝူ ချက်ချင်းခုန်ထွက်လိုက်သော်လည်း ဓားချက်မှာ သူ့လက်မောင်းကိုထိသွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့၏။
ထို့နောက် ယန်နီ ဆက်၍ တိုက်ခိုက်လိုက်ပြီး တောင်ထိပ်တွင် ဓားချီများ မိစ္ဆာချီများဖြင့် ပြည့်နှက်သွားလေတော့သည်။
ထိုတိုက်ပွဲကိုကြည့်ပြီးလီယ ကုအန်ကိုမမေးဘဲ မနေနိုင်တော့ပေ။
“အဲ့ဒီအမျိုးသမီးကဘယ်သူလဲ”
“အစ်ကို့အမေရဲ့ ညီမယန်နီလေ အစ်ကိုမမှတ်မိဘူးလား” ကုအန် အေးဆေးပြန်ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ လီယအမူအရာပြောင်းလဲသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်လေသည်။
“ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ…”
လီယအမူအရာကိုကြည့်ပြီး ကုအန်လည်း ပဟေဠိဖြစ်သွားခဲ့ရ၏။
သူကို ဘာကိုဆိုလိုနေပါသနည်း။
သူတို့ကြားရှိဆက်ဆံရေးမှာ ကုအန်ထင်သလို မကောင်းဖြင်းဖြစ်နိုင်ပါသလော။
ဘာမှထပ်မမေးတော့ဘဲ ကုအန်ပြောလိုက်လေသည်။
“ကျွန်တော့်အပင်တွေစိုက်ထားတဲ့တောထဲကို တစ်ချက်သွားစစ်လိုက်ဦးမယ်”
ပြောပြီးသည်နှင့် ကုအန်တောထဲပြေး၀င်သွားခဲ့၏။
လီယ ကုအန်ကိုသူ့အနားသာခေါ်ထားလိုသော်လည်း သူ့စိတ်သည် ယန်နီတို့တိုက်ပွဲ၏ ဖမ်းစားခြင်းကို ခံထားရသည်။
“သေစမ်း!”
လီယခပ်တိုးတိုးကျိန်ဆဲလိုက်ပြီး ယန်နီကိုကူညီရန် တိုက်ပွဲထဲ ပြေး၀င်သွားခဲ့၏။
အမှန်တကယ်တော့ ယန်နီ လီယအကူအညီကို လိုမနေပေ။ တိုက်ပွဲတွင်သူသည် ပိုင်ဝူကိုလုံး၀ လွှမ်းမိုးထားနိုင်ခဲ့ပြီး မိနစ် ၃၀မပြည့်ခင်ပင် ပိုင်ဝူ့ကိုယ်ပေါ်၌ သွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ယန်နီ၏ လှုပ်ရှားမှုသိုင်းမှာ သိမ်ေမွ့လှရာ သူသုံးလိုက်သော မှော်သိုင်းမှန်သမျှမှာလည်း ယန်နီ့ကို လုံး၀မထိခဲ့ပေ။
ပိုင်ဝူ၏ စုတ်ပြတ်နေသော အခြေအနေကိုကြည့်ပြီး ဝူရှင်းမှာတော့ ယန်နီ့စွမ်းအားကို အံ့အားသင့်နေခဲ့ရ၏။
သူ့အစ်ကိုကြီးသည် ဤမျှစွမ်းအားကြီးသော ကျင့်ကြံသူမျိုးကို မည်သည့်နေရာက ရှာလာခဲ့ပါသနည်း။
တစ်နေရာတွင်
ကုအန် တောအုပ်အစွန်သို့ ရောက်လာခဲ့ပြီး သူ့အကြည့်သည် အဝေးရှိ တောင်များဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူ့ညာလက်ကိုမြှောက်ကာ လက်ညှိုးလက်ခလည်ကို ထုတ်လိုက်ပြီး အဝေးတစ်နေရာသို့ ချိန်လိုက်၏။
သူဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို ဤနေရာနှင့် မိုင်ရာဂဏန်းအနည်းငယ်ဝေးသော နေရာတွင် အာရုံခံမိ၍ဖြစ်ပြီး ထိုလူများဘာလို့ရောက်နေလဲဆိုတာ မသိသော်လည်း ကောင်းသောအရာမဟုတ်သည်မှာတော့ သေချာပေသည်။
သူ့ဆေးတောင်ကြားနှင့် အလွန်နီးကပ်လာသော လူမှန်သမျှသည် ရှင်းလင်းသုတ်သင်ခံရပေလိမ့်မည်။
ဤသို့ဖြင့် ကုအန် အကြီးအကဲထျန်၏ စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းသိုင်းကို သုံးရန်ပြင်လိုက်၏။
သူသည် ထိုလက်ချောင်းသိုင်းကိုတတ်မြောက်နေပြီဖြစ်ပြီး ကျွမ်းကျင်အဆင့်မရောက်သေးပါသော်လည်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်လောက်ကို သတ်ဖို့ကတော့ ပြဿနာမဟုတ်ပေ။
စိတ်ဝိညဉ်စွမ်းအင်များသည် ကုအန်၏ လက်ခလည်ထိပ်တွင် ဖိနှိပ်ခံထားကြရသည်။ ယန်နီတို့ သတိထားမိသွားမည်စိုးသောကြောင့် ကုအန်ဤနေရာရှိ စိတ်ဝိညဉ်စွမ်းအင်များအားလုံးကိုလည်း မစုပ်ယူရဲပေ။
မိုင်ပေါင်းရာချီအဝေးတွင်
တောင်တန်းများကြားရှိ မြေညီတစ်ခုတွင် မိစ္ဆာကျင့်ကြံသူတစ်ဖွဲ့သည် အစီအရင်တည်ဆောက်နေခဲ့ကြ၏။
မိစ္ဆာကျင့်ကြံသူတစ်ယောက်မှာတော့ သူတို့ကို ကြီးကြပ်နေဟန်ဖြင့် ဘေးတွင်သာရပ်၍ ကြည့်နေခဲ့သည်။
သူ့နာမည်သည် ရှုလျန်ဖြစ်ပြီး ကောင်းကင်ပျက်သုဉ်းဂိုဏ်းမှ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အဆင့်၅ မိစ္ဆာသခင်တစ်ယောက်ဖြစ်၏။ ယခုအခါသူသည် သူ့လက်ထဲရှိ အဖြူရောင်မီးတောက်တစ်ခုကိုဆော့ကစားနေရင်း အစီအရင်ကို ကြည့်ရှုနေလေသည်။
ထိုစဉ် ကောင်းကင်ပျက်သုဉ်းဂိုဏ်းမှ တပည့်တစ်ယောက်သူ့အနားရောက်လာပြီး ပြောလိုက်၏။
“ဆရာ ၀င်္ကပါအစီအရင်က မိနစ်သုံးဆယ်အတွင်း ပြီးပါလိမ့်မယ်”
မိစ္ဆာသခင် ရှုလျန် သာမန်ပုံစံဖြင့် ပြန်ပြောလိုက်သည်။ “အရင်ဆုံး ၀င်္ကပါကိုပြီးအောင်လုပ် ပြီးရင်…”
သူ့စကားမဆုံးသေးခင်မှာပင် သူ့အမူအရာပြောင်းလဲသွားခဲ့ပြီး ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်မိ၏။
အပိုင်း(၈၆)
အကြီးအကဲထျန်း၏ ဆုံးဖြတ်ချက်၊ မိစ္ဆာများကို လွှမ်းမိုးခြင်း
ရှုလျန်မိစ္ဆာသခင်သည် ဤနေရာတွင် စကားပြောနေသော်လည်း သူ့စိတ်များသည် ၀မ်းယင်ဂိုဏ်း၏ တိုက်ပွဲဆီရောက်နေခြင်းဖြစ်ပြီး ထိုတိုက်ပွဲကို သူအတော်လေး ပါ၀င်ချင်နေခဲ့သည်။
သို့သော် သူ့စကားမဆုံးခင်မှာပင် ကြောက်စရာကောင်းသော အန္တရာယ်အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိ၍ သူ့မသိစိတ်က လှည့်ကြည့်လိုက်မိခြင်း ဖြစ်၏။
အရာတိုင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေသည်။
သူ့လို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်ပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
သူ့မျက်လုံးထဲတွင် တောတောင်များကိုဖြတ်သန်းလာသော ဖောက်ထွင်းမြင်နေရသည့် လေစီးကြောင်းတစ်ခုကိုသာ မြင်ခဲ့ရ၏။
အစီအရင်ဆင်နေသော တပည့်များအားလုံ
းလည်း ထိုအခိုက်တွင် အေးခဲသွားကြဟန်ရပြီး သေခြင်း၏ရနံ့ကို ခံစားလိုက်ကြရသည်။
ဝုန်းးးး!
ကောင်းကင်ကိုဖြတ်သန်းလာသော လေစီးကြောင်းကြီးသည် တောင်များကြားထဲရှိ မြေပြန့်ဆီ ရောက်ရှိလာခဲ့ပြီး မိစ္ဆာသခင်နှင့် တပည့်များအားလုံး ရုတ်ချည်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး အလင်းတန်းကြီးတစ်ခုသည် ထိုနေရာတစ်ဝိုက်လုံးတွင် တောက်ပလာပြီး ကောင်းကင်ပေါ်သို့ပင် ထိုးတက်သွားခဲ့သည်။
ဆန်းကြယ်တောင်ကြားအထက်တွင်
တိုက်ပွဲထဲရှိနေကြသော ယန်နီ လီယနှင့် ပိုင်ဝူတို့ အံ့အားသင့်သွားကြပြီး အလင်းများဖြင့်ပြည့်နှက်နေသောကောင်းကင်ကို မော့ကြည့်မိလိုက်ကြကာ ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ကြရ၏။
လီယချက်ချင်းပင် ကုအန် ထွက်သွားသော သစ်ေတာဘက်သို့ ပြေးသွားလေတော့သည်။
ကုအန်သည် သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းကာ ကြောက်ချင်ယောင်ဆောင်နေခဲ့၏။ ကုအန် ဘာမှမဖြစ်တာကိုမြင်မှသာ လီယစိတ်အေးသွားပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး သစ်တောရော တောင်တန်းများပါ တုန်ခါသွားခဲ့သည်။
လီယ ကုအန်နားအမြန်သွားလိုက်ပြီး စိတ်ဝိညဉ်စွမ်းအားသုံးကာ ကုအန်ကို ကာကွယ်ပေးလိုက်၏။
“ဘာဖြစ်နေတာလဲ…”
ကုအန် အံကြိတ်ကာ ကြောက်ရွံ့နေဟန်ဖြင့် မေးလိုက်သည်။
လီယမျက်နှာမှာတော့ တည်ကြည်နေပြီး ပြန်ဖြေလိုက်၏။ “သေချာတော့မသိဘူး ကြီးမြတ်တဲ့ကျင့်ကြံသူတွေ တိုက်ပွဲဖြစ်နေတာ ဖြစ်နိုင်တယ်”
ထိုအခိုက်တွင် ကုအန် ရှေ့၌ အသိပေးချက်များ ပေါ်ပေါက်လာခဲ့သည်။
[သင်သည် ရှုလျန်မိစ္ဆာသခင်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းတတိယအဆင့် ၄)ကိုသတ်ဖြတ်ပြီးသက်တမ်း ၄၇ နှစ်ရရှိခဲ့ပါသည်]
[သင်သည် ကျန်းကျုန်းချုံ(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၂)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၄၂နှစ် ရရှိခဲ့ပါသည်]
[သင်သည် ချန်တုယွမ်( ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၆)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၄၂နှစ်ရရှိခဲ့ပါသည်]
….
ကုအန် အနိမ့်ဆုံး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်များနှင့် စိတ်ဝိညဉ်အခြေတည်အဆင့် နှစ်ယောက်ပါသော လူအုပ်တစ်ခုလုံးကို သတ်ပစ်ခဲ့ခြင်းဖြစ်၏။
အပြစ်ကြီးလိုက်တာ!
ကုအန်စိတ်ထဲတွင် နောင်တပင် ရသွားခဲ့ရသည်။ အမှန်တကယ်တော့ သူလည်းထိုမျှများသော လူများကို မသတ်လိုပေ။ သို့သော် သူတို့သည် ဆန်းကြယ်တောင်ကြားနှင့် အလွန်နီးကပ်လာလေရာ သူလည်း မတတ်နိုင်ခဲ့ပေ။
ကြမ်းတမ်းသော လေပြင်းကြီးသည် အချိန်အတော်ကြာထိပင် ဆက်လက်တိုက်ခိုက်နေခဲ့သည်။
လေပြင်းငြိမ်သွားသောအခါမှ လီယ ထရပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။
“ကြည့်ရတာ ငါတို့အခု ဆန်းကြယ်တောင်ကြားမှာပဲ ပုန်းနေလို့ရတော့မယ်ထင်တယ် အန္တရာယ်တွေက နေရာတိုင်းပဲ”
“ကျွန်တော်ပြောခဲ့ပါတယ်”
“ငါနဲ့တောင်ကြားထဲလိုက်ခဲ့”
လီယ ကုအန်လက်ကိုဆွဲကာ တောင်ကြားဆီ ခေါ်သွားလေတော့သည်။
သူတို့တောင်ကြားထဲပြန်ရောက်သောအခါ ယန်နီ ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး သူ့လက်ထဲတွင် သွေးတစ်စက်စက်ကျနေသော ခေါင်းတစ်လုံးရှိနေခဲ့၏။ ဝူပိုင်၏ အခြေတည်စိတ်ဝိညဉ်မှာမူ သူမ၏ ဓားသွားတွင် ကပ်ညိနေခဲ့သည်။
ထိုအခိုက်တွင်သူမ၏ အရှိန်အဝါမှာ သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်နေသောကြောင့် တောင်ကြားမှတပည့်များ သူ့နားသို့ မကပ်ရဲကြပေ။
ယန်နီ ဝူပိုင့်ခေါင်းပြတ်ကြီးကို ဝူရှင်းရှေ့ပစ်ချပေးလိုက်ပြီး ဓားကိုတစ်ချက်ခါလိုက်ရာ ဝူပိုင်၏ အခြေတည်စိတ်ဝိညဉ် တစ်စစီပြိုကွဲသွားခဲ့၏။ ထို့နောက် သူမဓားကို ဝူရှင်းဆီဦးတည်၍ ချိန်ထားလိုက်ပြီး အေးစက်စက်မေးလိုက်လေသည်။
“နင့်မှာ ဘာပြောစရာကျန်သေးလဲ”
ဝူရှင်းကြောက်လန့်ကာ ဖြူဖျော့နေပြီး တကိုယ်လုံးလည်းတုန်ခါနေခဲ့၏။
“ရပ်လိုက်!”
ကုအန် ဝူရှင်းရှေ့သို့ အမြန်ပြေးလာပြီး ၀င်ရပ်လိုက်လေသည်။
ယန်နီ့အမူအရာမှာ အေးစက်နေပြီး ပြောလိုက်၏။
“သူက ရွက်ဝါတစ်ထောင်မျှော်စင်နဲ့ ပတ်သက်နေတယ်”
“ဒါပေမယ့် သူကကျွန်တော်နဲ့ အတူရှိလာခဲ့တာ ဆယ်စုနှစ်တွေချီနေပြီ တစ်ခါမှ ကျွန်တော်ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူး သူ့လုပ်ရပ်တွေအတွက် အကြောင်းပြချက်တစ်ခုရှိမှာသေချာတယ် ဒီကိစ္စကိုဖြေရှင်းပြီးရင် ကျွန်တော်သူ့ကို အဓိပတိဂိုဏ်းထဲက ထွက်သွားခိုင်းလိုက်ပါ့မယ်”
ကုအန် အံကိုကြိတ်၍ အားကုန်ထုတ်ပြောလိုက်ရာ သူ့စကားများကြောင့် ယန်နီ မျက်မှောင်ကြုံ့သွားခဲ့သည်။
ဝူရှင်းမှာတော့ ရင်ထဲထိသွားခဲ့ပြီး ရှက်ရွံ့နေသောကြောင့် အခြားတပည့်များကိုလည်း မကြည့်ရဲဘဲ ယခုအခိုက်တွင် မြေကြီးထဲ၀င်ပုန်းနိုင်ဖို့သာ ဆုတောင်းနေခဲ့၏။
ယန်နီ ရှေ့တိုးလာခဲ့ပြီး သူ့ဓားထိပ်သည် ကုအန် လည်ချောင်းသို့ ထောက်သွားခဲ့သည်။
ကုအန် လီယအား လှမ်းကြည့်ကာ အ်ောပြောလိုက်၏။
“စီနီယာအစ်ကိုလီ တစ်ခုခုပြောပါဦး”
လီယမျက်မှောင်ကြုံ့လိုက်ပြီး ယန်နီ့ဓားကို တွန်းဖယ်လိုက်ကာ ပြောလိုက်သည်။ “သူပြောတာနားထောင်လိုက်ရအောင် မိစ္ဆာကျင့်ကြံသူကလည်းဝူရှင်းကို အန္တရာယ်ပြုချင်နေတာပဲ မဟုတ်လား”
“ဟမ့်!”
ယန်နီ ဓားပြန်သိမ်းလိုက်ကာ နောက်ပြန်လှည့်သွား၏။
ထို့နောက် ကုအန် နောက်ပြန်လှည့်ပြီး ဝူရှင်းကို ပြောလိုက်လေသည်။ “တောင်းပန်ပါတယ်ညီလေး အစ်ကိုကြီးမင်းကို တောင်ကြားမှာဆက်ထားလို့ မရတော့ဘူး မင်းရွက်ဝါတစ်ထောင်မျှော်စင်ကိုပြန်ရင်လည်း ထိခိုက်နာကျင်ရမှာ သေချာတယ် အဲ့တာကြောင့် ဇာတ်မြှုပ်နေနိုင်မယ့် နေရာတစ်နေရာရှာပါ မင်းမှာစိတ်ကောင်းနှလုံးသား ရှိနေသရွေ့ မင်းဘယ်ကလာလာ မင်းကလူကောင်းတစ်ယောက်ဖြစ်နေဦးမှာပါပဲ”
သူ့စကားများသည် တည်ကြည်နေပြီး နှလုံးသားထဲမှလာသောစကားများဟု ခံစားရသောကြောင့် ဝူရှင်းမျက်လုံးများ နီရဲလာခဲ့၏။ ထို့နောက် သူဒူးထောက်ချလိုက်ပြီး ကုအန်ကို ထိုင်ကန်တော့လေတော့သည်။
လီယလည်း ခပ်တိုးတိုးသာ သက်ပြင်းချလိုက်၏။
ယန်နီမှာတော့ ကုအန်ကိုကြည့်ကာ အံ့ဩနေခဲ့မ်ိသည်။
ကုအန်စကားများအရ ကုအန်သည် ဝူရှင်းသရုပ်မှန်ကို အရင်ကတည်းက သိထားပြီးပုံပေါ်သည်။ ဝူရှင်းကလည်း ရွက်ဝါတစ်ထောင်မျှော်စင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်မလာလိုပုံပင်။
ကုအန် ဝူရှင်းကို ဆွဲထူလိုက်ပြီး ဤနေရာမှဖြတ်သွားသော ရွက်ဝါတစ်ထောင်မျှော်မှကျင့်ကြံသူများ မမြင်စေရန် အိမ်ထဲသို့ သွားပုန်းခိုင်းလိုက်၏။
လီယ ယန်နီ့ကိုကြည့်လိုက်ကာ အသံကူးပြောင်းနည်းဖြင့် မေးလိုက်သည်။ “ခင်ဗျားဘာလို့ဒီရောက်နေတာလဲ”
“ငါကနင့်ကိုရှင်းပြဖို့လိုလို့လား”
“သူ့ကိုပြောလိုက်ပါ ကျွန်တော်ပလ္လင်အတွက် မတိုက်ခိုက်ချင်ဘူးလို့”
“ဒါပေမယ့် သူကပြောတယ် သူကနင့်အမေအပေါ်အကြွေးတင်နေတဲ့အတွက် သရဖူကိုနင့်ဆီကို လွှဲအပ်မှဖြစ်မယ်တဲ့”
“လက်ရှိအိမ်ရှေ့စံမင်းသားက ကိုယ်ကျင့်တရားကောင်းပြီး အရည်အချင်းလည်းရှိတယ် စိတ်ဝိညဉ်အမြစ်ကလည်း သုံးခုပဲရှိတာသူကသရဖူအတွက် အသင့်တော်ဆုံးပဲ”
“ဒါတွေင့ါကိုလာပြောနေတာက အလကားပဲ”
သူတို့အသံပို့နေချိန်တွင် ယန်နီ့အကြည့်များသည် ကုအန်ပေါ်တွင်သာ ရောက်နေပြီး တစ်ခုခုကိုစဉ်းစားနေခဲ့၏။
ထို့ကြောင့် လီယသတိပေးလိုက်သည်။ “ခင်ဗျား ကျွန်တော့်ညီလေးကို အန္တရာယ်မပေးတာကောင်းလိမ့်မယ် ကျွန်တော်ပြန်တိုက်ခိုက်မှ အပြစ်မဆိုပါနဲ့”
ယန်နီ သူ့ကိုလစ်လျူရှုထားလိုက်သည်။
ဝူပိုင်၏ တိုက်ခိုက်မှုဖြစ်ပြီးသည့်နောက် တောင်ကြားရှိတပည့်များသည် ပိုမိုတည်ကြည်လာခဲ့ပြီး ခြံ၀န်းထဲတွင်စုကာ ဝူရှင်း၏ သရုပ်မှန်အကြောင်း ဆွေးနွေးနေခဲ့၏။
ထိုစဉ် အဓိပတိဂိုဏ်းထဲရှိ တိုက်ပွဲမှာလည်း ပို၍ အရှိန်မြင့်လာခဲ့လေသည်။
ကုအန် ချင်းဟုန်ဓားကို သူနှင့်အနီးဆုံးတွင် ထားသော်လည်း ကံကောင်းစွာဖြင့် ထိုဓားမှာ တစ်ခါမှ လှုပ်မလာခဲ့ပေ။
၁နာရီခန့်ကြာသောအခါ မည်သည့်မိစ္ဆာကျင့်ကြံသူမှ သူတို့ဆီမလာတော့သောကြောင့် ကုအန် စိတ်မရှည်ဖြစ်လာခဲ့သည်။
သူလီယအားရှာကာ သူနောက်ထပ်တောင်ကြားတစ်ခုသို့သွားဦးမည်ဖြစ်ပြီး သူမရှိစဉ်တွင် တောင်ကြားကို ယန်နီနှင့်လီယတို့က စောင့်ရှောက်ပေးထားရန် မှာခဲ့လိုက်၏။
အတွင်းစည်းဂိုဏ်းရှ်ိ ဆေးတောင်ကြားသည်ယခုနေရာထက် ပိုဘေးကင်းသောကြောင့် လီယလည်း ခွင့်ပြုလိုက်လေသည်။
ဤတစ်ကြိမ်တွင် ယန်နီလည်း ကုအန်နားကပ်မနေတော့ပေ။ သူ့အတွက် လီယမှာ ကုအန်ထက်အရေးကြီးကြောင်း ထင်ရှားပေသည်။
ထွက်မသွားခင်တွင် ကုအန်သူ့အခန်းထဲ၌ ရွှေစားပိုးတစ်ကောင် ချန်ခဲ့လိုက်၏။
ရွှေစားပိုးသည် သူနှင့်စိတ်ဝိညဉ်ချင်းချိတ်ဆက်နေသောကြောင့် ထိုကောင်သာ ဆန်းကြယ်တောင်ကြားတွင်ရှိနေပါက သူလည်းဆန်းကြယ်တောင်ကြားရှိ ကိစ္စမှန်သမျှကို သိခွင့်ရနေမည် ဖြစ်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ၀င်သွားပြီးသည်နှင့် ကုအန် တတိယတောင်ကြားသို့ ချက်ချင်း ရောက်သွားခဲ့၏။
တောင်ကြားသို့ရောက်သောအခါ ကုအန် တဝုန်းဝုန်းအသံများကို အရပ်၈မျက်နှာလုံးမှ ကြားလိုက်ရပြီး ကောင်းကင်တွင်လည်း မိုးကြိုးတိမ်တိုက်များ လှိမ့်တက်လာနေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်သည် ဆောင်းရာသီဖြစ်ပါသော်လည်း လေထုသည် ပူနွေးနေခဲ့၏။
ကုအန်ရောက်လာသည်ကိုမြင်သောအခါ ရှောင်ချွမ် ကုအန်ဆီအမြန်ပြေးလာခဲ့ပြီး သူ့ကြောက်ရွံ့နေမှုကို မျိုသိပ်ကာ မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
အကြီးအကဲထျန်းတောင်ကြားတွင် ရှိနေသေးသည်ကို တွေ့သောကြောင့် ကုအန် သက်တမ်းစစ်ဆေးလိုက်ရင်း ဖြေလိုက်သည်။
“အရမ်းမကြောက်နဲ့ ငါတို့ဂိုဏ်းကိုယုံလိုက်ကြတာပေါ့”
[လုပိုင်ထျန်း(စိတ်ဝိညဉ်အခြေအတည်အဆင့်၉) :၇၅၄/၁၅၆၀/၃၂၀၀]
ဝိုးး သူကအတော်အမြန်ကြီး တိုးတက်လာတာပဲ!
ကုအန် ထိုအဖိုးကြီးစိတ်ဝိညဉ်စွမ်းအင်များကို ဘယ်နေရာက စုပ်ယူနေသလဲဆိုတာ အံ့အားသင့်နေမိသည်။
ကုအန် ရှောင်ချွမ့်ကို ဘယ်မှလျှောက်မသွားဖို့ မှာလိုက်ပြီး သူကတော့ ဆေးတောင်ကြားကိုကင်းလှည့်ဖို့ ထွက်လာခဲ့၏။
သူအကြီးအကဲထျန်းနားက ဖြတ်သွားသောအခါ အကြီးအကဲထျန်းကိုယ်ထဲတွင် စိတ်ဝိညဉ်စွမ်းအင်များ ထိုးတက်နေသည်ကို ခံစားလိုက်ရသည်။
အကြီးအကဲထျန်းက သဘာ၀စိတ်ဝိညဉ်စွမ်းအင်တွေကို စုပ်ယူတာမဟုတ်ဘဲ သူ့ကိုယ်ထဲမှာပဲ စိတ်ဝိညဉ်စွမ်းအင်ကို ထုတ်လုပ်နေတာလား!
ဒီခံစားချက်က…
အကြီးအကဲထျန်း၏ ကိုယ်ထဲတွင် ကမ္ဘာတစ်လုံး၏ ၀င်ပေါက်တစ်ခုရှိနေသလိုဖြစ်ပြီး ထိုထဲမှ စိတ်ဝိညဉ်စွမ်းအင်များ ထွက်နေသလိုဖြစ်နေသောကြောင့် အတော်လေးကြောက်စရာကောင်းနေခဲ့၏။
ဒီလူက ဘာကျင့်ကြံခြင်းကို ကျင့်နေတာလဲ!
“တောင်ကြားသခင် ဒီနားတစ်ဝိုက်မှာ တိုက်ပွဲကြီးတွေဖြစ်နေတယ် လျှောက်မသွားနဲ့နော်” အကြီးအကဲထျန်း၏အသံ ထွက်ပေါ်လာခဲ့သည်။
ကုအန် သစ်ပင်အောက်တွင် ထိုင်နေသော အကြီးအကဲထျန်းကို လှည့်ကြည့်လိုက်ရာ အကြီးအကဲထျန်းအရှိန်အဝါသည်လည်း ပုံမှန်ဟုတ်မနေဘဲ ဖော်ပြ၍မရသော ကြောက်စရာကောင်းမှုတစ်ခုရှိနေသလို ဖြစ်နေခဲ့၏။
“ကျွန်တော်ဆေးပင်တွေ သွားစစ်ဆေးရုံပါပဲ ဘယ်မှမသွားပါဘူး” ကုအန်ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူအမြန်ထွက်လာခဲ့လိုက်၏။
အကြီးအကဲထျန်း ထွက်ခွာသွားသော ကုအန်ကိုကြည့်ပြီး သူ့မျက်လုံးထဲတွင် စိတ်ချသွားဟန်ရသော အရိပ်အယောင်မျိုး ပေါ်လာခဲ့သည်။
“ဒီလိုတပည့်မျိုးရှိနေမှတော့ ငါကဘယ်လိုလုပ် အဓိပတိဂိုဏ်းပျက်ဆီးတာကို ထိုင်ကြည့်နေနိုင်ပါတော့မလဲ” အကြီးအကဲထျန်းတစ်ယောက်တည်းခပ်တိုးတိုးပြောလိုက်သော်လည်း ထိုစကားကို ပေ၁၀၀အဝေးတွင်ရှိသော ကုအန် ကြားလိုက်ရ၏။
သို့သော် သူဂရုမစိုက်နိုင်သေးပေ။ယခုအချိန်တွင် သူ သူ့ဆေးပင်လေးများကိုသာ အလွန်စိတ်ပူနေမိသည်။
ဆေးတောင်ကြားကို ကာကွယ်ပေးနေကြသော ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၅၀သည် တိုက်ပွဲထဲသို့ ရောက်ရှ်ိနေခဲ့ကြသည်။ ထိုထဲတွင် ကျိရှောင်ယုနှင့် ကုယူတို့လည်းပါပြီး သူတို့နှစ်ယောက်လုံးသည် ရန်သူအမြောက်အများကို ရင်ဆိုင်နေခဲ့ရကာ အရေးပေါ်အခြေအနေသို့ရောက်ရှိနေခဲ့ကြ၏။
လမ်းတစ်လျှောက်လုံးတွင် ကုအန် ရင့်မှည့်ခါနီးသော အပင်မှန်သမျှကို ရိတ်သိမ်းခဲ့လေသည်။ တိုက်ပွဲကြောင့် ဆေးပင်များပျက်ဆီးသွားလျှင် သူ့အတွက်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သွားမည်ဖြစ်သောကြောင့် သူထပ်စောင့်နေ၍ မဖြစ်တော့ပေ။
ကုအန် ဆေးပင်များရိတ်သိမ်းနေရင်း ဟိန်းဟောက်သံကြီးတစ်ခုကို ကြားလိုက်ရ၍ မော့ကြည့်လိုက်ရာ ရဲရဲတောက်နေသော ချီလင်ကြီးများကို ကောင်းကင်ပေါ်တွင် တွေ့လိုက်ရသည်။ ထိုချီလင်ကြီးများသည် အတန်းလိုက်ပုံစံဖြင့် ရှိနေကြခြင်းဖြစ်ပြီး ရှေ့ဆုံးရှိ ချီလင်ကိုယ်ထဲတွင်တော့ ပုံရိပ်တစ်ခုရှိနေခဲ့၏။
ထိုပုံရိပ်သည် ကျိရှောင်ယု ဖြစ်ပေသည်။
ချီလင်ခြေလှမ်း!
သူမခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူမပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လှစ်ကနဲ လှစ်ကနဲ ပျောက်ကွယ်သွားခဲ့ပြီး နီရဲနေသော ချီလင်ကြီးသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းတစ်ယောက်နှင့် တိုက်မိသွားပြီး ထိုမိစ္ဆာကျင့်ကြံသူကို အပိုင်းပိုင်းအစစကြေမွသွားစေခဲ့၏။
သူမ၏ အလျင်နှင့်အရှိန်သည် စိတ်ဝိညဉ်အခြေတည်အဆင့် အစောပိုင်းတစ်ယောက်ထက် မနိမ့်ကျနိုင်ဘူးဟု ကုအန်ခံစားနေခဲ့ရသည်။
ကျိရှောင်ယု ကုအန်အကြည့်ကို သတိထားမိသွားပုံပေါ်ပြီး တိုက်ပွဲတွင်း တိုက်ခိုက်နေရင်း ကုအန်ဘက် တစ်ချက်လှည့်ကြည့်လိုက်၏။
တိုက်ပွဲထဲတွင် ချီလင်ခြေလှမ်းကို အသုံးပြုနေရင်း သူ့လက်နှစ်ဖက်လုံးကလည်း ဓားများကိုကိုင်၍ မှော်သိုင်းများဖြင့်တိုက်ခိုက်နေလေရာ တိုက်ပွဲတွင် သူသည် ပြိုင်ဘက်ကင်းဖြစ်နေခဲ့သည်။
ထို့ကြောင့် မိစ္ဆာကျင့်ကြံသူများသည် ကျိရှောင်ယုကိုဦးတည်၍တိုက်ခိုက်လာကြပြီး တဖြည်းဖြည်းသူ့အနားတွင် ဝိုင်း၍တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူများ ဝိုင်းလာတော့၏။
ကျိရှောင်ယုမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု သူ့ကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာကာ အနားရှိ မိစ္ဆာကျင့်ကြံသူများကို နောက်သို့ လွင့်ထွက်သွားစေခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူများမှာမူ ချက်ချင်း သေဆုံးသွားခဲ့ကြရသည်။
ထို့နောက် ကျိရှောင်ယု သူ့ညာလက်ရှ်ိရတနာဓားကို ကောင်းကင်ဆီသို့မြှောက်လိုက်ရာ ဓားဆီမှ စိတ်ဝိညဉ်စွမ်းအင်များ ကောင်းကင်ဆီ ထိုးတက်သွားပြီး ကောင်းကင်တွင် အချင်း ၁၀မိုင်ခန့်ရှိသော စက်ဝိုင်းကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး စက်ဝိုင်းပေါ်တွင် ဆန်းကြယ်သော အက္ခရာများနှင့် ပြည့်နှက်နေလေသည်။
ကျိရှောင်ယုကိုယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းသည် ကောင်းကင်နှင့်မြေပြင်လမ်းစဉ် နတ်သိုင်းမှဖြစ်မှန်း ကုအန်မှတ်မိ၏။
အရင်က ထိုသိုင်းကို ကျန်းချောင် ကျိရှောင်ယု၏ဂုဏ်ပြုပွဲမှ သွားခိုးလာခဲ့ပြီး သူ့ဆီအပ်ထားခဲ့သောကြောင့် ကုအန် ထိုသိုင်းကိုအနည်းငယ် လေ့လာထားဖူးပေသည်။
ကောင်းကင်နှင့်မြေပြင်လမ်းစဉ် နတ်သိုင်းနောက်တွင်သုံးလိုက်သောသိုင်းကိုတော့ ကုအန်မသိသော်လည်း ထိုသိုင်း၏ စွမ်းအားမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်နေမှန်းတော့ ကုအန် ခံစားမိ၏။
ထိုမိန်းမ၏ ပါရမီနှင့် နားလည်နိုင်စွမ်းမှာ အလွန်ကြောက်စရာကောင်းလွန်းလှသည်။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွင် နတ်သိုင်းနှစ်ခုကို တတ်မြောက်ခြင်း!
ထိုစဉ် ရွှေရောင်စက်ဝိုင်းကြီးထဲမှ ရွှေရောင်နဂါးပုံရိပ်များသည် ရွှေရောင်နဂါးစစ်သည်များနှယ် တွားသွား၍ ထွက်လာခဲ့ပြီး မိစ္ဆာကျင့်ကြံသူများဆီ ပြေး၀င်သွားခဲ့ရာ မိစ္ဆာကျင့်ကြံသူများ ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ကြ၏။
တချို့က မှော်သိုင်းများသုံးကာ ခုခံရန် ကြိုးစားခဲ့သော်လည်း ရွှေရောင်နဂါးပုံရိပ်များ၏ ဝါးမျိုခြင်းကိုသာ ခံလိုက်ကြရသည်။
နဂါးများသည် ပုံရိပ်ယောင်များသာ ဖြစ်ကြသော်လည်း ထိုနဂါးများဝါးမြိုသွားပါက ထိုကျင့်ကြံသူသည် နဂါးဗိုက်ထဲရောက်သွားပြီး ဗိုက်ထဲက ရွှေရောင်စိတ်ဝိညဉ်မီးတောက်၏ လောင်ကျွမ်းခြင်းကို ခံကြရ၏။
မကြာခင်တွင် ကျိရှောင်ယု၏ ၅မိုင်အတွင်းတွင် မည်သည့်မိစ္ဆာကျင့်ကြံသူမှ မကျန်ရစ်ခဲ့တော့ပေ။
သူမသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁၀၀ကျော်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၃၀၀ ကျော်ကို အသက်တစ်ရှိုက်စာအတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာသည် ကုအန်ရောက်မှ မြင်ခဲ့ရသောအရာဖြစ်ပြီး ကုအန်မရောက်ခင်ကတည်းကပင် ကျိရှောင်ယု သတ်ဖြတ်ထားသော သူများရှိနေသေးသည်။
ကျိရှောင်ယုသည် လေထဲတွင် ဓားနှစ်လက်ကိုကိုင်ကာ ရပ်နေခဲ့ပြီး သူ့အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့ကာ သူ့ဖြူဖျော့နေသော နှဖူးပေါ်တွင်လည်း ချွေးများစီးကျနေခဲ့၏။
ထိုစဉ် သူမနောက်သို့လှည့်ကြည့်လိုက်ပြီး မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
သူမကြည့်နေသောအရပ်ရှိ မိုးကုတ်စက်ဝိုင်းမှ မရေတွက်နိုင်သော မိစ္ဆာကျင့်ကြံသူများပေါ်ထွက်လာခဲ့ပြီး သူတို့ဧ။် အရေအတွက်မှာ ကောင်းကင်ကိုပင် ဖုံးအုပ်သွားခဲ့သည်။
ထိုမိစ္ဆာစစ်တပ်ကြီး၏ ရှေ့တွင်မူ အနက်ရောင်၀တ်စုံကို၀တ်ကာ အရိုးဓားကြီးပေါ်တွင်ရပ်နေရင်း လက်ထဲတွင် အနက်ရောင်အလံတစ်လက်ကိုင်ထားသော လူတစ်ယောက် ရှိနေခဲ့သည်။
“ကျိမိသားစု ချီလင်ခြေလှမ်း၊ ကောင်းကင်နှင့်မြေပြင်လမ်းစဉ်၊ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံ နင်ကဒီအရွယ်လေးနဲ့ စွမ်းအားကြီးတဲ့ သိုင်းအတော်များများတတ်ထားတာပဲ နင့်ကိုသာ ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်ရင် တစ်ချိန်မှာ လူတိုင်းက နင့်အရိပ်အောက်ကို ရောက်သွားလိမ့်မယ်” အေးစက်နေသောအသံကြီး အနက်ရောင်၀တ်စုံ၀တ် လူထံမှ ထွက်ပေါ်လာခဲ့ပြီး သူ့အသံနောက်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခုလည်း ကပ်ပါလာခဲ့လေသည်။