လူ့လောကသို့ အလာ
Vol. 3 Ch. 231
ကြယ်လေးတစ်စင်း ကောင်းကင်ထက်မှ ကြွေသွားလေသည်။ ဆန်းလျန်သည် ကြယ်ကြွေ သွားသည်ကို ငေးကြည့် နေလေသည်။ ကြယ်စင်က လေကို ထိုးခွင်း ဖြတ်သန်းသွားသည့် အသံကို ဆန်းလျန် ကြားနေရသည်။ သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်းလေးက ပျောက်ကွယ် သွားလေသည်။ သို့သော် အချိန်ခဏလေး အတွင်းမှာပင် ထုတ်လွှတ်လိုက်သည့် စွမ်းအင်ကတော့ များပြား လွန်းလေသည်။ ဥက္ကာပျံ ဖြတ်သန်းသွားခြင်းကို ဆန်းလျန် အသေးစိတ် သတိပြုမိနေလေသည်။
သို့သော်... အရာအားလုံးက မျက်စိတစ်မှိတ် အတွင်း လျှင်မြန်စွာ ဖြစ်ပျက် သွားခြင်းဖြစ်ပြီး ကြယ်ကြွေသည်ကို မြင်လိုက်ရသည့် တစ်ခဏသည် ချက်ချင်းပင် အတိတ် တစ်ခု ဖြစ်သွားလေသည်။
ဆန်းလျန်က ကြယ်ကြွေ သွားသည်ကို ပြီးဆုံးအောင် ကြည့်ပြီးမှ စကား ဆက်လိုက်သည်။
"နတ်ဘုရားရှစ်ပါးက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှတော့ ဘယ်သူက တားဆီး နိုင်တော့မှလဲ၊ ထိုက်စန့် နတ်ဘုရားဂိုဏ်းက ထိုက်စန့် စက္ခုတန်ခိုး ကျင့်စဉ်ကို သူတို့ကို မပေးဘူးဆိုရင် နတ်ဘုရား ရှစ်ပါးက ကျိန်းသေ ပြဿနာ ရှာမှာပဲလေ"
ဆန်းလျန်က ပြောလိုက်သည်။
"အမှန်ပါပဲ၊ ထိုက်စန့် စက္ခုတန်ခိုး ကျင့်စဉ်ကျမ်းကို ဒီတိုင်း အလွတ်ရွတ်ပြပြီး ပေးလိုက်ရတာက မခက်ပါဘူး၊ ခက်တာက စန့်တုန့် နတ်ဘုရား ရှစ်ပါးက ထိုက်စန့် နတ်ဘုရားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဆရာသခင် ထိုက်စန့်ကိုယ်တိုင် ရေးသားခဲ့တဲ့ လက်ရေးမူ ကျမ်းစာအုပ်ကို လိုချင်ကြတာ၊ အဲဒီကျမ်းက စကြဝဠာရဲ့ အမှန်တရားတွေကို ရေးထားတာ၊ သာမန် လူသားတွေကိုတောင် ဝိညာဉ်စွမ်းအား မြင့်တက်စေပြီး အသိဉာဏ်ပညာတွေ တိုးတက်စေတယ်"
ကျောက်ရှောင်ယီက ဆိုသည်။
နတ်ဘုရားများသည် အိုခြင်း၊ နာခြင်း၊ သေခြင်းမှ ကင်းလွတ်လေသည်။
သို့သော်... တိုက်ပွဲနှင့် ရင်ဆိုင်ရာသည့်အခါ အနည်းနှင့်အများ ဒဏ်ရာတော့ ရကြသည်ပဲ ဖြစ်လေသည်။ ဗောဓိသကျ သို့မဟုတ် တာအို ဆရာသခင်ကြီး တစ်ပါး ဖြစ်သွားလျှင်တော့ အသိဉာဏ်ပညာက အလွန် အဆင့်မြင့် သွားပြီ ဖြစ်သလို မည်သည့် စွမ်းအားကမှ ထိခိုက်အောင် လုပ်၍ မရတော့ပေ။ ထိုအဆင့်သို့ ရောက်ရှိပါက သေခြင်း ရှင်ခြင်းတရားများမှ လုံးဝ ကင်းလွတ်ပြီ ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်ရှိခြင်းကို လောကတွင် မည်သူမျှ မသိရှိနိုင်ပေ။ လောကရှိ မည်သည့် ဖြစ်တည်မှုကမှ နားမလည်နိုင်ပေ။
ထို့ပြင် ကျင့်ကြံခြင်းဖြင့် ထိုအဆင့်သို့ ရောက်မည်လားဟု မည်သူမှ အာမမခံနိုင်ပေ။ နီးစပ်သည် အထိ ကျင့်ကြံ နိုင်ကြသည့်တိုင် ထိုအဆင့်ကို ရောက်ရှိရန်မှာ ခဲယဉ်း လွန်းလေသည်။
“ထိုက်စန့် စက္ခုတန်ခိုး ကျင့်စဉ်ကျမ်းက ဆရာသခင် ထိုက်စန့်ကိုယ်တိုင် ရေးသားခဲ့တာ ဆိုရင်တော့ တကယ့်ကို တန်ခိုး စွမ်းအား ကြီးမားမှာပဲ၊ ဒါဆို ထိုက်စန့် နတ်ဘုရား အဓိကဂိုဏ်းကြီးက စန့်တုန့် နတ်ဘုရား ရှစ်ပါးကို ရင်ဆိုင်ဖို့ တစ်ခုခုတော့ လုပ်ရမှာပေါ့”
ဆန်းလျန်က ပြုံးရင်း ပြောလိုက်သည်။
“ကောလဟကတွေကလည်း ချဲ့ကားပြောတာမျိုးတွေ ရှိမှာပေါ့လေ၊ ဒါပေမဲ့ တကယ့် ဖြစ်ရပ်ကိုတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး၊ ဒါပေမဲ့ ထိုက်စန့် စက္ခု တန်ခိုးကျင့်စဉ် ကျမ်းကတော့ တကယ်ပဲ ဆရာသခင် ထိုက်စန့်ရေးထားတဲ့ ကျမ်းစာအုပ်ပဲ၊ ပြီးတော့ အဲဒီထဲမှာ တကယ့် လျှို့ဝှက်ကျင့်စဉ် တွေလည်း ပါဝင်တယ်၊ ဒါကြောင့် ထိုက်စန့်နတ်ဘုရား ဂိုဏ်းချုပ်က အဲဒီ ကျမ်းကိုပေးဖို့ စန့်တုန့် နတ်ဘုရား ရှစ်ပါးကို ငြင်းလိုက်တယ်”
ကျောက်ရှောင်ယွီက နူးညံ့သည့် လေသံလေးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့က တစ်ဂိုဏ်းတည်းပဲလေ၊ ဘာလို့ ငြင်းရတာလဲ”
ဆန်းလျန် စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
“ကျွန်မလည်း အဲဒီကိစ္စကို သိပ်မသိဘူး၊ ဒါပေမဲ့ နောက်ဆုံး ဘာဖြစ်သွားလဲ ဆိုတာတော့ သိတယ်၊ နှစ်ဖက်လုံး မကောင်းဘူး ဖြစ်သွားတာပေါ့၊ ထိုက်စန့် နတ်ဘုရား အဓိကဂိုဏ်းကြီးဟာ ကျွန်မတို့ရှိတဲ့ ယွမ်ကျိုး ပြည်နယ်ဘက်ကို ရွှေ့လာခဲ့တယ်၊ စန့်တုန့်နတ်ဘုရား ရှစ်ပါးကတော့ ထိုက်စန့် နတ်ဘုရားဂိုဏ်းက ခွဲထွက် သွားခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ စန့်တုန့် နတ်ဘုရား ရှစ်ပါးလည်း ပျောက်ကွယ် သွားခဲ့တယ်၊ သူတို့အားလုံး လောကကို ကျော်လွန်ပြီး ဘယ်တော့မှ ပြန်မလာတော့တာလည်း ဖြစ်နိုင်တယ်၊ တချို့တွေက ပြောကြတာတော့ သူတို့အားလုံး လူပြန်ဝင်စားတယ် လို့လည်း ပြောကြတယ်”
ကျောက်ရှောင်ယွီက ပြောလိုက်သည်။
ပတ်ဝန်းကျင်တွင် တိမ်ခိုးများက လွင့်မျော နေလေသည်။ တိမ်ခိုးများက ဆန်းလျန်၏ နဖူးထက်ဆီသို့ပင် လာရောက် ရိုက်ခတ် နေကြလေသည်။ ဆန်းလျန်က လက်ကိုဆန့်တန်းကာ တိမ်ခိုးများကို ဖမ်းဆုပ်လိုက်သည်။ တိမ်ခိုးများသည် မမြင်ရသည့် ပိုက်ကွန် တစ်ခုဖြင့် ထိန်းချုပ် ခံရသည့်အလား ဆန်းလျန်၏ လက်ထဲတွင် တည်နေလေသည်။
နောက်ဆုံးတော့ ဆန်းလျန်က လက်ချေင်းလေးများကို ဆန့်တန်းရင်း တိမ်ခိုးလေးများကို လေထဲသို့ ပြန်လွှတ် ပေးလိုက်သည်။ တိမ်ခိုးလေးများသည် တိမ်တိုက်များနှင့် တစ်သားတည်း ပေါင်းစည်းသွား လေသည်။
“စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းပါပဲ၊ ဒါပေမဲ့ နေတောင် ထွက်လာတော့မယ်၊ ရှောင်ယွီ စိတ်မရှိဘူးဆိုရင် ကျုပ်တို့နှစ်ယောက် နေထွက်တာကို အတူတူ ကြည့်ရအောင်နော်”
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်က ထိုက်စန့် နတ်ဘုရားဂိုဏ်းနှင့် စန့်တုန့်နတ်ဘုရား ရှစ်ပါးအကြောင်းကို စဉ်းစားချင်စိတ် မရှိပါ။ လောကတွင် မသိနိုင်သည့် အကြောင်းအရာ များစွာရှိသည် မဟုတ်လား။ လောကရှိ အရာအားလုံးကို သိမြင်သွားလျှင်လည်း ငြီးငွေ့စရာ ကောင်းသွားမည် ဖြစ်လေသည်။
ကျင့်ကြံသူ တစ်ယောက်၏ ဘဝဆိုသည်က ရှည်လျား လွန်းလှသည်။ စိတ်ဝင်စားစရာ အဖြစ်အပျက်ပေါင်း များစွာကိုလည်း ကြုံတွေ့ရမည် ဖြစ်လေသည်။
သို့သော် ပစ္စခအချိန်တွင်တော့ ဆန်းလျန်သည် နေထွက်သည်ကိုသာ ကြည့်ချင်နေမိသည်။ သူ့ခေါင်းထဲတွင် မည်သည့် အကြောင်းအရာကိုမှ တွေးတော မနေချင်ပေ။ ကျောက်ရှောင်ယွီမှာ အသိဉာဏ်ပညာ ကြွယ်ဝသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ ထိုက်စန့် နတ်ဘုရားဂိုဏ်း အကြောင်းမှာ အတိတ်မှ ဇာတ်ကြောင်းတစ်ခုမျှသာ ဖြစ်သော်လည်း နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုတော့ ရှိမည်ဖြစ်လေသည်။ သို့သော် ထိုအကြောင်းများကို ဆန်းလျန် မစဉ်းစားချင်သေးပါ။
လပြည့်ဝန်းသည် ထွန်းလင်း တောက်ပနေပြီး ကောင်းကင်က ညို့မှိုင်းနေလေသည်။ ထိုအချိန်မှာပင် ဆန်လျန်မှာ သဘာဝတရားနှင့် တစ်သားတည်း ကျနေသလို ခံစားနေရပြီး သူကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် မေ့လျော့ သွားရလေသည်။ သူက စကြဝဠာ၏ ဗလာနယ်စွမ်းအားကို ခံစားနေပြီး သူ၏ ခံစားချက်များမှာ ဗလာနယ်ထဲတွင် တည်ရှိနေလေသည်။ ထိုခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာပေ။
လေအေးများသည် ဆန်းလျန်၏ ဝတ်ရုံကို တိုက်ခတ်နေသည့် အတွက် လူငယ်၏ဝတ်ရုံသည် လေထဲတွင် လွင့်မျော နေလေသည်။
ချောမော လှပလွန်းသည့် လူငယ်လေးဘေးတွင် ငြိမ်သက်စွာ ရပ်တန့်နေသူက နတ်မိမယ် တစ်ပါးအလား ချောမော လှပလွန်းလှသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ တိမ်ပင်လယ်ထဲတွင် သူတို့နှစ်ယောက် နေထွက်လာသည်ကို ကြည့်နေသည့် မြင်ကွင်းမှာ အလွန်တရာလှပပြီး လိုက်ဖက် ညီသည့် မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
လေက ဖြတ်သန်း တိုက်ခိုက်သွားပြီး တိမ်ခိုးများက ပျံ့လွင့်သွားသည်။
ကျောက်ရှောင်ယွီသည် ထိုကဲ့သို့သော ခမ်းနားသည့် သဘာဝ ရှုခင်းမျိုးကို တစ်ခါမှ အရသာခံ ကြည့်ရှုခဲ့ခြင်းမျိုး မရှိပေ။ ယခုတော့ လှပသည့် ရှုခင်းသည် သူမ၏ ရင်ကို ထိရှစေလေသည်။
ကျင့်စဉ်လမ်းကို ကျော်လွန်သည့် အခြားသော သဘာဝတရား အလှအပများလည်း ရှိပါသေးလားဆိုသည်ကို သူမ နားလည် သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။ ထိုခံစားချက်က ပျော်ရွှင်ခြင်း မဟုတ်၊ နှလုံးသားထဲမှ ဆန္ဒလည်း မဟုတ်။ သူမဝိညာဉ်၏ နက်ရှိုင်းမှု တစ်နေရာမှ စိတ်လှုပ်ရှားမှု တစ်ခုပင် ဖြစ်လေသည်။
ပိုးအိမ်ထဲတွင် ပိတ်မိနေသည့် ခူယားကောင်လေး တစ်ကောင်သည် မျက်လုံးဖွင့်ပြီး လှပသည့် လောကကြီးကို ကြည့်လိုက်သကဲ့သို့ ဖြစ်လေသည်။ ပိုးအိမ်ထဲမှ ရုန်းထွက်ကာ လိပ်ပြာ တစ်ကောင်အဖြစ် ပျံသန်း ထွက်ခွာပြီး သဘာဝတရားကို ကိုယ်တိုင် သိမြင်ခံစားရင်း ရပ်တည် ရှင်သန်ချင်သေးသည်။
ပုဇွန်ဆီရောင် အလင်းတန်း တစ်ခုသည် တဖြည်းဖြည်း ပေါ်ထွက် လာလေသည်။ ထိုအလင်းတန်းသည် တဖြည်းဖြည်း ကောင်းကင်ထက်တွင် ဖုံးလွှမ်းသွားလေသည်။ သဘာဝတရား၏ ခမ်းနားကြီးကျယ်ခြင်းသည် လူတစ်ယောက်၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ကြည်နူးစေလေသည်။
တိတ်ဆိတ်သည့် ညအမှောင်ကို ပုဇွန်ဆီရောင် အလင်းတန်းက ထိုးခွင်းလိုက်သည်။ အလင်းရောင် လဲ့လဲ့ ထွက်ပေါ်လာပြီး ကောင်းကင် တစ်ခွင်လုံး ပြောင်းလဲ သွားလေသည်။ ပုဇွန်စီရောင် အလင်းများ နောက်မှ အနီရောင် နေဝန်းကြီး စတင် ထွက်ပေါ်လာလေသည်။ ထိုခဏလေး အတွင်းမှာပင် နေရောင်ခြည်ကြောင့် မြူခိုးများအားလုံး လွင့်စဉ်ပျောက်ကွယ် သွားလေသည်။ နတ်ဘုရား ဈေးပွဲတော် နေရာတစ်ခုလုံးသည် နေရာင်ခြည်အောက်တွင် ရွှေရောင်အလား ထွန်းလင်း လာတော့သည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ပုဇွန်ဆီရောင် တိမ်တိုက်ပေါ်တွင် မတ်တတ် ရပ်နေကြလေသည်။ သူတို့နှစ်ယောက်လုံးသည် လူ့လောက၏ ဒုက္ခတရားများမှ ကင်းဝေးရာ နေရာတစ်ခုတွင် ရောက်ရှိနေသည့် နတ်ဘုရားများကဲ့သို့ပင် ဖြစ်လေသည်။
တိမ်တိုက်များက သူတို့နှစ်ယောက်ဘေးတွင် လွင့်မျော နေလေသည်။
ကောင်းကင် တစ်ခုလုံး တောက်ပလာပြီး နေ့သစ်တစ်နေ့သည် မျှော်လင့်ချက် အသစ်များဖြင့် လန်းဆန်းစွာ ထွက်ပေါ် လာလေသည်။
“ဒီလောကမှာနေမှတော့ ဒီလိုရှုခင်းမျိုးကို ခံစားသင့်တယ်လို့ မင်းမထင်ဘူးလား”
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်က သူ့ကိုယ်သူ ရေရွတ်သကဲ့သို့ ပြောလိုက်ခြင်း ဖြစ်ပြီး သဘာဝတရား၏ အလှအပသည် သူ့ရင်တွင်းသို့ မေတ္တတရားကို သယ်ဆောင် ပေးလေသည်။ ဆန်းလျန်သည် ခေတ်ပေါ်ကမ္ဘာတွင် တစ်ကြိမ် သေဆုံးခဲ့ပြီး ယခုလက်ရှိ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဘဝနှင့် ဘဝနှင့် သက်ဆိုင်သည့် အရာအားလုံးကို တန်ဖိုး ထားလေသည်။ သို့သော် သူက မည်သည့် နှောင်ဖွဲ့ခြင်းကိုမှ မလိုလားပေ။ ဤသည်မှာ သူလက်ခံထားသည့် အမှန်တရားပင် ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် ဆန်းလျန်၏ ဘေးတစောင်း မျက်နှာကို ငေးကြည့်နေမိသည်။
နေရောင်ခြည်သည် ဆန်းလျန်၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး လင်းလက် တောက်ပနေလေသည်။ ဆန်းလျန်မှာ စစ်မှ န်လွန်းလှသည်ဟု သူမ စဉ်းစားနေမိသည်။
ရွှမ်ထုံနတ်မိစ္ဆာဘုရင် နေထိုင်ရာနန်းဆောင်….
ပုလဲစေ့ လိုက်ကာလေး၏ အပြင်ဘက်တွင် ကြေးမုံမှန် တစ်ချပ်ရှိနေပြီး ထိုမှန်သည် လေထဲရှိ နှစ်ပေအမြင့်တွင် တည်ရှိနေလေသည်။ ကြေးမုံမှန်တွင် ခရမ်းပြာရောင် အနားသပ်များ ကွပ်ထားလေသည်။
ကြေးမုံအလယ်တွင် ကျောက်ဖြူသား တစ်ခုရှိနေပြီး ကြည်လင် တောက်ပနေလေသည်။ သလင်းကျောက်နှင့် အလားသဏ္ဌာန် တူလေသည်။
ကြေးမုံမှန်မှ ရွှေရောင် အလင်းတန်းများ တောက်ပနေလေသည်။ ကြေးမုံ၏ အလယ်တွင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နေထွက်သည့် ရှုခင်းကို အတူတူ ကြည့်နေသည့် မြင်ကွင်းကို မြင်တွေ့ရလေသည်။
ထိုကြေးမုံမှန်မှာ "အဏ္ဏဝါကြေးမုံပြာ" ဖြစ်လေသည်။ မိုင်တစ်ရာ ပတ်လည်အတွင်း ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ထိုကြေးမုံမှန်မှ တစ်ဆင့် သိမြင်နိုင်လသည်။ သို့သော် ဗောဓိသကျနှင့် နတ်ဘုရားများကတော့ ထိုကြေးမုံမှန်တွင် မြင်ရမည်မဟုတ်ပေ။
လိုက်ကာ အပြင်ဘက်တွင် စောင့်နေသည့် ကျင့်ထင်ထုံအော်က…
“မင်းကြီး သူတို့ကိုဘာလို့ ကြည့်နေတာလဲ”
“ကျောက်ရှောင်ယွီက ကြာပန်း ကိုးပွင့် ကျောင်းတော်က သူတော်စင် မိန်းမပျိုပဲ၊ သူက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာ၊ ဒါပေမဲ့ ဒီလူက သူနဲ့ ရင်းနှီးမယ်လို့တော့ ထင်မထားမိဘူး၊ ပြီးတော့ သူက သိပ်ဉာဏ်များတယ်၊ စောင့်ကြည့်ရမယ်၊ ရတနာ ပစ္စည်းလေလံပွဲမှာ တစ်ခုခုဖြစ်မှာ စိတ်ပူမိတယ်"
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်က ပြန်ပြောလိုက်သည်။
“ချင်းရှသခင်လေးကတော့ လူကောင်းတစ်ယောက် ဖြစ်မယ့် ပုံပါပဲ၊ သူ့ကို သွားမနှောင့်ယှက်သရွေ့ ကျွန်တော်တို့ကိုလည်း ဒုက္ခပေးမယ် မထင်ဘူး၊ ပြီးတော့ ဒီနတ်ဘုရား ဈေးပွဲတော်ကို လုပ်တာ မင်းကြီး ဂုဏ်သိက္ခာ ကြီးမားချင်လို့ မဟုတ်လား”
ကျင့်ထင်က မေးလိုက်သည်။
“ခုတလော စိတ်ထဲထင့်နေတယ်၊ ကျုပ်အတွက် ကံဆိုးမိုးမှောင် ကျတော့မလား မသိဘူး၊ နတ်ဘုရား ဈေးပွဲတော်ကျင်းပရတာက ကျုပ်ဂုဏ်သိက္ခာ အတွက်သာ မဟုတ်ပါဘူး၊ ဒီကံဆိုး မိုးမှောင်ကျတာကို ကာကွယ်နိုင်မယ့် ရတနာ ပစ္စည်းအချို့ကိုလည်း လိုချင်မိလို့ပါ၊ ဒီတစ်ခါတော့ ရတနာ ပစ္စည်းလေလံပွဲမှာ အစွမ်းထက်တဲ့ လူအများကြီး ရောက်လာကြမှာပဲ၊ သူတို့တွေသာ ပြဿနာရှာရင်တော့ တကယ့်ကို ပြဿနာတက်ပြီ”
ရွှမ်ထုံနတ်မိစ္ဆာဘုရင်က ပြောလိုက်လေသည်။
"အခြေအနေတွေ ဆိုးလာပြီဆိုရင် ကျွန်တော့်ကို မင်းကြီးရဲ့ ဓားအဖြစ် အသုံးပြုလိုက်လေ၊ ဒါဆို မင်းကြီး ဘယ်လောက် တန်ခိုးကြီးလဲဆိုတာ သူတို့ သိရမှာပါ"
ကျင့်ထက်ထုံအော်က ပြောလိုက်လေသည်။
"ရှန်ဆန်းကျန်းရန် ပြောဖူးတယ်၊ ကျုပ်က လူသတ်လိုစိတ် သိပ်ပြင်းထန်တယ်တဲ့၊ ဒါကြောင့် မလိုအပ်ဘဲ မတိုက်ခိုက်ချင်ဘူး"
ရွှမ်ထုံနတ်မိစ္ဆာဘုရင်က ပြောလိုက်သည်။
ကြေးမုံထက်မှ ချင်းရှသခင်လေးက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး တစ်ချက် ပြုံးလိုက်လေသည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြေးမုံမှန် မျက်နှာပြင်မှာ မြူများ ကာဆီးသွားလေသည်။ အဖြူရောင်များသာ မြင်ရပြီး မည်သည့် အရာကိုမှ တွေ့မြင်ရခြင်း မရှိတော့ပေ။ ကြေးမုံမှန်မှာ လေထဲမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သွားလေသည်။
ကျင့်ထင်ထုံအော်က မှန်ကို အပြေးအလွှားဖြင့် ဖမ်းထား လိုက်လေသည်။ ကျင့်ထင်ထုံအော်မှာ အေးစက် မာကျောသည့် ဓားကျောက်တုံးမှ လူသား အသွင်ပြောင်းထားခြင်း ဖြစ်သည့်တိုင် အဏ္ဏဝါ ကြေးမုံပြာကို ထိလိုက်သည်နှင့် တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားရလေသည်။
“သူက ရေခဲအလင်းစွမ်းအားကို ကျင့်ကြံထားတာပဲ၊ အစွန်းရောက် ယင်စွမ်းအားနဲ့ အအေးစွမ်းအားကို သူဘယ်ကနေ ရှာတွေ့လဲ မသိဘူး"
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်က ပြောလိုက်သည်။
ကျင့်ထင် ထုံအော်၏ လက်များမှာ ရေခဲများ ဖုံးလွှမ်းနေပြီး အဏ္ဏဝါ ကြေးမုံပြာနှင့် ကပ်နေလေသည်။ ခွဲမရအောင် ကော်နှင့် ကပ်ထားသကဲ့သို့ ကပ်နေခြင်း ဖြစ်လေသည်။ သူက သူ၏ ဓားဝိညာဉ်ကို အသုံးပြုကာ ရေခဲများကို အလွှာလိုက် ခွာရန် ကြိုးစားလိုက်လေသည်။
“ဒါ ရေခဲ အလင်းစွမ်းအားလား၊ ဒါဆိုသူက ချင်းရွှမ် နတ်တံခါးကလား”
ကျင့်ထင်ထုံအော်မှာ ရွှမ်ထုံ နတ်မိစ္ဆာဘုရင်၏ စကားကြောင့် ထိတ်လန့်စွာဖြင့် အော်လိုက် မိလေသည်။
"ဒီကိစ္စထားလိုက်တော့..."
ရွှမ်ထုံနတ်မိစ္ဆာဘုရင်က ပြောလိုက်သည်။
ကျင့်ထင်ထုံအော်မှာ ပါးစပ်ပိတ် သွားပြီး ဓားဝိညာဉ်ကို အသုံးပြုကာ ရေခဲများကို ခွာနေလေသည်။ ထို့ပြင် သူက ဆန်းလျန် မည်သူမည်ဝါ ဖြစ်သည်ကို စဉ်းစား နေမိလေသည်။ ထိုသူမှာ ချန်ကျန့်မေ သို့မဟုတ် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်ယောက် ဖြစ်နိုင်လေသည်။
သို့သော် ချန်ကျန့်မေက ဓားဝိညာဉ် အသွင်ပြောင်းကာ သွားလာတတ်သူ ဖြစ်သည့်အတွက် သူ့အနေဖြင့် ချန်ကျန့်မေဆိုလျှင် ကောင်းကောင်း သိမည် ဖြစ်လေသည်။ ထို့ကြောင့် ချင်းရှ သခင်လေးဆိုသည်မှာ ချင်းရွှမ်နတ်တံခါးမှ ဆန်းတန်ခိုးရှင်ပင် ဖြစ်ရပေမည်။
အရှေ့ပင်လယ် ဒေသ တစ်ဝိုက်တွင် ရွှမ်ထုံနတ်မိစ္ဆာဘုရင်မှာ နာမည် ကျော်ကြား လှသည့်တိုင် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဖြင့်ယှဉ်လျှင် သူမ၏ ဂုဏ်သတင်းမှာ မပြောပလောက်ပေ။
ချင်းရွှမ်မှာ နှစ်ပေါင်း တစ်သောင်းကျော် နာမည် ကျော်ကြားခဲ့သည့် နတ်ဘုရားဂိုဏ်းကြီး တစ်ခု ဖြစ်လေသည်။ လွန်ခဲ့သည့် အချိန်အတွင်း အနည်းငယ် ကျဆင်းလာသည့်တိုင် ဂုဏ်သရေရှိ နေဆဲ ဖြစ်လေသည်။ ထို့ပြင် လက်ရှိအချိန်တွင် ချင်းရွှမ်နတ်တံခါးမှာ ပြန်လည် ဦးမော့လာပြီ ဖြစ်ပြီး ထိုသို့ ပြန်လည် ဦးမော့လာနိုင်ရန် အတွက် ဆန်းတန်ခိုးရှင်၏ ကြိုးစား အားထုတ်မှုများမှာ ကြီးမား လွန်းလေသည်။
ကျင့်ထင်ထုံအော်မှာ ထိုမျှဂုဏ်သရေ ကြီးမြတ်သူ တစ်ယောက် နတ်ဘုရား ဈေးပွဲတော်သို့ ရောက်လာသည်မှာ များစွာ ဂုဏ်တက် စေသည်ဟု တွေးနေမိလေသည်။
ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဝူချင်ကျီ ရောက်ရှိ လာသော်လည်း သူက ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင် တစ်ယောက်မျှသာ ဖြစ်လေသည်။ ဂုဏ်ပုဒ်ချင်း ယှဉ်မည်ဆိုလျှင် ဝူချင်ကျီမှာ ဆန်းတန်ခိုးရှင်နှင့် မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ကျင့်ကြံသူများသည် ကျင့်စဉ်လမ်းကိုသာ စိတ်ဝင်စား ကြလေသည်။ သို့သော် ဂုဏ်သရေ ရှိခြင်းကတော့ ကျင့်စဉ်လမ်းနှင့် မဆိုင်လှပေ။ ကြောက်မက်ဖွယ်ရာ သတင်းတစ်ခု အရဆိုလျှင် ဆန်းတန်ခိုးရှင်မှာ အသက်ငါးဆယ်ပင် မပြည့်သေးသော်လည်း နတ်ဘုရား တစ်ပါးဖြစ်ရန် အလွန်ပင် နီးစပ်နေပြီ ဟူ၍ ဖြစ်လေသည်။
ဆန်းလျန်၏ ကျင့်စဉ် လမ်းလျှောက်လှမ်းသည့် သက်တမ်းမှာ အနှစ်သုံးဆယ် ပတ်ဝန်းကျင်မျှသာ ရှိသေးသည့် အတွက် ဆန်းလျန်၏ အသက်မှာ အလွန်ဆုံးရှိလျှင် လေးဆယ် ဝန်းကျင်သာ ရှိဦးမည်ဟု ကျင့်ထင်ထုံအော် တွေးနေမိသည်။ လူ့လောကတွင် ဆိုလျှင်တော့ အရွယ်ကောင်းဟု ပြောနိုင်မည် ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါးမှ ကျင့်ကြံသူများ အားလုံးမှာလည်း ထိုအချက်ကို သိထားကြပါသည်။ သို့သော် သူတို့က ဆန်းလျန် အပေါ်တွင် လေးလေးစားစား ရှိကြလေသည်။ ဆန်းလျန်မှာ နတ်ဘုရား မဖြစ်လျှင်တောင်မှ အလွန်ဆုံး အသက်ခုနစ်ရာ ရှစ်ရာ အသက်ရှည်ဦးမည် ဖြစ်လေသည်။
သို့သော် ချင်းရွှမ်နတ်တံခါးမှ တပည့်များသည် ဆန်းလျန်မှာ ဖော့ဝမ့်အဆင့်ကို တက်ရောက်နိုင်ရန် အချိန်ယူ ရဦးမည် ဖြစ်ပြီး နတ်ဘုရား တစ်ပါး ဖြစ်လာရန်မှာလည်း အချိန် ကြာဦးမည်ဟုသာ မှတ်ယူ ထားကြလေသည်။
အဏ္ဏဝါ ကြေးမုံပြာဖြင့် သူတို့ကို တိတ်တဆိတ် ကြည့်ရှုနေသည်ကို ဆန်းလျန်က သတိပြုမိကာ တားဆီး လိုက်သည့်အတွက် ကျောက်ရှောင်ယွီက မေးလိုက်သည်။
“ဘယ်သူက ကျွန်မတို့ကို ကြည့်နေတာလဲ”
ဆန်းလျန်က အနည်းငယ် တွေးဆလိုက်ရင်း….
“ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်ဖြစ်လိမ့်မယ် ထင်တယ်၊ ဒါပေမဲ့ သူက ဒီလို လုပ်စရာ အကြောင်း မရှိပါဘူး”
ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မှာ သူ့ကို မည်သူမည်ဝါမှန်း သိချင်နေကြောင်း ဆန်းလျန် ရိပ်မိလေသည်။ သို့သော် ယခုကဲ့သို့ တိတ်တဆိတ် ကြည့်ရှုခြင်းကတော့ မယဉ်ကျေးရာ ကျလေသည်။
“ကျွန်မအကြောင်း သိချင်လို့ ဒီလိုကြည့်နေတာပဲ ဖြစ်ရမယ်၊ ကျွန်မက ဉာဏ်နီ ဉာဏ်နက်များတဲ့ မိစ္ဆာမဆိုတော့ နတ်ဘုရား ဈေးပွဲတော်မှာ ကျွန်မရှိနေတာကို နတ်မိစ္ဆာဘုရင်က စိတ်ပူနေတယ် ထင်ပါရဲ့”
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
“ဒါက မင်းတန်ခိုးစွမ်းအား ဘယ်လောက် မြင့်မားလဲ ဆိုတာပြနေတာပဲ၊ ဟုတ်တယ်မလား”
ဆန်းလျန်က ရှေ့သို့ ဆက်သွားနေရင်းမှ ပြောလိုက်သည်။
ကျောက်ရှောင်ယွီကလည်း ဆန်းလျန်နောက်မှ လိုက်ပါလာရင်း…
“တကယ်တော့ ကျွန်မက သူ့ကို မနာလို ဖြစ်နေမိတာ၊ သူက လုကျိုးယွမ်ဆီက သင်ပြပေးမှုကို ရထားတာလေ၊ ကျင့်စဉ်လမ်းမှာ အမှား မရှိနိုင်တော့ဘူးပေါ့”
ကျောက်ရှောင်ယွီက ပြောလိုက်သည်။
“မင်း ဒီလိုစကားမျိုး ပြောလိမ့်မယ်လို့ ထင်မထားမိဘူး၊ ရှောင်ယွီ မင်း အရင်ကနဲ့ လုံးဝ မတူတော့ဘူးပဲ၊ အရမ်းပြောင်းလဲ သွားတယ်နော်”
ဆန်းလျန်က မှတ်ချက် ပြုလိုက်သည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် စကား တပြောပြောဖြင့် တိုက်တိုက်များထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး…
ရတနာ ပစ္စည်းလေလံပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိ လာလေတော့သည်။
***