အခန်း (၉၃-၉၄)
Vol. 8 Ch. 93-94
အပိုင်း(၉၃)
ကုအန်၏နောက်ခံ
“အိမ်ရှေ့စံက အကျင့်စာရိတ္တကောင်းတယ်မဟုတ်လား အစ်ကိုလီယက သူ့အကြောင်းအမြဲချီးမွမ်းနေတာ သူတို့ကြားကဆက်ဆံရေးက အတော်လေးကောင်းတဲ့ပုံပဲ” ကုအန် အသံပြန်ပို့လိုက်ပြီး သူ့အသံမှာ ပဟေဠိဖြစ်နေပုံပင်။
ယန်နီ ထေ့ငေါ့လိုက်သည်။ “အဲ့တာက လီယကနုံအလို့လေ ဒီနှစ်တွေအတွင်း အိမ်ရှေ့စံက သူ့ကိုသတ်ဖို့ လုပ်ကြံသူတွေ အများကြီးစေလွှတ်ခဲ့တာ သူ့ဆီမရောက်ခင် ငါသတ်ပစ်နိုင်ခဲ့လို့သာပဲ”
“ဒါဆိုဘာလို့ စီနီယာအစ်ကိုလီယကို သတိထားဖို့ သတိမပေးတာလဲ”
“အဲ့တာ သူ့အဖေအကြံလေ သူ့အဖေက လီယသာ အဲ့ဒီအကြောင်းတွေသိသွားပြီး အိမ်ရှေ့စံကိုသွားစော်ကားမိရင် အိမ်ရှေ့စံက အတင်းအကြပ်နန်းလုမှာကိုကြောက်နေတာ သူ့အဖေရဲ့ ကျင့်ကြံခြင်းကလည်း သာမန်ပဲဆိုတော့ အိမ်ရှေ့စံရဲ့ပြိုင်ဘက်ဟုတ်မနေဘူး အိမ်ရှေ့စံသာ အတင်းနန်းလုပြီး ဘုရင်ဖြစ်သွားရင် လီယအတွက် အခြေအနေတွေက ပိုဆိုးသွားလိမ့်မယ်”
ယန်နီ့စကားကိုကြားပြီး ကုအန် ရယ်ချင်သွားခဲ့သည်။
ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်နီးနီးရှိနေသော လီရွှမ်တောက်က အိမ်ရှေ့စံပြိုင်ဘက်ဟုတ်မနေဘူးတဲ့လား။
ထိုသို့တွေးမိသောအခါတွင် လီရွှမ်တောက်သည် ကုအန်ကိုလည်း သူ့ကျင့်ကြံခြင်းအစစ်ကို တစ်ခါမှ ထုတ်မပြဖူးပေ။ ကုအန်သိနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့စနစ်ကြောင့်သာ ဖြစ်ပေသည်။
“ကျွန်တော်နားလည်ပါပြီ အိမ်ရှေ့စံနားရောက်ရင် ဂရုစိုက်ပါ့မယ်” ကုအန် အသံပြန်ပို့လိုက်၏။
ယန်နီခေါင်းညိတ်လိုက်ပြီး ကုအန်လမ်းမှ ဖယ်ပေးလိုက်သည်။
ထွက်ခွာသွားသော ကုအန် ပုံရိပ်ကိုကြည့်ပြီး ယန်နီ ခေါင်းခါလိုက်မိ၏။
“ငါဘာလို့ ဒီကောင်လေးလုံခြုံရေးကို ဂရုစိုက်နေမိတာလဲ”
ကုအန်တွင် အတွင်းစည်းဂိုဏ်းထဲ၌ ဆေးတောင်ကြားတစ်ခုရှိနေတာ သိပြီးကတည်းက ကုအန်သည် ရိုးရှင်းသောသူမဟုတ်မှန်း သူသိနေခဲ့သည်။ အနည်းဆုံးတော့ အဓိပတိဂိုဏ်းထဲတွင် ထိုကောင်လေးအတွက် ဘာအန္တရာယ်ပြဿနာမှရှိနိုင်မည်မဟုတ်ပေ။
တစ်နေရာတွင်
ကုအန် တတိယတောင်ကြားဆီ ရောက်လာခဲ့ပြီး ဆန်းကြယ်သန့်စင်ပင်ဆီသို့ လျှောက်သွားခဲ့သည်။
ဆန်းကြယ်သန့်စင်ပင်သည် ကြီးထွားနေပြီဖြစ်ပြီး အရွက်များပင် ထွက်နေပြီဖြစ်၏။ ထိုအပင်သည် အရိပ်ရသောကြောင့် ကြွက်ဖြူလေးမှာလည်း ထိုနားတစ်ဝိုက်တွင်သာ ကစားပြီး ပုံမှန်အားဖြင့် အပင်အောက်တွင်သာ သွားအိပ်နေတတ်သည်။
လုပိုင်ထျန်းပြောပုံအရ ဆန်းကြယ်သန့်စင်ပင်သည် ထိုနေရာတစ်ဝိုက်ရှ်ိ စိတ်ဝိညဉ်စွမ်းအင်ကို တိုးမြှင့်ပေးရုံသာမက သစ်ပင်အောက်တွင်ကျင့်ကြံပါက ကျင့်ကြံသူ၏ ပါရမီကိုတိုးမြှင့်ပေးနိုင်သည်ဟုဆို၏။
ကြွက်ဖြူလေးသည် အပင်အောက်တွင် နေ့တိုင်းအိပ်နေလေရာ သူ့အိပ်မက်ထဲ၌ ညဏ်အလင်းပွင့်၍များ ဖြစ်နေနိုင်မည်လော။
စမ်းသပ်ကြည့်ဖို့ အချိန်ပဲ!
ထိုအရာသာအလုပ်ဖြစ်ပါက သူလည်းသစ်ပင်အောက်တွင် တစ်ရေးတမော အိပ်ရပေလိမ့်မည်။
ကုအန် သူ့အိတ်ထဲမှ ရွှေစားပိုးတစ်ကောင်ကိုထုတ်ကာ သစ်ပင်ပေါ်သို့ ပျံတက်သွားခိုင်းလိုက်သည်။ ထို့နောက်ရှောင်ချွမ်အား လစဉ် သစ်ပင်အောက်၌ သံသတ္တုပေါင်တစ်ရာစီ ထားပေးရန် ညွှန်ကြားလိုက်၏။
ရှောင်ချွမ်နှင့်ပတ်သက်ပြီးအကောင်းဆုံးအရာမှာ သူသည် ဘာခိုင်းခိုင်းဘာမှပြန်မမေးဘဲ လုပ်တတ်ခြင်းပင်။
ဆန်းကြယ်သန့်စင်ပင်ကို စစ်ဆေးပြီးသောအခါ ကုအန် လူမျက်နှာပင်နှင့် ခရမ်းနှင်းဝါးပင်တို့ကိုလည်း စစ်ဆေးကြည့်ခဲ့သည်။ ထိုအပင်များ ကောင်းကောင်းကြီးထွားနေတာသေချာမှသာ တတိယဆေးတောင်ကြားကို စစ်ဆေးခဲ့၏။
ယခုအခါ တတိယတောင်ကြားတွင် အဆင့်မြင့်ဆေးပင်များစွာ ကြီးထွားနေပြီ ဖြစ်သည်။ မနှစ်က လုပိုင်ထျန်းလာခဲ့စဉ်က ကုအန်သူ့အား အစေခံအရေအတွက် တိုးပေးရန်တောင်းဆိုခဲ့ပြီး လုပိုင်ထျန်းကလည်း ချက်ချင်ပင် လက်ခံခဲ့ကာ လက်ခံနိုင်သော အစေခံအရေအတွက်မှာ ၃၀၀ ဖြစ်သွားခဲ့၏။
သို့သော် ထို၃၀၀နှင့်ပင် လုံလောက်သည်ဟု ကုအန်မခံစားရသေးပေ။ ပိုတိုးတောင်းရမှာလည်း သူတတိယတောင်ကြား၏ ရလဒ်ကို အရင်ပြရန် လိုအပ်နေသေးသည်။
ညနေစောင်းမတိုင်ခင် ကုအန် သူ့အိမ်သို့ ပြန်လာခဲ့၏။
ဤနေ့လည်း သူဆေးပင်တစ်သုတ်ရိတ်သိမ်းခဲ့ရပြီး သက်တမ်း ထောင်နှင့်ချီရရှိခဲ့ကာ သူ၏ သက်တမ်းသည် ၁သန်းသို့ပို၍ နီးကပ်လာနေခဲ့သည်။
….
တစ်လကြာပြီးနောက် မနက်ခင်းတစ်ခုတွင် တပည့်များနှင့် အကြောလျှော့လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် ကုအန် အခန်းထဲပြန်လာခဲ့ကာ မြေပုံကိုထုတ်၍ စားပွဲပေါ်ဖြန့်ခင်းလိုက်၏။
ဤမြေပုံသည် အဓိပတိဂိုဏ်း၏ ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်ကိုယ်တိုင်ရေးဆွဲထားခြင်းဖြစ်ပြီး နတ်အာရုံထည့်လိုက်ရုံဖြင့် မြေအနေအထားများကို မြင်နေရသော မြေပုံမျိုးဖြစ်သည်။ ထိုမြေပုံကိုကြည့်ပြီး ကုအန် သူ၏အရင်ကမ္ဘာက VR(သံုးဖက်မြင်)မြေပုံများကိုပင် သတိရသွားခဲ့၏။
ထိုမြေပုံသည် တန်ကြေး ထိပ်တန်းအဆင့်စိတ်ဝိညဉ်ကျောက်တုံး ၅တုံးတောင်ပေးရသည်မှာ အံ့ဩစရာတော့မဟုတ်တော့ပေ။
ကုအန် မြေပုံကိုကြည့်ရင်း သူအဆင့်ချိုးဖျက်ရန် သင့်တော်မည့်နေရာကို ရှာဖွေနေခဲ့သည်။
မွန်းတည့်ချိန်ရောက်သောအခါ ဆန်းကြယ်တောင်ကြားသို့ လူတစ်ယောက်ရောက်လာခဲ့ပြီး ယန်နီ၏အသံလည်း ကုအန်နားထဲပေါ်လာခဲ့၏။
“အိမ်ရှေ့မင်းသားရောက်နေပြီ နင့်ဟာနင်ဂရုစိုက်ပါ ငါလူလုံးထွက်ပြလို့ မရဘူး”
သူ့စကားကိုကြားသောအခါ ကုအန် မြေပုံကိုသိမ်းလိုက်ပြီး အပြင်ထွက်လာခဲ့လုိက်သည်။
ကုအန်အပြင်ရောက်သောအခါ အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ကာ နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေသော ကျောင်းတော်သားနှင့်တူသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ကုအန် သက်တမ်းစစ်ဆေးခြင်းကိုသုံးလိုက်၏။
[လီတိုင်(စိတ်ဝိညဉ်အခြေတည်အဆင့်၁) : ၁၈၉/၉၆၀/၁၂၅၀]
သူသည် မည်သည့်နည်းစနစ်ကိုမှကျင့်ကြံထားပုံမပေါ်ဘဲ သူ့ကျင့်ကြံခြင်းကို ပြသထားခဲ့သည်။
အသက်၂၀၀အောက် စိတ်ဝိညဉ်အခြေတည်အဆင့်ဆိုတော့ တကယ့်ပါရမီရှင်ပဲ!
လီယကုအန်ဆီလျှောက်မလာဘဲ ထိုအစား ခြံစည်းရိုးနားတွင်ရှိနေသော ချူကျင့်ဖုန်းဆီသွားခဲ့လိုက်၏။
“ချူကျင့်ဖုန်း မတွေ့တာကြာပြီနော်” လီတိုင် အဝေးမှလှမ်းနှုတ်ဆက်လိုက်သည်။
ချူကျင့်ဖုန်းလှည့်ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
ထို့နောက်သူတို့စကားပြောခဲ့ကြပြီး လီတိုင်သည် ရွှန်းရွှန်းဝေအောင် ပြောနေခဲ့ကာ ရယ်မောနေခဲ့သော်လည်း ချူကျင့်ဖုန်းမှာတော့ အလိုက်သင့်သာ ပြန်ပြောပေးနေခဲ့သည်။
တခဏကြာပြောပြီးသောအခါမှသာ လီတိုင် ကုအန်ဆီလျှောက်လာခဲ့၏။
သူအိမ်ရှေ့သို့ရောက်လာခဲ့ပြီး လက်သီးဆုပ်ကာ အရိုအသေပေးပြီးမေးလိုက်လေသည်။
“ကျွန်တော်က မြို့တော်က လီတိုင်ပါ ဒီကမိတ်ဆွေက တောင်ကြားသခင်လား သိပါရစေ”
ကုအန်လည်း လက်မြှောက်ကာ အရိုအသေပြန်ပေးလိုက်ပြီး
“နှုတ်ဆက်ပါတယ် အရှင်မင်းသား ကျွန်တော်ကကုအန်ပါ ဒီကိုလာပြီး စကားပြောချင်ပါသလား”
လီတိုင်ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လှေကားပေါ်သို့ တက်လာခဲ့၏။
ထိုအခါ အစေခံတပည့်များလည်း သူတို့တောင်ကြားသို့ အိမ်ရှေ့စံလာသောကြောင့် စိတ်လှုပ်ရှားသွားကြပြီး ချူကျင့်ဖုန်းဆီဝိုင်းကာ သူတို့ပတ်သက်မှုအကြောင်း မေးမြန်းကြတော့သည်။
လီတိုင်နှင့် ကုအန်တို့ အိမ်ထဲတွင် တစ်နာရီကြာစကားပြောခဲ့ပြီး လီတိုင်ပြန်ခါနီးသောအခါ ကုအန်ကို လက်ကိုင်၍ပင် နှုတ်ဆက်ခဲ့သောကြောင့် ကုအန် မနေတတ်မထိုင်တတ်ပင် ဖြစ်သွားခဲ့ရ၏။
“ဂျူနီယာညီလေးကု မင်းနဲ့ငါတကယ်ပဲအတွဲညီခဲ့တာပဲ နောက်တစ်ခါ ငါအဓိပတိဂိုဏ်းကိုပြန်လာရင် မင်းနဲ့စကားပြောဖြစ်အောင်ပြောရမယ်” လီတိုင် တရင်းတနှီးပြောလိုက်သည်။
ကုအန်လည်း သဘောတူလိုက်ပြီးနောက်တွင်တော့ လီတိုင်ပျံသန်းကာ ထွက်ခွာသွားခဲ့၏။
သူတို့နှစ်ယောက်စကားအကြာကြီးမပြောခဲ့သော်လည်း ကြည့်ရသည်မှာ လီတိုင်သည် အမှန်တကယ်ပင် မိတ်ဆွေဖွဲ့လိုနေပုံပင်။ သူတို့ လီယအကြောင်းလည်းပြောခဲ့ပြီး လီတိုင့်စကားလုံးများမှာ စိတ်၀င်စားစရာများနှင့် ပြည့်နေခဲ့သည်။ ကုအန် ယန်နီ့စကားများကိုပင် သံသယ၀င်လာခဲ့ပြီး သူတို့နှစ်ယောက်သည် ညီကိုကောင်းများဟူ၍ပင် ထင်လာမိ၏။
သူပြန်သွားသည့်အချိန်ထိ ကုအန်ကိုဘာမှလည်းမတောင်းဆိုခဲ့သလို သိမ်းလည်းမသိမ်းသွင်းခဲ့ပေ။
အနီးတစ်ဝိုက်ရှိ တောင်များကြားတွင် ပုန်းကာ လီတိုင့်ကို ကာကွယ်ပေးနေသော နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက်ရှ်ိနေသည်ကိုလည်း ကုအန် သတိထားမိခဲ့သည်။
ဆန်းကြယ်တောင်ကြားနှင့် ဆယ်မိုင်ခန့်ဝေးသောနေရာသို့ရောက်သောအခါ လီတိုင့်မျက်နှာပေါ်ရှိ အပြုံးပျောက်ကွယ်သွားခဲ့ပြီး မည်းမှောင်လာခဲ့သည်။
ထိုစဉ် အစိမ်းရောင်၀တ်စုံ၀တ် လူကြီးတစ်ယောက်သူ့ဘေးတွင်ပေါ်လာပြီး ခပ်တိုးတိုးပြောလိုက်၏။
“အရှင်မင်းသား တောင်ကြားထဲမှာပုန်းနေတဲ့ စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်ရှိပါတယ်”
“ဟမ့် ငါလည်းသတိထားမိတယ် အဲ့တာယန်နီပဲ ဧကရာဇ်က ဒီကောင့်ကိုကာကွယ်ဖို့ ယန်နီ့ကိုပို့ထားတာပဲ သူတို့ကြားဆက်သွယ်မှုက မသေးလောက်ဘူး ငါတို့သူ့နောက်ခံနဲ့ အဓိပတိဂိုဏ်းထဲက သူ့အခန်းကဏ္ဍကိုစုံစမ်းသင့်တယ်” လီတိုင်အေးစက်စက်ပြောလိုက်ပြီး ယန်နီဟူသော နာမည်ကိုပြောသည့်အခါ သူ့မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
အစိမ်းရောင်၀တ်လူကြီးမေးလိုက်၏။
“သူ့မှာနောက်ခံမရှိဘူးဆိုရင် သူ့ကိုဖမ်းသင့်လား”
“ငါအရင်ဆုံး ဂိုဏ်းချုပ်နဲ့တွေ့လိုက်ဦးမယ် သူ့အမြင်က အဓိကပဲ တကယ်လို့သူသာငါ့ကိုထောက်ခံမယ်ဆိုရင် လီယနဲ့ ကုအန်နှစ်ယောက်စလုံးကို တိုက်ရိုက်သတ်ပစ်ပြီး ဧကရာဇ်ရဲ့ ဂိုဏ်းထဲက လက်တံတွေကို ဖြတ်တောက်ပစ်မယ်” လီတိုင် ပြန်ဖြေလိုက်သည်။
ကုအန်သူတို့စကားဝိုင်းကို နားထောင်နေသည်ကိုတော့ သူတို့မသိခဲ့ကြပေ။
ကုအန်အတွက်မူ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူဆိုသည်မှာ လမ်းဘေးမှ ပုရွက်ဆိတ်များနှင့် မခြားပေ။
“ငါ့ကိုသတ်ချင်တာလား စိတ်ဝင်စားစရာပဲ”
ကုအန်ပြုံးလိုက်၏။ သူလုံး၀စိတ်မပူခဲ့ပေ။
သူရပ်နေပြီး ပြန်မတိုက်ရင်တောင် လီတိုင်ရော အစိမ်းရောင်၀တ်လူရော သူ့ကိုသတ်ပစ်နိုင်ဖို့ အခွင့်အရေးရှိမည် မဟုတ်ပေ။
ကုအန် လှေကားပေါ်ပြန်တက်သွားလိုက်ပြီး မကြာခင်တွင် ယန်နီရောက်လာခဲ့လေသည်။
ယန်နီ့အမူအရာသည်လေးနက်နေပြီး ပြောလိုက်၏။ “သူငါ့တည်ရှိမှုကို သတိထားမိတယ် ဒီကောင်လေးက စိတ်ဝိညဉ်အခြေတည်အဆင့်ကိုရောက်သွားပြီထင်တယ်”
ကုအန် စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။ “စီနီယာ့မှာ သူနဲ့ရန်ညှိုးရှိတယ်လား”
“သူ့အမေက ငါ့အစ်မကိုသတ်ဖြတ်မှုမှာ ပါ၀င်ပတ်သက်နေတာ သူနဲ့ငါရန်ညှိုးမရှိတာ ဘယ်ဖြစ်နိုင်မလဲ”
“အစ်ကိုလီယရော အဲ့ဒီအကြောင်းကိုသိလား”
“သူမသိဘူး ငါလည်းသံသယပဲရှိတာ သက်သေမရှိသေးဘူး ဒီကောင်ဂိုဏ်းကိုလာခဲ့တာက ဂုဏ်သိက္ခာမျှော်စင်က အကြီးအကဲတွေ ဒါမှမဟုတ် ဂိုဏ်းချုပ်နဲ့ ပူးပေါင်းချင်လို့ပဲ သူ့ကိုကာကွယ်ပေးထားတဲ့ ချူထျန်းချီက ထွက်ပြေးသွားပြီလေ အဲ့ဒီတော့ သူအကာအကွယ်အသစ်တစ်ခုရှာဖို့ လိုနေပြီ”
“ရှာပါစေ”ကုအန် စာအုပ်တစ်အုပ်ထုတ်ကာ ဖတ်နေလိုက်သည်။
ယန်နီသူ့ဘေးတွင်ရပ်ကာ အံ့ဩနေဟန်ဖြင့် မေးလိုက်၏။
“နင်လီတိုင်က နင့်ကိုဒုက္ခပေးမှာမကြောက်ဘူးလား”
“ကျွန်တော်ဘာလုပ်နိုင်လို့လဲ ကျွန်တော်က သူ့ပြိုင်ဘက်မှမဟုတ်တာ ဧကရာဇ်က စီနီယာ့ကို ကျွန်တော့်ကိုကာကွယ်ခိုင်းလိုက်တုန်းကရော ကျွန်တော်ငြင်းလို့လား သူကသတ်ချင်ရင်လည်း ကျွန်တော်ဘာမှမတတ်နိုင်ဘူးလေ အဲ့ဒီတော့ ဘာမှမဖြစ်သလိုဘဲ ဘ၀ကိုပျော်ကျော်ဖြတ်သန်းတာအကောင်းဆုံးပဲ”
ကုအန် ပုံမှန်အတိုင်းပြန်ပြောလိုက်ပြီး ကုအန်၏ အပူအပင်ကင်းသော အပြုအမူကြောင့် ယန်နီပင် အံ့အားသင့်သွားခဲ့ရသည်။
ယန်နီသူ့ကိုနှစ်သိမ့်လိုက်၏။ “စိတ်မပူပါနဲ့ တကယ်ကသူနင့်ကို အန္တရယ်ပြုမယ်ဆိုရင် ငါနင့်ကိုသေချာပေါက်ကာကွယ်ပေးမှာပါ လျှောက်သာမသွားနဲ့”
ကုအန်သည်အတော်လေး အတင့်ရဲလှပြီး တစ်ခါတလေ အပြင်စည်းမြို့သို့သွားတတ်ပြီး တစ်ခါတလေဆိုလျှင် သူ၏ အတွင်းစည်းဂိုဏ်းထဲက ဆေးတောင်ကြားသို့လည်း သွားနေတတ်၏။
“ကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ် စီနီယာ စိတ်အေးအေးထားပါ အဓိပတိဂိုဏ်းထဲမှာတော့ သူအတင့်မရဲရဲလောက်ပါဘူး” ကုအန် ယန်နီ့ကိုပြုံးပြ၍ ပြောလိုက်သည်။
ယန်နီခေါင်းညိတ်ပြလိုက်ကာ ဘာမှမပြောဘဲ ထွက်သွားခဲ့၏။
…..
ကျေးငှက်တေးသီသံများ ပျံ့လွင့်နေပြီး ပန်းရနံ့များ သင်းထုံနေကာ တောက်ပနေသော ပန်းပွင့်များနှင့် စမ်းချောင်းလေးတစ်ခုဝိုင်းပတ်စီးဆင်းနေသော စံအိမ်တစ်ခု၏ မျှော်စင်ထဲတွင်
လုပိုင်ထျန်းနှင့် လီတိုင်တို့ စားပွဲတစ်ဖက်တစ်ချက်တွင် ထိုင်နေခဲ့ကြပြီး လီတိုင် ဝိုင်အိုးကိုကိုင်ကာ လုပိုင်ထျန်းအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးလိုက်လေသည်။
“အိမ်ရှေ့စံမင်းသားရာထူးကို ရာစုနှစ်တစ်ခုစာလောက်ယူထားရတာ မင်းအတွက် ခက်ခဲမှာပဲ ဒီနှစ်တွေမှာ ပြည်သူတွေရဲ့စကားသံတွေကိုလည်း ငါကြားမိပါတယ်” လုပိုင်ထျန်း ဝိုင်ခွက်ကို လက်ခံလိုက်ကာ ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ လီတိုင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဧကရာဇ်ကအတော်လေးကောင်းပါတယ် ကံဆိုးတာက သူ့ကျင့်ကြံခြင်းက သာမန်ဖြစ်နေတော့ စီရင်စုတွေနဲ့ မြင့်မြတ်မိသားစုတွေကို မဖိနှိပ်နိုင်တော့ဘဲ သူတို့က တိုင်းပြည်ရဲ့ပိုင်နက်တွေကို ဖြတ်သိမ်းထားကြတယ်လေ အဲ့ဒီလိုမတည်ငြိမ်တဲ့အခြေအနေတွေအောက်မှာ ထိုက်ကန်မင်းဆက်က အမှောင်ထုထဲကျရောက်နေခဲ့ရတယ် ကျွန်တော်က သာမန်ပြည်သူတွေရဲ့ ဘ၀ကို တိုးမြှင့်ပေးချင်တာပါ ကျွန်တော့်အမေဘက်က မိသားစုကလည်း ကျွန်တော့်ကို အပြည့်အ၀ထောက်ခံတယ်”
လုပိုင်ထျန်း လီတိုင်ကိုမကြည့်ဘဲ အနီးရှိစမ်းချောင်းကို ကြည့်နေရင်း မထူးခြားဟန်ဖြင့် ပြောလိုက်သည်။
“ဘယ်သူဧကရာဇ်ဖြစ်လာလဲဆိုတာက အဓိပတိဂိုဏ်းအတွက် အရေးမကြီးပါဘူး အရေးကြီးတာက ဘယ်သူက အဓိပတိဂိုဏ်းအတွက် ယုံကြည်ဖို့ ထိုက်တန်တဲ့လူလဲဆိုတာပဲ”
လီတိုင် အမြန်ပြန်ပြောလိုက်သည်။ “အဓိပတိဂိုဏ်းက ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးဂိုဏ်းပါ ကျွန်တော်ဧကရာဇ်ဖြစ်လာခဲ့ရင် အဓိပတိဂိုဏ်းက ကျွန်တော့်လုပ်ဆောင်ချက်တွေကို ကြီးကြပ်ထိန်းကြောင်းပေးလို့ရပါတယ်”
“ကုအန်ကိုစုံစမ်ူနေတာရပ်လိုက်တော့ မင်းတို့တော်၀င်မိသားစုတွေ မင်းတို့ကြားဘယ်လိုပဲတိုက်ခိုက် တိုက်ခိုက် ကိစ္စမရှိဘူး သူ့ကိုတော့ ဆွဲမထည့်မိစေနဲ့”
လုပိုင်ထျန်း ခပ်အေးအေးပင် ပြောလိုက်ရာ လီတိုင်အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ထိုအခိုက်တွင် လီတိုင်ဖြစ်နိုင်ချေမျိုးစံုကို တွေးနေမိ၏။
ထို့နောက် သူသတိထားနေဟန်ဖြင့် မေးလိုက်သည်။
“ကုအန်က ဘယ်မြင့်မြတ်မိသားစုက လာတာများလဲ”
အချို့မြင့်မြတ်မိသားစုကြီးများသည် မိသားစုထဲရှိ ပါရမီနည်းသော ကလေးများကို ဂိုဏ်းသို့ပို့၍ ထားတတ်သောကြောင့် သူကုအန်ကို မြင့်မြတ်မိသားစုတစ်ခုခုမှဟု ယူဆလိုက်ခြင်း ဖြစ်၏။
“သူကဘယ်မြင့်မြတ်မိသားစုက လာတာမှမဟုတ်ဘူး သူ့ရဲ့တစ်ခုတည်းသောနောက်ခံက ငါပဲ လုံလောက်လား”
လုပိုင်ထျန်း လီတိုင့်ကို စိုက်ကြည့်ရင်းပြောလိုက်ရာ လီတိုင် ချွေးအေးများပင် ထွက်သွားခဲ့ရသည်။
အပိုင်း(၉၄)
နှစ်တစ်သန်းသက်တမ်း၊ ဒြပ်ငါးမျိုးရတနာခန္ဓာ
အိမ်ရှေ့မင်းသားသည် သူမပြန်ခင်၇ရက်အလိုတွင် ကုအန်ဆီသို့ ထပ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် ဆေးပင်မျိုးစေ့များစွာယူသွားသဖြင့် အားစိုက်ထုတ်ထားမှန်း သိသာလှသည်။
သူဘာကြောင့် ထိုမျှသဘောကောင်းနေလဲဆိုတာ ကုအန်သေချာမသိသော်လည်း လက်ဆောင်များကိုလက်ခံကာ လီတိုင့်ကို သူနှင့်အတူသောက်ဖို့ပင် ဖိတ်ခေါ်ခဲ့ပြီး သူတို့ကြား စကားဝိုင်းသည် ပို၍ပင် အဆင်ပြေလာခဲ့၏။
ဤတစ်ခေါက်လည်း လီတိုင် ကုအန်ကို သိမ်းသွင်းခြင်းမျိုးမရှိဘဲ သူ့ပုံစံမှာ ကုအန်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေပံုပင်။
လီတိုင် ထွက်ခွာသွားသောအခါ ယန်နီ ပြောင်းလဲသွားသော လီတိုင်ကိုကြည့်ပြီး ပြောလိုက်သည်။
“လီတိုင် လူတစ်ယောက်ကိုဒီလောက်အာရုံစိုက်တာမျိုး ငါတစ်ခါမှမမြင်ဖူးဘူး” ယန်နီ့လေသံမှာ ရှုပ်ထွေးနေပုံပင်။
ကုအန် ရယ်မောကာ ပြန်ပြောလိုက်၏။ “ကျွန်တော်က မဖော်ရွေတတ်ဘူးလို့ ဘယ်သူပြောလဲ”
ကုအန်သည် အရူးမဟုတ်ပေ။ ဤကိစ္စသည် လုပိုင်ထျန်းနှင့် ပတ်သက်မှန်း သူသိပေသည်။ အသေးစိတ်အချက်အလက်ကိုေတာ့ သူမသိပေ။ လီတိုင်သည် နောက်ခံရှာဖွေနေခြင်းဖြစ်ပြီး သူသည် မြင့်မြတ်မိသားစုကြီးများဆီလည်း သွားမည် မဟုတ်ပေ။
ထို့ကြောင့် သူ့နောက်ခံဖြစ်နိုင်လောက်သည့် လွှမ်းမိုးမှုမျိုးသည် လုပိုင်ထျန်းတွင်သာ ရှိနိုင်၏။
ယန်နီလည်း ကုအန်တွင် ကြီးမားသောနောက်ခံတစ်ခုရှိရမည်ဟု သံသယရှိသွားခဲ့သည်။ နောက်ဆုံးတွင် လီရွှမ်တောက်ပင် အိမ်ရှေ့မင်းသားကိုထိုမျှ ရိုကျိုးအောင် မလုပ်နိုင်ပေ။
ကုအန်ဘယ်သူလဲဆိုတာကို သူအတော်လေး စိတ်၀င်စားသွားမိ၏။
“ဒီကိစ္စကို အရှင်မင်းကြီးကိုမပြောတာ အကောင်းဆုံးပါပဲ စီနီယာလည်း ကျွန်တော့်နောက်ကိုလိုက်လာတာ နှစ်ပေါင်းများစွာကြာနေပြီပဲ ကျွန်တော်က ပြိုင်ဆိုင်တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ သိမှာပါ ကျွန်တော်လူတွေရဲ့ အာရုံစိုက်တာမခံချင်ဘူး” ကုအန် ယန်နီ့ကို အလေးအနက်ပြောလိုက်သည်။
ယန်နီ ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး စနောက်လိုက်၏။
“ဒီလိုကျတော့လည်း လီယကနင့်အတွက် ကံကောင်းခြင်းမဟုတ်ဘဲ နင်ကလီယအတွက် ကံကောင်းခြင်းတစ်ခုဖြစ်နေတာပဲ တကယ်တော့ ကြိုးကြိုးစားစား ဆေးပင်စိုက်ပျိုးပြီး ဘာအာဏာအကျိုးအမြတ်မှ မလိုချင်တဲ့ ဘယ်သူ့ကိုမဆို အထက်ကလူတွေက တန်ဖိုးထားကြမှာပါ”
ကုအန် လီတိုင်ပေးခဲ့သော သိုလှောင်အိတ်ကိုယူလိုက်ပြီး ထိုထဲမှ ဆေးမျိုးစေ့၁၀၀ ထုတ်လိုက်ကာ ယန်နီ့ကိုပေးလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေအကုန်လုံးက အဆင့်၅ဆေးမျိုးစေ့တွေ ကောင်းကောင်းဂရုစိုက်ပါ စီနီယာကောင်းကောင်းဂရုစိုက်ပြီး ရင့်မှည့်လာရင် ဆေးပင်၁၀ပင်ပေးမယ် နောက်ပြီး အနာဂတ်မှာလည်း မျိုးစေ့တွေထပ်ပေးမယ်”
ယန်နီလည်း ပြုံးရွှင်နေသော မျက်နှာဖြင့် ဆေးမျိူးစေ့များကို လက်ခံလိုက်လေသည်။
ကုအန်သူမကိုကြည့်ပြီး စိတ်ကျေနပ်နေမိ၏။
တတိယဆေးတောင်ကြားတွင် လူပေါင်းများစွာရှိသော်လည်း ယန်နီတစ်ယောက်သာ ဆေးပင်စိုက်ပျိုးခြင်းကို အမှန်တကယ်စိတ်၀င်စားသူဖြစ်ပြီး ရှောင်ချွမ်မှာ မွေးမြူရေးကိုသာ စိတ်၀င်စားသူဖြစ်ကာ အခြားတပည့်များကတော့ ကျင့်ကြံဖို့သာ စိတ်၀င်စားကြသည်။
ကုအန် ယန်နီ့ကို ပို၍ပင်မျှော်လင့်လာမိ၏။
….
နွေရာသီကုန်ဆုံးကာ ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့လေသည်။
ဆောင်းဦးရာသီတွင် အဓိပတိဂိုဏ်းသည် အလှအလွှာနောက်တစ်ထပ်ဖြင့် ဖုံးအုပ်ခံထားရသလိုဖြစ်နေပြီး မြင်မြင်သမျှ တောများတောင်များအားလုံးတွင် ရွက်ဝါများဖြင့် ဖုံးလွှမ်းနေခဲ့၏။
ဆောင်းဦးရာသီ မနက်ခင်းတစ်ခု၏ ထျန်းယတောင်ကြားတွင်
ကုအန် ရိတ်သိမ်းပြီးစ ဆေးပင်များအား စိတ်ဝိညဉ်ကာကွယ်ခြင်းစက္ကူဖြင့် ပတ်နေချိန် သူ့မျက်စိရှေ့တွင် အချက်ပေးစာများ ပေါ်လာခဲ့သည်။
[သင်သည် သမင်အရိုးမြက်(အဆင့်၅) ရိတ်သိမ်းခဲ့ပြီး သက်တမ်း ၅၂နှစ်ရရှိခဲ့ပါသည်]
[သက်တမ်းသတိပေးခြင်း: သင်သည် ထိုလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်နှင့် လုပ်ဆောင်ချက်သည် အကြောင်းအကျိုးအချက်အလက်များကို အလိုလိုသိရှိသွားပြီး သတ္တဝါတစ်ကောင်ကောင်က သင့်အား အန္တရာယ်ပြုလိုစိတ်ရှိနေပါက အသိပေးချက်တစ်ခုပေါ်လာမည်ဖြစ်သည်။ ထိုအသိပေးချက်အတွက် သက်တမ်းမကုန်ကျသော်လည်း လုပ်ဆောင်ချက်ကိုအသက်သွင်းရာတွင်တော့ သက်တမ်းကုန်ကျပါမည်]
သူ့ရှေ့ရှိ စာတန်းကိုကြည့်နေရင်း ကုအန်တခဏတာ ကြက်သေသေသွားမိသည်။
ကောင်းလိုက်တဲ့ လုပ်ဆောင်ချက်ကြီး!
ထိုလုပ်ဆောင်ချက်သည် သူ့အား ရန်သူများရန်မှကာကွယ်ပေးနိုင်ပြီး အန္တရာယ်အခြေအနေများကိုလည်း ရှောင်ရှားနိုင်အောင် ကူညီပေးမည် ဖြစ်၏။
ကုအန်ချက်ချင်း သက်တမ်းသတိပေးခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်။
သို့သော် ထိုလုပ်ဆောင်ချက်သည် ယခုအချိန်မှစတင်လုပ်ဆောင်ပုံပေါ်သောကြောင့် မည်သည့်စာတန်းမှပေါ်မလာခဲ့ပေ။
ကုအန် ခံစားချက်အတော်ကောင်းသွားခဲ့ရသည်။ ထိုလုပ်ဆောင်ချက်သည် အတော်လေးကောင်းမွန်ကာ နှစ်ပေါင်းများစွာစောင့်ရကျိုးနပ်သည်ဟု ခံစားလိုက်ရ၏။ ထို့အပြင် သူ့တွင်လည်း သက်တမ်း ၁သန်းပြည့်နေပြီဖြစ်ပြီး အဆင့်ချိုးဖျက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
ကုအန် ထျန်းယတောင်ကြားရှိ ဆေးပင်များကို အမြန်ရိတ်သိမ်းလိုက်ပြီး သိုလှောင်ရုံထဲသို့ အမြန်သွားပို့လိုက်သည်။ ထိုအခါ သိုလှောင်ရုံထဲရှိ ဆေးပင်များကိုယူသွားပြီဖြစ်ပြီး ထိုထဲတွင် ဘာမှမကျန်တော့သည်ကို သတိထားမိသွား၏။
ကုအန်ဘာမှတွေးမနေတော့ဘဲ ဆေးပင်များကို သိုလှောင်ရုံထဲ ထည့်၍သာ အမြန်ပြန်ထွက်လာခဲ့လေသည်။
သူသိုလှောင်ရုံထဲမှ ထွက်လာပြီး မကြာခင်တွင် လုရှန် သူ့နားသို့ ချဉ်းကပ်လာခဲ့၏။ “မလောပါနဲ့ ငါမင်းကို ဒီနေ့ ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်း သင်မပေးရသေးဘူး”
သူကုအန်အား ယခုအချိန်ထိ မှော်သိုင်း ၈ မျိုး သင်ပေးခဲ့ပြီးဖြစ်ပြီး ကုအန်မှာတော့ ဘာမှတတ်မလာခဲ့ပေ။ ထို့ကြောင့် လွန်ခဲ့တဲ့ ၂နှစ်မှစပြီး သူကုအန်အား မှော်သိုင်းတစ်မျိုးတည်းကိုသာ သေချာဇောက်ချသင်ပေးတော့မည်ဟု ဆုံးဖြတ်ခဲ့လိုက်သည်။
လူတစ်ယောက်သည် ထိုမျှတုံးအနိုင်လိမ့်မည်ဟု သူမယုံပေ။
ကုအန်ကို သင်ကြားပေးရမည့်တိုက်ပွဲကို အချိန် နှစ်၅၀သုံးမည်ဟု သူဆုံးဖြတ်ထားခဲ့၏။
မှော်သိုင်းတစ်မျိုးတည်းအား နှစ်ပေါင်း ၅၀ သင်ကြားပေးပါက ၀က်တစ်ကောင်ပင် ထိုသိုင်းကိုနားလည်လာနုိင်သည်သည် မဟုတ်ပါလား။
ကုအန် သူ့ကိုတွန်းလိုက်ပြီး “ဒီနေ့တော့မရဘူး နောက်နေ့ပေါ့”
လုရှန် ကုအန်တွန်းတာကို ခံလိုက်ရပြီး နောက်သို့ ဆုတ်သွားခဲ့ရသည်။
ထိုကောင်က သူ့ကိုတွန်းလိုက်သည်လော။
နောက်ပြီး သူကထိုတွန်းချက်ကြောင့် ရွေ့သွားခဲ့ရသည်။
“မဖြစ်နိုင်တာ!”
လုရှန် ကုအန်ပုခုံးကိုကိုင်ထားလိုက်ပြီး ထွက်မသွားဖို့ တားထားလိုက်၏။
ကုအန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပြန်လှည့်ပြောလိုက်သည်။
“ကြည့်ရတာ ကျွန်တော်ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်းကို တတ်သွားပြီထင်တယ် အစ်ကိုမတွေ့ဘူးလား”
“တကယ်လား ငါ့ကိုအမြန်ပြ!” လုရှန် ကုအန်ကိုအမြန်လွှတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ကုအန် မြေကွက်လပ်တစ်ခုဆီသွားလိုက်ကာ လက်ဝါးကိုမြှောက်၍ ရိုက်ချလိုက်သည်။ ရုတ်ချည်းပင် ရေလှိုင်းနှင့်တူသော လေလှိုင်းများသူ့လက်မှ ထွက်ပေါ်လာပြီး ရှေ့သို့ ကိုက်ပေါင်းများစွာ ရောက်သွားခဲ့၏။
ထို့နောက် ကုအန် သူ့လက်ကိုပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မလိမ်ဘူးမလား ကျွန်တော်တစ်ယောက်ထဲ ကြိုးစားလေ့ကျင့်ခဲ့တာပါ အခုတော့ ကျွန်တော့်မှာလုပ်စရာကိစ္စတွေရှိနေသေးတယ် နောက်တစ်ခါကျမှ ဘယ်လိုပိုသန်မာအောင် လုပ်ရမလဲ ထပ်သင်ပေးတော့”
ပြောပြီးသည်နှင့် ကုအန် လေထဲသို့ခုန်တက်သွားပြီး မိုးကုတ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားလေတော့သည်။
လုရှန် သူ့ကိုမတားတော့ဘဲ မျက်မှောင်ကြုံ့၍သာ ရပ်ကြည့်နေခဲ့မိ၏။
တခဏအကြာတွင်
လုရှန် ခပ်တိုးတိုးတစ်ယောက်တည်းရေရွတ်လိုက်သည်။
“ဘာလက်ဟန်မှ မသုံးဘူး စိတ်ဝိညဉ်စွမ်းအင်မှလည်းမကျန်ခဲ့ဘူး အဲ့တာက လက်တန်းသုံးနိုင်တဲ့ အဆင့်…”
ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန်အရင်ဆုံး တတိယတောင်ကြားသို့သွားပြီး ရင့်မှည့်နေသော အပင်အကုန်လုံးကို ရိတ်သိမ်းပြီးမှ ဆန်းကြယ်တောင်ကြားဆီ ပြန်ခဲ့လိုက်၏။
ထို့နောက် ယန်နီအား သူအတွင်းစည်းဂိုဏ်းသို့ သတင်းပို့စရာရှိ၍ နှစ်ရက်လောက်အပြင်သွားဦးမည်ဟု မှာခဲ့လိုက်သည်။
ကုအန် ညနေစောင်းချိန်တွင် ဆန်းကြယ်တောင်ကြားမှ ထွက်လာခဲ့ပြီး တောက်ကြားတစ်ဝိုက်ရစ်သီရစ်သီလုပ်နေခဲ့ကာ ညဉ့်နက်ချိန်မှ သဘာ၀ဂူ၈လုံးထဲသို့ သွားကာ အလွန်စိတ်လှုပ်ရှားနေသော ကောင်းကင်နဂါးကိုသွားခေါ်ခဲ့လိုက်၏။
ကုအန် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းကိုသုံးကာ အဓိပတိဂိုဏ်းနယ်မြေမှ အမြန်ထွက်လာခဲ့လိုက်ပြီး မြောက်ပင်လယ်တောင်တန်းများဆီသို့ ဦးတည်သွားခဲ့လိုက်သည်။
ကောင်းကင်နဂါးသည် ကုအန်၏ခြေလှမ်းသိုင်းကြောင့် အံ့အားသင့်သွားပါသော်လည်း ထိတ်လန့်တော့မသွားခဲ့ပေ။ သူ့ဘ၀တွင် ကုအန်တစ်ယောက်တည်းကိုသာ မြင်ဖူးခြင်းဖြစ်ပြီး အခြားမည်သည့်သက်ရှိကိုမှမမြင်ဖူးသလို ကမ္ဘာကြီးအကြောင်းလည်း ဘာမှမသိသေးသောကြောင့် သူထိတ်လန့်မသွားခြင်း ဖြစ်၏။
မြောက်ပင်လယ်တောင်တန်းများသည် အဓိပတိဂိုဏ်းနှင့် မိုင်သုံးသိန်းကျော်အကွာတွင် ရှိခြင်းဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် ကုအန် အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းကိုအဆက်မပြတ်သုံးကာ မရပ်မနားခရီးနှင်လာခဲ့၏။
မြောက်ပင်လယ်တောင်တန်းများအနီးသို့ရောက်သောအခါ ကုအန် ကောင်းကင်နဂါးအား ချပေးလိုက်လေသည်။
“နှုတ်ဆက်ပါတယ် သခင်”
ကောင်းကင်နဂါးစိတ်လှုပ်ရှားစွာ ထွက်ခွာမသွားခင် ကုအန်ကို နှုတ်ဆက်ခဲ့၏။ ကုအန်လည်း ပြုံးလိုက်မိကာ မျက်နှာဖုံးတပ်ဆင်လိုက်ပြီး အနက်ရောင်ဝတ်စုံကို လဲလှယ်လိုက်ကာ ခရီးဆက်နှင်ခဲ့လေသည်။
သူမြောက်ပင်လယ်တောင်တန်းများ တောနက်ပိုင်းထဲထိ သွားမည်ဟု စီစဉ်ထားခြင်း ဖြစ်၏။
မြောက်ပင်လယ်တောင်တန်းဒေသသည် ပင်လယ်တစ်စင်းက ဝိုင်းပတ်ထားသော တောင်တန်းဒေသတစ်ခုဖြစ်ပေသည်။ မြောက်ပင်လယ်ဆိုသည်မှာလည်း အမှန်တကယ်တော့ သမုဒ္ဒရာတစ်စင်းစာလောက်ကြီးသော ရေကန်ကြီးတစ်ကန်သာ ဖြစ်၏။
ကုအန် လေထဲတွင် ခြေလှမ်းများလှမ်းနေရင်း ဟိုးအဝေးရှိ မြောက်ပင်လယ်ကို လှမ်းမြင်နေခဲ့ရသည်။ မြောက်ပင်လယ်ရေပြင်သည် လရောင်အောက်တွင် ရေပွက်ကလေးထနေခဲ့ပြီး အဆုံးအစမဲ့စွာပင် ကျယ်၀န်းလွန်းလှ၏။
ထိုစဉ် ကုအန် ရေမျက်နှာပြင်အောက်မှ ခုန်ထွက်လာသော ကျန်း၁ရာခန့်ရှိသည့် ဧရာမငါးကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ထိုကောင်ကြီးသည် ရေထဲမှခုန်ထွက်လာကာ လေထဲတွင် အကြောဆန့်နေခဲ့ရာ သူ့ခန္ဓာကိုယ်ကြီးကို လေထဲတွင် ထင်ထင်ရှားရှားမြင်နေခဲ့ရသည်။
မြောက်ပင်လယ်တောင်တန်းများသည် မိစ္ဆာသတ္တဝါကြီးများ၏ အိမ်သာမဟုတ်ဘဲ ကျင့်ကြံသူများနှင့် တစ္ဆေများ၏ အိမ်လည်း ဖြစ်ပြန်၏။
ကုအန် တောထဲတွင် စိတ်ဝိညဉ်အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲကိုပင် သတိထားမိခဲ့သည်။ သို့သော် သူဂရုမစိုက်ဘဲ မမြင်ချင်ယောင်ဆောင်၍သာ ဖြတ်သွားခဲ့လိုက်၏။
ကုအန် သူအဆင့်ချိုးဖျက်လိုက်ပါက မည်သည့်အဖြစ်အပျက်များ ဖြစ်ပေါ်လာမလဲ ဆိုတာကို စိတ်၀င်စားနေမိခဲ့ပြီး မြောက်ပင်လယ်တောင်တန်းများထဲတွင် လီယဘယ်နေရာတွင် ရှိနေမလဲဆိုတာကိုလည်း စဉ်းစားနေခဲ့မိသည်။
ထိုသို့စဉ်းစားနေရင်း ကုအန် နတ်အာရုံကိုသုံးကာ အဆင့်ချိုးဖျက်ဖို့ သင့်တော်သောနေရာကို ရှာဖွေနေခဲ့၏။
တစ်နာရီခန့်ကြာသောအခါ ကုအန် တောအုပ်ထဲရှိ အပင်ကြီးတစ်ပင်အောက်သို့ ရောက်ရှိလာခဲ့ပြီး ထိုင်ချလိုက်သည်။
ထိုနေရာနှင့် မိုင်သုံးထောင်အတွင်း မည်သည့်လူသားအရိပ်အယောင်မှမရှိဘဲ လှည့်လည်သွားလာနေသော မိစ္ဆာသတ္တဝါအချို့နှင့် တစ္ဆေအချို့သာ ရှိပြီး ထိုနေရာရှိ တောအုပ်တစ်ခုလုံးသည် မှိုင်းညို့နေခဲ့သည်။
ထိုင်ပြီးသည်နှင့် ကုအန်ချက်ချင်း သက်တမ်းအလွှာကိုဖွင့်လိုက်၏။
ထို့နောက် စနစ်ကိုဖွင့်ကြည့်လိုက်သည်။
[အမည်: ကုအန်]
[သက်တမ်း: ၅၈/၁၀၀၂၀၆၀]
[စိတ်ဝိညဉ်အမြစ်: ထိပ်တန်းဒြပ်ငါးမျိုးကောင်းကင်စိတ်ဝိညဉ်အမြစ်]
[ကျင့်ကြံခြင်းအဆင့်: တစ်သားတည်းဖြစ်ခြင်းအဆင့်၉]
[ကျင့်စဉ်များ: မီးထိန်းချုပ်ပညာ(စတင်သိရှိခြင်းအဆင့်)၊ မူလသစ်သားယန်ကျင့်စဉ်(ကျွမ်းကျင်)၊ အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ်(အထွတ်အထိပ်အဆင့်)၊ ဆေးတာအို(အသေးစားအောင်မြင်မှုအဆင့်)၊ အနန္တအဆိပ်ဆန်းကြယ်ကျင့်စဉ်(မကျင့်ကြံထား)၊ ယင်ယန်ပညာ(မကျင့်ကြံထား)၊ တာအိုဖြန့်ကျက်ကျင့်စဉ်(မကျင့်ကြံထား)]
…..
သက်တမ်း ဂဏန်းအရေအတွက် ၇လုံးကို ကြည့်ပြီး ကုအန် အောင်မြင်မှုတစ်ခု ရခဲ့သလို ခံစားနေခဲ့ရသည်။
သူ စိတ်ဝိညဉ်အမြစ်၊ မူလယန်သစ်သားကျင့်စဉ်၊ အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ် တို့တွင် သက်တမ်း ၁၀၀၀၀၀စီထည့်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီး ကျန်တာကို ကျင့်ကြံခြင်း၌သာ ထည့်မည်ဟု စဉ်းစားထားခဲ့သည်။ မှော်သိုင်းများ နတ်သိုင်းများ လျှို့ဝှက်သိုင်းများတွင်တော့ သက်တမ်းနည်းနည်းသာထည့်မည်ဟု စဉ်းစားထားခဲ့၏။ ဘာပဲဖြစ်ဖြစ်သူသည် အမြဲတိုက်ခိုက်နေတတ်သော သူလည်းမဟုတ်ပေ။
ထို့ေနာက်ကုအန် ချက်ချင်းပင် သူ၏စိတ်ဝိညဉ်အမြစ်ထဲသို့ သက်တမ်းတစ်သိန်းပေါင်းထည့်လိုက်လေတော့သည်။
[သင်သည် သင်၏စိတ်ဝိညဉ်အမြစ်အဆင့်မြင့်လာစေရန် သက်တမ်း တစ်သိန်းပေါင်းထည့်ခဲ့ပါသည်]
[သင်သည် စကြာ၀ဠာကြီးဧ။်သဘာ၀ကို နှစ်တစ်ထောင်ကြာသုံးသပ်ခဲ့ပြီး သင်၏စိတ်ဝိညဉ်အမြစ်နားလည်နိုင်စွမ်းသည် တိုးတက်လာခဲ့သည်]
[သင်သည် စကြာ၀ဠာကြီးဧ။်သဘာ၀ကို နှစ်နှစ်ေထာင်ကြာသုံးသပ်ခဲ့ပြီး သင်၏စိတ်ဝိညဉ်အမြစ်နားလည်နိုင်စွမ်းသည် တိုးတက်လာခဲ့သည်]
[သင်သည် စကြာ၀ဠာကြီးဧ။်သဘာ၀ကို နှစ်တစ်ထောင်ကြာသုံးသပ်ခဲ့ပြီး သင်၏စိတ်ဝိညဉ်အမြစ်နားလည်နိုင်စွမ်းသည် တိုးတက်လာခဲ့သည်]
[သင်သည် စကြာ၀ဠာကြီး၏ သဘာ၀ကို နှစ်၇၀၀၀ကြာ သုံးသပ်ခဲ့ပြီး ဒြပ်စင်များ၏စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ သင်၏ ထိပ်တန်းကောင်းကင်စိတ်ဝိညဉ်အမြစ်သည် တည်ငြိမ်လာခဲ့သည်။]
…
[သင်သည် စကြာ၀ဠာကြီး၏ သဘာ၀ကို နှစ်၅၆၀၀၀ကြာ သုံးသပ်ခဲ့ပြီး ဒြပ်စင်များ၏စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ သင်၏ ထိပ်တန်းကောင်းကင်စိတ်ဝိညဉ်အမြစ်သည် တည်ငြိမ်လာခဲ့သည်။]
အချက်ပေးစာများ ကုအန်ရှေ့တွင် တစ်ကြောင်းပြီးတစ်ကြောင်းပေါ်လာခဲ့ပြီး ကုအန် မျက်နှာလည်း မည်းမှောင်လာခဲ့သည်။
အမှန်တကယ်တော့ သူစိတ်ဝိညဉ်အမြစ်ကို အဆင့်မမြှင့်ခဲ့သင့်ပေ။ သူ၏ ထိပ်တန်းကောင်းကင်စိတ်ဝိညဉ်အမြစ်မှာပင် လုံလောက်နေပြီဖြစ်၏။
သို့သော် လုပ်ပြီးသောအရာကိုတော့ ဘာမှပြန်ပြင်လို့မရတော့ပေ။ ထို့ကြောင့် သူသည်းခံစောင့်နေရုံသာ တတ်နိုင်ပေသည်။
စိတ်ဝိညဉ်အမြစ်ပြောင်းလဲမှုမရှိပါသော်လည်း ပိုမိုတည်ငြိမ်လာသည်နှင့်အမျှ ကုအန်ပါရမီမှာလည်း ပိုတိုးတက်လာခဲ့၏။
ကုအန် ထိုအတွေးနှင့်သာ သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
အချက်ပေးစာများ ဆက်လက်ပေါ်ပေါက်နေခဲ့သည်။
[သင်သည် စကြာ၀ဠာကြီး၏ သဘာ၀ကို နှစ်၇၀၀၀၀ကြာ သုံးသပ်ခဲ့ပြီး ဒြပ်စင်များ၏စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ သင်၏ ထိပ်တန်းကောင်းကင်စိတ်ဝိညဉ်အမြစ်သည် တည်ငြိမ်လာခဲ့သည်။]
[သင်သည် စကြာ၀ဠာကြီး၏ သဘာ၀ကိုနှစ် ၈၀၀၀၀ကကာ သုံးသပ်ခဲ့ပြီးနောက်ဆုံးတွင် ဒြပ်စင်များ၏ စစ်မှန်သော အဓိပ္ပာယ်ကိုနားလည်သွားခဲ့ကာ သင်၏စိတ်ဝိညဉ်အမြစ်သည် စတင်ပြောင်းလဲလာခဲ့ပြီး သဘာ၀စိတ်ဝိညဉ်များနှင့် လွှမ်းခြုံခြင်းခံလိုက်ရကာ နိဗာနအခြေအနေသို့ ၀င်ရောက်သွားခဲ့သည်]
[သင်သည် စကြာ၀ဠာကြီး၏ သဘာ၀ကို နှစ်၉၀၀၀၀ကြာ သုံးသပ်ခဲ့ပြီး နိဗာနအခြေအနေမှ လွန်မြောက်လာခဲ့ကာ ဒြပ်ငါးမိုျးေကာင်းကင်စိတ်၀ိညဥ်အမြစ်သည် သင်၏ ခန္ဓာကိုယ်ရောဝိညဉ်နှင့်ပါ ပေါင်းစည်းသွားခဲ့ပြီး ဒြပ်ငါးမျိုးရတနာခန္ဓာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]
…..
[သင်သည် စကြာ၀ဠာကြီး၏ သဘာဝကို နှစ်တစ်သိန်းကြာ သုံးသပ်ခဲ့ပြီး သင်၏ဒြပ်ငါးမျိုး ရတနာခန္ဓာသည် တည်ငြိမ်လာခဲ့သည်]
ဒြပ်ငါးမျိုးရတနာခန္ဓာကိုမြင်လိုက်သောအခါ ကုအန်၏ အမူအရာတောက်ပသွားခဲ့ပြီး အမှောင်ထဲတွင် လမ်းပျောက်နေစဉ် ရှေ့တွင် ရွာတစ်ရွာကိုတွေ့လိုက်ရသလို ခံစားသွားခဲ့ရ၏။
စိတ်လှုပ်ရှားစရာပဲ!
ကုအန်၏ ခံစားချက်များ ထိုးတက်လာသလို ကမ္ဘာမြေကြီးမှ စိတ်ဝိညဉ်စွမ်းအားများမှာလည်း အပေါ်သို့ ထိုးတက်လာခဲ့ကြသည်။ ထို့နောက် စိတ်ဝိညဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ကြောက်စရာကောင်းလောက်အောင် အပြင်းအထန် တိုး၀င်လာခဲ့ကြပြီး အခြေအနေမှာ ယခင်က သူတစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်သည့်အချိန်ထက်ပင် ပြင်းထန်နေသေး၏။
စိတ်မကောင်းပါဘူး မြောက်ပင်လယ်တောင်တန်းက သတ္တဝါတွေရေ အခုက မင်းတို့အံ့ဩထိတ်လန့်သွားအောင် လုပ်ရမယ့်အချိန်ပဲ!
ထို့နောက် ကုအန်သူ့စိတ်ကို စိတ်ဝိညဉ်စွမ်းအင်စုပ်ယူသည့်ဖြစ်စဉ်တွင် နစ်မြုပ်ထားလိုက်တော့သည်။
မြောက်ပင်လယ်တောင်တန်းဒေသတစ်ခုလုံး စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းလာခဲ့၏။ အသက်ရှူကြိမ် ၁၅ကြိမ်ခန့်အတွင်းတွင် မြောက်ပင်လယ်တောင်တန်းအစွန်ဒေသများတွင်ရှိသော လူများပင် ထိုအရာကို ခံစားမိသွားကြသည်။
တောင်ကြားတစ်ခုအတွင်းတွင်
အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသော လီရွှမ်တောက် ဆေးပုလင်းများနှင့် သိုလှောင်အိတ်ထောင်ချီတင်ထားသော အစီအရင်စင်မြင့်တစ်ခုပေါ်တွင် တရားထိုင်နေခဲ့၏။ သူ့ပတ်ပတ်လည်တွင်လည်း အလံများ အဆောင်စာရွက်များ ရှိနေကြပြီး တောင်ကြားနံရံပင် လင်းလက်နေခဲ့သည်။
ထိုစဉ် လီရွှမ်တောက် မျက်လုံးများပွင့်လာခဲ့ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
“ထပ်ပြီးတော့ စိတ်ဝိညဉ်စွမ်းအင်တွေ ကျဆင်းနေပြန်ပြီ ဘာတွေဖြစ်နေတာလဲ ဘာလို့ဒီအဖြစ်အပျက်က မြောက်ပင်လယ်တောင်တန်းဒေသမှာတောင် လာဖြစ်နေရတာလဲ” လီရွှမ်တောက် တစ်ယောက်တည်းခပ်တိုးတိုးပြောလိုက်ပြီး မလွယ်ကူဘူးဟု ခံစားနေရသော အရိပ်အယောင်များ သူ့မျက်လုံးထဲတွင် ပေါ်ပေါက်လာခဲ့သည်