အခန်း (၁၆၀)
Vol. 16 Ch. 160
မင်းတို့အားလုံး ငါ့ရဲ့ ဝိုင်းရံထားခြင်းကို ခံထားရပြီ ဟူသော စကားကို ကြားပြီးနောက်၊ လော့ချင်းရင်၏ ဦးနှောက်က လုံးဝ အလုပ်မလုပ်တော့ပေ။
နတ်ဘုရားအာရုံက လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားတယ် ဟုတ်လား။ သိုလှောင်လက်စွပ်တွေကို ပေးရမယ် ဟုတ်လား။ ငါ့ရဲ့ ဝိုင်းရံထားခြင်းကို ခံထားရပြီ ဟုတ်လား။
သူမက စကားလုံးတိုင်းကို နားလည်သော်လည်း၊ ပေါင်းစပ်လိုက်သောအခါတွင်မူ နားလည်၍မရသော ဘာသာစကားတစ်ခုလို ဖြစ်နေလေသည်။
သူမက စစ်ချန်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။ သူ၏ မျက်နှာက အလွန် တည်ငြိမ်နေဆဲဖြစ်ပြီး၊ ကျေနပ်နေသည့် အရိပ်အယောင်လေးပင် ပေါ်လွင်နေသေးသည်။
ဘာကို ကျေနပ်နေတာလဲ။
အခုဆိုရင် လျှို့ဝှက်နယ်မြေ တစ်ခုလုံးက လူတွေ ကြားသွားပြီလေ။ ငါတို့ ဘယ်မှာလဲဆိုတာ လူတိုင်း သိသွားပြီ။ လူတိုင်းက ငါတို့ကို လာသတ်ကြတော့မယ်။
စစ်ချန်က ခေါင်းလှည့်လိုက်ရာ လော့ချင်းရင်၏ ဤကဲ့သို့သော ပုံစံကို အမှတ်မထင် မြင်တွေ့လိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေပြီး သူမ၏ အသက်ရှူနှုန်းကလည်း အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။
စစ်ချန်က ခဏတာ စဉ်းစားလိုက်ပြီး၊ ဤကာလအတွင်း သူ၏ လေ့လာတွေ့ရှိချက်များကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်လာကတည်းက၊ လော့ချင်းရင်က အလွန် တိတ်ဆိတ်နေခဲ့သည်။
ဟေးစန်း လူရေတွက်စဉ်က သူမကို မေ့ကျန်ရစ်ခဲ့သလို၊ သူမကိုယ်တိုင်ကလည်း ဘာမှ မပြောခဲ့ပေ။
စောစောက သူတို့ လမ်းခွဲကြစဉ်ကလည်း သူမက သူ့နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်... သွားစရာ နေရာမရှိတော့လို့ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
သနားစရာ ကောင်းလိုက်တာ။
စစ်ချန်က သူမ ပါဝင်ပတ်သက်မှု ရှိသည်ဟု ခံစားရစေရန် သူမအတွက် အလုပ်တစ်ခုခု ပေးရန် ဆုံးဖြတ်လိုက်သည်။
"တာအိုမိတ်ဆွေလော့"
သူက နူးညံ့စွာ ပြောလိုက်သည်။ "ခင်ဗျား အရမ်း စိုးရိမ်နေပုံရတယ်"
လော့ချင်းရင်က ရယ်ချင်သလို ငိုလည်း ငိုချင်သွားသည်။
စိုးရိမ်နေတာလား။
သူမက သေမတတ်ကို ကြောက်နေတာလေ။ သူမရဲ့ အုတ်ဂူမြေပုံကို ဘယ်အရပ် မျက်နှာမူရမလဲ ဆိုတာကိုတောင် ဆုံးဖြတ်နေပြီလေ။
စစ်ချန်က ခဏတာ စဉ်းစားလိုက်ပြီး အကြံပြုချက်တစ်ခု ပေးလိုက်သည်။ "ဒီလိုဆိုရင်ရော... ခင်ဗျား ဂီတတစ်ခုခု တီးခတ်ပေးမလား"
လော့ချင်းရင် - "..."
သူမ မျက်တောင်ခတ်လိုက်ပြီး အကြားအာရုံ မှားယွင်းသွားသလားဟု သံသယဝင်သွားသည်။
ဒါက ဂီတတီးခတ်ရမယ့် အချိန်လား။
တကယ်လို့ တခြားတစ်ယောက်ယောက်ကသာ အဲဒီလို ပြောခဲ့မယ်ဆိုရင်၊ သူမက သူတို့ကို ပါးရိုက်ပစ်ပြီးလောက်ပြီ။
ဒါပေမဲ့ ဒါက စစ်ချန် ဖြစ်နေသည်။
သူက ချင်းရွှမ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကလူ ဖြစ်ပြီး၊ သူတို့ထဲမှာ အစွမ်းအထက်ဆုံးလေ။
လော့ချင်းရင်၏ စိတ်ထဲတွင် လုံးဝကို ဗြောင်းဆန်နေတော့သည်။
သူမက အသက်ပြင်းပြင်း ရှူလိုက်သည်။ ကောင်းပြီလေ။
ဘာပဲဖြစ်ဖြစ် သူတို့ သေရတော့မှာပဲ။
မသေခင်မှာ သူမလည်း ရူးသွပ်ပစ်လိုက်တော့မည်။
ထိုသို့ တွေးလိုက်သောအခါ သူမ၏ ရင်ဘတ်ထဲမှ ဖိစီးမှုများက အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။
သူမက ခေါင်းမော့လိုက်ပြီး စစ်ချန်ကို ကြည့်သော သူမ၏ မျက်လုံးများက မှင်သက်မှုမှသည် ဂရုမစိုက်တော့သော အခြေအနေသို့ ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။
"ကောင်းပြီလေ... ရှင် ဘာနားထောင်ချင်လဲ"
စစ်ချန်က ခဏတာ စဉ်းစားလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ၊ ပျော်ပွဲရွှင်ပွဲနဲ့ သင့်တော်မယ့် တစ်ခုခုပေါ့"
လော့ချင်းရင် - "..."
ပျော်ပွဲရွှင်ပွဲလို အသုဘ အခမ်းအနားမျိုးလား။
သူမက စကားဆက်မပြောတော့ဘဲ ခြေပိုက်ဆုံထိုင်လိုက်ပြီး၊ သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကုချင်းတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဝိုင်းရံခံရတာ သွားသေလိုက်၊ သေရမယ့်ရက် သွားသေလိုက်။
သူမကိုယ်သူမ လမ်းခရီး နှုတ်ဆက်ပွဲ လုပ်ပေးလိုက်တာလို့ပဲ သတ်မှတ်လိုက်တော့မည်။
ပထမဆုံး အသံထွက်ပေါ်လာသည်။
ကြည်လင်တောက်ပနေပြီး၊ ငါတော့ ဘာကိုမှ ဂရုမစိုက်တော့ဘူး ဆိုသော အငွေ့အသက်ကို သယ်ဆောင်လျက် လျှို့ဝှက်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ထိုတီးလုံးမှာ နွေဦးမြစ်ပြင် ပန်းမင်းလမင်း ညဉ့်ယံ ဖြစ်သည်။
သူမက မည်သို့ တီးခတ်လိုက်သည်မသိ၊ မြစ်မင်းဧရာ အရှေ့သို့ စီးဆင်းရာ သူရဲကောင်း အပေါင်းကို ဆေးကြောသွားသည် ဆိုသော ကြီးကျယ်ခမ်းနားမှု အချို့ပင် ပါဝင်နေလေသည်။
ပဲနီလေးက စစ်ချန်၏ ပခုံးပေါ်မှ ပျံသန်းဆင်းသက်လာပြီး ကုချင်းဘေးတွင် နားခိုကာ၊ တုန်ခါနေသော ကြိုးများကိုကြည့်ရန် သူမ၏ ခေါင်းလေးကို စောင်းလိုက်ရာ၊ ပုတီးစေ့ကဲ့သို့ မည်းနက်သော မျက်လုံးလေးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
စစ်ချန်က အနီးအနားတွင် ရပ်လျက်၊ ဂီတကို နားထောင်ကာ လော့ချင်းရင်၏ နစ်မြုပ်နေသော အမူအရာကို ကြည့်ရင်း အလွန် ကျေနပ်သွားမိသည်။
မြင်တယ်မလား။ အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်မှု... အခု သူမ နားလည်သွားပြီ မဟုတ်လား။
ဂီတကို နားထောင်နေစဉ်၊ သူက သူ၏ ပတ်ဝန်းကျင်ကို အာရုံခံရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။
သိပ်ကောင်းတယ်။ လူတိုင်းက သူ့ဆီကို ဦးတည်လာနေကြတယ်။ အရမ်းကို ရင်းနှီးနေတဲ့ ခံစားချက်ပဲ။
၎င်းက သူ့ကို အလွန် ကျေနပ်စေသည်... ဂီတက ဒုတိယ အပိုဒ်သို့ ရောက်ရှိသွားချိန်တွင်၊ သစ်တောထဲမှ လေကိုခွဲကာ လျင်မြန်စွာ ပြေးလွှားလာသော အသံများ တဖွဲဖွဲ ထွက်ပေါ်လာသည်။
တစ်ယောက်၊ နှစ်ယောက်၊ ဆယ်ယောက်၊ ရာဂဏန်း... မှောင်မည်းနေသော ပုံရိပ်များစွာက သစ်တော အနက်ပိုင်းမှ၊ ကျောက်တုံးများ နောက်ကွယ်မှနှင့် စမ်းချောင်း၏ တစ်ဖက်ကမ်းမှ ထွက်ပေါ်လာကြပြီး၊ ကွင်းပြင်ကို လုံးဝ ဝိုင်းရံလိုက်ကြသည်။
အနောက်ပိုင်းဒေသမှ ဘုန်းကြီးသင်္ကန်းများ၊ မြောက်ပိုင်းနယ်စပ်မှ ကိုယ်ကျပ်ဝတ်စုံများနှင့် မဟာယင်မှ ပိုးသားဝတ်ရုံများ... သူတို့အားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။
အရှေ့ဆုံးတွင် ရင်းနှီးသော မျက်နှာအချို့ ရှိနေသည်။
ဟွေချန်၏ အမူအရာက တင်းမာနေသည်။
သူ့နောက်တွင် ရွှေရောင်ရင့်ရင့် သင်္ကန်းနှင့် ဘုန်းကြီးအိုကြီး ရပ်နေပြီး၊ အမည်းရောင် ပုတီးစေ့များကို ဆုပ်ကိုင်ထားကာ သူ၏ မျက်လုံးများကို တစ်ဝက်မှိတ်၊ တစ်ဝက်ဖွင့်ထားသည်။
မြောက်ပိုင်းနယ်စပ်ဘက်မှ ရှောင်လင်က အရှေ့ဆုံးတွင် ရပ်နေပြီး၊ သူ၏ ဓားကို မှီထားကာ သူ၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်များက ပြီးခဲ့သည့်အကြိမ်ကထက်ပင် ပိုမို ပြင်းထန်စွာ တောက်လောင်နေသည်။
မဟာယင် အဖွဲ့က လူအများဆုံး ဖြစ်သော်လည်း၊ ခေါင်းဆောင်မှာ ယဲ့ကျင်း မဟုတ်ဘဲ ရွှမ်ကျား သံချပ်ကာကို ဝတ်ဆင်ထားသော စစ်သူကြီးငယ် တစ်ဦး ဖြစ်သည်။
သစ်တောထဲရှိ ကွင်းပြင်ထဲတွင်။
လူငယ်တစ်ဦးက ဂီတကို နားထောင်ရင်း ရပ်နေသည်။
မိန်းမပျိုလေး တစ်ဦးက ကုချင်း တီးခတ်ရင်း ထိုင်နေသည်။
အနီရောင် ငှက်ငယ်လေး တစ်ကောင်က ခေါင်းစောင်းကာ ခုန်ပေါက်နေသည်။
ကုချင်း ဂီတသံက သာယာငြိမ့်ညောင်းနေပြီး၊ မြင်ကွင်းက ငြိမ်းချမ်းနေလေသည်။
သို့သော် လူရာပေါင်းများစွာ၏ ဝိုင်းရံထားခြင်းကို ခံရသောအခါတွင်မူ ၎င်းက အနည်းငယ် ထူးဆန်းနေပုံပေါက်လေသည်။
"စစ်ချန်"
ဟွေချန်၏ အသံက အရင်ဆုံး ထွက်ပေါ်လာပြီး၊ ထိန်းချုပ်မရသော ဒေါသများ ပါဝင်နေသည်။ "မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား"
ရှောင်လင်ကလည်း ရှေ့သို့ တစ်လှမ်း တက်လာသည်။ "ချင်းရွှမ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာ... တကယ့်ကို ကြီးကျယ်တဲ့ ဂုဏ်သတင်းပါပဲ"
သူက သူ၏ ဓားကို မြှောက်ကာ ဓားထိပ်ဖြင့် စစ်ချန်ကို ချိန်ရွယ်လိုက်သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ စကားတစ်ခွန်းတည်းနဲ့ လူတိုင်းကို အညံ့ခံခိုင်းနိုင်မယ်လို့ မင်း ထင်နေတာလား"
"အားလုံးပဲ၊ နားလည်မှု လွဲနေကြပြီ"
စစ်ချန်က နူးညံ့စွာ ပြောလိုက်ပြီး သူ၏ အသံက တည်ငြိမ်နေဆဲ ဖြစ်သည်။ "ကျွန်တော်က အကြောင်းပြချက်နဲ့ အလုပ်လုပ်တဲ့ လူတစ်ယောက်ပါ"
လူအုပ်ကြီးက ခဏတာ တိတ်ဆိတ်သွားသည်။
အကြောင်းပြချက်နဲ့ လုပ်တယ် ဟုတ်လား။
မင်းက အခုလေးတင် မင်းရဲ့ နတ်ဘုရားအာရုံကို သုံးပြီး မြေပုံတစ်ခုလုံးကို ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေကို လုယက်မယ်လို့ အော်ဟစ်ခဲ့တာလေ... အဲဒါကိုပဲ အကြောင်းပြချက်နဲ့ လုပ်တယ်လို့ ခေါ်တာလား။
စစ်ချန်က ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့က လက်ရှိမှာ ကြင်နာစွာ ဖျောင်းဖျခြင်း အဆင့်မှာ ရောက်နေတာပါ"
သူ၏ အကြည့်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး သူ၏ လေသံက ရိုးသားလှသည်။ "ကျေးဇူးပြုပြီး ယဉ်ကျေးစွာနဲ့ပဲ ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ပေးအပ်ပြီး မိမိသဘောဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်ကြပါ"
"ဒါက လူတိုင်းအတွက် ကောင်းပါလိမ့်မယ်"
"ဒါမှမဟုတ်ရင်..."
သူက ခဏတာ စဉ်းစားလိုက်ပြီး အတော်လေး နူးညံ့သော အသုံးအနှုန်းကို အသုံးပြုလိုက်သည်။ "ခင်ဗျားတို့ လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားနိုင်တယ်"
ကွင်းပြင်က အသက်သုံးရှူစာမျှ တိတ်ဆိတ်သွားသည်။
ထို့နောက် ဘုန်း ခနဲ ပေါက်ကွဲထွက်သွားတော့သည်။
"မောက်မာလိုက်တာ"
"အရမ်း အနိုင်ကျင့်လွန်းတယ်"
"အရှေ့ပိုင်းဒေသက ကောင်စုတ်။ မင်း ငါတို့ကို ဒီလို စော်ကားရဲတယ်ပေါ့လေ"
ဟွေချန်ကလည်း သူ၏ ဒေါသကို မျိုသိပ်ထားသည်။ "စစ်ချန်။ မင်းရဲ့ ကျင့်စဉ်က နက်ရှိုင်းနေရင်တောင်မှ၊ မင်းရဲ့ ဝိညာဉ်ချီတွေ ကုန်ခမ်းမသွားခင် ငါတို့အားလုံးကို သတ်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
ထိုစကားကို ပြောလိုက်သောအခါ၊ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ၎င်းက သူတို့ လာရဲသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
မှန်တယ်။ မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ နောက်ဆုံးမှာတော့ မင်းက လူတစ်ယောက်တည်းပဲလေ။
ငါတို့ လူဒီလောက် အများကြီးနဲ့ဆိုရင် မင်းကို မောပန်းပြီး သေသွားအောင် လုပ်နိုင်တယ်။
စစ်ချန် မျက်တောင်ခတ်လိုက်သည်။
ဝိညာဉ်ချီ ကုန်ခမ်းသွားမယ် ဟုတ်လား။
သူ၏ ခန္ဓာကိုယ်အတွင်း မူလကြယ် ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီးကတည်းက၊ သူ၏ အတွင်းရှိ အလုပ်လုပ်နေသော မိုးကြိုး များက သူ၏ ရုပ်ခန္ဓာကို မနားမနေ သန်မာစေနေခဲ့သည်။
သူ၏ ရုပ်ခန္ဓာ နေရာမှာတင် ပေါက်ကွဲမထွက်သွားစေရန် ယခင်ကကဲ့သို့ သတိထားနေရန် မလိုအပ်တော့ပေ။
အမှန်တကယ်တော့၊ ယခုအခါ သူ့အတွက် ပြင်ပ ဝိညာဉ်ချီကို လုံးဝ လိုအပ်ချက် မရှိတော့ပေ။
"အရှေ့ပိုင်းဒေသက လူယုတ်မာ။ သေလိုက်စမ်း"
တစ်ယောက်ယောက်က အရင် အော်ဟစ်လိုက်ပြီး၊ လူအုပ်ကြီးက ကျိုးပေါက်သွားသော ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ကွင်းပြင်၏ အလယ်ဗဟိုဆီသို့ ပြေးဝင်လာကြသည်။
ဝိညာဉ်အလင်းများ၊ ဓားအငွေ့အသက်များ၊ ဗုဒ္ဓတံဆိပ်တော်များ၊ မှော်ရတနာများ... ရောင်စုံ တိုက်ခိုက်မှုများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး နေရာတစ်ခုလုံးကို မှုန်ဝါးသွားစေသည်။
လော့ချင်းရင်၏ ကုချင်း တီးခတ်သံ လုံးဝ ကမောက်ကမ ဖြစ်သွားသည်။
သူမက သူမဆီသို့ ပြေးဝင်လာနေသော မှောင်မည်းနေသည့် ပုံရိပ်များကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
သူမ၏ စိတ်ထဲရှိ တင်းမာနေသော ကြိုးလေး။
ဖျတ် ခနဲ။
ပြတ်တောက်သွားတော့သည်။
အထက်စီးဆန်တဲ့ နတ်မိမယ် သွားသေလိုက်။
ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ သွားသေလိုက်။
တည်ငြိမ်ရင့်ကျက်မှု သွားသေလိုက်။
သူတို့အားလုံး သေရတော့မှာပဲ။
ဒီသခင်မလေးလည်း ရူးသွပ်ပစ်လိုက်တော့မယ်။
လော့ချင်းရင်က ရုတ်တရက် ခေါင်းမော့လိုက်သည်။
ပုံမှန်အားဖြင့် အလွန် ဂရုမစိုက်တတ်သော ထိုမျက်လုံးများထဲတွင် မီးတောက်နှစ်ခု ရုတ်တရက် တောက်လောင်လာသည်။
သူမ၏ လက်ချောင်းများက ကုချင်း ကြိုးများပေါ်သို့ ပြင်းထန်စွာ ပွတ်တိုက်သွားတော့သည်။
ရွှမ်း...
သူမကို ဗဟိုပြု၍ လှိုင်းဂယက်များ အရပ်မျက်နှာ အားလုံးသို့ ရိုက်ခတ်သွားသည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော ကျင့်ကြံသူ အနည်းငယ်မှာ သတိလက်လွတ် ဖြစ်သွားပြီး အသံလှိုင်း၏ တိုက်ရိုက် ရိုက်ခတ်မှုကို ခံလိုက်ရသည်။
ဖူး...
အားနည်းသော ကျင့်ကြံသူများ ချက်ချင်းပင် သွေးအန်ကာ နောက်သို့ လွင့်စင်သွားကြသည်။
ပိုမို အစွမ်းထက်သော သူများလည်း တုန်လှုပ်သွားကြပြီး၊ သူတို့၏ ချီနှင့် သွေးများ ဆူပွက်လာကာ ခြေလှမ်းများ ယိုင်နဲ့သွားကြသည်။
အားလုံး မှင်သက်သွားကြသည်။
စစ်ချန် ပင်လျှင် ခဏတာ မှင်သက်သွားပြီး သူမကို ကြည့်ရန် ခေါင်းလှည့်လာသည်။
လော့ချင်းရင် မတ်တပ်ရပ်လာခဲ့ပြီ ဖြစ်သည်။
သူမက ကုချင်းကို ကိုင်ထားပြီး၊ သူမ၏ ဆံပင်မည်းများက တုန်ခါနေသော ဝိညာဉ်ချီ များကြားတွင် အရိုင်းဆန်စွာ ကခုန်နေကြသည်။
"ဟားဟား..."
"ဟားဟားဟားဟားဟား"
လော့ချင်းရင်က အားရပါးရ ရယ်မောလိုက်ရာ၊ သူမ၏ ရယ်သံများက ရူးသွပ်နေသော ကုချင်း ဂီတသံနှင့် ရောနှောသွားပြီး ရူးသွပ်ခြင်း အလှတရား တစ်မျိုးကို ပိုင်ဆိုင်နေလေသည်။
သူမက ရှေ့သို့ တစ်လှမ်း တက်ရင်း ကြိုးများကို ပွတ်တိုက်လိုက်သည်။ သူမ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေသော်လည်း၊ သူမက လုံးဝ ဂရုမစိုက်ပေ။
"သေမျိုးတွေ။ ပျက်စီးခြင်း အကြိုတေးသွားကို နားထောင်လိုက်ကြစမ်း"
အသံလှိုင်းများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်။
ခွဲခြားမှုမရှိ၊ အပြည့်အဝ လွှမ်းခြုံမှု။
မင်းက အနောက်ပိုင်းဒေသကပဲ ဖြစ်ဖြစ်၊ မြောက်ပိုင်းနယ်စပ်ကပဲ ဖြစ်ဖြစ်၊ ရှေ့မှာပဲ ရပ်နေနေ၊ နောက်မှာပဲ ပုန်းနေနေ။
မင်းတို့အားလုံး ဒီသခင်မလေးရဲ့ ဂီတကို နားထောင်ကြစမ်း။
"ဟားဟားဟားဟား"
သူမက လူအုပ်အထူထပ်ဆုံး အစိတ်အပိုင်းဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
"မင်းတို့ရဲ့ ညည်းတွားသံတွေက..."
"အလှပဆုံး သံစဉ်တွေ ဖြစ်လာလိမ့်မယ်"
သူမက တီးခတ်လိုက် ရယ်မောလိုက်၊ ရယ်မောလိုက် အော်ဟစ်လိုက် လုပ်နေသည်။
"လူကြီးမင်းတို့။ ကကြစမ်း"
အရှေ့ပိုင်းဒေသ အဖွဲ့ကို အမြဲတမ်း တိတ်ဆိတ်စွာ လိုက်ပါလာပြီး အပုံမှန်ဆုံးလို့ ထင်ရတဲ့ လော့ချင်းရင် က... သူမ ရူးသွပ်သွားတဲ့အခါ ဒီလောက်တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
"ဟားဟားဟား။ ဘယ်သူမှ ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါ့ရဲ့ တေးသွားအသစ်ကို လာနားထောင်ကြစမ်း"
သူမ၏ လက်ချောင်းများက ကြိုးများပေါ်မှ ပွတ်တိုက်သွားပြီး၊ အလွန် နားကလော်စရာကောင်းသော ဆူညံသံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲ"
စစ်ချန်က ဘေးနားတွင် ရပ်ကာ မျက်တောင်ခတ်နေသည်။
သူ၏ မျက်နှာပေါ်တွင်... ရုတ်တရက် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာသည်။
ဒါဆို တာအိုမိတ်ဆွေလော့ က... ဒီလို မျက်နှာစာမျိုး ရှိနေတာကိုး။
သိပ်ကောင်းတယ်။
အဖွဲ့အတွက် ဒီလို စွယ်စုံရ ပါရမီရှင်မျိုး လိုအပ်တာပဲ...
မနီးမဝေးတွင်၊ အရှေ့ပိုင်းဒေသမှ အခြား အဖွဲ့ဝင်များက တိတ်ဆိတ်စွာ စုဆုံမိသွားကြသည်။
လူသုံးယောက်၊ မိစ္ဆာနှစ်ကောင်နှင့် မြည်းတစ်ကောင်တို့က ချုံပုတ်များထဲမှ ပေါက်ကွဲထွက်လာရုံသာ ရှိသေးပြီး၊ သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်။
လော့ချင်းရင်က လူအုပ်ကြားထဲတွင် အပြေးအလွှား သွားလာနေပြီး၊ လက်ထဲတွင် ကုချင်း ကို ကိုင်ထားကာ၊ အသံလှိုင်းများ နေရာအနှံ့ ပေါက်ကွဲနေပြီး၊ သူမ၏ ဆံပင်များက ဖရိုဖရဲ လွင့်ပျံနေကာ၊ အရူးတစ်ယောက်လို ရယ်မောနေလေသည်။
သူမက ယခုအခါ သူမခေါ်ဆိုသော ဒုတိယ အပိုဒ်ကို တီးခတ်နေလေသည်... မင်းတို့အားလုံးက ငတုံးတွေပဲ တဲ့။
အရှေ့ပိုင်းဒေသ လူယုတ်မာ အဖွဲ့သည် နောက်ထပ် ပြင်းထန်သော စစ်သူကြီး တစ်ဦးကို ထပ်မံ ရရှိသွားလေပြီ။
(လော့နတ်သမီးလေး သနားပါတယ်။ အရူးကောင်အုပ်စုနဲ့တွေ့တာ သူမပါရူးသွားရှာပြီ ဟူးးး)
ရှဲ့ချန်ရှင်း - "..."
ကျိုးယန် - "..."
ဆုန်ချီ - "..."
ဟေးစန်း - "ဝိုး..."
ဟုန်ဖုန်းက ဟေးစန်း၏ ခေါင်းနောက်စေ့ကို ရိုက်ချလိုက်သည်။ "ဝိုး နေတာကို ရပ်လိုက်စမ်း။ အလုပ်လုပ်ဖို့ ပြင်ထား"
...ကွင်းပြင်၏ အလယ်ဗဟိုတွင်၊ စစ်ချန် အလွန် ကျေနပ်နေသည်။
ကြည့်စမ်း၊ တာအိုမိတ်ဆွေလော့ က အဖွဲ့ထဲကို ဝင်ဆံ့သွားပြီ မဟုတ်ဘူးလား။
အင်း၊ လုပ်ငန်းစဉ်ကို ရှေ့ဆက်ရမယ့် အချိန်ရောက်ပြီ။
သူက ညာဘက်လက်ကို မြှောက်လိုက်သည်။
ပတ်ဝန်းကျင် လေထု၏ အပူချိန်က ရုတ်တရက် စတင် မြင့်တက်လာသည်။
တစ်စုံတစ်ယောက်က ကွင်းပြင်ကို ဆေးဖို တစ်ခုထဲသို့ ရုတ်တရက် ထိုးထည့်လိုက်သည့်အလားပင်။
လူတိုင်း ၎င်းကို ခံစားလိုက်ရပြီး၊ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။
စစ်ချန်၏ လက်ဖဝါးက အပေါ်သို့ မျက်နှာမူနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ပထမဆုံး မီးလုံး ပေါ်ထွက်လာသည်။
၎င်းက လက်သီးဆုပ်အရွယ်အစားခန့် ရှိပြီး ဖြူစင်ကာ တိတ်ဆိတ်စွာ လွင့်မျောနေသည်။
ထို့နောက် ဒုတိယမြောက်။
ဆယ်လုံးမြောက်။
ရာလုံးမြောက်။
ထောင်လုံးမြောက်။
၎င်းတို့က ထူထပ်နေပြီး လွှမ်းမိုးထားလေသည်။
ရောက်ရှိနေသူတိုင်းက သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး၊ သူတို့၏ သူငယ်အိမ်များ ကျုံ့သွားကာ၊ သူတို့၏ စိတ်ထဲတွင် ဗြောင်းဆန်သွားတော့သည်။
ဒီအရှိန်အဝါက... မှားနေပြီ။ ဒါက သာမန် ဝိညာဉ်မီးတောက် လုံးဝ မဟုတ်ဘူး။
ဒါပေမဲ့ ပြဿနာက... ဒီစစ်ချန်ဆိုတဲ့ကောင်က... မိုးကြိုးကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား။