← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

“ ဘန်း ”

စွမ်းအင်စုစည်းဆေးလုံး၏ စွမ်းအားက အလွန်ကြမ်းတမ်းသည်။ ဆေးလုံးသည် သူ၏ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့်ချက်ချင်း အရည်ပျော်သွားပြီး ပူနွေးသော လေစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်၏ ဝမ်းဗိုက်ထဲမှာ ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထဲမှာ သန့်စင်သော ဝိညာဉ်စွမ်းအားဖြင့် ပြည့်လျှံသွားသည်။

သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို အသက်သွင်းလိုက်သည်။ မဟူရာမိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ ရွေ့လျားစီးဆင်းသွားသည်။ မိစ္ဆာစွမ်းအား တစ်ကြိမ်လှည့်ပတ်သွားတိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက အနည်းငယ် သန့်စင်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ မိစ္ဆာစွမ်းအားသည်လည်း ယခင်ကထက် ပိုပြီးသန်စွမ်းလာသည်။ စွမ်းအင်စုစည်းဆေးလုံး၏ လှုံ့ဆော်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ပုံမှန်ထက် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်သွားသည်။

အချိန်တိုင်းမှာ သီရှီထျန်သည် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ တိုးပွားလာနေကြောင်း ခံစားမိသွားသည်။

စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူများသည် ထိုသို့ဆေးလုံးကို မသောက်သုံးဝံ့ကြပေ။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများအတွက် ရည်ရွယ်ထားသော ဆေးလုံး ဖြစ်သည်။

မသေမျိုးကျင့်ကြံသူများနှင့် မတူညီသည်မှာ မိစ္ဆာကျင့်ကြံသူများဆီတွင် ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၁၂)ဆင့် မရှိပေ။ “ ကျားဟိန်းသံကျင့်စဉ် ”၏ ဖော်ပြချက်အရ မိစ္ဆာစွမ်းအားကို စုဆောင်းရသော ပထမအဆင့်သုံးဆင့်က မသေမျိုးကျင့်ကြံသူများ၏ ချီသန့်စင်ခြင်းနယ်ပယ်နှင့် အတူတူဖြစ်သည်။ “ ကျားဟိန်းသံကျင့်စဉ် ”၏ စတုတ္ထအဆင့်သည် မသေမျိုးကျင့်ကြံသူများ၏ အခြေတည်နယ်ပယ်နှင့် တူညီသည်။ ထို့ကြောင့် သီရှီထျန်က ဒုတိယအဆင့်မှာသာ ရှိသေးသော်လည်း သူ၏ စွမ်းအားက မသေမျိုးကျင့်ကြံသူများ၏ ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဌမအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ တတိယအဆင့်ကို ချိုးဖြတ်နိုင်သွားလျှင် သူက ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီသွားလိမ့်မည်။

ထို့ပြင် သူက လွန်ခဲ့သော ရက်အနည်းငယ်တွင် စွမ်းအင်စုစည်းဆေးတစ်လုံးကို ကိုယ်တိုင်သောက်သုံးကြည့်ခဲ့ပြီး ယင်းကို တောင့်ခံနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များသည် စွမ်းအင်စုစည်းဆေးလုံးထဲမှ ဆေးအာနိသင်ကို အစောကြီးကတည်းက ကျင့်သားရနေပြီ ဖြစ်၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင် စွမ်းအင်စုစည်းဆေးလုံးကို သူသန့်စင်သည့်အခါ မည်သည့်အခက်အခဲမှ မရှိပေ။ အရာအားလုံး အဆင်ပြေချောမွေ့သည်။

သို့တိုင် သူက စိတ်ထဲမှာ သတိကြီးစွာထားလိုက်ပြီး တန်ဖိုးကြီးမားသော ဆေးအစွမ်းကို ဖြည်းဖြည်းချင်း သန့်စင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာစွမ်းအားက မြန်ဆန်စွာ တိုးပွားလာသည်။

“ ကျားဟိန်းသံကျင့်စဉ် ”က သီရှီထျန်၏ စွမ်းဆောင်ရည်ကို အကန့်အသတ်အထိ တွန်းပို့ပေးသည်။

ကောင်းကင်ယံတွင် နေနှင့်လ၏ အနှစ်သာရဖြစ်သော မရေမတွက်နိုင်သည့် ငွေရောင်အလင်းစက်များက သဏ္ဍာန်မဲ့အင်အားတစ်ခု၏ ဆွဲဆောင်ခံလိုက်ရဟန် ရ၏။ ယင်းတို့က အရပ်မျက်နှာအသီးသီးမှ စုဝေးရောက်ရှိလာကြပြီး သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် တိုးဝင်သွားကြသည်။ ဤသည်မှာ ငွေရောင်စမ်းချောင်းတစ်ခုက ညကောင်းကင်ယံမှ ကျဆင်းလာပြီး သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားနေသည့်အလားပင်။

သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ငွေရောင်အလင်းစက်များကို အငမ်းမရ စုပ်ယူလိုက်ကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးနေသော နေနှင့်လ၏ အနှစ်သာရက ပမာဏ အလွန်များပြားလေရာ ယင်းတို့အားလုံးကို အချိန်တိုလေးအတွင်း သူမစုပ်ယူနိုင်ပေ။ သို့ဖြစ်၍ ငွေရောင်အလင်းလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေလေသည်။ အဝေးမှကြည့်လျှင် ယင်းက အလွန်အံ့ဖွယ်ကောင်း၏။

သီရှီထျန်သည် စွမ်းအင်စုစည်းဆေးလုံးထံမှ ဆေးအစွမ်းကို အသုံးပြု၍ မိစ္ဆာစွမ်းအားကို သတ်မှတ်ထားသော အတိုင်းအတာအထိ စုဆောင်းကာ သူ၏ အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေလေသည်။

… … …

သီရှီထျန်က အဆင့်ချိုးဖြတ်ရန် ပြင်ဆင်နေစဉ် မင်းသမီးချူယွမ်နှင့် သူ့အဖွဲ့သားများသည်လည်း ပြင်ဆင်မှုတချို့ ပြုလုပ်နေကြသည်။ သူတို့က လိုအပ်သော ပစ္စည်းပစ္စယအားလုံးကို ဝယ်ယူခဲ့ကြသည်။ ထိုထဲမှာ မြေအိုးများ၊ ပန်းကန်ပြားများနှင့် နေ့စဉ်သုံး တခြားတိုလီမိုလီပစ္စည်းများလည်း ပါရှိသည်။ သူတို့က ပစ္စည်းများအား ထုတ်ပိုးထားသော အဝတ်အိတ်ကြီးများကို မြင်းဒါဇင်ခန့်၏ ကျောပေါ်သို့ တင်လိုက်ကြသည်။ သူတို့ဆီမှာ တော်ဝင်အစောင့်အကြပ်များအပြင် စုစုပေါင်းလူငါးရာခန့် ရှိကြသည်။ သူတို့က ကိန်းကြီးခန်းကြီးပုံစံဖြင့် ကျားရဲတောင်တန်းဒေသဆီသို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့ပြင်ဆင်နေသည့်အချိန် သိုင်းလောကထဲမှ သိုင်းပညာရှင်အများအပြားက ရတနာလိုချင်သော အိမ်မက်ဖြင့် ကျားရဲတောင်တန်းဒေသဆီသို့ ဝင်ရောက်သွားနှင့်ကြသည်။

“ အကိုချင်း… ကျွန်မတို့ အခု ဘယ်သွားမှာလဲ ”

နန်းတော်ထဲမှာသာ အမြဲတမ်း နေထိုင်ခဲ့သော မင်းသမီးချူယွမ်သည် ဤသို့တောင်တန်းဒေသဆီသို့ တစ်ခါမှ မရောက်ဖူးပေ။ ထို့ကြောင့် သူက တောင်တန်းထဲသို့ ဝင်ရောက်သွားသည့်အခါ စိတ်လှုပ်ရှားလာသည်။ ဤတစ်ကြိမ်တွင် သူက လက်ထဲ၌ ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူက လက်ဖဝါးအရွယ်ခန့် ကြီးမားသော အမွှေးအိတ်တစ်လုံးကို သူ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသည်။ သူက သိုင်းလောကထဲမှ အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်ပမာ ဝတ်ဆင်ထားသည်။ အကယ်၍ သူ၏ မြင့်မြတ်ထည်ဝါသော ဟန်ပန်အမူအရာကိုသာ ဖျောက်ဖျက်နိုင်မည်ဆိုလျှင် ထိုမိန်းကလေးက မင်းသမီးတစ်ပါးဖြစ်ကြောင်း မည်သူမှ ပြောနိုင်တော့မည် မဟုတ်ချေ။ သူ့ကို သိုင်းပညာရှင်တစ်ယောက်ဟုသာ ထင်မှတ်ကြလိမ့်မည်။

ချင်းဟိုင်က ပြောသည်။

“ ရွာသားတွေ ပြောတာက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထူးဆန်းတဲ့ အလင်းတန်းက ကျားရဲတောင်တန်းဒေသရဲ့ အတွင်းပိုင်းထဲကနေ ပေါ်ထွက်လာခဲ့တယ်… ဒါကြောင့် ကျွန်တော်က အမဲလိုက်သမားတွေ ပြောတဲ့ နေရာဆီ တစ်ချက်သွားကြည့်ဖို့ စီစဉ်ထားပါတယ်… တကယ်လို့ ကံကောင်းမယ်ဆိုရင် ကျုပ်တို့တွေ တစ်ခုခု ရှာတွေ့လောက်မှာပါ ”

“ ငါသဘောမတူဘူး ”

ချင်းဟိုင်၏ စကားကို ကြားသောအခါ ကျန်းပိုင်ချွင်းက သဘောမတူကြောင်း ခေါင်းခါပြလိုက်သည်။

“ အို… ညီအကိုကျန်းမှာ ပိုကောင်းတဲ့ အကြံဉာဏ်ရှိတယ်လား… ဒါဆို ခင်ဗျားပြော… ကျုပ်နားထောင်မယ် ”

ကျန်းပိုင်ချွင်း၏ ရုတ်တရက် စကားဖြတ်ပြောမှုကြောင့် ချင်းဟိုင်၏ မျက်လုံးက အေးစက်သွားသည်။ သူက ကျန်းပိုင်ချွင်းကို လှည့်ကြည့်လိုက်ပြီး နက်ရှိုင်းသော လေသံဖြင့် ပြောသည်။

အမျိုးသမီးတစ်ယောက်ကို တူညီစွာ လိုက်ပိုးပန်းနေကြသော အမျိုးသားနှစ်ယောက်ကြားမှ ဆက်ဆံရေးကို စိတ်ကူးကြည့်ရန် မလိုပေ။ လွန်စွာ ထင်ရှား၏။ သူတို့က အချစ်ပြိုင်ဘက်များ ဖြစ်ကြသည်။ အချစ်ပြိုင်ဘက်များကြားမှ တိုက်ပွဲသည် မီးခိုးမထွက်သော်လည်း အလွန်ပြင်းထန်လှ၏။ တစ်ခါတစ်ရံ သူတို့က ခွန်အားချင်း ယှဉ်ပြိုင်ကြမည်။ တစ်ခါတစ်ရံ သူတို့က စကားလုံးများ၊ လုပ်ရပ်များဖြင့် တစ်ဖက်လူကို ထိုးနှက်ကြမည်။ သူတို့က တစ်ဖက်လူကို ဖိနှိပ်ပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်ရန် လုပ်ဆောင်ကြလိမ့်မည်။

ယင်းတို့အားလုံးက ပုံမှန်နည်းလမ်းများ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ လူတိုင်းက ယင်းကို သိထားပြီးလောက်၏။ သို့သော် ထိုသို့ကိစ္စများက ဤလောကထဲမှာ မည်သည့်အခါမှ မရပ်တန့်သွားပေ။ ယင်းက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စများအနက် တစ်ခုဖြစ်သည်။

ချင်းဟိုင်နှင့် ကျန်းပိုင်ချွင်း၏ ဆက်ဆံရေးက ထိုအတိုင်း ဖြစ်သည်။

သူတို့နှစ်ယောက်ကြားမှ စကားဝိုင်းကို မင်းသမီးချူယွမ်ကြားသောအခါ သူက စိတ်ဝင်တစား မေးသည်။

“ ဒါဆို ဂိုဏ်းတူအကိုကျန်းဆီမှာ ဘယ်လိုအကြံဉာဏ်ရှိလဲ… ကျွန်မကို မြန်မြန် ပြောပြပါ ”

ထိုသို့ပြောပြီးနောက် မင်းသမီးချူယွမ်က ကျန်းပိုင်ချွင်းကို စူးစမ်းလိုစွာ စိုက်ကြည့်လိုက်သည်။

မင်းသမီးချူယွမ်၏ စိတ်အာရုံက သူ့အပေါ်သို့ ကျရောက်လာကြောင်း မြင်သောအခါ ကျန်းပိုင်ချွင်းက စိတ်ထဲမှာ ကျိတ်ပျော်သွားသည်။ သူ၏ အရိုးများသည်ပင် ပျော့ပျောင်းသွားသည်ဟု ခံစားမိသွားသည်။ သူက ယပ်တောင်ကို ဖြန့်လိုက်ပြီး ဂုဏ်သရေရှိသော ကျောင်းတော်သားတစ်ယောက်ပမာ အကြိမ်ရေအနည်းငယ် ယပ်ခတ်လိုက်သည်။ သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပြောသည်။

" တောင်ပေါ်ကနေ ကျုပ်မဆင်းလာခဲ့မှာ အဖေက ကျုပ်အသုံးပြုနိုင်တဲ့ မှော်အဆောင်တချို့ ပေးခဲ့တယ်… အဲ့ဒီထဲက မှော်အဆောင်တစ်ခုကို ဝိညာဉ်စွမ်းအားကြယ်ဝတဲ့ ရတနာတွေ ရှာဖွေရာမှာ အထူးအသုံးပြုတယ်… ဒါကြောင့် အဲ့ဒါကို ရတနာရှာဖွေမှော်အဆောင်လို့ ခေါ်တယ်… အဲ့တော့ ဒီတောင်တန်းပေါ်မှာ ရတနာတွေရှိလား မရှိဘူးလားဆိုတာ မှော်အဆောင်ကို ငါအသုံးပြုလိုက်တာနဲ့ ချက်ချင်း အဖြေပေါ်လာလိမ့်မယ် ”

ရတနာရှာဖွေမှော်အဆောင်သည် မသေမျိုးကျင့်ကြံခြင်းလောကတွင် တန်ဖိုးကြီးမားသော ပစ္စည်းမဟုတ်ပေ။ ယင်းက ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်စွမ်းအား ကိန်းအောင်းနေသော ရတနာများကို ရှာဖွေပေးနိုင်သော နည်းလမ်းတစ်ခုထက် မပိုပေ။ ယင်းက အလွန်အံ့ဖွယ်ကောင်း၏။ သို့သော် ယင်းက သာမန်ရတနာများပေါ်မှာသာ သက်ရောက်မှုရှိ၏။

တန်ဖိုးကြီးမားသော ရတနာများပေါ်တွင် ထုံးစံအားဖြင့် အကာအကွယ်စည်းများ ရှိတတ်၏။ ထိုသို့ရတနာများကို မှော်အဆောင်စွမ်းရည်ဖြင့် မရှာဖွေနိုင်ပေ။

“ ဒါဆိုရင် ရှင်ဘာလို့ အဲ့ဒါကို မြန်မြန် အသုံးမပြုတာလဲ ”

မသေမျိုးကျင့်ကြံခြင်းလောက၏ မှော်အဆောင်အကြောင်း ကြားသောအခါ မင်းသမီးချူယွမ်က စိတ်လှုပ်ရှားသွားပြီး ကျန်းပိုင်ချွင်းကို အမြန်အသုံးပြုရန် တိုက်တွန်းသည်။

“ ဟား ဟား… မင်းသမီး ဆန္ဒမစောပါနဲ့ဦး… ကျုပ်ကို ကြည့်ပါ ”

မင်းသမီးက သူ့အပေါ်မှာ အထူးအာရုံစိုက်နေကြောင်း ကျန်းပိုင်ချွင်းမြင်သောအခါ သူက သိမ်မွေ့စွာ ပြုံးလိုက်သည်။ ထိုသို့အပြုံးက လူအများကို သူ့အပေါ်မှာ ကောင်းမွန်သောအမြင် ရှိစေသည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး သူ၏ ခါးကို ထိလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူက မင်းသမီးချူယွမ်ကဲ့သို့ ထူးဆန်းသော အမွှေးအိတ်တစ်လုံးကို ခါးပေါ်မှာ ချိတ်ဆွဲထားကြောင်း မြင်နိုင်လိမ့်မည်။ အမွှေးအိတ်ကို သူထိလိုက်သည့်အခါ မှိန်ဖျော့သော အလင်းက အမွှေးအိတ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် အဝါရောင်မှော်အဆောင်စာရွက်တစ်ရွက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ မှော်အဆောင်စာရွက်ပေါ်တွင် သာမန်လူများ နားမလည်နိုင်သော မှော်အင်းကွက်များ ရှိ၏။ ယင်းက အစီအရင်တချို့ ဖြစ်နိုင်၏။

“ ဝီး”

ကျန်းပိုင်ချွင်းက မှော်အဆောင်ကို ထုတ်ပြီးလျှင် ယင်းထဲသို့ သူ၏ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ ထို့နောက် မှော်အဆောင်စာရွက်က လေထဲသို့ မြန်ဆန်စွာ ပျံတတ်သွားပြီး အစိမ်းရောင်အလင်းဘောလုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အစိမ်းရောင်အလင်းဘောလုံးက ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အစိမ်းရောင်အလင်းစက်များအဖြစ် နေရာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။

ထိုအစိမ်းရောင်အလင်းစက်များထဲမှာ ထူးဆန်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေ၏။ ယင်းတို့က ဝိညာဉ်စွမ်းအားရှိသော ပစ္စည်းတစ်ခုခုကို ရှာတွေ့သွားလျှင် ချက်ချင်း ပေါက်ကွဲသွားပြီး အလွန်ထင်ရှားသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်ပေးလိမ့်မည်။

အစိမ်းရောင်အလင်းကို မြင်တွေ့သွားလျှင် ထိုနေရာမှာ ရတနာတစ်ခုခု ရှိသည်ဟု နားလည်နိုင်ပေသည်။

အစိမ်းရောင်အလင်းစက်များသည် ပိုးစုန်းကြူးများသဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။ ယင်းက မှော်ဆန်၏။ သို့သော် ယင်းတို့က လေထဲမှာ ပြန့်ကျဲသွားနေစဉ် မည်သည့်တစ်စုံတစ်ယောက်ထံမှ အာရုံစိုက်မှုကို မရရှိပေ။ ရတနာရှာဖွေမှော်အဆောင်၏ စွမ်းအားသည် ကျားရဲတောင်တန်းဒေသတစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ ယင်းက အများဆုံးအနေဖြင့် သူတို့အုပ်စုရှိနေသော နေရာမှစတင်၍ အချင်းသုံးမီတာပတ်လည်ကိုသာ ဖုံးလွှမ်းနိုင်၏။

အစိမ်းရောင်အလင်းစက်များက လွင့်ပြယ်သွားသည်။ သို့သော်လည်း ဝိညာဉ်အလင်းထုတ်လွှတ်မည့် မည်သည့်သဘာဝလွန်အဖြစ်အပျက်မှ မထွက်ပေါ်လာပေ။

ကျန်းပိုင်ချွင်းက ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

" မှော်အဆောင်က ဒီသုံးမီတာပတ်လည်အတွင်းမှာ ဘာကိုမှ အာရုံမခံမိဘူး… ဒီအနီးနားမှာ ဘာရတနာမှ မရှိဘူး… ခဏနေ ဒီဧရိယာကနေ ငါတို့ထွက်သွားတဲ့အခါ မှော်အဆောင်ကို သုံးပြီး နောက်တစ်ကြိမ် ငါစစ်ဆေးပေးမယ်… ဒီနည်းနဲ့ဆိုရင် ငါတို့တွေ ကျားရဲတောင်တန်းဒေသထဲမှာ ရတနာတွေကို အမြန်ဆုံး ရှာဖွေနိုင်လိမ့်မယ် ”

“ သတင်းပို့ပါတယ် ”

ထိုအခိုက်အတန့်မှာ အစောင့်အကြပ်တစ်ယောက်က ရုတ်တရက် အမြန်ပြေးလာပြီး ပြောသည်။

“ ဘာကိစ္စလဲ ”

ထိုအစောင့်အကြပ် ရောက်လာသည်ကို မြင်သောအခါ မင်းသမီးချူယွမ်၏ အရှိန်အဝါက အမြန်ပြောင်းလဲသွားသည်။ သူက တော်ဝင်မိသားစုဝင်တစ်ယောက်၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။

… … …

“ ဘန်း ”

သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ တိုးပွားလာသည်။ စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းက မိစ္ဆာစွမ်းအားအဖြစ် အစဉ်မပြတ် ပြောင်းလဲသွားနေသည်။ ယင်းက မိစ္ဆာစွမ်းအားကို ဖွင့်လှစ်ထားပြီးသော မရီဒျန်များထဲ၌ ပိုပြီးသိပ်သည်းစေသည်။ မိစ္ဆာစွမ်းအားက အလွန်သိပ်သည်းပြီး သူ၏ မရီဒျန်အားလုံးထဲမှာ ပြည့်လျှံသွားသည်။ သို့သော်လည်း သူ၏ အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များက ပိတ်ဆို့နေဆဲပင်။ ထိုနေရာမှ မရီဒျန်နှစ်ခုကို ကျောက်တုံးကြီးတစ်တုံးက တားဆီးပိတ်ဆို့ထားသည့်အလားပင်။

စက်ကရာသည် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအား၏ တိုးပွားလာမှုကို ခံစားမိသောအခါ အတားအဆီးရှိနေသော နေရာကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်မျှသူတိုက်ခိုက်ပါစေ သူ၏ မိစ္ဆာစွမ်းအားက မည်မျှကြမ်းတမ်းပါစေ ခေါင်းမာသော ထိုကျောက်တုံးကို သူမဖြိုချနိုင်ပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်သည်သာ အပြင်းအထန် တုန်ရီသွားသည်။ သူက ထိုအတားအဆီး၏ အရှေ့မှာ အကူအညီမဲ့နေသည်။

သီရှီထျန်၏ ယခင်အတွေ့အကြုံများအရ အကယ်၍ သူသာ ထိုအတားအဆီးကို ချိုးဖြတ်နိုင်သွားလျှင် သူ၏ ပိတ်ဆို့နေသော မရီဒျန်များက ဖွင့်လှစ်သွားလိမ့်မည်။ ထိုအခါ သူက အဆင့်ချိုးဖြတ်သွားပြီး “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်သို့ တတ်လှမ်းသွားလိမ့်မည်။ အကယ်၍ သူက အဆင့်မချိုးဖြတ်နိုင်လျှင် ဒုတိယအဆင့်မှာသာ ဆက်ပြီး ရှိနေလိမ့်မည်။

“ တတိယအဆင့်ရဲ့ မရီဒျန်တွေကို ဖွင့်လှစ်ရတာက ဒုတိယအဆင့်ထက် အများကြီး ပိုခက်ခဲတယ်… ကြည့်ရတာ အစောနက ငါသောက်လိုက်တဲ့ စွမ်းအင်စုစည်းဆေးလုံးထဲက ဆေးအစွမ်းအားလုံးကို စုပ်ယူမယ်ဆိုရင်တောင် ဒီအတားအဆီးကို ငါချိုးဖြတ်နိုင်မှာ မဟုတ်ဘူး ”

သီရှီထျန်၏ စိတ်ထဲမှာ ထိုအတွေး ထွက်ပေါ်လာရခြင်းက ယခု သူက ခန္ဓာကိုယ်ထဲမှ စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းအများစုကို စုပ်ယူပြီးနှင့်သောကြောင့်ပင်။ ထိုစွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းက ဖွင့်လှစ်ထားပြီးသော သူ၏ မရီဒျန်များထဲမှာသာ မိစ္ဆာစွမ်းအားကို ပြည့်လျှံစေသည်။ ယင်းက အတားအဆီးကို ချိုးဖြတ်နိုင်သော စွမ်းအားအလုံအလောက်ကို မပေးပေ။

All Chapters