← Chapters

အခန်း (၈၇-၈၈)

Vol. 8 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 8 Ch. 87-88

အပိုင်း(၈၇)

ဒေါသထွက်နေသာ ကုအန်၊ လုပိုင်ထျန်းရောက်ရှိလာမှု

ဆေးပင်ခူးနေရင်း ကုအန် အေးစက်စက်အသံကြီးကို ကြားလိုက်ရသောကြောင့် မော့ကြည့်လိုက်၏။ အနက်ရောင်၀တ်စုံ၀တ်လူ၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသောကြောင့် ကုအန် သက်တမ်းစစ်ဆေးခြင်းကို သုံးလိုက်‌ေလသည်။

အဲ့ဒီလိုစကားကြီး စကားကျယ်တွေပြောရအောင် မင်းကျင့်ကြံခြင်းက ဘယ်လောက်ရှိနေလဲ ငါတကယ်သိချင်မိတယ်!

[ရှုကျဲ(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉) : ၉၈၂/၂၂၀၀/၂၃၀၀]

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉!

အံ့ဩစရာပဲ!

ကျိ‌ေရှာင်ယုတွင် သူ့ကိုစောင့်ကြည့်‌ေပး‌ေန‌ေသာ ကျင့်ကြံသူကြီးတစ်‌ေယာက်ရှ်ိ‌ေနနုိင်‌ေသာ‌ေကြာင့် ကုအန် အဝေးမှသာ‌ကြည့်နေလိုက်သည်။

ကျိရှောင်ယု ရှုကျဲအား သာမန်အတိုင်းသာ ကြည့်နေခဲ့ပြီး သူ့တွင်ကြောက်ရွံ့နေသောအရိပ်အယောင်မျိုးလုံး၀ရှ်ိမနေခဲ့ပေ။ ကောင်းကင်ပေါ်ရှိ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံမှာလည်း တဖြည်းဖြည်းသေးငယ်လာခဲ့ပြီး နောက်ဆုံးတွင် ကျိရှောင်ယုနောက်သို့ ရောက်ရှိသွားကာ ထိုထဲမှ နဂါးများပြန်ထွက်လာခဲ့ပြီး နဂါးများသည် ကျိရှောင်ယုနောက်တွင် ဝိုင်းပတ်နေလေရာ သူ့ပုံစံသည် နဂါးအရှင်သခင်တစ်ယောက်ကဲ့သို့ပင် ဆန်းကြယ်နေခဲ့သည်။

ကျိရှောင်ယု တိုက်ခိုက်ရန်ပြင်နေသည်ကိုကြည့်ပြီး ရှုကျဲ အထင်သေးစွာ ပြုံးလိုက်၏။

ထို့နောက် သူ့လက်ထဲရှိ အလံကို မြှောက်ကာ ပြောရန်ပြင်လိုက်စဉ်တွင် အသံကြီးတစ်သံ ကောင်းကင်ထက်တွင် ဟိန်းထွက်လာခဲ့လေသည်။

“ရှူကျဲ ၀မ်းယင်ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး အငယ်တွေကို အနိုင်ကျင့်ချင်တာလား”

၀မ်းယင်ဂိုဏ်းက လက်ထောက်ဂိုဏ်းချုပ်လား!

ကုအန် လင်းဖူထျန်း ပြောခဲ့သော ရှူရူယီ၏အဖေအကြောင်း ပြန်စဉ်းစားမိသွားသည်။

ဆိုတော့ အဲ့တာသူကိုး!

ကုအန်ထိုသို့တွေးနေသော်လည်း သူ့လက်များမှာတော့ ခပ်မြန်မြန်ပင် ဆေးပင်များ ရိတ်သိမ်းနေခဲ့ဧ်။။

ရှူကျဲ မျက်ခုံးများ တွန့်ကွေးသွားပြီး ထေ့ငေါ့လိုက်ပြန်သည်။ “ကျိချန် မင်းလည်းလာမယ်လို့ ငါထင်မထားဘူး ငါတို့ရန်ညှိုးဟောင်းတွေကို ရှင်းလိုက်ကြတာပေါ့”

ထို့့နောက် ရှူကျဲမိုးကြိုးတိမ်တိုက်များကြားထဲ ခုန်၀င်သွားခဲ့ပြီး ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များသည် ပိုမိုလှုပ်ခတ်လာခဲ့ကာ ကမ္ဘာမြေပေါ်သို့ပင် မိုးကြိုးများ ကျဆင်းလာခဲ့လေသည်။

သူ့နောက်မှ မိစ္ဆာများမှာလည်း ဟိန်းဟောက်လိုက်ကြကာ ခြံထဲမှလွတ်လာသော သားရဲများကဲ့သို့ တတိယတောင်ကြားဆီသို့ ပြေး၀င်လာကြလေတော့သည်။

ထိုမိစ္ဆာများနှင့် မကောင်းဆိုးဝါးတစ္ဆေများမှာ သန်မာကြပြီး အုပ်စုလိုက်ကြီး ကောင်းကင်ပေါ်မှ ထိုးဆင်းလာကြလေရာ ကောင်းကင်တွင် ကြီးမားသော လေထုဖိအားကြီးပင် ‌ဖြစ်ပေါ်လာခဲ့၏။

ကျိရှောင်ယု သူ့ဓားကိုမြှောက်၍ တိုက်ခိုက်ရန် ပြင်လိုက်ပြီး သူ့နောက်ရှိ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံမှာလည်း မိစ္ဆာအုပ်ကြီးထဲသို့ ပြေး၀င်သွားလေတော့သည်။

သို့သော် မိစ္ဆာအရေအတွက်မှာများပြားလွန်းလှ၏။ နဂါးများသည် မိစ္ဆာများကို အကုန်မရှင်းလင်းနိုင်ခဲ့ဘဲ အချိန်ခဏကြာသောအခါ နဂါးများ၏ စိတ်ဝိညဉ်စွမ်းအင်များ ပြိုကွဲလာခဲ့ကြသည်။

ကုအန် ဥယျာဉ်နေရာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ရန် တောထဲသို့ ၀င်လာခဲ့၏။ ထိုစဉ် သူ့ဆေးပင် အများအပြားသည် နှင်းများကြောင့် ကျိုးကြေသွားသည်ကို တွေ့လိုက်ရသောအခါ ကုအန်ကိုယ်ထဲမှ သတ်ဖြတ်ခြင်းဆန္ဒများ မြင့်တက်လာခဲ့လေသည်။

မင်းတို့ တိုက်ခိုက်ချင် တိုက်ခိုက်ကြ၊ ဆူဆူညံညံလုပ်ချင်လိုက်ကြ ဒါပေမယ့် ငါ့ဆေးပင်တွေကိုမဖျက်ဆီးနဲ့ကွ!

ကုအန် နှလုံးသား တုန်ခါနေခဲ့၏။

ကုအန် အပင်များကြောင့် ဒေါသထွက်နေချိန်တွင် ကျိရှောင်ယုမှာလည်း မိစ္ဆာများ၏ ဝိုင်းထားခြင်းကို ခံနေရ‌သည်။ သူမှော်သိုင်းကွက်များ မသုံးနိုင်တော့ဘဲ မိစ္ဆာများကို သတ်ဖြတ်ရန် လက်ထဲက ဓားနှစ်ချောင်းကိုသာ အားကိုးနေရသည်။ သူ့ဓားတစ်ချက်လှုပ်သွားတိုင်း မိစ္ဆာတစ်ကောင်နှုန်းဖြင့် သေဆုံးနေပြီး သူ့လှုပ်ရှားမှုများမှာ သက်တန့်တစ်စင်းကဲ့သို့ပင်။

အခြားဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တပည့်များလည်း သူမကို လာကူညီခဲ့သော်လည်း မိစ္ဆာအရေအတွက်သည် များပြားလှသောကြောင့် မယှဉ်နိုင်ဖြစ်နေခဲ့ရသည်။

ဂူးး ဂူးးးး

ကောင်းကင်ဝါးမျိုအမှောင်ငှက်ကြီး၏ အော်သံထွက်ပေါ်လာခဲ့ပြီး ထိုအသံသည် အခြားမိစ္ဆာများ၏ အော်ဟစ်သံများကိုပင် ဖုံးအုပ်သွားခဲ့၏။

ကုအန် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

ဒီကောင်ကြီးကို အဓိပတိဂိုဏ်းက ဘယ်ကျင့်ကြံသူမှ မသတ်ကြသေးဘူးလား!

ထိုစဉ်

ကုအန် တစ်ခုခုကိုအာရုံခံလိုက်မိ၍ လှည့်ကြည့်လိုက်ရာ မိုင်သုံးဆယ်အ‌ေ၀းတွင် ကြောင်မိစ္ဆာတစ်ကောင်သည် ကောင်းကင်ပေါ်မှ သူ့ဆေးပင်များပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ဆေးပင်များကျိုးကြေသွားသည်ကို တွေ့လိုက်ရ၏။

ကုအန် အကြည့်များတင်းမာလာပြီး မြေကြီးထဲမှ ဓားချီတစ်စထွက်လာကာ ထိုကြောင်မိစ္ဆာကို သတ်ဖြတ်ပစ်လိုက်သည်။

ကုအန် မော့ကြည့်လိုက်ရာ မိစ္ဆာများသည် မိုးရေစက်များကဲ့သို့ သူ့တတိယတောင်ကြားနယ်မြေထဲသို့ ပြုတ်ကျလာနေသည်ကို တွေ့လိုက်ရ၏။

ကုအန်၏ အမူအရာ ရက်စက်လိုဟန်ပေါက်လာပြီး သူ့ညာဘက်ခြေထောက်အား ဘေးသို့ တစ်ချက်ရွှေးလိုက်လေတော့သည်။

ကောင်းကင်ပေါ်တွင်

ကောင်းကင်ပေါ်ရှိတိုက်ပွဲမှ ပိုမိုကြမ်းတမ်းလာခဲ့၏။

ကုယူ ကြာပွတ်တစ်ချောင်းကိုကိုင်၍ တိုက်ခိုက်နေရင်း အော်ပြောလိုက်လေသည်။ “တပည့်တွေ မင်းတို့မှာ နောက်ခံတွေရှ်ိကြသေးရင် အမြန်ခေါ်လိုက် ငါ့အဖေက အေးခဲအဆိပ်တောင်ကြားမှာ မိစ္ဆာခေါင်းဆောင်ကို တားဆီးနေရတယ်”

တိုက်ပွဲထဲတွင်ရှိနေသော တပည့်များအားလုံးမှာ ကျိမိသားစုနှင့် ကုမိသားစုမှဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းတွင် ထင်ရှားသော နောက်ခံများ ရှိကြ၏။ ကုယူ မပြောခင်ကပင် အချို့မှာ အကူအညီတောင်းသည့် ရတနာများသုံး၍ သတင်းပို့ပြီးသား ဖြစ်ပေသည်။ ထိုအခိုက်တွင် ကောင်းကင်ပေါ်၌ အလင်းတန်းများ တဖိတ်ဖိတ်တောက်နေသော စိတ်ဝိညဉ်အလင်းရောင်များဖြင့် ပြည့်နှက်နေခဲ့၏။

တိုက်ပွဲအလယ်တွင် ကျိရှောင်ယု အောက်သို့ တစ်ချက်ငုံ့ကြည့်လိုက်ပြီး သူ့အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။ တောင်တန်းများနှင့် မြေပြန့်များအောက်ခြေမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအစိမ်းရောင်အလင်းများသည် တဖြည်းဖြည်းအစိမ်းရောင်သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြန့်လာခဲ့သည်ကို မြင်လိုက်ရခြင်းကြောင့် ဖြစ်၏။

ခပ်လှမ်းလှမ်းတွင်

အကြီးအကဲထျန်းတရားထိုင်နေရင်း မျက်လုံးများပွင့်လာကာ တိုက်ပွဲနေရာသို့ တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

“ဒီလိုကျယ်ပြန့်တဲ့ စိတ်ဝိညဉ်စွမ်းအားမျိုး …ဒါက ကျိမိသားစုကလား ကုမိသားစုကလား”

အကြီးအကဲထျန်း ပဟေဠိဖြစ်သွားခဲ့၏။ သို့သော် ထိုအစိမ်းရောင်စိတ်ဝိညဉ်စွမ်းအားများသည် တတိယတောင်ကြားကို ကာကွယ်ပေးဖို့ ကြိုးစားနေသည်ကို အာရုံခံမိသောကြောင့် သူထပ်မကြည့်တော့ဘဲ ဆက်ပြီးတော့သာ ကျင့်ကြံနေလိုက်သည်။

အစိမ်းရောင်စိတ်ဝိညဉ်စွမ်းအားများသည် တတိယတောင်ကြားတစ်၀က်လောက်ကိုပင် ဖုံးအုပ်သွားခဲ့ပြီး ထိုမြင်ကွင်းကို အိမ်နားတွင်စုနေကြသော အစေခံတပည့်များပင် မြင်နေကြရ၏။

“အဲ့တာဘာကြီးလဲ”

“အဲ့တာမှော်ပညာလား”

“ကြည့်ရတာတော့ ငါတို့ဆေးတောင်ကြားကို ကာကွယ်ပေးနေပုံပဲ အဲ့တာက ငါတို့တောင်ကြားကပိုင်တာတစ်ခုခုဖြစ်ရမယ်”

“အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ”

….

တတိယတောင်ကြား အစွန်အဖျားရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရှန်းကျန် ကမ်းပါး၌ ရပ်နေခဲ့၏။ သူ့နေရာမှကြည့်လျှင် သူသည် စိတ်ဝိညဉ်စွမ်းအင်ပင်လယ်ကြီးကို အပေါ်စီးမှ မြင်နေခဲ့ရသည်။

သူချက်ချင်း စာရွက်တစ်ရွက်ထုတ်လိုက်ကာ ထိုမြင်ကွင်းကို စတင်ရေးဆွဲခဲ့၏။

ထိုစဉ် သူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ရသည်။ ကျယ်ပြန့်လှသော အစိမ်းရောင်စိတ်ဝိညဉ်ပင်လယ်ထဲမှ ရေတွက်မရလောက်အောင် များပြားသော အစိမ်းရောင်ဓားချီများ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ရွှစ်! ရွှစ်! ရွှစ်!....

ဓားချီ လေခွင်းသံများသည် ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် ဟိန်းထွက်လာလေတော့သည်။ ကုမိသားစုနှင့် ကျိမိသားစုမှ တပည့်များ ကြောက်လန့်တကြား ထိုဓားချီများကို ရှောင်ရန်ကြိုးစားလိုက်သော်လည်း မကြာခင်တွင် ထိုဓားချီများသည် မိစ္ဆာများကိုသာ ဦးတည်နေမှန်း သိသွားကြ၏။ ဓားချီများသည် ကောင်းကင်ပေါ်ရှိ မိစ္ဆာကျင့်ကြံသူများဆီ တိုး၀င်သွားခဲ့ပြီး တစ်ချက်တစ်ကောင်နှုန်းဖြင့် သတ်ဖြတ်သွားပြီး ကောင်းကင်ပေါ်တွင် မိစ္ဆာများ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲကုန်ကြပြီး သွေးရောင်မီးရှုးမီးပန်းဖောက်လိုက်သလို ဖြစ်နေခဲ့သည်။

ကျိရှောင်ယု အစိမ်းရောင်ဓားချီများကို ကြည့်နေရင်း သူ့နှလုံးသားသည် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့၏။

ဤအရာသည် မည်သို့သော မှော်ပညာဖြစ်ပါသနည်း။

ထိုဓားချီများတွင် ပါ၀င်သော စိတ်ဝိညဉ်စွမ်းအားသည် သူအိပ်မက်သာမက်နိုင်သော ပမာဏဖြစ်ပြီး သူ့ဖိုးဖိုးကြီးပင် ထိုအရာနှင့်ယှဉ်ရန် အဝေးကြီးလိုနေသေးသည်ဟု ခံစားလိုက်ရသည်။

ဤသို့ဖြင့် အစိမ်းရောင်ဓားချီများသည် ကောင်းကင်ပေါ်ရှိ မိစ္ဆာကျင့်ကြံသူများကို ထွက်ပြေးနိုင်စွမ်းမရှိအောင်ပင် နောက်မှလိုက်၍ သတ်ဖြတ်နေတော့၏။

အစိမ်းရောင်ဓားချီများသည် ကောင်းကင်ပေါ်တွင် ရေတွက်၍မရလောက်အောင် ပြည့်နှက်နေပြီး ထိုဓားချီနှင့်ထိသည့် မိစ္ဆာကျင့်ကြံသူတိုင်းသည်လည်း သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ထိုဓားချီများ ပျောက်ကွယ်သွားသော အခါတွင် ကောင်းကင်ပေါ်၌ မည်သည့်မိစ္ဆာမှလည်း မကျန်ရစ်တော့ပေ။

တိုက်ပွဲထဲပါခဲ့ကြသော တပည့်များမှာ ကြောင်အနေခဲ့ကြပြီး ဟိုဟိုဒီဒီလှည့်ပတ်ရှာဖွေနေမိကြသည်။

တောထဲတွင်

ကုအန် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

ထိုတိုက်ခိုက်မှုလှိုင်းသည် အနည်းငယ် စိတ်ဝိညဉ်စွမ်းအင်ကုန်ကြမှုများပေသည်။ ထိုဓားချီများသည် မိစ္ဆာကျင့်ကြံသူများကို သတ်ဖြတ်ရုံသာမက အဓိပတိဂိုဏ်းတပည့်များကို မထိခိုက်အောင်လည်း ထိန်းရသေးသောကြောင့် ဖြစ်၏။

ထိုစဉ် သူ့ရှေ့တွင်ပေါ်လာသော အသိပေးချက်များကို ကြည့်ကာ ကုအန် မျက်နှာမည်းမှောင်လာခဲ့သည်။

[သင်သည် သောကကြောင်မိစ္ဆာ(အဆင့်၃)ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၂နှစ်ရရှိခဲ့ပါသည်]

[သင်သည် အတောင်ပါမြွေပျံ(အဆင့်၂)ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁နှစ်ရရှိခဲ့ပါသည်]

[သင်သည် လောဘခွေး(အဆင့်၁)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁နှစ်ရရှိခဲ့ပါသည်]

…..

မကောင်းဆိုးဝါးဝိညဉ်အများစုသည် သက်တမ်း ၁ နှစ်၂နှစ်များသာ ဖြစ်ကြပြီး ၂နှစ်မှာပင် အတော်ရှားပေသည်။

ဒီမကောင်းဆိုးဝါးဝိညဉ်တွေမှာ သက်တမ်းမရှိကြတာလား!

ဘာတွေဖြစ်နေတာလဲ!

ကုအန်မျက်ခုံးများတွန့်ကွေးသွားခဲ့၏။ သူ ရှူကျဲလက်ထဲရှိ အလံကိုပြန်တွေးမိသွားသည်။

ဤမိစ္ဆာများသည် သာမန်သက်ရှိများ မဟုတ်ကြဘူးလော!

ထိုအကြောင်းတွေးရင် သူ့အတွေးသည် ဖြစ်နိုင်သည်ဟု ကုအန်ခံစားလာရသည်။ ဤနေရာသည် အဓိပတိဂိုဏ်းအတွင်းစည်းဂိုဏ်းဖြစ်ပြီး အဘယ်ကြောင့် မိစ္တာစစ်တပ်တစ်ခုလုံး ၀င်လာနိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ စွမ်းအားကြီးသော မိစ္ဆာတစ်ကောင်၀င်လာနိုင်ခဲ့ပြီး ထိုမိစ္ဆာက မကောင်းဆိုးဝါးဝိညဉ်များကို ဆင့်ခေါ်လိုက်ခြင်းသာ ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ မိစ္ဆာများမှာ အသက်ပမာဏနည်းသော်လည်း အရေအတွက်များသောကြောင့် ကုအန် ထိုးတက်လာခဲ့၏။

ထိုအခိုက်တွင် ကုအန် သတ်ဖြတ်လိုစိတ်ပင် မြင့်တက်လာခဲ့သည်။

ဤသို့သောနည်းလမ်းမျိုးသည် သူ့သက်တမ်းကို အလွန်လျင်မြန်စွာ တိုးတက်လာစေနိုင်၏။

သို့သော် ထိုအတွေးကို မြိုသိပ်ထားလိုက်ရသည်။ သတ်ဖြတ်ခြင်းသည် နောက်ဆုံးတွင် အလွယ်တကူကပ်ဘေးတစ်ခုကိုယူလာမည်ဖြစ်ပြီး သူ၏ နဂိုရန်သူမရှိဘဲ အေးအေးချမ်းချမ်း သက်တမ်းစုဆောင်းသော လမ်းစဉ်မှာသာ ပိုကောင်း၏။

သူဤကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာလည်း မည်သည့်အဆင့်ဖြစ်မှန်းမသိသေးသောကြောင့် သူပြိုင်ဘက်ကင်းမဖြစ်ခင် သတိထားတာ ပိုကောင်းပေသည်။

သူ့ကိုယ်သူ လူတစ်ယောက်၏ ဖိနပ်နေရာတွင် ၀င်ကြည့်မည်ဆိုပါက မြေပေါ်တွင် ပိုးမွှားတစ်ကောင်က အခြားပိုးမွှားများကို သတ်ဖြတ်ပြီး အင်အားကြီးလာတာမြင်လျှင် ထိုပိုးမွှားကို သူနင်းချေပစ်လိုက်မှာ သေချာ၏။ ပိုးမွှားမှာတော့ သူ့ထက် ကြီးသော ဖိနပ်ကြီးရှိနေတာကို သိတောင်သိလိုက်မည်မဟုတ်ပေ။ ကုအန်သတိထားနေသည်မှာလည်း ထိုအရာသာ ဖြစ်ပေသည်။

အဝါရောင်နဂါးစွမ်းအင် ဆန်းကြယ်ကျင့်စဉ်သည် အဆင့်မြှင့်၍ ရနေသေးသောကြောင့် ဤကမ္ဘာပေါ်တွင် သူ့ကျင့်ကြံခြင်းကို ဖောက်မြင်နိုင်သော သူများ ရှိနေသေးသာ သေချာ၏။

မလောနဲ့ အေးဆေးပဲသွားကြတာပေါ့!

ကုအန်၏ ရိတ်သိမ်း၍ သက်တမ်းစုဆောင်းသော နည်းလမ်းသည် သက်တမ်းတိုးတက်နှုန်းနှေးသော်လည်း နှစ်ပေါင်းများစွာကြာသည့်အချိန်ထိ ရန်သူမရှိဘဲ အေးအေးဆေးဆေး အပင်စိုက်ကာ သန်မာလာမည့် နည်းလမ်းဖြစ်ပေသည်။

ကုအန် ထိုအကြောင်းဆက်မတွေးတော့ဘဲ နှင်းများကို ဖယ်ကာ တောထဲရှိ ကျန်နေသေးသော အပင်များကို ရိတ်သိမ်းဖို့သာ ဆက်လုပ်လိုက်၏။

အသိပေးချက်များ အားလုံးကုန်သွားသောအခါ ကုအန် သက်တမ်း ၅၀၀၀၀ တက်လာခဲ့လေသည်။

ကုအန် မြင်လိုက်သည့် မိစ္ဆာစစ်တပ်မှာ အနည်းဆုံး မိစ္ဆာ ၂သိန်းလောက်ပါသောကြောင့် ကြည့်ရသည်မှာ ထိုထဲရှိ အများစုသည် အသက်မရှိ‌ေတာ့သော စိတ်ဝိညဉ်များသက်သက်သာ ဖြစ်ပေလိမ့်မည်။

မိစ္ဆာလမ်းစဉ်၏ နည်းလမ်းများမှာ ကြမ်းကြုတ်လွန်းလှပေသည်။

မိစ္တာစစ်တပ်ကြီးကို ရှင်းလင်းပစ်လိုက်၍ တတိယတောင်ကြား၏ ပြဿနာများမှာ လက်ရှိတော့ အဆင်ပြေသွားပြီဆိုသော်လည်း ရှူကျဲနှင့် ကျိချန်တို့၏ တိုက်ပွဲမှာတော့ တိမ်ပင်လယ်ထဲတွင် မပြီးပြတ်နိုင်သေးပေ။

တိမ်ပင်လယ်ထက်တွင် ရှုကျဲသည် မိစ္ဆာချီများ ကိုင်ဆောင်ထား‌ေသာ အလံနက်တစ်လက်ကို ကိုင်ဆောင်ထားကာ သူ့မျက်နှာပေါ်တွင်မူ ရွှေရောင်အလင်းများ တောက်နေခဲ့၏။

သူ့ရှေ့တွင်မူ ကောင်းကင်နဂါးမိစ္တာဖိနှိပ်ပုံစံကို ထုတ်ဖော်ထားသော ကျိချန် ရှိနေပြီး သူ့နောက်တွင် ရွှေရောင်နဂါးကြီးကြီးတစ်ကောင်ရှိနေကာ ထိုနဂါးသည် ကျိရှောင်ယု၏ နဂါးထက် အဆများစွာထင်ရှားပြီး တကယ့်နဂါးအစစ်တစ်ကောင်လိုပင်။

“မင်းရဲ့မိစ္ဆာမွေးဖွားခြင်းအစီအရင်က အလှပြရုံကလွဲလို့ ဘာမှမဟုတ်ပါဘူး” ကျိချန် သာမန်ပုံစံဖြင့် ပြောလိုက်ပြီး သူလက်ကို မြှောက်လိုက်၏။ ထိုအခါ သူ့နောက်ရှ်ိ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်အစီအရင်မှ ရွှေရောင်အလင်းများထွက်ပေါ်လာပြီး အလင်းများသည် သူ့လက်ထဲသို့ စီး၀င်သွားကြကာ စစ်ပုဆိန်ရှည်ကြီးတစ်လက်ဖြစ်ပေါ်လာပြီး ပုဆိန်ပေါ်တွင်လည်း ရွှေရောင်မီးတောက်များ တောက်နေခဲ့လေသည်။

ရှူကျဲ မခိုးမခန့်တစ်ချက်ရယ်လိုက်ကာ မိစ္ဆာချီတိမ်တိုက်များအဖြစ်ပြောင်းပြီး မိုးကုတ်စက်ဝိုင်းဆီ လှည့်ပြေးသွားခဲ့၏။

ကျိချန်လည်း သူ့နောက်မှ ချက်ချင်းပင် ပြေးလိုက်သွားခဲ့သည်။

….

ကျိချန်နှင့် ရှုကျဲတို့ ထွက်သွားသောအခါ တတိယတောင်ကြားသည် အရင်လိုပင် ပြန်လည်အေးချမ်းတိတ်ဆိတ်သွားပြီး ကုအန်မှာလည်း ဆက်လက်၍ အလုပ်ရှုပ်နေလေတော့သည်။

တစ်နာရီခန့်ကြာသောအခါ

ကုအန် မြစ်ငယ်လေးတစ်စင်းဘေးသို့ ရောက်နေခဲ့ပြီး အနီးတစ်ဝိုက်ရှိ နှင်းများကို မြစ်ထဲတွန်းချနေပြီး အရည်ပျော်အောင် လုပ်နေခဲ့၏။

ထိုစဉ် ရုတ်တရက်သူ့ဘေးတွင် ပုံရိပ်တစ်ခုပေါ်လာရာ ‌ကုအန်ထိတ်လန့်သွားချင်‌ေယာင်‌ေဆာင်ကာ နောက်သို့ဆုတ်သွားခဲ့သည်။

“ခင်ဗျားလား ခင်ဗျားက…”

ရောက်ရှိလာသောလူ၏မျက်နှာကိုကြည့်ပြီး ကုအန် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်၏။

[လုပိုင်ထျန်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၂): ၇၅၄/၁၉၅၀/၃၂၀၀]

ဒါကဘယ်လိုအလျင်မျိုးလဲ!

အကြီးအကဲထျန်းသည် ရိုးရှင်းသော အ၀တ်အစားများကိုသာ ၀တ်ဆင်ထားဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်သည် ပိုမိုကြံ့ခိုင်လာ‌ကာ သူ၏အရင်ကမွဲခြောက်နေသော ဆံပင်များမှာလည်း အသက်ဓာတ်များပြည့်လာပုံရပြီး သူ့အသားအရေပင် ပိုငယ်ပုံပေါက်လာခဲ့သည်။

ကုအန်၏ အကြည့်အောက်တွင်ပင် သူ့မျက်နှာသည် အသက်၃၀ကျော်အရွယ်လူတစ်ယောက်ပုံသို့ အမြန်ပြောင်းလဲသွားခဲ့၏။

အဲ့တာက ပုံစံပြောင်းခြင်းလား!

အကြီးအကဲထျန်း မျက်နှာဖြည်းဖြည်းချင်း ပြန်မော့လာခဲ့ပြီး မြေပေါ်တွင် ဖင်ထိုင်ကျနေသော ကုအန်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းအဲ့ဒီ မိစ္ဆာလမ်းစဉ်က ကျင့်ကြံသူတွေကိုမုန်းလား”

ကုအန် ကြောက်နေသလိုလို ဟန်ဆောင်လိုက်ပြီး ဖြေလိုက်၏။

“ကျွန်တော် မုန်းပါတယ်..”

“ဒီလိုဆို ငါမင်းကို မိစ္ဆာလမ်းစဉ်ကို အမြစ်ပြတ်သုတ်သင်ဖို့ ခေါ်သွားမယ်ဆို ဘယ်လိုလဲ”

“ခင်ဗျား…ခင်ဗျားကတကယ်ပဲဘယ်သူလဲ”

“အကြီးအကဲထျန်းဆိုတာ ငါ့ယာယီနာမည်ပါ ငါ့နာမည်အရင်းက လုပိုင်ထျန်း မင်းငါ့ကို ကြားဖူးလား”

အပိုင်း(၈၈)

ငါ့တပည့်ဖြစ်လာပြီးရင် မင်းကနောက်တက်မယ့် ဂိုဏ်းချုပ်ဖြစ်လာလိမ့်မယ်

ကောင်းလိုက်တဲ့ သရုပ်ဆောင်!

ကုအန် မာနကြီးသော လုပိုင်ထျန်းကို ဗလာမျက်လုံးများဖြင့် ကြည့်နေပြီး သူ့ကိုယ်သူပြန်ချီးကျူးလိုက်မိသည်။

လုပိုင်ထျန်းမှာတော့ သူ့ပုံရိပ်ကြောင့်ထိုကလေးကြောက်လန့်သွားသည်ဟုထင်နေပြီး သူ့မေးရိုးများသည် ပို၍ပင် မော့လာခဲ့၏။

“ဖြစ်နိုင်တာက စီနီယာက ကျင့်ကြံခြင်းဖောက်ပြန်သွားတဲ့ ဂိုဏ်းချုပ်လား” ကုအန် ထိတ်လန့်ချင်‌ယောင်ဆောင်ကာ မေးလိုက်သည်။

ကျင့်ကြံခြင်းဖောက်ပြန်တာ…

လုပိုင်ထျန်းမျက်နှာတွင် အပြုံးတစ်စပေါ်ပေါက်လာပြီး ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။ “အဲ့တာက ငါရည်ရွယ်ချက်ရှိရှိလုပ်ထားတာပါ”

“ဒါပေမယ့် စီနီယာက အခုမှချီကျင့်ကြံခြင်းအဆင့်မလား ဘယ်လိုလုပ် မိစ္ဆာလမ်းစဉ်ကို ရှင်းလင်းပစ်နိုင်မှာလဲ”

“ကောင်လေး ငါကငါ့စိတ်ဝိညဉ်စွမ်းအင်တွေကို မူလဝိညဉ်ထဲမှာ ဖိထည့်ထားပြီး ကျင့်ကြံခြင်းလမ်းလွဲချင်ယောင်ဆောင်ပြီး အဲ့ဒီလူတွေကို ငါသာမရှိရင် အဓိပတိဂိုဏ်းဘာဖြစ်သွားမလဲဆိုတာ ပြချင်လို့ လုပ်ခဲ့တာ”

လုပိုင်ထျန်း၏လေသံသည် အထင်သေးခြင်းများဖြင့် ပြည့်နှက်နေပြီး သူပြောသော အဲ့ဒီလူများဆိုသည်မှာ အကြီးအကဲများကို ရည်ညွှန်းမှန်း သိသာပေသည်။

ကုအန် တိတ်ဆိတ်သ‌ွားခဲ့ဧ်။။

လုပိုင်ထျန်းနှင့် အကြီးအကဲခန်းမတို့ကြား အငြင်းပွားမှုများကြောင့် ရိုးသားသောတပည့်မည်မျှအထိ သေဆုံးသွားခဲ့ရပြီနည်း!

“သွားစို့”

လုပိုင်ထျန်း ကုအန်ပုခုံးကိုကိုင်ကာ သွားဖို့ပြင်လိုက်ရာ ကုအန် နောက်သို့ အမြန်ဆုတ်သွားခဲ့သည်။

“ကျွန်တော်မသွားတာ ပိုကောင်းမယ်ထင်တယ် အဲ့တာကအန္တရာယ်များလွန်းတယ်..” ကုအန် ခေါင်းခါပြလိုက်၏။

သူဆေးတောင်ကြားကို ကာကွယ်ရပေဦးမည်။

လုပိုင်ထျန်းရယ်မောလိုက်ကာ

“လမ်းမှန်ဂိုဏ်းနဲ့ မိစ္ဆာတွေကြားက တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ မင်းမကြည့်ချင်ဘူးလား”

ကုအန် လက်ရောခြေရောခါပြလိုက်ကာ ပြောလိုက်သည်။ “ကျွန်တော်ဒီမှာပဲနေပြီး ဆေးတောင်ကြားကိုပဲ စောင့်ရှောက်ထားလိုက်ပါ့မယ်”

“စိတ်မပူပါနဲ့ မင်းဆေးတောင်ကြားဘာမှဖြစ်မှာမဟုတ်ဘူး ငါထုတ်လွှင့်လိုက်တဲ့ အရှိန်အဝါက ဒီနေရာက ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့တယ်” လုပိုင်ထျန်း၏ လေသံမှာ အရင်ကထက်ပင် ပို‌မိုနွေးထွေးနေခဲ့၏။

ကုအန် အမှန်တကယ်ပင် သူတို့ဆီနီးကပ်လာသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်၏ အရှိန်အဝါကို အာရုံခံမိနေခဲ့သည်။

အဓိပတိဂိုဏ်းရဲ့အုတ်မြစ်က နက်ရှိုင်းလိုက်တာ သူတို့မှာ ပုန်းကွယ်နေတဲ့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေ ဘယ်လောက်တောင်ရှိနေတာလဲ!

ထို့နောက်တွင်တော့ လုပိုင်ထျန်း ကုအန်၏ ပုခုံးကို ကိုင်ကာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

လုပိုင်ထျန်း၏လက်သူ့ပုခုံးပေါ်ရောက်လာသောအခါ ကုအန် အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ်ကို အဆုံးစွန်ထိ လှည့်ပတ်လိုက်ပြီး သူ့ကိုယ်ထဲရှိ ဆန်းကြယ်သောအရာတိုင်းကို ဖုံးကွယ်ထားလိုက်၏။

သို့သော် သူအစိုးရိမ်လွန်နေခြင်းသာဖြစ်ပြီး လုပိုင်ထျန်းသည် သူ့ခန္ဓာကိုယ်ကို စစ်ပင်မစစ်ဆေးခဲ့ပေ။

အသက်ရှူကြိမ်ဆယ်ကြိမ်ခန့်ကြာသောအခါ လုပိုင်ထျန်း နှင့်ကုအန် ခန်းမကြီးတစ်ခုထဲသို့ ရောက်ရှိလာခဲ့လေသည်။

ခန်းမကြီးသည် အလွန်ကျယ်၀န်းကာ ခန်းမ၏ နံရံနှစ်ဖက်လုံးတွင် ကုအန်ရင်းနှီးသော နတ်သားရဲများဖြစ်သည့် နဂါးများ ဖီးနစ်များ ချီလင်များနှင့် အခြားသူမရင်းနှီးသော နတ်သားရဲများကို ချိတ်ဆွဲထားခဲ့၏။

လုပိုင်ထျန်း ရှေ့သို့ဆက်သွားလိုက်ပြီး ကုအန်အတွက် စကားတစ်ခွန်းချန်ခဲ့လုိက်သည်။ “ဒီနေရာမှာ ငါ့ကိုစောင့်နေ ငါ့အစွမ်းတွေကိုအပြည့်အ၀ပြန်မရသေးဘူး”

ကုအန် သက်တမ်စစ်ဆေးခြင်းဖြင့် စစ်ဆေးလိုက်ပြီးကတည်းက သူ့စွမ်းအားများသည် ထိပ်ဆုံးသို့ ပြန်ရောက်နေခြင်းမဟုတ်ဟု ထင်လိုက်မိသော်လည်း ယခုလို လုပိုင်ထျန်းပြောလိုက်သောအခါ ပို၍ သေချာသွားခဲ့သည်။

ခင်ဗျားက စွမ်း‌အားတွေတောင် အကုန်မရသေးဘဲ ကျွန်တော့်ကိုခေါ်လာပြီး ကြွားချင်နေသေးတာလား!

နောက်ပြီး အရှိန်အဝါကိုတောင် ထုတ်လွှတ်လိုက်သေးတယ် ဒီအခွင့်အရေးကိုယူပြီး ခင်ဗျား ရန်သူတွေ လာသတ်မှာမကြောက်ဘူးလား!

နေပါဦး ဒီအဆင်အခြင်မဲ့တဲ့လူက ငါ့ကိုဒီထိခေါ်လာတာ ငါက ဆရာသခင်ဓားအရှင်ဆိုတာ သိထားလို့များလား!

ကုအန်ထိုသို့တွေးမိသောအခါ ချွေးအေးများ ထွက်သွားခဲ့ရသည်။

ထို့နောက် လုပိုင်ထျန်း ရှေ့ရှိ လှေကားပေါ်တက်သွားကာ ရွှေရောင်ပလ္လင်တစ်လုံးပေါ်တွင် ဧကရာဇ်တစ်ပါးကဲ့သို့ ထိုင်နေသည်ကို ကုအန်ကြည့်နေခဲ့၏။

ယခုအခါ လုပိုင်ထျန်းသည် ကျင့်ကြံနေခြင်းဖြစ်မှန်း ကုအန် သိနေခဲ့သည်။ လုပိုင်ထျန်း၏ ကိုယ်ထဲရှိ စိတ်ဝိညဉ်စွမ်းအင်များမှာ အလွန်လျင်မြန်စွာ အပြင်သို့ ထွက်လာနေခဲ့ကြ၏။

ခန်းမသည် တိတ်ဆိတ်နေကာ ကုအန် လုပိုင်ထျန်း၏ ရည်ရွယ်ချက်ကို စဉ်းစားနေမိသည်။

တခဏကြာသောအခါ ခန်းမဆီသို့ ချဉ်းကပ်လာနေသော ပုံရိပ်နှစ်ခုကို ကုအန်အာရုံခံလိုက်မိပြီး ထိုထဲမှ တစ်ခုမှာ သူနှင့်ရင်းနှီးသော ပုံရိပ်ဖြစ်ဧ။။်

အန်းဟောင်!

နောက်အရှိန်အဝါတစ်ခုမှာတော့ တစ်သားတည်းဖြစ်ခြင်းအဆင့် ဖြစ်ပေသည်။

ကုအန် နောက်လှည့်မကြည့်ဘဲ ဘေးဖက်သို့သွားလိုက်ကာ သူတို့အလာကို စောင့်နေလိုက်၏။

စက္ကန့်အနည်းငယ်ကြာသောအခါ ပုံရိပ်နှစ်ခု ခန်းမထဲရောက်ရှိလာခဲ့ကြသည်။

ကုအန် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း သက်တမ်းစစ်ဆေးခြင်းကို သုံးလိုက်၏။

[လဲ့ကျန်း(တစ်သားတည်းဖြစ်ခြင်းအဆင့်၁): ၁၄၆၅/၂၇၀၀/၂၇၅၀]

လဲ့ကျန်!

ကုအန်ထိုနာမည်ကို တစ်ခါမှမကြားဖူးဘဲ သူထင်သည်မှာ လာနေသည့်သူသည် ချူထျန်းချီဟုထင်ထားခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ ချူထျန်းချီ၏ကျင့်ကြံခြင်းသည် ထိုထက်မြင့်သည့်ပုံပင်။

ကုအန်သူ၏ တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ကျင့်ကြံခြင်းမှာ မလုံလောက်သေးဘူးဟု ခံစားလိုက်ရ၏။

ဤကပ်ဘေးပြီးသွားပါက သူပို၍ ကြိုးစားပြီး သက်တမ်းစုရပေမည်။

အဓိပတိဂိုဏ်းတွင် အသန်မာဆုံးဖြစ်ရုံနှင့်မ‌လုံလောက်ဘဲ သူလာမည့် မိစ္ဆာကပ်ဘေးတွင်လည်း အသက်ရှင်ကျန်ရစ်ရန်် လိုအပ်နေသေးသည်။ ထိုအကြောင်းတွေးရင်း ကုအန် ဖိအားပင် ဖြစ်လာခဲ့ရ၏။

“လုပိုင်ထျန်း မင်းတကယ်ပဲ အသက်ရှင်နေသေးတာပဲ”

လဲ့ထျန်း လုပိုင်ထျန်းဆီ လျှောက်သွားနေရင်း ပြောလိုက်လေသည်။

သူသည် အနက်ရောင်၀တ်စုံပွပွကြီးတစ်ခုကို ၀တ်ဆင်ထားပြီး သူ့၀တ်စုံကျောဘက်၌ ဆန်းကြယ်သော ကြမ်းကြုတ်သည့်သားရဲကြီးတစ်ကောင် ပါးစပ်ဟကာ ပါးစပ်ထဲမှ မိုးကြိုးများ ထွက်ပေါ်နေသည့်ပုံ ပါရှိနေသောကြောင့် သူ့အသွင်သဏ္ဍာန်မှာ ပို၍ လွှမ်းမိုးတတ်သည့်ပုံ ပေါက်နေခဲ့၏။

အသက် ၁၆နှစ်အရွယ်အန်းဟောင်သည် ပို၍အရပ်ရှည်လာပြီး အပြာရောင်ခပ်ကြပ်ကြပ်၀တ်စုံတစ်ခုကို ၀တ်ဆင်ထားကာ သူ့ဆံပင်များကို ခပ်မြင့်မြင့်စည်းနှောင်ထားခဲ့သည်။ စည်းထားသော ဆံပင်မှာ ဆံစလေးနှစ်စသည် အရှေ့သို့ ကျနေခဲ့ကာ ချောမောခန့်ညားသောမျက်နှာတွင် စူးရှသောမျက်လုံးများလည်း ရှိနေ၏။

ကုအန် သူ့ပုံစံကို ကြည့်ပြီးကျေနပ်သွားခဲ့သည်။

ဒီကောင်လေးက ငါ့လိုပဲ ရုပ်ချောချောနဲ့ ကြီးပြင်းလာတာပဲ!

အန်းဟောင် ကုအန်အကြည့်ကို သတိထားမိသွားပြီး တစ်ချက်လှည့်ကြည့်ကာ ခေါင်းအသာ ညိတ်ပြလိုက်‌၏။

“လဲ့ကျန်း ခင်ဗျားကကျုပ်ကို သေစေချင်လား ရှင်စေချင်လား” လုပိုင်ထျန်းမျက်လုံးမဖွင့်ဘဲပြောလိုက်လေသည်။ သူ့အသံမှာလည်း ကုအန်နှင့်ပြောစဉ်ကလို မနွေးထွေးဘဲ ကွဲပြားနေခဲ့၏။

ခန်းမထဲတွင် ရပ်နေရင်း လဲ့ကျန်းသူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ကာ ပြောလိုက်သည်။ “ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကြည့်ရတာ မင်းတကယ်ပဲထိခိုက်မိခဲ့တဲ့ပုံပဲ

လုပိုင်ထျန်း ဘာမှပြန်မတုန့်ပြန်ခဲ့ပေ။

ခန်းမထဲရှိလေထုမှာ သိသိသာသာ တင်းမာလာခဲ့၏။

အန်းဟောင်မှာတော့ ကုအန်ရပ်နေသော နံရံနားသို့ ရောက်လာပြီး အသံပို့လိုက်လေသည်။

“အစ်ကို ဒီလုပိုင်ထျန်းကဘယ်သူလဲ”

ကုအန်သူ့အား အထူးအဆန်းပုံဖြင့် ကြည့်လိုက်၏။

မင်းကဒီရောက်လာပြီး ဒါတောင်မသိဘူးလား!

အန်းဟောင် ထပ်အသံပို့လိုက်ပြန်သည်။ “ကျွန်တော်က ဒီကိုလာချင်လို့လာတာမဟုတ်ပါဘူး ဆရာက အကြီးအကဲလဲ့ကို ကျွန်တော့်ကို ကာကွယ်ခိုင်းခဲ့တာ ကျွန်တော်တို့ ဘေးကင်းတဲ့နေရာကိုရွှေ့နေရင်း ရုတ်တရက် အကြီးအကဲလဲ့က ပြန်လှည့်ပြီး ဒီကိုခေါ်လာခဲ့တာ”

ကုအန် သူ့ဆီ အသံပြန်ပို့လိုက်ကာ မေးလိုက်၏။ “သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကြီးတွေနဲ့ကို ငါတို့အသံပို့ပြောနေတာလောက်က အသုံး၀င်မယ်ထင်လို့လား”

ထိုစကားကိုကြားသောအခါ အန်းဟောင် လဲ့ကျန်းကို ကြည့်လိုက်မိသည်။

လဲ့ကျန်း၏ ၀တ်စုံမှာ တဖျတ်ဖျတ်ခါနေပြီး သူ့ကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါများထွက်ပေါ်နေပြီး သူ့ပုံသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် ပုံပင်။

“လုပိုင်ထျန်း မင်းကသေချင်ယောင်ဆောင်ပြီးကတည်းက ပြန်ပေါ်မလာသင့်တော့တာ အဓိပတိဂိုဏ်းကမင်းကိုမလိုအပ်ဘူး”

အကြီးအကဲလဲ့ စကားဆုံးသွားသည်နှင့် ခန်းမ၏ တံခါးများဝုန်းကနဲ ပိတ်သွားခဲ့ပြီး ခန်းမထဲတွင် ပြင်းထန်းသော ဖိအားကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ဂျူနီယာ‌ရှေ့မှာ ခင်ဗျားက အရင်ဂိုဏ်းချုပ်ဟောင်းကို သတ်မလို့လား”

လုပိုင်ထျန်းအသံထွက်ပေါ်လာပြီး သူသည် အစမှအဆုံးထိ မျက်စိကိုလုံး၀မဖွင့်ခဲ့သေးပေ။

လဲ့ကျန်းရှေ့သို့ တိုးလာလိုက်ပြီး ပြောလိုက်၏။

“သူလည်း အမတကျင့်ကြံခြင်းကမ္ဘာရဲ့ ရက်စက်အကျည်းတန်မှုတွေကို သိပါစေ”

ထို့နောက် သူရုတ်တရက်လုပိုင်ထျန်းရှေ့ရောက်သွားပြီး လုပိုင်ထျန်းဦးခေါင်းခွံကို ညာလက်ဝါးဖြင့် ရိုက်ချလိုက်လေတော့သည်။

ဝုန်းးး!

စိတ်ဝိညဉ်စွမ်းအားများ ထိပ်တိုက်တွေ့သွားမှုကြောင့် ပြင်းထန်သော လေထုကြီးတစ်ခုတိုက်ခတ်သွားပြီး ခန်းမကြီးတစ်ခုလုံး လှုပ်ယမ်းသွားခဲ့ကာ ကုအန် လဲသွားတော့မလိုပင် ဖြစ်သွားချင်ယောင် ဆောင်နေလိုက်၏။

အန်းဟောင် ကုအန်ရှေ့တွင်၀င်ရပ်ကာ ကာပေးလိုက်ပြီး ကုအန်ဆီသက်ရောက်သော ဖိအားကို လျှော့ချပေးလိုက်လေသည်။

ဒီကလေးကတော့…

ကုအန် သူ့ရှေ့ရှိ အန်းဟောင်ပုံရိပ်ကိုကြည့်ပြီး စိတ်အေးသွားခဲ့ရ၏။

အန်းဟောင်သည် ၁၆နှစ်သာ ရှိသေးသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်၅ သို့ရောက်နေပြီဖြစ်ကာ သူ၏အရှိန်အဝါအရ ခွန်အားမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၈အောက် အားနည်းမနေပေ။

သို့သော် ကံဆိုးစွာဖြင့် သူရင်ဆိုင်လိုက်ရသော ဖိအားမှာ တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ထံမှ ဖြစ်နေခဲ့သည်။

အန်းဟောင်အံကြိတ်ကာ လုပိုင်ထျန်းနှင့် လဲ့ကျန်းတို့ထံမှ ဖိအားကို အတင်းတောင့်ခံထားခဲ့၏။

ထိုစဉ် ကုအန်တစ်ခုခုကို အာရုံခံမိလိုက်ပြီး သူ့အ‌ကြည့်သည် ရှေ့သို့ ပြန်ရောက်သွားခဲ့သည်။ ထိုအခါ တိုက်ခိုက်လိုက်သော လဲ့ကျန်း၏ အရှိန်အဝါမှာ တဖြည်းဖြည်းအားနည်းလာပြီး လုပိုင်ထျန်း၏ အရှိန်အဝါရုတ်ချည်းထိုးတက်သွားသည်ကို တွေ့လိုက်ရသည်။

လုပိုင်ထျန်း!

“မင်း…မဖြစ်နိုင်တာ”

လဲ့ကျန်း ရုတ်တရက်အော်ပြောလိုက်ပြီး သူ့အသံမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

ထိုင်နေသော လုပိုင်ထျန်း ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး သူ့ခြေထောက်များသည် မြေပြင်မှပင် လွတ်ထွက်သွားကာ လေပေါ်မှ လဲ့ကျန်းအား ငုံ့ကြည့်နေခဲ့သည်။

လုပိုင်ထျန်း၏ အမူအရာမှာ အလွန်အေးစက်နေခဲ့၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၉!

လုပိုင်ထျန်း၏ ကျင့်ကြံခြင်းသည် ရုတ်ချည်းထိုးတက်သွားခဲ့ပြီး ထိုတင်မကဘဲ သူသည် တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုပင် ချိုးဖျက်နေခဲ့ခြင်း ဖြစ်ပေသည်။

အန်းဟောင်လည်း လုပိုင်ထျန်းပုံရိပ်၏ ဖမ်းစားခြင်းကိုခံလိုက်ရပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။

“မင်းငါ့ကို လှည့်စားခဲ့တာ…ကြမ္မာဖီဆန်နတ်သိုင်း!”

လဲ့ကျန်းအသံသည် တုန်ခါနေကာ သူ့အသံထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများရောပြွန်းနေခဲ့သည်။

လုပိုင်ထျန်းသူ့အား ငုံ့ကြည့်ရင်း လှောင်ပြောင်လိုက်၏။

“လဲ့ကျန်း မင်းကအရင်လို အဆင်အခြင်မဲ့တုန်းပဲ မင်းရဲ့ အဆင်အခြင်မဲ့မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပေမယ့် မင်းကဘယ်တော့မှ သင်ခန်းစာမရဘူး အခုအဲ့တာရဲ့ အကျိုးဆက်ကိုမင်းကိုယ်တိုင်ခံစားရမယ့် အချိန်ပဲ”

“ငါကချူထျန်းချီရောက်လာတာကို စောင့်နေတာဆိုပေမယ့် မင်းကအရင်သေဖို့‌ေရာက်လ‌ာခဲ့တာပဲ အဲ့ဒီလိုဆိုမှတော့ ငါမင်းရဲ့ကျင့်ကြံခြင်းအဆင့်ကိုပဲ လက်ခံလိုက်ပါ့မယ် မြေအောက်ကမ္ဘာရောက်တဲ့အခါ လမ်းအမြန်မလျှောက်နဲ့ မင်းနောက်က မင်းအဖော်ချူထျန်းချီ လိုက်လာဦးမှာ”

ပြောပြီးသည်နှင့် လုပိုင်ထျန်းညာဘက်ကို မြှောက်လိုက်ပြီး လဲ့ကျန်းခေါင်း‌ကို ဖိလိုက်လေတော့သည်။

လဲ့ကျန်းရုန်းကန်ဖို့ ကြိုးစားသော်လည်း မလွတ်မြောက်နို်ငခဲ့ပေ။ သူတင်မဟုတ်ဘဲ သူ၏မူလဝိညဉ်လည်း ရုန်းကန်နေမှန်း ကုအန်ခံစားမိနေ၏။

လုပိုင်ထျန်းသည် စိတ်ကူး၍ပင်မရသော နတ်သိုင်းတစ်မျိုးကို သုံးနေခြင်းဖြစ်ပြီး ထိုနတ်သိုင်းက လဲ့ကျန်း၏ ခန္ဓာကိုယ် စိတ်ဝိညဉ်စွမ်းအား မူလဝိညဉ် အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။

ကုအန် ကြည့်နေရင်း ရင်ပင်တုန်လာခဲ့၏။

ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ!

ဝုန်းးး!

လုပိုင်ထျန်း၏အရှိန်အဝါသည် ထပ်၍ တက်သွားခဲ့ပြန်ပြီး လဲ့ကျန်းမှာတော့ ပို၍အားနည်းသွားခဲ့ကာ သူ၏အနက်ရောင်ဆံပင်များပင် ဖြူဖွေးလာခဲ့သည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်၁!

တစ်ချိန်တည်းမှာပင် လုပိုင်ထျန်းသည် သူ့ကျင့်ကြံခြင်းကို စတင်ဖုံးကွယ်လိုက်သောကြောင့် ကုအန်နှင့် အန်းဟောင်တို့ ခံစားနေခဲ့ရသည့် ဖိအားမှ လွတ်မြောက်သွားခဲ့၏။

ထိုအခါမှ အန်းဟောင်သက်ပြင်းချနိုင်လိုက်ပြီး ဖြစ်ရပ်အား တိတ်တိတ်လေး ဆက်ကြည့်နေခဲ့သည်။

ကုအန် နှလုံးသားထဲတွင် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ သူထိုကောင်လေးကို သင်ပေးရန် လိုသွားခဲ့လေသည်။ ထိုကောင်လေးသည် ယခုလို အခြေအနေမျိုးတွင် ထွက်ပြေးရမည့်အစား ဆက်၍ပင်ကြည့်နေသေးရာ ကုအန် ဘာပြောရမည်မှန်းပင် မသိတော့ပေ။

လုပိုင်ထျန်း၏ အရှိန်အဝါသည် ဆက်လက်မြင့်တက်လာခဲ့ပြီး လဲ့ကျန်း၏အရှိန်အဝါမှာတော့ ပိုမိုကျဆင်းလာခဲ့ကာ ခန်းမကြီးတုန်ခါနေမှုလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့၏။

တစ်ခဏအကြာတွင်

လဲ့ကျန်း၏ စိတ်ဝိညဉ်စွမ်းအားများအားလုံးအစုပ်ယူခံလိုက်ရပြီး လုပိုင်ထျန်း သူ့လက်ကိုဖယ်လိုက်သောအခါ လဲ့ကျန်း၏ ကိုယ်သည် လှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည်။

အောက်သို့ရောက်သောအခါ သူ့ခေါင်းကို ကြိုးစား၍ထောင်လိုက်ပြီး သူ၏အားနည်းနေသောမျက်နှာတွင် နာကျင်မှုများနှင့် ပြည့်နှက်နေခဲ့၏။

သူလုပိုင်ထျန်းဆီ လက်မြှောက်ကာ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်သည်။

သို့သော် လုပိုင်ထျန်း သူ့လက်ကိုမြှောက်ကာ လက်ညိုးဖြင့် ထိုးချလိုက်၏။ လက်ညှိုးမှ စွမ်းအင်စီးကြောင်းတစ်ခုထွက်ပေါ်လာပြီး လဲ့ကျန်း၏ နှဖူးကိုဖောက်ထွက်သွားကာ သူ၏မူလဝိညဉ်ကိုပင် ကွဲကြေသွားစေခဲ့လေသည်။

စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်း!

လုပိုင်ထျန်း၏ အရှိန်အဝါသည် တစ်သားတည်းဖြစ်ခြင်းအဆင့်၃သို့ရောက်ရှိနေပြီဖြစ်ပြီး သူ့ကိုယ်ထဲတွင်လည်း ထွက်မလာသေးသော စိတ်ဝိညဉ်စွမ်းအင်များကျန်နေသေးဟန်ရသည်။

ကြည့်ရသည်မှာ သူ့မူလ ကျင့်ကြံခြင်းသည် တစ်သားတည်းဖြစ်ခြင်းအဆင့်၃ကို ကျော်လွန်ပုံရပြီး ထို့ကြောင့်လည်း သူသည် မိစ္ဆာလမ်းစဉ်တစ်ခုလုံး ကြောက်ရသော တည်ရှိမှုတစ်ခု ဖြစ်နေပုံရ၏။

လုပိုင်ထျန်းအရူးထပြီး သူ့ကိုထတိုက်ခိုက်လျှင် ကာကွယ်ရန်ပင် ကုအန်ပြင်ဆင်ထားလိုက်သည်။

နောက်ဆုံးတွင် လုပိုင်ထျန်း၏သား လုရှန်မှာ ပုံမှန်မဟုတ်ပေ။

ထိုစဉ်လုပိုင်ထျန်း ကုအန်ကို ပြုံးပြ၍ မေးလိုက်သည်။

“ဘယ်လိုလဲ အခုငါက မိစ္ဆာလမ်းစဉ်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့ အရည်အချင်းပြည့်မှီပြီလား”

ကုအန် ပြန်ပြောဖို့ ကြောက်နေချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

“ဆရာကြီးက ဂိုဏ်းချုပ်ဆိုတော့ ဆရာကြီး လုပ်နိုင်မှာပါ…”

ထို့နောက် ကုအန်ရှေ့သို့ တစ်လှမ်းတိုးကာ အန်းဟောင်ရှေ့တွင် ရပ်လိုက်၏။

“ကုအန် ငါ့ကိုမင်းဆရာအဖြစ် မှတ်ယူလိုက် ပြီးရင် မင်းကနောက်တက်မယ့် ဂိုဏ်းချုပ်ဖြစ်လာလိမ့်မယ်” လုပိုင်ထျန်းကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကုအန် ဒုက္ခရောက်သွားပြီး ‌ေြခာက်ခြောက်‌ေသွ့‌ေသွ့ပြုံးလိုက်ကာ တုံ့ပြန်လိုက်၏။

“ဂိုဏ်းချုပ်ကျွန်တော်က သာမန်ပါရမီပဲရှိတဲ့လူတစ်ယောက်ပါ ဂိုဏ်းချုပ်ကျွန်တော့်ကို ဘယ်လိုပဲကျင့်ကြံပေးပေး ကျွန်တော်က ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ရလောက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး ဂိုဏ်းချုပ်ကျွန်တော့်ကို ဂိုဏ်းချုပ်နေရာလွှဲပေးလိုက်တာနဲ့ အဓိပတိဂိုဏ်းက ကမောက်ကမတွေဖြစ်ကုန်မှာပဲ”

လုပိုင်ထျန်း အထင်သေးဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ငါက ငါ့အချိန်မကုန်ခင် မင်းကိုငါ့ကျင့်ကြံခြင်းတွေ လွှဲပေးခဲ့မယ်ဆိုရင်ရော”

အဲ့တာက…

ကုအန် ရုတ်တရက်ပြောစရာစကားပျောက်သွားခဲ့ရ၏။

သူဂိုဏ်းချုပ်ရာထူးကို လက်မခံနိုင်ပေ။

လုပိုင်ထျန်းလို စွမ်းအားကြီးသောလူပင် သေချင်ယောင်ဆောင်ပြီး လွှဲပေးခဲ့ရသော ရာထူး!

ထိုပြဿနာအိုးရာထူးကြီးကို ကုအန် လုံး၀မလိုချင်ပေ။

ထို့အပြင် လုပိုင်ထျန်း သူ့အချိန်နီးလာမည့်အချိန်ရောက်လျှင်လည်း သူ့ကျင့်ကြံခြင်းမှာ ကုအန်အတွက် ဘာမှဟုတ်တော့မည်မဟုတ်ပေ။

All Chapters