← Chapters

အခန်း (၁၆၃)

Vol. 16 Ch. 163

အခန်း (၁၆၃)

Vol. 16 Ch. 163

ယဲ့ကျင်းက မြေပြင်တစ်ခွင် ဟောက်သံပေးကာ အိပ်မောကျနေကြသည့် ပြိုင်ဘက်များကို ကြည့်လိုက်သည်။

ထို့နောက် တောက်တောက်ပပ လင်းလက်နေသော သိုလှောင်လက်စွပ်ပုံကြီးကို ကြည့်ကာ၊ နောက်ဆုံးတွင် စစ်ချန်၏ တည်ငြိမ်သော မျက်နှာနှင့် သူ့ကို ဝိုင်းရံထားသော အရှေ့ပိုင်းဒေသ ပါရမီရှင်များကို ကြည့်လိုက်သည်။

သူ့ဦးနှောက်က ဖြစ်ပျက်နေသည်များကို ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပေ။

သူတို့ ဒီလောက်အဝေးကြီးကနေ အပြေးအလွှား လာခဲ့ကြတာက လုယက်ခံရဖို့ အတွက်လား။

ဒါက လုယက်မှု ဖြစ်နေတာ သေချာပါတယ်နော်။ သူ နားလည်မှု လွဲနေတာ မဟုတ်ဘူးမလား။

"ဝမ်း..."

ယဲ့ကျင်း၏ နှုတ်ခမ်းများက သူပြောချင်သည့် စကားကို အဆုံးသတ်ရန် ထပ်မံ လှုပ်ရှားလာသည်။

"လက်စွပ်ကို ပေးလိုက်ပါ"

စစ်ချန်က သူ့စကားကို တိုက်ရိုက်ဖြတ်၍ ထပ်ပြောလိုက်သည်။

ယဲ့ကျင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စိတ်ထဲတွင် ပြင်ဆင်ထားသမျှ စကားလုံးများ အားလုံးမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။

နေပါဦး။

ငါက မင်းရဲ့ ဝမ်းကွဲအစ်ကိုလေ မဟုတ်ဘူးလား။

ယဲ့ကျင်းက သူ့ကိုယ်သူ ပြန်ညွှန်ပြရင်း "ကျွန်တော်... ကျွန်တော်ပါ ပါတာလား" ဟု မေးလိုက်သည်။

စစ်ချန်က သူ့ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ခွဲခြားဆက်ဆံမှု မရှိဘူး၊ အားလုံးကို တန်းတူပဲ ဆက်ဆံပေးမယ်"

ယဲ့ကျင်း၏ ဘေးတွင် ရပ်နေသော လင်ချင်းဟယ်နှင့် ချန်ရှောင်တို့မှာ ထိုစကားကို ကြားသောအခါ မျက်ခွံများ ပြင်းထန်စွာ လှုပ်ရွသွားကြသည်။

မဟုတ်သေးဘူးလေ။

အစ်ကိုကြီးရယ်။

အားလုံးကို တန်းတူ ဆက်ဆံပေးမယ် ဆိုတဲ့ စကားလုံးကို အဲဒီလိုနေရာမျိုးမှာ သုံးရတာလား။

ဒီဘက်မှာတော့ အရှေ့ပိုင်းဒေသက လူတွေက သူတို့ကို ဝိုင်းရံထားပြီး ဖြစ်ကာ၊ သူတို့၏ နေရာယူပုံမှာ အလွန်ပင် ရည်ရွယ်ချက်ရှိလှသည်။

ရှဲ့ချန်ရှင်း၏ တာအိုသူငယ်အိမ်က ယဲ့ကျင်းတို့အဖွဲ့ကို အလွန် စိတ်ဝင်တစားဖြင့် အကဲခတ်နေသည်။

ကျိုးယန်က မြေခွေးတစ်ကောင်လို ပြုံးလျက် ယပ်တောင်ခတ်ရင်း "အို... ခင်ဗျားတို့ ရောက်လာတာ တော်တော်လေး အချိန်ကိုက်တာပဲ။ ကျွန်တော်တို့ရဲ့... အင်း၊ အလှူအတန်း ပွဲတော်လေးနဲ့ ကွက်တိ တိုးတာပဲ" ဟု ပြောလိုက်သည်။

ဆုန်ချီက သူ၏ ဘေးတိုက်မျက်နှာအသွင်ပြင် (Jawline) ကိုသာ ပြသရင်း ဓားကို ကိုင်ထားသည်။

(bro is aura farming and mogging everyone)

ဟုန်ဖုန်း၏ လက်သီးနှစ်ဖက်က ဘုန်း ခနဲ မြည်အောင် တိုက်လိုက်ရာ၊ သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်... မင်းတို့ မပေးဘဲ နေရဲလား ပေါ့။

ဟေးစန်းက သူ၏ မျက်နှာပေါ်တွင် ကြင်နာတတ်သောအပြုံးတစ်ခုကို အတင်းညှစ်ထုတ်ရင်း

"တာအိုမိတ်ဆွေတို့၊ မတုံ့ဆိုင်းကြပါနဲ့"

"ကိုယ့်သဘောနဲ့ကိုယ် ပေးအပ်မယ်ဆိုရင်တော့ ငါတို့က သက်ညှာပေးမှာပါ"

"အကယ်၍ အဆုံးထိ ခုခံမယ်ဆိုရင်တော့..."

သူက မနီးမဝေးရှိ သစ်ပင်ကို မှီကာ သူမ၏ အမှားများကို ပြန်လည်သုံးသပ်နေဆဲဖြစ်သော လော့ချင်းရင်နှင့် သူမ၏ ခြေရင်းတွင် ပါးစပ်မှ အမြှုပ်များ ထွက်နေသည့် မြောက်ပိုင်းနယ်စပ်မှ လူကို တစ်ချက် ကြည့်လိုက်သည်။

"ဒါဆိုရင်တော့... မြင်လို့ သိပ်ကောင်းမှာ မဟုတ်ဘူးနော်"

ဤမြင်ကွင်းကို ကြည့်ရင်း ယဲ့ကျင်းမှာ ရုတ်တရက် ရယ်ချင်စိတ် ပေါက်လာတော့သည်။

သူ စကားလုံးတွေ အများကြီး၊ အစီအစဉ်တွေ အများကြီး ပြင်ဆင်လာခဲ့ပေမဲ့၊ ဆုံဆုံချင်း ပထမဆုံး ဖြစ်လာတာက သူ့ဝမ်းကွဲညီလေးက သူ့ဆီက သိုလှောင်လက်စွပ်ကို လုဖို့ ကြိုးစားနေတာပါလား။

ဒါတွေက ဘာတွေလဲကွာ။

ဤ သိမ်မွေ့ပြီး အနည်းငယ် ဟာသဆန်သော ထိပ်တိုက်တွေ့မှုကြားတွင်... ဝီ ခနဲ မြည်သံ ထွက်ပေါ်လာသည်။

မနီးမဝေးဆီမှ ထူးခြားသော အာကာသ လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်။

အစိမ်းရင့်ရောင် အရာရှိဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် လေဟာနယ်ထဲမှ ဖြည်းညင်းစွာ ပုံပေါ်လာသည်။

မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲလျောင်းကာ "နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော" ဒေသအသီးသီးမှ ပါရမီရှင်များကို ဝေ့ကြည့်လိုက်စဉ် သူ၏ အမူအရာမှာ အလွန်ပင် ရုပ်ဆိုးလှသည်။

ထို့နောက် သူက အဝေးဆီတွင် မီးလုံးတစ်လုံးကြောင့် ပေါက်ပြဲသွားသည့် ဧရာမ အာကာသ အပေါက်ကြီးကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်က စစ်ချန်ပေါ်သို့ ကျရောက်သွားသောအခါ သူ၏ နှုတ်ခမ်းထောင့်များ သိသိသာသာပင် လှုပ်ရွသွားတော့သည်။

"ငါက ကျောက်ကျန့် ပါ၊ ဒီ နဂါးအရိပ် လျှို့ဝှက်နယ်မြေ ရဲ့ လက်ရည်စမ်းပွဲကို ကြီးကြပ်ဖို့ အမိန့်ရထားတဲ့သူပါ"

အဘိုးအို၏ စကားလုံးတိုင်းမှာ မြိုသိပ်ထားရသော ခံစားချက်များ ပါဝင်နေသည်။

"လျှို့ဝှက်နယ်မြေရဲ့ တည်ဆောက်ပုံ ပျက်စီးသွားတာကြောင့်ရယ်၊ ပြီးတော့..."

သူက ဟောက်နေသော ပုံရိပ်များကို ဝေ့ကြည့်လိုက်ရင်း "ဒေသအသီးသီးက တခြား ပါဝင်ယှဉ်ပြိုင်သူတွေမှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့တာကြောင့်ရယ်..."

"ဒီ လျှို့ဝှက်နယ်မြေ စမ်းသပ်မှုကို အချိန်မတိုင်ခင် အဆုံးသတ်လိုက်ပြီ"

သူက လက်ဖဝါးကို လှန်လိုက်ရာ နွေးထွေးသော ကျောက်စိမ်းသေတ္တာလေး တစ်လုံး ပေါ်လာသည်။

ကျောက်စိမ်းသေတ္တာ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဆန်းကြယ်သော အငွေ့အသက်တစ်ခု လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။

သေတ္တာထဲတွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော၊ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေပြီး မျက်နှာပြင်မှ ခုနစ်ရောင်ခြယ် အလင်းများ ထွက်ပေါ်နေသည့် သစ်သီးတစ်လုံး တိတ်ဆိတ်စွာ ရှိနေသည်။

"ဆုံးဖြတ်ချက်အရ... အရှေ့ပိုင်းဒေသ အဖွဲ့က ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တယ်"

"အရှေ့ပိုင်းဒေသက စစ်ချန်ဟာ သူ့ရဲ့မျိုးဆက်မှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားတယ်။ ဒါကတော့ ဒီပြိုင်ပွဲရဲ့ ပထမဆုဖြစ်တဲ့ ကံကြမ္မာသစ်သီး ပဲ..."

သူ စကားမဆုံးခင်မှာပင် ဟေးစန်း၏ မျက်လုံးများ တောက်ပလာသည်။ သူက အလိုအလျောက် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး သူ၏ ဝက်ဝံလက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ

"သိုလှောင်လက်စွပ်ကို ပေးလိုက်ပါ"

ကျောက်ကျန့် "...?"

သူ့နောက်က ခြံရံပါလာသူ နှစ်ယောက်လည်း မှင်သက်သွားကြသည်။

ဟုန်ဖုန်းက ဟေးစန်း၏ ခေါင်းနောက်စေ့ကို ရိုက်ချလိုက်ပြီး "သတိထားစမ်း။ သူက ဆုပေးနေတာကွ" ဟု ဟိန်းဟောက်လိုက်သည်။

ဟေးစန်းက နောက်ဆုံးမှ သတိဝင်လာပြီး လက်ကို အနေရခက်စွာ ပွတ်သပ်ရင်း "အာ... ဆောရီး၊ ဆောရီး။ အကျင့်ပါသွားလို့ပါ၊ အကျင့်ပါသွားလို့ပါ"

ကျောက်ကျန့်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝက်ဝံတစ်ကောင်နဲ့ အာရုံမနောက်ချင်တော့ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင်... ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ကျင်း၊ လင်ချင်းဟယ်၊ ချန်ရှောင် နှင့် သူတို့နောက်က ရုပ်တုများကဲ့သို့ တိတ်ဆိတ်နေသော ကိုယ်ရံတော် လေးဦးစလုံးက တစ်ပြိုင်နက်တည်း ရှေ့သို့ ခုန်အုပ်လိုက်ကြသည်။

သူတို့၏ ပစ်မှတ်မှာ အရှေ့ပိုင်းဒေသ အဖွဲ့ မဟုတ်သလို၊ ကျောက်ကျန့် လည်း မဟုတ်ပေ။

အဲဒါ ကံကြမ္မာသစ်သီး ဖြစ်သည်။

ကျောက်ကျန့် အမူအရာ ပြောင်းလဲသွားပြီး ကျောက်စိမ်းသေတ္တာကို အလိုအလျောက် ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း အကွာအဝေးက အရမ်းနီးပြီး လှုပ်ရှားမှုက အရမ်း မြန်ဆန်လှသည်။

ခဏချင်းမှာပင်... ကျောက်စိမ်းသေတ္တာမှာ သူ၏ လက်ထဲမှ ပုတ်ထုတ်ခြင်း ခံလိုက်ရသည်။

အားလုံးက အရမ်း မြန်လွန်း၊ အရမ်း ရုတ်တရက် ဆန်လွန်းလှသည်။

ဧကရာဇ်၏ အထူးတမန်က ရလဒ်များကို ကြေညာပြီး ရတနာကို ကိုယ်တိုင် ချီးမြှင့်နေချိန်တွင် မဟာယင် မင်းသားက ၎င်းကို လုယူရန် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

ကျောက်စိမ်းသေတ္တာမှာ လေထဲတွင် ဝိုက်ဆင်းသွားပြီး ယဲ့ကျင်း၏ လက်ထဲသို့ ကျရောက်သွားတော့သည်။

ကျောက်ကျန့်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူ့နောက်မှ ပါလာသူ နှစ်ဦးကလည်း အနှောင်အဖွဲ့များမှ ရုန်းထွက်ကာ သူ့ရှေ့တွင် ရပ်လိုက်ကြသည်။ သူက ယဲ့ကျင်းကို ကြည့်ကာ

"တတိယမင်းသား။ ဒါက ဘာအဓိပ္ပာယ်လဲ"

ယဲ့ကျင်းက သေတ္တာကို မြှောက်ကိုင်ထားရင်း လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို ရင်ဆိုင်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"အမတ်မင်းကျောက်၊ 'ဒေသအသီးသီးက တခြား ပါဝင်ယှဉ်ပြိုင်သူတွေမှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး' လို့ ပြောခဲ့တာက... အဲဒီစကားက သိပ်တော့ မမှန်ဘူး မဟုတ်လား"

သူက သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး၊ သူ့ဘေးက လင်ချင်းဟယ်နှင့် ချန်ရှောင်တို့ကိုလည်း ပြလိုက်သည်။

"ကျွန်တော်တို့ မဟာယင် အဖွဲ့က ဒီမှာ ရပ်နေတုန်းပဲလေ"

"လျှို့ဝှက်နယ်မြေရဲ့ စည်းမျဉ်းအရဆိုရင် ချန်ပီယံဟာ ကံကြမ္မာသစ်သီးကို ရဖို့အတွက် ပြိုင်ဘက်အားလုံးကို အနိုင်ယူရမှာလေ"

"ကျွန်တော်တို့က အရှုံးမပေးသေးဘူးဆိုတော့၊ ဒီသစ်သီးကို..."

ယဲ့ကျင်းက လက်ထဲက သေတ္တာကို ချိန်ဆကြည့်လိုက်ရင်း

"ကျွန်တော် ယဲ့ကျင်း ကလည်း ယှဉ်ပြိုင်ချင်ပါသေးတယ်"

ကွင်းပြင်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားသည်။

အရှေ့ပိုင်းဒေသဘက်တွင်မူ အမူအရာများ အမျိုးမျိုး ဖြစ်နေကြသည်။

ဆုန်ချီက ဓားကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒီကောင်လေးက... ရူးနေတာလား"

စစ်ချန်၏ လက်ထဲက အရာကို လုယူရဲတယ်ပေါ့လေ။

ရှဲ့ချန်ရှင်းနှင့် ကျိုးယန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ဘာမှ မပြောကြပေ။ သူတို့နှစ်ဦးလုံး၏ မျက်လုံးထဲတွင် အဓိပ္ပာယ်တစ်ခု ရှိနေသည်၊ ဤ ယဲ့ကျင်း တွင် အခြား ရည်ရွယ်ချက် ရှိနေသလား ပေါ့။

ကျောက်ကျန့်၏ မျက်နှာမှာ လေးနက်နေသည်။

စည်းမျဉ်းအရဆိုလျှင် ပြိုင်ပွဲက တရားဝင် ပြီးဆုံးကြောင်း မကြေညာသေးသရွေ့ ကွင်းထဲက အဖွဲ့များတွင် ယှဉ်ပြိုင်ပိုင်ခွင့် ရှိနေဆဲ ဖြစ်သည်။

ဒါပေမဲ့... အရှင်မင်းကြီးဘက်က... သူရထားတဲ့ အမိန့်က ဒီလိုမျိုး မဟုတ်ဘူးလေ။

သူ ယဲ့ကျင်းကို ကြည့်လိုက်သည့် အကြည့်တွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသည်။

လင်ချင်းဟယ်နှင့် ချန်ရှောင်တို့က ယဲ့ကျင်း၏ နောက်တွင် လက်နက်များကို ဆုပ်ကိုင်ထားရင်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။

စစ်ချန်၏ အကြည့်က ယဲ့ကျင်း၏ လက်ထဲမှ ကျောက်စိမ်းသေတ္တာပေါ်သို့ ကျရောက်သွားပြီးနောက် သူ၏ မျက်နှာဆီသို့ ရွေ့သွားသည်။

ယဲ့ကျင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိုအကြည့်ကို ရင်ဆိုင်ကာ စစ်ချန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

လူတိုင်း၏ အကြည့်က သူ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါသွားကြသည်။

အရှေ့ပိုင်းဒေသမှ အခြားသူများက လှုပ်ရှားချင်သော်လည်း ရှဲ့ချန်ရှင်းနှင့် ကျိုးယန်တို့၏ တားမြစ်သော လက်ဟန်ကြောင့် ရပ်တန့်နေခဲ့ကြသည်။

သူတို့နှစ်ဦးလုံးက ပုံမှန်မဟုတ်သော အရာတစ်ခုခုကို အာရုံခံမိထားကြသည်။

ယဲ့ကျင်းသည် စစ်ချန်နှင့် သုံးလှမ်းအကွာတွင် ရပ်တန့်လိုက်သည်။

သူက အနည်းငယ် စိုးရိမ်နေပုံရပြီး သူ၏ အသက်ရှူနှုန်းမှာ ယခင်ကထက် အနည်းငယ် ပိုမြန်နေသည်။

ရောက်ရှိနေသူတိုင်းက သူ ကြောက်နေသည်ဟု ထင်ကြသည်။

စစ်ချန်ကို ရင်ဆိုင်ရချိန်မှာ မည်သူက မကြောက်ဘဲ နေပါမည်နည်း။

ထိုမှိုပွင့်ပုံစံ တိမ်တိုက်ကြီးကို မြင်ပြီးနောက် မည်သူက ခြေထောက် မတုန်ဘဲ နေပါမည်နည်း။

ယဲ့ကျင်း ကိုယ်တိုင်သာ သိလေသည်။

ဒါက ကြောက်ရွံ့ခြင်း မဟုတ်ပေ။

ဒါက စိတ်လှုပ်ရှားခြင်း ဖြစ်သည်၊ သူ၏ အစီအစဉ်က နောက်ဆုံးတွင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့် မျှော်လင့်ချက်မဲ့ခြင်းနှင့် ရောနှောနေသော တင်းမာမှုတစ်ခု ဖြစ်သည်။

၎င်းက ချောက်ကမ်းပါးပေါ်တွင် ကြိုးတန်းလမ်းလျှောက်နေရသည့်အလား၊ သူ့ခြေဖဝါးအောက်တွင် အဆုံးမရှိသော အမှောင်ထု ရှိနေသော်လည်း သူ့လက်ထဲတွင်တော့ အလင်းရောင် အနည်းငယ်ကို ဆုပ်ကိုင်ထားသည်။

သူ လောင်းကြေးထပ်နေခြင်း ဖြစ်သည်။

စစ်ချန်၏ စရိုက်အပေါ် လောင်းကြေးထပ်နေသည်၊ သူတို့ကြားက သွေးသားတော်စပ်မှုကြောင့် တည်ရှိနေနိုင်သည့် ထိုသိမ်မွေ့သော ပတ်သက်မှုလေးအပေါ် လောင်းကြေးထပ်နေခြင်း ဖြစ်သည်။

သူက ကျောက်စိမ်းသေတ္တာကို သူ့ခြေရင်းရှိ မြေကြီးပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်ကို မြှောက်ကာ စစ်ချန်ကို လေးနက်ပြီး စံနမူနာကျသော ဦးညွှတ်မှုတစ်ခု ပြုလုပ်လိုက်သည်။

သူ ခေါင်းမော့လိုက်သောအခါ သူ၏ မျက်နှာပေါ်ရှိ တင်းမာမှုများမှာ အနည်းငယ် လျော့ကျသွားသော်လည်း သူ၏ မျက်လုံးများကတော့ အလွန် တောက်ပနေသည်။

သူ စစ်ချန်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"တာအိုမိတ်ဆွေစစ်ချန်"

"လျှို့ဝှက်နယ်မြေရဲ့ စည်းမျဉ်းအရဆိုရင် ကျွန်တော်တို့ကြားမှာ အနိုင်အရှုံး မဆုံးဖြတ်ရသေးတဲ့ တိုက်ပွဲတစ်ခု ကျန်နေပါသေးတယ်"

"ကျွန်တော် မဟာယင် အင်ပါယာရဲ့ တတိယမင်းသား ယဲ့ကျင်း ပါ"

သူက ခွန်အားတစ်ခုခုကို စုဆောင်းနေသည့်အလား ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်၊ အောက်ပါ စကားလုံးများကို ဖြည်းညင်းစွာ ပြောချလိုက်တော့သည်။

"ဒီနေရာကနေ ခင်ဗျားကို တရားဝင် စိန်ခေါ်လိုက်ပါတယ်"

"ကျွန်တော်တို့ နှစ်ယောက်တည်းရဲ့ တိုက်ပွဲပေါ့"

"ဘယ်သူက ပိုအစွမ်းထက်လဲဆိုတာနဲ့၊ သေရေးရှင်ရေးကို ဆုံးဖြတ်ကြရအောင်"

All Chapters