← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

ကျားဟိန်းသံ၏ အသံလှိုင်းစက်ဝန်းများက သစ်ပင်များကို ရိုက်ခတ်သွားသည့်အခါ ယင်းတို့က တစ်လက်မချင်းစီ အက်ကွဲသွားကြသည်။ သစ်ကိုင်းအများအပြားက ကျိုးကြေသွားကြပြီး သစ်ရွက်များက မြေကြီးပေါ်သို့ ကြွေကျလာကြသည်။ ကောင်းကင်နှင့် မြေပြင်ကြား၌ ကျားဟိန်းသံမှလွဲ၍ မည်သည့်အသံကိုမှ မကြားနိုင်တော့ချေ။ ကြမ်းတမ်းသော လေပြင်းက တောအုပ်၏ နေရာတိုင်းမှာ ထွက်ပေါ်လာသည်။ လေတိုက်ခတ်မှုကြောင့် သစ်ပင်များက တရှပ်ရှပ် မြည်သွားသည်။

မိစ္ဆာစွမ်းအား၏ ထောက်ပံ့မှုအောက်မှာ ကျားဟိန်းသံက သုံးမိနစ်ခန့် ကြာမြင့်စွာ ပဲ့တင်ထပ်သွားသည်။ ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည့်အခိုက် ကျားဟိန်းသံအတတ်က မည်မျှအံ့ဖွယ်ကောင်းကြောင်း သီရှီထျန် ကောင်းကောင်း နားလည်သွားသည်။ သူဟိန်းဟောက်လိုက်သည့်အခါ မိစ္ဆာစွမ်းအားက သူ၏ လည်ပင်းဆီသို့ ဆန်တတ်လာလိမ့်မည်။

မိစ္ဆာစွမ်းအားက လည်ပင်းကို ဖြတ်ကျော်သွားပြီးလျှင် သူ၏ ကျားဟိန်းသံနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းက ကျားဟိန်းသံ၏ အင်အားကို အဆုံးစွန်အထိ တိုးမြှင့်ပေးလိမ့်မည်။ ထို့နောက် ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်သွားသည့်အခါ အလွန်ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတိုက်ခိုက်မှု ဖြစ်လာလိမ့်မည်။

ထို့ပြင် ယင်းက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိ၏။ သို့မဟုတ်လျှင် အစောနက ဟိန်းသံက သူ၏ ဘေးပတ်ဝန်းကျင်မှ အရေအတွက်ထောင်ချီသော ဝံပုလွေများအပေါ်လည်း သက်ရောက်မှုရှိလိမ့်မည်။ ယင်းက သူတို့၏ ကိုယ်အင်္ဂါများကို ပျက်စီးစေပြီး ဒွါရခုနစ်ပေါက်မှ သွေးစီးကျစေလိမ့်မည်။ ထို့နောက် သူတို့အားလုံးက ဆိုးဆိုးဝါးဝါး သေဆုံးသွားကြလိမ့်မည်။ ကံကောင်းစွာဖြင့် အသံလှိုင်းများက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေ၏။

ဤလောကတွင် အခြေခံဒြပ်စင်ငါးမျိုးအပြင် ထူးဆန်းသော တခြားစွမ်းအားများလည်း ရှိကြ၏။ အသံလှိုင်းသည် ထိုထဲမှ တစ်ခုဖြစ်သည်။

အသံသည် သဏ္ဍာန်မဲ့ပြီး နေရာတိုင်းဆီသို့ မြန်ဆန်စွာ ပျံ့နှံ့နိုင်သည်။ အကယ်၍ ယင်းက ဒြပ်ထည်မဲ့သည်ဆိုလျှင် တစ်စုံတစ်ယောက်က သူ၏ အာရုံခြောက်ပါးကို ပိတ်ဆို့၍ ခုခံတားဆီးနိုင်လိမ့်မည်။ သို့သော် အကယ်၍ ယင်းက ဒြပ်ထည်ရှိသည်ဆိုလျှင် အသံလှိုင်းစွမ်းအားက အလွန်ကြောက်စရာကောင်းလိမ့်မည်။ အာရုံခြောက်ပါးကို ပိတ်ဆို့ရုံဖြင့် ယင်းကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

အသံလှိုင်းတိုက်ခိုက်မှုက အလွန်အားကောင်းသော်လည်း ဤလောကတွင် ယင်းကို အမှန်တကယ် နားလည်နိုင်သူများက အနည်းငယ်သာ ရှိ၏။ အသံကို တိုက်ခိုက်မှုအဖြစ် အသုံးပြုနိုင်သော လူများက ပိုပြီးရှားပါးသည်။ အကယ်၍ ထိုသို့လူများရှိလျှင်ပင် သူတို့က အသံလှိုင်းတိုက်ခိုက်မှုကို အလွယ်တကူ ထုတ်သုံးကြလိမ့်မည် မဟုတ်ချေ။ သူတို့က ယင်းကို ဝှက်ဖဲကတ်အဖြစ် ဖုံးကွယ်ကြလိမ့်မည်။

သီရှီထျန်သည် အသံလှိုင်းတိုက်ခိုက်မှုတွင် မွေးရာပါအားသာချက်ရှိသည်။ သူ၏ ကျားဟိန်းသံသည် သဘာဝအလျောက် လွှမ်းမိုးဗိုလ်ကျသည်။ ထိုထဲမှာ သားရဲရာထောင်ချီကို ခြိမ်းခြောက်နိုင်သော ဘုရင်အရှိန်အဝါ ရှိ၏။ ယခု သူက သင့်တော်သော မိစ္ဆာကျင့်စဉ်ကို ပိုင်ဆိုင်သွားသည်။ ထိုကျင့်စဉ်ထဲမှာ ကျားဟိန်းသံကို တိုက်ခိုက်မှုအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

ကျားတစ်ကောင်အနေဖြင့် သူက ကျင့်စဉ်ထဲမှာ ဖော်ပြထားသော ထိုအသံလှိုင်းတိုက်ကွက်ကို မြန်ဆန်စွာ နားလည်တတ်ကျွမ်းသွားသည်။

ယခု သူအသုံးပြုလိုက်သည့်အခါ ကျားဟိန်းသံအတတ်က လွယ်ကူရိုးရှင်းကြောင်း နားလည်သွားသည်။ ထို့ပြင် သူက ကျားဟိန်းသံအတတ်နှင့်ပတ်သက်၍ ဉာဏ်အလင်းတချို့ ရရှိသွားသည်။

“ ဒီကျားဟိန်းသံအတတ်က အရမ်းအားကောင်းတယ်… ဒါပေမဲ့ အဲ့ဒါက မိစ္ဆာစွမ်းအားကို အများကြီး ကုန်ဆုံးစေတယ်… တတိယအဆင့်ကို ငါချိုးဖြတ်သွားပြီးနောက် အဲ့ဒါကို ဆယ်ကြိမ်ခန့်ပဲ အသုံးပြုနိုင်တယ် ”

သီရှီထျန်က ကျားဟိန်းသံကို ရပ်တန့်လိုက်သည်။ ထိုသိုင်းပညာရှင်အုပ်စုက သူ၏ ကျားဟိန်းသံတစ်ချက်ဖြင့် သုတ်သင်ခံလိုက်ရကြောင်း သူမြင်တွေ့သွားသည်။ သူတို့က မည်သည့်ခုခံကာကွယ်မှုကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

ထိုရလဒ်ကို သီရှီထျန်က စိတ်ကျေနပ်သွားသည်။ ထို့ကြောင့် သူက ကျားဟိန်းသံအတတ်ကို ပိုပြီးအာရုံစိုက်လိုက်သည်။

“ ကျားဟိန်းသံကျင့်စဉ် ”ထဲမှာ ကျားဟိန်းသံအတတ်ဟူသော တိုက်ခိုက်ရေးပညာတစ်ခုသာ ပါရှိသည်။ မှန်ပေသည်။ သူပိုပြီးသန်မာလေ သူ၏ ကျားဟိန်းသံက ပိုပြီးအားကောင်းလေ ဖြစ်သည်။ လက်ရှိ သူ၏ ကျင့်ကြံခြင်းက “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်မှာ ဖြစ်သည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။

ထိုမျှအားကောင်းသော ကျားဟိန်းသံ၏ အသံလှိုင်းများအောက်မှာ သေမျိုးလောက၏ သိုင်းပညာရှင်များက မည်သို့ကြောင့် မသေဆုံးဘဲ နေမည်နည်း။ ဟိန်းသံတစ်ချက်ဖြင့် သူတို့သေဆုံးသွားခြင်းက အံ့ဩစရာမဟုတ်ပေ။

“ ပိုင်ယွဲ့… မင်းဘာလို့ အပြင်လူတွေနဲ့ တိုက်ခိုက်နေတာလဲ… အရင်တစ်ခေါက်က အသုတ်ကို ငါသတ်ပစ်ပြီးပြီ မဟုတ်ဘူးလား ”

သိုင်းပညာရှင်အားလုံး သေဆုံးသွားကြောင်း စက်ကရာ မြင်သောအခါ သူက ခေါင်းလှည့်လိုက်ပြီး ဝံပုလွေဘုရင်ကို ကြည့်လိုက်သည်။ သူက တိုးညင်းစွာ ဟိန်းလိုက်ပြီး သားရဲဘာသာစကားဖြင့် ပြောသည်။

“ အရှင်… ကျုပ်လည်း မသိပါဘူး… အစောနက လူသားသုံးယောက်က ကျုပ်ရဲ့ ပိုင်နက်နားမှာ ပုန်းအောင်းနေတာကို သတိထားမိခဲ့ပါတယ်… သူတို့ကို ကျုပ်ရဲ့ လူတွေ သတ်ပစ်လိုက်ပါတယ်… သိပ်မကြာဘူး ဒီလူတွေ ရောက်လာကြပါတယ် ”

သူ့လက်အောက်မှ ဝံပုလွေများ ဘာမှမတတ်နိုင်ခဲ့သော သိုင်းပညာရှင်အုပ်စုကို စက်ကရာက ဟိန်းသံတစ်ချက်တည်းဖြင့် သုတ်သင်ပစ်လိုက်ကြောင်း ဝံပုလွေဘုရင်ပိုင်ယွဲ့ မြင်သွားသည်။ ယခု သူက ကျားနက်အရှင်၏ စွမ်းအားအကြောင်း ပိုပြီးနက်ရှိုင်းစွာ နားလည်သွားသည်။ သူက သီရှီထျန်ဆီသို့ ရိုသေလေးစားစွာ လျှောက်သွားပြီး ဦးညွတ်ကာ ပြောသည်။

သီရှီထျန်က နှလုံးတုန်ယင်သွားသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး တွေးတောလိုက်သည်။

“ ကြည့်ရတာ ကျားရဲတောင်တန်းဒေသက မလုံခြုံတော့ဘူး ထင်တယ်… ဒီလောက် လူအများကြီး ရောက်လာမှတော့ ငါ့ရဲ့ တည်ရှိမှုအကြောင်း ဖော်ထုတ်ခံရလောက်ပြီ… ငါက သာမန်ကျားမဟုတ်ဘူးဆိုတာ သူတို့သိသွားကြမယ်ဆိုရင် ဒုက္ခများနိုင်တယ်… သိုင်းပညာရှင်တွေကို ငါမကြောက်ဘူး… ဒါပေမဲ့ ငါ့ရဲ့ တည်ရှိမှုသတင်းက မသေမျိုးကျင့်ကြံသူတွေရဲ့ နားထဲ ရောက်သွားမယ်ဆိုရင် မဆုံးနိုင်တဲ့ ပြဿနာတွေ ရှိလာလိမ့်မယ် ”

“ ကျားရဲတောင်တန်းဒေသထဲက ဝိညာဉ်အသိဉာဏ်ရှိတဲ့ သားရဲဘုရင်တွေကို အမြန်ဆုံး ငါရှာဖွေရမယ်… သူတို့တစ်ကောင်ချင်းစီကို ငါသိမ်းသွင်းပြီးရင် သူတို့ကို ကျားရဲတောင်တန်းဒေသကနေ ခေါ်ထုတ်သွားမယ်… ပြီးသွားရင် နေရာတစ်နေရာ ရှာဖွေပြီး အခြေချနေထိုင်မယ်… မဟုတ်ရင် ဆိုးဝါးတဲ့ တစ်စုံတစ်ခု ဖြစ်လာလိမ့်မယ် ”

သီရှီထျန်သည် အတိတ်နိမိတ်ဆိုးကို ကြိုအာရုံရနေသည်။ အမည်မသိသော အန္တရာယ်က သူ့ဆီသို့ ချဉ်းကပ်လာနေဟန် ရ၏။ ထိုသို့ခံစားမှုကို သူသဘောမကျပေ။ အထူးသဖြင့် ဤနှစ်ရက်မှာ သိုင်းပညာရှင်အများအပြားကို ကျားရဲတောင်တန်းဒေသထဲမှာ သူမြင်တွေ့လိုက်ရသည့်အခါ ဖြစ်သည်။ ယင်းက ကောင်းမွန်သော လက္ခဏာမဟုတ်ပေ။

သူက တစ်ခဏ တွေးတောပြီးနောက် ပိုင်ယွဲ့နှင့် သူ့အနောက်မှ လှိုဏ်ဂူကြီးကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။

“ ပိုင်ယွဲ့… ဒီနေရာက မလုံခြုံတော့ဘူး… မင်းရဲ့ လူတွေကို ချက်ချင်း ခေါ်ပြီး ငါမင်းကို ပြောထားတဲ့ နေရာဆီ အမြန်ဆုံး ရွှေ့ပြောင်းပါ ”

ဝံပုလွေဘုရင်က ကောင်းကင်ပေါ်မှ မီးငှက်အကြောင်း ဘာမှမသိသော်လည်း သီရှီထျန်က ယင်းကို ကောင်းကောင်း နားလည်သည်။ ယင်းက အချက်ပြသင်္ကေတ ဖြစ်သည်။ သို့မဟုတ်လျှင် လူအများအပြားက ဤနေရာသို့ အပြေးအလွှား ရောက်လာကြလိမ့်မည် မဟုတ်ချေ။ ယခု ထိုသိုင်းပညာရှင်အုပ်စုကို သူအမြစ်ဖြတ်သုတ်သင်လိုက်သော်လည်း မကြာခင် ပိုမိုများပြားသော လူများ ရောက်လာနိုင်ပေသည်။ အတိုချုပ်ဆိုရလျှင် ဤနေရာမှာ ဝံပုလွေဘုရင်နှင့် တခြားဝံပုလွေများ ဆက်နေထိုင်ရန် မသင့်တော်ပေ။

ယခုအချိန်မှာ ဝံပုလွေဘုရင်၏ လက်အောက်ငယ်သားများက သူ့အတွက် အသုံးမဝင်သော်လည်း သူတို့က အနာဂတ်မှာ သူ့အတွက် အကူအညီဖြစ်လာနိုင်သည်။

“ ရှပ်.. ရှပ်… ”

ထိုစဉ် အရှေ့မှ တောအုပ်ထဲ၌ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ လူရာပေါင်းများစွာက ဤနေရာဆီသို့ အမြန်ပြေးလာနေကြောင်း စက်ကရာ ကြားသွား၏။ ခြေလှမ်းသံများနှင့်အတူ အလျင်စလို စကားသံများလည်း ထွက်ပေါ်နေသည်။

“ မြန်မြန်… ကျားနက် အဲ့ဒီမှာ ရှိရမယ်… အစောနက ကျားဟိန်းသံက အဲ့ဒီဘက်ကနေ ထွက်ပေါ်လာတာ… မြန်မြန် ဒီနေရာကို ဘေးပတ်ပတ်လည်ကနေ ဝိုင်းရံလိုက်ကြ… မင်းတို့ရဲ့ ဓားတွေနဲ့ လေးမြားတွေကို ထုတ်ပြီး အသင့်ပြင်ဆင်ထားကြ… အဲ့ဒီကျားနက်ကို မလွတ်မြောက်သွားစေနဲ့ ”

အလျင်စလို စကားသံက တောအုပ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ အသံက ကျယ်လောင်ပြီး ရှင်းလင်းပီသသည်။ ထို့နောက် လူအများအပြား၏ ခြေလှမ်းသံများက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် ဤနေရာက ဝိုင်းရံခံလိုက်ရပြီ ဖြစ်၏။

“ မကောင်းတော့ဘူး… လူတွေအများကြီး ရောက်လာကြပြီ ”

သီရှီထျန်က နှလုံးခုန်မြန်သွားသည်။ တစ်စုံတစ်ယောက်က ဤနေရာကို ဝိုင်းရံရန် အမိန့်ပေးနေကြောင်း သူသိလိုက်၏။

“ သူတို့က ကျားနက်အကြောင်း ပြောနေကြတယ်… မဟုတ်မှ သူတို့က ငါ့အကြောင်း ပြောနေတာလား ”

“ ကျားနက် ”ဟူသော စကားလုံးက သီရှီထျန်ကို ပိုပြီးနှလုံးခုန်မြန်စေသည်။ ထိုလူက သူ့အတွက် အဓိကရောက်လာကြောင်း ချက်ချင်း သူသိလိုက်သည်။ မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ သူက ဤတောင်တန်းဒေသ၏ တစ်ကောင်တည်းသောကျား ဖြစ်သည်။ ထို့ပြင် ကျားနက်က ရှားပါးမျိုးစိတ် ဖြစ်သည်။ ထို့ကြောင့် ထိုလူပြောသော “ ကျားနက် ”က သူမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။

“ ဒုန်း… ဒုန်း ”

သူတွေးတောနေစဉ်မှာပင် တောအုပ်ထဲမှ သစ်ပင်များက လှုပ်ခါသွားကြောင်း သူမြင်လိုက်သည်။ နောက်အခိုက်အတန့်မှာ သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသော လူတစ်အုပ်စု ထွက်ပေါ်လာသည်။ သူတို့က လက်ထဲမှာ လေးနှင့်မြား ကိုင်ဆောင်ထားကြပြီး သူတို့၏ ခါးပေါ်တွင် ဓားမော့တစ်လက် ချိတ်ဆွဲထားကြသည်။ သူတို့သည် အရေအတွက်သုံးလေးရာထက် မနည်းပေ။

သူတို့အားလုံးက သေချာလေ့ကျင့်ပေးခြင်းခံထားရသော စစ်သည်တော်များဖြစ်ကြပြီး အချင်းချင်း နားလည်မှုရှိကြသည်။

လေးစစ်သည်တော်တစ်ယောက်စီ၏ အရှေ့တွင် သတိကြီးစွာထားနေသော စစ်သည်တော်တစ်ယောက်စီ ရှိကြသည်။ သူတို့က ဓားမော့ရှည်ကို ကိုင်ဆောင်ထားကြပြီး လေးစစ်သည်တော်ကို ကာကွယ်စောင့်ကြပ်ပေးနေကြသည်။ လေးစစ်သည်တော်အားလုံးသည် မြားထိပ်ဖျားကို အရှေ့သို့ ချိန်ရွယ်ထားကြသည်။

ထိုစစ်သည်တော်များသည် ထွက်ပေါ်လာပြီးသည်နှင့်ချက်ချင်း ဘေးသို့ လမ်းဖယ်ပေးလိုက်ကြသည်။ တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားကြသော လူငယ်တချို့နှင့် မိန်းကလေးတချို့က ထိုစစ်သည်တော်များကြားထဲမှ အရှေ့သို့ ထွက်လျှောက်လာကြသည်။

သူတို့တစ်ယောက်စီက မြင့်မြတ်ထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် အရှေ့ဆုံးမှ မိန်းကလေးပင်။ သူက တော်ဝင်အရှိန်အဝါဖြင့် မွေးဖွားလာဟန် ရ၏။ မိန်းကလေးသည် အတော်လေး ချောမောလှပသည်။ သူက အရှေ့သို့ အလျင်စလို လျှောက်လာပြီးလျှင် မျက်နှာနီမြန်းသွားသည်။ သူ၏ မျက်လုံးဝိုင်းကြီးများက မြေကွက်လပ်၏ အလယ်မှာ ရပ်နေသော စက်ကရာကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။

စက်ကရာ၏ ခန္ဓာကိုယ်က သာမန်ကျားတစ်ကောင်ထက် အများကြီး ပိုကြီးမားနေကြောင်း သူမြင်သော်လည်း မိန်းကလေးက မကြောက်သွားပေ။ ယင်းအစား သူက ပိုပြီးစိတ်လှုပ်ရှားသွားသည်။

“ ကျားနက်ကြီး… အဲ့ဒါ ကျားနက်ကြီးပဲ… လူတွေ ပြောကြတဲ့အတိုင်းဆို အဲ့ဒီကျားနက်က သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်ရမယ်… မြန်မြန် အဲ့ဒီကျားနက်ကို ဖမ်းဆီးပါ… သူ့ကို ငါ့ရဲ့ ဝိညာဉ်သားရဲဖြစ်လာအောင် လုပ်မယ်… အဲ့ဒါဆို အရမ်းပျော်စရာကောင်းမှာပဲ ”

မင်းသမီးချူယွမ်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ကျားနက်ကို သူမမြင်ခင် သူ၏ စိတ်ထဲမှာ သံသယတချို့ရှိခဲ့သည်။ ယခု ကျားနက်ကို သူကိုယ်တိုင်မြင်သွားပြီးနောက် မြင်မြင်ချင်း စိတ်ဝင်စားသွားသည်။ ကျားနက်ကို ဖမ်းဆီးပြီး ၎င်းကို သူ၏ ဝိညာဉ်သားရဲဖြစ်စေချင်သော အတွေးက ထွက်ပေါ်လာသည်။

ထိုအတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ ယင်းကို သူမဖိနှိပ်နိုင်တော့ပေ။

“ ဂုဏ်ပြုပါတယ် မင်းသမီးလေး… မသေမျိုးကျင့်ကြံခြင်းလောကမှာတောင် အဲ့လောက်ခမ်းနားထည်ဝါတဲ့ ကျားနက်တစ်ကောင်ကို ကျွန်တော် မမြင်ဖူးပါဘူး… ဒီလိုကျားနက်ကပဲ မင်းသမီးလေးရဲ့ ဝိညာဉ်သားရဲဖြစ်လာဖို့ ထိုက်တန်ပါတယ်… အဲ့ဒါမှ မင်းသမီးလေးရဲ့ တော်ဝင်အဆင့်အတန်းက ပိုပြီးမြင့်တတ်သွားပါမယ် ”

ကျန်းပိုင်ချွင်းက သူ့အရှေ့မှ ဧရာမကျားနက်ကို ကြည့်လိုက်ပြီး ပြုံးသည်။ သို့သော်လည်း သူ၏ နှလုံးက အပြင်းအထန် ခုန်ပေါက်နေသည်။

All Chapters