← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

သီရှီထျန်သည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသော ထိုအတွေးကို အတင်းအကျပ် ဖိနှိပ်ရန် မကြိုးစားပေ။ ကျောက်တုံးကြီးကို သူဖြိုချပစ်နိုင်သည်လော ကြည့်ချင်သည်။

“ ဝေါင်း ”

သီရှီထျန်က ဟိန်းဟောက်လိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို လှုံ့ဆော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲမှာ မယုံကြည်နိုင်သော အလျင်ဖြင့် စီးဆင်းသွားနေသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင် “ ဘုရင် ”စာလုံးက ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သူက ညာဘက်ကျားလက်သည်းကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားအားလုံးက ကျားလက်သည်းထဲသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ထူထဲသော မဟူရာမိစ္ဆာစွမ်းအင်အလွှာက လက်သည်းထဲမှ ပေါ်လျှိုးလာပြီး ကျားလက်သည်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထက်ရှသော ကျားလက်သည်းက အနက်ရောင်သတ္ထုအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ အလွန်သန်စွမ်းသော အင်အားက ကျားလက်သည်းထဲမှာ မြန်ဆန်စွာ စုဝေးသွားသည်။

မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်တွင် ကျားလက်သည်းက သိသာစွာ အရွယ်အစားကြီးမားသွားပြီး ပိုပြီးကြောက်စရာကောင်းလာသည်။

“ ဗုန်း ”

မိစ္ဆာစွမ်းအားကို အလုံအလောက် စုဆောင်းပြီးနောက် ကျားလက်သည်းက သူ့အရှေ့မှ ကျောက်တုံးကြီးပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ကျရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ထူထဲသော မဟူရာမိစ္ဆာစွမ်းအင်အလွှာက ကျားလက်သည်းထံမှ ဖြန့်ကြက်သွားသည်။ အနက်ရောင်အလင်းက ကျားလက်သည်း၏ အနီးနားတစ်ဝိုက်မှာ ထွက်ပေါ်လာသည်။

စက်ကရာသည် ထိုကျားလက်သည်းထဲမှာ သူ၏ အစွမ်းအကုန်ကို ထည့်သွင်းထားသည်။ အကယ်၍ တခြားကျောက်တုံးသာ ထိုသို့တိုက်ခိုက်ခံရလျှင် ယင်းက ကျားလက်သည်းထဲ၌ ကိန်းအောင်းနေသော မိစ္ဆာစွမ်းအားကြောင့် ချက်ချင်း ကွဲကြေသွားလိမ့်မည်။ ယင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားလိမ့်မည်။

သို့သော်လည်း ကျားလက်သည်းက ကျောက်တုံးကြီးကို ရိုက်ချလိုက်သည့်အခါ သီရှီထျန် နှလုံးတုန်ယင်သွားသည်။

“ မဖြစ်နိုင်တာ ”

ယင်းက သူ၏ စိတ်ထဲမှာ ပထမဆုံး ထွက်ပေါ်လာသော အတွေးဖြစ်သည်။ ထို့နောက် သူမြင်လိုက်ရသည်မှာ ကျောက်တုံးကြီးပေါ်သို့ ကျရောက်သွားသော မိစ္ဆာစွမ်းအားက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ကျောက်တုံးကြီးပေါ်သို့ မည်သည့်မိစ္ဆာစွမ်းအားမှ မကျရောက်သွားခဲ့သည့်အလားပင်။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။

သူ့အရှေ့မှ ကျောက်တုံးကြီးက တန်ဖိုးကြီးရတနာတစ်ခုဖြစ်ကြောင်း ဤအခိုက်အတန့်မှာ သီရှီထျန် ပိုပြီးသေချာသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူတိုက်ခိုက်လိုက်သော မိစ္ဆာစွမ်းအားက သဘာဝအလျောက် ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ယင်းအစား မိစ္ဆာစွမ်းအားက ကျောက်တုံးကြီး၏ တိုက်ရိုက် စုပ်ယူခံလိုက်ရသည်။ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုက ကျောက်တုံးကြီးကို အနည်းငယ်မှ ထိခိုက်ဒဏ်ရာမဖြစ်စေပေ။

ထိုအချက်က လွန်စွာ ထိတ်လန့်ဖွယ်ကောင်း၏။

“ ဒီကျောက်တုံးကြီးက တကယ် ထူးဆန်းတာပဲ ”

သူ့အရှေ့မှ ကျောက်တုံးကြီးက သာမန်ကျောက်တုံးတစ်တုံးမဟုတ်ကြောင်း သီရှီထျန်အတည်ပြုပြီးနောက် ယင်းကို နောက်ထပ် မစူးစမ်းတော့ပေ။ သူ၏ လက်ရှိစွမ်းရည်ကို သူသိသည်။ ယခု သူက ကျောက်တုံးကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် မစွမ်းဆောင်နိုင်သေးပေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အနောက်လှည့်လိုက်ပြီး တောင်အောက်သို့ ဆင်းသွားသည်။

ကျောက်တုံးကြီးက ထိုနေရာမှာ ဆက်ရှိနေသည်ဆိုလျှင်ပင် ယင်း၏ အသွင်သဏ္ဍာန်အရ မည်သည့်ထူးခြားချက်မှ မရှိပေ။ အကယ်၍ တခြားတစ်ယောက်ယောက်က ထိုကျောက်တုံးကြီးကို မြင်သွားလျှင်ပင် သူတို့က ယင်းကို သာမန်ကျောက်တုံးတစ်တုံးအဖြစ်သာ သဘောထားကြလိမ့်မည်။ ထို့ကြောင့် ကျောက်တုံးကြီးကို သူများယူသွားမည်ကို သူမစိုးရိမ်ပေ။

သူ၏ ခန္ဓာကိုယ်က ယခင်ကထက် ပိုပြီးကြီးမားလာကြောင်း သီရှီထျန် သတိထားမိသွားသည်။ လမ်းတစ်လျှောက်မှာ သူက သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကို တိတ်တဆိတ် အာရုံခံကြည့်လိုက်သည်။ သူက ကျားခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း နေသားကျလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးဆီမှာ အလွန်သန်စွမ်းသော အင်အားက ကိန်းအောင်းနေကြောင်း သူခံစားနိုင်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာသည်။ ခုခံကာကွယ်မှုအပိုင်းတွင် ယခင်ကထက် အနည်းဆုံး နှစ်ဆပိုပြီးသန်မာလာသည်။

ထိုနည်းဖြင့် သူက မိစ္ဆာကျင့်ကြံသူများ၏ ခွန်အားကို ပိုပြီးနက်ရှိုင်းစွာ နားလည်သွားသည်။

သူက လှိုဏ်ဂူဆီသို့ ပြန်သွားသည်။

လှိုဏ်ဂူထဲသို့ ရောက်သွားသည့်အခါ သူက မြေကြီးထဲမှ ထျန်းအင်ပါယာရတနာသေတ္တာကို ထုတ်လိုက်ပြီး ပဟေဠိလေးထောင့်အတုံးများကို ဆက်လိုက်သည်။

ပဟေဠိအပိုင်းအစတစ်ထောင်ကို သူ၏ စိတ်ထဲမှာ နက်ရှိုင်းစွာ မှတ်သားပြီးပြီ ဖြစ်၏။ ရံဖန်ရံခါ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ စိတ်ထဲမှာ ပဟေဠိအပိုင်းအစများကို အတူတကွ ဆက်ကြည့်လိုက်သည်။ ထိုသို့ပဟေဠိကစားနည်းက အလွန်ခက်ခဲသော အလုပ်ဖြစ်သည်ဆိုလျှင်ပင် သီရှီထျန်အတွက်တော့ ယင်းက ကြီးမားသော စိန်ခေါ်မှု ဖြစ်သည်။ သူက ထိုပဟေဠိကို မအောင်မြင်မချင်း လက်မလျော့ရန် စိတ်ဆုံးဖြတ်ထားသည်။

မှန်ပေသည်။ ထိုရတနာသေတ္တာထဲမှာ မည်သည့်လျှို့ဝှက်ချက် ဖုံးကွယ်နေကြောင်း သူမြင်ချင်သည်။ မည်သို့ကြောင့် ထိုရတနာသေတ္တာက လျှို့ဝှက်ဆန်းကြယ်ရကြောင်း သူသိချင်သည်။

ပဟေဠိဆက်ရန် သူအာရုံစိုက်ထားစဉ် အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

အချိန်က မည်သို့မည်ပုံ ကုန်လွန်သွားကြောင်း မသိရသော်လည်း နေသည် အရှေ့အရပ်မှ ထွက်ပေါ်လာသည်။ ရွှေရောင်နေရောင်ခြည်က တောအုပ်ပေါ်သို့ ဖြာကျလာသည်။ နေရောင်ခြည်က အရာအားလုံးကို ရောင်ပြန်နေသည်။ အရှေ့အရပ်၌ ခရမ်းရောင်အခိုးအငွေ့က ထွက်ပေါ်လာသည်။ ယင်းက အပင်များနှင့် သက်ရှိသတ္တဝါများကို နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိမှု ပေးသည်။

ကျားရဲတောင်တန်းဒေသထဲတွင် မင်းသမီးချူယွမ်နှင့် တခြားလူများသည် လျှို့ဝှက်ရတနာလိုက်ရှာဖွေရန် စိတ်မဝင်စားတော့ဘဲ ကျားနက်ကို ဖမ်းဆီးရန်သာ စိတ်အားထက်သန်နေကြသည်။ သူတို့က ကျားနက်၏ တည်နေရာကို ရှာဖွေရန်အလို့ငှာ အစောင့်အကြပ်အများကြီးကို တောအုပ်ထဲသို့ စေလွှတ်လိုက်ကြသည်။

အတိတ်မှာ မြောင်ရီတောက်သည် ဝံပုလွေအုပ်စု၏ ဝိုင်းရံထားမှုကြားမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သူ၏ အလျင်က အလွန်မြန်ဆန်သော်လည်း ထိုအချိန်မှာ သူက စက်ကရာ၏ ကျားလက်သည်းဖြင့် ထိမှန်ခဲ့သည်။ သို့ဖြစ်၍ သူထွက်ပြေးနေစဉ် သွေးစက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှ တတောက်တောက် စီးကျနေခဲ့သည်။ ယင်းက လမ်းတစ်လျှောက်၌ သဲလွန်စများ ဖြစ်လာသည်။

ထိုအစောင့်အကြပ်များထဲတွင် ခြေရာခံအတတ်ကို ကျွမ်းကျင်သော ပညာရှင်တချို့ ပါရှိကြသည်။ အစောင့်အကြပ်သုံးယောက်ပါသော အုပ်စုတစ်စုသည် ထိုသဲလွန်စများနောက်သို့ လိုက်၍ တောင်တန်း၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားကြသည်။

“ နှာခေါင်းကြီး… ကျုပ်မဝန်ခံဘဲ မနေနိုင်ဘူး… ခင်ဗျားက နှာခေါင်းအရမ်းကောင်းတာပဲ… သွေးစက်တွေနောက်လိုက်ပြီး အနံ့ခံရုံနဲ့ ဒီနေရာကို ခင်ဗျားရှာဖွေနိုင်တယ်… ပြောမရဘူး ကျားနက်ကို ကျုပ်တို့တွေ အရင်ဆုံး ရှာတွေ့သွားနိုင်တယ်… အဲ့ဒီအခါ စစ်သူကြီးနဲ့ မင်းသမီးလေးဆီကနေ ဆုလာဘ်တွေ ရရှိလိမ့်မယ် ”

ထွားကြိုင်းသန်မာသော လူသန်ကြီးတစ်ယောက်က သူ့ဘေးမှ ပိန်ပါးသော အမျိုးသားကို ကြည့်လိုက်သည်။ ပိန်ပါးသော အမျိုးသား၏ အသွင်သဏ္ဍာန်က သာမန်ဖြစ်သော်လည်း သူ၏ နှာခေါင်းက ပုံမှန်ထက် အနည်းငယ် ပိုကြီးနေသည်။

“ ဟား ဟား… ညီအကိုဝမ်စန်း ခင်ဗျား အဲ့ဒီအကြောင်းကို မသိသေးဘူးမလား… သူ့နှာခေါင်းက အရမ်းနာမည်ကြီးတယ်… သူနဲ့ ကျုပ်က တစ်မြို့တည်းသားတွေလေ… မြို့ထဲမှာ ဘယ်အိမ်က ဟင်းကောင်းချက်လဲဆိုတာ သူ့နှာခေါင်းတစ်ချက်လှုပ်ရုံနဲ့ ချက်ချင်း သိနိုင်တယ် "

မျောက်မျက်နှာနှင့် ဆင်တူသော အမျိုးသားက ထူးဆန်းစွာ ရယ်လိုက်ပြီး ပြောသည်။

“ သွားစမ်း သွားစမ်းပါ… ကျုပ်က ဒီရတနာနှာခေါင်းနဲ့ မွေးဖွားလာတာ… ခင်ဗျားတို့ ကျုပ်ကို မနာလိုမဖြစ်ကြနဲ့ ”

နှာခေါင်းကြီးက ယင်းကို အလေးမထားပေ။ ယင်းက ညီအကိုများကြား စနောက်ပြောဆိုခြင်းထက် မပိုပေ။ သူတို့က စစ်ပွဲ၏ အလောင်းပုံများကြားမှာ အတူတူ ကြီးပြင်းခဲ့လေရာ သူတို့ကြားမှ ဆက်ဆံရေးက အလွန်နက်ရှိုင်းသည်။ သူတို့က ထိုသို့ကလေးကလားကိစ္စများကို အလေးမထားကြပေ။

“ အို ဒါနဲ့ ညီအကိုဝမ်စန်း၊ မျောက်ကြီး… တကယ်လို့ ကျားနက်ကို ကျုပ်တို့ရှာတွေ့သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ… အဲ့ဒီကျားနက်က မိစ္ဆာဖြစ်လာပြီလို့ ပြောသံကြားတယ်… အဲ့ဒီကောင်က အရမ်းသန်မာလောက်တယ်… အဲ့ဒီကောင်ကြီး ဒေါသထွက်သွားရင် ကျုပ်တို့တွေ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး ”

နှာခေါင်းကြီးက စိုးရိမ်ကြောင့်ကြသော လေသံဖြင့် ပြောသည်။ ကျားသည် တောအုပ်ထဲမှ တိရိစ္ဆာန်များ၏ ဘုရင်ဖြစ်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် လူဆယ်ယောက်မရှိဘဲ ကျားတစ်ကောင်ကို မဖိနှိပ်နိုင်ပေ။ အကယ်၍ ၎င်းက မိစ္ဆာတစ်ကောင်ဖြစ်လာလျှင် ပိုပြီးကြောက်စရာကောင်းလိမ့်မည်။ မိစ္ဆာကျားတစ်ကောင် ဒေါသထွက်သွားလျှင် လူများကို သတ်ပစ်နိုင်သည်။

ယင်းကို မျောက်ကြီးကြားသောအခါ သူက ရယ်လိုက်ပြီး ပြောသည်။

“ အဲ့ဒါ လွယ်ပါတယ်… ကျုပ်တို့က အဲ့ဒီကျားနက်နောက်ကို အဝေးကြီးကနေ လိုက်သွားပြီး စစ်သူကြီးဆီ သတင်းပို့လိုက်မယ်… စစ်သူကြီးက လူအများကြီးခေါ်ပြီး ရောက်လာလိမ့်မယ်… ကျုပ်တို့က သတင်းပို့ပေးတဲ့အတွက် ဆုလာဘ်ရရှိလိမ့်မယ်… မင်းသမီးလေး စိတ်ပျော်ရွှင်သွားရင် ပိုပြီးကြီးမားတဲ့ ဆုလာဘ်ကို ရရှိလိမ့်မယ် ”

“ ရူး… ”

ထိုစဉ် နှာခေါင်းကြီး၏ မျက်နှာက ရုတ်တရက် တည်ကြည်သွားသည်။ သူက လက်ညှိုးကို ပါးစပ်အရှေ့မှာ ထားလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထူးဆန်းသော ဆေးမှုန့်ပါသည့် အိတ်ကို ထုတ်လိုက်သည်။ သူက ဆေးမှုန့်ကို သူ့ကိုယ်သူနှင့် တခြားနှစ်ယောက်အပေါ်မှာ ဖြူးလိုက်သည်။

နှာခေါင်းကြီး၏ ထိုသို့အပြုအမူကို မြင်သောအခါ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော ရဲဘော်ရဲဘက်များအနေဖြင့် ကျန်နှစ်ယောက်သည် ကိစ္စတစ်ခုခုရှိနေကြောင်း အလိုအလျောက် နားလည်သွားကြသည်။ သူတို့က နှာခေါင်းကြီးနောက်မှ လိုက်၍ အရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားကြသည်။ သူတို့က မည်သည့်အသံမှ မထွက်ပေါ်စေရန် သတိကြီးကြီးထားနေကြသည်။

သူတို့က အနီးနားမှ ချုံနွယ်များကို ဆွဲနုတ်၍ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းထုတ်၍ အရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။

“ အို ဘုရားရေ ”

အရှေ့မှ မြင်ကွင်းကို မြင်သွားသောအခါ သူတို့က ထခုန်လုမတတ် ကြောက်လန့်သွားကြသည်။ နှလုံးသည်ပင် သူတို့၏ လည်ချောင်းဆီသို့ ခုန်တတ်လာဟန် ရ၏။ သူတို့က မျက်လုံးပြူးကျယ်သွားကြသည်။

သူတို့၏ အရှေ့မှာ အလွန်မမြင့်မားသော တောင်ထွတ်တစ်ခု ရှိသည်။ တောင်ထွတ်၏ အောက်ခြေတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ဧရာမလှိုဏ်ဂူတစ်ခု ရှိ၏။ သူတို့ရှိနေသောနေရာမှ ကြည့်လျှင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ လှိုဏ်ဂူထဲမှာ ဝံပုလွေအကောင်ပေါက်များက အရေအတွက်များပြားစွာ ဆော့ကစားနေကြသည်။ အနည်းဆုံး ရာဂဏန်းခန့် ရှိနိုင်၏။

အရေအတွက်များပြားသော ဝံပုလွေအမများသည်လည်း မြေကြီးပေါ်မှာ လဲလျောင်းနေကြပြီး သူတို့၏ ကလေးငယ်များကို နို့တိုက်နေကြသည်။ တပြွတ်ပြွတ်မြည်သံက အဆုံးမဲ့စွာ ထွက်ပေါ်နေသည်။

လှိုဏ်ဂူ၏ အပြင်ဘက်တွင် အရွယ်အစားကြီးမားသော ဝံပုလွေအထီးများ ရှိကြသည်။ သူတို့က စူးရှသော သားရဲမျက်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို အမြဲစောင့်ကြည့်နေကြသည်။ လေပြေတိုးဝှေ့သွားတိုင်း သို့မဟုတ် မြက်ပင်လှုပ်ယမ်းသွားတိုင်း သူတို့က ချက်ချင်း တုံ့ပြန်ကြလိမ့်မည်။ သူတို့တစ်ကောင်ချင်းစီက ကြံ့ခိုင်သန်မာကြသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူတို့ထံမှ ထွက်ပေါ်နေကြောင်း မည်သူမဆို အာရုံခံနိုင်ပေသည်။ ထိုဝံပုလွေအထီးများက အနည်းဆုံး အရေအတွက်တစ်ထောင်ကျော်သည်။

ဝံပုလွေများ၏ အရွယ်အစားနှင့် သူတို့ထံမှ ထုတ်လွှတ်နေသော သားရဲအရှိန်အဝါကြောင့် တစ်စုံတစ်ယောက်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဦးရေပြားစပ်ဖျင်းဖျင်း ခံစားရလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်း၏။

အထူးသဖြင့် နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ဝံပုလွေတစ်ကောင်က ဝံပုလွေအုပ်စု၏ အလယ်မှာ လဲလျောင်းနေကြောင်း သူတို့မြင်လိုက်ရသည့်အခါ ဖြစ်သည်။ သူက တခြားဝံပုလွေများထက် ပိုပြီးအရွယ်အစားကြီးမားလေရာ ပိုပြီးချောက်ချားဖွယ်ကောင်း၏။

“ ဝံပုလွေဘုရင်… အဲ့ဒါ ဝံပုလွေဘုရင်ဖြစ်ရမယ် ”

အလန့်တကြား အော်ဟစ်သံက သူတို့သုံးယောက်၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ယေဘုယျအားဖြင့်ဆိုရသော် ဝံပုလွေအုပ်စုတစ်ခုမှာ ဝံပုလွေအကောင်ရေ သုံးရာကျော်နေလျှင် ထိုထဲမှာ သေချာပေါက် ဝံပုလွေဘုရင် ရှိရမည်။ ယခု အရေအတွက်ထောင်ကျော်သော ဝံပုလွေအုပ်စုထဲမှာ ဝံပုလွေဘုရင်ရှိနေလေရာ ၎င်းက မည်မျှအစွမ်းထက်နိုင်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သူတို့က ကျားနက်ကို လိုက်ရှာဖွေနေသော်လည်း ကျားနက်ကို ရှာမတွေ့ဘဲ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေအုပ်စုကို ရှာတွေ့သွားလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ထို့ပြင် ယင်းက ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးအင်အားကြီးမားသော ဝံပုလွေအုပ်စုဖြစ်သည်။

ထိုဝံပုလွေအုပ်စုသည် မနေ့ညက သီရှီထျန် သိမ်းသွင်းခဲ့သော ဝံပုလွေအုပ်စုမှလွဲ၍ တခြားမဟုတ်ပေ။ ထိုဝံပုလွေဘုရင်သည် ပိုင်ယွဲ့ဖြစ်သည်။

အတိတ်မှာ သီရှီထျန်သည် ဝံပုလွေဘုရင်ပိုင်ယွဲ့အား သိမ်းသွင်းပြီးနောက် သူကျင့်ကြံရန်အလို့ငှာ မြန်မြန် ထွက်သွားခဲ့သည်။ သူက ဝံပုလွေဘုရင်ကို သုံးရက်ကြာပြီးနောက် သူ့အား လာတွေ့ရန် မှာကြားခဲ့သည်။ ထို့ကြောင့် ဝံပုလွေအုပ်စုသည် သူတို့သတ်ဖြတ်ခဲ့သော သွေးဓားမော့အဖွဲ့အစည်းမှ အလောင်းများကို ဝံပုလွေအစာအဖြစ် တရွတ်တိုက် ဆွဲခေါ်သွားခဲ့ကြသည်။

All Chapters